အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၂) (အပိုင်း သုံး)

လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ပေးသော နေ့စဉ်အစားအသောက်

ယခုလေးတင်၊ အများစုအားဖြင့် ပတ်ဝန်းကျင်၏ တစ်စိတ်တစ်ပိုင်းနှင့် ပတ်သက်၍ ကမ္ဘာလောကကို ဘုရားသခင် ဖန်ဆင်းကတည်းက လူသား ရှင်သန်ရေးအတွက် ဘုရားသခင် ပြင်ဆင်ပေးခဲ့သည့် လိုအပ်သော အခြေအနေများကို အတိအကျ ငါတို့ ပြောဆိုခဲ့ကြသည်။ ငါတို့သည် အချက်ငါးချက်၊ ပတ်ဝန်းကျင်၏ လိုအပ်ချက်ငါးခုအကြောင်းကို ပြောခဲ့ကြသည်။ ငါတို့ပြောမည့် နောက်ထပ် အကြောင်းအရာမှာ လူသား၏ ရုပ်ပိုင်းဆိုင်ရာ ဘဝတိုင်းနှင့် နီးစပ်စွာ ဆက်နွှယ်ပြီး၊ ယင်းသည် ထိုဘဝနှင့် ၎င်း၏ သတ်မှတ်ထားသည့် အခြေအနေများကို ပိုမိုကြီးမားစွာ ပြည့်စုံခြင်းတစ်ခုနှင့် ယခင်အချက်ငါးချက်ထက် သာ၍ သက်ဆိုင်သည်။ အတိအကျပြောရသော်၊ ယင်းမှာ လူတို့ စားသည့် အစာဖြစ်၏။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းပြီး ဘဝအတွက် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုတွင် ထားရှိခဲ့၏။ နောက်ပိုင်းတွင်၊ လူသားသည် အစာနှင့် ရေကို လိုအပ်ခဲ့၏။ လူသား၌ ဤလိုအပ်ချက်ရှိခဲ့သောကြောင့်၊ ဘုရားသခင်သည် အလားတူ လိုက်လျောညီထွေသော ပြင်ဆင်မှုများကို သူ့အတွက် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ အမှုအဆင့်တစ်ခုစီနှင့် သူပြုသည့် အရာတစ်ခုစီသည် ပြောထားသည့် အနှစ်မဲ့ စကားများမဟုတ်ဘဲ၊ လုပ်ဆောင်ထားသည့် စစ်မှန်ပြီး လက်တွေ့ကျသော လုပ်ရပ်ဖြစ်သည်။ အစာသည် လူတို့၏နေ့စဉ်ဘဝများတွင် မရှိမဖြစ် မဟုတ်လော။ အစာသည် လေထက် သာ၍အရေးကြီးသလော။ ၎င်းတို့သည် တန်းတူ အရေးကြီးကြ၏။ နှစ်ခုလုံးသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးနှင့် လူ့ဘဝ ဆက်လက်တည်ရှိမှုကို ကာကွယ်ခြင်းအတွက် လိုအပ်သည့် အခြေအနေများနှင့် အရာများဖြစ်ကြသည်။ မည်သည့်အရာ သာ၍ အရေးကြီးသလော- လေ သို့မဟုတ် ရေလော။ အပူချိန်လော သို့မဟုတ် အစာလော။ ၎င်းတို့အားလုံး တန်းတူ အရေးကြီးကြ၏။ လူတို့သည် ၎င်းတို့ထဲမှ တစ်ခုတစ်လေမရှိဘဲ မနေနိုင်ကြသောကြောင့် ၎င်းတို့ကြား မရွေးချယ်နိုင်ကြချေ။ ဤသည်မှာ စစ်မှန်ပြီး လက်တွေ့ကျသော ပြဿနာဖြစ်သည်၊ အမှုအရာများကြား သင်၏ ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ သင်မသိသော်လည်း ဘုရားသခင်သိ၏။ သင်သည် အစာကို တွေ့သောအခါ၊ “အစာမရှိဘဲ ငါမနေနိုင်” ဟု ထင်သည်။ သို့ရာတွင် သင့်ကိုဖန်ဆင်းပြီးနောက် ချက်ချင်း၊ သင် အစာလိုအပ်သည်ကို သိခဲ့ပါသလော။ သင် မသိခဲ့၊ သို့သော် ဘုရားသခင် သိခဲ့၏။ အစာလိုအပ်သည်ကို သင် နားလည်ခဲ့သည်မှာ သင်သည် ဆာလောင်လာပြီး သင် စားဖို့အတွက် သစ်ပင်များအပေါ်က အသီးများနှင့် မြေကြီးပေါ်က အစေ့အဆန်များကို တွေ့ခဲ့ချိန်မှသာ ဖြစ်သည်။ ရေလိုအပ်သည်ကို သင် နားလည်ခဲ့သည်မှာ သင်သည် ရေဆာလာပြီး စမ်းရေတစ်ခုကို မြင်လိုက်သောအခါ- သောက်သောအခါမှသာ ဖြစ်သည်။ ဘုရားသခင်က ရေကို လူသားအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ တစ်နေ့ သုံးနပ်စားသည်ဖြစ်စေ၊ နှစ်နပ်စားသည်ဖြစ်စေ၊ ထိုထက်ပင်ပို၍ စားသည်ဖြစ်စေ၊ အတိုချုပ်အနေဖြင့် အစာသည် လူတို့၏ နေ့စဉ်ဘဝများတွင် မရှိမဖြစ် အရာတစ်ခုဖြစ်၏။ ယင်းသည် လူ့ကိုယ်ခန္ဓာ ပုံမှန်၊ ဆက်လက်ရှင်သန်မှုကို ထိန်းသိမ်းဖို့ လိုအပ်သော အရာများထဲမှ တစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ အစာအများစုသည် မည်သည့်နေရာမှ လာသနည်း။ ဦးစွာအနေဖြင့် ယင်းသည် မြေကြီးမှလာ၏။ ဘုရားသခင်သည် မြေကြီးကို လူသားအတွက် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ မြေကြီးသည် သစ်ပင်များ၊ သို့မဟုတ် မြက်ပင်များအတွက်သာမဟုတ်ဘဲ အပင်အမျိုးအစားများစွာ၏ ရှင်သန်ရေးအတွက် သင့်တော်၏။ ဘုရားသခင်သည် လူသားမျိုးနွယ် အတွက် အစေ့အဆန်မျိုးစုံ၏ မျိုးစေ့များနှင့် အခြားအစာ အမျိုးမျိုးတို့၏ မျိုးစေ့များကို ပြင်ဆင်ခဲ့ပြီး မျိုးကြဲဖို့ သင့်တော်သည့် မြေဆီလွှာနှင့် မြေကြီးတို့ကို လူသားမျိုးနွယ်အား ပေးခဲ့ကာ ဤအရာများနှင့်အတူ လူသားမျိုးနွယ်သည် အစားအစာ ရရှိလေသည်။ အစာအမျိုးမျိုးမှာ မည်သည့်အရာများ ဖြစ်ကြသနည်း။ သင်တို့ သိနှင့်ပြီးဖြစ်နိုင်သည်။ ပထမဦးစွာ၊ အစေ့အဆန် အမျိုးမျိုးရှိ၏။ မည်သည့် မတူကွဲပြားသော အစေ့အဆန် အမျိုးအစားများ ရှိသနည်း။ ဂျုံ၊ ကောက်ပဲသီးနှံနှင့် အခြား အခွံပါသည့် အစေ့အဆန် အမျိုးအစားများ ဖြစ်သည်။ ဘာလီ၊ ဂျုံ၊ အုတ်ဂျုံနှင့် ပန်းဂျုံ စသဖြင့် ကောက်နှံပင်များလည်း တောင်ပိုင်းမှ မြောက်ပိုင်းအထိ မတူကွဲပြားသော အမျိုးအစား စုံစုံလင်လင်ဖြင့် လာလေသည်။ ကွဲပြားသည့် မျိုးစိတ်များမှာ ကွဲပြားသည့် ဒေသများတွင် စိုက်ပျိုးရန် သင့်တော်၏။ စပါးအမျိုးမျိုးလည်း ရှိသည်။ တောင်ပိုင်းသည် ရာသီဥတု ပိုမိုပူပြင်းသောကြောင့် ဆန်လုံးပိုရှည်ကာ တောင်ပိုင်းမှ လူတို့အဖို့ သင့်တော်သည့် မိမိကိုယ်ပိုင် မျိုးကွဲများ ရှိသည်၊ ဆိုလိုသည်မှာ စေးကပ်လွန်းခြင်း မရှိသည့် အင်ဒိက (indica) ဆန်ကဲ့သို့ မျိုးကွဲများကို ဒေသခံလူတို့က စားသုံးရလေသည်။ ၎င်းတို့၏ ဆန်မှာ စေးကပ်လွန်း၍ မရပေ၊ သို့မဟုတ်ပါက ၎င်းတို့ စားချင်စိတ်ကုန်ပြီး ခံတွင်းတွေ့နိုင်ကြမည် မဟုတ်ပေ။ မြောက်ပိုင်းသည် အမြဲတမ်း ပိုအေးသောကြောင့် ထိုနေရာက လူတို့သည် ပိုမိုစွဲမြဲသည့်အရာများကို စားရသည်နှင့်အမျှ၊ မြောက်ပိုင်းသားများသည် ပိုစေးကပ်သော ဆန်ကို စားကြ၏။ ထို့အပြင် မြေပြင်အထက်တွင် ပေါက်ရောက်သည့် ပဲမျိုးကွဲများစွာနှင့် အာလူး၊ ကန်စွန်းဥ၊ ပိန်းဥနှင့် အခြား အရာများစွာကဲ့သို့သော မြေအောက်တွင် ပေါက်သည့် အမြစ်ဟင်းသီးဟင်းရွက်များလည်း ရှိ၏။ အာလူးသည် မြောက်ပိုင်းတွင်ပေါက်၏။ မြောက်ပိုင်းတွင် အာလူးများ၏ အရည်အသွေးမှာ အလွန်ကောင်း၏။ လူတို့၌ စားစရာ အစေ့အဆန်များ မရှိသည့်အခါ အာလူးသည် အဓိက အစားအစာအဖြစ် ၎င်းတို့ကို တစ်နေ့သုံးနပ် စားနေနိုင်စေ၏။ အာလူးကို အရန်အစားအစာတစ်ခုအဖြစ်လည်း အသုံးပြုနိုင်သည်။ ကန်စွန်းဥ၏ အရည်အသွေးသည် အာလူး၏ အရည်အသွေးထက် အတော်အတန် မကောင်းသော်လည်း၊ ၎င်းတို့ကို နေ့စဉ်အစာ သုံးနပ်ပြည့်ရန် အဓိက အစားအစာတစ်ခုအဖြစ် အသုံးပြုနိုင်သေး၏။ အစေ့အဆန်များ ရဖို့ ခက်ခဲသည့်အချိန်တွင်၊ လူတို့သည် ကန်စွန်းဥများဖြင့် ဆာလောင်မှုကို တွန်းလှန်နိုင်သည်။ တောင်ပိုင်းသားများ စားလေ့ရှိသည့် ပိန်းဥကိုလည်း ထိုနည်းတူ အသုံးပြုနိုင်ပြီး ယင်းသည်လည်း အဓိကအစားအစာတစ်ခုအဖြစ် ဖြည့်ဆည်းနိုင်သည်။ ၎င်းတို့သည် လူတို့၏ နေ့စဉ်အစားအသောက် အတွက် လိုအပ်သည့် အစိတ်အပိုင်းများဖြစ်သော အမျိုးမျိုး ကွဲပြားသော အစေ့အဆန်များစွာ ဖြစ်၏။ လူတို့သည် အစေ့အဆန် အမျိုးမျိုးကို ခေါက်ဆွဲ၊ ပေါက်စီ၊ ထမင်းနှင့် ဆန်ခေါက်ဆွဲများ ပြုလုပ်ရန် အသုံးပြုကြ၏။ ဘုရားသခင်သည် ဤအစေ့အဆန် အမျိုးမျိုးကို လူသားမျိုးနွယ်အပေါ် အလျှံအပယ် ပေးသနားထား၏။ မျိုးကွဲပေါင်းမြောက်မြားစွာ အဘယ်ကြောင့် ရှိသည်မှာ ဘုရားအလိုတော်နှင့်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့နှင့် အနောက်ပိုင်းတို့၏ မတူကွဲပြားသော မြေဆီလွှာများနှင့် ရာသီဥတုများတွင် သင့်တော်စွာ ပေါက်ရောက်ကြစဉ်တွင်၊ ၎င်းတို့၏ အမျိုးမျိုးသော ပေါင်းစပ်ဖွဲ့စည်းမှုများနှင့် ပါဝင်ပစ္စည်းများသည် လူ့ခန္ဓာကိုယ်၏ အမျိုးမျိုးသော ပေါင်းစပ်ဖွဲ့စည်းမှုများ၊ ပါဝင်ပစ္စည်းများနှင့် ကိုက်ညီကြသည်။ လူတို့သည် ဤအစေ့အဆန်များကို စားခြင်းဖြင့်သာ ၎င်းတို့၏ကိုယ်ခန္ဓာများက လိုအပ်သည့် အာဟာရများနှင့် ဒြပ်အမျိုးမျိုးကို ထိန်းသိမ်းနိုင်ကြ၏။ မြောက်ပိုင်းအစာနှင့် တောင်ပိုင်းအစာတို့ ကွဲပြားကြသော်လည်း၊ ၎င်းတို့တွင် ကွဲပြားမှုများထက် တူညီချက်များ သာ၍များပြားစွာ ရှိသည်။ ၎င်းတို့နှစ်ခုလုံးသည် လူ့ခန္ဓာကိုယ်၏ ပုံမှန်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး လူ့ခန္ဓာကိုယ်၏ ပုံမှန်ရှင်သန်မှုကို ထောက်ပံ့ ပေးနိုင်သည်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်သည် ဤမတူကွဲပြားသော အစားအစာများက ထောက်ပံ့ပေးသည့်အရာကို လိုအပ်သောကြောင့် ဒေသအသီးသီးတွင် ထုတ်လုပ်သည့် မျိုးစိတ်များ အလျှံပယ် ရှိလေသည်- ၎င်းတို့သည် လူ့ခန္ဓာကိုယ်၏ ပုံမှန် တည်ရှိခြင်းကို ထိန်းသိမ်းဖို့၊ ပုံမှန်လူ့ဘဝကို အသက်ရှင်နေထိုင်နိုင်ဖို့အလို့ငှာ မြေဆီလွှာမှ ပေါက်သည့် အစာအမျိုးမျိုးဖြင့် ထောက်ပံ့ခံရဖို့ လိုအပ်ကြ၏။ အတိုချုပ်အနေဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အလွန်ထောက်ထားခဲ့၏။ လူတို့အပေါ် ဘုရားသခင်ပေးသနားသော အစာအမျိုးမျိုးသည် မရိုးရှင်းပေ- ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် လွန်စွာ မျိုးစုံကြသည်။ လူတို့သည် ကောက်နှံများကို စားလိုပါက စားနိုင်၏။ လူအချို့က ဆန်ထက် ဂျုံကို ပိုမိုနှစ်သက်ကြပြီး၊ ဂျုံကို မကြိုက်ပါက ဆန်စားနိုင်ကြသည်။ ဆန်လုံးရှည်၊ ဆန်လုံးတို စသည်ဖြင့် ဆန်မျိုးစုံရှိပြီး အသီးသီးက လူတို့၏စားချင်စိတ်များကို အာသာပြေစေနိုင်၏။ ထို့ကြောင့် လူတို့သည် ဤအစေ့အဆန်များကို စားပါက- ၎င်းတို့သည် ၎င်းတို့၏အစာနှင့်ပတ်သက်၍ ဇီဇာမကြောင် လွန်းသရွေ့- အာဟာရချို့တဲ့မည်မဟုတ်သကဲ့သို့ သေသည်အထိ ကျန်းမာစွာနေနိုင်ရန် သေချာသည်။ ယင်းမှာ လူသားမျိုးနွယ်အပေါ် အစာပေးသနားခဲ့ချိန်က ဘုရားသခင်၏စိတ်ထဲတွင်ရှိခဲ့သော စိတ်ကူး ဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ဤအရာများမရှိ၍ မရပေ- ယင်းသည် လက်တွေ့အရှိတရား မဟုတ်လော။ ဤအရာများသည် လူက မိမိဘာသာ မဖြေရှင်းနိုင်သည့် လက်တွေ့ကျသော ပြဿနာများ ဖြစ်သော်လည်း ၎င်းတို့အတွက် ဘုရားသခင်က ပြင်ဆင် ပေးခဲ့ပေသည်။ သူက ထိုအရာများကို ကြိုတင်၍ တွေးခဲ့ပြီး လူသားမျိုးနွယ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

သို့သော် ယင်းသည် ဘုရားသခင်က လူသားမျိုးနွယ်အား ပေးခဲ့သည့်အရာအားလုံး မဟုတ်ချေ- လူသားမျိုးနွယ်ကို သူက ဟင်းသီးဟင်းရွက်များကိုလည်း ပေးခဲ့သေး၏။ အခြားမည်သည့် အရာမျှမပါဘဲ ထမင်းနှင့်ပတ်သက်၍ သင်စားသမျှမှာ ထမင်းသာ ဖြစ်ပါက၊ သင့်အနေဖြင့် လုံလောက်သော အာဟာရဓာတ်များ ရရှိကောင်းရရှိနိုင်မည် မဟုတ်။ တစ်နည်းအားဖြင့်၊ သင်၏ အစာများနှင့်အတူ စားရန် ဟင်းသီးဟင်းရွက်အနည်းငယ် ကြော်လိုက်ပါက သို့မဟုတ် အသုပ်တစ်ပွဲ ရောစပ်လိုက်ပါက၊ ဟင်းသီးဟင်းရွက်များတွင်ရှိသည့် ဗီတာမင်များနှင့် ၎င်းတို့၏ အမျိုးမျိုးသော မရှိမဖြစ်လိုအပ်သည့် ဓာတုပစ္စည်းများနှင့် အခြားအာဟာရများသည် သင့်ခန္ဓာကိုယ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ အလိုအလျောက် ထောက်ပံ့ပေးနိုင်လိမ့်မည်။ ပြီးလျှင် လူတို့သည် အစာများကြားတွင် အသီးအနှံအနည်းငယ်ကိုလည်း စားနိုင်သည်၊ မဟုတ်လော။ တစ်ခါတစ်ရံတွင် လူတို့သည် အရည်များ၊ သို့မဟုတ် အခြားအာဟာရများ၊ သို့မဟုတ် ကွဲပြားသည့် အရသာများ လိုအပ်ပြီး၊ ဤလိုအပ်ချက်များကို ဖြည့်ဆည်းဖို့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ရှိလေသည်။ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တို့သည် မတူကွဲပြားသော မြေဆီလွှာများနှင့် ရာသီဥတုများ ရှိသည်နှင့်အမျှ၊ မတူကွဲပြားသည့် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို ထုတ်လုပ်ကြလေသည်။ တောင်ပိုင်း ရာသီဥတုသည် ပူလွန်းသည့်အတွက်၊ ထိုနေရာက အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် အများစုသည် စားသည်နှင့်တစ်ပြိုင်နက် လူ့ခန္ဓာကိုယ်ထဲက အပူနှင့်အအေးကို မျှစေနိုင်သည့် အေးစေသော အမျိုးအစားများဖြစ်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ မြောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံ မျိုးကွဲများ ပိုနည်းပါး၏၊ သို့တိုင် ဒေသခံတို့အတွက် လုံလောက်၏။ သို့ရာတွင် များမကြာမီနှစ်များတွင် လူမှုအဖွဲ့အစည်းထဲက ဖွံ့ဖြိုးတိုးတက်မှုများ နှင့် လူမှုရေးတိုးတက်မှုများဟု ဆိုသည့်အရာအပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့နှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတွင် တိုးတက်မှုများကြောင့်၊ မြောက်ပိုင်းသားများသည်လည်း တောင်ပိုင်းက သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ သို့မဟုတ် ဒေသန္တရ ထွက်ကုန်များကို စားသုံးနိုင်ကြပြီး၊ တစ်နှစ် လေးရာသီပတ်လုံးပင် ထိုသို့ စားနိုင်ကြ၏။ ဤအရာက လူတို့၏ စားချင်စိတ်များနှင့် ရုပ်ဝတ္ထုတပ်မက်မှုများကို ဖြည့်ဆည်းနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာများသည် ကွဲပြားသည့် ဘေးအန္တရာယ်အဆင့်များကို အမှတ်တမဲ့ ခံရကြ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသော အစားအစာများထဲတွင် တောင်ပိုင်းသားတို့အတွက် ရည်ရွယ်သည့် အစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များရှိသည့်အပြင် မြောက်ပိုင်းသားတို့အတွက် ရည်ရွယ်သည့် အစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ရှိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တောင်ပိုင်း၌ မွေးပါက၊ တောင်ပိုင်းမှ အရာများကို စားခြင်းသည် သင့်အတွက် သင့်တော်၏။ တောင်ပိုင်း၌ သီးခြားရာသီဥတုရှိသောကြောင့်၊ ဘုရားသခင်က ဤအစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို တိတိကျကျ ပြင်ဆင်ထားခြင်းဖြစ်၏။ မြောက်ပိုင်းသည် မြောက်ပိုင်းသားတို့၏ ကိုယ်ခန္ဓာများအတွက် လိုအပ်သည့် အစားအစာရှိ၏။ သို့တိုင် လူတို့သည် အငမ်းမရ စားချင်သောက်ချင်စိတ်များ ရှိသောကြောင့် ၎င်းတို့သည် လူမှုအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဒီရေထဲတွင် မိမိတို့ကိုယ်ကိုယ် တွန်းပို့ခံရဖို့ အမှုမဲ့အမှတ်မဲ့ ခွင့်ပြုခဲ့ကြပြီး ဤနိယာမများကို ချိုးဖောက်မှန်းမသိ ချိုးဖောက်မိနေကြ၏။ လူတို့အနေဖြင့် ၎င်းတို့၏ဘဝများသည် ယခင်ထက် ပိုကောင်းမွန်သည်ဟု ခံစားရသော်လည်း၊ ဤကဲ့သို့သော လူမှုအဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုမျိုးသည် အရေအတွက် ပိုမိုများပြားနေသော လူတို့၏ကိုယ်ခန္ဓာများအဖို့ မသိမသာ စိမ့်ဝင်ပျံ့နှံ့တတ်သော အန္တရာယ်ကို ဖြစ်စေလေသည်။ ဤသည်မှာ ဘုရားသခင် မြင်လိုသောအရာ မဟုတ်သကဲ့သို့ ဤအစားအစာများ၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို လူသားမျိုးနွယ်အား ပေးခဲ့ချိန်တွင် သူရည်ရွယ်ခဲ့သည့် အရာမဟုတ်ပေ။ လူသားများ ကိုယ်၌က ဘုရားသခင်၏ နိယာမများကို ချိုးဖောက်ခြင်းဖြင့် လက်ရှိအခြေအနေကို ဖြစ်စေပြီဖြစ်သည်။

ထိုအရာများအားလုံးအပြင်၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားထားသော ရက်ရောမှုသည် အမှန်တကယ် များပြား ကြွယ်ဝပြီး၊ နေရာသီးသီးသည် မိမိ၏ဒေသထွက်ကုန် ရှိ၏။ ဥပမာအားဖြင့်၊ အချို့အရပ်များသည် (ဂျူဂျူဘီဟု လူအများ သိကြသည့်) စွံပလွန်သီးအနီများ ပေါကြွယ်သည်၊ အခြား အရပ်များသည် သစ်ကြားသီးတွင် ပေါကြွယ်ဝပြီး၊ အခြားအရပ်များက မြေပဲ၊ သို့မဟုတ် အခြားအခွံမာသီးအမျိုးမျိုး ပေါကြွယ်၏။ ဤရုပ်ဝတ္ထုပစ္စည်းများအားလုံးက လူ့ခန္ဓာကိုယ် လိုအပ်သည့် အာဟာရများကို ထောက်ပံ့ပေးသည်။ သို့သော် ဘုရားသခင်သည် နှစ်၏ ရာသီဥတုနှင့် အချိန်အခါအလိုက် လူသားမျိုးနွယ်ကို အမှုအရာများကို မှန်ကန်သည့် ပမာဏနှင့် မှန်ကန်သည့် အချိန်တွင် ထောက်ပံ့ပေးလေသည်။ လူသားမျိုးနွယ်သည် ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို တပ်မက်ကာ အငမ်းမရဖြစ်ကြသဖြင့်၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့ချိန်က လူသားကြီးထွားမှုနှင့်ဆိုင်သော သဘာဝ နိယာမများကို ချိုးဖောက်ပြီး ထိခိုက်ပျက်စီးစေရန် လွယ်ကူလျက် နေစေသည်။ ဥပမာအနေဖြင့် ချယ်ရီသီးကို ကြည့်ကြစို့။ ၎င်းတို့သည် ဇွန်လတွင် ရင့်မှည့်လာကြသည်။ ပုံမှန်အခြေအနေများအောက်တွင်၊ သြဂုတ်လရောက်သည်နှင့် ချယ်ရီသီးများ မကျန်တော့ပေ။ ချယ်ရီသီးများကို နှစ်လသာ လတ်လတ်ဆတ်ဆတ် သိမ်းထား၍ရ၏၊ သို့သော် သိပ္ပံနည်းကျ နည်းပညာများကို အသုံးပြုခြင်းဖြင့်၊ လူတို့သည် ယခုအခါ ထိုကာလကို ၁၂ လအထိ၊ နောက်နှစ် ချယ်ရီရာသီအထိပင် တိုးနိုင်ကြ၏။ ဤသည်မှာ ချယ်ရီသီးများ တစ်နှစ်ပတ်လုံး ရှိသည်ဟု ဆိုလိုသည်။ ဤဖြစ်ရပ်သည် မူမှန်သလော။ (မူမမှန်ပါ။) သို့ဖြစ်လျှင် ချယ်ရီသီးများကို စားသုံးရန် အကောင်းဆုံးရာသီသည် မည်သည့်အချိန်ဖြစ်သနည်း။ ယင်းသည် ဇွန်လမှ သြဂုတ်လအထိ ကာလဖြစ်ပေမည်။ ဤအချိန်ကို လွန်သွားလျှင် ၎င်းတို့ကို သင်မည်မျှ လတ်ဆတ်စွာ သိမ်းထားစေကာမူ အရသာတူမည် မဟုတ်သကဲ့သို့၊ လူ့ခန္ဓာကိုယ်မှ လိုအပ်သည့်အရာကိုလည်း မထောက်ပံ့ချေ။ ၎င်း၏သက်တမ်း ကုန်သည့်ရက်စွဲ ကျော်လွန်သည်နှင့်၊ သင့်အနေဖြင့် မည်သည့် ဓာတုပစ္စည်းများကို အသုံးပြုသည်ဖြစ်စေ၊ သဘာဝအတိုင်း သင်စိုက်ပျိုးသည့်အခါ ၎င်းတို့ ရှိသည့် အရာတိုင်းဖြင့် ၎င်းတို့ကို သင် ပြည့်ဝစေနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင်၊ ထိုဓာတုပစ္စည်းများက လူသားများကို လုပ်ဆောင်သည့် ထိခိုက်မှုသည် ၎င်းတို့ မည်သည့်အရာ ကြိုးစားပါစေ၊ မည်သူမျှ ဖြေရှင်း သို့မဟုတ် ပြောင်းလဲ၍ မရနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် လက်ရှိဈေးကွက်စီးပွားရေးသည် လူတို့ထံ မည်သည့်အရာ ယူဆောင် လာသနည်း။ လူတို့၏ဘဝများ ပိုကောင်းလာပုံရသည်၊ အရပ်ဒေသများကြား သယ်ယူပို့ဆောင်ရေးက အလွန်အဆင်ပြေ လာပြီးဖြစ်ကာ လူတို့သည် လေးရာသီ၏ မည်သည့်ရာသီတွင်မဆို အသီးအနှံမျိုးစုံ စားနိုင်ကြ၏။ မြောက်ပိုင်းသားတို့သည် တောင်ပိုင်းမှ ငှက်ပျောသီးများအပြင် ဒေသထွက် မည်သည့်စားကောင်း သောက်ဖွယ်များကိုမဆို၊ သစ်သီးဝလံ သို့မဟုတ် အခြားအစားအစာကို စားနိုင်ကြ၏။ သို့ရာတွင် ဤသည်မှာ လူသားမျိုးနွယ်အား ဘုရားသခင်ပေးလိုသည့် ဘဝမဟုတ်ပေ။ ဤကဲ့သို့သော ဈေးကွက်စီးပွားရေးမျိုးသည် လူတို့၏ဘဝများကို အကျိုးကျေးဇူးအချို့ ယူဆောင်ကောင်းယူဆောင်လာနိုင်သော်လည်း အန္တရာယ်ကိုလည်း ယူဆောင်လာနိုင်ပေသည်။ ဈေးထဲ၌ အလျှံပယ် ပေါများမှုကြောင့် များစွာသောလူတို့သည် ၎င်းတို့၏ ပါးစပ်များထဲသို့ မည်သည့်အရာ ထည့်နေသည်ကို တွေးတောခြင်းမရှိဘဲ စားကြ၏။ ၎င်းတို့၏ အပြုအမူသည် သဘာဝနိယာမများကို ချိုးဖောက်လျက်ရှိပြီး လုတို့၏ကျန်းမာရေးကို အန္တရာယ်ရှိစေ၏။ ထို့ကြောင့် ဈေးကွက်စီးပွားရေးသည် လူတို့ကို စစ်မှန်သော ပျော်ရွှင်မှု မယူဆောင်ပေးနိုင်ပေ။ သင်ကိုယ်တိုင် ကြည့်လော့။ ဈေးထဲ၌ စပျစ်သီးများကို လေးရာသီလုံး ရောင်းသည်မဟုတ်လော။ အမှန်တွင်၊ စပျစ်သီးများသည် ခူးဆွတ်ပြီးနောက် တိုတောင်းသော အချိန်ကာလ တစ်ခုသာ လတ်ဆတ်နေ၏။ နောက်နှစ် ဇွန်လအထိ ထားပါက၊ ၎င်းတို့ကို စပျစ်သီးများဟုခေါ်၍ ရသေးသလော။ “အမှိုက်” သည် ၎င်းတို့အတွက် ပိုကောင်းသော နာမည်တစ်ခု ဖြစ်မည်လော။ ၎င်းတို့၌ တကယ်ကို လတ်ဆတ်သော စပျစ်သီး၏ ဒြပ် မကင်းမဲ့ချေ- ၎င်းတို့အထဲတွင် ဓာတုပစ္စည်းများ ပို၍ရှိနေပေသည်။ တစ်နှစ် ကြာပြီးနောက်၊ ၎င်းတို့သည် မလတ်ဆတ်တော့သည်သာမက၊ ၎င်းတို့ရှိသည့် အာဟာရဓာတ်များ ကုန်ဆုံးသွားသည်မှာ ကြာပြီ ဖြစ်ပေသည်။ စပျစ်သီးများကို လူတို့စားသောအခါ- “ငါတို့ ကံကောင်း လိုက်ပါဘိ။ လွန်ခဲ့သည့်အနှစ် ၃၀ က ဤရာသီမှာ စပျစ်သီးစား၍ ရနိုင်ခဲ့ပါ့မည်လော။ စားချင်လျှင်ပင် စားနိုင်ခဲ့မည်မဟုတ်။ ဘဝက ယခု အင်မတန်ကောင်းလှသည်” ဟူသော ခံစားချက် ရှိကြသည်။ ဤသည်မှာ အမှန်တကယ် ပျော်ရွှင်မှုလော။ သင်စိတ်ဝင်စားပါက ဓာတုပစ္စည်းများနှင့် တာရှည်ခံအောင် ပြုလုပ်ထားသည့် စပျစ်သီးများကို ကိုယ်တိုင် သုတေသနပြုပြီး ၎င်းတို့ကို မည်သည့် အရာဖြင့် ပြုလုပ်ထားသည်ဆိုသည်နှင့် ဤဒြပ်ပစ္စည်းများက လူသားများအဖို့ အကျိုးပြုခြင်းရှိမရှိဆိုသည်တို့ကို ကြည့်နိုင်သည်။ ပညတ်တော်ခေတ်၌၊ ဣသရေလအမျိုးများသည် အဲဂုတ္တုပြည်ကို စွန့်ခွာခဲ့ပြီး ခရီးသွား နေခဲ့ကြချိန်တွင် ဘုရားသခင်သည် ၎င်းတို့အား ငုံးငှက်နှင့် မန္နမုန့်တို့ကို ပေးခဲ့၏။ ဘုရားသခင်သည် ၎င်းတို့အား ဤအရာများကို တာရှည်ခံအောင် လုပ်ခွင့်ပေးခဲ့သလော။ ၎င်းတို့ထဲမှ အချို့သည် ရေရှည်ကို မကြည့်တတ်သကဲ့သို့ နောက်နေ့၌ နောက်ထပ်မရှိတော့မည်ကို စိုးရိမ်ကြသောကြောင့်၊ နောင်အတွက် အချို့ကို ဖယ်ထားခဲ့ကြသည်။ ထို့နောက် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ နောက်တစ်နေ့တွင်၊ ယင်းသည် ပုပ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် သင်ငတ်မွတ်မသွားစေဖို့ သေချာသည့် ပြင်ဆင်မှုများကို ဘုရားသခင် ပြုလုပ်ပြီးဖြစ်သည့်အတွက် အချို့ကို ဖယ်ထားဖို့ သင့်ကို ဘုရားသခင် ခွင့်မပြုပေ။ သို့သော် လူသားမျိုးနွယ်သည် ထိုသို့သော စိတ်ချယုံကြည်မှု မရှိသကဲ့သို့၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းဖို့ မိမိတို့ကိုယ်ကိုယ် အမြဲနေရာပေးချင်ကြပြီး၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ပြင်ဆင်မှုများနောက်ကွယ်က ဂရုစိုက်မှုနှင့် အတွေးတို့ကို လုံးဝ မမြင်နိုင်ကြချေ။ ၎င်းတို့သည် ထိုအရာကို မခံစားနိုင်ကြ၊ ထို့ကြောင့် “ဘုရားသခင်၏ လုပ်ဆောင်မှုများက စိတ်မချရပေ။ ကျွန်ုပ်တို့ လိုအပ်သည့်အရာ ဘုရားသခင် ပေးမည်မပေးမည် သို့မဟုတ် မည်သည့်အချိန်တွင် ပေးမည်ကို မည်သူသိသနည်း။ ကျွန်ုပ် အလွန်ဆာလောင်ပြီး ဘုရားသခင်က မပေးလျှင်၊ ကျွန်ုပ် ငတ်မွတ်လိမ့်မည် မဟုတ်လော။ အာဟာရချို့တဲ့မည်မဟုတ်လော” ဟု အမြဲတွေးရင်း၊ ၎င်းတို့၏ ယုံကြည်ခြင်းကို ဘုရားသခင်၌ အပြည့်အဝ မထားနိုင်ကြချေ။ လူသား၏ စိတ်ချယုံကြည်မှု မည်မျှမခိုင်လုံသည်ကို မြင်လော့။

အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးမျိုးစုံ- ဤရာများအားလုံးသည် သက်သတ်လွတ် အစားအစာများ ဖြစ်ကြ၏။ ၎င်းတို့သည် သက်သတ်လွတ်အစာများ ဖြစ်ကြသော်လည်း လူ့ခန္ဓာကိုယ်၏လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် လုံလောက်သည့် အာဟာရဓာတ်များ ပါရှိ၏။ သို့ရာတွင် ဘုရားသခင်က၊ “လူသားမျိုးနွယ်ကို ဤအစားအစာများသာ ငါပေးမည်။ ဤအရာများကိုသာ ၎င်းတို့ စားကြပါလေ့စေ” ဟု မပြောခဲ့ပေ။ ဘုရားသခင်သည် ထိုနေရာ၌ မရပ်တန့်ခဲ့ဘဲ လူသားမျိုးနွယ်အတွက် သာ၍ပင် အရသာရှိသော နောက်ထပ် အစားအစာများစွာကို ဆက်လက်ပြင်ဆင်ပေးခဲ့၏။ ဤအစားအစာများမှာ အဘယ်နည်း။ သင်တို့အများစုက မြင်နိုင်၊ စားနိုင်သော အသားငါးအမျိုးမျိုးတို့ ဖြစ်ကြ၏။ သူသည် လူသားအတွက် အသားငါး နှစ်မျိုးလုံးကို အလွန်များစွာ ပြင်ဆင်ခဲ့သည်။ ငါးများသည် ရေထဲ၌နေကြပြီး၊ ဒြပ်ပစ္စည်းအနေဖြင့် ရေထဲက ငါး၏ အသားသည် ကုန်းနေ တိရစ္ဆာန်များ၏ အသားနှင့် ကွာခြားကာ လူကို မတူကွဲပြားသော အာဟာရဓာတ်များ ပေးနိုင်၏။ ငါးသည်လည်း လူ့ခန္ဓာကိုယ်ထဲက အပူနှင့်အအေးကို ညှိပေးနိုင်သည့် ဂုဏ်သတ္တိများရှိပြီး၊ ယင်းသည် လူသားအဖို့ အလွန့်အလွန် အကျိုးပြုလေသည်။ သို့ရာတွင် အရသာကောင်းသည့်အစာကို အလွန်အကျွံ မစားရပေ။ ငါပြောပြီးသည့်အတိုင်း၊ လူတို့အနေဖြင့် ဘုရားသခင်၏ နှင်းအပ်မှုများကို ပုံမှန်နည်းလမ်းတစ်ခုဖြင့်၊ ရာသီဥတုနှင့် အချိန်ကာလနှင့်အညီ မှန်ကန်စွာ မွေ့လျော်နိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သင့်တော်သည့်အချိန်တွင် သင့်တော်သည့် ပမာဏကို လူသားမျိုးနွယ်အပေါ် ပေးသနားလေသည်။ ဥစား၊ အသားစားအတွက် မွေးမြူသော ကြက်ဘဲများ အတန်းအစားတွင် မည်သည့် အစားအစာ အမျိုးအစားများ ပါဝင်သနည်း။ ကြက်၊ ငုံး၊ ခို စသည်တို့ ဖြစ်သည်။ လူများစွာက ဘဲနှင့် ငန်းတို့ကိုလည်း စားကြ၏။ ဘုရားသခင်သည် ဤအသားမျိုးစုံကို ထောက်ပံ့ထားသော်လည်း သူ၏ရွေးချယ်ခြင်းခံရသူများနှင့် သက်ဆိုင်သော သတ်မှတ်ချက် အချို့ကို သူ ပြုလုပ်ခဲ့ပြီး ပညတ်တော်ခေတ်အတွင်းတွင် ၎င်းတို့၏ အစားအသောက်နှင့်ပတ်သက်၍ တိကျသည့် ကန့်သတ်ချက်များ ထားရှိခဲ့လေသည်။ ယနေ့ခေတ်တွင်၊ ဤကန့်သတ်ချက်များသည် တစ်ဦးချင်းစီ၏အရသာနှင့် ကိုယ်တိုင်ကိုယ်ကျ အနက်ပြန်မှုပေါ်တွင် အခြေခံထားသည်။ ဤအသားအမျိုးမျိုးသည် ပရိုတိန်းနှင့် သံဓာတ်တို့ကို ပြန်လည်ဖြည့်ဆည်းပေးရင်း၊ သွေးကို ကြွယ်ဝ စေလျက်၊ ကြွက်သားများနှင့် အရိုးများကို သန်မာစေပြီး ရုပ်ခန္ဓာ ခွန်အားတည်ဆောက်ပေးလျက် လူ့ခန္ဓာကိုယ်ကို ကွဲပြားသည့် အာဟာရဓာတ်များပေး၏။ လူတို့က ၎င်းတို့ကို မည်သို့ ချက်ပြုတ်ပြီး စားသောက်ကြပါစေ၊ ဤအသားများသည် လူတို့၏ အစားအစာ အနံ့အရသာကို တိုးတက်စေပြီး၊ ၎င်းတို့၏ စားချင်စိတ်ကို အားပေးကူညီစဉ်တွင် ၎င်းတို့၏ဝမ်းများကိုလည်း ဖြည့်ဆည်း ပေးလျက်ရှိ၏။ အရေးအကြီးဆုံးအနေဖြင့်၊ ဤအစားအစာများသည် လူ့ခန္ဓာကိုယ်ကို နေ့စဉ် အာဟာရလိုချက်ချက်များ ဖြည့်ဆည်း ပေးနိုင်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် အစားအစာ အဆင်သင့် ပြဆင်ပေးသည့်အချိန်တွင် ဘုရားသခင် ထည့်သွင်း စဉ်းစားခဲ့သည့် အချက်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ ရှိ၏၊ အသားရှိ၏- ဤသည်မှာ ကြွယ်ဝများပြားသည် မဟုတ်လော။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အစားအစာအားလုံးကို ဘုရားသခင် ပြင်ဆင်ခဲ့ချိန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို လူတို့နားလည်သင့်သည်။ ယင်းမှာ လူသားမျိုးနွယ်အနေဖြင့် ဤအစားအစာများကို လွန်လွန်ကဲကဲ မွေ့လျော်ခံစားဖို့ ဖြစ်သလော။ လူသည် ဤရုပ်ဝတ္ထု တပ်မက်မှုများကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရာ၌ ပိတ်မိလာသည့်အချိန်တွင် မည်သည့် အရာဖြစ်သနည်း။ ၎င်းသည် အာဟာရ လွန်ကဲလာသည် မဟုတ်လော။ အာဟာရများ လွန်းခြင်းသည် လူ့ခန္ဓာကိုယ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖိစီးနှိပ်စက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်က သင့်တော်သော အချိန်တွင် သင့်တော်သည့်ပမာဏကို ခွဲဝေသတ်မှတ်ပေးပြီး လူတို့အား ကွဲပြားသည့် အချိန်ကာလများ၊ ရာသီဥတုများနှင့်အညီ ကွဲပြားသည့်အစာများကို မွေ့လျော်စေသည့် အကြောင်းရင်းဖြစ်၏။ ဥပမာအားဖြင့်၊ အလွန်ပူပြင်းသော နွေရာသီ ပြီးနောက်၊ လူတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာထဲတွင် အပူဓာတ်များစွာအပြင်၊ ရောဂါ ဖြစ်စေနိုင်သော ခြောက်သွေ့မှုနှင့် စိုထိုင်းမှုတို့ကို စုဆောင်းမိကြသည်။ ဆောင်းဦးရာသီ ရောက်သည့်အခါ၊ သစ်သီးဝလံ အမျိုးအစားများစွာ ရင့်မှည့်ကြပြီး ဤသစ်သီးများကို လူတို့စားကြသောအခါ ၎င်းတို့ ကိုယ်ခန္ဓာထဲက စိုထိုင်းမှုသည် ဖယ်ရှားခံရပေသည်။ ဤအချိန်တွင်၊ ကျွဲနွားတိရစ္ဆာန်နှင့် သိုးတို့သည်လည်း သန်သန်မာမာ ကြီးထွားကြပြီး ဖြစ်သောကြောင့် ဤသည်မှာ လူတို့သည် အာဟာရအတွက် အသားကို ပိုမိုစားသုံးသင့်သည့် အချိန်ဖြစ်သည်။ အသားအမျိုးမျိုးကို စားသုံးခြင်းအားဖြင့်၊ လူတို့၏ခန္ဓာကိုယ်များသည် ဆောင်းရာသီ၏ အအေးဒဏ်ကို ၎င်းတို့ ခံနိုင်စေဖို့ အားအင်နှင့် အနွေးဓာတ်ရရှိကြပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဆောင်းရာသီကို ဘေးကင်းစွာနှင့် ကျန်းမာစွာ ကျော်ဖြတ်နိုင်ကြပေသည်။ အဆုံးစွန် ဂရုစိုက်ခြင်းနှင့် တိကျခြင်းတို့နှင့်အတူ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးရမည့်အရာနှင့် ထောက်ပံ့ရမည့်အချိန်၊ ပြီးလျှင် မည်သည့်အချိန်တွင် မတူညီသော အရာများကို ကြီးထွားစေမည်၊ အသီးသီးစေကာ ရင့်မှည့်စေမည်ဆိုသည်တို့ကို ထိန်းချုပ်ပြီး ပူးပေါင်း လုပ်ဆောင်လေသည်။ ဤအရာသည် “လူသား၏ နေ့စဉ်ဘဝ၌ လိုအပ်သည့်အစားအစာကို ဘုရားသခင်ပြင်ဆင်ပုံ” နှင့် ဆက်နွှယ် လေသည်။ အစားအစာအမျိုးအစားများစွာအပြင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရေအရင်းအမြစ်ဖြင့်လည်း ထောက်ပံ့ပေး၏။ အစာစားပြီးနောက်တွင်၊ လူတို့သည် ရေသောက်ဖို့လိုသေး၏။ သစ်သီးဝလံတစ်ခုတည်းက လုံလောက်မည်လော။ လူတို့သည် သစ်သီးဝလံဖြင့်သာ အသက်မရှင်နိုင်ပေ၊ သည့်အပြင် အချို့ ရာသီများတွင် သစ်သီးဝလံမရှိပေ။ သို့ဖြစ်လျှင် လူသားမျိုးနွယ်၏ ရေပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ ဘုရားသခင်သည် ရေကန်များ၊ မြစ်များနှင့် စမ်းချောင်းများအပါအဝင် မြေပေါ်မြေအောက်၌ ရေအရင်းအမြစ်များစွာကို ပြင်ဆင်ခြင်းဖြင့် ထိုအရာကို ဖြေရှင်းပြီး ဖြစ်သည်။ ဤရေအရင်းအမြစ်များ ညစ်ညမ်းမှုမျှမရှိသရွေ့၊ ၎င်းတို့ကို လူတို့က ကြိုးကိုင်ခြယ်လှယ်ခြင်း မရှိသရွေ့ မဖျက်ဆီးသရွေ့ သောက်သုံးနိုင်၏။ တစ်နည်းအားဖြင့်၊ လူသားမျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ၏ ဘဝများကို အားဖြည့်သည့် အစာအရင်းအမြစ်များအရ၊ လူတို့၏ဘဝများသည် ကြွယ်ဝကာ ပေါများပြီး မည်သည့်အရာမျှ မချို့တဲ့ဖို့အလို့ငှာ ဘုရားသခင်သည် အလွန်တိကျ၊ အလွန်မှန်ကန်ပြီး အလွန် သင့်တော်သော ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်၏။ ဤသည်မှာ လူတို့ ခံစားပြီး မြင်နိုင်သော အရာတစ်ခုဖြစ်သည်။

