ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၆

အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊ နန်းတက် ရှင်ဘုရင်သည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အား မျက်နှာမူလျက် စကြဝဠာတစ်ခုလုံးကို စိုးစံပြီး၊ ကောင်းကင်အောက်ရှိ အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ ဘုန်းဖြင့် ထိန်လင်းလျက်ရှိ၏။ စကြဝဠာနှင့် ကမ္ဘာ့အစွန်အဖျားတိုင်အောင်ရှိ သက်ရှိအပေါင်းတို့သည် မြင်ကြရမည်။ တောင်များ၊ မြစ်များ၊ ရေကန်များ၊ ကုန်းမြေများ၊ သမုဒ္ဒရာများနှင့် သက်ရှိသတ္တဝါအပေါင်းတို့သည် စစ်မှန်သော ဘုရားသခင်၏ မျက်နှာအလင်းတွင် အိပ်မက်မှ နိုးထလျက်ရှိကြသည့်အလား၊ မြေကို ထိုးဖောက်၍ အညှောင့်ထွက်သည့်အလား ၎င်းတို့၏ ကန့်လန့်ကာများကို ဖွင့်လှစ်ခဲ့ကြလေပြီ။

အဲ၊ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်သည် ကမ္ဘာလောကရှေ့၌ ပေါ်ထွန်းလေသည်။ မည်သူသည် ကိုယ်တော့်အား ခုခံမှုဖြင့် ချဉ်းကပ်ဝံ့သနည်း။ အားလုံးသည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြ၏။ အားလုံး လုံးဝ ယုံကြည်လက်ခံကြပြီး၊ ခွင့်လွှတ်ခြင်းကို ထပ်ကာတလဲ တောင်းခံကြ၏။ လူအားလုံး သူ၏ရှေ့တွင် ဒူးထောက်ကာ နှုတ်ရှိသမျှသည် သူ့ကို ရှိခိုးကြလေသည်။ တိုက်ကြီးများနှင့် သမုဒ္ဒရာများ၊ တောင်များ၊ မြစ်များ- အရာခပ်သိမ်းတို့သည် ကိုယ်တော့်အား အတောမသတ် ချီးမွမ်းကြသည်။ နွေဦးသမယသည် ၎င်း၏ နွေးထွေးသော လေညင်းများနှင့်အတူ သန့်စင်သော နွေဦးမိုးကို ယူဆောင်လျက် ရောက်လာသည်။ လူအားလုံးကဲ့သို့၊ စမ်းချောင်းများ၏ ရေစီးကြောင်းများသည် ကျေးဇူးတင်ရှိခြင်းနှင့် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း မျက်ရည်များ ယိုစီးလျက် ပူဆွေးခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် စီးဆင်းကြသည်။ မြစ်များ၊ ရေကန်များ၊ ကမ်းခတ်လှိုင်းနှင့် လှိုင်းတံပိုးထခြင်းများ အားလုံးသည် စစ်မှန်သော ဘုရားသခင်၏ သန့်ရှင်းသောနာမကို သီဆိုလျက်၊ ချီးမွမ်းထောပနာပြုလျက် ရှိနေကြသည်။ ချီးမွမ်းခြင်းအသံများမှာ အင်မတန် ကြည်လင်ပြတ်သားမှုဖြင့် မြည်ဟည်းထွက်သွား၏။ တစ်ချိန်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် ဟောင်းသောအရာများ- တစ်ခုစီတိုင်းသည် အသစ်ပြုပြင်ခံရကာ ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး၊ လုံးဝ သစ်လွင်သော နယ်ပယ် တစ်ခုထဲသို့ ဝင်ရောက်ကြလိမ့်မည်...

ဤသည်မှာ သန့်ရှင်းသော တံပိုးဖြစ်ပြီး စတင်အသံမြည်လေပြီ။ နားစိုက်ထောင် ကြလော့။ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နောက်ဆုံးသောနိဂုံး ရောက်လာပြီ ဖြစ်ကြောင်းကို တိုင်းနိုင်ငံတိုင်းနှင့် လူတိုင်းအား အသိပေးလျက် အလွန် သာယာနာပျော်ဖွယ်ကောင်းသော ထိုအသံသည် ပလ္လင်၏ မိန့်မြွက်ချက်ဖြစ်သည်။ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်မှာ ပြီးမြောက်ပြီဖြစ်သည်။ ငါ၏ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် လူပုံအလယ် ပေါ်ထွန်းလေပြီ။ လောက၏ နိုင်ငံများသည် ဘုရားသခင်ဖြစ်သော ငါ၏ နိုင်ငံတော် ဖြစ်လာကြပေပြီ။ ငါ၏ တံပိုးခုနှစ်လုံးသည် ပလ္လင်မှ အသံမြည်ကာ၊ အင်မတန် အံ့ဩဖွယ် အရာများ ဖြစ်ပေါ်လိမ့်မည်။ ကမ္ဘာမြေကြီး အစွန်းရှိ လူတို့သည်...ရေခဲတောင်တစ်ခု ပြိုကျသည့် အရှိန်မျိုး၊ မိုးကြိုးတို့၏ အင်အားမျိုးဖြင့် အရပ်ရပ်မှ တစ်ဟုန်ထိုး ပြေးလာကြလိမ့်မည်။...

