ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

အပိုင်း တစ်

ယနေ့ ငါတို့သည် အရေးကြီးသည့်ခေါင်းစဉ်တစ်ခုကို ပြောဆိုနေကြခြင်းဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အမှု စတင်ချိန်မှစပြီး ယနေ့အထိ ဆွေးနွေးပြောဆိုခဲ့သည့် အကြောင်း အရာဖြစ်ပြီး လူတစ်ဦးစီတိုင်းအတွက် အလွန်တရာအရေးပါသည့် အကြာင်းအရာဖြစ်သည်။ တစ်နည်းပြောရလျှင် ၎င်းသည် လူသားတိုင်း ဘုရားသခင်အပေါ် မိမိတို့၏ယုံကြည်ခြင်း ဖြစ်စဉ် တစ်လျှောက်တွင် တွေ့ဆုံရမည့်အကြောင်းအရာနှင့် ထည့်သွင်း စဉ်းစားရမည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ၎င်းသည် လူသားများ ခွဲခွာ၍မရသည့် အရေးပါပြီး ရှောင်လွှဲ၍မရသော အကြောင်းအရာဖြစ်သည်။ အရေးပါသည်ဟုဆိုရာတွင် ဘုရားသခင်ကို ယုံကြည်သောသူ တစ်ယောက်စီတိုင်းအတွက် မည်သည့်အရာသည် အရေးပါဆုံးဖြစ်သနည်း။ လူအချို့က အရေးကြီးဆုံးသောအရာမှာ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းဖြစ်သည်ဟု ထင်ကြသည်၊ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ စားသောက်ခြင်းမှာ အရေးကြီးဆုံးဖြစ်သည်ဟု ယုံကြည်ကြသည်၊ လူအချို့က အရေးကြီးဆုံးမှာ မိမိတို့ကိုယ်ကို သိရှိခြင်းဟု မှတ်ယူကြသည်။ အခြားလူများကမူ အရေးအကြီးဆုံးသောအရာမှာ ဘုရားသခင် အားဖြင့် ကယ်တင်ခြင်းကို မည်သို့ရှာရမည်၊ ဘုရားသခင်နောက် မည်သို့လိုက်ရမည်နှင့် ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ ဖြည့်ဆည်းရမည်တို့ကို သိရှိခြင်းသည် အရေးအကြီးဆုံးသော အရာဖြစ်သည်ဟု ထင်မြင်ချက်ရှိကြသည်။ ယနေ့အဖို့ ဤအကြောင်းအရာအားလုံးကို ငါတို့မေ့ထားကြမည်။ ထိုသို့ဆိုလျှင် မည်သည့်အကြောင်းအရာကို ငါတို့ဆွေးနွေးနေ ကြသနည်း။ ဘုရားသခင်နှင့်ဆိုင်သည့် အကြောင်းအရာကို ငါတို့ဆွေးနွေးနေကြခြင်းဖြစ်သည်။ ထိုအကြောင်းအရာသည် အယောက်စီတိုင်းအတွက် အရေးပါဆုံးဖြစ်သည် မဟုတ်လော။ ဘုရားသခင်နှင့်ဆိုင်သည့် အကြောင်းအရာထဲတွင် မည်သည့် အရာပါဝင်သနည်း။ မှန်ပါသည်၊ ဤအကြောင်းအရာကို ဘုရား သခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏အနှစ်သာရနှင့် ဘုရားသခင်၏ အမှုတော်တို့နှင့် လုံးဝခွဲခြား၍မရပေ။ ထို့ကြောင့် ယနေ့တွင် “ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်” အကြောင်း အရာကို ဆွေးနွေးကြစို့။

လူသားတို့သည် ဘုရားသခင်ကို စတင်ယုံကြည်လာသည့် အချိန်မှစပြီး သူတို့သည် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် စသည့်အကြောင်းအရာများနှင့် ထိတွေ့ခဲ့ကြသည်။ ဘုရားသခင် ၏အမှုတော်နှင့် ပတ်သက်လာသောအခါ လူတချို့က “ဘုရား သခင်၏ အမှုတော်သည် ကျွန်ုပ်တို့အပေါ်၌ လုပ်ဆောင် ပြီးပြီ။ ဤသည်ကို ကျွန်ုပ်တို့နေ့တိုင်း ကြုံတွေ့ခံစားရ၏။ ထို့ကြောင့် ထိုအရာနှင့် ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်ပါသည်” ဟုဆိုကြ လိမ့်မည်။ ဘုရားသခင်၏စိတ်သဘောထားနှင့် ပတ်သက်၍ လူတချို့က “ဘုရားသခင်၏စိတ်သဘောထား ဆိုသည်မှာ ကျွန်ုပ်တို့ သင်ယူလေ့လာသည့် အကြောင်းအရာ၊ ကျွန်ုပ်တို့ဘဝ တစ်လျှောက်လုံး အာရုံစိုက်ခဲ့သည့်အရာ ဖြစ်ပါ သည်။ ထို့ကြောင့် ထိုအရာကို ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင် သင့်သည်” ဟုဆိုကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင်အတွက်မူ “ဘုရားသခင် ကိုယ်တော်တိုင်သည် ကျွန်ုပ်တို့လိုက်သောသူ၊ ကျွန်ုပ်တို့ယုံကြည်သောသူ၊ ကျွန်ုပ်တို့လေ့လာလိုက်စားသော သူဖြစ်၍ သူ့အကြောင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့မသိတဲ့သူ မဟုတ်ပါ” ဟုပြောဆိုကြလိမ့်မည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း အစပြုကတည်းက သူ့အမှုတော်ကို မည်သည့် အခါမျှ မရပ်နားခဲ့ပေ။ ကာလအချိန်တစ်လျှောက်လုံး သူ၏ စိတ်သဘောထားကို အစဉ်ဖော်ပြပြီး သူ၏နှုတ်ကပတ်တော်ကို ဖော်ပြရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် လူသားများထံသို့ သူ့ကိုယ်သူနှင့် သူ၏အနှစ်သာရတို့ကို ဖော်ပြခြင်းနှင့် လူသားများထံမှ သူတောင်းဆိုသောအရာနှင့် လူသားများအပေါ်၌ သူ၏ အလိုတော်ကို ဖော်ပြခြင်းတို့ကို မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် တိုက်ရိုက်ရှုထောင့်အရ ဤအကြောင်းအရာများသည် အားလုံးနှင့် သက်ဆိုင်သော အကြောင်းအရာဖြစ်သင့်သည်။ ယနေ့ ဘုရားသခင်နောက်လိုက်သူများအဖို့ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် စသည့်အရာတို့ကို သူတို့ အမှန်တကယ်မသိရှိကြပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ လူသားသည် ဘုရားသခင်၏အမှုတော်ကို ကြုံတွေ့ခံစားရသည့် အညီ သူတို့သည် ဘုရားသခင်နှင့် ထိတွေ့လာပြီး ဘုရားသခင်၏ စိတ်သဘောထားကို သူတို့နားလည်ဘိသည့်အလား သို့မဟုတ် ၎င်းသည် အဘယ်အရာနှင့်တူသည်ဆိုခြင်း၏ တစ်စိတ်တစ်ပိုင်း ကို သိဘိသည့်အလား သူတို့ကို ခံစားရစေသည်။ သို့ဖြစ်သော ကြောင့် လူသားသည် မိမိမှာ ဘုရားသခင်၏အမှုတော် သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်စပ်လျဉ်း၍ သူစိမ်းမဆန်လှ ပေဟူ၍ စဉ်းစားတတ်သည်။ ထိုအစား လူသားက မိမိသည် ဘုရားသခင်နှင့်အလွန်ရင်းနှီးပြီး ဘုရားသခင်အကြောင်းကို များစွာနားလည်ထားသည်ဟု စဉ်းစားတတ်သည်။ သို့သော် လက်ရှိအခြေအနေအရ ဘုရားသခင်ကို လူအများ၏ နားလည်သဘောပေါက်မှုသည် စာအုပ်များ၌ သူတို့ဖတ်ရှုလေ့လာ ထားသည့်အရာများနှင့် ကန့်သတ်ခံထားရပြီး သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံနယ်ပယ်နှင့်လည်း ကန့်သတ်ခံထားရကာ သူတို့၏စိတ်ကူးများနှင့်လည်း ကန့်သတ်ခံထားရကြသည်။ ထိုအရာများအပြင် သူတို့၏ပကတိမျက်စိနှင့် မြင်ရသည့် အကြောင်းအရာများနှင့်လည်း ကန့်သတ်ခံထားရသည်။ ထိုအရာ အားလုံးတို့သည် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်နှင့် များစွာ အလှမ်းဝေးလွန်းလှသည်။ သို့ဆိုလျှင် ထို “အလှမ်း ဝေးခြင်း” သည် မည်မျှကွာဝေးသနည်း။ လူသားသည် မိမိကိုယ်ကို ယုံကြည်မှုမရှိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် အနည်းငယ်သိကောင်းသိမည် သို့မဟုတ် အရိပ်အမြွက် သိကောင်းသိလိမ့်မည်။ သို့ရာတွင် ဘုရားသခင် ကိုယ်တော်တိုင် နှင့် သက်ဆိုင်လာလျှင် ဘုရားသခင်အပေါ် လူသား၏ နားလည်ခြင်းသည် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် များစွာအလှမ်းဝေးနေသည်။ ဤအကြောင်း ကြောင့် ဤအချက်အလက်ကို စနစ်တကျနှင့် ဂဃနဏပြောဆိုဖို့ အတွက် “ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်” ဟူသော ခေါင်းစဉ်ကို ငါတို့ သေချာပေါက် အသုံးပြုရခြင်း ဖြစ်သည်။

အမှန်မှာ ဘုရားသခင်၏စိတ်သဘောထားသည် လူတိုင်း အတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖုံးကွယ်ထားခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိကို လူများက သိရှိနိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း မရှိရမည်အကြောင်း မည်သည့်အခါမျှ တစ်စုံတစ်ဦးကို သိသိကြီး ရှောင်ဖယ်ခြင်း မရှိသကဲ့သို့ မိမိကိုယ်ကို ဖုံးကွယ်ရန် မည်သည့်အခါမျှ သိသိကြီး မရှာကြံဖူးပေ။ ဘုရားသခင်၏စိတ်သဘောထားသည် အစဉ်အမြဲ ပွင့်လင်းပြီး လူသား တစ်ယောက်စီတိုင်းကို ပွင့်ပွင့်လင်းလင်း မျက်နှာမူလျက်နေသည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အတော အတွင်းတွင် ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်ပြီး လူသားတိုင်းကို မျက်နှာမူလျက်နေတော်မူ၏။ ထို့ပြင် သူ၏အမှုကို လူသားတိုင်းအပေါ်၌ လုပ်ဆောင်ခဲ့သည်။ ထိုအမှုကို သူလုပ်ဆောင်နေစဉ်တွင် သူ၏စိတ်သဘောထားကို အစဉ်မပြတ် ဖော်ပြနေပြီး အယောက်စီတိုင်းကို မစ၍ လမ်းပြဖို့ရန် သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို အစဉ်အမြဲ အသုံးချလျက်နေတော်မူ၏။ ခေတ်တိုင်းနှင့် အဆင့်တိုင်းတွင် အခြေအနေများမှာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ၊ ဘုရားသခင်၏စိတ်သဘောထားသည် တစ်ယောက်စီတိုင်းအတွက် အစဉ်အမြဲပွင့်လင်းမှုရှိပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည်လည်း အယောက်စီတိုင်း အတွက် အစဉ်အမြဲ ပွင့်လင်းမှုရှိတော်မူ၏။ ထိုနည်းတူစွာ ဘုရားသခင်၏အသက်သည်လည်း ရပ်တန့်ခြင်းအလျှင်းမရှိဘဲ လူသားတိုင်းကို ကြည့်ရှုစောင့်ရှောက်လျက် ကူညီဖေးမလျက် နေတော်မူ၏။ သို့သော်လည်း ဘုရားသခင်၏ စိတ်သဘောထား သည် လူတချို့အဖို့ ဖုံးကွယ်ခြင်းခံရသည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်၏ အမှုတော်ထဲတွင် ရှင်သန်ပြီး ဘုရားသခင်နောက် လိုက်ကြသော်လည်း ဘုရားသခင်နှင့် သာ၍ နီးစပ်ဖို့ နေနေသာသာ ဘုရားသခင်ကို နားလည် သဘောပေါက်ရန် ကြိုးစားခြင်း သို့မဟုတ် ဘုရားသခင်ကို သိရှိရန် လိုလားခြင်းတို့ မည်သည့်အခါမျှ မပြုခဲ့ကြပေ။ ထိုလူတို့အဖို့ ဘုရားသခင်၏စိတ်သဘောထားကို နားလည်ခြင်း သည် သူတို့၏အဆုံးသတ်ချိန်မှာ ရောက်လုနေပြီဖြစ်ကြောင်းကို ဆိုလိုသည်။ ထိုအရာက သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် တရားစီရင်ခံရမည့်ဆဲဆဲနှင့် စီရင်ချက်ချခံရမည့်ဆဲဆဲဖြစ်ကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ဤလူတို့သည် ဘုရားသခင်ကို နားလည်သဘောပေါက်ဖို့ သို့မဟုတ် သူ၏စိတ်သဘောထားကို နားလည်ဖို့ လိုလားသော စိတ် မည်သည့်အခါမျှ မရှိဖူးကြပေ။ ဘုရားသခင်၏အလိုတော်ကို သာ၍နက်ရှိုင်းစွာ သဘောပေါက်ရန် သို့မဟုတ် သိရှိရန် မည်သည့်အခါမျှ မတပ်မက်ကြပေ။ သူတို့သည် သတိရှိရှိ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်၏အလိုတော်ကို နားလည်ဖို့ မရည်ရွယ်ကြပေ။ သူတို့သည် အမြဲပျော်ရွှင်ပြီး သူတို့လုပ်ချင်သောအရာများကို လုပ်ဆောင်ရာတွင် မည်သည့် အခါမျှ မောပန်းခြင်းမရှိကြပေ။ သူတို့ယုံကြည်ချင်သော ဘုရားကို သူတို့ယုံကြည်ကြ၏။ သူတို့၏ စိတ်ကူးများ၌သာ တည်ရှိသည့် ဘုရား၊ သူတို့၏ အယူအဆများထဲ၌သာ တည်ရှိသည့် ဘုရားကို ယုံကြည်ကြပြီး သူတို့၏နေ့စဉ် အသက်တာထဲမှ ခွဲခြား၍မရသော ဘုရားကို ယုံကြည်ကြသည်။ စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်အတွက်ဆိုလျှင် သူတို့သည် လုံးဝအထင်အမြင်သေးပြီး သူ့ကိုနားလည်ဖို့ဆန္ဒမရှိ၊ သူ့ကိုဂရုမစိုက်၊ သူနှင့် သာ၍နီးစပ်လိုသော ရည်ရွယ်ချက် သာ၍မရှိကြပေ။ သူတို့သည် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကို အမွှမ်းတင်ဖို့ နှင့် ပြရုပ်တင်ဖို့အတွက်သာ အသုံးပြုနေကြသည်။ သူတို့အတွက် ထိုသို့ပြုခြင်းသည် အောင်မြင်သောယုံကြည်သူများနှင့် သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်သောသူများ ဖြစ်စေပြီဟု ခံယူကြသည်။ သူတို့၏စိတ်နှလုံးထဲတွင် သူတို့သည် သူတို့၏စိတ်ကူးများ၊ သူတို့၏အယူအဆများနှင့် ဘုရားသခင်နှင့် စပ်လျဉ်း၍ သူတို့၏ကိုယ်ပိုင် ဖွင့်ဆိုချက်များဖြင့်ပင် လမ်းပြခြင်း ခံရသည်။ သို့သော်ငြားလည်း စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ကမူ သူတို့နှင့် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိပေ။ အဘယ့်ကြောင့်ဆိုသော် စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ကို သူတို့နားလည်ပြီး ဘုရားသခင်၏ စိတ်သဘောထားအမှန်ကို နားလည်ကာ ဘုရားသခင်၏ အရာ အားလုံးနှင့် ဖြစ်ခြင်းတို့ကို နားလည်သည်နှင့် သူတို့၏ လုပ်ဆောင်ချက်များ၊ သူတို့၏ယုံကြည်ခြင်းနှင့် သူတို့၏ အားထုတ်မှုတို့သည် ရှုတ်ချခြင်းကိုခံရမည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့သည် ဘုရားသခင်၏ အနှစ်သာရကို နားလည်ခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို သာ၍ ကောင်းမွန်စွာ နားလည်ဖို့ ဆုတောင်းခြင်းငှာ လည်းကောင်း သို့မဟုတ် စိတ်အားထက်သန်စွာ ရှာဖွေခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏အလိုတော်ကို သာ၍ ကောင်းမွန်စွာ သိရှိခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ကောင်းမွန်စွာ နားလည်ခြင်းငှာ လည်းကောင်း မလိုလားခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို လုပ်ကြံဖန်တီးထားပြီး ဖော်ပြရန်ခက်ခဲကာ အနှစ်သာရမဲ့သော တစ်စုံတစ်ရာ ဖြစ်စေလိုကြသည်။ ဘုရားသခင်ကို သူတို့တွေးထင်ထားသည့်အတိုင်းနှင့် သူတို့ခေါ် တိုင်း သူတို့၏အလိုကျဆောင်ရွက် ပေးမည့်သူအဖြစ် ရှိစေလိုကြ ပြီး သူတို့အတွက် အမြဲမောပန်းနွမ်းနယ်ခြင်းမရှိဘဲ ဖြည့်ဆည်း ပေးမည့်သူ ဖြစ်စေလိုကြသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို သူတို့ခံစားလိုသောအခါ ထိုကျေးဇူးတော်ဖြစ်ပေးရန် ဘုရားသခင် ကို တောင်းဆိုကြသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သူတို့လိုချင်သောအခါ ထိုကောင်းချီးမင်္ဂလာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ အခက်အခဲကို ရင်ဆိုင်ကြ သောအခါ သူတို့ကို ရဲဆေးတင်ပေးရန်နှင့် သူတို့ခြေချော် လက်ချော်ဖြစ်လျှင် ကယ်ပေးမည့်အားကိုးစရာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုတတ်ကြသည်။ ဤလူတို့၏ ဘုရားသခင်ကို သိရှိခြင်းသည် ကျေးဇူးတော်နှင့် ကောင်းချီး မင်္ဂလာ ဘောင်အတွင်း၌သာ စွဲကပ်နေသည်။ ဘုရားသခင် အမှုတော်အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထား အပေါ်၌လည်းကောင်း၊ ဘုရားသခင်အပေါ်၌ လည်းကောင်း သူတို့၏ သဘောပေါက်နားလည်ခြင်းသည် သူတို့၏စိတ်ကူးများထဲတွင် ကန့်သတ်ထားခြင်းခံရပြီး စာလုံးများနှင့် အယူဝါဒမျှသာ ဖြစ်ပေသည်။ သို့ရာတွင် ဘုရားသခင်၏စိတ်သဘောထားကို နားလည်ဖို့ အလွန် စိတ်ထက်သန်သူများ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို အမှန်တကယ် တွေ့မြင်လိုသူများ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို စစ်မှန်စွာနားလည်လိုသော လူတချို့ရှိကြသည်။ ဤလူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်း တရား၏ စစ်မှန်မှုကို လိုက်လံစူးစမ်းပြီး ဘုရားသခင်၏ သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို ရရှိရန် ရှာဖွေကြသည်။ ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် သူတို့၏စိတ်နှလုံးကို အသုံးပြုပြီး သူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးသည့်အရာများ သို့မဟုတ် ဖြစ်ပျက်သမျှသောအရာများ၊ လူတိုင်းနှင့် အခြေအနေတိုင်းကို ကျေးဇူးတင်တတ်ရန် သူတို့၏စိတ်နှလုံးကို အသုံးပြုကြသည်။ ထို့ပြင် သူတို့သည် စိတ်ရင်းအမှန်နှင့် ဆုတောင်းလျက် ရှာဖွေစူးစမ်းကြသည်။ သူတို့အလိုချင်ဆုံးအရာမှာ ဘုရားသခင်၏ အလိုတော်ကို သိရှိရန်နှင့် ဘုရားသခင်၏ စစ်မှန်သောစိတ်သဘောထား သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို သိရှိရန်ဖြစ်သည်။ ဤသို့ဖြင့် သူတို့သည် ဘုရားသခင်ကို နောက်ထပ်တစ်ခါ မပြစ်မှားတော့ဘဲ သူတို့၏ အတွေ့အကြုံများအားဖြင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်း နှင့် သူ၏စစ်မှန်သည့်ဘက်ကို သာ၍မြင်တွေ့နိုင်ရန် ဖြစ်သည်။ စစ်မှန်သော ဘုရားသခင်သည် သူတို့၏စိတ်နှလုံး ထဲတွင် တည်ရှိရန်နှင့် ဘုရားသခင်သည် သူတို့၏စိတ်နှလုံးထဲ၌ နေရာတစ်နေရာ ရှိရန်လည်းဖြစ်ပြီး သူတို့သည် နောက်ထပ် တစ်ခါ စိတ်ကူးများ၊ အယူအဆများ သို့မဟုတ် ဖော်ပြရန် ခက်ခဲမှုတို့ထဲတွင် မကျင်လည်ကြတော့ရန် ဖြစ်သည်။ ဤလူများအတွက် သူတို့၌ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အနှစ်သာရတို့ကို