ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

အပိုင်း နှစ်

ဘုရားသခင်ပြီးမြောက်ခဲ့သော အလုပ်အားလုံး၊ ပထမဦးဆုံးအကြိမ် သူလုပ်ခဲ့သောအရာအစဉ်လိုက်ကို ငါတို့ ပြောခဲ့ကြသည်။ ဤအရာတစ်ခုချင်းစီတိုင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သည်။ ဤအရာတို့က ဘုရားသခင်၏ ကိုယ်ပိုင်စိတ်သဘောထားနှင့် သူ၏အနှစ်သာရနှင့်လည်း သက်ဆိုင်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ပိုပြီးနားလည်လိုလျှင် ဓမ္မဟောင်းကျမ်း၊ သို့မဟုတ် ပညတ်တော်ခေတ်၌ ရပ်နေ၍မရဘဲ ဘုရားသခင်၏ လုပ်ဆောင်မှုတွင် သူလှမ်းခဲ့သော ခြေလှမ်းတို့နှင့်အတူ ငါတို့ ရှေ့ဆက်ရန် လိုအပ်သည်။ ထို့ကြောင့် ဘုရားသခင်က ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့သကဲ့သို့ပင် ငါတို့၏ ကိုယ်ပိုင်ခြေလှမ်းများသည်လည်း ကျေးဇူးတော်ခေတ်ကို လှမ်းလာခဲ့ကြသည်။ ကျေးဇူးတော်နှင့် ရွေးနုတ်ခြင်းတို့ဖြင့် ပြည့်နေသောခေတ်ပင်ဖြစ်သည်။ ဤခေတ်တွင် နောက်တစ်ခါ ဘုရားသခင်က ပထမဆုံးအကြိမ် အလွန်အရေးကြီးသော အရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အတွက် ဤခေတ်သစ်တွင်ရှိသော အလုပ်က အသစ်စတင်သော အမှတ်တစ်ခုဖြစ်သည်။ ဤအသစ်စတင်သော အမှတ်က နောက်ထပ် ပထမဆုံးအကြိမ် ဘုရားသခင်ပြုလုပ်ခဲ့သော အရာလည်းဖြစ်သည်။ ဤအလုပ်အသစ်က လူသားတို့နှင့် ဖန်ဆင်းခံအားလုံးတို့ စဉ်းစားကြည့်၍မရနိုင်သည့် ဘုရားသခင် ဆောင်ရွက်ခဲ့သော မသိသေးသော အရာတစ်ခုဖြစ်သည်။ ယခုအချိန်တွင် လူတို့အားလုံး သိကြသော အရာတစ်ခုဖြစ်သည်။ ဘုရားသခင်က လူသားတစ်ယောက်ဖြစ်လာခြင်းသည် ယခုပထမဆုံးအကြိမ်ပင်ဖြစ်သည်။ လူသားတစ်ယောက်အသွင်နှင့် လူသားတစ်ယောက်၏ ဝိသေသလက္ခဏာနှင့် အလုပ်အသစ်ကို သူစတင်ခဲ့သော ပထမဆုံးအကြိမ်ဖြစ်သည်။ ဤအလုပ်အသစ်သည် ဘုရားသခင်က သူ့အလုပ်ကို ပညတ်တော်ခေတ်တွင် ပြည့်စုံစေခဲ့သည်ဆိုသည်နှင့်၊ ပညတ်တော်အောက်တွင် သူသည် ဘာမျှလုပ်ခြင်း၊ သို့မဟုတ် ပြောခြင်းမရှိတော့ဟု ဆိုသည်ကို ဖော်ပြသည်။ ပညတ်တော်၏ ပုံသဏ္ဌာန်၌၊ သို့မဟုတ် ပညတ်တော်၏ စည်းမျဉ်း စည်းကမ်းတို့နှင့်အညီ သူပြောခြင်း၊ သို့မဟုတ် လုပ်ဆောင်ခြင်း ဘာတစ်ခုမျှ ရှိမည်မဟုတ်ချေ။ တစ်နည်းပြောရလျှင် ပညတ်တော်၌ အခြေခံသော သူ၏အလုပ်အားလုံးသည် ထာဝရ ရပ်တန့်သွားပြီး ရှေ့ဆက်မည်မဟုတ်တော့ချေ။ အကြောင်းမှာ ဘုရားသခင်က အလုပ်အသစ်ကို စတင်လိုခဲ့ပြီး အကြောင်းအရာ အသစ်တို့ကို လုပ်လိုသောအတွက်ကြောင့်ဖြစ်သည်။ သူ့အစီအစဉ်တွင် နောက်တဖန် အသစ်စတင်မှတ်တစ်ခု ရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို နောက်ထပ် ခေတ်တစ်ခုဆီသို့ ဦးဆောင်ခဲ့ရသည်။

၎င်းက လူသားတို့အတွက် ဝမ်းမြောက်ဖွယ်သတင်းလော၊ မကောင်းသောသတင်းလောဆိုသည်က သူတို့၏အနှစ်သာရအပေါ်မှာ မူတည်ခဲ့သည်။ ၎င်းသည် ဝမ်းမြောက်ဖွယ်သတင်းမဟုတ်ဟု ဆိုနိုင်ပြီး လူတချို့အတွက်မူ မကောင်းသောသတင်း ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်က သူ၏အလုပ်သစ်ကို စတင်ခဲ့သောအခါတွင် ပညတ်များနှင့် စည်းမျဉ်းများကိုသာ လိုက်နာသောလူများ၊ အယူဝါဒများကိုသာ လိုက်နာပြီး ဘုရားသခင်ကို မကြောက်ရွံ့သောသူတို့သည် သူ၏အလုပ်အသစ်ကို ရှုတ်ချရန် ဘုရားသခင်၏ အလုပ်အဟောင်းကို အသုံးပြုကြသည်။ ဤလူတို့အတွက် ၎င်းသည် မကောင်းသောသတင်းပင်ဖြစ်သည်။ သို့သော်လည်း အပြစ်ကင်းစင်ပြီး ပွင့်လင်းသော လူတိုင်းအတွက်၊ ဘုရားသခင်အပေါ်တွင် ရိုးသားဖြူစင်ပြီး သူ၏ ရွေးနုတ်ခြင်းကို လက်ခံရရှိရန် ဆန္ဒရှိသောသူတို့အတွက် ဘုရားသခင်၏ ပထမဆုံး လူ့ဇာတိခံယူခြင်းက အလွန်ဝမ်းမြောက်ဖွယ် သတင်းဖြစ်သည်။ လူသားတို့ ရှိကတည်းက ဘုရားသခင်ပေါ်ထွန်းလာပြီး ဝိညာဉ်တော်မဟုတ်သော အသွင်နှင့် လူသားမျိုးနွယ်တို့ထဲတွင် အသက်ရှင်နေထိုင်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သည်။ လူသားတစ်ယောက်မှ မွေးဖွားပြီး လူသားအနေဖြင့် လူသားတို့ကြားထဲတွင် နေထိုင်ပြီး သူတို့၏အလယ်တွင် အလုပ်လုပ်ခဲ့သည်။ ဤ “ပထမဆုံးအကြိမ်” ဆိုသည်မှာ လူတို့၏ အယူအဆတို့ကို ချိုးဖျက်ခဲ့ပြီး စိတ်ကူးထင်မြင်ချက်များ အားလုံးထက် ကျော်လွန်သည်။ ဖြည့်စွက်ပြောရလျှင် ဘုရားသခင်၏ နောက်လိုက်အားလုံးက လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးအမြတ်တို့ကို ရရှိခဲ့သည်။ ဘုရားသခင်သည် ခေတ်ဟောင်းကို အဆုံးသတ်ခဲ့ရုံမကဘဲ သူ၏ အလုပ်လုပ်နည်းတို့နှင့် လုပ်သောပုံစံ အဟောင်းတို့ကိုလည်း အဆုံးသတ်ခဲ့သည်။ သူ၏ သတင်းစကား ပို့ဆောင်သူတို့အား သူ၏အလိုတော်ကို သယ်ဆောင်ရန် ခွင့်မပြုတော့ပါ။ တိမ်များထဲတွင်ပင် ပုန်းမနေတော့ပါ။ မိုးခြိမ်းသံတို့မှတစ်ဆင့် အထက်စီးမှ လူသားတို့ကို စကားပြောခြင်း၊ သို့မဟုတ် ပေါ်ထွန်းလာခြင်း မရှိတော့ပါ။ ယခင်ကနှင့် မတူဘဲ လူသားတို့အတွက် နားလည်ရန်၊ သို့မဟုတ် လက်ခံရန် ခက်ခဲသော၊ လူသားတို့ စဉ်းစား၍မရနိုင်လောက်သော နည်းလမ်းမှတစ်ဆင့် လူ့ဇာတိခံယူလာရင်း ထိုခေတ်၏ လုပ်ဆောင်မှုကို တည်ဆောက်ရန်အတွက် သူသည် လူသားဖြစ်လာခဲ့သည်။ ဘုရားသခင်၏ ဤလုပ်ရပ်က လူသားမျိုးနွယ်ကို အံ့အားသင့်သွားစေခဲ့သည်။ ကသိကအောက်လည်း ဖြစ်သွားစေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူယခင်က တစ်ခါမျှ မလုပ်ဖူးသော အလုပ်အသစ်တစ်ခုကို နောက်တစ်ကြိမ် စတင်ခဲ့သောအတွက်ကြောင့်ဖြစ်သည်။ ယနေ့ခေတ်သစ်တွင် ဘုရားသခင်က မည်ကဲ့သို့သော အလုပ်သစ်တို့ကို ပြီးမြောက်ခဲ့သနည်းဆိုသည်ကို ငါတို့ ကြည့်ရှုမည်ဖြစ်ပြီး ဤအလုပ်သစ်တို့အားလုံးထဲ၌ ဘုရားသခင်၏ စိတ်သဘောထားက အဘယ်နည်း၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ငါတို့နားလည်နိုင်သလော ဆိုသည်ကို ကြည့်ကြမည်။

