ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၄၈

အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနုတ်ခြင်းကို လုပ်ဆောင်ပြီးမြောက်ခဲ့ပြီး၊ သူ၏လူအပေါင်းကို ဘုန်းအသရေဖြင့် ပေါ်ထွန်းခြင်းသို့ ဆောင်ယူခဲ့လေပြီ။ သူသည် စကြဝဠာကို သူ၏လက်ထဲ၌ ဆုပ်ကိုင်၍၊ သူ၏မြင့်မြတ်သော ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဇိအုန်ကို တည်ဆောက်ကာ ခိုင်ခံ့စေလေပြီ။ သူ၏ဘုန်းအာနုဘော်ဖြင့် ဆိုးယုတ်သော လောကကြီးကို တရားစီရင်၏၊ သူသည် တိုင်းနိုင်ငံများနှင့် လူအပေါင်း၊ ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့ထဲမှ သက်ရှိအပေါင်းကိုသာမက၊ မတရားသောမေထုန်၏ စပျစ်ရည်ဖြင့် ယစ်မူးနေကြသူများကိုလည်း တရားစီရင်လေ၏။ ဘုရားသခင်သည် ၎င်းတို့ကို ဧကန်မုချ တရားစီရင်လိမ့်မည်၊ ထို့ပြင် သူသည် ၎င်းတို့ကို မုချအမျက်ထွက်မည်ဖြစ်၍၊ ယင်း၌ ဘုရားသခင်၏ ဘုန်းအာနုဘော်အား ထုတ်ဖော်လိမ့်မည်။ ယင်းကဲ့သို့ တရားစီရင်ခြင်းသည် ချက်ချင်းပင်ဖြစ်ကာ၊ နှောင့်နှေးခြင်း အလျှင်းမရှိဘဲ ချမှတ်လိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုများကို မီးရှို့ဖျက်ဆီးမည်ဖြစ်ပြီး၊ ကပ်ဘေးသည် ၎င်းတို့အပေါ် အချိန်မရွေး ကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ၊ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် အံကို ခဲကြိတ်ကာ ငိုကြွေးကြလေမည်၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်အပေါ်သို့ ပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။

ဘုရားသခင်၏ အောင်ပွဲခံသော ချစ်သားများသည် ဇိအုန်၌ မုချနေကြမည်ဖြစ်ကာ၊ ထိုနေရာမှ မည်သည့်အခါမျှ ထွက်ခွာကြ မည်မဟုတ်။ မြောက်မြားစွာသော လူတို့သည် သူ၏အသံတော်ကို စေ့စေ့နားထောင်ကြလိမ့်မည်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို အသေအချာ ဂရုပြုကြလိမ့်မည်၊ ထို့အပြင် သူ့ကိုချီးမွမ်းသော ၎င်းတို့၏အသံများသည် ဘယ်သောအခါမျှ ရပ်စဲမည်မဟုတ်ပေ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင် ပေါ်ထွန်းလာလေပြီ။ ငါတို့သည် စိတ်ဝိညာဉ်၌ သူ့အား ယုံမှားဖွယ်မရှိဘဲ၊ သူ့နောက်သို့ ထက်ကြပ်မကွာ လိုက်ကာ၊ တုံ့ဆိုင်းခြင်းအလျှင်းမရှိဘဲ ရှေ့ဆက်သွားဖို့ရန် အစွမ်းကုန် လုပ်ဆောင်ရမည်။ ကမ္ဘာလောကကြီး၏ အဆုံးသည် ငါတို့ရှေ့၌ ဖွင့်ဟလျက်ရှိ၏၊ အသင်းတော်၏ မှန်ကန်သော အသက်တာသာမက ငါတို့ပတ်လည်၌ရှိသော လူများ၊ အရေးကိစ္စများနှင့် အမှုအရာများသည် ယခုပင်လျှင် ငါတို့၏ လေ့ကျင့်ခြင်းကို ပို၍ပြင်းထန်စေနေသည်။ လောကကို အလွန်ချစ်သော ငါတို့၏စိတ်နှလုံးများကို အလျင်အမြန် ပြန်ယူကြပါစို့။ ကာဆီးနေသော ငါတို့၏အမြင်ကို အလျင်အမြန် ပြန်ယူကြပါစို့။ ငါတို့သည် နယ်နိမိတ်များကို မကျော်လွန်မိစေရန် ယခုထက်ပို၍ လျှောက်လှမ်းမည် မဟုတ်၊ ထို့အပြင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နိုင်ရန်အလို့ငှာ ငါတို့၏လျှာများကို စောင့်ထိန်းမည်ဖြစ်ပြီး၊ ငါတို့၏ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများအပေါ် ဆက်၍ငြင်းခုံတော့မည် မဟုတ်ပေ။ လောကီရေးရာလောကနှင့် ကြွယ်ဝချမ်းသာခြင်းအပေါ် သင်တို့၏ အလိုကြီးသော တွယ်တာခြင်း- ဟေ၊ ယင်းကို စွန့်လွှတ်ကြလော့။ ခင်ပွန်းသည်များနှင့် သားသမီးများအပေါ် သင်တို့နှောင်တွယ်နေသော သံယောဇဉ်- ဟေ၊ ယင်းမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေကြလော့။ သင်တို့၏အမြင်များနှင့် အခြေအမြစ် မရှိသော စွဲလမ်းမှုများကို စွန့်လွှတ်ကြလော့။ အချိန်သည် တိုတောင်းသောကြောင့် နိုးထကြလော့။ သင်တို့၏စိတ်ဝိညာဉ်ကို အထက်သို့ မျှော်ကြည့်စေလော့၊ အထက်သို့ မျှော်ကြည့်ကာ ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးကြလော့။ သင်တို့ကိုယ်သင်တို့ လောတ၏ဇနီးကဲ့သို့ မဖြစ်လာစေကြနှင့်။ ပစ်ပယ်ခံရခြင်းမှာ အလွန်သနားစရာ ကောင်းလှသည်။ အမှန်ပင် သနားစရာပေတည်း။ နိုးထကြကုန်လော့။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၉

ဘုရားသခင်ကို သိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၁

လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၇

ဘုရားသခင်သည် သောဒုံမြို့ကို ဖျက်ဆီးရမည် ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၁

ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် ထားရှိခဲ့ကာ ထိုအချိန်ကတည်းက ၎င်းတို့ကို ဦးဆောင်ပြီးဖြစ်သည်။ ထို့နောက် သူသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။