နားလည်ဖို့ရန်ဟူသည့် အပူတပြင်းဆန္ဒ ရှိကြခြင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ တို့သည် လူသားမျိုးနွယ်တို့၏ အတွေ့အကြုံများထဲ၌ အချိန်မရွေး လိုအပ်လာနိုင်သော အရာများဖြစ်ပြီး သူတို့၏ အသက်တာတစ်လျှောက်တွင် အသက်ကို ထောက်ပံ့ပေးနိုင်သော အရာများဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်သောအခါ ဘုရားသခင်ကို သာ၍ ကောင်းမွန်စွာ ရိုသေလေးမြတ်နိုင်ကြမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်၌ သာ၍ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ကာ ဘုရားသခင်၏အလိုတော်ကို သာ၍အရေးထားနိုင်၍ သူတို့၏ တာဝန်ကို မိမိတို့အစွမ်းရှိသမျှ လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားအပေါ် သူတို့၏ စိတ်နေသဘောထားနှင့်သက်ဆိုင်သည့် လူနှစ်မျိုးနှစ်စား ဖြစ်သည်။ ပထမလူစားမှာ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန် မလိုလားပေ။ ဘုရားသခင်၏စိတ်သဘောထားကို သူတို့နားလည်လိုသည်၊ ဘုရားသခင်ကိုယ်တော်တိုင်ကို သူတို့ သိရှိ လိုသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို မြင်တွေ့လိုသည်၊ ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်လိုသည်ဟု သူတို့ပြောဆိုကြသော်လည်း အတွင်းထဲ တွင်မူ ဘုရားသခင်မတည်ရှိစေရန် ပိုမိုလိုလားကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဤသို့သောလူမျိုးတို့သည် ဘုရားသခင်ကို အဆက်မပြတ် နာခံခြင်းမရှိဘဲ ပုန်ကန်သူများဖြစ်ကာ သူတို့၏စိတ်နှလုံးထဲမှ နေရာအတွက် ဘုရားသခင်ကို တိုက်ခိုက် ကြကာ ဘုရားသခင်၏တည်ရှိခြင်းကို မကြာခဏ သံသယ ဝင်ခြင်း သို့မဟုတ် ငြင်းပင်ငြင်းပယ်ခြင်း တို့ကြောင့်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏စိတ်သဘောထား သို့မဟုတ် စစ်မှန်သည့် ဘုရားသခင် ကိုယ်တော်တိုင်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ နေရာယူရန် အခွင့်မပေးလိုကြပေ။ သူတို့သည် မိမိတို့၏ လိုအင်ဆန္ဒများ၊ စိတ်ကူးများနှင့် ရည်ရွယ်ချက်များ ကိုသာ ဖြည့်ဆည်းလိုကြသည်။ သို့ဖြစ်၍ ဤသို့သော လူတို့သည် ဘုရားကို ယုံကောင်းယုံမည်။ ဘုရားသခင်နောက် လိုက်ကောင်း လိုက်မည်။ ထို့ပြင် ဘုရားသခင်အတွက် သူတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်ကောင်းစွန့်လွှတ်လိမ့်မည်ဖြစ်သော်လည်း သူတို့၏ ဆိုးယုတ်သောလမ်းစဉ်ကို အဆုံးမသတ်လိုကြပေ။ အခြားသူများသည် မိမိတို့၏ရာထူးများကိုအသုံးပြုပြီး ထပ်တလဲလဲ သူတို့ကိုယ်သူတို့ သက်သေခံကာ မိမိတို့၏ သြဇာအာဏာကို ချဲ့ကားပြီး လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်ကို ယှဉ်ပြိုင်နေစဉ်တွင် အချို့မှာ အလှူများကို ခိုးယူခြင်း သို့မဟုတ် ဖြုန်းတီးခြင်းပင်ပြုကြသည်၊ သို့တည်းမဟုတ် ဘုရားသခင်ကို တိတ်တဆိတ် ကျိန်ဆဲကြသည်။ သူတို့ကို လူများကိုးကွယ်လာစေရန် နည်းလမ်းအမျိုးမျိုးနှင့် စီမံချက်အမျိုးမျိုးကို အသုံးပြုကြသည်။ လူတို့ကို အစဉ်ဆက် မပြတ်သိမ်းသွင်းရန်နှင့် ထိန်းချူပ်ရန် အားထုတ်လျက် နေကြသည်။ လူအချို့သည် ဘုရားအဖြစ် ဆက်ဆံခြင်းခံရ စိမ့်သောငှာ မိမိတို့မှာ ဘုရားဖြစ်သည်ဟု ထင်မှတ်ကြစေရန် လူတို့ကိုရည်ရွယ်ချက်ရှိရှိ လှည့်စားကြသည်။ သူတို့သည် ဖျက်ဆီးခြင်းခံခဲ့ရဖူးကြောင်း၊ သူတို့သည်လည်း ပျက်စီးယိုယွင်း ပြီး မောက်မာသောသူများဖြစ်ကြောင်းကို မည်သည့်အခါမျှ ပြောမည်မဟုတ်ပေ၊ သူတို့ကို မကိုးကွယ်ဖို့လည်း ပြောမည် မဟုတ်သည့်အပြင် သူတို့မည်မျှကောင်းအောင်လုပ်သည်ဖြစ်စေ ယင်းတို့အားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့် ဖြစ်သည့်အပြင် သူတို့လုပ်ဆောင်သင့်သည့်အရာလည်း ဖြစ်သည် ဟု ပြောမည်မဟုတ်ပေ။ အဘယ့်ကြောင့် ထိုသူတို့သည် ထိုအရာများကို မပြောကြသနည်း။ အကြောင်းမှာ လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို သူတို့ ကြောက်ရွံ့စိုးရိမ်သောကြောင့်ဖြစ်သည်။ ဤအကြောင်းကြောင့် ထိုသို့သောလူတို့သည် ဘုရားသခင်ကို သဘောပေါက် နားလည်ရန် မည်သည့်အခါမျှ ကြိုးစားအားထုတ်မှုမရှိ သည်နှင့်အညီ ဘုရားသခင်ကို မည်သည့်အခါမျှ မချီးမြှောက်၍ ဘုရားသခင်ကို မည်သည့်အခါမျှ သက်သေမခံခြင်းဖြစ်သည်။ ဘုရားသခင်ကို သဘောပေါက်နားလည်ခြင်းမရှိဘဲ သူတို့သည် ဘုရာသခင်ကို သိရှိနိုင်ကြမည်လော။ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် “ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်” ဟူသောစကားလုံးတို့သည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း ၎င်းတို့၏အနက်အဓိပ္ပာယ်ကား လူတိုင်းအတွက် ခြားနားနိုင် သည်။ ဘုရားသခင်ကို မကြာခဏမနာခံသောသူ၊ ဘုရားသခင်ကို ဆန့်ကျင်သောသူနှင့် ဘုရားသခင်အပေါ် ရန်လိုသောသူအဖို့ ၎င်းသည် ပြစ်တင်ရှုတ်ချခြင်းဟု ဆိုလိုသည်။ သမ္မာတရား၏ စစ်မှန်မှုကို လိုက်စားသောသူ၊ ဘုရားသခင်၏အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့တော်မှောက်သို့ မကြာခဏ လာသောသူအဖို့မူ ထိုသို့သော စကားများကို