ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

အပိုင်း တစ်

ဤမိတ်သဟာယဖွဲ့ခြင်းများသည် တစ်ယောက်ချင်းစီတိုင်းအပေါ် ကြီးမားသော သက်ရောက်မှု ရှိသည်။ ယခု နောက်ဆုံးတွင် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှုကို လူတို့အမှန်တကယ် ခံစားနိုင်ပြီဖြစ်သည်။ ဘုရားသခင်သည် သူတို့နှင့် အမှန်တကယ် နီးနီးကပ်ကပ်ရှိနေသည်ဆိုသည်ကို အမှန်တကယ် ခံစားနိုင်ပြီဖြစ်သည်။ လူတို့က ဘုရားသခင်အပေါ် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း သူ၏အတွေးများနှင့် စိတ်ကူးများကို ယခုအချိန်ကဲ့သို့ အမှန်တကယ်နားလည်ခဲ့ခြင်း လုံးဝမရှိကြချေ။ သူ၏လက်တွေ့လုပ်ဆောင်ချက်များကိုလည်း ယခုအချိန်ကဲ့သို့ အမှန်တကယ် တွေ့ကြုံခြင်း မရှိခဲ့ကြချေ။ အသိပညာဖြစ်စေ၊ အမှန်တကယ်လက်တွေ့လုပ်ဆောင်ခြင်းဖြစ်စေ လူအများစုသည် အသစ်တချို့ကို သင်ယူခဲ့ရပြီး နားလည်မှုများ ပိုမိုရရှိခဲ့ကြသည်။ သူတို့၏ ယခင်က ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုများမှ အမှားကို သိမြင်လာကြသည်။ သူတို့ ကြုံတွေ့မှု၏ ပေါ့ပြက်ခြင်းကို သိမြင်လာကြပြီး များပြားလှသော ဤအရာတို့သည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီမှုမရှိကြောင်းကို သိမြင်လာကြသည်။ လူသားတွင် အနည်းပါးဆုံးအရာက ဘုရားသခင်၏ စိတ်သဘောထားကို သိမြင်ခြင်းဖြစ်ကြောင်းကိုလည်း သိမြင်လာကြသည်။ လူတို့၏ ဤအသိပညာသည် အမြော်အမြင်ရှိသော အသိပညာအမျိုးအစား ဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်တတ်သော အသိပညာအဆင့်ကို မြှင့်တင်ရန် သူတို့၏ အတွေ့အကြုံများမှတဆင့် တဖြည်းဖြည်း နက်နဲလာမှုနှင့် ခိုင်မာလာမှုတို့ လိုအပ်သည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် နားမလည်ခင် တစ်ဖက်သတ်အမြင်အရ သူတို့၏နှလုံးသားထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို အမှန်တကယ်ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဘုရားသခင်သည် အမှန်တကယ်တွင် မည်ကဲ့သို့သော ဘုရားသခင်မျိုးနည်း၊ သူ၏အလိုတော်က အဘယ်နည်း၊ သူ၏စိတ်သဘောထားက အဘယ်နည်း၊ လူသားမျိုးနွယ်အပေါ်တွင် သူ၏တကယ့်သဘောထားက မည်သို့ဖြစ်သနည်းဟူသော သီးသန့်မေးခွန်းများအပေါ်တွင် သူတို့ အမှန်တကယ် နားလည်ခြင်း မရှိကြချေ။ ဤအချက်က ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်ချက်ကို အကြီးအကျယ် အထိအခိုက်ဖြစ်စေသည်။ သူတို့၏ ယုံကြည်ခြင်းက သန့်စင်ခြင်း၊ သို့မဟုတ် စုံလင်ခြင်းကို အလွယ်တကူ မရရှိနိုင်ချေ။ သင်က ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မျက်နှာချင်းဆိုင်ရလျှင်ပင်၊ သို့မဟုတ် သင့်အတွေ့အကြုံများမှတဆင့် ဘုရားသခင်ကို ကြုံတွေ့ရပြီဟု ခံစားရလျှင်ပင် သူ့ကို သင်အပြည့်အဝ နားလည်ပြီဟု မဆိုနိုင်သေးချေ။ အကြောင်းမှာ ဘုရားသခင်၏ အတွေးများကို သင်မသိချေ။ သို့မဟုတ် သူဘာကို ချစ်သည်၊ သူဘာကို မုန်းသည်၊ သူ့ကို ဘယ်အရာက ဒေါသထွက်စေသည်၊ သူ့ကို ဘယ်အရာက ပျော်ရွှင်စေသည် ဆိုသည်ကို သင်မသိသည့်အတွက်ကြောင့်ဖြစ်ပြီး သူ့ကို သင်အမှန်တကယ် နားလည်မှုမရှိသောကြောင့်ဖြစ်သည်။ သင်၏ယုံကြည်မှုက ထိုမရေရာမှုများနှင့် စိတ်ကူးထင်မြင်မှုများ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားပြီး သင်၏ တစ်ဖက်သတ် ဆန္ဒပေါ်တွင် အခြေခံထားသည်။ ဤသည်မှာစစ်မှန်သော ယုံကြည်မှုမှ ဝေးကွာဆဲဖြစ်ပြီး စစ်မှန်သော နောက်လိုက်တစ်ယောက်ဖြစ်ရန် အဝေးကြီးလိုသေးသည်။ ဤသမ္မာကျမ်းစာ အဖြစ်အပျက်များဆီမှ ဥပမာများကို ရှင်းပြခြင်းက ဘုရားသခင်၏ နှလုံးသား၊ သူ၏လုပ်ဆောင်မှုအဆင့်တိုင်းတွင် သူမည်သည်ကိုစဉ်းစားသည်၊ ဘာကြောင့် ဤအလုပ်ကိုလုပ်ခဲ့သည်၊ သူလုပ်ဆောင်သည့်အခါတွင် သူ၏နဂိုရည်ရွယ်ချက်နှင့် သူ၏အစီအစဉ်က မည်သည်ဆိုသည်နှင့် သူ၏စိတ်ကူးများကို သူမည်ကဲ့သို့ ရရှိခဲ့ပုံ၊ သူ၏အစီအစဉ်ကို မည်ကဲ့သို့ပြင်ဆင်ပြီး တည်ဆောက်ခဲ့သည် ဆိုခြင်းများကိုသိရန် လူသားကို အခွင့်ပေးခဲ့သည်။ ဤအဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်၏ အသေးစိတ် ရည်ရွယ်ချက်တိုင်းအပေါ် အသေးစိတ်နားလည်ခြင်းနှင့် သူ၏နှစ်ခြောက်ထောင်ကြာသော စီမံခန့်ခွဲမှု လုပ်ဆောင်မှု အချိန်ကာလအတွင်း၌ရှိသော တကယ့်စိတ်ကူးတိုင်း၊ မတူညီသောအချိန်များနှင့် မတူညီသောခေတ်ကာလများတွင် လူသားအပေါ် သူ၏သဘောထားတို့ကို ငါတို့ ရရှိနိုင်သည်။ ဘုရားသခင်က ဘယ်အရာကို စဉ်းစားနေခဲ့သည်၊ သူ၏သဘောထားက မည်ကဲ့သို့ရှိခဲ့သည်ဆိုသည်နှင့် အခြေအနေတိုင်းကို သူရင်ဆိုင်သည့်အခါတွင် သူဖွင့်ပြခဲ့သည့် စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ဆိုသည်များကို နားလည်ခြင်းက လူတိုင်းကို သူ၏ အမှန်တကယ် တည်ရှိမှုကို ပို၍နက်နက်ရှိုင်းရှိုင်း သိမြင်ရန် ကူညီနိုင်ပြီး သူ၏မှန်ကန်မှုနှင့် စစ်မှန်မှုကို ပို၍ နက်နဲစွာ ခံစားရနိုင်သည်။ ဤအဖြစ်အပျက်ဇာတ်လမ်းများကို ပြောရခြင်း၏ ရည်မှန်းချက်သည် လူတို့ ကျမ်းစာဇာတ်လမ်းများကို နားလည်ရန်မဟုတ်သကဲ့သို့ သမ္မာကျမ်းစာ၏ မှတ်စာများနှင့်၊ သို့မဟုတ် ကျမ်းစာထဲမှ လူတို့နှင့် ရင်းနှီးလာရန် ကူညီခြင်းလည်း မဟုတ်ပေ။ အထူးသဖြင့် ပညတ်တော်ခေတ်ကာလအတွင်း၌ ဘုရားသခင်လုပ်ခဲ့သော အကြောင်းရင်းနောက်ခံကို လူတို့ နားလည်အောင် ကူညီပေးရန် မဟုတ်ပေ။ ဘုရားသခင်၏ အလိုတော်၊ သူ၏ စိတ်သဘောထား၊ သူ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုစီတို့ကို လူတို့နားလည်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ပို၍ မှန်ကန်ပြီး တိကျသည့် နားလည်မှုတို့ ရရှိအောင် ကူညီရန်အတွက်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့၏ နှလုံးသားသည် နည်းနည်းချင်း ဘုရားသခင်ဆီသို့ ဖွင့်ဟလာနိုင်သည်။ ဘုရားသခင်နှင့် နီးစပ်လာနိုင်သည်။ သူ၏စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် သူ့ကို လူတို့ ပို၍ နားလည်နိုင်ပြီး စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ကို ပို၍သိလာနိုင်သည်။

ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိမြင်မှုသည် လူသားတို့အပေါ်တွင် အပြုသဘော သက်ရောက်မှု ရှိနိုင်သည်။ ဘုရားသခင်အပေါ်တွင် ယုံကြည်မှုပိုရှိစေရန် ကူညီပေးနိုင်သည်။ သူ့အပေါ်တွင် ကြောက်ရွံ့ပြီး မှန်ကန်သော နာခံမှုကို ရရှိရန် ကူညီပေးနိုင်သည်။ သို့ဆိုလျှင် သူတို့သည် မျက်ကန်းနောက်လိုက်များ မဟုတ်တော့ပေ၊ သို့မဟုတ် သူ့ကို မျက်စိစုံမှိတ် ကိုးကွယ်နေခြင်း မဟုတ်တော့ပေ။ ဘုရားသခင်က လူအလူမိုက်များကို အလိုမရှိချေ။ သို့မဟုတ် လူစုနောက်ကို မျက်စိစုံမှိတ် လိုက်သောသူများကို အလိုမရှိချေ။ သို့သော်လည်း သူတို့နှလုံးသားထဲတွင် ဘုရားသခင်၏ စိတ်သဘောထားအပေါ် ရှင်းလင်းသော နားလည်မှုနှင့် သိမြင်မှုရှိပြီး ဘုရားသခင်၏ သက်သေအဖြစ် ပြုမူနိုင်သောသူများ၊ သူ၏ချစ်မြတ်နိုးဖွယ်ကောင်းမှု၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကြောင့်၊ သူ၏ဖြောင့်မတ်သော စိတ်သဘောထားကြောင့် ဘုရားသခင်ကို လုံးဝ မစွန့်လွှတ်မည့်သူများကို အလိုရှိသည်။ ဘုရားသခင်၏ နောက်လိုက်တစ်ယောက်အနေနှင့် သင့်နှလုံးသားတွင် ကြည်လင်ပြတ်သားမှု နည်းနေသေးလျှင်၊ သို့မဟုတ် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှု၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏အစီအစဉ်တို့နှင့် ပတ်သက်ပြီး ဒွိဟဖြစ်ခြင်းများ၊ သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းများရှိလျှင် သင်၏ယုံကြည်မှုသည် ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်က ဤကဲ့သို့သောလူမျိုးကို သူ့နောက်ကို လိုက်ရန် အလိုမရှိပေ။ ဤကဲ့သို့သောလူမျိုးက သူ့ရှေ့ကို လာခြင်းကိုလည်း ဘုရားသခင် မကြိုက်နှစ်သက်ပေ။ ဤကဲ့သို့သောလူမျိုးက ဘုရားသခင်ကို နားမလည်ခြင်းကြောင့် သူတို့၏နှလုံးသားကို ဘုရားသခင်ကို မပေးအပ်နိုင်ပေ။ သူတို့၏နှလုံးသားက သူ့အတွက် ပိတ်ကာထားသည်။ ထို့ကြောင့် ဘုရားသခင်အပေါ် ဤသူတို့၏ယုံကြည်ခြင်းသည် မသန့်စင်မှုများနှင့် ပြည့်နေသည်။ ဘုရားသခင်နောက်ကို သူတို့၏လိုက်ခြင်းက မျက်ကန်းဟု ခေါ်ဆိုနိုင်သည်။ လူတို့ ဘုရားသခင်အပေါ် စစ်မှန်သော နာခံမှုနှင့် ကြောက်ရွံ့မှုကို ဖန်တီးပေးသည့် ဘုရားသခင်ကို နားလည်ခြင်းနှင့် သိမြင်ခြင်းက သူတို့ဆီ၌ ရှိမှသာလျှင် လူတို့သည် မှန်ကန်သော ယုံကြည်မှုကို ရရှိနိုင်ပြီး စစ်မှန်သော နောက်လိုက်များဖြစ်နိုင်သည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်အပေါ် ဖွင့်ဟရန် သူတို့နှလုံးသားကို ပေးအပ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် လိုချင်သောအရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့လုပ်သည့်၊ စဉ်းစားသည့်အရာတိုင်းသည် ဘုရားသခင်၏ စမ်းသပ်စစ်ဆေးမှုကို ခံနိုင်ရည်ရှိပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား၊ သို့မဟုတ် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သို့မဟုတ် သူ၏အလိုတော်နှင့် သူလုပ်ဆောင်သောအရာတိုင်းတွင် သူ၏တွေးထင်မှု၊ မည်သည့်ရှုထောင့်မှဖြစ်စေ၊ မည်သည့်ရှုထောင့်အမြင်မှ ငါပြောသည်ဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်ပြီး ငါသင်တို့နှင့် ဆွေးနွေးပြောဆိုသမျှအရာတိုင်းသည် ဘုရားသခင်၏ စစ်မှန်သော တည်ရှိမှုကို သင်တို့ ပို၍ သေချာစေရန်အတွက် ကူညီရန်ဖြစ်ပြီး လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းကို ပို၍အမှန်တကယ်နားလည်ပြီး အသိအမှတ်ပြုစေရန်၊ လူသားတို့အတွက် ဘုရားသခင်၏ အရေးစိုက်မှု၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်ရန်အတွက် သူ၏စိတ်ရင်းဖြစ်သော ဆန္ဒများကို ပို၍အမှန်တကယ်နားလည်ပြီး အသိအမှတ်ပြုစေရန် ကူညီရန်အတွက်ဖြစ်သည်။

