စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၁)

ငါ၏ နှုတ်ကပတ်တော်များကို မြင်ပြီးသောသူတို့သည် ၎င်းတို့ကို အမှန်တကယ် လက်ခံကြသလော။ သင်တို့သည် ငါ့ကို အမှန်တကယ် သိကြသလော။ နာခံရန် သင်တို့ အမှန်တကယ် လေ့လာသင်ယူကြပြီးပြီလော။ သင်တို့သည် ငါ့အတွက် စစ်မှန်ရိုးသားစွာ မိမိတို့ကိုယ်ကို အသုံးခံကြသလော။ အဆင်းနီသော နဂါးကြီးကို ရင်ဆိုင်ရာတွင် သင်တို့သည် ငါ့အတွက် အားကောင်းပြီး အလျှော့မပေးသော သက်သေကို အမှန်တကယ် ခံကြပြီးပြီလော။ သင်တို့၏ ဆက်ကပ်မှုသည် အဆင်းနီသော နဂါးကြီးကို အမှန်တကယ် အရှက်ရစေသလော။ ငါ၏ နှုတ်ကပတ်တော်များ၏ စမ်းသပ်မှုမှတစ်ဆင့်သာ အသင်းတော်ကို သန့်စင်စေခြင်းနှင့် ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်သောသူတို့ကို ရွေးချယ်ခြင်းတည်းဟူသော ငါ၏ ရည်မှန်းချက်ကို ငါရရှိနိုင်ပေသည်။ ငါသည် ဤနည်းဖြင့် အမှုမပြုခဲ့ပါက၊ မည်သူမဆို ငါ့ကို သိရှိနိုင်မည်လော။ ငါ၏ ဘုန်းအာနုဘော်တော်၊ ငါ၏အမျက်ဒေါသနှင့် ငါ၏ဉာဏ်ပညာတို့ကို ငါ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မည်သူက သိရှိလာနိုင်မည်နည်း။ ငါ၏ အမှုကို စတင်ခဲ့ပြီးဖြစ်သည့်အတွက်၊ ယင်းကို ငါ ဧကန်မုချ အပြီးသတ်မည်ဖြစ်သည်၊ သို့သော်လည်း၊ လူသားတို့၏ နှလုံးသားများကို ၎င်းတို့၏ နက်ရှိုင်းသော နေရာများအထိ စူးစမ်းလေ့လာသူမှာ ငါ ဖြစ်နေဆဲ ဖြစ်သည်။ အမှန်ကို ပြောရမည်ဆိုပါက၊ လူသားတို့အလယ်တွင် ငါ့ကို အပြည့်အဝ သိရှိသောသူ တစ်ဦးမျှမရှိပေ၊ ထို့ကြောင့် ငါသည် လူသားအားလုံးကို လမ်းပြဖို့၊ ၎င်းတို့အားလုံးကို အသစ်သော ခေတ်ကာလတစ်ခုထဲသို့ ဦးဆောင်ဖို့ နှုတ်ကပတ်တော်များကို အသုံးပြု၏။ အဆုံးတွင်၊ ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်သောသူတို့ကို ကျိုးနွံနာခံခြင်းဖြင့် ငါ၏ နိုင်ငံတော်ဆီသို့ ပြန်လာကြဖို့၊ ငါ၏ ပလ္လင်ရှေ့တွင် အသက်ရှင်ဖို့ ဖြစ်စေရင်း၊ ငါ၏ အမှုကို ပြီးမြောက်ဖို့ နှုတ်ကပတ်တော်များကို ငါ အသုံးပြုမည်ဖြစ်သည်။ ယခုအခြေအနေသည် တစ်ချိန်ကဖြစ်ခဲ့သကဲ့သို့ မဟုတ်သကဲ့သို့၊ ငါ၏ အမှုသည် အသစ်သော စမှတ်တစ်ခုသို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ထိုသို့ဖြစ်နေသဖြင့်၊ အသစ်သော ချဉ်းကပ်နည်းတစ်ခု ရှိလိမ့်မည်- ငါ၏ နှုတ်ကပတ်တော်ကို မြင်ပြီး ယင်းကို ၎င်းတို့၏ တကယ့်အသက်ကဲ့သို့ လက်ခံသောသူအားလုံးသည် ငါ၏ နိုင်ငံတော်ထဲက လူများဖြစ်ကြပြီး၊ ငါ၏ နိုင်ငံတော်ထဲတွင် ရှိနေသဖြင့်၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်သားများ ဖြစ်ကြပေသည်။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များ၏ လမ်းပြမှုကို လက်ခံကြသောကြောင့်၊ ၎င်းတို့သည် ငါ၏ လူများအဖြစ် ရည်ညွှန်းခံရသော်လည်း၊ ဤအမည်နာမသည် ငါ၏ “သားများ” ဟု ခေါ်ဝေါ်ခံရခြင်းလောက် အရေးမကြီးမဟုတ်ပေ။ ဘုရားသခင်၏လူများအဖြစ်သို့ ဖန်တီးခြင်းခံရပြီးနောက်၊ အားလုံးသည် ငါ၏နိုင်ငံတော်ထဲတွင် အဆုံးစွန်သော ဆက်ကပ်မှုဖြင့် အစေခံရမည်ဖြစ်ပြီး ငါ၏ နိုင်ငံတော်ထဲတွင် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရမည်ဖြစ်သည်။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားသောသူ မည်သူမဆို ငါ၏အပြစ်ပေးခြင်းကို ရရှိရပေမည်။ ဤသည်မှာ အားလုံးအဖို့ ငါ၏ အကြံပေးချက် ဖြစ်သည်။

အသစ်သော ချဉ်းကပ်နည်းကို ယခု ထည့်သွင်းပြီးဖြစ်ကာ၊ အတိတ်ကို တစ်ဖန် ဖော်ပြရန် မလိုအပ်ပေ။ သို့သော်၊ ယခင်က ငါ ပြောပြီးသည့်အတိုင်း- ငါသည် ငါပြောသောအရာအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး၊ ငါ ခိုင်ခိုင်မာမာ ရပ်တည်သောအရာကို ငါ အမြဲစုံလင်စေကာ၊ ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ- ယင်းမှာ အကြွင်းမဲ့ ဖြစ်သည်။ အတိတ်က ငါပြောဆိုပြီးသည့် နှုတ်ကပတ်တော်များဖြစ်စေ၊ အနာဂတ်တွင် ငါပြောဆိုမည့် နှုတ်ကပတ်တော်များ ဖြစ်စေ ၎င်းတို့အားလုံးကို တစ်ခုပြီးတစ်ခု ငါ တကယ်ဖြစ်လာစေမည်ဖြစ်ပြီး ၎င်းတို့အားလုံး တကယ်ဖြစ်လာသည်ကို လူသားမျိုးနွယ်အားလုံးကို မြင်ခွင့်ပေးမည်။ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ အမှုနောက်ကွယ်က အခြေခံသဘောတရား ဖြစ်သည်။ အသင်းတော် တည်ဆောက်ခြင်းကို စွမ်းဆောင်ရရှိနှင့်ပြီးပြီဖြစ်သည့်အတွက်၊ ယခုအချိန်သည် အသင်းတော် တည်ဆောက်ခြင်းခေတ် မဟုတ်တော့ဘဲ၊ ယင်းထက် နိုင်ငံတော်ကို အောင်မြင်စွာ တည်ဆောက်သည့်ခေတ် ဖြစ်သည်။ သို့သော် သင်တို့သည် ကမ္ဘာမြေပေါ် ရှိကြသေးသည့်အတွက်၊ ကမ္ဘာမြေပေါ်က လူတို့၏စည်းဝေးခြင်းများကို “အသင်းတော်” အဖြစ် သိမြဲသိထားကြလိမ့်မည်။ သို့သော်ငြားလည်း၊ အသင်းတော်၏ အနှစ်သာရသည် တစ်ချိန်ကရှိခဲ့သည်နှင့် မတူပေ- ယင်းသည် အောင်မြင်စွာ တည်ဆောက်ပြီးသည့် အသင်းတော်တစ်ပါး ဖြစ်၏။ ထို့ကြောင့် ငါ၏နိုင်ငံတော်သည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်နှင့်ပြီဟု ငါပြောပေသည်။ ငါ၏နှုတ်ကပတ်တော်များ၏ အရင်းအမြစ်ကို မည်သူမျှ သဘောမပေါက်နိုင်သကဲ့သို့၊ ယင်းတို့ကို ပြောဆိုရာတွင် ငါ၏ ရည်ရွယ်ချက်ကိုလည်း ၎င်းတို့ မသိရှိကြပေ။ ယနေ့ ငါ ပြောဆိုသည့်နည်းလမ်းမှ၊ ထုတ်ဖော်ဖွင့်ပြမှုတစ်ခုကို သင်တို့ တွေ့ကြုံရလိမ့်မည်။ အချို့သည် ကျယ်လောင်ကာ ခါးသီးသော ငိုကြွေးမှုဖြင့် အော်ဟစ်ကောင်း အော်ဟစ်နိုင်သည်။ အချို့သည် ဤသည်မှာ ငါ ပြောဆိုသည်နည်းလမ်းဖြစ်သည်ဟူ၍ စိုးရွံ့မှု ခံစားကောင်း ခံစားနိုင်သည်- အချို့သည် ငါ၏လှုပ်ရှားမှု တစ်ခုစီတိုင်းကို စောင့်ကြည့်သည်နှင့်အမျှ ၎င်းတို့၏ ရှေးရိုးစွဲအမြင်များကို ဖက်တွယ်ကောင်း ဖက်တွယ်နိုင်သည်။ အချို့သည် ထိုအချိန်က ၎င်းတို့၏ မကျေနပ်ချက်များကို ဖော်ပြခဲ့ခြင်း သို့မဟုတ် ငါ့ကို