လွယ်ကူသကဲ့သို့ မှတ်ယူပေသည်။ ထို့ကြောင့် သင်တို့အထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏အမှုတော်အကြောင်း ပြောဆိုသည်ကို အချို့က ကြားသောအခါ သူတို့ခေါင်း စကိုက်လာပြီး သူတို့၏စိတ်နှလုံးသည် ဆန့်ကျင်မှုနှင့် ပြည့်နှက်လာကာ အလွန်ပင် မနေတတ်မထိုင်တတ်ဖြစ်လာကြသည်။ သို့သော် သင်တို့အထဲ၌ ဤသို့တွေးသော အခြားသူများရှိသည်၊ ဤအကြောင်းအရာသည် ငါအမှန်တကယ်လိုအပ်သော အကြောင်းအရာဖြစ်သည်၊ အကြောင်းမှာ ဤအကြောင်းအရာ သည် ငါ့အဖို့ အလွန်အကျိုးကျေးဇူးရှိသည်။ ၎င်းသည် ငါ့ဘဝအတွေ့အကြုံ၌ လစ်ဟာ၍မရနိုင်သည့်အပိုင်းဖြစ်ပြီး အထူးအခရာကျကာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အုတ်မြစ်ဖြစ်လျက် လူသားများက မစွန့်လွှတ်နိုင်သည့် အရာဖြစ်သည်။ သင်တို့အားလုံးအတွက် ဤအကြောင်းအရာ သည် နီးသည်ဟု ထင်ရသလို ဝေးသည်ဟုလည်း ထင်ကောင်းထင်နိုင်သည်။ မသိသော်လည်း ရင်းနှီးသည်ဟု ထင်ကောင်း ထင်နိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဤအကြောင်းအရာသည် ဤနေရာ၌ လူတိုင်းက နားထောင် ရမည့်အရာ၊ သိရှိကာ သဘောပေါက်နားလည် ရမည့်အရာ ဖြစ်သည်။ ဤအကြောင်းအရာကို သင်မည်သို့ ကိုင်တွယ်သည်ဖြစ်စေ၊ မည်သို့မြင်သည်ဖြစ်စေ သို့မဟုတ် သင်မည်သို့ လက်ခံသည်ဖြစ်စေ ဤအကြောင်းအရာ၏ အရေးပါမှုကို လျစ်လျူရှု၍မရနိုင်ပေ။

ဘုရားသခင်သည် လူသားကိုဖန်ဆင်းပြီးကတည်းက သူ့အမှုတော်ကို သူလုပ်လျက်နေတော်မူ၏။ အစပိုင်းမှာ အမှုသည် အလွန်ရိုးရှင်းခဲ့သော်လည်း ထိုအမှု၌ ဘုရားသခင်၏ အနှစ်သာရ နှင့် စိတ်သဘောထားတို့၏ ဖော်ပြမှုများ ပါဝင်နေဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်၏အမှုတော်မှာ ယခုမြှင့်တင်ခြင်းခံရသောအခါ သူ့နောက်ကိုလိုက်သော လူတိုင်းအပေါ် ပမာဏကြီးမားလှသည့် ခိုင်မာသောအမှုကိုပြုလျက် သူ၏နှုတ်ကပတ်တော်ကို ဖော်ပြ လျက်နေ၏၊ အစအဦးမှစ၍ ယနေ့ချိန်ခါထိ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားများထံမှ ဖုံးကွယ်ထားသည်။ ကိုယ်တော်သည် သမ္မာကျမ်းစာအချိန်မှစပြီး ယနေ့ချိန်ခါထိ လူ့ဇာတိကိုနှစ်ကြိမ်ခံယူခဲ့ပြီးသော်လည်း ဘုရားသခင်၏ ဇာတိ အဖြစ်တော်အမှန်ကို မည်သူတွေ့ဖူးသနည်း။ သင်တို့၏ နားလည်မှုအရ ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို တစ်စုံတစ်ယောက်တွေ့ဖူးသလော။ မတွေ့ဖူးကြပေ။ မည်သူမျှ ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို မတွေ့ဖူးကြပေ။ မည်သူမျှ ဘုရားသခင်၏ ပင်ကိုအမှန်ကို မတွေ့ဖူးကြဟု ဆိုလိုသည်။ ဤသည်မှာ လူတိုင်းသဘောတူသည့် အရာပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏ ဇာတိ အဖြစ်တော်အမှန် သို့မဟုတ် ဘုရားသခင်၏ဝိညာဉ်တော်သည် သူဖန်ဆင်းခဲ့သည့် အာဒံနှင့်ဧဝ၊ သူလက်ခံခဲ့သော ဖြောင့်မတ်သည့် ယောဘအပါအဝင် လူသားမျိုးနွယ်အားလုံးထံမှ ဖုံးကွယ်ထားခဲ့သည်။ ထိုသူတို့သည်ပင် ဘုရားသခင်၏ ဇာတိအဖြစ်တော်အမှန်ကို မတွေ့မြင်ခဲ့ကြပေ။ သို့သော် ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်အမှန်ကို တမင်တကာ အဘယ့်ကြောင့် ဖုံးကွယ်ထားသနည်း။ အချို့က “ဘုရားသခင် သည် လူများအထိတ်တလန့် ဖြစ်သွားမည်ကို စိုးရွံ့သည်” ဟူ၍ဆိုကြသည်။ အခြားသူများကလည်း “လူသားသည် အလွန်သေးငယ်ပြီး ဘုရားသခင်မှာ အလွန်ကြီးမားသောကြောင့် ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်အမှန်ကို ဖုံးကွယ်ထား သည်။ လူများသည် ဘုရားသခင်ကို တွေ့မြင်ခွင့်မရှိပါ၊ တွေ့မြင်မိလျှင် သေသွားနိုင်ပါသည်” ဟူ၍ ဆိုကြပြန်သည်။ “ဘုရားသခင်သည် နေ့စဉ် သူ့အမှုတော်ကို စီမံခန့်ခွဲလျက် အလုပ်များနေ၏၊ လူများ သူ့အား မြင်စေဖို့ ထင်ရှားပြရန် သူ၌ အချိန်မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်” ဟူ၍ဆိုကြသော လူအချို့ရှိသေးသည်။ သင်တို့ မည်သို့ပင်ယုံကြည်ကြပါစေ၊ အရေးမကြီးပေ၊ ငါ၌သုံးသပ်ချက်တစ်ခုရှိသည်။ ထိုသုံးသပ်ချက် ကား အဘယ်သို့နည်း။ ယင်းမှာ ဘုရားသခင်သည် မိမိ၏ ဇာတိအဖြစ်တော်အမှန်ကို လူသားများ တွေ့မြင်ရန်ပင် အလိုမရှိ ခြင်းဖြစ်သည်။ လူသားများထံမှ ပုန်းကွယ်နေခြင်းသည် ဘုရားသခင် တမင်တကာလုပ်ဆောင်ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် မိမိ၏ဇာတိအဖြစ်တော်အမှန်ကို လူသားများ မတွေ့မြင်ရန်မှာ ဘုရားသခင်၏ရည်ရွယ်ချက်ဖြစ်သည်။ ယခုမူ အားလုံးရှင်းလင်းသွားသင့်ပေပြီ။ အကယ်၍ ဘုရားသခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို မည်သူ့ကိုမျှ မဖော်ပြဖူးလျှင် ဘုရားသခင်၏ ဇာတိအဖြစ်တော်တည်ရှိခြင်းကို သင်တို့ ယုံကြည်မည်လော။ (ကိုယ်တော်သည် အမှန်တကယ် တည်ရှိပါ သည်။) မှန်ပေသည်၊ ကိုယ်တော်တည်ရှိသည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော် တည်ရှိခြင်းသည် ငြင်းပယ်၍မရသော အရာဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ဇာတိအဖြစ်တော်မှာ အဘယ်မျှလောက်ကြီးသည် သို့မဟုတ် မည်သည့်အရာနှင့် တူသည် စသည့်မေးခွန်းများကို လူသားများက စုံစမ်း မေးမြန်း သင့်သလော။ မမေးမြန်းသင့်ပေ။ အဖြေမှာ ဆန့်ကျင်သော