လူသားတို့ကို ဖန်ဆင်းသည့်အချိန်ကတည်းက ဘုရားသခင်၏ အတွေးများ၊ စိတ်ကူးများနှင့် လှုပ်ရှားမှုတိုင်းကို ငါတို့သည် ယနေ့ အရင် အနှစ်ချုပ်ကြပြီး ကမ္ဘာကိုဖန်ဆင်းခြင်းမှ ကျေးဇူးတော်ခေတ် တရားဝင် စတင်ခြင်းအထိ သူဆောင်ရွက်ခဲ့သည့်အလုပ်များကို ကြည့်မည်ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ မည်သည့်အတွေးများနှင့် စိတ်ကူးများကို လူသားတို့ မသိရှိသနည်းဆိုသည်ကို ငါတို့ ရှာဖွေသိရှိနိုင်ပြီး ထိုနေရာမှစကာ စီမံခန့်ခွဲမှုအတွက် ဘုရားသခင်စီမံမှု၏ အစီအစဉ်ကို ငါတို့ ရှင်းလင်းအောင်ပြုလုပ်နိုင်ပြီး ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုအလုပ်ကို ဖန်ဆင်းခဲ့သော အကြောင်းအရာ၊ ယင်း၏ အရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်စဉ်ကို သေချာစွာ နားလည်နိုင်ပြီး သူ၏စီမံခန့်ခွဲမှုအလုပ်မှတဆင့် မည်သည့်ရလဒ်များကို သူရရှိလိုသည်ဆိုသည်ကို၊ တစ်နည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ်၏ အဓိကအချက်နှင့် ရည်ရွယ်ချက်များကိုလည်း သေချာစွာ နားလည်နိုင်သည်။ ဤအရာများကိုနားလည်ရန်၊ လူသားတို့မရှိခဲ့သော၊ ဝေးကွာသော၊ တည်ငြိမ်ပြီး တိတ်ဆိတ်သောအချိန်ကို ငါတို့ ပြန်သွားရန်လိုသည်။

ဘုရားသခင်က သူ့အိပ်ယာမှ ထလာသည့်အချိန်တွင် သူပထမဆုံး စဉ်းစားသောအရာက ဤသို့ဖြစ်သည်၊ သူနှင့်အတူနေထိုင်ရန်လူတစ်ယောက်၊ သူ၏ အမြဲတမ်းအဖော်ဖြစ်သော သက်ရှိလူစစ်မှန်သော သက်ရှိလူပုဂ္ဂိုလ်တစ်ယောက်ကို ဖန်ဆင်းရန်ဖြစ်သည်။ ဤလူသည် သူ့ကို နားထောင်နိုင်ပြီး ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချနိုင်ပြီး သူနှင့်စကား ပြောဆိုနိုင်သည်။ ထို့နောက်တွင် ပထမဆုံးအကြိမ် ဘုရားသခင်သည် မြေမှုန့်လက်တစ်ဆုပ်စာကိုယူပြီး သူစိတ်ကူးထားသည့်အတိုင်း ပထမဆုံးသော သက်ရှိလူသားတစ်ယောက်ကို ဖန်ဆင်းရန် အသုံးပြုလိုက်သည်၊ ထို့နောက်တွင် ဤသက်ရှိဖန်ဆင်းခံကို အာဒံဟူသော အမည်တစ်ခု ပေးလိုက်သည်။ အသက်ရှင်ပြီး အသက်ရှူသော ဤလူကို ဘုရားသခင်ရပြီးသည်နှင့် သူမည်သို့ ခံစားခဲ့ရသနည်း။ ပထမဆုံးအကြိမ် ချစ်ခင်သူတစ်ယောက်၊ အဖော်တစ်ယောက်ရှိခြင်း၏ ပျော်ရွှင်မှုကို သူခံစားခဲ့ရသည်။ ဖခင်ဖြစ်ရခြင်း၏ တာဝန်ဝတ္တရားနှင့် ၎င်းနှင့်အတူပါလာသော စိုးရိမ်မှုလည်း ခံစားခဲ့ရသည်။ အသက်ရှင်ပြီး အသက်ရှူသွင်းသော ဤလူသည် ဘုရားသခင်ကို ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်မှုကို ယူလာပေးခဲ့သည်၊ သူသည် ပထမဆုံးအကြိမ် စိတ်သက်သာရာရမှုကို ခံစားခဲ့ရသည်။ ဤသည်မှာ သူ၏အတွေးများ၊ သို့မဟုတ် နှုတ်ကပတ်တော်များနှင့်ပင် ပြီးမြောက်စေခြင်းမဟုတ်ဘဲ သူ၏ကိုယ်ပိုင် လက်နှစ်ဘက်နှင့် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သော ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာဖြစ်သည်။ ဤသက်ရှိအမျိုးအစား၊ ကိုယ်ခန္ဓာပုံသဏ္ဌာန်နှင့်၊ အသွေးအသားနှင့်ပြုလုပ်ထားသော၊ ဘုရားသခင်နှင့် စကားပြောနိုင်သော အသက်ရှင်သော၊ အသက်ရှူသော လူတစ်ယောက်သည် ဘုရားသခင်ရှေ့၌ ရပ်သောအခါတွင် ဘုရားသခင်သည် သူယခင်က တစ်ခါမျှ မခံစားရဖူးသည့် ဝမ်းမြောက်မှုမျိုးကို တွေ့ကြုံခံစားခဲ့ရသည်။ သူ၏တာဝန်ဝတ္တရားတို့ကို အမှန်တကယ် ခံစားခဲ့ရပြီး ဤသက်ရှိသည် သူ၏နှလုံးသားကို ဆောင့်ဆွဲလိုက်ရုံမျှမကဘဲ သူ၏သေးငယ်သော လှုပ်ရှားမှုတိုင်းက သူ့ကို ထိတွေ့ခံစားစေပြီး သူ၏နှလုံးသားကို နွေးထွေးစေခဲ့သည်။ ထို့ကြောင့် ဤသက်ရှိသည် ဘုရားသခင်၏ရှေ့၌ ရပ်သောအခါတွင် ဤကဲ့သို့သောလူများ ထပ်မံရရှိအောင်လုပ်ရန် အတွေးကို ပထမဆုံးအကြိမ် သူရသွားသည်။ ဤသည်မှာ ဘုရားသခင်ဖြစ်ပေါ်ခဲ့သည့် ပထမဆုံးအတွေးနှင့် စတင်လာသည့် ဖြစ်ရပ်များပင်ဖြစ်သည်။ ဘုရားသခင်အတွက် ဤဖြစ်ရပ်အားလုံးသည် ပထမဆုံးအကြိမ်ဖြစ်ပေါ်ခြင်းပင်ဖြစ်သည်၊ သို့သော်လည်း ဤပထမဆုံးဖြစ်ရပ်များ၌ ထိုစဉ်က ဝမ်းမြောက်ခြင်း၊ တာဝန်ဝတ္တရား၊ စိုးရိမ်မှုများ စသဖြင့် သူမည်သို့ ခံစားနေခဲ့ရပါစေ၊ သူ့အတွက် ၎င်းတို့ကို ဝေမျှစရာ တစ်ယောက်မျှ မရှိခဲ့ချေ။ ထိုအချိန်မှစပြီး သူယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသော အထီးကျန်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို ဘုရားသခင်သည် အမှန်တကယ် ခံစားလိုက်ရသည်။ လူသားတို့သည် သူ၏ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်မှု၊ သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ရည်ရွယ်ချက်တို့ကို လက်မခံနိုင်၊ သို့မဟုတ် နားလည်သဘောမပေါက်နိုင်ဟု သူခံစားခဲ့ရသည်၊ ထို့ကြောင့် သူ့နှလုံးသားတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုကို ခံစားရဆဲပင်ဖြစ်သည်။ လူသားအတွက် ဤအရာများကို သူလုပ်ဆောင်ပေးခဲ့သော်လည်း လူသားသည် ၎င်းကို သတိမပြုမိဘဲ နားမလည်ခဲ့ချေ။ ပျော်ရွှင်ခြင်းကလွဲပြီး လူသားက သူ့ထံယူလာပေးသော ဝမ်းမြောက်မှုနှင့် စိတ်သက်သာရာရမှုသည် သူတို့နှင့်အတူ သူ၏ပထမဆုံးသော ဝမ်းနည်းခြင်းနှင့် အထီးကျန်ခြင်းခံစားမှုတို့ကို လျင်မြန်စွာ ယူလာသည်။ ၎င်းတို့သည် ယင်းအချိန်က ဘုရားသခင်၏ စိတ်ကူးများနှင့် ခံစားချက်များဖြစ်သည်။ ဘုရားသခင်က ဤအရာအားလုံးကို လုပ်ဆောင်နေခဲ့စဉ်တွင် သူ့နှလုံးသားဝယ် ဝမ်းမြောက်ခြင်းမှ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းမှ နာကျင်ခြင်းဆီသို့ ပြောင်းလဲသွားပြီး အားလုံးက စိုးရိမ်သောကများနှင့် ရောထွေးနေခဲ့သည်။ သူလုပ်လိုခဲ့သည်က ဤလူကို၊ ဤလူသားမျိုးနွယ်ကို သူ့နှလုံးသားထဲတွင် ရှိသည့်အရာကို သိစေရန်နှင့် သူ၏ရည်ရွယ်ချက်များကို သာ၍လျင်မြန်စွာ နားလည်စေရန်ပင် ဖြစ်သည်။ သို့ဆိုလျှင် ထိုသူတို့သည် သူ၏နောက်လိုက်များဖြစ်လာနိုင်ပြီး သူနှင့် လိုက်ဖက်ညီလာနိုင်သည်။ သူတို့သည် ဘုရားသခင်စကားပြောခြင်းကို နားထောင်ပြီး ဘာမှမပြောဘဲနှင့် နေမည် မဟုတ်တော့ချေ၊ ဘုရားသခင်ကို သူ၏အလုပ်တွင် မည်ကဲ့သို့ ပူးပေါင်းပါဝင်ရမည်ကို မသိခြင်း ဖြစ်မည် မဟုတ်တော့ချေ၊ ဤအချက်များ အားလုံးထက်ပို၍ပင် ဘုရားသခင်၏ သတ်မှတ်ချက်များကို စိတ်ဝင်စားမှုမရှိသောသူများ ဖြစ်မည် မဟုတ်တော့ချေ။ ဘုရားသခင် ပြီးဆုံးအောင်လုပ်ဆောင်ခဲ့သော ဤပထမဆုံးအရာများသည် အလွန်အဓိပ္ပာယ်ရှိပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ့်အတွက်နှင့် ယနေ့လူသားမျိုးနွယ်အတွက် ကြီးမားသော တန်ဖိုးရှိသည်။

အရာအားလုံးနှင့် လူသားတို့ကို ဖန်ဆင်းပြီးနောက်တွင် ဘုရားသခင်သည် အနားမယူခဲ့ပေ။ သူ၏စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် သူမစောင့်နိုင်ခဲ့သကဲ့သို့ လူသားမျိုးနွယ်တို့ထဲတွင် သူအလွန်ချစ်သော လူတို့ကို ရရှိရန်ကိုလည်း သူမစောင့်နိုင်ခဲ့ပေ။

နောက်တစ်ခု၊ ဘုရားသခင်သည် လူသားတို့ကို ဖန်ဆင်းပြီး မကြာခင်တွင် တစ်ကမ္ဘာလုံး၌ ရေလွှမ်းမိုးမှုကြီးဖြစ်ပေါ်စေခြင်းကို သမ္မာကျမ်းစာမှ ငါတို့တွေ့ရသည်။ ရေလွှမ်းမိုးခြင်း မှတ်တမ်းထဲတွင် နောဧအကြောင်းကို ပြောထားသည်။ ဘုရားသခင်၏ အလုပ်တစ်ခုကို ပြီးမြောက်စေရန် သူနှင့်အတူ အလုပ်လုပ်ရန်အတွက် ဘုရားသခင်၏ခေါ်ခြင်းကို ခံရသော ပထမဆုံးလူက နောဧဟု ဆိုနိုင်သည်။ ဟုတ်ပါသည်။ ဤသည်က သူ၏အမိန့်နှင့်အညီ ကမ္ဘာပေါ်တွင် လူတစ်ယောက်ကို တစ်စုံတစ်ခုလုပ်ရန် ဘုရားသခင်ခေါ်ခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ နောဧက သင်္ဘောကြီးကို ဆောက်လုပ်ပြီးသည်နှင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ပထမဆုံးအကြိမ် ရေလွှမ်းမိုးခဲ့သည်။ ဘုရားသခင်က ကမ္ဘာမြေကြီးကို ပထမဆုံးအကြိမ် ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခဲ့သောအခါတွင် လူသားတို့အပေါ် ရွံရှာလွန်းခြင်းကို ခံစားရခြင်းသည် သူတို့ကို ဖန်ဆင်းပြီးကတည်းကဆိုလျှင် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ရေလွှမ်းမိုးခြင်းအားဖြင့် ဤလူသားမျိုးနွယ်ကို ဖျက်ဆီးရန်ဖြစ်သော နာကျင်ဖွယ်ကောင်းသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ရန် ဘုရားသခင်ကို ဖိအားပေးခဲ့သည့်အရာက ဤအရာပင်ဖြစ်သည်။ ရေလွှမ်းမိုးခြင်းက ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီးသောနောက်တွင် ဘုရားသခင်သည် ဤကဲ့သို့နောက်တစ်ကြိမ် ဘယ်တော့မျှထပ်မလုပ်တော့ဟုဆိုသော သူ၏ ပထမဆုံး ပဋိညာဉ်ကို လူသားနှင့် ပြုလုပ်ခဲ့သည်။ ဤပဋိညာဉ်၏ သင်္ကေတက သက်တံပင်ဖြစ်သည်။ ၎င်းသည် လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ ပထမဆုံး ပဋိညာဉ်ဖြစ်သည်။ ထို့ကြောင့် သက်တံသည် ဘုရားသခင်က ပေးအပ်သော ပဋိညာဉ်၏ ပထမဆုံး သင်္ကေတဖြစ်သည်။ ဤသက်တံသည် အမှန်တကယ် တည်ရှိသော ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုဖြစ်သည်။ ဘုရားသခင် ဆုံးရှုံးခဲ့သော ယခင်က လူသားမျိုးနွယ်အတွက် ဝမ်းနည်းခြင်းကို သူ့အား မကြာခဏ ခံစားရစေမှုမှာ ဤသက်တံ၏ တည်ရှိမှုပင်ဖြစ်ပြီး သူတို့အပေါ်တွင် ဘာဖြစ်ခဲ့သည်ဆိုခြင်းနှင့်ပတ်သက်ပြီး သူ့အတွက် အမြဲတမ်း သတိပေးနေသောအရာဖြစ်သည်။ ဘုရားသခင်က