အောက်ပါစကားလုံးများသည် သမ္မာကျမ်းစာ၏ ဓမ္မသစ်ကျမ်းထဲ၌ မှတ်တမ်းတင်ထားသော စကားလုံးတို့ဖြစ်သည်။

၁။ ရှင်မဿဲ ၁၂:၁ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။

၂။ ရှင်မဿဲ ၁၂:၆-၈ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။

ဤစာပိုဒ်ကို အရင်ကြည့်ကြမည်။ “ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။”

ဤစာပိုဒ်ကို ဘာကြောင့် ငါတို့ရွေးချယ်ခဲ့သနည်း။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ၎င်းက မည်သို့သောဆက်စပ်မှုရှိသနည်း။ ဤစာပိုဒ်တွင် ငါတို့သိသော ပထမဆုံးအရာက ထိုနေ့သည် ဥပုသ်နေ့ဖြစ်သည်ဆိုသော်လည်း သခင်ယေရှုက အပြင်ကိုထွက်၍ ပြောင်းဖူးကွင်းကို ဖြတ်ပြီး သူ၏ တပည့်တော်တို့ကို ခေါ်ဆောင်ခဲ့သည်။ ပို၍ပင် “ဖောက်ပြန်သည်က” သူတို့သည် “စပါးအသီးအနှံကို ဆွတ်၍စားကြ၏” ဆိုသည်ပင်ဖြစ်သည်။ ပညတ်တော်ခေတ်တွင် ယေဟောဝါဘုရားသခင်၏ ပညတ်တော်တို့အရ လူတို့က ခပ်ပေါ့ပေါ့နှင့် အပြင်ထွက်၍မရသော၊ သို့မဟုတ် ဥပုသ်နေ့ လှုပ်ရှားမှုတို့တွင် ပါဝင်ခြင်းတို့ မလုပ်ရ။ ဥပုသ်နေ့တွင် လုပ်ဆောင်၍မရသော အရာများစွာရှိသည်။ သခင်ယေရှု၏ ဤအပြုအမူသည် ပညတ်တော်အောက်တွင် ကြာမြင့်စွာနေခဲ့သောသူတို့အတွက် ခေါင်းရှုပ်စေသည်။ ဝေဖန်မှုတို့ကိုပင် လှုံ့ဆော်ခဲ့သည်။ သူတို့၏ စိတ်ရှုပ်ထွေးမှုနှင့် သခင်ယေရှုလုပ်ဆောင်ခဲ့သည်နှင့်ပတ်သက်ပြီး သူတို့ပြောခဲ့သောပုံစံတို့ကိုမူ ယခုလောလောဆယ် ခေတ္တခဏထားထားပြီး ယေရှုက နေ့များအားလုံးထဲတွင် ဘာကြောင့် ဥပုသ်နေ့၌ ၎င်းကိုလုပ်ရန် ရွေးချယ်ခဲ့သနည်း၊ ဤအပြုအမူမှတစ်ဆင့် ပညတ်တော်အောက်တွင် နေထိုင်နေသော လူတို့အား သူမည်သည်ကို ဆွေးနွေးပြောဆိုလိုသနည်း ဆိုသည်ကို အရင် ဆွေးနွေးကြမည်။ ၎င်းသည် ဤစာပိုဒ်နှင့် ဘုရားသခင်၏ စိတ်သဘောထားကြား၌ရှိသည့် ငါပြောလိုသော ဆက်စပ်မှုဖြစ်သည်။

