ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၃

လူတို့သည် မိမိတို့ ဆောင်ရွက်သင့်သော တာဝန်များစွာကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယင်းသည် လူတို့ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်ဖြစ်ပြီး လက်တွေ့ လုပ်ဆောင်ရမည့်အရာ ဖြစ်ပါသည်။ လူအနေဖြင့် ဝင်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သန့်ရှင်းသော ဝိညာဉ်တော်အား လုပ်ဆောင်ခွင့်ပြုပါ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် မစပ်ဆိုင်ဘဲ လူကိုယ်တိုင် လုပ်ဆောင်ရမည့် အရာတို့ကိုသာ လူ့အနေဖြင့် လုပ်ဆောင်သင့် သည်။ ဤသည်ကား အခြားမဟုတ်၊ လူတို့သည် ဓမ္မဟောင်းက ဥပဒေသကို လိုက်နာ စောင့်ထိန်းသည့်နည်းတူ ပညတ်သဖွယ် လိုက်နာစောင့်ထိန်းသင့်သည့် အရာနှင့် လူမှ လုပ်ဆောင်ပြီးစီးသင့်သည့် အရာပင် ဖြစ်ပါသည်။ ယနေ့ခေတ်သည် ပညတ်တော်ခေတ် မဟုတ်သော်လည်း ပညတ်ခေတ်ကကဲ့သို့ အလားတူ လိုက်နာ စောင့်ထိန်းသင့်သည့် နှုတ်ကပတ်တော်များစွာ ရှိနေဆဲဖြစ်သည်။ ထိုနှုတ်ကပတ်တော်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှု တစ်ခုတည်းကိုသာ အမှီပြုကာ လက်တွေ့ အသက်ရှင်နေကြခြင်း မဟုတ်ဘဲ လူ့အနေ ဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် အရာများ ဖြစ်ပါသည်။ ဥပမာ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်အပေါ် သင့်အနေဖြင့် အပြစ်တင် စီရင်ခြင်း မပြုရ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသောသူကို သင်ဆန့်ကျင်ဘက် မပြုရ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ အရိုက်အရာကို ထိန်းသိမ်း ရမည်၊ လောကီအရာများထဲ၌ ယစ်မူးခြင်း မပြုရ။ သင် စကားပြောသောအခါ အစွန်းမရောက်စေဘဲ သင်၏ အပြောအဆိုနှင့် လုပ်ဆောင်ချက်တို့သည် ဘုရားသခင်ထံမှ သက်သေပြုခြင်း ခံရသော သူ၏ စီစဥ်မှုများနှင့် ကိုက်ညီရမည်။ ဘုရားသခင်၏ သက်သေခံချက်ကို သင်ရိုသေလေးမြတ် သင့်သည်။ ဘုရားသခင်၏ အလုပ်နှင့် သူ၏နှုတ်မှ လာသော နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်။ သင်သည် ဘုရားသခင် ဖွင့်ဆို ချက်များ၏ အနက်နှင့် ရည်ရွယ်ချက်များကို မတုပရ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူအား ဆန့်ကျင် သော အမှု တစ်စုံတစ်ရာကိုမျှ အပြင်ပန်းအရ မပြုသင့်။ ထိုအရာကို သာမက ထိုထက်မကသော အရာတို့ကို လူအယောက်တိုင်း လိုက်နာစောင့်ထိန်း သင့်သည်။ ဘုရားသခင်သည် ခေတ်အဆက်ဆက်တွင် လူတို့ လိုက်နာ စောင့်ရှောက်ရန် ဥပဒေသများနှင့် ဆင်တူသော အထုံးအဖွဲ့ များစွာကို ချမှတ်ခဲ့သည်။ ဤနည်းအား ဖြင့် ဘုရားသခင်သည် လူ၏ စိတ်သဘောထားကို ဘောင်ခတ်ကန့်သတ်ကာ လူ၏ ရိုးသားမှုကို စစ်ဆေးခဲ့ သည်။ ဓမ္မဟောင်းခေတ်မှ နှုတ်ကပတ်တော်များ ဖြစ်သည့် “သင်၏မိဘကို ရိုသေစွာပြုလော့” ဟူသည်ကို ဥပမာအဖြစ် ကြည့်ပါ။ ထိုနှုတ်ကပတ်တော်များသည် ယခုအချိန်နှင့် မသက်ဆိုင်တော့ပေ၊ ထိုခေတ်ကာလက ယင်းအရာများသည် လူတို့၏ ပြင်ပစိတ်သဘောထား အချို့ကိုသာ ဘောင်ခတ်ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်အပေါ် ယုံကြည်ကိုးစားရာ၌ လူတို့၏ ရိုးသားမှုကို ဖော်ပြရန်သာ အသုံးပြုခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့မှာ ဘုရားသခင်အား ယုံကြည်သောသူများ၏ အမှတ်အသား တစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ယခု ခေတ်ကာလသည် နိုင်ငံတော်ခေတ် ဖြစ်သော်လည်း လူတို့ လိုက်နာစောင့်ထိန်းရန် အထုံးအဖွဲ့ များစွာ ပါသည်။ ယခင်က အထုံးအဖွဲ့များသည် ယနေ့ခေတ်နှင့် မသက်ဆိုင်တော့သော်လည်း လူတို့ လိုက်နာစောင့်ထိန်းရမည့် လျောက်ပတ်သည့် နောက်ထပ် အကျင့်များစွာ ရှိပြီး ယင်းတို့သည် လိုအပ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်မပါဝင်ဘဲ လူတို့ကသာ ယင်းအကျင့်များကို ကျင့်ကြံရမည်။