သူ၏ ခြေလှမ်းကို နှောင့်နှေးသွားစေမည် မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှုနောက်တစ်ဆင့်သို့ တက်ရန် သူမစောင့်နိုင်ပေ။ နောက်ပိုင်းတွင် ဣသရေလနိုင်ငံတစ်လျှောက် သူ၏အလုပ်အတွက် သူ၏ ပထမဆုံးရွေးချယ်မှုအနေနှင့် အာဗြဟံကို ဘုရားသခင် ရွေးချယ်ခဲ့သည်။ ဤကဲ့သို့ သင့်တော်သောလူမျိုးကို ဘုရားသခင်ရွေးချယ်ခြင်းကလည်း ဤသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤလူသားမှတဆင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သော သူ၏အလုပ်ကို စတင်လုပ်ဆောင်ရန်၊ ဤလူသား၏ နောက်မျိုးဆက်တို့ထဲတွင် သူ၏အလုပ်ကို ဆက်လက်ပြုလုပ်ရန် ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့သည်။ ၎င်းသည် ဘုရားသခင်က အာဗြဟံအပေါ် လုပ်ဆောင်ခဲ့သောအရာဖြစ်ကြောင်းကို သမ္မာကျမ်းစာတွင် ငါတို့မြင်နိုင်သည်။ ထို့နောက်တွင် ဘုရားသခင်က ဣသရေလနိုင်ငံကို ပထမဆုံး ရွေးကောက်ခဲ့သော နယ်မြေအဖြစ် ပြုလုပ်ခဲ့ပြီး ဣသရေလလူမျိုးတို့ဖြစ်သော သူ၏ ရွေးချယ်ထားသောသူတို့မှတစ်ဆင့် ပညတ်တော်ခေတ်တွင် သူ၏လုပ်ဆောင်မှုကို စတင်ခဲ့သည်။ ထို့နောက် ပထမဆုံးအကြိမ် ဘုရားသခင်သည် လူသားမျိုးနွယ် လိုက်နာသင့်သော တိကျပြတ်သားသော စည်းမျဉ်းနှင့် ပညတ်တော်တို့ကို ဣသရေလလူမျိုးတို့အတွက် ထောက်ပံ့ပေးခဲ့ပြီး သူတို့ကို အသေးစိတ် ရှင်းပြခဲ့သည်။ လူသားတို့ ယဇ်ပူဇော်ခြင်းကို မည်ကဲ့သို့ပြုလုပ်သင့်သည်၊ သူတို့ မည်ကဲ့သို့နေထိုင်သင့်သည်၊ သူတို့ ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့် စသည်နှင့်၊ မည်သည့်ပွဲတော်များနှင့် မည်သည့်နေ့တို့ကို သူတို့ကျင်းပသင့်သည် စသည်တို့နှင့်၊ သူတို့လုပ်ဆောင်သောအရာရာတိုင်းတွင် လိုက်နာရမည့် နိယာမတို့အတွက် အသေးစိတ်၊ စံသတ်မှတ်ထားသော စည်းမျဉ်းတို့ကို လူသားတို့အတွက် ဘုရားသခင် ပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ လူသားတို့၏ ဘဝအတွက် အသေးစိတ်၊ စံသတ်မှတ်ထားသော ဤကဲ့သို့ စည်းမျဉ်းစည်းကမ်းများကို ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

“ပထမဆုံးအကြိမ်” ဟုငါပြောသောအခါ၌ ဤကဲ့သို့အလုပ်မျိုးကို ဘုရားသခင်က ယခင်က တစ်ခါမျှမလုပ်ဖူးခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။ ယခင်က မရှိခဲ့သော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူသည် သတ္တဝါပေါင်းစုံနှင့် သက်ရှိပေါင်းစုံကို ဖန်ဆင်းခဲ့သော်လည်း ဤကဲ့သို့အလုပ်မျိုးကို သူတစ်ကြိမ်တစ်ခါမျှ မလုပ်ရသေးချေ။ ဤအလုပ်များအားလုံးတွင် လူသားအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု ပါဝင်သည်။ အားလုံးက လူသားတို့နှင့် လူသားတို့ကို သူ၏ကယ်တင်ခြင်း၊ စီမံခန့်ခွဲမှုတို့နှင့် ဆက်စပ်သည်။ အာဗြဟံပြီးနောက်တွင် ဘုရားသခင်သည် နောက်ထပ် ပထမဆုံးအကြိမ် ရွေးချယ်မှုတစ်ခုလုပ်ခဲ့သည်။ ဘုရားသခင်ကို ကြောက်ရွံ့ရင်း၊ မကောင်းမှုကို ရှောင်ကြဉ်ရင်းနှင့် ဘုရားသခင်အတွက် သက်သေခံရင်းနှင့် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းတို့ကို ခံနိုင်ရည်ရှိသောသူဖြစ်ပြီး ပညတ်တော်၏အောက်တွင်ရှိသောသူတစ်ယောက်ဖြစ်ရန် ယောဘကို သူရွေးချယ်ခဲ့သည်။ ၎င်းသည်လည်း လူတစ်ယောက်ကို ဖြားယောင်းရန် ဘုရားသခင်က စာတန်ကို ခွင့်ပြုခဲ့သော ပထမဆုံးအကြိမ်ပင်ဖြစ်ပြီး စာတန်နှင့် အလောင်းအစားပြုခဲ့သော ပထမဆုံးအကြိမ်လည်းဖြစ်သည်။ နောက်ဆုံးတွင် ပထမဆုံးအကြိမ်ပင် ဘုရားသခင်သည် စာတန်ကို ရင်ဆိုင်ရင်းနှင့် သူ့အတွက် သက်သေအဖြစ် ရပ်တည်နိုင်စွမ်းရှိသောသူ၊ စာတန်ကို သေသေချာချာ အရှက်ရစေပြီး သူ့အတွက် သက်သေကို ခံနိုင်သောသူတစ်ယောက်ကို ရရှိခဲ့သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအချိန်ကတည်းက ဤလူသည် သူ့အတွက် သက်သေခံနိုင်စွမ်းရှိသော၊ သူရရှိခဲ့သော ပထမဆုံးလူဖြစ်သည်။ ဤလူသားကို သူရရှိပြီးသည်နှင့် သူ၏နောက်လာမည့် ရွေးချယ်မှုနှင့် သူလုပ်ဆောင်မည့်နေရာကို ပြင်ဆင်ရင်း သူ၏စီမံခန့်ခွဲမှုကို ဆက်လုပ်ရန်နှင့် သူ့အလုပ် နောက်တစ်ဆင့်ကို လှမ်းရန် ဘုရားသခင်သည် စိတ်အားထက်သန်နေခဲ့သည်။