ငါ၏အသံကို ကြားပြီး တိုင်းနိုင်ငံနှင့် နယ်မြေအားလုံးမှ စုဝေးကြကုန်သော ငါ၏ လူများအပေါ် ငါသည် ဝမ်းမြောက်စွာကြည့်၏။ စစ်မှန်သော ဘုရားသခင်ကို မိမိတို့၏ နှုတ်တွင် ထားရှိကြသော လူအပေါင်းတို့သည် ဝမ်းမြောက်သည့်အတွက် အတောမသတ် ချီးမွမ်းကာ ခုန်ပေါက်ကြလေ၏။ ၎င်းတို့သည် ကမ္ဘာလောကကို သက်သေခံကြပြီး၊ စစ်မှန်သော ဘုရားသခင်အား ၎င်းတို့၏ သက်သေခံချက်အသံသည် ရေထု၏ မြည်ဟည်းနေသော အသံကဲ့သို့ဖြစ်သည်။ လူအပေါင်းတို့သည် ငါ၏ နိုင်ငံတော်ထဲသို့ စုရုံးကြလိမ့်မည်။

ငါ၏ တံပိုးခုနှစ်လုံးသည် အိပ်မောကျနေသူတို့အား နိုးထစေလျက် အသံမြည်ကြ၏။ အလျင်အမြန် ထကြလော့၊ အချိန် သိပ်မနှောင်းသေးပေ။ သင်တို့၏ အသက်တာကို ကြည့်ကြလော့။ သင်တို့၏ မျက်လုံးများကို ဖွင့်၍၊ ယခု မည်သည့်အချိန် ရှိပြီဖြစ်သည်ကို မြင်ကြလော့။ ရှာဖွေစရာ မည်သည့်အရာ ရှိသနည်း။ စဉ်းစားစရာ မည်သည့်အရာ ရှိသနည်း။ ဖက်တွယ်စရာ မည်သည့်အရာ ရှိသနည်း။ ငါ၏ အသက်ကို ရခြင်းနှင့် သင် ချစ်ခင်ကာ ဖက်တွယ်ထားသော အရာအားလုံးကို ရရှိခြင်းကြား တန်ဖိုးကွာခြားမှုကို သင် ဆင်ခြင်စဉ်းစားဖူးပါသလော။ တဇွတ်ထိုးမလုပ်သကဲ့သို့ ကပြက်ကချော် မလုပ်ကြနှင့်တော့။ ဤ အခွင့်အရေးကို လက်လွှတ်မခံလေနှင့်။ ဤအချိန်သည် တစ်ဖန် ရောက်လာလိမ့်မည် မဟုတ်။ သင်တို့၏ ဘဝအတွေ့အကြုံ ပို၍ နက်ရှိုင်းစေရန်နှင့် ငါ၏ စိတ်သဘောထားအတိုင်း သင်တို့ အသက်ရှင်ရန်အလို့ငှာ၊ ပြီးလျှင် သင်တို့၏ အသက်တာ ရင့်ကျက်ပြီး အတွေ့အကြုံရင့်စေရန်နှင့် ငါ၏ ခြေလှမ်းများနောက်သို့ သင်တို့ အမြဲလိုက်နိုင်ပြီး စာတန်ကို အောင်နိုင်ကြစေဖို့အလို့ငှာ၊ ချက်ချင်း ထရပ်လော့၊ သင်တို့၏ စိတ်ဝိညာဉ်ကို လက်တွေ့လေ့ကျင့်လော့၊ စာတန်၏ ကြံစည်မှုနှင့် လှည့်ကွက်တိုင်းကို ရိပ်မိပြီး ဖျက်ဆီးရန် အမျိုးမျိုးသော လက်နက်များကို အသုံးပြုလော့။ စိတ်ဓာတ်ကျခြင်း၊ အားနည်းခြင်း မရှိဘဲ၊ ရှေ့သို့ အမြဲရွှေ့ရင်း၊ တစ်လှမ်းချင်း လမ်းဆုံးထိ တည့်တည့် သွားကြလော့။