ပညတ်တော်ခေတ်က စောင့်ထိန်းခဲ့ကြသော အကျင့်များစွာကို ကျေးဇူးတော်ခေတ်၌ မလိုက်နာဘဲ စွန့်ပယ်ထားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဥပဒေသများသည် ကျေးဇူးတော်ခေတ်၌ စောင့်ထိန်းရန် အထူးသဖြင့် ဆီလျော်ထိရောက်မှု မရှိသောကြောင့် ဖြစ်ပါသည်။ အဆိုပါ အကျင့်တို့ကို စွန့်ပယ် ထားပြီး နောက် ထိုကျေးဇူးတော်ခေတ်နှင့် ကိုက်ညီသော အကျင့်များစွာကို ချမှတ်ခဲ့ကြသဖြင့် ၎င်းအကျင့်များသည် ယနေ့ခေတ်ကာလ၏ အထုံးအဖွဲ့များ ဖြစ်လာသည်။ ယနေ့ခေတ်၏ ဘုရားသခင် ကြွလာသောအခါ ထိုအထုံး အဖွဲ့များကို ဘေးဖယ်လိုက်ပြီး ၎င်းတို့အား ဆက်လက် စောင့်ထိန်းရန် မလိုအပ်တော့ပါ။ ယနေ့ခေတ်တွင် ဆောင်ရွက်ရမည့် အလုပ်နှင့် သင့်တော်သော အကျင့်များစွာ ရှိပါသည်။ ယနေ့ခေတ်တွင် ထိုအကျင့်များသည် အထုံးအဖွဲ့များ မဟုတ်ပါ။ သို့ရာတွင် အကျိုးရလဒ် တစ်ခု ရရှိရန်အတွက်၊ ယင်းအကျင့်တို့သည် ယနေ့နှင့် မနက်ဖြန်အတွက် သင့်လျော်ပြီး အထုံးအဖွဲ့များလည်း ဖြစ်လာနိုင်သည်။ အချုပ်အားဖြင့်ဆိုပါက ယနေ့ ဆောင်ရွက်ရမည့် အလုပ်အတွက် အသီးအပွင့်ဖြစ်မည့် အကျင့်များကို သင်ကျင့်သုံးသင့်ပါသည်။ မနက်ဖြန် အတွက် မစိုးရိမ်ပါနှင့်၊ ယနေ့ ဆောင်ရွက်ပြီးသော အလုပ်သည် ယနေ့အဖို့ လုံလောက်သည်။ မနက်ဖြန်တွင် သင်ကျင့်သုံးရန် လိုအပ်မည့် ပိုကောင်းသော အကျင့်များ ရှိကောင်း ရှိနိုင်ပါသည်၊ သို့ရာတွင် မနက်ဖြန်တွင် ကျင့်သုံးရမည့် အကျင့်များကို အလွန် အာရုံမစိုက်ပါနှင့်။ ဘုရားသခင်အား မဆန့်ကျင်မိစေရန် ယနေ့ လိုက်နာ ကျင့်သုံးရန် လိုအပ်သည့် အကျင့်တို့ကိုသာ လိုက်နာကျင့်သုံးပါ။ ယနေ့ ဆက်လက်ဖော်ပြပါ အကျင့်ထက် လိုက်နာကျင့်သုံးရန် ပို၍ အရေးကြီးသော အကျင့် တစ်စုံတစ်ခုမျှ မရှိ။ ထိုအကျင့်မှာ သင့်မျက်စိရှေ့တွင် ရပ်နေသော ဘုရားသခင်အား မလှည့်စား၊ မဖုံးကွယ်ရ။ သင်၏ ရှေ့တွင် ရှိနေသော ဘုရားသခင်၏ ရှေ့မှောက် ထဲတွင် ညစ်ညူးသော သို့မဟုတ် မာနထောင်လွှားသော စကားကို မပြောရ။ မျှတသော စကားများနှင့် ကောင်းသော စကားများကို ဆို၍ သူ့ထံမှ ယုံကြည်မှုကို ရယူရန်အတွက် သင့်မျက်စိရှေ့၌ ရှိသော ဘုရားသခင် ကို မလှည့်စားရ။ ဘုရားသခင်၏ မျက်မှောက်ထဲ၌ မရိုမသေ မပြုရ။ ဘုရားသခင်၏ နှုတ်ထွက် စကား မှန်သမျှကို နာခံရမည်၊ သူ၏ နှုတ်ကပတ်တော်များကို အတိုက်အခံ လုပ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ငြင်းခုန်ခြင်း မပြုရ။ ဘုရားသခင်၏ နှုတ်ထွက် စကားများအား သင့်တော်သည်ဟု သင်ထင်သည့်အတိုင်း အနက်အဓိပ္ပါယ် ပြန်ဆိုခြင်း မပြုရ။ မတရားသော သူတို့၏ လိမ်လည် လှည့်ဖြားမှုများထဲသို့ မကျရောက်စေရန် သင်၏ နှုတ်ကို စောင့်ထိန်းသင့်သည်။ ဘုရားသခင်မှ သင့်အတွက် သတ်မှတ်ထားသော နယ်နိမိတ် အပြင်သို့ ကျော်လွန် မသွားရန်အတွက် သင်၏ ခြေလှမ်းများကို