ဤအရာအားလုံးတို့အကြောင်းကို ဆွေးနွေးပြီးနောက်တွင် ဘုရားသခင်၏အလိုတော်ကို သင်တို့ အမှန်တကယ် နားလည်ကြပါ၏လော။ ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်ရပ်၊ လူသားတို့ကို ကယ်တင်ခြင်းဖြစ်ရပ်ကို အရာအားလုံးထက် ပို၍အရေးကြီးသကဲ့သို့ ရှုမြင်သည်။ ဤအရာတို့ကို သူ၏စိတ်နှင့် လုပ်ဆောင်ရုံတင် မဟုတ်ဘဲ သူ၏နှုတ်ကပတ်တော်များနှင့်သာ လုပ်ဆောင်ခြင်းလည်း မဟုတ်ချေ၊ သူသည် ၎င်းတို့ကို အထူးသဖြင့် ပေါ့ပေါ့တန်တန် လုပ်ခြင်းမဟုတ်ပေ၊ ဤအရာအားလုံးကို အစီအစဉ်၊ ပန်းတိုင်၊ စံသတ်မှတ်ချက်များ၊ သူ၏အလိုတော် စသည့်အရာတို့နှင့် လုပ်ဆောင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဤအလုပ်သည် ဘုရားသခင်နှင့် လူသားနှစ်ဦးစလုံးတို့အတွက် အလွန်တရာ အရေးပါ၏ဆိုသည်မှာ ရှင်းလင်းသည်။ အလုပ်က မည်မျှပင် ခက်ခဲပါစေ၊ အတားအဆီးတို့က မည်မျှပင်ကြီးမားပါစေ၊ လူသားတို့က မည်မျှပင်အားနည်းပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းက မည်မျှပင် နက်ရှိုင်းပါစေ၊ ဤအရာများထဲက မည်သည့်အရာမျှ ဘုရားသခင်အတွက် မခက်ခဲချေ။ ဘုရားသခင်သည် သူ၏ ပင်ပန်းတကြီးလုပ်ရသော အားထုတ်မှုကို အသုံးချရင်း၊ သူကိုယ်တိုင် ဆောင်ရွက်လိုသော အလုပ်တို့ကို စီမံခန့်ခွဲရင်းနှင့် အလုပ်ရှုပ်နေသည်။ သူသည် အရာအားလုံးကိုလည်း စီစဉ်နေပြီး သူပြီးဆုံးအောင်လုပ်လိုသော အလုပ်တို့နှင့် လူသားအားလုံးကို အုပ်ချုပ်နေသည်၊ ဤအရာများထဲက မည်သည့်အရာမျှ ယခင်က မလုပ်ခဲ့ဖူးချေ။ ဘုရားသခင်က ဤနည်းလမ်းတို့ကို အသုံးပြုလျက် ကြီးမားသော စီမံခန့်ခွဲမှုအစီအစဉ်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ခဲ့ခြင်းက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ဘုရားသခင်က ဤအလုပ်တို့ကို ဆောင်ရွက်နေခိုက်တွင် သူသည် ထိမ်ချန်ထားခြင်းမရှိဘဲ သူ၏အလုပ်ကြိုးစားအားထုတ်မှု၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏အသိဉာဏ်ပညာနှင့် အနန္တတန်ခိုး၊ သူ့စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တိုင်းကို လူသားမျိုးနွယ်တို့အား အနည်းငယ်ချင်းစီ ဖော်ပြကာ ထုတ်ပြန်ပေးနေသည်။ ယခင်က တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသည့်အတိုင်း သူသည် ဤအရာအားလုံးကို ထုတ်ပြန်ကာ ဖော်ပြသည်။ ထို့ကြောင့် စကြဝဠာတစ်ခုလုံးတွင် ဘုရားသခင်က စီမံရန်နှင့် ကယ်တင်ရန် ရည်ရွယ်ထားသော လူတို့မှလွဲပြီး သူနှင့် ဤကဲ့သို့ ရင်းနှီးသည့်ဆက်ဆံရေးရှိသော၊ ဘုရားသခင်နှင့် အလွန်နီးကပ်သော ဖန်ဆင်းခံ တစ်ခုမျှ မရှိခဲ့ချေ။ သူ့နှလုံးသားထဲတွင် သူစီမံခန့်ခွဲပြီး ကယ်တင်လိုသော လူသားမျိုးနွယ်သည် အရေးကြီးဆုံးဖြစ်ပြီး၊ သူသည် ဤလူသားမျိုးနွယ်ကို အရာအားလုံးထက် တန်ဖိုးထားသည်၊ သူတို့အတွက် ကြီးမားသောအဖိုးအခကို ပေးဆပ်ခဲ့သော်လည်း၊ သူတို့ကြောင့် သူသည် အဆက်မပြတ်နာကျင်ရပြီး မနာခံခြင်းတို့ကို ခံရသော်လည်း၊ သူတို့ကို လုံးဝ မစွန့်လွှတ်ဘဲ၊ ညည်းတွားခြင်း၊ သို့မဟုတ် နောင်တရခြင်းအလျဉ်းမရှိဘဲ သူ၏အလုပ်ကိုသာ မမောမပန်းဘဲ ဆက်လက်လုပ်ဆောင်သည်။ ယင်းသည် အနှေးနှင့်အမြန် လူသားတို့သည် တစ်နေ့၌ သူ၏ခေါ်ဆောင်ခြင်းတွင် နိုးထလာပြီး သူ၏နှုတ်ကပတ်တော်တို့အားဖြင့် တို့ထိခံစားရမည်၊ သူသည် ဖန်ဆင်းခြင်း၏ အရှင်သခင် ဖြစ်ကြောင်းကို သိမြင်ပြီး သူ့ထံပါးသို့ ပြန်လာမည်ဆိုသည်ကို သိခြင်းကြောင့်ဖြစ်သည်။

ယနေ့ ဤအရာအားလုံးကို ကြားနာပြီးနောက်တွင် ဘုရားသခင်လုပ်ဆောင်သောအရာအားလုံးက အလွန်တရာ ပုံမှန်ပင်ဖြစ်သည်ဟု သင်တို့ ခံစားရလိမ့်မည်။ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် သူ၏လုပ်ဆောင်မှုတို့မှတဆင့် သူတို့အတွက် ဘုရားသခင်၏ အလိုတော်တချို့ကို အမြဲတစေခံစားရသည်ဟု ထင်ရသည်။ သို့သော်လည်း သူတို့၏ခံစားချက်များ၊ သို့မဟုတ် သူတို့၏အသိပညာနှင့် ဘုရားသခင်တွေးတောနေသောအရာကြားတွင် အမြဲလိုလို ဝေးကွာမှုတချို့ရှိနေသည်။ ထို့ကြောင့် ဘုရားသခင်က လူသားမျိုးနွယ်ကို ဘာကြောင့် ဖန်ဆင်းခဲ့သည်၊ သူမျှော်လင့်ထားသည့် လူတို့ကို ရရှိစေလိုသော သူ့ဆန္ဒ၏ နောက်ခံအကြောင်းရင်း စသည်တို့နှင့်ပတ်သက်ပြီး လူသားအားလုံးနှင့် ဆွေးနွေးပြောဆိုရန်လိုအပ်သည်ဟု ငါထင်သည်။ ၎င်းကို လူတိုင်းနှင့် ဝေမျှရန်မှာ အလွန်အရေးကြီးသည်။ သို့မှသာ လူတိုင်းသည် သူတို့၏နှလုံးသားထဲတွင် ရှင်းလင်းနေမည်ဖြစ်သည်။ ဘုရားသခင်၏အတွေးနှင့် စိတ်ကူးတိုင်း၊ သူ့အလုပ်၏ အဆင့်တိုင်းနှင့် အချိန်ကာလတိုင်းသည် သူ၏စီမံခန့်ခွဲမှုအလုပ်နှင့် နီးကပ်စွာ ဆက်နွှယ်ပြီး ဆက်စပ်နေသောကြောင့်၊ ဘုရားသခင်၏ အတွေးများ၊ စိတ်ကူးများ၊ သူ့အလုပ်၏အဆင့်တိုင်းတွင် သူ၏အလိုတော်တို့ကို သင်နားလည်သောအခါတွင်၊ သူ၏စီမံခန့်ခွဲမှုအစီအစဉ်လုပ်ဆောင်မှု၏ အရင်းအမြစ်ကို နားလည်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဘုရားသခင်အပေါ် သင်၏နားလည်မှုကို ပိုမိုနက်ရှိုင်းစေမှုက ဤအခြေခံအုတ်မြစ်ပေါ်မှာပင်ဖြစ်သည်။ ငါယခင်ကပြောခဲ့သည့်အတိုင်း ဘုရားသခင်က ကမ္ဘာကို ဖန်ဆင်းသောအခါတွင် သူပြုလုပ်သောအရာတိုင်းက ယခုအချိန်တွင် လူတို့အတွက် သတင်းအချက်အလက်တချို့မျှသာဖြစ်ပြီး သမ္မာတရားနောက်ကိုလိုက်ခြင်းနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသော်လည်း