သခင်ယေရှု ကြွလာသောအခါတွင် လူတို့ကို ဆက်သွယ်ပြောဆိုရန် သူ၏လက်တွေ့လှုပ်ရှားမှုတို့ကို အသုံးပြုခဲ့သည်။ ဘုရားသခင်က ပညတ်တော်ခေတ်ကို စွန့်ခွာခဲ့ပြီး အလုပ်အသစ်ကို စတင်ခဲ့သည်။ ဤအလုပ်အသစ်က ဥပုသ်နေ့ကို စောင့်ထိန်းရန် မလိုအပ်ပေ။ ဘုရားသခင်က ဥပုသ်နေ့၏ အကန့်အသတ်တို့မှ ထွက်လာသောအခါတွင် ၎င်းသည် သူ့လုပ်ဆောင်မှုအသစ်၏ နမူနာတစ်ခုသာဖြစ်သည်။ စစ်မှန်ပြီးကြီးမြတ်သော အလုပ်က လာဦးမည်ဖြစ်သည်။ သခင်ယေရှုက သူ၏အလုပ်ကို စတင်လုပ်ဆောင်သောအခါတွင် သူသည် ပညတ်တော်ခေတ်၏ အချုပ်အနှောင်တို့ကို နောက်ချန်ထားခဲ့ပြီး ထိုခေတ်၏ စည်းမျဉ်းစည်းကမ်းတို့ကို ချိုးဖျက်ခဲ့ပြီးပြီဖြစ်သည်။ သူ့ထံ၌ ပညတ်တော်နှင့် ပတ်သက်သောအရာတို့၏ အရိပ်လက္ခဏာတစ်ခုမျှ မရှိပေ။ သူသည် ၎င်းကို လုံးဝလွှင့်ပစ်ခဲ့ပြီး စောင့်ထိန်းခြင်း မရှိတော့ပေ။ လူသားမျိုးနွယ်ကိုလည်း ၎င်းကိုစောင့်ထိန်းခိုင်းရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ဤနေရာတွင် သခင်ယေရှုသည် ဥပုသ်နေ့တွင်ပင် ပြောင်းဖူးကွင်းကို ဖြတ်သန်းသွားသည်ကို သင်တွေ့ရသည်။ သခင်က အနားယူခြင်းမရှိဘဲ အပြင်၌ အလုပ်လုပ်နေသည်။ သူ၏ ဤအပြုအမူသည် လူတို့၏ အယူအဆတို့အပေါ် အံ့အားသင့်သွားစေခဲ့ပြီး သူသည် ပညတ်တော်အောက်တွင် မနေတော့ပေ၊ ဥပုသ်နေ့၏ အကန့်အသတ်တို့ကို သူထားခဲ့ပြီး လူသားမျိုးနွယ်ရှေ့တွင်၊ ပုံစံအသစ်နှင့် သူတို့၏ကြားထဲတွင် လုပ်ဆောင်နည်းအသစ်တစ်ခုနှင့် ပေါ်လာသည်။ သူ၏ ဤအပြုအမူသည် ပညတ်တော်မှ ထွက်ခွာခြင်းနှင့် ဥပုသ်မှ ထွက်ခွာခြင်းနှင့်စတင်သော သူ၏ လုပ်ဆောင်မှုအသစ်နှင့် သူယူဆောင်လာခဲ့သော လူတို့ကို ပြောပြသည်။ ဘုရားသခင်က သူ၏လုပ်ဆောင်မှုအသစ်ကို လုပ်သောအခါတွင် သူသည် အတိတ်ကို ဖက်တွယ်မနေတော့ပေ။ တဖန် သူသည် ပညတ်တော်ခေတ်၏ စည်းမျဉ်းစည်းကမ်းတို့နှင့် ပတ်သက်ပြီး အလေးထားခြင်း မရှိတော့ပေ။ အရင်ခေတ်ကာလက သူ၏လုပ်ဆောင်ချက်တို့၏ သက်ရောက်မှုတို့လည်း သူ့တွင် မရှိတော့ဘဲ ဥပုသ်နေ့၌ ပုံမှန်အတိုင်းသာ အလုပ်လုပ်ပြီး သူ၏ တပည့်တော်တို့က ဆာလောင်သောအခါတွင် ပြောင်းဖူးသီးနှံတို့ကို စားရန် သူတို့ ခူးဆွတ်နိုင်ကြသည်။ ၎င်းတို့အားလုံးက ဘုရားသခင်၏ အမြင်တွင် အမှန်တကယ်သာမန်ပင်ဖြစ်သည်။ ဘုရားသခင်က သူလုပ်လိုသော အလုပ်များစွာအတွက်၊ သူပြောလိုသည်တို့အတွက် အသစ်စတင်နိုင်သည်။ အသစ်စတင်မှုတစ်ခုကို သူလုပ်လိုက်သည်နှင့် သူ၏အရင်အလုပ်ကို မပြောသကဲ့သို့ ဆက်၍လည်းမလုပ်တော့ပေ။ ဘုရားသခင်သည် သူ့အလုပ်တွင် စည်းမျဉ်းတို့ရှိသောကြောင့်ဖြစ်သည်။ အလုပ်အသစ်ကို သူစတင်လိုသောအချိန်သည် သူ့အလုပ်၏ အဆင့်အသစ်တစ်ခုဆီသို့ လူသားမျိုးနွယ်ကို ခေါ်ဆောင်လိုသောအချိန်ပင်ဖြစ်ပြီး သူ့အလုပ်သည် ပိုမိုမြင့်မားသောအဆင့်တစ်ခုကို ဝင်ရောက်သောအချိန်လည်း ဖြစ်သည်။ လူတို့က ဆိုရိုးများ၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း ဆက်လက်ပြုမူလျှင်၊ သို့မဟုတ် ဤအရာတို့ကို ဆက်လက်၍ စွဲကိုင်ထားလျှင် သူသည် ၎င်းကို မှတ်မိခြင်း၊ သို့မဟုတ် ချီးမွမ်းခြင်းရှိမည် မဟုတ်ပေ။ အကြောင်းမှာ သူက အလုပ်အသစ်ကို ယူဆောင်လာပြီးဖြစ်ပြီး သူ့အလုပ်၏ အဆင့်အသစ်တစ်ခုဆီသို့ ဝင်ရောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။ အလုပ်အသစ်ကို သူစတင်သောအခါတွင် သူ၏စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ မတူညီသော အချက်အလက်တို့ကို လူတို့သိနိုင်ရန်အတွက် ပြီးပြည့်စုံသော ပုံရိပ်အသစ်တစ်ခုနှင့် ရှုထောင့်အသစ်တစ်ခုအနေနှင့် လူသားမျိုးနွယ်ဆီသို့ သူပေါ်ထွန်းလာသည်။ ၎င်းသည် သူ၏အလုပ်အသစ်၌ရှိသော သူ၏ပန်းတိုင်တို့ထဲမှ တစ်ခုဖြစ်သည်။ ဘုရားသခင်က ယခင်ကအရာတို့ကို ကိုင်စွဲမထားပေ၊ သို့မဟုတ် အသားကျပြီးသား လမ်းကြောင်းကို မလျှောက်ပေ။ သူအလုပ်လုပ်ပြီး စကားပြောသောအခါတွင် လူတို့ထင်သကဲ့သို့ ပိတ်ပင်တားမြစ်ခြင်း မရှိပေ။ ဘုရားသခင်ထံတွင် အားလုံးက လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်။ ပိတ်ပင်တားမြစ်ခြင်း၊ ကန့်သတ်ခြင်းတို့ မရှိပေ။ လူသားမျိုးနွယ်ဆီသို့ သူယူဆောင်လာသောအရာအားလုံးက လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်သည်။ သူသည် အသက်ရှင်သော ဘုရားသခင်၊ အမှန်တကယ် စစ်မှန်စွာ တည်ရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် ရုပ်သေးရုပ်တစ်ရုပ်၊ သို့မဟုတ် ရွှံ့စေးရုပ်တုတစ်ရုပ် မဟုတ်ပေ။ လူတို့ အမြတ်တနိုးထားပြီး ကိုးကွယ်သော ရုပ်တုတို့နှင့် လုံးဝ ကွဲပြားသည်။ သူသည် အသက်ရှင်ပြီး အားမာန်အပြည့်ရှိသည်။ လူသားတို့ဆီကို သူ၏နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုတို့က သယ်ဆောင်လာသမျှအားလုံးသည် အသက်နှင့် အလင်း၊ လွတ်လပ်ခြင်းနှင့် အချုပ်အချယ်ကင်းခြင်းတို့ဖြစ်သည်။ သူသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို ကိုင်ဆောင်ထားသည့်အတွက် သူ၏ မည်သည့်အလုပ်၏ ကန့်သတ်ခြင်းကိုမျှ မခံရပေ။ လူတို့က မည်သို့ပင်ပြောပါစေ၊ သူတို့က မည်ကဲ့သို့ပင် မြင်ပါစေ၊ သို့မဟုတ် သူ၏အလုပ်အသစ်ကို မည်ကဲ့သို့ အကဲဖြတ်ပါစေ၊ စနိုးစနောင့်ဖြစ်ခြင်းမရှိဘဲ သူ၏အလုပ်ကို လုပ်ဆောင်ပါလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်၏ အယူအဆများ၊ သူ့အလုပ်နှင့် နှုတ်ကပတ်တော်တို့ကို လက်ညှိုးထိုးဝေဖန်ခြင်းများ၊ သို့မဟုတ် သူ၏အလုပ်အသစ်အပေါ် သူတို့၏ ပြင်းထန်သော ဆန့်ကျင် ခုခံခြင်းတို့နှင့်ပတ်သက်၍ပင် သူစိုးရိမ်ပူပန်မည် မဟုတ်ပေ။ ဘုရားသခင်လုပ်ဆောင်သောအရာကို တိုင်းတာရန်၊ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ရန်၊ သူ့အလုပ်ကို ချိုးနှိမ်ရန် သို့မဟုတ် နှောင့်ယှက်ရန်၊ သို့မဟုတ် တမင်ဖျက်ဆီးရန် ဖန်ဆင်းခံအားလုံးထဲတွင် ဘယ်သူကမျှ လူသား၏ ကျိုးကြောင်းဆင်ခြင်မှု၊ သို့မဟုတ် လူသား၏ စိတ်ကူးတွေးတောမှု၊ အသိပညာ၊ သို့မဟုတ် ကိုယ်ကျင့်တရားကို အသုံးမပြုနိုင်ချေ။ သူ၏အလုပ်နှင့် သူလုပ်သောအရာတို့တွင် ပိတ်ပင်တားမြစ်ထားခြင်းတို့ မရှိပေ။ မည်သည့်လူ၊ အကြောင်းအရာ၊ သို့မဟုတ် အရာဝတ္ထု၏ ကန့်သတ်ခြင်းမျှ ရှိမည်မဟုတ်ပေ။ မည်သို့သော ရန်လိုသောအင်အားစု၏ နှောင့်ယှက်ခြင်းကိုမှ ခံရမည်မဟုတ်ပေ။ သူ၏အလုပ်သစ်နှင့် ပတ်သက်လာလျှင် သူသည် အမြဲတမ်း အောင်နိုင်မှုကို ရရှိနေသော ဘုရင်တစ်ပါးဖြစ်ပြီး လူသားမျိုးနွယ်ထံမှ ရန်လိုသောအင်အားစုများ၊ မိစ္ဆာဒိဋ္ဌိနှင့် အယူလွဲမှားမှုများ အားလုံးသည် သူ၏ ခြေတင်ခုံအောက်တွင် နင်းချေခြင်းကို ခံကြရသည်။ သူ့အလုပ်၏ မည်သည့်အဆင့်အသစ်ကို သူလုပ်ဆောင်နေသည်ဖြစ်စေ ၎င်းအလုပ်ကို လူသားတို့၏အလယ်တွင် ဧကန်မုချ တည်ဆောက်ပြီး ချဲ့ထွင်ရမည်ဖြစ်သည်၊ ထို့ပြင် သူ၏ ကြီးမားသောအလုပ် ပြီးဆုံးသည်အထိ စကြဝဠာတစ်ခွင်လုံးတစ်လျှောက်တွင် အတားအဆီးမရှိ ဧကန်မုချ လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာဖြစ်သည်။ သူ၏ အာဏာနှင့် တန်ခိုးဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုသည် ဥပုသ်နေ့တွင် အပြင်ကို ပွင့်လင်းစွာ သွားလာနိုင်ပြီး အလုပ်လုပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့နှလုံးသားထဲတွင် စည်းမျဉ်းတို့မရှိ။ လူသားမျိုးနွယ်မှ ဖြစ်ပေါ်လာသော အသိပညာ၊ သို့မဟုတ် အယူဝါဒတို့ မရှိပေ။ သူရှိသောအရာက ဘုရားသခင်၏ လုပ်ဆောင်မှုအသစ်နှင့် သူ၏လမ်းခရီးပင်ဖြစ်သည်။ သူ၏အလုပ်က လူသားမျိုးနွယ်ကို လွတ်မြောက်စေရန်၊ သူတို့ကို လွှတ်ပေးရန်၊ သူတို့ကို အလင်း၌ ဖြစ်တည်ခွင့်ပေးရန်၊ သူတို့ကို အသက်ရှင်ခွင့်ပေးရန် လမ်းခရီးဖြစ်သည်။ ရုပ်တုများ၊ သို့မဟုတ် မှားယွင်းသော ဘုရားများကို ကိုးကွယ်သောသူတို့သည် စာတန်၏ချည်နှောင်ခြင်းကိုခံရရင်း၊ စည်းမျဉ်းနှင့် ဘာသာရေးယဉ်ကျေးမှုဆိုင်ရာ တားမြစ်ချက်ပေါင်းစုံ၏ ကန့်သတ်ချက်တို့နှင့် နေ့စဉ် အသက်ရှင်နေထိုင်ရသည်။ ယနေ့၌ တစ်ခုကို ပိတ်ပင်တားမြစ်ပြီး နောက်တစ်နေ့၌ နောက်တစ်ခုကို ပိတ်ပင်တားမြစ်သည်။ သူတို့ဘဝတွင် လွတ်လပ်ခြင်းမရှိချေ။ သူတို့သည် ဝမ်းမြောက်စရာအကြောင်း ပြောစရာမရှိသော အချုပ်အနှောင်တို့နှင့် အကျဉ်းသားတို့ကဲ့သို့ပင်ဖြစ်သည်။ “ပိတ်ပင်တားမြစ်ခြင်း” ဆိုသည်မှာ မည်သည်ကို ကိုယ်စားပြုသနည်း။ အကန့်အသတ်များ၊ ချည်နှောင်မှုများနှင့် ဆိုးယုတ်ခြင်းများကို ကိုယ်စားပြုသည်။ လူတစ်ယောက်က ရုပ်တုတစ်ခုကို ကိုးကွယ်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် မှားယွင်းသော ဘုရားကို ကိုးကွယ်နေခြင်းဖြစ်သည်။ ဆိုးယုတ်သော နတ်ဆိုးကို ကိုးကွယ်နေခြင်း ဖြစ်သည်။ ပိတ်ပင်တားမြစ်ခြင်းတွင် ၎င်းတို့ပါလာသည်။ သင်က ဤအရာ၊ ထိုအရာကိုမစားရ။ ယနေ့ သင်အပြင်ထွက်၍မရ။ မနက်ဖြန် မီးဖိုကို ဖွင့်၍မရ။ နောက်တစ်နေ့တွင် သင် အိမ်အသစ်ကို ပြောင်း၍မရ။ မင်္ဂလာဆောင်များ၊ အသုဘ အခမ်းအနားများနှင့် ကလေးမွေးခြင်းတို့အတွက်ပင် သတ်မှတ်ထားသော ရက်တို့ကို ရွေးချယ်ရသည်။ ၎င်းကို မည်သို့ခေါ်သနည်း။ ပိတ်ပင်တားမြစ်ခြင်းဟု ခေါ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ကျွန်ခံရခြင်းပင်ဖြစ်သည်။ စာတန်၏ အချုပ်အနှောင်ဖြစ်ပြီး ဆိုးယုတ်သော နတ်ဆိုးတို့က သူတို့ကို ထိန်းချုပ်နေကာ သူတို့၏နှလုံးသားနှင့် ကိုယ်ခန္ဓာကို ကန့်သတ်နေခြင်းဖြစ်သည်။ ဤပိတ်ပင်တားမြစ်ခြင်းတို့က ဘုရားသခင်တွင် တည်ရှိသလော။ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းကို ပြောသောအခါတွင် သင်သည် ဤအရာကို ဦးစွာစဉ်းစားသင့်သည်။ ဘုရားသခင်နှင့်ဆိုလျှင် ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။ သူ၏နှုတ်ကပတ်တော်တို့နှင့် အလုပ်တွင် စည်းမျဉ်းစည်းကမ်းတို့ ရှိသည်။ သို့သော်လည်း ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။ အကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင်က သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သောကြောင့်ပင်ဖြစ်၏။