သဘောရှိသည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် ငါတို့စူးစမ်းသင့်သည့် အကြောင်းအရာမဟုတ်လျှင် ငါတို့စူးစမ်း သင့်သည့်မေးခွန်းကား အဘယ်အရာနည်း။ (ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပါသည်။) (ဘုရားသခင်၏အမှုတော် ဖြစ်ပါ သည်။) တကယ့်အကြောင်းအရာကို စတင်ပြောဆိုခြင်းမပြုမီ ခုနက ငါတို့ဆွေးနွေးခဲ့သောအရာဆီသို့ ပြန်သွားကြစို့။ ဘုရား သခင်သည် မိမိ၏ ဇာတိအဖြစ်တော်ကို အဘယ့်ကြောင့် လူသားများအား မည်သည့်အခါမျှ မပြဖူးသနည်း။ ဘုရား သခင်သည် မိမိ၏ဇာတိအဖြစ်တော်ကို လူသားများထံမှ အဘယ့်ကြောင့် တမင်တကာဖုံးကွယ်ထားသနည်း။ အကြောင်း ပြချက် တစ်ခုသာရှိသည်။ ၎င်းမှာ ဖန်ဆင်းခံ လူသားသည် ဘုရားသခင်၏အမှု နှစ်ပေါင်းထောင်ချီကို ဖြတ်သန်းခဲ့ရ သော်လည်း ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အနှစ်သာရကို သိရှိသူ တစ်ယောက်မျှ မရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမြင်၌ ထိုသို့သောသူများသည် သူ့ကိုဆန့်ကျင်နေကြသူများသာ ဖြစ်ပြီး ဘုရားသခင်သည် မိမိအပေါ် ရန်လိုနေသူများထံသို့ သူ့ကိုယ်ကိုပြလိမ့်မည် မဟုတ်ပေ။ ၎င်းသည် ဘုရားသခင်က သူ၏ဇာတိအဖြစ်တော်ကို လူသားများအား မည်သည့်အခါမျှ မပြသသည့် တစ်ခုတည်းသော အကြောင်းရင်းနှင့် လူသားများ ထံမှ သူ၏ဇာတိအဖြစ်တော်ကို တမင်တကာ ကွယ်ထားခြင်း၏ အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်၏စိတ်သဘောထားကို သိရှိခြင်း၏အရေးပါပုံကို ယခုသင်တို့ ရှင်းကြပြီလော။

ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက သူ့အမှုကို အကောင်အထည်ဖော်ရန် အစဉ်အမြဲ အပြည့်အဝ အချိန်ပေး မြှုပ်နှံနေခဲ့သည်။ ကိုယ်တော်သည် လူသားများထံမှ သူ၏ဇာတိ အဖြစ်တော်ကို ဖုံးကွယ်ထားသော်လည်း လူတို့အပေါ်တွင် အမှုပြုလျက်၊ သူ၏စိတ်သဘောထားကို ဖော်ပြလျက်၊ လူသားမျိုးနွယ်များကို သူ၏အနှစ်သာရနှင့် လမ်းပြပေးလျက် လူသားဘေးတွင် အမြဲရှိနေခဲ့သည်။ ထို့ပြင် သူ၏အစွမ်းတန်ခိုး၊ သူ၏ဉာဏ်ပညာနှင့် သူ၏အခွင့်အာဏာတို့အားဖြင့် တစ်ယောက် ချင်းစီအပေါ်တွင် သူ၏အမှုကို ပြုနေခဲ့သည်။ ထိုသို့ဖြင့် ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် ယနေ့နိုင်ငံတော်ခေတ် ဟူ၍ ရှိလာရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိ အဖြစ်တော်ကို လူသားများထံမှ ဖုံးကွယ်ထားသော်လည်း သူ၏စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် သူ၏အရာအားလုံးတို့ အပြင် လူသားများအတွက် သူ၏အလိုတော်ကိုမူ လူသားများ မြင်တွေ့ပြီး တွေ့ကြုံနိုင်ရန် မခြွင်းမချန် ဖော်ပြတော်မူ၏။ တစ်နည်းအားဖြင့် လူသားများသည် ဘုရားသခင်ကိုမမြင်နိုင်၊ မထိတွေ့နိုင်သော်လည်း လူသားမျိုးနွယ်မှ ထိတွေ့ဆက်ဆံနေ ခဲ့သည့် ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရတို့သည် ဘုရားသခင်ကိုယ်တော်တိုင်၏ ဖော်ပြခြင်း ဧကန်ပင်ဖြစ်သည်။ ၎င်းသည် သမ္မာတရား မဟုတ်ပေလော။ မည်သို့သောနည်းလမ်း၊ သို့မဟုတ် မည်သို့သောရှုထောင့်ဖြင့် ဘုရားသခင်သည် မိမိအမှုကို ပြုသည်ဖြစ်စေ ဘုရားသခင်သည် သူပြုသင့်သည့်အရာကို ပြုလျက် သူပြောသင့်သည့်အရာကိုပြောကာ လူသားတို့ကို မိမိ၏စစ်မှန်သည့် ကိုယ်ပိုင်လက္ခဏာဖြင့် အမြဲဆက်ဆံ၏။ ဘုရားသခင်သည် တတိယကောင်းကင်တွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် ဇာတိခန္ဓာထဲတွင် တည်နေကောင်း တည်နေနိုင်သည်၊ သို့မဟုတ် သာမန်လူသားအဖြစ်ပင် ဖြစ်နေနိုင်သည်၊ မည်သည့်အနေအထားမှ ဘုရားသခင်ပြောဆို သည်ဖြစ်စေ၊ သူသည် လှည့်စားခြင်းနှင့် ဖုံးကွယ်ထားခြင်းမရှိဘဲ မိမိ၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် လူသားတို့ကို အစဉ်အမြဲ ပြောဆို၏။ ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင် သောအခါ မိမိ၏နှုတ်ကပတ်တော်နှင့် စိတ်သဘောထားကို ဖော်ပြပြီး မိမိ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို မည်သည့်အရာမျှ ခြွင်းချန်ထားခြင်းမရှိဘဲ ဖော်ပြ၏။ လူသားမျိုးနွယ်ကို မိမိ၏အသက်၊ မိမိ၏ဖြစ်ခြင်းနှင့် အရာအားလုံးတို့ဖြင့် သူလမ်းပြ၏။ ဤသည်ကား လူသားမျိုးနွယ်၏ အစပျိုးရာခေတ် ဖြစ်သည့် ပညတ်တရားခေတ်၌ မြင်တွေ့၍မရ၊ ထိတွေ့၍မရသော ဘုရားသခင်၏ လမ်းပြခြင်းဖြင့် လူသားများ မည်ကဲ့သို့ အသက်ရှင်ခဲ့သည့်အကြောင်းဖြစ်သည်။

ဘုရားသခင်သည် ပညတ်တော်ခေတ်ပြီးနောက် ပထမဆုံး အကြိမ် လူ့ဇာတိကိုခံယူခဲ့သည်။ ထိုသို့လူ့ဇာတိ ခံယူခြင်းသည် သုံးဆယ့်သုံးနှစ်ခွဲကြာခဲ့သည်။ လူသားတစ်ယောက်အတွက် သုံးဆယ့်သုံးနှစ်ခွဲသည် ရှည်ကြာသော အချိန်ဟုတ်သလော။ (မရှည်ကြာပါ။) လူသားများ၏ပျှမ်းမျှသက်တမ်းသည် နှစ်ပေါင်း သုံးဆယ်ထက် များစွာရှည်လျားသည်နှင့်အညီ ထိုသက်တမ်းမှာ လူသားတစ်ဦးအတွက် အလွန်ရှည်လျားသည့် အချိန်ကာလ မဟုတ်ပေ။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ သုံးဆယ့်သုံးနှစ်ခွဲသည် အလွန်ကြာသည်။ သူသည် လူပုဂ္ဂိုလ် တစ်ဦးဖြစ်လာပြီး ဘုရားသခင်၏ အမှုတော်နှင့် တာဝန်ပေး စေခိုင်းချက်ကို ထမ်းဆောင်ခဲ့သော သာမန်လူတစ်ယောက်ပင် ဖြစ်သည်။ ထိုသို့ဆိုရာတွင် သာမန်လူတစ်ဦးမခံရပ်နိုင်သော ဆင်းရဲဒုက္ခကို သည်းခံလျက် သာမန်လူတစ်ဦး မနိုင်နင်းသည့် အမှုကို တာဝန်ယူခဲ့သည်ဟု ဆိုလိုသည်။ သူ၏အမှုတော်အစမှ ကားတိုင်ပေါ် သံမှိုစွဲနှက်ခြင်းခံရသည်အထိ ကျေးဇူးတော်ခေတ် အတွင်း သခင်ယေရှုခံစားခဲ့ရသည့် နာကျင်မှုပမာဏ၊ ယနေ့ လူသားများက မျက်မြင်တွေ့နိုင်မည့်အရာမျိုး မဟုတ်သော်လည်း အနည်းဆုံးအနေဖြင့် သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသည့် အကြောင်းအရာများအားဖြင့် ၎င်းကို အနည်းငယ်လောက်မျှ သင်တို့ နားလည်နိုင်သလော။ ထိုမှတ်တမ်းတင်ထားသည့် အချက်အလက်များတွင် အသေးစိတ်အချက်များ မည်မျှရှိသည် ဖြစ်စေ၊ ခြုံကြည့်သော် ဤကာလအတွင်း ဘုရားသခင်၏ အမှုသည် ခက်ခဲမှုနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေခဲ့သည်။ ပျက်စီးနေသည့် လူသားတစ်ယောက်အတွက်ဆိုလျှင် သုံးဆယ့် သုံးနှစ်ခွဲဟူသောအချိန်မှာ ကြာလှသည်မဟုတ်ပေ။ အနည်းငယ် သော ဆင်းရဲဒုက္ခသည် မပြောပလောက်ပေ။ သို့ရာတွင် လူသားအပေါင်းတို့၏ အပြစ်များကို ထမ်းသွားရသောသူ၊ အပြစ်သားများနှင့် အသက်ရှင်နေထိုင် စားသောက်သည့် သန့်ရှင်းပြီး ပြစ်မျိုးမှဲ့မထင်သော ဘုရားသခင်အတွက်မူ ဤဆင်းရဲဒုက္ခသည် အလွန်ကြီးလေးလှသည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ အရာအားလုံး၏သခင်နှင့် အရာအားလုံးကို အုပ်စိုးသူဖြစ်သော်လည်း လောကသို့ သူဆင်းကြွလာသောအခါ ပျက်စီးနေသော လူသားများ၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် နှိပ်စက်မှုကို ခံခဲ့ရသည်။ ကိုယ်တော်သည် သူ၏အမှုကို ပြီးမြောက်ဖို့နှင့် လူသားများကို ဝေဒနာထဲမှ ကယ်လွတ်ဖို့ရန်အလို့ငှာ လူသားများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး လူအပေါင်းတို့၏ အပြစ်များကို ထမ်းခဲ့ရသည်။ သူကြုံတွေ့ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခပမာဏကို သာမန်လူသားများက ဉာဏ်မီနိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်းမရှိပေ။ ဤဆင်းရဲဒုက္ခသည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ၎င်းသည် လူသားများ အပေါ်၌ ဘုရားသခင်၏ ကြီးမားသောသံယောဇဉ်ကို ကိုယ်စားပြုသည်။ ၎င်းသည် လူသားများကို အပြစ်ထဲမှ ရွေးနုတ်ရန်နှင့် သူ့အမှု၏ဤအဆင့်ကို ပြီးမြောက်ရန် သူခံစားခဲ့ရသည့် အရှက်ကွဲခြင်းနှင့် လူသားတို့၏ ကယ်တင်ခြင်းအတွက် သူပေးဆပ်ခဲ့ရသည့် အဖိုးအခဖြစ်သည်။ လူသားသည် ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနှုတ်ခြင်းခံရလိမ့်မည်ဟုလည်း ဆိုလိုသည်။ ၎င်းသည် အသွေးဖြင့်၊ အသက်ဖြင့် ပေးချေရသော အဖိုးအခဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါများ မတတ်နိုင်သောအရာဖြစ်သည်။ သူ၌ ဘုရားသခင်၏အနှစ်သာရရှိပြီး သူသည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့နှင့် ပြည့်စုံသောကြောင့် ဤသို့သော ဆင်းရဲဒုက္ခနှင့် ဤသို့သောအမှုကို သူထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ဤအရာသည် သူ့ကိုယ်စား မည်သည့်ဖန်းဆင်းခံ သတ္တဝါမျှ မလုပ်နိုင်သောအရာ ဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏အမှုဖြစ်ပြီး သူ၏ စိတ်သဘောထားကို ဖော်ပြခြင်းလည်းဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအကြောင်း တစ်စုံ တစ်ရာကို ဖော်ပြသလော။ ၎င်းကို လူသားများ သိထိုက်သလော။

ထိုကာလ၌ လူသားတို့သည် ဘုရားသခင်၏ ဇာတိ အဖြစ်တော်ကို မမြင်ရသော်လည်း သူတို့သည် ဘုရားသခင်၏ အပြစ်ဖြေရာယဇ်ကို ရရှိခဲ့ကြပြီး ဘုရားသခင်အားဖြင့် ကားတိုင်မှ ရွေးနှုတ်ခြင်းခံခဲ့ကြ၏။ လူသားတို့သည် ကျေးဇူးတော်ခေတ် အတွင်း ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အမှုနှင့် ရင်းနှီးမှုမရှိခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့ရာတွင် ထိုကာလအတွင်း၌ ဘုရားသခင်ဖော်ပြခဲ့သည့် စိတ်သဘောထားနှင့် အလိုတော်နှင့် ရင်းနှီးသည့်သူ တစ်စုံတစ်ယောက်ရှိသလော။ လူသားသည် မတူညီသည့်ခေတ်ကာလများတစ်လျှောက်တွင် အမျိုးမျိုးသော လမ်းကြောင်းများမှတစ်ဆင့် ဘုရားသခင်အမှု၏ အသေးစိတ် အကြောင်းအရာများကို သိရုံမျှသာရှိသည်၊ သို့မဟုတ် ဘုရားသခင်သည် သူ့အမှုကို လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင် ဖြစ်ပျက်ခဲ့သည့် ဘုရားသခင်နှင့် ဆက်စပ်သည့် အကြောင်းအရာများကိုသာ သိရှိသည်။ ဤအသေးစိတ်အချက်အလက်များနှင့် အဖြစ်အပျက်များသည် ဘုရားသခင်နှင့်ပတ်သက်သည့် သတင်းအချက်အလက် သို့မဟုတ် ထုံးဟောင်းပုံပြင်များသာဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် ဘာမျှပတ်သက်မှု မရှိပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် အကြောင်းအရာ မည်မျှပင် သိနေပါစေ ထိုသို့သိရှိခြင်းက သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို နက်နဲသော နားလည် သဘောပေါက်မှုရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ပညတ်တော်ခေတ် နည်းတူ ကျေးဇူးတော်ခေတ်မှ လူများသည် လူ့ဇာတိရှိ ဘုရားသခင်ကို နီးနီးကပ်ကပ်နှင့် ရင်းနှီးသော ဆက်ဆံမှုကို တွေ့ကြုံခဲ့ကြသော်လည်း ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရအပေါ် သူတို့၏ သိကျွမ်းခြင်းသည် အမှန်တကယ် မတည်ရှိခဲ့ပေ။