ခုခံခဲ့ခြင်းအတွက် နောင်တရကောင်းရနိုင်သည်။ အချို့သည် ငါ၏ နာမမှ ဘယ်သောအခါမျှ ဘေးသို့သွေလွဲခြင်း မရှိခဲ့သည့်အတွက် ၎င်းတို့ ပြန်လည်နိုးထကြသည်ကို တိတ်တဆိတ် ဝမ်းမြောက်ကောင်း ဝမ်းမြောက်နိုင်သည်။ ငါသည် ငါ၏ ဖော်ပြသည့်ပုံစံကို ပြောင်းလဲပြီးဖြစ်သော်လည်း၊ ကာလကြာမြင့်စွာက ၎င်းတို့ သေလုမျောပါးဖြစ်၍ စိတ်အားငယ်ကာ စိတ်ဓါတ်ကျသည်အထိ ငါ၏ နှုတ်ကပတ်တော်များ၏ “ညှဉ်းဆဲခံ” ခဲ့ရ၍၊ ငါပြောဆိုသော နှုတ်ကပတ်တော်များကို အရေးထားချင်စိတ်မရှိတော့သည့် သူအချို့ ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် ဘယ်သောအခါမျှ ညည်းတွားခြင်းမရှိ၊ ဘယ်သောအခါမျှ သံသယထားခြင်းမရှိဘဲ၊ အတိုင်းအတာတစ်ခုထိ ဆက်ကပ်မှုဖြင့် ငါ့ကို အစေခံပြီးသဖြင့်၊ ယနေ့တွင် လွတ်မြောက်မှု ရရှိလောက်အောင် ကံကောင်းပြီး ၎င်းတို့၏ စိတ် နှ လုံးများတွင် ငါ့အပေါ် စကားများဖြင့် ဖော်ပြမရသည့် ကျေးဇူးတင်ရှိမှုတစ်ခု ခံစားရသည့် အခြားသောသူများ ရှိကောင်းရှိနိုင်ပေသည်။ အထက်က အခြေအနေများအားလုံးသည် အတိုင်းအတာ အမျိုးမျိုးဖြင့် လူသားတိုင်းနှင့် သက်ဆိုင်ပေသည်။ သို့သော် အတိတ်သည် အတိတ်ဖြစ်သကဲ့သို့၊ လက်ရှိအချိန်သည် ဤတွင် ရောက်နှင့်ပြီးဖြစ်သည်အတွက်၊ ယမန်နေ့ကို တသသ တောင့်တဖို့ သို့မဟုတ် အနာဂတ်ကို တွေးတောဖို့ မလိုအပ်ပေ။ လူသားဖြစ်သည့်အတွက်၊ လက်တွေ့အရှိတရားကို ဆန့်ကျင်ပြီး၊ ငါ၏ လမ်းပြမှုအတိုင်း အမှုအရာများကို မလုပ်ဆောင်သောသူ မည်သူမဆို ကောင်းမွန်သော အဆုံးသတ်သို့ ရောက်လာလိမ့်မည် မဟုတ်ဘဲ၊ မိမိတို့ကိုယ်ကိုယ်အပေါ် ဒုက္ခသာ ယူဆောင်မိကြလိမ့်မည်။ စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။ ငါပြောသည့်အရာအတိုင်းသည် ဆောင်ရွက်ပြီးကြပြီး၊ လူသားများထဲမှ မည်သူသည် ငါ၏ စိတ်ကို ပြောင်းလဲစေနိုင်သနည်း။ ယင်းသည် ကမ္ဘာမြေပေါ် ငါ ပြုသောပဋိညာဉ် ဖြစ်နိုင်မည်လော။ မည်သည့်အရာမျှ ငါ၏ အစီအစဉ်ကို ရှေ့ဆက်သွားရာမှ မတားဆီးနိုင်ပေ။ ငါသည် ငါ၏အမှုအပြင် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် အစဉ် ပါရှိ၏။ လူသားများထဲမှ မည်သူသည် ဝင်စွက်ဖက်နိုင်သနည်း။ ဤအစီအစဉ်များကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့သူမှာ ငါ ဖြစ်သည် မဟုတ်လော။ ယနေ့ ဤနယ်ပယ်ထဲသို့ ဝင်ရောက်ခြင်းသည် ငါ၏ အစီအစဉ် သို့မဟုတ် ငါ ကြိုမြင်ပြီးဖြစ်သည့်အရာ၏ အပြင်သို့ မသွေဖည်ပေ။ ထိုအရာအားလုံးကို ငါသည် ကာလကြာမြင့်စွာက ချမှတ်ထားခဲ့ပေသည်။ သင်တို့ထဲမှ မည်သူသည် ငါ၏ အစီအစဉ်၏ ဤအဆင့်ကို နားလည်သဘောပေါက်နိုင်သနည်း။ ငါ၏ လူတို့သည် ငါ၏ အသံကို သေချာစွာ နားထောင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ကြသူများထဲမှ အယောက်တိုင်းသည် ငါ၏ ပလ္လင်ရှေ့သို့ အသေအချာ ပြန်လာကြလိမ့်မည်။

၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။