ယခု ဤစာပိုဒ်ကို ကြည့်ကြစို့။ “ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲ ၁၂:၆-၈) ဤနေရာတွင် “ဗိမာန်တော်” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ရိုးရိုးရှင်းရှင်းပြောရလျှင် “ဗိမာန်တော်” ဆိုသည်မှာ ကြီးကျယ်ခမ်းနားသော မြင့်မားသော အဆောက်အဦးကို ဆိုလိုပြီး ပညတ်တော်ခေတ်တွင် ဗိမာန်တော်သည် ပုရောဟိတ်တို့အတွက် ဘုရားသခင်ကို ကိုးကွယ်ရန် နေရာတစ်ခုဖြစ်သည်။ သခင်ယေရှုက “ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏” ဟူ၍ပြောသောအခါတွင် “အရာ” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ရှင်းပါသည်။ “အရာ” ဆိုသည်မှာ ဇာတိခန္ဓာထဲမှ သခင်ယေရှုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်သောကြောင့်ဖြစ်သည်။ ဤစကားလုံးတို့က လူတို့ကို မည်သို့ပြောပြနေသနည်း။ ဗိမာန်တော်ထဲမှ ထွက်ရန် လူတို့ကို ပြောနေသည်။ ဘုရားသခင်က ထွက်နှင့်ပြီးဖြစ်ပြီး ထိုအထဲတွင် အလုပ်မလုပ်တော့ပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ ခြေလှမ်းတို့ကို ဗိမာန်တော်၏အပြင်ဖက်တွင် ရှာဖွေပြီး သူ၏အလုပ်အသစ်တွင် သူ၏ခြေလှမ်းတို့နောက်ကို လိုက်သင့်သည်။ ထိုအချက်ကို သခင်ယေရှုပြောခဲ့ခြင်း၏ နောက်ခံအကြောင်းရင်းမှာ ပညတ်တော်အောက်တွင် လူတို့က ဗိမာန်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်ထက် ကြီးမြတ်နေသကဲ့သို့ မြင်လာခဲ့ကြ၍ပင်ဖြစ်သည်။ တစ်နည်းဆိုရသော် လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းထက် ဗိမာန်တော်ကို ကိုးကွယ်နေကြသည်။ ထို့ကြောင့် သခင်ယေရှုက ဘုရားသခင်သည် သာလွန်ကြီးမြတ်သည့်အတွက်ကြောင့် ရုပ်တုတို့ကို မကိုးကွယ်ဘဲ ဘုရားသခင်ကို ကိုးကွယ်ရန် ၎င်းတို့ကို သတိပေးခဲ့သည်။ ထို့ကြောင့် “ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏” ဟု သူပြောခဲ့သည်။ သခင်ယေရှု၏အမြင်၌ ပညတ်တော်အောက်တွင် အသက်ရှင်နေကြသော လူအများစုသည် ယေဟောဝါကို မကိုးကွယ်တော့ဘဲ ယဇ်ပူဇော်ခြင်းကို ဟန်ဆောင်လုပ်နေကြသည်မှာ ထင်ရှားမြင်သာပြီး သခင်ယေရှုက ဤလမ်းစဉ်သည် ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤရုပ်တုကိုးကွယ်သူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ပိုကြီးမြတ်သော၊ ပိုမြင့်သော အရာတစ်ခုအဖြစ် မြင်ခဲ့ကြသည်။ သူတို့နှလုံးသားတွင် ဗိမာန်တော်သာ ရှိသည်။ ဘုရားသခင်မရှိချေ။ ဗိမာန်တော်ကို သူတို့ ဆုံးရှုံးသွားလျှင်၊ သူတို့ ကျိန်းဝပ်ရာအရပ်ကို ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။ ဗိမာန်တော်မရှိလျှင် သူတို့ ကိုးကွယ်ရန်နေရာမရှိချေ။ သူတို့၏ ယဇ်ပူဇော်ခြင်းတို့ကို မလုပ်ဆောင်နိုင်တော့ချေ။ သူတို့၏ ကျိန်းဝပ်ရာအရပ်ဆိုသည့်နေရာက ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းဟူသော နဖူးစည်းစာတန်းအောက်ဝယ် သူတို့လှုပ်ရှားသောနေရာဖြစ်ပြီး သူတို့ကို ဗိမာန်တော်တွင် နေခွင့်ပေးပြီး သူတို့၏ ကိုယ်ပိုင်အရေးကိစ္စတို့ကို လုပ်ဆောင်ခွင့်ပေးသည်။ သူတို့၏ ယဇ်ပူဇော်ပသခြင်းဟူသောအရာက ဗိမာန်တော်မှာ သူတို့၏ အစေခံခြင်းကို လုပ်ဆောင်ခြင်းဟူသော အသွင်ပုံစံအောက်တွင် သူတို့၏ကိုယ်ပိုင် ရှက်စရာကောင်းသော အတွင်းရေးကိစ္စတို့ကို ဆောင်ရွက်ရန်သက်သက်ပင် ဖြစ်သည်။ ၎င်းသည် ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု ယင်းအချိန်တုန်းက လူတို့မြင်ရသော အကြောင်းရင်းပင်ဖြစ်သည်။ သူတို့က ဗိမာန်တော်ကို အကာအကွယ်အနေနှင့် အသုံးပြုပြီး လူတို့ကို လိမ်ညာရန်နှင့် ဘုရားသခင်ကို လိမ်ညာရန်အတွက် အသွင်ပုံစံတစ်ခုအနေနှင့် ယဇ်ပူဇော်ခဲ့ကြသည့်အတွက်ကြောင့် သခင်ယေရှုက လူတို့ကို သတိပေးရန်အတွက် ဤစကားကို ပြောခဲ့သည်။ သင်တို့သည် ဤစကားလုံးတို့ကို လက်ရှိအချိန်အထိ အသုံးချလျှင် ၎င်းတို့သည် တန်းတူ ကိုက်ညီမှုရှိပြီး တန်းတူ အသုံးပြု၍ ရဆဲပင်ဖြစ်သည်။ ယနေ့လူတို့သည် ပညတ်တော်ခေတ်က လူတို့ ကြုံတွေ့ရခြင်းနှင့်မတူသော ဘုရားသခင်၏ လုပ်ဆောင်မှုကို ကြုံတွေ့ရသော်လည်း ယင်းတို့၏ သဘောတရား အနှစ်သာရက အတူတူပင်ဖြစ်သည်။ ယနေ့ အလုပ်၏ အကြောင်းအရာမှာ လူတို့က “ဗိမာန်တော်သည် ဘုရားသခင်ထက် ကြီးမြတ်သည်” ဟူသည့်အဖြစ်မျိုး အတူတူပင် လုပ်နေကြဦးမည်ဖြစ်သည်။ ဥပမာ လူတို့ သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းကို သူတို့၏အလုပ်ဟု မြင်ကြသည်။ သူတို့သည် ဘုရားသခင်ကို သက်သေခံခြင်းနှင့် အဆင်းနီသောနဂါးကြီးကို တိုက်ခိုက်ခြင်းကို ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် လူ့အခွင့်အရေးကို ခုခံကာကွယ်သော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုအနေနှင့် မြင်ကြသည်။ အလုပ်တို့တွင် သူတို့၏ ကျွမ်းကျင်မှုတို့ကို အသုံးချရန်အတွက် သူတို့၏တာဝန်ကို စွန့်ကြသည်။ သို့သော်ငြားလည်း ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို စောင့်ထိန်းရမည့်ဘာသာရေးအယူဝါဒ တစ်ခုသာသာ စသဖြင့် ဆက်ဆံကြသည်။ လူသားတို့၏ အပိုင်းမှာ ဤဖော်ပြချက်တို့က “ဗိမာန်တော်က ဘုရားသခင်ထက် ကြီးမြတ်သည်” ဆိုသည်နှင့် အတူတူပင် ဖြစ်သည်မဟုတ်လော။ ထိုလွန်ခဲ့သော နှစ်နှစ်ထောင်ကာလတွင် လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဗိမာန်တော်တွင် သူတို့၏ကိုယ်ပိုင် လုပ်ငန်းတို့ကို လုပ်ဆောင်နေကြသည်။ သို့သော်လည်း ယနေ့ လူတို့သည် သူတို့၏ ကိုယ်ပိုင်လုပ်ငန်းတို့ကို အကောင်အထည်ပြ၍မရသော ဗိမာန်တော်တို့တွင် လုပ်ဆောင်ကြသည်။ စည်းမျဉ်းများကို တန်ဖိုးထားသော ဤလူတို့သည် စည်းမျဉ်းများကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည်။ အဆင့်အတန်းကို ချစ်ကြသော လူတို့သည် အဆင့်အတန်းကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ကြသည်။ အလုပ်ကို ချစ်ကြသောလူတို့သည် အလုပ်ကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည် စသဖြင့်ဖြစ်သည်။ သူတို့၏ ဖော်ပြချက်အားလုံးက ငါ့ကို ဤကဲ့သို့ပြောစေသည်။ “လူတို့က သူတို့၏စကားလုံးတို့မှတစ်ဆင့် ဘုရားသခင်ကို အကြီးမြတ်ဆုံးအဖြစ် ချီးမွမ်းကြသည်။ သို့သော်လည်း သူတို့၏မျက်လုံး၌ဆိုလျှင် အရာရာတိုင်းက ဘုရားသခင်ထက် ပိုပြီး ကြီးမြတ်နေသည်။” ဤအရာသည် လူတို့က သူတို့၏ ကိုယ်ပိုင် အရည်အချင်းတို့ကို ပြသရန်၊ သို့မဟုတ် သူတို့၏ကိုယ်ပိုင်လုပ်ငန်း၊ သို့မဟုတ် သူတို့၏ အသက်မွေးဝမ်းကျောင်းအလုပ်တို့ကို လုပ်ဆောင်ရန်၊ ဘုရားသခင်နောက်ကိုလိုက်သော သူတို့၏လမ်းကြောင်းတစ်လျှောက်မှာ အခွင့်အရေးကို တွေ့သည်နှင့် တစ်ပြိုင်နက် သူတို့ကိုယ်သူတို့ ဘုရားသခင်ထံမှ ဝေးကွာစေပြီး သူတို့ချစ်သော အသက်မွေးဝမ်းကျောင်းအလုပ်တို့ထဲတွင် နှစ်မြှုပ်လိုက်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က သူတို့အပေါ် တာဝန်ပေးစေခိုင်းထားသောအရာနှင့် သူ့အလိုတော်အတွက်မှာမူ ဤအရာတို့က စွန့်ပစ်ခံထားရသည်မှာ ကြာပါပြီ။ ဤနေရာမှာ ဤလူတို့နှင့် လွန်ခဲ့သော နှစ်နှစ်ထောင်တုန်းက ဗိမာန်တော်၌ သူတို့၏ ကိုယ်ပိုင်လုပ်ငန်းတို့ကို လုပ်ဆောင်ကြသောသူတို့နှင့် ဘာကွာသနည်း။