စောင့်ကြပ်သင့်သည်။ ထိုသို့ ပြုခြင်းဖြင့် ဘုရားသခင်၏ ရှုထောင့် မှ ကြည့်ပါက သင့်အား ဘဝင်မြင့်၍ ဟိတ်ဟန်များသည့် စကားများကို ဆိုစေခြင်းကြောင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ထွက် စကားများအား သတိလက်လွတ် ထပ်ကာထပ်ကာ မပြောဆိုရ။ ထိုသို့ပြုပါက သင်သည် သူတစ်ပါးတို့၏ လှောင်ပြောင်ခြင်းနှင့် မာရ်နတ်တို့၏ ကျီစားခြင်းကို ခံရမည်ဟု စိုးရိမ်စရာရှိသည်။ ယနေ့ခေတ် ဘုရားသခင်၏ အလုပ် အားလုံးကို သင်နာခံရမည်။ အကယ်၍ ဘုရားသခင်၏ အလုပ်ကို သင်နားမလည်လျှင်ပင် ဝေဖန်ပြစ်တင်ခြင်း မပြုရ။ သင် လုပ်ရမည်မှာ ရှာဖွေ၍ မိတ်သဟာရ ဖွဲ့ရန် ဖြစ်သည်။ ဘုရားသခင်၏ နဂိုမူလ နေရာကို မည်သူ တစ်ဦးတစ်ယောက်မျှ ကျူးကျော်ခြင်း မပြုရ။ ယနေ့ခေတ်၏ ဘုရားသခင်အား လူ၏နေရာမှ အစေခံခြင်းမှ လွဲ၍ အခြား မည်သည့် အရာမျှ သင် မလုပ်ဆောင်နိုင်။ ယနေ့ခေတ်၏ ဘုရားသခင်အား လူ၏နေရာမှ သွန်သင်ခြင်း မပြုနိုင်၊ ထိုသို့ ပြုပါက အလွဲလွဲ အချော်ချော် ဖြစ်မည်။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူ၏ နေရာတွင် မည်သူ တစ်ဦး တစ်ယောက်မျှ မနေရ၊ သင်ပြောသော စကားများ၊ အပြုအမူများ၊ အတွင်းနှလုံးသား အကြံအစည်များသည် လူ့အနေဖြင့် ပြောဆိုပြုမူ ကြံစည်ခြင်း ဖြစ်သည်။ ယင်းအချက်ကို လူတို့ လိုက်နာရမည် ဖြစ်ပြီး ၎င်းသည် လူတို့၏ တာဝန်ဝတ္တရားလည်း ဖြစ်သည်၊ မည်သူ တစ်ဦးတစ်ယောက်မျှ ပြောင်းလဲ ပြင်ဆင်၍မရ၊ ထိုသို့ ပြုပါက စီရင်အုပ်စိုးမှု အမိန့်များကို ချိုးဖောက်ရာ ရောက်သည်။ ယင်းကို အယောက်တိုင်း မှတ်သားသင့် သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေတ်သစ်၏ ပညတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၃

အမှုနှင့်စပ်လျဉ်း၍ ပြောဆိုပါက လူ့ဇာတိထဲရှိ ဘုရားသခင်၏ အမှုသည် အရေးပါဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးသူမှာ လူ့ဇာတိခံ ဘုရားသခင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၁

မိမိ၏အလုပ်ကို မိမိကိုယ်တိုင်လုပ်ဆောင်နေချိန် ဤကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့နောက်ကို လိုက်သောသူများအဖွဲ့ထံသို့သာ မိမိကိုယ်မိမိ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၇

မျက်မှောက်ခေတ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်တွင်း၌ မည်သို့အမှုပြုနေသနည်း။ ဤမေးခွန်းကို သင် သေချာစွာ သဘောပေါက်သလော။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၃

တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲခြင်းသည် အပြုအမူတွင် ပြောင်းလဲခြင်းမဟုတ်သကဲ့သို့၊ ဟန်ဆောင်ထားသည့် အပြင်ပန်း ပြောင်းလဲမှုတစ်ခု သို့မဟုတ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။