အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၃) (အပိုင်း သုံး)

ယခု ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ မည်သည့်အရာ အတိအကျ ဖြစ်သည်ကို ငါ ပြောပြရန် လူများစွာက မျှော်လင့်နေကြသည်ကို ငါသိ၏၊ သို့ရာတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်းကို ပြောသည့်အချိန်တွင်၊ ဘုရားသခင် ပြုလုပ်သော လုပ်ဆောင်မှုအကြောင်းကို ငါဦးစွာ ပြောမည်။ သင်တို့အားလုံး အာရုံစိုက်စွာ နားထောင်သင့်၏၊ နောက်ပိုင်းတွင်၊ ဘုရားသခင်၏သန့်ရှင်းခြင်းသည် မည်သည့်အရာ အတိအကျ ဖြစ်သည်ကို သင်တို့အား ငါမေးမည်။ ငါသည် သင်တို့ကို တိုက်ရိုက် ပြောပြမည် မဟုတ်ဘဲ၊ ယင်းအစား သင်တို့ကို အဖြေရှာကြည့် ခိုင်းမည်ဖြစ်သည်။ သင်တို့ကို အဖြေရှာရန် ငါအခွင့်အရေးပေးမည် ဖြစ်သည်။ ဤနည်းလမ်းကို မည်သို့ထင်ကြသနည်း။ (ကောင်းမွန်ပါသည်။) ဤသို့ဆိုလျှင် ငါဆက်ပြောစဉ်တွင် သေချာစွာ နားထောင်လော့။

စာတန်က လူသားကို ဖျက်ဆီးသည့်အခါတိုင်း သို့မဟုတ် ပြင်းထန်သော အန္တရာယ် ရောက်စေသည့်အခါတိုင်းတွင် ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ရပ်မနေသကဲ့သို့၊ သူရွေးချယ်ထားသော လူတို့ကို ဘေးဖယ်ထားခြင်း သို့မဟုတ် မသိကျိုးကျွန်ပြုခြင်း မရှိပေ။ စာတန် လုပ်ဆောင်သမျှ အားလုံးကို ဘုရားသခင်သည် အပြည့်အဝ ရှင်းလင်းစွာ နားလည်၏။ စာတန်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် ရေပန်းစားမှုကို စာတန်က ဖြစ်ပေါ်စေသည်ဖြစ်စေ၊ စာတန် လုပ်ဆောင်ဖို့ ကြိုးစားနေသည့် အရာအားလုံးကို ဘုရားသခင်သည် သိသကဲ့သို့၊ ဘုရားသခင်သည် သူ ရွေးချယ်ထားသောလူတို့အပေါ် လက်လျော့ခြင်းလည်း မရှိပေ။ ယင်းအစား၊ မည်သည့်အာရုံကိုမျှ ဆွဲဆောင်ခြင်းမရှိဘဲ၊ လျှို့ဝှက်စွာ တိတ်ဆိတ်စွာဖြင့်- လိုအပ်သော အရာတိုင်းကို ဘုရားသခင်သည် ပြုလေသည်။ ဘုရားသခင်သည် တစ်စုံတစ်ယောက်အပေါ်၌ အမှုကိုစတင်သည့်အခါ၊ တစ်စုံတစ်ယောက်အား ရွေးချယ်ပြီးသည့်အခါ၊ သူသည် ဤသတင်းကို မည်သူကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို၊ စာတန်ထံ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ၊ မည်သည့် ထည်ဝါခံ့ညားသော အမူအရာကိုမျှ သာ၍မပြုပေ။ ဘုရားသခင်သည် အလွန်တိတ်ဆိတ်စွာ၊ သဘာဝကျစွာဖြင့်ပင် လိုအပ်သောအရာကို လုပ်ဆောင်သည်။ ဦးစွာပထမ သူသည် သင့်အတွက် မိသားစုတစ်စုကို ရွေးချယ်သည်။ သင့်မိသားစု၏ နောက်ခံသမိုင်း၊ သင့်မိဘများ၊ သင့်ဘိုးဘေးများ- ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင် ရွေးချယ်သည်။ တစ်နည်းဆိုရသော်၊ ဘုရားသခင်သည် ဤဆုံးဖြတ်ချက်တို့ကို စိတ်ကူးပေါက်ရာ လုပ်ခြင်းမဟုတ်၊ ယင်းထက် အချိန်ကြာမြင့်စွာ ကတည်းက ဤအမှုကို သူစတင်ခဲ့ခြင်းဖြစ်သည်။ သင့်အတွက် မိသားစုတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည်နှင့်၊ သင်မွေးဖွားလာမည့် နေ့စွဲကို သူ ရွေးချယ်၏။ ထို့နောက်၊ သင် ငိုယိုမွေးဖွားကာ လောကထဲ ရောက်လာစဉ် ဘုရားသခင်က စောင့်ကြည့်၏။ သင်၏ မွေးဖွားခြင်းကို သူစောင့်ကြည့်၏၊ သင်က ပထမဆုံးသော စကားများ ဟသည်ကို စောင့်ကြည့်၏၊ သင်က မည်သို့ လမ်းလျှောက်ရမည်ကို သင်ယူသည်နှင့်အမျှ သင်၏ ပထမဆုံးခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်ကာ တော့တီးတော့တ ဖြစ်သည်ကို သူစောင့်ကြည့်၏။ အစပထမ၌ သင်သည် ခြေတစ်လှမ်းကို လှမ်းကာ နောက်တစ်လှမ်းကို လှမ်း၏...ယခုသော် သင်သည် ပြေးနိုင်သည်၊ ခုန်နိုင်သည်၊ စကားပြောနိုင်ပြီး သင်၏ခံစားချက်တို့ကို ဖော်ပြနိုင်သည်။ လူသားက ကြီးပြင်းလာသည်နှင့်အမျှ၊ စာတန်၏ စူးစိုက်သော အကြည့်သည် ကျားတစ်ကောင်က သားကောင်ကို ကြည့်နေသကဲ့သို့ လူတိုင်းအပေါ်တွင် စူးစိုက်ကြည့်လေသည်။ သို့ရာတွင် သူ၏အမှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများ၊ အချိန်နှင့် နေရာတို့မှ ထွက်ပေါ်သည့် ကန့်သတ်ချက်များကို လုံးဝ မခံရပေ။ သူသည် ပြုသင့်သည်ကို ပြုကာ၊ သူ ပြုရမည့်အရာကို ပြုလေသည်။ ကြီးပြင်းခြင်းဖြစ်စဉ်တွင် နာမကျန်း ဖြစ်ခြင်း စိတ်ပျက်ခြင်းများ ကဲ့သို့သော သင် မကြိုက်နှစ်သက်သည့် အရာများစွာ တွေ့ကြုံနိုင်သည်။ သို့သော် ဤလမ်းကို သင် လျှောက်သည်နှင့်အမျှ၊ သင်၏ အသက်တာနှင့် သင်၏အနာဂတ်သည် ဘုရားသခင်၏ ဂရုစိုက်မှုအောက်၌ လုံးဝ ရှိ၏။ ဘုရားသခင်သည် သင့်ကို ကာကွယ်လျက်၊ စောင့်ရှောက်လျက်၊ သင်၏ဘေးတွင် ရှိနေသည့် အတွက်၊ သူသည် သင်၏အသက်တာ တစ်ခုလုံးကို တာရှည်ခံဖို့ စစ်မှန်သည့်အာမခံချက်တစ်ခုကို ပေးသည်။ သင်သည် ဤအရာကို သတိမမူမိဘဲ ကြီးပြင်း၏။ သင်သည် အကြောင်းအရာ အသစ်တို့နှင့် စတင်၍ ထိတွေ့လာသကဲ့သို့၊ ဤကမ္ဘာလောကနှင့် ဤလူသားမျိုးနွယ်ကို စတင်၍ သိလာရ၏။ အရာရာတိုင်းသည် သင့်အတွက် လတ်ဆတ်ကာ၊ အသစ်ဖြစ်နေသည်။ လုပ်ဆောင်ရသည်ကို နှစ်သက်သည့် အရာအချို့ သင့်မှာ ရှိ၏။ သင်သည် သင်၏ ကိုယ်ပိုင် လူ့သဘာဝအတွင်း၌ နေထိုင်၏၊ သင်၏ ကိုယ်ပိုင်နေရာ၌ သင် နေထိုင်ကာ၊ ဘုရားသခင်၏ တည်ရှိမှုကို သင့်အနေဖြင့် အနည်းငယ်မျှပင် သိမြင်နားလည်မှု မရှိပေ။ သို့ရာတွင် သင် ကြီးပြင်းလာသည်နှင့်အမျှ၊ သင်၏ ခြေလှမ်းတိုင်းကို ဘုရားသခင် စောင့်ကြည့်သကဲ့သို့၊ ရှေ့ဆက်သည့် ခြေလှမ်းတိုင်းကို သင်လှမ်းသည်နှင့်အမျှ သူသည် သင့်ကို စောင့်ကြည့်၏။ သင်သည် အသိပညာကို သင်ယူနေသည့်အချိန် သို့မဟုတ် သိပ္ပံပညာကို လေ့လာနေသည့်အခါ၌ပင်၊ ဘုရားသခင်သည် သင့်အနားမှ တစ်ဖဝါးမျှ မခွာဖူးပေ။ ကမ္ဘာလောကကို သိလာရခြင်းနှင့် ထိတွေ့လာရခြင်း ဖြစ်စဉ်တွင် သင်သည် တခြားသောလူတို့နှင့် အတူတူပင်ဖြစ်၏၊ သင်သည် သင်၏ကိုယ်ပိုင် စံတို့ကို ထူထောင်ထားပြီဖြစ်သည်၊ သင်သည် သင်၏ ကိုယ်ပိုင် ဝါသနာများ၊ ကိုယ်ပိုင် စိတ်ဝင်စားမှုများ ရှိသကဲ့သို့၊ မြင့်မားသော ရည်မှန်းချက်များကိုလည်း သင်သိုထားသည်။ သင်သည် သင်၏အနာဂတ်ကို မည်သို့ဖြစ်သင့်သည်ဟူ၍ မကြာခဏ ဆိုသလို ပုံကြမ်းချကာ၊ ကိုယ်ပိုင်အနာဂတ်ကို တွေးဆတတ်၏။ သို့ရာတွင် လမ်းခရီးတစ်လျှောက်၌ မည်သည့်အရာ ဖြစ်ပေါ်သည် ဖြစ်စေ၊ ဘုရားသခင်သည် ဖြစ်ပျက်နေသည့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင်အတိတ်ကို သင်ကိုယ်တိုင် မေ့ကောင်းမေ့နေပြီ ဖြစ်သော်လည်း၊ ဘုရားသခင်အဖို့မူ သူ့ထက်ပို၍ သင့်ကို နားလည်နိုင်သောသူ မရှိပေ။ သင်သည် ဘုရားသခင်၏ စူးစိုက်ကြည့်ခြင်းအောက်တွင် အသက်ရှင်သည်၊ ကြီးပြင်းကာ အရွယ်ရောက်၏။ ဤကာလအတွင်းတွင်၊ ဘုရားသခင်၏ အရေးကြီးဆုံး အလုပ်သည်ကား မည်သူမျှ သတိမမူမိဖူးသောအရာ တစ်ခု၊ မည်သူမျှ မသိသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာအကြောင်းကို မည်သူကိုမျှ ဧကန်မုချ ပြောမည်မဟုတ်ပေ။ သို့ဆိုလျှင် ဤအရေးပါဆုံးသောအရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်က လူတစ်ယောက်ကို ကယ်တင်မည် ဆိုသည့် အာမခံချက်တစ်ခု ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ ဘုရားသခင်က ဤလူကို ကယ်တင်ချင်ပါက၊ ဤအရာကို လုပ်ဆောင်ရမည်ဟု ဆိုလိုပေသည်။ ဤအလုပ်သည် လူသားနှင့် ဘုရားသခင် နှစ်ဦးလုံးအတွက် မရှိမဖြစ် အရေးကြီးပေသည်။ ထိုအရာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ သိပါ၏လော။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ ခံစားချက်တစ်ခုတစ်လေ သို့မဟုတ် အယူအဆတစ်ခုတစ်လေ ရှိကြပုံမရချေ၊ ထို့ကြောင့် သင်တို့ကို ငါပြောပြမည်။ သင့်ကို မွေးဖွားသောအချိန်မှသည် ယခုအချိန်အထိ တစ်လျှောက်လုံး၊ ဘုရားသခင်သည် သင့်အပေါ်တွင် အမှုများစွာ လုပ်ဆောင်ပြီးသော်လည်း၊ သူ လုပ်ဆောင်ပြီးဖြစ်သည့် အရာရာတိုင်း၏ ပြည့်စုံစေ့စပ်သော မှတ်တမ်းတစ်ခုကို သင့်အား မပြောပေ။ ဘုရားသခင်သည် သင့်အား ဤအရာကို သိခွင့်မပေးခဲ့သလို၊ သင့်အား ပြောပြခဲ့ခြင်းလည်း မရှိပါ။ သို့ရာတွင် လူသားမျိုးနွယ် အတွက်၊ သူပြုသမျှ အရာရာတိုင်းသည် အရေးကြီး၏။ ဘုရားသခင်နှင့် ပတ်သက်သရွေ့၊ ယင်းသည် သူလုပ်ရမည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏နှလုံးသားထဲ၌၊ ဤအရာများ တစ်ခုတစ်လေထက် သာလွန်သော သူ လုပ်ရန်လိုအပ်သည့် အရေးကြီးသောအရာတစ်ခု ရှိသည်။ ဆိုလိုသည်မှာ လူသား မွေးဖွားသော အချိန်မှသည် ယခုအထိတိုင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးရမည် ဖြစ်သည်။ ဤစကားတို့ကို ကြားသည့်အချိန်တွင်၊ သင်တို့သည် အပြည့်အဝ နားမလည်သကဲ့သို့ ခံစားရနိုင်၏။ “ဤဘေးကင်းရေးသည် အလွန် အရေးကြီးသလော” ဟူ၍ သင် မေးနိုင်သည်။ ကောင်းပေ၏၊ “ဘေးကင်းရေး” ၏ တိုက်ရိုက် အဓိပ္ပါယ်သည် အဘယ်နည်း။ ထိုအရာမှာ ငြိမ်းချမ်းမှုကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သကဲ့သို့၊ ထိုအရာမှာ ကောင်းစွာ နေထိုင်ရန်၊ သာမန်ဘဝကို ရှင်သန်ရန်အလို့ငှာ မည်သည့် ဘေးဒုက္ခနှင့် ကပ်ဘေးတို့ကိုမျှ လုံးဝ မတွေ့ကြုံရခြင်းကို ဆိုလိုသည်ဟု သင်တို့ နားလည်ကောင်း နားလည်နိုင်သည်။ သို့ရာတွင် သင်တို့၏ စိတ်နှလုံးများထဲတွင် ယင်းမှာ သိပ်မရိုးရှင်းသည်ကို သိရမည်။ သို့ဆိုလျှင် ဘုရားသခင် ပြုရမည့်အရာဟု၊ ငါ ပြောဆိုနေသည့် ဤအရာမှာ မည်သည့်အရာဖြစ်သနည်း။ ဘေးကင်းရေးဆိုသည်မှာ ဘုရားသခင်အဖို့ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် “ဘေးကင်းရေး” ၏ သာမန် အဓိပ္ပါယ်နှင့်ဆိုင်သည့် အာမခံချက် ဧကန်အမှန် ဖြစ်ပါသလော။ မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင် ပြုသည့် ထိုအရာမှာ အဘယ်အရာနည်း။ ဤ “ဘေးကင်းရေး” ဟူသည်မှာ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု ဆိုလိုသည်။ ဤသည်မှာ အရေးကြီးပါ၏လော။ စာတန်၏ ဝါးမျိုမခံရခြင်း- ဤသည်မှာ သင်၏ဘေးကင်းရေးနှင့် သက်ဆိုင်သလော မသက်ဆိုင်သလော။ မှန်သည်၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ဘေးကင်းရေးနှင့် သက်ဆိုင်သကဲ့သို့၊ သာ၍အရေးကြီးသည့်အရာ မရှိနိုင်တော့ပေ။ သင်သည် စာတန်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ သင်၏ ဝိညာဉ်နှင့် သင်၏ ခန္ဓာသည် ဘုရားသခင်နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင့်အား ကယ်တင်တော့မည် မဟုတ်ချေ။ ဘုရားသခင်သည် စာတန်၏ ဝါးမျိုခြင်းခံရသည့် ဝိညာဉ်များနှင့် လူတို့ကို စွန့်ပစ်၏။ ထို့ကြောင့် ဘုရားသခင် ပြုရမည့် အရေးကြီးဆုံးအရာမှာ သင်၏ဤဘေးကင်းရေးကို အာမခံချက် ပေးရန်၊ သင့်အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည် မဟုတ်ဟူသော အာမခံချက် ပေးရန် ဖြစ်သည်ဟု ငါ ပြော၏။ ဤသည်မှာ လွန်စွာ အရေးကြီးသည် မဟုတ်ပါလော။ သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် မဖြေနိုင်သနည်း။ သင်တို့သည် ဘုရားသခင်၏ ကြီးမြတ်သော ကြင်နာမှုကို မခံစားနိုင်ကြသည့်ပုံရ၏။