တံပိုးခုနှစ်လုံး တစ်ဖန် အသံမြည်သည့်အခါ၊ ယင်းသည် တရားစီရင်ခြင်း၊ ပုန်ကန်သော သားများကို တရားစီရင်ခြင်း၊ တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့ကို တရားစီရင်ခြင်းအဖို့ ကြေညာခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး တိုင်းနိုင်ငံအသီးသီးသည် ဘုရားသခင်၏ရှေ့တွင် အညံ့ခံကြလိမ့်မည်။ ဘုရားသခင်၏ ကျက်သရေရှိသော မျက်နှာသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့ရှေ့၌ ဧကန်အမှန် ပေါ်ထွန်းလိမ့်မည်။ အယောက်တိုင်းသည် လုံးဝ လက်ခံယုံကြည်ကြလိမ့်မည်ဖြစ်ပြီး စစ်မှန်သော ဘုရားသခင်အား အတောမသတ် ကြွေးကြော်ကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပို၍ကြီးမားသော ကျက်သရေရှိလိမ့်မည်ဖြစ်ပြီး၊ ငါ၏ သားများသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား တရားစီရင်လျက်၊ မတရားသောသူတို့အား ပြစ်ဒဏ်ပေးလျက်၊ ငါနှင့်သက်ဆိုင်သောသူတို့အား ကယ်တင်ကာ သနား ကရုဏာထားလျက်၊ နိုင်ငံတော်ကို ခိုင်မာပြီး တည်ငြိမ်စေလျက် ငါနှင့်အတူ ဘုန်းအသရေနှင့် ရှင်ဘုရင် အရိုက်အရာကို မျှဝေခံစားကြလိမ့်မည်။ တံပိုးခုနှစ်လုံး၏ အသံမှတစ်ဆင့်၊ လူပေါင်းမြောက်မြားစွာတို့သည် အစဉ် ချီးမွမ်းခြင်းဖြင့် ဒူးထောက်ကိုးကွယ်ရန် ငါ၏ရှေ့သို့ ပြန်လာကြရင်း ကယ်တင်ခြင်း ခံရကြလိမ့်မည်။

တံပိုးခုနှစ်လုံး နောက်တစ်ဖန် အသံမြည်သည့်အခါ၊ ယင်းသည် ခေတ်ကာလ၏ အဆုံးမှ နိဂုံးချုပ်အဖြစ်အပျက်၊ စာတန်မာရ်နတ်အပေါ် အောင်မြင်မှုနှင့်ဆိုင်သော ကျယ်လောင်စူးရှသည့် တံပိုးမှုတ်သံ၊ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံတော်ထဲတွင် လူပုံအလယ် အသက်ရှင်ခြင်း၏ အစအဦးကို ကြေညာသည့် ဂုဏ်ပြုခြင်း ဖြစ်လတ္တံ။ အလွန်မြင့်မြတ်သည့် အသံပေတကား၊ ပလ္လင်ပတ်လည်တွင် ပဲ့တင်ထပ်နေသော ဤအသံ၊ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသော ဤကျယ်လောင်စူးရှသည့် တံပိုးမှုတ်သံသည် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် အထမြောက်အောင်မြင်ခြင်း လက္ခဏာဖြစ်၏။ ယင်းသည် စာတန်နှင့်ဆိုင်သော တရားစီရင်ခြင်း ဖြစ်သည်။ ၎င်းက ဟောင်းနွမ်းသော ဤကမ္ဘာလောကကြီး တစ်ခုလုံးကို သေဆုံးခြင်းသို့၊ အနက်ဆုံးသောတွင်းထဲသို့ ပြန်သွားဖို့ စီရင်လေသည်။ ကျယ်လောင်စူးရှသော ဤတံပိုးမှုတ်သံသည် ကျေးဇူးတော်တံခါး ပိတ်တော့မည်၊ နိုင်ငံတော်၏အသက်တာသည် ကမ္ဘာမြေကြီးပေါ်၌ စတင်လိမ့်မည်ဟူသည့် မှန်ကန်ပြီး လျော်ကန်သောအချက်တို့ကို ညွှန်ပြပေသည်။ ဘုရားသခင်သည် သူ့အား ချစ်သောသူများကို ကယ်တင်၏။ သူ၏ နိုင်ငံတော်ဆီသို့ ၎င်းတို့ ပြန်သွားကြသည်နှင့် တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် ငတ်မွတ်ခြင်းဘေးနှင့် ကပ်ရောဂါဘေးကို ရင်ဆိုင်ကြရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖလားခုနှစ်လုံးနှင့် ဘေးဒဏ်ခုနှစ်ပါးသည် တစ်ခုပြီး တစ်ခု သက်ရောက်မည် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း၊ ငါ၏စကား တည်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၆)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၅

အသင် ငယ်ရွယ်နုပျိုသောသူအားလုံးသည် ခြင်္သေ့ပျိုများကဲ့သို့ ဖြစ်ကြပါသော်လည်း သင်တို့၏ စိတ်နှလုံးများတွင် မှန်သောလမ်းခရီး ရှိခဲလှပေသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၇

ယနေ့တွင် ဘုရားသခင် မည်သည့်အလုပ်သစ်ကို အစပြုပြီးဖြစ်သည်ကို နားမလည်ကြသေးသောသူများရှိသည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၅

လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း၊ စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၆

ပဉ္စမဆုံမှတ်- သားသမီး လက်ထပ်ပြီးသည့်နောက် လူတစ်ယောက်သည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်လေသည်။ လူတစ်ယောက်သည် သားသမီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။