သင်၏အတွေ့အကြုံလမ်းကြောင်းတစ်လျှောက်တွင် ၎င်းသည် သတင်းအချက်အလက် အစိတ်အပိုင်းလေးများကဲ့သို့ အလွန်ရိုးရှင်းသော အရာတစ်ခုဖြစ်သည်၊ သို့မဟုတ် နက်နဲသောအရာအချို့တို့ကဲ့သို့ အလွန်ရိုးရှင်းသောအရာတစ်ခုဖြစ်သည်ဟု သင်မထင်မှတ်သောအချိန်ကို ရောက်လာလိမ့်မည်။ သင့်ဘဝကို ရှေ့ဆက်ရင်းနှင့် သင့်နှလုံးသား၌ ဘုရားသခင်၏နေရာ အနည်းငယ်ရှိလာသောအခါ၊ သို့မဟုတ် သူ့အလိုတော်ကို ပို၍ သေချာစွာ၊ နက်နက်နဲနဲ နားလည်လာသောအခါ၊ ယနေ့ ငါပြောသောစကားတို့၏ အရေးကြီးမှုနှင့် လိုအပ်မှုတို့ကို သင်အမှန်တကယ် နားလည်လာလိမ့်မည်။ အဘယ်အတိုင်းအတာအထိ သင်တို့လက်ခံထားသည်ဆိုခြင်းက အရေးမကြီးချေ။ ဤအရာတို့ကို သင်တို့ နားလည်ပြီး သိရှိရန်သာ လိုအပ်သည်။ ဘုရားသခင်က တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါတွင်၊ သူ့အလုပ်ကို သူလုပ်သောအခါတွင်၊ သူ၏စိတ်ကူးနှင့်၊ သို့မဟုတ် သူ၏ကိုယ်ပိုင်လက်များနှင့်ဖြစ်စေ၊ သူလုပ်သည့်အလုပ်သည် ပထမဆုံးအကြိမ်ဖြစ်ပါစေ၊ နောက်ဆုံးအကြိမ်ဖြစ်ပါစေ၊ နောက်ဆုံး၌ ဘုရားသခင်ထံတွင် အစီအစဉ်တစ်ခုရှိသည်။ သူလုပ်သမျှအရာတိုင်းတွင် သူ၏ရည်ရွယ်ချက်နှင့် သူ၏ အတွေးတို့ ရှိသည်။ ၎င်းရည်ရွယ်ချက်တို့နှင့် အတွေးတို့က ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ ဤအရာတို့က သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းဆိုသော ဤနှစ်ခုကို တစ်ယောက်ချင်းစီတိုင်းက နားလည်ရမည်။ သူ၏စိတ်သဘောထားနှင့်အတူ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို လူတစ်ယောက်က နားလည်လိုက်သည်နှင့် ဘုရားသခင်က သူ၏လုပ်ငန်းဆောင်တာတို့ကို ဘာကြောင့် လုပ်ဆောင်သည်၊ သူ့ပြောစကားတို့ကို ဘာကြောင့်ပြောသည်ဆိုခြင်းကို သူတို့ တဖြည်းဖြည်းနှင့် နားလည်လာနိုင်သည်။ ထိုမှတဆင့် ဘုရားသခင်၏နောက်ကိုလိုက်ရန်၊ သမ္မာတရားနောက်ကိုလိုက်ရန်၊ စိတ်သဘောထား ပြောင်းလဲခြင်းနောက်ကိုလိုက်ရန် ယုံကြည်ခြင်းတို့ကို သူတို့ ပိုမိုရရှိနိုင်သည်။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် လူသား၏ နားလည်ခြင်းနှင့် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းက ခွဲခြား၍မရပေ။

လူတို့ အသိပညာရရှိသောအရာနှင့် နားလည်လာသောအရာက ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်ပါက သူတို့ရရှိကြသည့်အရာက ဘုရားသခင်ဆီမှလာသော အသက်ပင်ဖြစ်လိမ့်မည်။ ဤအသက်ကို သင့်အထဲတွင် ဖြစ်ပေါ်စေပြီးသည်နှင့် ဘုရားသခင်အပေါ် သင်၏ ကြောက်ရွံ့မှုက ပို၍ ကြီးမားလာပြီး ဤသီးနှံတို့ကို ရိတ်သိမ်းရခြင်းက လုံးဝ သဘာဝအလျောက် ဖြစ်ပေါ်သည်။ သင်က ဘုရားသခင်၏ စိတ်သဘောထား၊ သို့မဟုတ် သူ၏အနှစ်သာရကို နားမလည်လို၊ သို့မဟုတ် မသိလိုဟုဆိုလျှင်၊ ဤအရာတို့အပေါ်၌ စဉ်းစားတွေးတောခြင်း၊ သို့မဟုတ် အာရုံစိုက်ခြင်းပင် မလုပ်လိုဟုဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းကို ယခု သင်ကြိုးပမ်းအားထုတ်သော နည်းလမ်းက သူ၏အလိုတော်ကို ဖြည့်ဆည်းရန်၊ သို့မဟုတ် သူ၏ချီးမွမ်းခြင်းကိုရရန် အခွင့်ကို လုံးဝမပေးနိုင်ကြောင်းကို ငါသေချာပေါက် ပြောနိုင်သည်။ ထို့ထက်ပိုပြောရလျှင် ကယ်တင်ခြင်းသို့ သင်မည်သည့်အခါမျှ အမှန်တကယ် မရောက်ရှိနိုင်ပေ။ ၎င်းတို့သည် နောက်ဆုံး အကျိုးရလဒ်များပင်ဖြစ်သည်။ လူတို့က ဘုရားသခင်ကို နားမလည်သောအခါ၊ သူ၏စိတ်သဘောထားကို မသိသောအခါတွင် သူတို့၏နှလုံးသားသည် သူ့အတွက် လုံးဝ အမှန်တကယ် ဖွင့်ဟထားနိုင်မည်မဟုတ်ပေ။ ဘုရားသခင်ကို သူတို့နားလည်လိုက်သည်နှင့် ဘုရားသခင်၏နှလုံးသားထဲ၌ ရှိသောအရာကို စတင်တန်ဖိုးထားလာပြီး စိတ်ဝင်စားမှုနှင့်အတူ ယုံကြည်ခြင်းနှင့် စတင်ကျေနပ်ခံစားလာလိမ့်မည်။ ဘုရားသခင်၏ နှလုံးသားထဲ၌ရှိသောအရာကို တန်ဖိုးထားပြီး ကျေနပ်ခံစားရသောအခါတွင် သင်၏နှလုံးသားက နည်းနည်းချင်း တဖြည်းဖြည်းနှင့် သူ့အတွက် ဖွင့်ဟလာပါလိမ့်မည်။ သင့်နှလုံးသားက သူ့အတွက် ဖွင့်ဟသောအခါတွင် ဘုရားသခင်နှင့် သင်၏ခွန်းတုံ့ဖလှယ်မှုများ၊ ဘုရားသခင်ကို သင်၏တောင်းဆိုမှုများ၊ သင်ကိုယ်တိုင်၏ လွန်ကျူးသောဆန္ဒများက မည်မျှရှက်စရာကောင်းသည်၊ မည်မျှ စက်ဆုပ်ဖွယ်ဖြစ်သည်ဆိုသည်ကို သင်ခံစားရလိမ့်မည်။ သင့်နှလုံးသားက ဘုရားသခင်အတွက် အမှန်တကယ် ဖွင့်ဟလာသောအခါတွင် သူ့နှလုံးသားသည် အဆုံးအစမရှိသော ကမ္ဘာတစ်ခုကဲ့သို့ဆိုသည်ကို သင်မြင်ရမည်။ သင်ယခင်က တစ်ခါမျှ မတွေ့ကြုံဖူးသော နယ်ပယ်ထဲသို့ သင်ဝင်ရောက်သွားလိမ့်မည်။ ၎င်းနယ်ပယ်ထဲတွင် လိမ်ညာခြင်းမရှိ။ လှည့်စားခြင်းမရှိ။ မှောင်မိုက်ခြင်းမရှိ။ ဆိုးယုတ်ခြင်း မရှိ။ ရိုးသားဖြူစင်ခြင်းနှင့် ယုံကြည်ခြင်း၊ အလင်းနှင့် ရိုးသားဖြောင့်မတ်ခြင်း၊ မှန်ကန်ဖြောင့်မတ်ခြင်းနှင့် ကြင်နာခြင်းတို့သာ ရှိသည်။ ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ဖြင့် ပြည့်နေသည်။ ကြင်နာခြင်းနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေသည်။ ထိုမှတစ်ဆင့် သင်သည် အသက်ရှင်ရခြင်း၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ခံစားရသည်။ ဤအရာတို့က ဘုရားသခင်ဆီသို့ သင့်နှလုံးသားကို ဖွင့်ဟသောအခါ၌ သင့်ကို သူဖွင့်ပြမည့်အရာများဖြစ်သည်။ အဆုံးအစမရှိသော ဤကမ္ဘာသည် ဘုရားသခင်၏ အသိဉာဏ်ပညာတို့နှင့် ပြည့်နေသည်။ သူ၏ အတိုင်းအဆမရှိဘုန်းတန်ခိုးတို့နှင့် ပြည့်နေသည်။ သူ၏ချစ်ခြင်းနှင့် သူ၏ အာဏာတို့နှင့်လည်း ပြည့်နေသည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ အချက်အလက်တိုင်းနှင့် သူ့ကို ဘယ်အရာက ဝမ်းမြောက်စေသည်၊ သူ ဘယ်အတွက်ကြောင့်စိတ်ပူပြီး ဘာကြောင့် ဝမ်းနည်းလာသည်၊ သူဘာကြောင့် စိတ်ဆိုးလာသည် စသည်တို့ကို ဤနေရာတွင် သင်မြင်နိုင်သည်။ ၎င်းသည် သူတို့၏နှလုံးသားကို ဖွင့်ဟပြီး ဘုရားသခင်ကို ဝင်ခွင့်ပေးသောသူ တစ်ယောက်ချင်းစီတိုင်းက မြင်နိုင်သောအရာ ဖြစ်သည်။ သင်က သူ့ကို ဖွင့်ဟပေးမှသာ ဘုရားသခင်က သင့်နှလုံးသားထဲကို ဝင်လာနိုင်သည်။ သူက သင့်နှလုံးသားထဲကို ဝင်ရောက်လာလျှင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကိုသာ သင်မြင်နိုင်ပြီး သင့်အတွက် သူ၏အလိုတော်ကိုသာ သင်မြင်နိုင်သည်။ ထိုအချိန်တွင် ဘုရားသခင်နှင့်ပတ်သက်သော အကြောင်းအရာတိုင်းက အလွန်တန်ဖိုးရှိသည်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် တန်ဖိုးထားရန် အလွန်ထိုက်တန်သည်ဆိုသည်ကို သင်တွေ့လာပါလိမ့်မည်။ ၎င်းနှင့် နှိုင်းယှဉ်လိုက်လျှင် သင့်ပတ်ဝန်းကျင်၌ရှိသောလူများ၊ သင့်ဘဝတွင်ရှိသော အရာဝတ္ထုနှင့် အဖြစ်အပျက်များ၊ သင်ချစ်ရသောသူပင်လျှင်ပါဝင်ပြီး၊ သင်၏အဖော်၊ သင်ချစ်သော အရာတို့သည် ထုတ်ဖော်ပြောရန်ပင် မထိုက်တန်ပေ။ ၎င်းတို့က အလွန်သေးငယ်ပြီး အလွန်နိမ့်ကျသည်။ မည်သည့်ရုပ်ဝတ္ထုပစ္စည်းများကမှ သင့်ကို နောက်တစ်ကြိမ် ဆွဲဆောင်နိုင်မည် မဟုတ်တော့၊ သို့မဟုတ် မည်သည့်ရုပ်ဝတ္ထုပစ္စည်းများက ယင်းအတွက် အဖိုးအခကို ပေးဆပ်စေရန် သင့်ကို နောက်တစ်ကြိမ် ဖြားယောင်းနိုင်မည် မဟုတ်တော့ဟု သင်ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှိမ့်ချခြင်းတွင် သူ၏ကြီးမြတ်မှုနှင့် သာလွန်မှုကို သင်မြင်ရလိမ့်မည်။ တစ်ဖန်လွန်စွာသေးငယ်သည်ဟု သင်ယုံကြည်ထားသော သူလုပ်ဆောင်ခဲ့သည့်အရာတစ်ခုခုတွင် သူ၏အဆုံးအစမရှိသော ဉာဏ်ပညာနှင့် သူ၏သည်းခံခြင်းကို မြင်ရလိမ့်မည်။ သူ၏ စိတ်ရှည်မှု၊ သူ၏ သည်းခံမှု၊ သင့်အပေါ် သူ၏နားလည်မှုကို သင်မြင်ရလိမ့်မည်။ ၎င်းက သင့်အတွင်း၌ သူ့အတွက် အချစ်တစ်ခု ဖြစ်ပေါ်စေလိမ့်မည်။ ထိုနေ့တွင် လူသားမျိုးနွယ်သည် ညစ်ညမ်းနေသော ကမ္ဘာ၌ အသက်ရှင်နေရခြင်းကို၊ သင့်ဘေး၌ရှိသောလူတို့နှင့် သင့်ဘဝ၌ဖြစ်ပျက်နေသောအရာများ၊ သင်ချစ်သောသူများ၊ သင့်အတွက် သူတို့၏အချစ်များ၊ သူတို့၏ အကာအကွယ်ဟုခေါ်သောအရာများ၊ သို့မဟုတ် သင့်အတွက် သူတို့၏ စိုးရိမ်ခြင်းများသည် ပြောပြရန်ပင် မထိုက်တန်ဟုဆိုသည်နှင့်၊ ဘုရားသခင်သာလျှင် သင်ချစ်ခင်မြတ်နိုးရသောသူဖြစ်ပြီး သင်တန်ဖိုးအထားဆုံးက ဘုရားသခင်သာဖြစ်ကြောင်းကို သင်ခံစားရပါလိမ့်မည်။ ထိုအချိန်ရောက်လာသောအခါတွင် တချို့လူတို့က ဤကဲ့သို့ပြောကြလိမ့်မည်ဆိုသည်ကို ငါမြင်၏။ ဘုရားသခင်၏ ချစ်ခြင်းက အလွန်ကြီးမြတ်သည်။ သူ၏အနှစ်သာရသည် အလွန်သန့်ရှင်းမြင့်မြတ်သည်။ ဘုရားသခင်ထံတွင် လှည့်စားခြင်း၊ ဆိုးယုတ်ခြင်း၊ မနာလိုခြင်း၊ ခိုက်ရန်ဒေါသဖြစ်ခြင်းတို့ မရှိဘဲ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်သော အရာရာတိုင်းကို လူသားတို့က ဆာငတ်တောင့်တသင့်သည်။ လူသားတို့သည် ဤအရာအပေါ်တွင် အားထုတ်ကြိုးပမ်းသင့်ပြီး မျှော်လင့်ချက်ကြီးမားစွာ ထားရှိသင့်သည်။ ဤအရာကို ရယူနိုင်ရန်အတွက် လူသားမျိုးနွယ်၏ အရည်အချင်းကို မည်သည့်အပေါ်တွင် အခြေခံပြီး တည်ဆောက်ထားသနည်း။ ဘုရားသခင်၏ စိတ်သဘောထားအပေါ် လူသားတို့၏ နားလည်မှုအခြေခံအချက်နှင့် ဘုရားသခင်၏ အနှစ်သာရအပေါ် သူတို့၏ နားလည်မှုအပေါ်တွင် တည်ဆောက်ထားသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ခြင်းသည် လူတိုင်းအတွက် တစ်သက်တာလုံး သင်ကြားရမည့် သင်ခန်းစာဖြစ်ပြီး သူတို့၏ စိတ်သဘောထားတို့ကို ပြောင်းလဲရန် ကြိုးပမ်းသူတို့နှင့် ဘုရားသခင်ကို သိရန် ကြိုးပမ်းသောသူတိုင်း အားထုတ်ကြိုးပမ်းသော တစ်သက်လုံး ကြိုးပမ်းရမည့် ပန်းတိုင်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။