ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၈

တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းအသရေသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။ ကြယ်အစက်အစက် လူသားများအားလုံးသည် ၎င်းတို့အတွင်းရှိ ငါ၏ အလိုတော်ကို ပြနေပြီး ၎င်းတို့အားလုံးကို ငါ၏လက်ဖြင့် ဦးတည် ပေးနေကာ ၎င်းတို့သည် ငါတာဝန်ပေးထားရာ အမှုကို ဆောင်ရွက်နေကြသည်။ ယခုအချိန်မှစ၍ လူသားအားလုံးကို အခြားကမ္ဘာတစ်ခုအတွင်း ခေါ်ဆောင်လျက်၊ ငါသည် ခေတ်သစ်တစ်ခုအတွင်း ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ ငါ “ဇာတိမြေ” သို့ ပြန်သည့်အခါ၊ လူသားသည် ငါ့ကို ပိုမိုလေးနက်စွာ သိကျွမ်းစေခြင်းငှာ ငါ၏မူလအစီအစဉ်ရှိ အမှု၏ နောက်အစိတ်အပိုင်းတစ်ခုကို စတင်ခဲ့သည်။ ငါသည် စကြဝဠာ တစ်ခုလုံးကို ကြည့်လျက်၊ ငါ၏အမှုဆောင်ရွက်ရန် အချိန်ကောင်း ဖြစ်ကြောင်းတွေ့ သဖြင့် ငါသည် လူသားအပေါ် ငါ၏အမှုသစ်ကို ဆောင်ရွက်နေလျက်၊ ငါသည် အလုံးစုံ သုတ်သီးသုတ်ပျာ လုပ်ဆောင်သည်။ အကယ်စင်စစ် ဤသည်မှာ ခေတ်သစ်ဖြစ်ပြီး ဤခေတ်သစ်အတွင်း လူသစ်များကို ပို၍ ခေါ်လာနိုင်ကာ ငါသုတ်သင်ဖယ်ရှင်းရမည့် လူများကို ပို၍ဖယ်ရှားရန်အလို့ငှာ ငါသည် အမှုသစ်ယူလာခဲ့သည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် “တလင်းပြင်” ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးညစ်သောသူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ၊ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိချေ။ ဤအခွင့်အရေးကို အရယူလျက်၊ ငါသည် ထိုဆိုးညစ်သောသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် ဆိုးညစ်သောသူတို့ကို ဤသို့ပြု၏၊ သို့သော်လည်း ငါ့အတွက် အစေခံဖို့နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။ လူသားတို့၏ ကောင်းချီးမင်္ဂလာ ခံစားလိုစိတ်မှာ ပြင်းပြ လွန်းသည်။ ထို့ကြောင့် ငါသည် ပြောဆိုထိုက်သည့် နှုတ်ကပတ်တော်များကို ပြောဆိုကာ လူသားတို့အား ၎င်းတို့ လိုအပ်သည်များကို ထောက်ပံ့ပေးစဉ်၊ လူသားတို့သည် ၎င်းတို့၏ လောကအတွင်း နေထိုင်လျက်၊ မိမိတို့ကိုယ်ကိုယ် ဝေဖန်အကဲဖြတ်နိုင်ခြင်း အလို့ငှာ၊ ငါသည် ငါ၏ကိုယ်ကိုလှည့်၍ ငါ၏ ဘုန်းအသရေရှိသော မျက်နှာကို တပါးအမျိုးသားတို့အားပြ၏။ လူသားတို့ အသိတရား ဝင်လာသောအခါ၊ ငါသည် ငါ၏အမှုကို ပျံ့နှံ့စေ ပြီးသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ ထိုအခါ ငါသည် ငါ၏ဆန္ဒကို လူသားတို့အား ထုတ်ဖော်ပြပြီး လူသားတို့အပေါ် ငါ၏အမှု ဒုတိယအပိုင်းကို စတင် ဆောင်ရွက်မည်။ လူသား အားလုံးတို့အား ငါ၏အမှုနှင့် ညှိနှိုင်းဆောင်ရွက်ရန် ငါ့နောက် အနီးကပ် လိုက်စေလျက်၊ ငါဆောင်ရွက်ရမည့်အမှုကို ၎င်းတို့တတ်စွမ်းသမျှ ငါနှင့်အတူ ဆောင်ရွက် စေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၁

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၀

သိမ်းပိုက်အောင်နိုင်ခြင်းအမှုပြီးဆုံးသည်နှင့် လူသားသည် လှပသောကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ ဤဘဝသည် ကမ္ဘာမြေကြီးပေါ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၂

ငါသည် ဖြောင့်မတ်သည်၊ ငါသည် ယုံကြည်စိတ်ချရပြီး၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စစ်ဆေးသော ဘုရားသခင် ဖြစ်၏။ မည်သူ စစ်မှန်ပြီး မည်သူ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၆

ငါသည် တစ်ရက်ပြီးတစ်ရက် စကြဝဠာအပေါ်တွင် ရပ်လျက်လေ့လာနေကာ လူ့ဘဝကို တွေ့ကြုံခံစားရန် ငါကျိန်းဝပ်ရာအရပ်၌ ငါ့ကိုယ်ငါ ကျိုးနွံစွာ ကွယ်ဝှက်ထား၍...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။