နောက်တစ်ခု၊ ကျမ်းစာ၏ ဤအပိုင်းမှာရှိသော နောက်ဆုံးစာကြောင်းကို ကြည့်ကြစို့။ “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။” ဤစာကြောင်းမှာ လက်တွေ့ကျသောအရာ ရှိသလော။ ဤစာကြောင်း၏ လက်တွေ့ကျသောအရာကို သင်တို့ မြင်နိုင်သလော။ ဘုရားသခင်ပြောသော အရာတစ်ခုချင်းစီတိုင်းက သူ့နှလုံးသားအတွင်းက လာသည်။ ဤသို့ဆိုလျှင် သူဤအရာကို ဘာကြောင့်ပြောသနည်း။ သင်တို့ ဤအရာကို မည်ကဲ့သို့နားလည်သနည်း။ ယခု ဤစာကြောင်း၏ အဓိပ္ပာယ်ကို သင်တို့နားလည်ကောင်း နားလည်နိုင်သည်။ သို့သော်လည်း ယင်းအချိန်မှာတုန်းက နားလည်သောသူ များပြားစွာမရှိပေ။ အကြောင်းမှာ လူသားမျိုးနွယ်က ပညတ်တော်ခေတ်မှ ထွက်ခါစပင် ရှိသေးသောကြောင့်ဖြစ်သည်။ သူတို့အတွက်က ဥပုသ်မှ ထွက်လာခြင်းက လုပ်ဆောင်ရန် အလွန်ခက်ခဲသောအရာဖြစ်သည်။ စစ်မှန်သော ဥပုသ်ဆိုသည်ကို နားလည်ရန်ဆိုသည်မှာဖြင့် ပြောစရာစကားမရှိတော့ပေ။