ဘုရားသခင်သည် လူတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးခြင်း၊ ၎င်းတို့အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု အာမခံချက်ပေးခြင်း တို့အပြင်၊ ပို၍များစွာ လုပ်ဆောင်ပါ၏။ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး မကယ်တင်မီတွင် ကြိုတင် ပြင်ဆင်သည့် အလုပ်များစွာ သူသည် လုပ်ဆောင်၏။ ဦးစွာအနေဖြင့်၊ သင်သည် မည်သို့စရိုက်လက္ခဏာရှိမည်၊ မည်သို့သောမိသားစုတွင် မွေးဖွားလာမည်၊ သင်၏မိဘများ မည်သူတို့ဖြစ်မည်၊ သင့်ထံတွင် ညီအစ်ကိုမောင်နှမ မည်မျှရှိမည်ဆိုသည်နှင့် အနေအထား၊ စီးပွားရေး အဆင့်အတန်းနှင့် သင် မွေးဖွားသည့် မိသားစု အခြေအနေ မည်သို့ဖြစ်မည် ဆိုသည်တို့နှင့် စပ်လျဉ်း၍ စေ့စပ်သော ပြင်ဆင်မှုများကို ဘုရားသခင် ပြုလေသည်။ ဘုရားသခင် ရွေးကောက်သည့် လူအများစုသည် မည်သည့် မိသားစုမျိုး၌ မွေးဖွားသည်ကို သင်တို့သိပါ၏လော။ ထင်ရှားသော မိသားစူများ ဖြစ်ပါသလော။ ထင်ရှားသော မိသားစုများထဲ မွေးဖွားသူမရှိဟု ငါတို့ သေချာ မပြောနိုင်ပေ။ အချို့ရှိနိုင်သော်လည်း အလွန်နည်းပါပေသည်။ အင်မတန် ချမ်းသာကြွယ်ဝသည့် မိသားစုများ၊ ဘီလျံနာ မိသားစုများ သို့မဟုတ် မီလျံနာ မိသားစုများ ဖြစ်ပါသလော။ မဟုတ်ပါ၊ ၎င်းတို့သည် ဤမိသားစုမျိုး ထဲတွင် မမွေးဖွားသလောက် နီးပါးဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် ဤလူတို့အတွက် မည်သို့သော မိသားစုမျိုးကို အများဆုံး စီစဉ်ပေးသနည်း (သာမန်မိသားစုများ ဖြစ်ပါသည်။) သို့ဆိုလျှင် မည်သည့် မိသားစုများကို သာမန်မိသားစုများဟု မှတ်ယူနိုင်သနည်း။ ၎င်းတို့တွင် အလုပ်လုပ်သော မိသားစုများ ပါဝင်၏၊ ယင်းမှာ ရှင်သန်ဖို့ လုပ်အားခများအပေါ် မှီခိုရသည့်၊ အခြေခံလိုအပ်ချက်များကို တတ်နိုင်သည့် မိသားစုများ ဖြစ်ပြီး၊ အလွန် မချမ်းသာကြချေ။ ၎င်းတို့တွင် လယ်သမား မိသားစုများလည်း ပါဝင်သည်။ လယ်သမားတို့သည် ၎င်းတို့၏အစားအစာအတွက် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းကို မှီခိုကြ၏- စားသောက်ရန် အတွက် ဂျုံ၊ စပါးရှိပြီး ဝတ်ဖို့ အဝတ်အစားများရှိကြကာ ဆာလောင်ငတ်မွတ်ခြင်း သို့မဟုတ် အအေးဒဏ်ခံစားရခြင်း မရှိကြချေ။ ထို့နောက် အသေးစား စီးပွားရေးလုပ်ကိုင်သော မိသားစုအချို့ ရှိသကဲ့သို့၊ တစ်နေရာရာတွင် ပညာတတ် မိဘများ ရှိကြကာ ဤမိသားစုတို့ကို သာမန် မိသားစုများအဖြစ် မှတ်ယူနိုင်၏။ ရုံးလုပ်သားများ သို့မဟုတ် ထင်ရှားသော မိသားစုများအဖြစ် မမှတ်ယူ၍မရသည့် အငယ်တန်း အစိုးရအရာရှိများဖြစ်သော မိဘအချို့လည်း ရှိပေသည်။ အများစုသည် သာမန် မိသားစုများတွင် မွေးဖွားကြပြီး၊ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဦးဆုံးအနေဖြင့် သင် နေထိုင်သော ဤပတ်ဝန်းကျင်သည် လူတို့ စိတ်ကူးကောင်း စိတ်ကူးနိုင်သည့် ဥစ္စာဓန ကုံလုံကြွယ်ဝသည့် မိသားစုမဟုတ်ဘဲ ဤသည်မှာ ဘုရားသခင်က သင့်အတွက် ရွေးချယ်ပေးသည့် မိသားစုတစ်ခု ဖြစ်ပြီး၊ လူအများစုတို့သည် ဤမိသားစုမျိုး၏ အကန့်အသတ်များအတွင်း၌ နေထိုင်ကြလိမ့်မည်။ သို့ဆိုလျှင် လူမှုအဆင့်အတန်းနှင့် ပတ်သက်၍ မည်သို့နည်း။ မိဘတို့အများစု၏ စီးပွားရေးအခြေအနေများမှာ သာမန်ဖြစ်ပြီး၊ ၎င်းတို့တွင် မြင့်မားသော လူမှုအဆင့်အတန်း မရှိကြချေ- ၎င်းတို့အတွက် အလုပ်တစ်ခုရှိနေရုံမျှဖြင့် အဆင်ပြေနေပြီ ဖြစ်သည်။ ၎င်းတို့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးများ ပါဝင်သလော။ နိုင်ငံ့သမ္မတများ ပါဝင်သလော။ (မပါဝင်ပါ။) အများဆုံးအနေဖြင့် ၎င်းတို့သည် လုပ်ငန်းငယ် မန်နေဂျာများ သို့မဟုတ် စီးပွားရေး လုပ်ငန်းငယ်များ၏ ပိုင်ရှင်များ ဖြစ်ကြသည်။ ၎င်းတို့၏ လူမှုအဆင့်အတန်းသည် အလယ်အလတ် ဖြစ်သကဲ့သို့၊ ၎င်းတို့၏ စီးပွားရေး အခြေအနေများသည်လည်း သာမန်ဖြစ်သည်။ နောက်ထပ်အချက်မှာ မိသားစု၏ ရှင်သန်နေထိုင်နေသော ပတ်ဝန်းကျင်ဖြစ်၏။ ဦးစွာပထမ၊ ၎င်းတို့၏သားသမီးများအား ဂမ္ဘီရပညာနှင့် ဗေဒင်ပညာ လမ်းကြောင်းကို လျှောက်လှမ်းခြင်းထဲတွင် သိသိသာသာ လွှမ်းမိုးမည့် မိဘများ မရှိချေ။ ထိုသို့သော အရာများ၌ ပါဝင်ပတ်သက်သူ အလွန်နည်းပါး၏။ မိဘအများစုသည် သာမန်သာဖြစ်သည်။ ဘုရားသခင်သည် လူတို့အား ရွေးချယ်သည့် အချိန်၌ပင်၊ ယင်းသည် လူတို့ကို ကယ်တင်သည့် သူ၏အမှုအတွက် လွန်စွာ အကျိုးပြုသည့် ဤသို့သော ပတ်ဝန်းကျင်မျိုးကို ၎င်းတို့အတွက် သူပြင်ဆင် ပေးလေသည်။ အပြင်ပန်းအားဖြင့် ကြည့်သော် ဘုရားသခင်သည် လူသားအတွက် ကမ္ဘာတုန်လောက်သော မည်သည့်အရာကိုမျှ အထူးသဖြင့် လုပ်ဆောင်မထားသလို ထင်ရ၏။ သူသည် နှိမ့်ချစွာနှင့် တိတ်တဆိတ် သူ လုပ်ဆောင်သည့် အရာအားလုံးကို တိတ်ဆိတ်စွာနှင့် လျှို့ဝှက်စွာ ရှေ့ဆက် ဆောင်ရွက်လေသည်။ သို့သော် အမှန်တွင်၊ ဘုရားသခင် ပြုသောအရာ အားလုံးသည် သင်၏ကယ်တင်ခြင်းအတွက် အခြေခံအုတ်မြစ်ချရန်၊ ရှေ့တွင်ရှိသည့် လမ်းနှင့် သင်၏ ကယ်တင်ခြင်းအတွက် လိုအပ်သော အခြေအနေအားလုံးကို ပြင်ဆင်ပေးရန် လုပ်ဆောင်ခြင်းဖြစ်သည်။ နောက်ထပ်၊ လူတိုင်းကို အသီးသီး တိကျသော အချိန်တွင် ဘုရားသခင်သည် သူ၏ရှေ့မှောက်သို့ ပြန်ခေါ်ဆောင်၏- ယင်းမှာ ဘုရားသခင်၏အသံကို သင်ကြားရသည့်အချိန် ဖြစ်သည်။ ယင်းသည် သူ၏ရှေ့မှောက်သို့ သင် လာရသည့်အချိန် ဖြစ်သည်။ ဤအရာဖြစ်ပျက်သောအချိန်၌ အချို့သောလူတို့သည် ၎င်းတို့ကိုယ်တိုင် မိဘများ ဖြစ်လာနှင့်ကြပြီး ဖြစ်သော်လည်း၊ တခြားသူတို့မှာမူ တစ်စုံတစ်ယောက်၏ သားသမီးသာ ဖြစ်ကြပေသည်။ တစ်နည်းဆိုရသော်၊ အချို့သောလူတို့သည် အိမ်ထောင်ရက်သားကျ၍၊ သားသမီးများ ရခဲ့ကြပြီဖြစ်သော်ငြား၊ အချို့သည် တစ်ကိုယ်တည်း ဖြစ်နေဆဲဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် မိသားစုများကို စတင်ခြင်း မပြုကြသေးပေ။ သို့သော် တစ်ဦး တစ်ယောက်၏အခြေအနေ မည်သို့ဖြစ်ပါစေ၊ သင်သည် မည်သည့်အချိန်၌ ရွေးချယ်ခံရမည် ဆိုသည်နှင့် သူ၏ ဧဝံဂေလိတရားနှင့် နှုတ်ကပတ်တော်တို့သည် မည်သည့်အချိန်တွင် သင့်ထံသို့ ရောက်မည်ဆိုသည်တို့ကို ဘုရားသခင်က သတ်မှတ်ထားပြီး ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ကြားနိုင်ရန် အလို့ငှာ၊ သင့်ထံသို့ ဧဝံဂေလိတရား လက်ဆင့်ကမ်းမည့် လူတစ်ဦးတစ်ယောက် သို့မဟုတ် အကြောင်းအရာတစ်ခုခုအပေါ် ဆုံးဖြတ်ထားသည့် အခြေအနေတို့ကို ဘုရားသခင်သည် သတ်မှတ်ထားပြီး ဖြစ်၏။ လိုအပ်သည့် အခြေအနေအားလုံးကို သင့်အတွက် ဘုရားသခင် ပြင်ဆင်နှင့်ပြီး ဖြစ်သည်။ ဤသို့ဖြင့်၊ ဖြစ်ပျက်နေသည့်အရာကို လူသည် သတိမမူမိသော်လည်း၊ ဘုရားသခင်ရှေ့မှောက် လာကာ ဘုရားသခင်၏ မိသားစုထံ ပြန်သွားလေသည်။ လူသည် မိမိအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် ဘုရားသခင်၏ အမှုပြုသည့်နည်းလမ်း၏ အဆင့်အသီးသီးထဲသို့ ဝင်ရောက်ရင်း၊ အမှုမဲ့အမှတ်မဲ့ ဘုရားသခင် နောက်သို့ လိုက်ကာ သူ၏ အမှု အဆင့်အသီးသီးထဲသို့လည်း ဝင်ရောက်လေသည်။ ဤအချိန်၌ ဘုရားသခင်သည် လူသားအတွက် လုပ်ဆောင်သည့်အခါ၊ မည်သို့သော နည်းလမ်းတို့ကို အသုံးပြုသနည်း။ ပထမဦးစွာ၊ အခြေခံအကျဆုံး နည်းလမ်းမှာ လူသား နှစ်သက်သည့် ဂရုစိုက်မှုနှင့် ကာကွယ်ပေးမှုဖြစ်၏။ ဤအရာအပြင်၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိမှုနှင့် သူ၏လုပ်ဆောင်မှုတို့ကို မြင်နိုင်စေရန် အလို့ငှာ၊ ဘုရားသခင်သည် အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပြင်ဆင်လေသည်။ ဥပမာအားဖြင့်၊ ၎င်းတို့၏ မိသားစုထဲတွင် တစ်စုံတစ်ဦး နာမကျန်းဖြစ်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်သော လူအချို့ရှိသည်။ အခြားသူများက ၎င်းတို့ထံ ဧဝံဂေလိတရား ဟောပြောသောအခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို စတင် ယုံကြည်လာကြပြီး၊ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်ခြင်းသည် အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအခြေအနေကို မည်သူက စီစဉ်ခဲ့သနည်း (ဘုရားသခင် ဖြစ်ပါသည်။) ဤနာမကျန်းဖြစ်ခြင်း နည်းလမ်းအားဖြင့်၊ အယောက်တိုင်း ယုံကြည်သူဖြစ်သည့် မိသားစုအချို့ရှိသော်လည်း၊ မိသားစုထဲတွင် အနည်းငယ်ကသာ ယုံကြည်သည့် အခြား မိသားစုများလည်းရှိသည်။ အပေါ်ယံအားဖြင့်၊ သင့်မိသားစုထဲမှ တစ်ဦးဦးက မကျန်းမာမှုရှိသည်ဟု ထင်ရသော်လည်း၊ အမှန်တွင် ထိုအရာမှာ သင့်အနေဖြင့် ဘုရားသခင်ရှေ့မှောက် လာစေရန်အလို့ငှာ သင့်အပေါ် အပ်နှင်းလိုက်သော အခြေအနေတစ်ခုသာဖြစ်သည်- ဤသည်မှာ ဘုရားသခင်၏ ကြင်နာခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အချို့သောလူတို့အတွက် မိသားစုဘဝသည် ခက်ခဲပြီး ၎င်းတို့အနေဖြင့် ငြိမ်းချမ်းခြင်းကို ရှာမတွေ့နိုင်သောကြောင့်၊ အခွင့်အလမ်းတစ်ခုသည် သူ့ဖာသာ ပေါ်လာမည်ဖြစ်သည်- တစ်စုံတစ်ယောက်သောသူသည် ဧဝံဂေလိတရားကို လက်ဆင့်ကမ်းကာ၊ “သခင်ယေရှုကိုယုံကြည်ပါ၊ ငြိမ်သက်ခြင်း ရလိမ့်မည်” ဟု ပြော၏။ ထိုသို့ဖြင့်၊ သူတို့သည် သတိမမူမိဘဲလျက် လွန်စွာသဘာဝကျသော အခြေအနေများအောက်၌ ဘုရားသခင်ကို ယုံကြည်လာလေသည်၊ သို့ဆိုလျှင် ဤသည်မှာ အခြေအနေ အမျိုးအစားတစ်ခု ဖြစ်သည် မဟုတ်လော။ ပြီးလျှင် ၎င်း၏ မိသားစုသည် ငြိမ်သက်ခြင်းမရှိကြသည်မှာ ဘုရားသခင်ပေးအပ်သည့် ကျေးဇူးတော်တစ်ခု မဟုတ်လော။ တခြားသော အကြောင်းရင်းများ အတွက် ဘုရားသခင်ကို ယုံကြည်လာသူ အချို့လည်းရှိ၏။ ယုံကြည်မှုနှင့် ဆိုင်သည့် မတူညီသော အကြောင်းရင်းများနှင့် မတူညီသော နည်းလမ်းများ ရှိကြသော်လည်း၊ မည်သို့သော အကြောင်းရင်းက သင့်ကို ဘုရားသခင်အား ယုံကြည်စေသည်ဖြစ်စေ၊ အမှန်တွင် အားလုံးကို ဘုရားသခင်က စီစဉ်ကာ လမ်းပြခဲ့ခြင်း ဖြစ်သည်။ ဦးဆုံးအနေဖြင့်၊ ဘုရားသခင်သည် သင့်အား ရွေးချယ်ရန်နှင့် သင့်အား သူ၏မိသားစုထဲသို့ ခေါ်ဆောင်ရန်၊ အမျိုးမျိုးသော နည်းလမ်းတို့ကို အသုံးပြုလေသည်။ ဤသည်မှာ လူပုဂ္ဂိုလ် တစ်ဦးချင်းအပေါ်တွင် ဘုရားသခင်က သနားသည့် ကျေးဇူးတော်ဖြစ်၏။

ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာများကို ပေးအပ်ခြင်း မပြုတော့ သကဲ့သို့၊ လူကို ရှေ့ဆက်ရန် စည်းရုံးခြင်းလည်း မပြုတော့ပေ။ ဤအမှုတော် အဆင့်အတွင်းတွင် လူသားသည် သူကြုံတွေ့ရပြီး ဖြစ်သည့် ဘုရားအမှုတော်၏ သွင်ပြင်လက္ခဏာ အားလုံးမှ မည်သည့်အရာကို မြင်ပြီးပြီနည်း။ လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်ပြီး ဖြစ်သည်။ ဤအချိန်ကာလ အတွင်းတွင်၊ လူသားအနေဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို တဖြည်းဖြည်း သိလာရန်၊ ဘုရားသခင် မိန့်ဆိုသော နှုတ်ကပတ်တော်များနှင့် လူသားအပေါ် အပ်နှင်းသော သမ္မာတရားကို တဖြည်းဖြည်း သိလာရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ထောက်ပံ့၏၊ ပံ့ပိုး၏၊ ဉာဏ်အလင်းပေးကာ လမ်းပြလေသည်။ လူသား၏ နုနယ်သော ဝိညာဉ်အသက်တာအနေဖြင့် ခွန်အား တဖြည်းဖြည်း တိုးပွားနိုင်စေဖို့အလို့ငှာ၊ အပြုသဘောဆောင်ဖြင်းဖြင့် တဖြည်းဖြည်း ပေါ်ထွက်နိုင်ပြီး ဘုရားသခင်နှင့် ပူးပေါင်း လုပ်ဆောင်ရန် လိုလားလာစေဖို့အလို့ငှာ ဘုရားသခင်သည် လူသား အားနည်းသောအခါ၊ စိတ်ဓါတ်ကျသောအခါ၊ အဘယ်ကိုမျှ ဦးလှည့်စရာ မရှိသောအခါတွင်၊ လူကို နှစ်သိမ့်ရန်၊ အကြံပေးရန်၊ အားပေးရန် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် လူသည် ဘုရားသခင်ကို မနာခံသည့်အခါ၊ သူ့ကို ဆန့်ကျင်သည့်အခါ၊ သို့မဟုတ် မိမိ၏ ပျက်စီးခြင်းကို လူက ထုတ်ဖော်ပြသည့်အခါတွင်၊ လူကို ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတွင် ဘုရားသခင်သည် မည်သို့မျှ သက်ညှာလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် လူသား၏ မိုက်မဲမှု၊ မသိနားမလည်မှု၊ အားနည်းမှုနှင့် မရင့်ကျက်မှုတို့ အတွက်မူ၊ ဘုရားသခင်သည် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ပြသလိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့် လူသားအတွက် ဘုရားသခင် လုပ်ဆောင်သော အမှုအားလုံးမှတစ်ဆင့်၊ လူသားသည် တဖြည်းဖြည်း အရွယ်ရောက်လာ၏၊ ကြီးပြင်းလာပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိလာ၏၊ မည်သည့်အရာများက အပြုသဘောဆောင်သောအရာများဖြစ်ပြီး မည်သည့်အရာများက အပျက်သဘောဆောင်သော အရာများဖြစ်သည် ဆိုသည်ကို သိလာ၏၊ မကောင်းမှုနှင့် မှောင်မိုက်ခြင်းမှာ မည်သည့်အရာများ ဖြစ်သည်ကို သိလာ၏။ ဘုရားသခင်သည် လူသားကို အမြဲပြစ်တင်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း နည်းလမ်းကို မပြုလုပ်သကဲ့သို့၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း တို့ကိုလည်း အမြဲမပြချေ။ ယင်းထက် လူတို့၏ မတူညီသောအဆင့်များတွင် လည်းကောင်း၊ ၎င်းတို့၏ မတူညီသောဝိညာဉ်အသက်တာများ၊ အရည်အချင်းများ နှင့်အညီ ဘုရားသခင်သည် လူတစ်ဦးချင်းစီအတွက် မတူညီသောနည်းလမ်းများဖြင့် ထောက်ပံ့ပေး၏။ သူသည် လူသားအတွက် အမှုအရာများစွာ လုပ်ဆောင်ပေးကာ၊ အဖိုးအခ ကြီးမားလှ၏။ လူသားသည် ဤအရာများ သို့မဟုတ် ဤအဖိုးအခ နှင့်ပတ်သက်၍ ဘာကိုမျှ မသိမြင်သော်လည်း၊ လက်တွေ့၌ သူလုပ်ဆောင်သမျှအားလုံးသည် လူတစ်ဦးချင်းစီတိုင်းအပေါ်တွင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းသည် လက်တွေ့ကျ၏- ဘုရားသခင်၏ ကျေးဇူးတော်မှတဆင့်၊ လူသားသည် ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရှောင်ရှားနေပြီး၊ တစ်ချိန်လုံး ဘုရားသခင်သည် လူသား၏အားနည်းချက်အပေါ် သူ၏ သည်းခံခြင်းကိုလည်း အကြိမ်ကြိမ် ပြသ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် လူတို့အား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်း သိလာစေသည်။ ဘုရားသခင် ထောက်ပံ့သော အရာ၊ လူသားအပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် သူ၏လမ်းပြမှု အားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏ အနှစ်သာရကို ပို၍ပို၍ သိလာခွင့်ပေးပြီး လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည့်အရာအတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည် ဆိုသည်တို့ကို တိုး၍ တိုး၍ သိလာခွင့်ပေး၏။ ဘုရားသခင် ပြုသော ဤအရာများအားလုံးသည် သူ၏တစ်ခုသော မူလရည်ရွယ်ချက်မှ ခွဲထုတ်၍မရချေ။ သို့ဆိုလျှင် ဤရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူသားအပေါ် သူ၏အမှုကို ဆောင်ရွက်ရန်၊ အဘယ်ကြောင့် ဤနည်းလမ်းတို့ကို အသုံးပြုသနည်း။ မည်သည့် ရလဒ်ကို သူရရှိချင် သနည်း။ တစ်နည်းအားဖြင့်၊ သူသည် လူ့အထဲတွင် မည်သည့်အရာကို မြင်ချင်သနည်း။ လူသားထံမှ မည်သည့်အရာကို သူရရှိချင်သနည်း။ ဘုရားသခင် မြင်ချင်သောအရာမှာ လူသား၏ နှလုံးသား ပြန်လည်နိုးထနိုင်ဖို့ ဖြစ်သည်။ လူသားအပေါ် အမှုပြုရန် သူအသုံးပြုသည့် ဤနည်းလမ်းများသည် လူသား၏ နှလုံးသားနှင့် လူသား၏ စိတ်ဝိညာဉ်ကို စဉ်ဆက်မပြတ် နိုးထစေရန်ဖြစ်ကာ၊ လူသားအနေဖြင့် မည်သည့်နေရာက မိမိလာခဲ့သည်၊ မည်သူက မိမိကို လမ်းပြနေသည်၊ ထောက်ပံ့နေပြီး ပံ့ပိုးနေသည်၊ ပြီးလျှင် မည်သူက မိမိကို ယခုထိတိုင်အောင် ရှင်သန် ခွင့်ပြုထားသည် ဆိုသည်ကို သိနိုင်စေဖို့ဖြစ်သည်။ ထိုနည်းလမ်းများသည် လူအား မည်သူက ဖန်ဆင်းရှင် ဖြစ်သည်၊ မည်သူကို သူကိုးကွယ်သင့်သည်၊ မည်သို့သောလမ်းမျိုးကို လျှောက်သင့်သည်ဆိုသည်နှင့် ဘုရားသခင် ရှေ့မှောက်သို့ မည်သည့်နည်းလမ်းဖြင့် လာသင့်သည်ဆိုသည်တို့ကို နားလည်နိုင်စေသည့် နည်းလမ်းများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို သိစေရန်၊ နားလည်စေရန် နှင့် လူသားကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ အမှုတော်နောက်ကွယ်က ကြီးစွာသောဂရုစိုက်မှုနှင့် အတွေးကို သဘောပေါက်စေရန်အလို့ငှာ၊ လူသား၏ နှလုံးသား တဖြည်းဖြည်း ပြန်၍အားပြည့်လာစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လူသား၏ နှလုံးသား ပြန်လည်အားပြည့် လာသည့်အခါ၊ လူသည် ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထား တစ်ခုဖြင့် အသက်ရှင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သမ္မာတရားကို ရှာဖွေဖို့သာ ဆန္ဒရှိလာသည်။ လူ၏ နှလုံးသားသည် နိုးထ လာသည့်အခါ၊ လူသည် စာတန်ထံမှ အပြည့်အဝ ရုန်းထွက် နိုင်လေသည်။ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေဖို့ ဘုရားသခင်၏ အမှုနှင့် သူ၏ နှုတ်ကပတ်တော်တို့တွင် ဖန်တီးယူကာ ပူးပေါင်းဆောင်ရွက်နိုင်၏၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ရရှိလေသည်။ ဤသည်မှာ ဘုရားအမှုတော်၏ မူလရည်ရွယ်ချက် ဖြစ်သည်။

စာတန်၏ဆိုးယုတ်မှုအကြောင်း ယခုပင် ငါတို့ ပြောဆိုဆွေးနွေးခြင်းက၊ လူသည် အလွန်စိတ်မချမ်းမြေ့မှုအလယ်တွင် ရှင်သန်ပြီး လူ၏အသက်တာသည် ကံဆိုးမှုများဖြင့် ပတ်ချာဝိုင်း ခံရသည့်အလား လူတိုင်းကို ခံစားရစေသည်။ သို့ရာတွင် ယခုတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် လူသားအပေါ် သူ ဆောင်ရွက်သော အမှုတော်အကြောင်းကို ငါပြောဆိုနေသည့်အချိန်တွင်၊ ယင်းက သင်တို့ကို မည်သို့ခံစားရစေသနည်း (အလွန်ပျော်ပါသည်။) ဘုရားသခင် လုပ်ဆောင်သော အရာအားလုံး၊ လူသားအတွက် ပင်ပန်းကြီးစွာ သူ စီစဉ်သမျှအားလုံးသည် အပြစ်ဆိုစရာမရှိသည်ကို ငါတို့ ယခု မြင်နိုင်သည်။ ဘုရားသခင် ပြုလုပ်သမျှ အရာတိုင်းသည် အမှားအယွင်း ကင်းကာ၊ အပြစ်အနာအဆာ ကင်းသည့်သဘောဖြစ်ပြီး၊ မည်သူကမျှ ပြုပြင်ပေးရန်၊ အကြံပေးရန် သို့မဟုတ် ပြောင်းလဲမှုများ တစ်ခုတစ်လေ ပြုလုပ်ရန် မလိုအပ်ပေ။ တစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးသည် သံသယရှိစရာ မလိုအပ်ပေ။ သူသည် လူတိုင်းကို လက်ဆွဲခေါ်ကာ ဦးဆောင်ပြီး၊ သင့်အား ကုန်လွန်သွားသည့် အချိန်တိုင်းတွင် စောင့်ရှောက်သကဲ့သို့၊ သင့်အနားမှလည်း တစ်ခါမျှ မခွာခဲ့ချေ။ လူတို့သည် ဤကဲ့သို့သောပတ်ဝန်းကျင်မျိုးနှင့် ဤကဲ့သို့သော နောက်ခံမျိုးတွင် ကြီးပြင်းသည်နှင့်အမျှ၊ လူတို့သည် အမှန်တွင် ဘုရားသခင်၏ လက်ဖဝါးပေါ်တွင် ကြီးပြင်းသည်ဟု ငါတို့ ဆိုနိုင်မည်လော (ဆိုနိုင်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ဆုံးရှုံးခြင်း အသိစိတ်တစ်ခုကို ယခုတွင် ခံစားနေကြ ရသေးသလော။ တစ်ဦးတစ်ယောက်သည် စိတ်ပျက် အားငယ်မိသေးသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စွန့်ပစ်သွားပြီဟု တစ်ယောက်ယောက်က ခံစားရသလော (မခံစားရပါ။) သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့်အရာကို အတိအကျ လုပ်ဆောင်ပြီးဖြစ်သနည်း။ (လူသားမျိုးနွယ်ကို ဆက်လက် ဂရုစိုက်ပြီးဖြစ်သည်။) ဘုရားသခင် လုပ်ဆောင်သော အရာရာထဲတွင် ဘုရားသခင်ထားသည့် ကြီးစွာသော အတွေးနှင့် ဂရုစိုက်မှုသည် မေးခွန်းထုတ်စရာပင် မလိုအပ်ချေ။ ထို့အပြင် သူ၏ အမှုတော်ကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် အစဉ်အမြဲ အကြွင်းမဲ့ လုပ်ဆောင် လေသည်။ သင့်အနေဖြင့် သူ့အား နက်နက်နဲနဲ ကျေးဇူးတင်မိစေရန်အလို့ငှာ သင့်အတွက် သူ ပေးဆပ်ခဲ့သော အဖိုးအခကို သင်တို့ထဲမှ မည်သူကမျှသိဖို့ သူ လုံးဝ မတောင်းဆိုဖူးပေ။ ဘုရားသခင်သည် ဤအရာကို သင့်အား တောင်းဆိုဖူးပါသလော။ (မတောင်းဆိုဖူးပါ။) လူ့ဘဝ၏ ရှည်လျားသော လမ်းကြောင်းတွင်၊ လူအယောက်စီတိုင်းနီးပါး အန္တရာယ်ရှိသော အခြေအနေများစွာကို ကြုံဖူးသကဲ့သို့ ဖြားယောင်း သွေးဆောင်မှုများစွာကို ရင်ဆိုင်ဖူးကြ၏။ ဤသည်မှာ စာတန်သည် သင်၏အနားတွင် ရပ်နေသောကြောင့်၊ ၎င်း၏မျက်လုံးတို့သည် သင့်အပေါ် စဉ်ဆက်မပြတ် စူးစိုက်ကြည့် နေသောကြောင့် ဖြစ်သည်။ သင့်ကို ဘေးဒုက္ခရိုက်ခတ်သည့်အခါ၊ သင့်အပေါ် ကပ်ဘေးများ ကျရောက်သည့်အခါ၊ ဤအရာ၌ စာတန် အကြိုက်တွေ့ လေသည်။ သင့်အတွက် မည်သည့်အရာမျှ အဆင်မပြေသည့်အခါ၊ စာတန်၏ ကွန်ယက်တွင် သင် ငြိတွယ်ခံရသည့်အခါတွင်၊ ဤအရာများမှ ကြီးစွာသော ပျော်ရွှင်မှုကို စာတန်က ရယူလေသည်။ ဘုရားသခင် လုပ်ဆောင်နေသည့် အရာအတွက်မူ၊ သူသည် သင့်အား ကုန်လွန်သည့်အချိန်တိုင်းတွင် ကာကွယ် ပေးလျက်ရှိကာ၊ ကံဆိုးခြင်းတစ်ခုပြီး တစ်ခုမှ လည်းကောင်း၊ ဘေးဒုက္ခတစ်ခုပြီး တစ်ခုမှ လည်းကောင်း သင့်ကို ထိန်းကျောင်းပေးနေ၏။ ဤသည်မှာ လူသားတွင် ရှိသောအရာ အားလုံးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု၊ ကောင်းချီးမင်္ဂလာများနှင့် တစ်ကိုယ်ရေဘေးကင်းရေးတို့သည် အမှန်တွင် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် အားလုံး ရှိကြသည်ဟု ငါက ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ သူသည် လူတစ်ဦးစီတိုင်း၏ ကံကြမ္မာကို လမ်းပြကာ ဆုံးဖြတ်ပေး၏။ သို့ရာတွင် ဘုရားသခင်သည် အချို့သောလူတို့ ပြောသကဲ့သို့ သူ၏ အနေအထားအပေါ် ကြီးကျယ်သော အယူအဆတစ်ခု ရှိပါသလော။ “ငါသည် အရာအားလုံး၏ အကြီးမြတ်ဆုံး ဖြစ်သည်။ သင်တို့ကို ကွပ်ကဲသည်မှာ ငါဖြစ်၏။ သင်တို့အားလုံးသည် သက်ညှာမှုအတွက် ငါ့ကို တောင်းခံကြရမည်ဖြစ်ပြီး၊ မနာခံမှုသည် သေခြင်းဖြင့် ပြစ်ဒဏ်ပေးခံရမည်” ဟူ၍ သင့်အား ဘုရားသခင် ထုတ်ဖော်ပြောဆို ပါသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဤနည်းလမ်းမျိုးဖြင့် ခြိမ်းခြောက်ဖူးပါသလော (မခြိမ်းခြောက်ဖူးပါ။) “လူသားမျိုးနွယ်သည် ပျက်စီး နေသောကြောင့်၊ ၎င်းတို့ကို ငါမည်သို့ဆက်ဆံသည်မှာ အရေးမကြီးသကဲ့သို့၊ မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ ဆက်ဆံခံရနိုင်၏။ ငါသည် ၎င်းတို့အတွက် ကောင်းမွန်သော စီစဉ်မှုများ ပြုလုပ်ရန် မလိုအပ်။” ဟု သူပြောဖူးပါသလော။ ဘုရားသခင်သည် ဤသို့စဉ်းစား ပါသလော။ ဘုရားသခင်သည် ဤနည်းဖြင့် ပြုမူဖူးပါသလော (မပြုမူဖူးပါ။) ဆန့်ကျင်ဖက် အနေဖြင့်၊ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် ဘုရားသခင်၏ ဆက်ဆံမှုသည် လေးနက်၍ တာဝန်ယူမှုရှိ၏။ သင့်ကိုယ်သင် သဘောထားသည် ထက်ပင် ဘုရားသခင်က သင့်ကို သာ၍ တာဝန်ယူမှုရှိစွာ ဆက်ဆံ၏။ ဤသို့မဟုတ်ပေသလော။ ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ပြောဆိုခြင်း မရှိသလို၊ သူ၏ ချီးမြှောက်ခံရသည့် အနေအထားကို ဟန်မထုတ်ပေ သို့မဟုတ် လူတို့ကို ပေါ့ပေါ့ဆဆ မလှည့်ဖြားပေ။ ယင်းအစား သူကိုယ်တိုင် ပြုရန် လိုအပ်သောအရာတို့ကို ရိုးသားစွာနှင့် တိတ်ဆိတ်စွာ လုပ်ဆောင်လေသည်။ ဤအရာတို့သည် လူသားထံသို့ ကောင်းချီးများ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်မှုတို့ကို ဆောင်ကြဉ်း၏၊ ၎င်းတို့သည် လူသားကို ဘုရားသခင်၏ မြင်ကွင်းနှင့် သူ၏မိသားစုထဲသို့ ငြိမ်းချမ်းစွာနှင့် ပျော်ရွှင်စွာ ပို့ဆောင်ပေး၏။ ထို့နောက် လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ပြီး ပုံမှန် ဆင်ခြင်တုံတရားနှင့် တွေးခေါ်မှုတို့ဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံကြလေသည်။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏အမှုတွင် လူသားနှင့်ပတ်သက်၍ တမင်လှည့်စားဖူးပါသလော။ သူသည် လူသားအား ပထမဦးစွာ စကားအနည်းငယ်ဖြင့် အရူးလုပ်ပြီး၊ ထို့နောက် သူ့ကို ကျောခိုင်းကာ အတုအယောင် ကြင်နာမှုကို ပြသဖူးသလော (မပြသဖူးပါ။) ဘုရားသခင်သည် ပြောတော့တစ်မျိုး၊ လုပ်တော့ တခြားဖြစ်ဖူးသလော။ ဘုရားသခင်သည် အနှစ်မရှိသော ကတိတို့ကို ပေးကာ၊ သူသည် ၎င်းတို့အတွက် ဤအရာအား လုပ်ပေးနိုင်သည် သို့မဟုတ် ထိုအရာအား ၎င်းတို့အတွက် ကူညီပေး နိုင်သည်ဟု ပြောလျက် ကြွားဝါသော်လည်း၊ ယင်းနောက်တွင် ပျောက်ကွယ်သွားဖူးသလော (မပျောက်ကွယ်ဖူးပါ။) ဘုရားသခင်ထံ၌ မည်သည့် လှည့်စားမှု၊ မည်သည့် မမှန်ကန်မှုမျှ မရှိချေ။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသကဲ့သို့၊ သူ ပြုသောအရာတိုင်း၌ စစ်မှန်၏။ သူသည် လူတို့ အားထားနိုင်သည့် တစ်ဦးတည်းသောသူဖြစ်၏။ သူသည် လူတို့အနေဖြင့် ၎င်းတို့၏အသက်တာများနှင့် ၎င်းတို့ရှိသမျှ အရာတိုင်းကို အပ်နှံနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။ ဘုရားသခင်၌ မည်သည့်လှည့်စားမှုမျှ မရှိသည့်အတွက်၊ ဘုရားသခင်သည် အစစ်မှန်ဆုံးဖြစ်သည်ဟု ငါတို့ ဆိုနိုင်မည်လော (ဆိုနိုင်ပါသည်။) ငါတို့ဆိုနိုင်သည်မှာ ဟုတ်ပေ၏။ “စစ်မှန်သော” ဟူသည့် စကားသည် အလွန်အားနည်းသော်လည်း၊ ဘုရားသခင်အဖို့ သုံးသည့်အခါ အလွန်လူသားဆန်သော်လည်း၊ ငါတို့ သုံးဖို့အတွက် မည်သည့် အခြားသော စကားလုံး ရှိသနည်း။ လူသားဘာသာစကား၏ ကန့်သတ်ချက်မှာ ထိုသို့ဖြစ်၏။ ဘုရားသခင်ကို “စစ်မှန်သည်” ဟု ခေါ်ဆိုခြင်းသည် အတော်အတန် မသင့်လျော်သော်လည်း၊ လောလောဆယ်တွင်မူ ဤစကားလုံးကို ငါတို့ အသုံးပြုသွားမည်။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံကာ၊ စစ်မှန်၏။ သို့ဆိုလျှင် ငါတို့သည် ဤသွင်ပြင်လက္ခဏာတို့ကို ပြောဆိုသည့်အခါ မည်သည့်အရာကို ငါတို့ ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ ငါတို့သည် ဘုရားသခင်နှင့် လူသားကြား၊ ဘုရားသခင်နှင့် စာတန်ကြား ခြားနားမှုများကို ရည်ညွှန်းနေခြင်း ဖြစ်သလော။ ဟုတ်ပေ၏၊ ထိုသို့ ငါတို့ဆိုနိုင်၏။ ဤသည်မှာ လူသားအနေဖြင့် ဘုရားသခင်၌ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စွန်းတစ်စမျှ မမြင်ရသောကြောင့် ဖြစ်လေသည်။ ငါသည် ဤသို့ ပြောရာ၌ မှန်ကန်ပါ၏လော။ အာမင်။ (အာမင်။) ငါတို့သည် ဘုရားသခင်၌ စာတန်၏ ဆိုးယုတ်မှုတစ်ခုမျှ ထုတ်ဖော်ပြသည်ကို မမြင်ရပေ။ ဘုရားသခင် လုပ်ဆောင်ကာ ထုတ်ဖော်ပြသမျှအားလုံးသည် လုံးလုံးအကျိုးပြုပြီး လူကို ကူညီမစ၏၊ လူသားကို ထောက်ပံ့ပေးရန် လုံးလုံးလျားလျား လုပ်ဆောင်ထားခြင်း ဖြစ်သည်၊ အသက်နှင့် ပြည့်ဝပြီး လူသားအတွက် လိုက်လျှောက်ရန် လမ်းတစ်ခုနှင့် လျှောက်လှမ်းရမည့် ဦးတည်ချက်တစ်ခုကို ပေး၏။ ဘုရားသခင်သည် ပျက်စီးခြင်းမရှိသည့်အပြင်၊ ဘုရားသခင် လုပ်ဆောင်သော အရာရာတိုင်းကို ယခု ကြည့်သောအခါ၊ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ငါတို့ ဆိုနိုင်သလော (ဆိုနိုင်ပါသည်။) ဘုရားသခင်သည် လူသားမျိုးနွယ်၏ ပျက်စီးခြင်း တစ်ခုမျှ မရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သို့မဟုတ် စာတန်၏အနှစ်သာရနှင့် ဆင်တူသောအရာတစ်ခုမျှ မရှိသလို၊ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အရာမျှ ဤအရာများနှင့် တူညီမှုတစ်ခုတစ်လေ မပါရှိသည့်အတွက်၊ ဤရှုထောင့်မှ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ငါတို့ ဆိုနိုင်သည်။ ဘုရားသခင်သည် မည်သည့်ဖောက်ပြန်ပျက်စီးခြင်းကိုမျှ ထုတ်ဖော် မပြသကဲ့သို့၊ သူ၏ အမှုတော်၌ရှိသည့် သူ၏ကိုယ်ပိုင် အနှစ်သာရကို ထုတ်ဖော်ခြင်းမှာ ဘုရားသခင် ကိုယ်တော်တိုင် သန့်ရှင်းကြောင်းကို အတည်ပြုခြင်း သက်သက်ဖြစ်သည်။ ဤအရာကို သင်တို့ မြင်ကြသလော။ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရကို သိရန်၊ ယခု ဤလက္ခဏာနှစ်ရပ်ကို ကြည့်ကြပါစို့- ၁) ဘုရားသခင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်စွန်းတစ်စမျှမရှိ။ ၂) လူသားအပေါ်ပြုသော ဘုရားသခင် အမှုတော်၏ အနှစ်သာရသည် လူသားအား ဘုရားသခင်၏ကိုယ်ပိုင်အနှစ်သာရကို မြင်ခွင့်ပေးပြီး၊ ဤအနှစ်သာရသည် လုံးလုံးလျားလျား အပြုသဘောဆောင်၏။ ဘုရားသခင် အမှုတော်၏ အစိတ်အပိုင်းတိုင်းက လူသားထံ ယူဆောင်ပေးသည်များမှာ အပြုသဘောဆောင် ကြသည်သာ ဖြစ်သည်။ ဦးဆုံးအနေဖြင့်၊ ဘုရားသခင်သည် လူသားကို ရိုးသားရန် တောင်းဆိုသည်- ဤသည်မှာ အပြုသဘောဆောင်သည့်အရာ မဟုတ်သလော။ ဘုရားသခင်သည် လူသားကို ဉာဏ်ပညာပေး၏- ဤသည်မှာ အပြုသဘောမဆောင်သလော။ ဘုရားသခင်သည် လူသားအား အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်တတ်စေသည်- ဤသည်မှာ အပြုသဘော မဆောင်သလော။ သူသည် လူသားအား လူ့ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးကို နားလည်ခွင့်ပေးသည်- ဤသည်မှာ အပြုသဘော မဆောင်သလော။ သူသည် လူသားအား လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၏ အနှစ်သာရကို သမ္မာတရား နှင့်အညီ ထွင်းဖောက်သိစေ၏— ဤသည်မှာ အပြုသဘော မဆောင်သလော (အပြုသဘောဆောင်ပါသည်။) ဤအရာအားလုံး၏ အကျိုးရလဒ်မှာ လူသားသည် စာတန်၏ လှည့်စားခြင်းကို မခံရတော့၊ စာတန်၏ အန္တရာယ်ပြုခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ဆက်၍ မခံရတော့ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဤအရာတို့သည် လူတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ မိမိတို့ကိုယ်ကိုယ် လုံးလုံး လွတ်မြောက်ခွင့်ပေး၏၊ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုအား ရှောင်ကြဉ်ခြင်းလမ်းကို တဖြည်းဖြည်း လျှောက်လှမ်းကြ၏။ ယခုတွင် သင်တို့သည် ဤလမ်းကြောင်းအပေါ် မည်မျှဝေးဝေး လျှောက်ပြီးကြပြီနည်း။ ပြောရန် ခက်ခဲသည် မဟုတ်လော။ သို့ရာတွင် အနည်းဆုံး အနေဖြင့် စာတန်သည် လူသားကို မည်သို့ ဖျက်ဆီးသည်၊ မည်သည့်အရာတို့သည် ဆိုးယုတ်ပြီး မည်သည့်အရာတို့သည် အပျက်သဘောဆောင်သည် ဆိုသည်တို့နှင့်ဆိုင်သည့် ကနဦး သိနားလည်မှုတစ်ခုကို သင်တို့ ယခု ရှိကြသည် မဟုတ်လော။ သင်တို့သည် ယခုတွင် အနည်းဆုံး မှန်ကန်သောလမ်းကို လျှောက်လှမ်းနေကြပြီဖြစ်သည်။ ထိုသို့ ဆိုနိုင်ပါသလော (ဆိုနိုင်ပါသည်။)

