ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၇၉” | ကောက်နုတ်ချက် ၂၃၅

ငါသည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည့်အပြင်၊ ငါသည် တစ်ဆူတည်းသော ဘုရားသခင်၏ ဇာတိအဖြစ်တော်လည်း ဖြစ်သည်။ ထို့ထက်ပင်ပို၍၊ ဇာတိပကတိ အလုံးစုံဖြစ်သော ငါသည် ဘုရားသခင်၏ စုံလင်သော သရုပ်သကန်ဖြစ်သည်။ ငါ့ကို မကြည်ညိုဘဲ နေဝံ့သူ၊ မိမိတို့၏ မျက်စိများတွင် ခုခံမှုကို ဖော်ပြဝံ့သူနှင့် ငါ့အား အာခံသော စကားများ ပြောဝံ့သောသူ မည်သူမဆိုတို့သည် ငါ၏ကျိန်ခြင်းများနှင့် အမျက်ကြောင့် ဧကန်မုချ သေကြရမည် (ငါ၏အမျက်ကြောင့် ကျိန်ခြင်း ရှိလိမ့်မည်)။ ထို့အပြင် ငါ့ကို သစ္စာမစောင့်သိဝံ့သူ သို့မဟုတ် ရင်းနှီးကျွမ်းဝင်ခြင်း မရှိဘဲ နေဝံ့သောသူ မည်သူမဆိုနှင့် ငါ့ကို လှည့်ဖြားရန် ကြိုးစားဝံ့သောသူ မည်သူမဆိုသည် ငါ၏ အမုန်းတရားကြောင့် ဧကန်အမှန် သေကြရမည်။ ငါ၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် ထာဝရကာလပတ်လုံး တည်တံ့လိမ့်မည်။ ဦးစွာပထမ၊ ငါသည် ချစ်တတ်ပြီး သနားကရုဏာနှင့် ပြည့်သော်ငြားလည်း၊ ဤသည်မှာ ငါ၏ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ၏ စိတ်သဘောထား မဟုတ်ပေ။ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့သည် စုံလင်သော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည့် ငါ၏ စိတ်သဘောထားတွင် ဖွဲ့စည်းပါဝင်ရုံမျှ ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတောအတွင်းတွင်၊ ငါသည် ချစ်တတ်ပြီး ကရုဏာတရား ပြည့်ဝသည်။ ငါပြီးစီးရမည့်အမှုကြောင့် ငါသည် မေတ္တာနှင့် သနားကရုဏာတို့ ပိုင်ဆိုင်ခဲ့သည်။ သို့သော်၊ နောက်ပိုင်းတွင် ထိုသို့သော အရာများ မလိုအပ်တော့ပေ (ထို့အပြင် ထိုအချိန်ကတည်းကစပြီး တစ်ခုမှ မရှိတော့ပေ)။ ယင်းသည် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းသာ ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ စုံလင်သော ဘုရားသဘာဝနှင့် ယှဉ်တွဲရှိနေသော ငါ၏ ပုံမှန် လူ့သဘာဝ၏ စုံလင်သော စိတ်သဘောထား ဖြစ်သည်။

ငါ့ကို မသိသောသူတို့သည် အနက်ဆုံးသောတွင်းထဲတွင် ပျက်စီးကြရလိမ့်မည် ဖြစ်သော်လည်း၊ ငါ့အကြောင်းကို သေချာစွာ သိသောသူတို့မှာမူ ငါ၏ချစ်ခြင်းမေတ္တာအတွင်းတွင် စောင့်ရှောက်ခံရပြီး အကာအကွယ်ပေးခြင်း ခံရရန် ထာဝရ အသက်ရှင်ကြလိမ့်မည်။ ငါသည် စကားတစ်ခွန်းကို မိန့်မြွက်သည်နှင့်တစ်ပြိုင်နက်၊ ဤစကြဝဠာ တစ်ခုလုံးနှင့် ကမ္ဘာမြေအစွန်းတို့သည် တုန်လှုပ်ကြ၏။ မည်သူသည် ငါ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး ကြောက်ရွံ့ခြင်းဖြင့် မတုန်လှုပ်ဘဲ နေနိုင်သနည်း။ မည်သူသည် ငါ့အပေါ် ကြည်ညိုမှု လျှံထွက်လာခြင်းအား ချုပ်တည်းထားနိုင်သနည်း။ ထို့အပြင် မည်သူသည် ငါ၏ လုပ်ဆောင်ချက်များမှ ငါ၏ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကို သိနိုင်စွမ်း မရှိသနည်း။ ပြီးလျှင် မည်သူသည် ငါ၏လုပ်ဆောင်ချက်များ အတွင်းရှိ ငါ၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို မမြင်နိုင်သနည်း။ သတိမမူသောသူ မည်သူမဆို ဧကန်မုချ သေဆုံးကြလိမ့်မည်။ ဤသည်မှာ ထိုသတိမမူသော သူတို့သည် ငါ့ကို ခုခံသောသူတို့နှင့် ငါ့ကို မသိသောသူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်ပြီး အစွန်းရောက်၍ လုံးဝ ဂရုမစိုက်သော သူများဖြစ်သည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ကြလော့။ အစွန်းရောက်၍ လုံးဝ ဂရုမစိုက်သောသူ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသောသူ၊ စိတ်ကြီးဝင်သောသူနှင့် မာနထောင်လွှားသောသူ မည်သူမဆို ငါ၏မုန်းတီးခြင်းကို ဧကန်မုချ ခံရသည့်အရာဖြစ်ပြီး ပျက်စီးဆုံးရှုံးဖို့ သေချာပေသည်။