“လူသားသည် ဥပုသ်နေ့ကို အစိုးရသည်” ဆိုသော စာကြောင်းက ဘုရားသခင်၏ အရာအားလုံးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မဟုတ်ဆိုသည်ကို လူတို့ကို ပြောပြသည်။ သင်၏ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တို့အားလုံးကို ဘုရားသခင်က ထောက်ပံ့ပေးနိုင်သော်လည်း သင်၏ ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တို့ ပြည့်ပြီဆိုသည်နှင့် ဤအရာတို့ဆီမှလာသော ကျေနပ်ခြင်းက သင်၏ သမ္မာတရားအတွက် ကြိုးပမ်းအားထုတ်ခြင်းကို အစားထိုးနိုင်သလော။ ဤသည်မှာ မဖြစ်နိုင်ဟုဆိုသည်မှာ ရှင်းပါသည်။ ငါတို့ မိဿဟာယဖွဲ့ခဲ့သော ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ နှစ်ခုလုံးက သမ္မာတရားဖြစ်သည်။ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းတို့၏ မြင့်မားသော ဈေးနှုန်းတို့နှင့် တိုင်းတာ၍မရသကဲ့သို့ ငွေနှင့် အဖိုးဖြတ်၍လည်း မရပေ။ အကြောင်းမှာ ၎င်းသည် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမဟုတ်သောကြောင့်ဖြစ်ပြီး လူတစ်ယောက်စီတိုင်း၏ နှလုံးသားလိုအပ်ချက်ကို ပံ့ပိုးပေးခြင်းကြောင့်ဖြစ်သည်။ လူတိုင်းအတွက် ဤလက်ဆုပ်လက်ကိုင်ပြ၍မရသော သမ္မာတရားတို့၏ တန်ဖိုးသည် သင်က ကောင်းသည်ဟုထင်သော ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုမှန်သမျှတို့ထက် ပိုပြီး ကြီးမြတ်သင့်သည် မဟုတ်လော။ ဤဖော်ပြချက်က သင်တို့ အပြန်ပြန်စဉ်းစားသင့်သောအရာတစ်ခုပင်ဖြစ်သည်။ ငါပြောသွားသောအရာ၏ အဓိကအချက်က ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် ဘုရားသခင်၏ အရာရာတိုင်းသည် လူတစ်ယောက်ချင်းစီတိုင်းအတွက် အရေးကြီးဆုံးဖြစ်ပြီး မည်သည့်ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုနှင့်မျှ အစားထိုး၍မရနိုင်ဟု ဆိုခြင်းပင်ဖြစ်သည်။ ငါသင့်ကို ဥပမာတစ်ခုပေးမည်။ သင်ဆာလောင်သောအခါတွင် အစားအစာ လိုအပ်သည်။ ဤအစားအစာက အတော်ကလေး ကောင်းချင်ကောင်းမည်၊ သို့မဟုတ် အတော်ကလေး ညံ့ချင်ညံ့မည်။ သို့သော်လည်း သင်ဗိုက်ဖြည့်၍ ရသရွေ့ ဤဆာလောင်သည့် မကောင်းသောခံစားချက်က ရှိမည်မဟုတ်တော့ပေ။ ပျောက်သွားလိမ့်မည်။ သင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ထိုင်နေနိုင်သည်။ သင်၏ ကိုယ်ခန္ဓာသည် အနားရလိမ့်မည်။ လူတို့၏ ဆာလောင်မှုကို အစားအစာနှင့် ဖြေရှင်းနိုင်သည်။ သို့သော်လည်း သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ့ကို နားလည်ခြင်း သင့်မှာမရှိဟု ခံစားရလျှင် သင့်နှလုံးသားထဲက ဘာမျှမရှိခြင်းကို သင် မည်ကဲ့သို့ဖြေရှင်းနိုင်မည်နည်း။ အစားအစာနှင့် ဖြေရှင်း၍ရမည်လော။ သို့မဟုတ် သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ၏အလိုတော်ကို နားမလည်သောအခါတွင် သင့်နှလုံးသားထဲမှ ထိုဆာလောင်မှုအတွက် ဖြည့်ဆည်းရန် သင် ဘာကိုအသုံးပြုနိုင်မည်နည်း။ သင့်စိတ်သဘောထား ပြောင်းလဲမှုအတွက် ကြိုးပမ်းအားထုတ်နေခိုက်တွင် ဘုရားသခင်မှတစ်ဆင့် သင်၏ ကယ်တင်ခြင်းအတွေ့အကြုံဖြစ်စဉ်မှာ သူ့အလိုတော်ကို သင်နားမလည်လျှင်၊ သို့မဟုတ် သမ္မာတရားက အဘယ်အရာဖြစ်၏ဆိုသည်ကို သင်မသိလျှင်၊ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားမလည်လျှင် စိတ်မသက်သာမှုကို သင်မခံစားရပေဘူးလော။ သင့်နှလုံးသားထဲတွင် ပြင်းပြသောဆာလောင်မှုနှင့် ငတ်မွတ်မှုကို မခံစားရပေဘူးလော။ ဤခံစားချက်တို့က သင့်နှလုံးသားထဲတွင် ငြိမ်ဝပ်ခြင်းကို မခံစားရအောင် တားဆီးမနေဘူးလော။ ဤသို့ဆိုလျှင် သင့်နှလုံးသားထဲက ဆာလောင်မှုကို သင်မည်ကဲ့သို့ ဖြည့်ဆည်းနိုင်မည်နည်း။ ၎င်းကို ဖြေရှင်းရန် နည်းလမ်းရှိသလော။ တချို့လူတို့က ဈေးဝယ်ထွက်သည်။ တချို့က ရင်ဖွင့်ရန်အတွက် သူတို့၏ သူငယ်ချင်းများကို ရှာကြသည်။ တချို့လူတို့က အိပ်ရေးဝအောင် အိပ်လိုက်ကြသည်။ တခြားလူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ပို၍ ဖတ်ကြသည်။ သို့မဟုတ် အလုပ်ပိုကြိုးစားကြပြီး သူတို့၏ တာဝန်ကို ထမ်းဆောင်ရန် ပို၍ အားစိုက်ထုတ်ကြသည်။ ဤအရာတို့က သင်၏ တကယ့်အခက်အခဲတို့ကို ဖြေရှင်းနိုင်သလော။ သင်တို့အားလုံး ဤကဲ့သို့အလေ့အကျင့်တို့ကို အပြည့်အဝ နားလည်ကြသည်။ သင်သည် မည်သည့်အစွမ်းမျှမရှိဟု ခံစားရသောအခါတွင်၊ သမ္မာတရား၏ အစစ်အမှန်နှင့် သူ၏အလိုတော်ကိုသိခြင်းအခွင့်ကို ရရန်အတွက် ဘုရားသခင်ဆီမှ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိရန် ပြင်းပြသောဆန္ဒကို သင်ခံစားရသောအခါတွင် သင်မည်သည်ကို အလိုအပ်ဆုံးဖြစ်သနည်း။ သင်လိုအပ်သည်မှာ ဗိုက်ပြည့်စေမည့် ထမင်းတစ်နပ်မဟုတ်ပေ။ သနားကြင်နာသော စကားတချို့မဟုတ်ပေ။ ဇာတိ၏ ယာယီ နှစ်သိမ့်ခြင်းနှင့် စိတ်ကျေနပ်စေခြင်းတို့ဆိုလျှင် ပို၍ပင်မဟုတ်ပေ။ သင်လိုအပ်သည်မှာ ဘုရားသခင်က သင်ဘာလုပ်သင့်သည်၊ မည်ကဲ့သို့လုပ်ဆောင်သင့်သည်ဆိုခြင်းကို တိုက်ရိုက် ရှင်းလင်းစွာပြောပြရန်၊ သမ္မာတရားက အဘယ်အရာဖြစ်၏ဆိုသည်ကို သင့်ကို ရှင်းရှင်းလင်းလင်း ပြောပြရန်ပင်ဖြစ်သည်။ အနည်းငယ်မျှပင်ဖြစ်ဖြစ် ၎င်းကို သင်နားလည်ပြီးသောနောက်တွင် အစားအစာကောင်းကောင်း စားရခြင်းထက် သင့်နှလုံးသားတွင် ကျေနပ်မှုကို ပိုပြီးမခံစားရပေဘူးလော။ သင့်နှလုံးသားက ကျေနပ်သောအခါတွင် သင့်နှလုံးသားမှ၊ သင့်၏ တစ်ကိုယ်လုံးမှ စစ်မှန်သော ငြိမ်ဝပ်ခြင်းကို မရရှိပေဘူးလော။ ဤနှိုင်းယှဉ်ချက်နှင့် ခွဲခြမ်းစိတ်ဖြာလေ့လာချက်မှတစ်ဆင့် “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်” ဆိုသော စာကြောင်းကို ငါဘာကြောင့် သင်တို့နှင့် ဝေမျှလိုသနည်းဆိုသည်ကို သင်တို့ နားလည်သလော။ ထိုစာကြောင်း၏ အဓိပ္ပာယ်က ဘုရားသခင်ဆီမှ လာသောအရာ၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ပင်ဖြစ်သည်။ တဖန် သူ၏အရာရာတိုင်းသည် သင်တန်ဖိုးအထားဆုံးဟု သင်ယုံကြည်ခဲ့သော အရာများ၊ သို့မဟုတ် လူအပါအဝင် တစ်ခြားအရာတို့ထက် ကြီးမြတ်သည်။ ဆိုလိုသည်မှာ လူတစ်ယောက်က ဘုရားသခင်၏နှုတ်မှ စကားလုံးတို့ကို မရယူနိုင်ဟုဆိုလျှင်၊ သို့မဟုတ် သူ၏အလိုတော်ကို နားမလည်နိုင်ဟုဆိုလျှင် သူတို့သည် ငြိမ်ဝပ်ခြင်းကို မရရှိနိုင်ပေ။ သင်တို့၏ အနာဂတ် အတွေ့အကြုံတို့တွင် ယနေ့ ဤစာပိုဒ်ကို ငါဘာကြောင့် သင်တို့ကို မြင်စေလိုသည်ဆိုခြင်းကို သင်တို့ နားလည်ပါလိမ့်မည်။ ၎င်းသည် အလွန်အရေးကြီး၏။ ဘုရားသခင် လုပ်ဆောင်သောအရာတိုင်းက သမ္မာတရားနှင့် အသက်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သမ္မာတရားသည် သူတို့ဘဝ၌ မရှိ၍မဖြစ်သောအရာ၊ မရှိဘဲနှင့် လုံးဝ မပြုလုပ်နိုင်သောအရာဖြစ်သည်။ အကြီးမြတ်ဆုံးအရာဟုလည်း သင်ဆိုနိုင်သည်။ ထိုအရာကို သင်ကြည့်၍မရ၊ ထိ၍မရသော်လည်း သင့်အတွက် ဤအရာ၏ အရေးကြီးသောအချက်ကို သင်လျစ်လျူရှု၍မရပေ။ သင့်နှလုံးသားကို ငြိမ်ဝပ်ခြင်း သယ်ဆောင်ပေးနိုင်သော တစ်ခုတည်းသော အရာဖြစ်သည်။

သင်တို့၏ သမ္မာတရားအပေါ် နားလည်ခြင်းက သင်တို့၏ ကိုယ်ပိုင်အခြေအနေတို့နှင့် ပေါင်းစပ်နေသလော။ လက်တွေ့ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အကြောင်းအရာများ၊ အရာဝတ္ထုများနှင့် ဘယ်သမ္မာတရားတို့က ဆက်စပ်သနည်းဆိုသည်ကို ဦးစွာ စဉ်းစားရမည်။ ဘုရားသခင်၏အလိုတော်ကို သင်ရှာနိုင်ပြီး သူ့အလိုတော်ကို သင်ကြုံတွေ့ရသည်နှင့် ဆက်သွယ်နိုင်ခြင်းက ဤသမ္မာတရားတို့ထဲ၌ ဖြစ်သည်။ သင်က သင်ကြုံတွေ့ရသောအရာတို့နှင့် သမ္မာတရား၏ ဘယ်အချက်တို့က ဆက်စပ်သနည်းဆိုသည်ကို မသိဘဲ ဘုရားသခင်၏ အလိုတော်ကို တိုက်ရိုက် ရှာဖွေလျှင် ဤချဉ်းကပ်မှုက အတော်ပင် မျက်ကန်းဆန်ပြီး ရလဒ် မရရှိနိုင်ပေ။ သင်က သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လိုရင် သင့်ဆီကို မည်ကဲ့သို့အရာများ ရောက်လာသနည်းဆိုသည်နှင့်၊ ၎င်းတို့က သမ္မာတရား၏ ဘယ်အချက်တို့နှင့် ဆက်စပ်သည်ဆိုသည်ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ဖူးသည်နှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်၌ရှိသော သမ္မာတရားကို ရှာဖွေလော့။ ထို့နောက် ၎င်းသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ အလိုတော်ကို သွယ်ဝိုက်ပြီး နားလည်ခြင်းကို သင်ရရှိနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် ကျင့်သုံးခြင်းက အယူဝါဒတစ်ခုကို မစဉ်းမစားဘဲ အသုံးချခြင်း၊ သို့မဟုတ် ပုံသေနည်းတစ်ခုနောက်ကိုလိုက်ခြင်း မဟုတ်ပေ။ သမ္မာတရားက ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်းမဟုတ်ပေ။ သမ္မာတရားသည် အသေမဟုတ်ပေ။ အသက်ပင်ဖြစ်သည်။ အသက်ရှင်သော အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်က လိုက်နာရမည့် စည်းကမ်းဖြစ်ပြီး လူသားတစ်ယောက်က သူတို့ဘဝတွင် ရှိရမည့် စည်းကမ်းဖြစ်သည်။ ၎င်းသည် အတွေ့အကြုံမှတဆင့် သင်ပို၍ နားလည်ရမည့်အရာတစ်ခုဖြစ်သည်။ သင့်အတွေ့အကြုံသည် ဘယ်အဆင့်ကို သင်ရောက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားထံမှ သင့်ကို ခွဲခြား၍မရနိုင်ပေ။ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားလည်သောအရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်သိသောအရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားသည်။ ဤအရာတို့သည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်သွယ်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကိုယ်၌က သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ စစ်မှန်သော ထင်ရှားပြသခြင်းဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဤအရာက တိကျစစ်မှန်စေပြီး တိတိကျကျ ဖော်ပြသည်။ ၎င်းက ဘုရားသခင် ဘာကိုကြိုက်သည်၊ သူဘာကို မကြိုက်၊ သင့်ကို သူက ဘာလုပ်စေလိုသည်၊ သင့်ကို သူက မည်သည်တို့ကိုလုပ်ရန် ခွင့်မပြု၊ မည်သို့သောလူတို့ကို သူစက်ဆုပ်ပြီး မည်သို့သောလူတို့ကို သူကျေနပ်ဝမ်းမြောက်သည်ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရား၏နောက်တွင် လူတို့သည် သူ၏ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် သူ၏အနှစ်သာရကို မြင်နိုင်သည်။ ဤအရာသည် သူ၏စိတ်သဘောထားကို ဖွင့်ပြခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ့စိတ်သဘောထားကို နားလည်ခြင်းအပြင် အရေးအကြီးဆုံးအရာမှာ လက်တွေ့အတွေ့အကြုံတို့မှ ဤနားလည်မှုကို ရောက်ရှိရန် လိုအပ်ချက်ဖြစ်သည်။ လူတစ်ယောက်က ဘုရားသခင်ကိုသိရန် လက်တွေ့ဘဝမှ သူတို့ကိုယ်သူတို့အား ဖယ်ထုတ်လိုက်လျှင် သူတို့သည် ၎င်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထံမှ နားလည်မှုတချို့ ရရှိနိုင်သော လူတို့ ရှိလျှင်ပင် ထိုနားလည်မှုသည် သီအိုရီများ၊ စကားလုံးများနှင့် ကန့်သတ်ထားပြီး ဘုရားသခင်က အမှန်တကယ်တွင် မည်ကဲ့သို့နည်းဆိုသောအရာနှင့် ကွာဟချက် ရှိသည်။