ထို့အပြင် ဘုရားသခင်သည် အရာခပ်သိမ်းတို့အလယ်တွင် လူ့ခန္ဓာရှိ ဒဏ်ရာအနာတရများကို ပျောက်ကင်းစေရန် သို့မဟုတ် ဖျားနာမှုကို ကုသရန် အထူးသဖြင့် ရည်ရွယ်ထားသည့် အပင်အချို့၊ တိရစ္ဆာန်များနှင့် ဆေးဖက်ဝင်အပင်အမျိုးမျိုးကို ဖန်ဆင်းခဲ့၏။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦးသည် မီးပူလောင်ပါက၊ သို့မဟုတ် မတော်တဆ ရေနွေးလောင်ပါက မည်သို့လုပ်ဆောင်သင့်သနည်း။ အပူလောင်အကွက်ကို ရေနှင့်သာ သင်ဆေးကြောနိုင်သလော။ အဝတ်စဟောင်းတစ်ခုတစ်လေဖြင့် ယင်းကို ပတ်စည်း၍ ရနိုင်သလော။ ထိုသို့ လုပ်ဆောင်ပါက၊ ဒဏ်ရာသည် ပြည်ဖြင့် ပြည့်လိမ့်မည် သို့မဟုတ် ရောဂါပိုးဝင်ကောင်းဝင်လိမ့်မည်။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦး အဖျားရှိလျှင်၊ သို့မဟုတ် အအေးမိလျှင်၊ အလုပ်လုပ်စဉ် ဒဏ်ရာအနာတရဖြစ်လျှင်၊ အစားမှားသဖြင့် ဝမ်းပျက်လျှင်၊ သို့တည်းမဟုတ် အသက်ရှင် နေထိုင်မှုပုံစံ အကြောင်းရင်းများ သို့မဟုတ် စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများကြောင့် သွေးကြောဆိုင်ရာရောဂါများ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါများ၊ သို့မဟုတ် ကိုယ်တွင်းအင်္ဂါနှင့်ဆိုင်သော ရောဂါများ အပါအဝင် ရောဂါအချို့ဖြစ်ပေါ်လျှင် ထိုရောဂါ အခြေအနေများ အားလုံးကို ကုသသည့် လိုက်လျောညီထွေသော အပင်များရှိ၏။ သွေးလည်ပတ်မှုကို တိုးတက်စေပြီး၊ သွေးတန့်မှုကို ဖယ်ရှားပေးသည့် အပင်များ၊ နာကျင်မှု သက်သာစေသည့်အပင်များ၊ သွေးတိတ်စေသည့် အပင်များ၊ မေ့ဆေးထုံဆေးပေးသည့် အပင်များ၊ အသားအရေကို ကုသပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်စေဖို့ အထောက်အကူပြုသည့် အပင်များနှင့်၊ သွေးပုပ်များကို စွန့်ပစ်ပြီး ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားပေးသည့် အပင်များရှိ၏- အတိုချုပ် အနေဖြင့်၊ ဤအပင်များသည် နေ့စဉ်အသက်တာတွင် အသုံးဝင်မှုများ ရှိ၏။ ၎င်းတို့ကို လူတို့က အသုံးပြုနိုင်ပြီး လိုအပ်လာပါက လူ့ခန္ဓာကိုယ်အတွက် ဘုရားသခင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ထဲမှ အချို့ကို လူသားအား ကံအားလျော်စွာဖြင့် ရှာဖွေတွေ့ရှိခွင့်ပေးခဲ့သော်လည်း အခြား အရာများကိုမူ ထိုသို့ရှာဖွေတွေ့ရှိရန် ဘုရားသခင် ရွေးချယ်ခဲ့သည့် လူတို့က ရှာဖွေတွေ့ရှိခဲ့ကြသည်၊ သို့မဟုတ် သူစီစဉ်ညွှန်ကြားသည့် အထူးသဘာဝဖြစ်စဉ်၏ အကျိုးဆက် တစ်ခုအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြလေသည်။ ဤအပင်များကို ရှာဖွေတွေ့ရှိပြီးနောက်တွင်၊ လူသားမျိုးနွယ်သည် ၎င်းတို့ကို လက်ဆင့်ကမ်းကြမည်ဖြစ်ပြီး လူများစွာတို့သည် ၎င်းတို့အကြောင်း သိလာခဲ့ကြပေလိမ့်မည်။ ထိုသို့ဖြင့် ဤအပင်များကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် တန်ဖိုးနှင့် အဓိပ္ပာယ်ရှိလေသည်။ အကျဉ်းချုပ်အားဖြင့်၊ ဤအရာများ အားလုံးသည် ဘုရားသခင်ထံမှ ဖြစ်ပြီး လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ကို သူဖန်ဆင်းခဲ့ချိန်တွင် ဘုရားသခင် ပြင်ဆင်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်၏။ ၎င်းတို့သည် မုချလိုအပ်ပေသည်။ ဘုရားသခင်၏ အတွေး လုပ်ငန်းစဉ်များသည် လူသား၏ အတွေးလုပ်ငန်းစဉ်များထက် သာ၍စေ့စပ်စုံလင် ကြသလော။ ဘုရားသခင်ပြုခဲ့သမျှကို သင်မြင်သောအခါ ဘုရားသခင်၏ လက်တွေ့ကျသောဘက်ကို သင်ခံစားမိသလော။ ဘုရားသခင်သည် လျှို့ဝှက်စွာ အလုပ်လုပ်၏။ ဤလောကသို့ လူသား မလာခဲ့သေးမီက၊ လူသားမျိုးနွယ်နှင့် သူမထိတွေ့သေးမီက ဘုရားသခင်သည် ဤအရာအားလုံးကို ဖန်ဆင်းခဲ့၏။ လူသားမျိုးနွယ်အနေနှင့် ဘုရားသခင်က ၎င်းတို့အတွက် ပြင်ဆင်ထားသော ကြွယ်ဝပြီး ပေါများသည့် ဤရုပ်ဝတ္ထုလောက၌ အစားအစာ၊ သို့မဟုတ် အဝတ်အစားနှင့် ပတ်သက်၍ စိုးရိမ်စရာ ကင်းလျက်၊ မည်သည့်အရာမျှ ချို့တဲ့နေခြင်းမရှိဘဲ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အလို့ငှာ၊ အရာရာသည် စိတ်ထဲတွင်ရှိသည့် လူသားမျိုးနွယ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ လူသား၏ တည်ရှိမှုအဖို့၊ ၎င်းတို့၏ ရှင်သန်မှုအတွက် စိတ်ကူးနှင့်အတူ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင်၊ လူသားမျိုးနွယ်သည် ဆက်လက် မျိုးပွားကာ ရှင်သန်နိုင် ကြလေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။