ငါသည် ယခု ငါ၏နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကြေညာ၏- အရာခပ်သိမ်းသည် ငါ၏ တရားစီရင်ခြင်းအတွင်းတွင် ရှိသည်၊ အရာခပ်သိမ်းသည် ငါ၏ဖြောင့်မတ်ခြင်းအတွင်းတွင် ရှိသည်၊ အရာခပ်သိမ်းသည် ငါ၏ဘုန်းအာနုဘော်အတွင်းတွင် ရှိပြီး၊ ငါ၏ဖြောင့်မတ်ခြင်းတရားကို အားလုံးအပေါ် ငါလက်တွေ့လုပ်ဆောင်၏။ ငါ့ကိုယုံကြည်သည်ဟု ဆိုကြသော်လည်း၊ စိတ်ထဲတွင် ငါ့ကို ဆန့်ကျင်သောသူများ သို့မဟုတ် စိတ်နှလုံး၌ ငါ့ကိုစွန့်ပစ်သော သူတို့သည် နှင်ထုတ်ခံရလိမ့်မည် ဖြစ်သည်- သို့သော်လည်း ငါ့အတွက်အချိန်ကောင်း ကျရောက်ချိန်မှသာ ဖြစ်လိမ့်မည်။ ငါ့အကြောင်းကို လှောင်ပြောင် ပြောဆိုသူများသည် အခြားသူများ သတိမထားမိသော နည်းလမ်းဖြင့် လှောင်ပြောင်ပြောဆိုခြင်းဖြစ်သော်လည်း၊ ချက်ချင်းသေရလိမ့်မည် (သူတို့သည် စိတ်၊ ခန္ဓာနှင့် ဝိညာဉ်၌ သေဆုံးကြလိမ့်မည်)။ ငါချစ်ခင်သောသူတို့ကို ဖိနှိပ်သောသူ၊ သို့မဟုတ် တမင် အဖက်မလုပ်သော သူတို့သည် ငါ့အမျက်ဖြင့် ချက်ချင်း တရားစီရင်ခြင်းခံရလိမ့်မည်။ ဆိုလိုသည်မှာ ငါချစ်ခင်သောသူတို့ကို မနာလိုဝန်တိုသော လူများနှင့် ငါသည် ဖြောင့်မတ်ခြင်းမရှိဟု ထင်သောလူများသည် ငါချစ်ခင်သောသူတို့၏ တရားစီရင်ခြင်းခံရရန် လွှဲပြောင်းပေးအပ်ခြင်း ခံရလိမ့်မည်။ ကောင်းစွာ ပြုမူနေထိုင်သူ၊ ရိုးဖြောင့်ပြီး၊ ရိုးသားသူ (ဉာဏ်ပညာ ကင်းမဲ့သောသူများ အပါအဝင်) နှင့် ငါ့အား မြဲမြံသော ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံသောသူ အားလုံးသည် ငါ၏နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လေ့ကျင့်ပေးခြင်းကို မဖြတ်သန်းရသေးသူများ၊ ဆိုလိုသည်မှာ ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သည့် ရိုးသားသူများသည် ငါ၏နိုင်ငံတော်တွင် တန်ခိုးအာဏာ ရှိကြလိမ့်မည်။ သို့ရာတွင်၊ ၎င်းတို့သည်လည်း ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီး ကျိုးပဲ့ကြေမွကြရပြီး ဖြစ်သည်။ ၎င်းတို့ လေ့ကျင့်ပေးခြင်းကို မကြုံရသေးသည်မှာ မလွဲဧကန် မဟုတ်ပေ။ ထို့ထက်၊ အယောက်တိုင်းကို ငါ၏အနန္တတန်ခိုးနှင့် ငါ၏ဉာဏ်ပညာအား ငါ ပြသမည်မှာ ဤအရာများမှတစ်ဆင့် ဖြစ်သည်။ ငါ့ကို သံသယရှိသေးသော သူအားလုံးကို ငါ မောင်းထုတ်မည်။ ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ငါအလိုမရှိ (ဤသို့သော အချိန်ကာလမျိုးတွင် ငါ့ကိုသံသယဖြစ်ဆဲရှိသော သူတို့ကို ငါမုန်းတီးသည်)။ ဤစကြဝဠာ တစ်ခုလုံးအနှံ့ ငါပြုသော လုပ်ဆောင်ချက်များအားဖြင့် ရိုးသားသောလူတို့ကို ငါ့ဆောင်ရွက်ချက်များ၏ အံ့သြဖွယ်ဖြစ်ခြင်းကို ငါပြသမည် ဖြစ်ပြီး၊ ထို့နောက်ချက်ချင်း ၎င်းတို့၏ ဉာဏ်ပညာ၊ ထိုးထွင်းသိမြင်မှုနှင့် ချင့်ချိန်နိုင်စွမ်းတို့ကို ကြီးထွားစေမည်။ လိမ်လည် လှည့်ဖြားသော လူတို့ကိုလည်း ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ၏ အကျိုးဆက်အဖြစ် တစ်ခဏတွင်းတွင် ဖျက်ဆီး ခံရစေမည်။ ငါ၏နာမကို ရှေးဦးစွာလက်ခံသည့် သားဦးများအားလုံး (ဆိုလိုသည်မှာ သန့်ရှင်းပြီး၊ အပြစ်ကင်းကာ ရိုးသားသောသူများ) သည် နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဦးစွာပထမ ရရှိသောသူများ ဖြစ်လိမ့်မည်ဖြစ်ပြီး နိုင်ငံတော်ထဲတွင် ရှင်ဘုရင်များကဲ့သို့ စိုးစံကာ တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးများ အားလုံးတို့ကို တရားစီရင်လျက်၊ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးကို ငါနှင့်အတူ အုပ်စိုးရလိမ့်မည်။ (ဤအရာက နိုင်ငံတော်ထဲက သားဦးများ အားလုံးကို ရည်ညွှန်းပြီး အခြားသူများကို မရည်ညွှန်းပေ)။ တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးများအားလုံး အလယ်ရှိ စီရင်ခြင်းခံရပြီး နောင်တရပြီးသော သူတို့သည် ငါ၏နိုင်ငံတော်ထဲ ဝင်ကြမည်ဖြစ်ပြီး ငါ၏လူမျိုး ဖြစ်လာကြလိမ့်မည် ဖြစ်သော်လည်း၊ ခေါင်းမာပြီး၊ နောင်တမရသောသူတို့သည် (ထာဝရပျက်စီးဆုံးရှုံးရန်) အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။ နိုင်ငံတော်ထဲက တရားစီရင်ခြင်းသည် နောက်ဆုံးတရားစီရင်ခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းသည် လောကကြီးအား ငါ၏ အကုန်အစင် ဆေးကြောခြင်း ဖြစ်လိမ့်မည်။ ထိုနောက်တွင် မတရားမှု၊ ဝမ်းနည်းခြင်း၊ မျက်ရည်များ၊ သို့မဟုတ် သက်ပြင်းချရခြင်းများ ရှိတော့မည် မဟုတ်ဘဲ၊ ထို့ထက်ပင်ပို၍ ကမ္ဘာလောကလည်း ရှိတော့မည်မဟုတ်ပေ။ အရာရာသည် ခရစ်တော်၏ သရုပ်သကန် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အရာခပ်သိမ်းသည် ခရစ်တော်၏နိုင်ငံတော် ဖြစ်လိမ့်မည်။ ဘုန်းအသရေ ရှိလှတကား။ ဘုန်းအသရေ ရှိလှတကား။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်- အခန်း ၄၂” | ကောက်နုတ်ချက် ၂၃၁

ယနေ့၏မိန့်မြွက်ချက်များ အားလုံးမှာ အနာဂတ်အခြေအနေများကို ပရောဖက်ပြုခြင်းဖြစ်ပြီး၊ ၎င်းတို့မှာ ဘုရားသခင်အနေဖြင့် သူ့အမှု၏ နောက်တစ်ဆင့်အတွက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” | ကောက်နုတ်ချက် ၅၀၉

ဘုရားသခင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” | ကောက်နုတ်ချက် ၄၈၂

ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာများ၌ ကွဲပြားခြားနားမှုမှ အသက်အား မီအောင်လိုက်ခြင်း မရှိသော ထိုသူများ အားလုံးသည် အချည်းနှီးပင် ရုန်းကန်ကြသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ကျမ်းဦးစကား” | ကောက်နုတ်ချက် ၃၉၀

လူအတော်များများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုသည်နှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့်...