ယခု ငါတို့ ဆွေးနွေးပြောဆိုနေသမျှအားလုံးက သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော အဖြစ်အပျက်တို့၏ နယ်ပယ်အတွင်း၌ ရှိသည်။ ဤအဖြစ်အပျက်တို့မှတစ်ဆင့်၊ ဖြစ်ပျက်ခဲ့သော ဤအရာတို့ကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းမှတစ်ဆင့် သူ၏စိတ်သဘောထားနှင့် သူဖော်ပြခဲ့သော သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို လူတို့နားလည်နိုင်ပြီး ဘုရားသခင်၏ အချက်အလက်တိုင်းကို ပိုပြီး ကျယ်ပြန့်စွာ၊ ပိုပြီး နက်ရှိုင်းစွာ၊ ပို၍ပင် နားလည်သဘောပေါက်စွာ၊ ပို၍ပင် နှံ့စပ်စွာသိစေသည်။ ဤသို့ဆိုလျှင် ဤအဖြစ်အပျက်တို့မှတစ်ဆင့် ဘုရားသခင်၏အချက်အလက်တိုင်းကို နားလည်ရန်မှာ တစ်ခုတည်းသောနည်းလမ်းပေလော။ မဟုတ်ပေ။ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်ပြောသောအရာတို့နှင့် သူလုပ်ဆောင်သောအလုပ်သည် လူတို့အား သူ၏စိတ်သဘောထားကို သိစေရန်၊ ပိုပြီး အပြည့်အဝသိစေရန် ကူညီနိုင်သည်။ သို့သော်လည်း လူတို့ရင်းနှီးသော သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော တချို့ ဥပမာများ၊ သို့မဟုတ် အဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုသိရန်နှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ရန် ပိုပြီးလွယ်ကူမည်ဟု ငါထင်သည်။ သူ့ကို သင်တိတိကျကျသိစေရန် ယနေ့ ဘုရားသခင်ဖော်ပြသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ နှုတ်ကပတ်တော်တို့ကို လုံးစေ့ပတ်စေ့ ငါယူလိုက်လျှင် ထိုအရာသည် အလွန်ငြီးငွေ့ဖွယ်ကောင်းပြီး အလွန်ပျင်းစရာကောင်းသည်ဟု သင်ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က ပုံသေကားကျဆန်ဆန်ဖြစ်နေသည်ဟူ၍ပင် တချို့လူတို့က ခံစားရလိမ့်မည်။ သို့သော်လည်း လူတို့အား ဘုရားသခင်၏ စိတ်သဘောထားကို သိအောင် ကူညီရန် ဥပမာများအနေဖြင့် ဤသမ္မာကျမ်းစာအဖြစ်အပျက်တို့ကို ငါယူလျှင် သူတို့က ထိုအရာကို ပျင်းစရာကောင်းသည်ဟု ထင်မည်မဟုတ်ပေ။ ဤဥပမာတို့ကို ရှင်းပြခြင်းအကြောင်းအရာမှာ ဘုရားသခင်၏ စိတ်ခံစားမှု၊ သို့မဟုတ် ခံယူချက်၊ သို့မဟုတ် သူ၏အတွေးများနှင့် စိတ်ကူးများဖြစ်သော၊ ထိုအချိန်က ဘုရားသခင်၏နှလုံးသားထဲ၌ ရှိခဲ့သော အသေးစိတ်အချက်အလက်တို့သည် လူသား၏ဘာသာစကားနှင့်ပင် လူတို့ကို ပြောပြပြီးဖြစ်သည်။ ယင်းတို့အားလုံး၏ ရည်မှန်းချက်က ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ပုံသေနည်းတစ်ခု မဟုတ်ကြောင်းကို အသိအမှတ်ပြုရန်၊ ခံစားရရန်ဖြစ်သည်။ ၎င်းသည် ဒဏ္ဍာရီတစ်ခုမဟုတ်ပေ။ သို့မဟုတ် လူတို့ မမြင်နိုင်သော၊ သို့မဟုတ် ထိတွေ့၍မရသော အရာမဟုတ်ပေ။ လူတို့ခံစားနိုင်သော၊ အသိအမှတ်ပြုနိုင်သော အမှန်တကယ် တည်ရှိသောအရာဖြစ်သည်။ ဤသည်မှာ အဆုံးစွန်သော ပန်းတိုင်ပင်ဖြစ်သည်။ ဤခေတ်၌နေထိုင်နေသော လူတို့သည် ကောင်းချီးခံစားရသည်ဟု သင်ဆိုနိုင်သည်။ ဘုရားသခင်၏ ယခင်ကလုပ်ဆောင်မှုကို ပိုပြီးကျယ်ပြန့်စွာ နားလည်ရန်အတွက် သမ္မာကျမ်းစာ၏အဖြစ်အပျက်တို့ကို သူတို့ ယူပြီး အသုံးပြုနိုင်သည်။ သူလုပ်ဆောင်ခဲ့သောအလုပ်မှတစ်ဆင့် သူ၏ စိတ်သဘောထားကို မြင်နိုင်သည်။ သူဖော်ပြခဲ့သော ဤစိတ်သဘောထားတို့မှတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုတော်ကို သူတို့နားလည်နိုင်သည်။ ဘုရားသခင်၏ စိတ်သဘောထားအပေါ် ပိုပြီးအသေးစိတ်ကျပြီး ပိုမိုနက်နဲသော သိမြင်မှုကို ရောက်ရှိရန် လူသားတို့အတွက် သူ၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် သူ၏ဂရုစိုက်မှု၏ တိကျစစ်မှန်သော ထင်ရှားပြသခြင်းကို နားလည်နိုင်သည်။ သင်တို့အားလုံးက ဤအရာကို ခံစားနိုင်သည်ဟု ငါယုံကြည်သည်။

ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြီးမြောက်ခဲ့သော လုပ်ဆောင်မှု၏ နယ်ပယ်ထဲတွင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ အခြားသောလက္ခဏာသွင်ပြင်တစ်ခုကို သင်မြင်နိုင်သည်။ ၎င်းကို သူ၏ဇာတိမှတစ်ဆင့် ဖော်ပြထားသည်။ သူ၏ လူ့သဘာဝမှတစ်ဆင့် လူသားတို့ သိမြင်ပြီး အသိအမှတ်ပြုရန်အတွက် ပြုလုပ်ထားသည်။ လူသား၏ သားတော်သည် လူ့ဇာတိ၌ရှိသော ဘုရားသခင်က သူ၏လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ကြောင်းကို လူတို့မြင်ခဲ့ရပြီး လူ့ဇာတိမှတစ်ဆင့် ဖော်ပြသော ဘုရားသခင်၏ ဘုရားသဘောသဘာဝကို သူတို့ မြင်ခဲ့ကြသည်။ ဤဖော်ပြချက်နှစ်ခုသည် လူတို့အား အမှန်တကယ်ပင် စစ်မှန်သော ဘုရားသခင်ကို မြင်စေပြီး ဘုရားသခင်အပေါ် မတူညီသော အယူအဆတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း ကမ္ဘာကို ဖန်ဆင်းခြင်းနှင့် ပညတ်တော်ခေတ်အဆုံးကြားတွင်ရှိသော အချိန်ကာလတွင်၊ ကျေးဇူးတော်ခေတ်မတိုင်မီအချိန်ကာလတွင်၊ လူတို့ မြင်သော၊ ကြားသော၊ တွေ့ကြုံခဲ့သော အရာတို့သည် ဘုရားသခင်၏ ဘုရားသဘောသဘာဝ လက္ခဏာသွင်ပြင်တို့သာ ဖြစ်သည်။ ၎င်းသည် မသိမြင်နိုင်သောနယ်ပယ်၌ ဘုရားသခင်ပြုလုပ်ခဲ့၊ ပြောခဲ့ခြင်းဖြစ်ပြီး မြင်၍မရသော၊ သို့မဟုတ် ထိတွေ့၍မရသော သူ၏ တကယ့် လူပုဂ္ဂိုလ်မှ သူဖော်ပြသော အရာတို့ဖြစ်သည်။ ဤအရာတို့သည် မကြာခဏပင် လူတို့ကို ဘုရားသခင်သည် အလွန်ကြီးမြတ်သည်၊ သူ့အနားကို သူတို့ ကပ်၍မရနိုင်ဟု ခံစားရစေသည်။ ဘုရားသခင်က လူတို့ကို ပေးလေ့ရှိသော ပုံစံက ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းက အလွန်ပင်ဆန်းကြယ်ပြီး တွေ့နိုင်ခဲလှသည့်အတွက် ၎င်းတို့ကို လက်လှမ်းမီရန် နည်းလမ်းမရှိဘူးဟူ၍ပင် လူတို့က ခံစားကြရပြီး ၎င်းတို့ကို နားလည်ပြီး အသိအမှတ်ပြုရန်ဆိုသည်မှာ ပို၍ပင် ဆိုးသေးသည်။ လူတို့အတွက်မှာမူ ဘုရားသခင်နှင့်ပတ်သက်သောအရာတိုင်းက အလွန်ပင် အလှမ်းကွာလွန်းခဲ့သည်။ အလွန်အလှမ်းကွာသည့်အတွက် လူတို့ မမြင်နိုင်၊ ထိ၍မရနိုင်ခဲ့ပေ။ သူသည် ကောင်းကင်ပေါ်၌ရှိနေသောပုံပေါ်ပြီး သူသည် အမှန်တကယ်ပင် မတည်ရှိနေသကဲ့သို့ ဖြစ်ခဲ့သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်၏ နှလုံးသားနှင့် စိတ်ကို နားလည်ခြင်း၊ သို့မဟုတ် သူ၏ မည်သည့်စဉ်းစားပုံကိုမျှ မရရှိနိုင်ပေ။ လက်လှမ်း၍ပင် မမီနိုင်ပေ။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က ခိုင်လုံသော လုပ်ဆောင်ချက်တချို့လုပ်ခဲ့ပြီး သူနှင့်ပတ်သက်သော စစ်မှန်သောအသိပညာတချို့ကို လူတို့ သိမြင်ရန်နှင့် အသိအမှတ်ပြုစေရန်၊ တချို့သောသီးသန့် စိတ်သဘောထားတို့ကို ဖော်ပြခဲ့ပြီး တချို့သောသီးသန့်နှုတ်ကပတ်တော်တို့ကို ထုတ်ပြန်ခဲ့သော်လည်း အဆုံးတွင်မူ ထိုအရာသည် မသိမြင်နိုင်သော နယ်ပယ်မှ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြချက်ဖြစ်ပြီး လူတို့နားလည်သည်မှာ၊ သူတို့သိသည်မှာ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ဘုရားသဘောသဘာဝဆိုင်ရာ လက္ခဏာသွင်ပြင်တို့ပင် ဖြစ်နေပါသေးသည်။ လူသားမျိုးနွယ်က သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ ဖော်ပြချက်မှ ခိုင်မာသော အယူအဆကို မရရှိနိုင်ခဲ့ချေ။ တဖန် ဘုရားသခင်အပေါ် သူတို့၏ ထင်မြင်မှုက “ပေါ်လိုက်ပျောက်လိုက်ဖြစ်သည့် နီးကပ်ရန် ခက်ခဲသော ဝိညာဉ်ခန္ဓာ” ဆိုသော နယ်ပယ်အတွင်းမှာ ပိတ်မိနေပါသေးသည်။ ဘုရားသခင်သည် လူတို့ဆီသို့ ပေါ်ထွန်းပြရန်အတွက် ရုပ်ဝတ္ထုနယ်ပယ်၌ သီးသန့် အရာဝတ္ထု၊ သို့မဟုတ် ပုံသဏ္ဌာန်တစ်ခုကို အသုံးမပြုခဲ့သည့်အတွက်ကြောင့် သူတို့သည် လူသား၏ဘာသာစကားကိုအသုံးပြုလျက် ဘုရားသခင်ကို အဓိပ္ပာယ်မဖွင့်ဆိုနိုင်သေးပေ။ လူတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် ဘုရားသခင်အတွက် စံသတ်မှတ်ချက်တစ်ခု တည်ဆောက်ရန်၊ သူ့ကို သိသာထင်ရှားလာအောင်ပြုလုပ်ရန်နှင့် လူသားဆန်အောင်ပြုလုပ်ရန် သူတို့၏ ကိုယ်ပိုင်ဘာသာစကားကို အမြဲလိုလို အသုံးပြုလိုခဲ့ကြသည်။ ဘုရားသခင်က အရပ်မည်မျှရှည်သည်၊ မည်မျှကြီးသည်၊ မည်ကဲ့သို့ပုံစံရှိသည်၊ သူ မည်သည်ကို အထူးသဖြင့် ကြိုက်နှစ်သက်သည်၊ သူ၏သီးသန့်အကျင့်စရိုက်က မည်ကဲ့သို့ဆိုသည်မျိုးတို့ဖြစ်သည်။ အမှန်တကယ်တွင်မူ ဘုရားသခင်သည် လူတို့က ဤကဲ့သို့တွေးကြသည်ဆိုခြင်းကို သူ့နှလုံးသားထဲ၌ သိ၏။ သူသည် လူတို့၏ လိုအပ်ချက်တို့အပေါ်တွင် အလွန် ရှင်းရှင်းလင်းလင်းသိလျက် သူဘာလုပ်သင့်သည် ဆိုသည်ကိုလည်း သိ၏။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သူ၏အလုပ်ကို မတူညီသော နည်းလမ်းနှင့် လုပ်ဆောင်ခဲ့သည်။ ၎င်းနည်းလမ်းမှာ ဘုရားသဘောသဘာဝနှင့် လူ့သဘောသဘာဝနှစ်ခုလုံးပင်ဖြစ်သည်။ သခင်ယေရှုအလုပ်လုပ်နေသော အချိန်ကာလတွင် ဘုရားသခင်၌ လူသား၏ ဖော်ထုတ်ပြသချက်တို့ များစွာရှိသည်ဆိုသည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာ သူသည် ကနိုင်သည်၊ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်၊ လူတို့နှင့် ဆက်ဆံနိုင်သည်၊ စကားပြောနိုင်သည်၊ ထို့ပြင် သူတို့နှင့် ဆွေးနွေးနိုင်သည်။ ၎င်းတို့အပြင် သခင်ယေရှုသည် သူ၏ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အလုပ်များစွာကို ပြီးမြောက်ခဲ့ပြီး ဤအလုပ်များအားလုံးကလည်း ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းအမှန်ပင်ဖြစ်သည်။ ဤအချိန်ကာလအတောအတွင်း ဘုရားသခင်၏ ဘုရားသဘောသဘာဝသည် လူတို့မြင်နိုင်၊ တို့ထိနိုင်သော သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ်ဖြစ်ပေါ်လာသောအခါ ဘုရားသခင်သည် ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်ဟု သူတို့မခံစားရတော့ပေ၊ သူနှင့် နီးစပ်အောင် မလုပ်နိုင်ဟူ၍ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် လူသားတော်၏ လှုပ်ရှားမှုတိုင်း၊ နှုတ်ကပတ်တော်တို့နှင့် အလုပ်တို့မှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နိုင်ရန်၊ သို့မဟုတ် သူ၏သဘောသဘာဝကို နားလည်နိုင်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ လူ့ဇာတိခံယူထားသော လူသား၏ သားသည် သူ၏ လူ့သဘောသဘာဝမှတစ်ဆင့် ဘုရား၏သဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်အား ဘုရားသခင်၏ အလိုတော်ကို အသိပေးခဲ့သည်။ တဖန် ဘုရားသခင်၏ အလိုတော်နှင့် စိတ်သဘောထား၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ မြင်၍၊ သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့အား ထုတ်ဖော်ခဲ့သည်။ လူတို့ မြင်ခဲ့သောအရာက အသွေးအသားနှင့် အရိုးနှင့် ထိတွေ့နိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော လူသားသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်ပတ်သက်ပြီး အကန့်အသတ်တချို့ရှိခဲ့သော်လည်း သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်၊ ဖော်ပြခြင်းပုံစံ၌ ကွာခြားချက် အချို့သာ ရှိသည်။ လူသား၏ လူ့သဘာဝဖြစ်စေ၊ သူ၏ ဘုရားသဘောသဘာဝဖြစ်စေ၊ သူသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုခဲ့သည်ဆိုခြင်းကို ငါတို့ မငြင်းနိုင်ပေ၊ သို့သော်လည်း ဤအချိန်ကာလအတွင်း၌ ဘုရားသခင်သည် လူ့ဇာတိမှတစ်ဆင့် အလုပ်လုပ်ခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ ပြောဆိုခဲ့ပြီး လူသား၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်အညီ လူသားမျိုးနွယ်ရှေ့၌ ရပ်ခဲ့ပြီး၊ ဤအချက်က လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားရန် အခွင့်အလမ်းကို လူတို့အား ပေးခဲ့သည်။ ဤအချက်သည် နှိမ့်ချခြင်းအလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ကြီးမြတ်ခြင်းကို လူတို့အား ထိုးထွင်းသိမြင်စေပြီး၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနှင့် ပဏာမအဓိပ္ပာယ် တစ်ရပ်ကို ရရှိစေခဲ့သည်။ သခင်ယေရှုပြီးမြောက်ခဲ့သော အလုပ်၊ သူ၏လုပ်ဆောင်သောနည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်ရေးရာနယ်ပယ်တွင် ဘုရားသခင်၏ တကယ့်ပုဂ္ဂိုလ်နှင့် ကွာခြားသော်လည်း သူနှင့်ပတ်သက်သောအရာရာတိုင်းက လူတို့ ယခင်က တစ်ခါမျှ မမြင်ဖူးသော ဘုရားသခင်ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်။ ၎င်းကို ငြင်း၍မရပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်နှင့် ပေါ်ထွန်းသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်နှင့် သူရင်ဆိုင်သည်ဖြစ်စေ ဘုရားသခင်သည် သူ့ကိုယ်သူမှလွဲပြီး မည့်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ သူသည် မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ သူသည် ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ ၎င်းကို ငြင်းပယ်၍မရပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။