နိုင်ငံတော်ခေတ်တွင် ပထမအကြိမ်ပြုခဲ့သကဲ့သို့ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို နောက်ထပ်တစ်ခါ ခံယူ ခဲ့သည်။ ဤအမှုကာလတွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်းဖော်ပြလျက် သူလုပ်သင့် သော အမှုကို လုပ်ဆောင်ကာ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ဖော်ပြဆဲရှိ၏။ တစ်ချိန်တည်းမှာပင် လူသားတို့၏ မနာခံမှုနှင့် မသိနားမလည်မှုကို သူဆက်လက်အောင့်အည်း သည်းခံခဲ့သည်။ ဘုရားသခင်သည် ဤအမှုကာလ၌ သူ၏ စိတ်သဘောထားကို စဉ်ဆက်မပြတ်ဖော်ပြပြီး သူ၏ အလိုတော်ကို ဖော်ပြသည်မဟုတ်လော။ ထို့ကြောင့် လူသားကို ဖန်ဆင်းသည့်အချိန်မှစ၍ယနေ့ထိ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ဖြစ်ခြင်းနှင့် အရာအားလုံး၊ သူ၏ အလိုတော်တို့ကို လူအယောက်တိုင်းထံ အစဉ်ဖွင့်ပြထား၏။ ဘုရားသခင်သည် သူ၏ အနှစ်သာရ၊ သူ၏စိတ်သဘောထားနှင့် သူ၏အလိုတော်တို့ကို မည်သည့်အခါမျှ တမင်တကာ ဖုံးကွယ်မထားဖူးပေ။ လူသားများကသာ ဘုရားသခင် လုပ်ဆောင်နေသည့်အရာနှင့် ဘုရားသခင်၏ အလိုတော်ကို အလေးမထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ လူသား၏နားလည်ခြင်းသည် အလွန် သိမ်ဖျင်းလှခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် သူ၏ဇာတိအဖြစ်တော်ကို ဖုံးကွယ်ထားစဉ် သူ၏အလိုတော်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရများကို ထင်ရှားစွာ ဖော်ပြလျက် သူသည် အချိန်တိုင်း၌ လူသားတို့၏ အနားမှာ ရပ်လျက်နေတော်မူ၏။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ဇာတိအဖြစ်တော်ကို လူတို့ထံဖွင့်ပြသော်လည်း လူသားတို့၏ မျက်ကန်းမှုနှင့် မနာခံမှုတို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပုံပန်းသဏ္ဌာန်ကို အစဉ်အမြဲ မမြင်တွေ့နိုင်ကြပေ။ ဤသို့ဆိုလျှင် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင်ကို နားလည်ခြင်းသည် လူတိုင်းအတွက် လွယ်ကူ သင့်သည်မဟုတ်လော။ ၎င်းသည် ဖြေဆိုရန် အလွန်ခက်ခဲသော မေးခွန်းဖြစ်၏၊ မှန်သလော။ ၎င်းသည် လွယ်ကူသည်ဟု သင်တို့ဆိုနိုင်သည်။ သို့သော် လူအချို့ ဘုရားသခင်ကို သိကျွမ်းဖို့ ရှာဖွေကြသောအခါ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် မသိရှိနိင်ကြ သို့မဟုတ် ဘုရားသခင်ကို ရှင်းလင်းစွာ နားမလည်နိုင်ကြပေ။ အမြဲမထင်မရှား၊ မရေရာသာဖြစ်သည်။ အကယ်၍ သင်တို့က ၎င်းသည် မလွယ်ကူဟုပြောလျှင်လည်း မမှန်ပြန်ပေ။ ဘုရားသခင်၏ အမှုပြုခြင်းခံရသည့်အရာအဖြစ် ကြာမြင့်စွာ ရှိနေခဲ့ပြီးဖြစ်၍ အယောက်စီတိုင်းသည် မိမိတို့၏ အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်နှင့် စစ်မှန်သော အဆက်အသွယ်ရှိသင့်ပြီဖြစ်သည်။ သူတို့သည် အနည်းဆုံး မိမိတို့၏နှလုံးသားထဲတွင် ဘုရားသခင်ကို အထိုက်အလျောက် သိသင့်သည်၊ သို့မဟုတ် ယခင်က ဝိညာဉ်ရေးရာအဆင့်၌ ဘုရားသခင်နှင့် ဆုံမိခဲ့သင့်သည်။ ထို့ကြောင့် သူတို့၌ ဘုရားသခင်၏စိတ်သဘောထားအပေါ် နားလည် သဘောပေါက် သည့် အမြင်အချို့ အနည်းဆုံး ရှိသင့်သည် သို့မဟုတ် ဘုရားသခင်နှင့်စပ်လျဉ်း၍ နားလည်ခြင်းအချို့ ရှိသင့်သည်။ လူသားသည် ဘုရားသခင်နောက်ကို လိုက်သည့် အချိန်မှစ၍ ယခုထိ လူသားတို့သည် များစွာရရှိပြီးဖြစ်သည်။ သို့သော် လူသား၏ အရည်အချင်း ညံ့ဖျင်းခြင်း၊ မသိနားမလည်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းနှင့် ရည်ရွယ်ချက် အမျိုးမျိုးတို့ဖြစ်သည့် အကြောင်းရင်းအမျိုးမျိုးကြောင့် လူသားတို့သည် ထိုအရာများစွာ ကိုလည်း ဆုံးရှုံးခဲ့ရသည်။ ဘုရားသခင်သည် လူသားတို့ကို လုံလုံလောက်လောက် ပေးအပ်ခဲ့ပြီမဟုတ်လော။ ဘုရားသခင် သည် မိမိ၏ဇာတိအဖြစ်တော်ကို လူသားများထံမှ ဖုံးကွယ်ထား သော်လည်း မိမိ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့အပြင် မိမိ၏ အသက်ဖြင့်ပင် သူတို့ကို ကူညီဖေးမ၏။ ဘုရားသခင်အပေါ် လူသားတို့၏အသိပညာသည် ယခုဖြစ်သည့်အတိုင်းအတာသာ မဖြစ်သင့်ပေ။ ထိုအကြောင်းကြောင့် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင် ဟူသည့် အကြောင်းအရာတို့နှင့်ပတ်သက်၍ သင်တို့နှင့် ဆက်လက်မိတ်သဟာယဖွဲ့ရန် လိုအပ်သည်ဟု ငါယူဆခြင်း ဖြစ်သည်။ ရည်မှန်းချက်မှာ လူသားများအပေါ် ဘုရားသခင် သွန်းလောင်းပေးခဲ့သည့် နှစ်ပေါင်းထောင်နှင့်ချီသည့် ဂရုစိုက်မှု နှင့် အတွေးတို့သည် အချည်းနှီးအဆုံးသတ် မသွားရန်ဖြစ်ပြီး လူသားတို့သည် မိမိတို့အပေါ်ထားသည့် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ်နားလည်ကာ သဘောပေါက်နိုင်ရန် ဖြစ်သည်။ ဤသည်မှာ လူသားတို့သည် ဘုရားသခင်ကို သူတို့၏သိကျွမ်းမှု၌ အဆင့်သစ်ဆီသို့ ရှေ့တိုးနိုင်ရန်ဖြစ်သည်။ ၎င်းသည် လူသားတို့၏နှလုံးသားထဲ၌ ဘုရားသခင်ကို သူ၏နေရာမှန်သို့ ပြန်ပို့ပေးမည်ဖြစ်သည်၊ ဆိုလိုသည်မှာ သူ့ကို တရားမျှတစွာ ဆက်ဆံရန်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။