ဤသည်မှာ ဘုရားသခင်၏ သန့်ရှင်းခြင်း အကြောင်းနှင့်ဆိုင်သော ငါတို့၏ ဆွေးနွေးမှုကို အပြီးသတ်မည့်နေရာ ဖြစ်သည်။ ယခု၊ သင်တို့ ကြားရကာ ရရှိပြီးဖြစ်သည့် အရာအားလုံးကို အခြေခံ၍၊ ဘုရားသခင်၏ သန့်ရှင်းခြင်းမှာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ထဲမှ မည်သူပြောနိုင်သနည်း။ ငါ ပြောဆိုသော ဘုရားသခင်၏ သန့်ရှင်းခြင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ခဏမျှ စဉ်းစားကြည့်လော့။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်မှန်ကန်ခြင်းလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ၏ သစ္စာနှင့် ပြည့်စုံတော်မူခြင်းလော။ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် သူ၏ ကိုယ်ကျိုးမငဲ့ခြင်းလော။ သူ၏ နှိမ့်ချခြင်းလော။ လူသားအတွက် သူ၏ ချစ်ခြင်းမေတ္တာလော။ ဘုရားသခင်သည် လူသားအပေါ် သမ္မာတရားနှင့် အသက်ကို အခမဲ့ ပေးသနား၏- ဤသည်မှာ သူ၏ သန့်ရှင်းခြင်းလော (ဟုတ်ပါသည်။) ဘုရားသခင် ထုတ်ဖော်ပြသည့် ဤအရာအလုံးစုံသည် အတုမဲ့ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူ့သဘာဝအတွင်းတွင် မတည်ရှိသကဲ့သို့၊ မြင်လည်း မမြင်ရပေ။ လူသားအပေါ် စာတန်၏ ဖျက်ဆီးခြင်း ဖြစ်စဉ်အတွင်း၌ ထိုအရာတစ်စက်ကလေးကိုမျှ မမြင်ရသကဲ့သို့၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင်လည်းကောင်း၊ စာတန်၏ အနှစ်သာရ သို့မဟုတ် သဘောသဘာဝတွင်လည်းကောင်း မမြင်ရပေ။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အတုမရှိ ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းသည်သာ ဤသို့သော အနှစ်သာရမျိုးကို ပိုင်ဆိုင်၏၊ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤသို့သော အနှစ်သာရမျိုးကို ပိုင်ဆိုင်၏။ ငါတို့ ဆွေးနွေးမှု၏ ဤအချက် အရောက်တွင်၊ သင်တို့အနေဖြင့် ငါ ယခုပင် ဖော်ပြသမျှလောက် သန့်ရှင်းသည့်သူ တစ်ဦးဦးကို လူသားမျိုးနွယ်အတွင်း၌ မြင်ဖူးပါသလော။ (မမြင်ဖူးပါ။) သို့ဆိုလျှင် ကျော်ကြားသူများ၊ ကြီးမြတ်သူများ သို့မဟုတ် သင်တို့ ကိုးကွယ်ကြသည့် လူသားမျိုးနွယ် အသည်းကျော်များကြားတွင် ဤမျှ သန့်ရှင်းသောသူ တစ်ဦးတစ်လေရှိပါ၏လော (မရှိပါ။) ထို့ကြောင့် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အတုမရှိဖြစ်သည်ဟု ငါတို့ဆိုသည့်အခါ၊ ဤသည်မှာ ချဲ့ကားပြောဆိုခြင်းလော။ (မဟုတ်ပါ။) ဧကန်မုချ မဟုတ်ပေ။ ထို့အပြင်၊ ဘုရားသခင်၏ သန့်ရှင်းသော အတုမဲ့ဖြစ်ခြင်းက လက်တွေ့ကျသည့်ဘက်တစ်ခုလည်း ရှိ၏။ ယခု ငါပြောသော သန့်ရှင်းခြင်းနှင့် သင်တို့ ယခင်က ထင်ခဲ့၊ စိတ်ကူးခဲ့သော သန့်ရှင်းခြင်း ကြားတွင် ခြားနားချက်တစ်ခုတစ်လေ ရှိသလော။ (ရှိပါသည်။) ကွာဟချက်သည် မည်မျှများသနည်း (အလွန်ကြီးပါသည်။) လူတို့သည် သန့်ရှင်းခြင်း အကြောင်းကို ပြောဆိုသည့်အခါ၊ မကြာခဏ မည်သည့်အရာကို ဆိုလိုကြသနည်း (အချို့သော အပြင်ပန်းအပြုအမူများကို ဆိုလိုပါသည်။) အပြုအမူ တစ်ခု သို့မဟုတ် အခြားတစ်ချို့သော အရာကို သန့်ရှင်းသည်ဟု လူတို့ ဆိုသောအခါ၊ ထိုအရာမှာ သဘောတရားအရ ဖြူစင်ပြီး နှစ်လိုဖွယ်ဖြစ်သည်ဟု မြင်ကြသောကြောင့်သာ ဤသို့ ပြောကြခြင်း ဖြစ်သည်။ သို့ရာတွင်၊ ဤအရာများသည် အစဉ်သဖြင့် သန့်ရှင်းခြင်း၏ စစ်မှန်သော ဂုဏ်ဒြပ် ကင်းမဲ့၏- ဤသည်မှာ အယူဝါဒ၏ သွင်ပြင်လက္ခဏာဖြစ်သည်။ ဤအရာအပြင် ၎င်းတို့၏ စိတ်ထဲတွင် လူတို့ စိတ်ကူးကြသည့် “သန့်ရှင်းခြင်း” ၏ လက်တွေ့ကျသော သွင်ပြင်လက္ခဏာရပ်က မည်သည်ကို ရည်ညွှန်းသနည်း။ ယင်းသည် ၎င်းတို့က များသောအားဖြင့် ဖြစ်မည်ဟု စိတ်ကူးကြသော သို့မဟုတ် အကဲဖြတ်ကြသော အရာလော။ ဥပမာအားဖြင့်၊ အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ကျင့်ကြံနေစဉ် ကွယ်လွန်သွားကြ၏၊ အိပ်ပျော်လျက် ထိုင်နေရင်းဖြင့် ထွက်ခွာသွားကြ၏။ ၎င်းတို့သည် သန့်ရှင်းလာကာ၊ ကောင်းကင်ဆီသို့ ပျံသွားသည်ဟု အချို့သောလူတို့က ပြောကြ၏။ ဤသည်မှာလည်း စိတ်ကူးထင်မြင်ခြင်း၏ ရလာဒ်တစ်ခု ဖြစ်သည်။ ထို့နောက် ကောင်းကင်ဘုံမှ လွင့်မျောလာသော နတ်သမီးတစ်ပါးကို သန့်ရှင်းသည်ဟု ထင်ကြသည့် အခြားသောသူများ ရှိ၏။ အမှန်တကယ်တွင်၊ “သန့်ရှင်းသည်” ဆိုသည့် စကားလုံးနှင့် ဆိုင်သည့် လူများ၏ အယူအဆမှာ အခြေခံအားဖြင့် မည်သည့် စစ်မှန်သော ဒြပ်ထည်မျှမရှိသည့် ဗလာစိတ်ကူးနှင့် အယူအဆမျိုး တစ်ခုသာ အမြဲဖြစ်နေခဲ့သည်၊ ထို့အပြင် သန့်ရှင်းခြင်း၏ အနှစ်သာရနှင့်လည်း မည်သို့မျှ မသက်ဆိုင်ချေ။ သန့်ရှင်းခြင်း၏ အနှစ်သာရသည် စစ်မှန်သော ချစ်ခြင်းဖြစ်သော်လည်း၊ ယင်းထက်ပို၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းနှင့် အလင်း၏ အနှစ်သာရဖြစ်သည်။ “သန့်ရှင်းသည်” ဟူသော စကားလုံးသည် ဘုရားသခင်အတွက် အသုံးပြုသော အခါမှသာ သင့်လျော်၏။ ဖန်ဆင်းခြင်းထဲက မည်သည့်အရာကမျှ “သန့်ရှင်းသည်” ဟု ခေါ်ဆိုခြင်း မခံထိုက်ပေ။ ဤကို လူသားက နားလည်ရမည်။ ယခုမှစ၍ ငါတို့သည် “သန့်ရှင်းခြင်း” ဟူသော စကားလုံးကို ဘုရားသခင်အဖို့သာ အသုံးပြုမည်။ ဤသည်မှာ သင့်လျော်ပါသလော (သင့်လျော်ပါသည်။)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။