ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု (အပိုင်း နှစ်)
ယင်းတွင် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို အဓိကအားဖြင့် ရည်ညွှန်းသည့် ရူပါရုံများပါဝင်ပြီး၊ ယင်းတွင် လူက လုပ်ဆောင်သင့်သည့် လက်တွေ့လုပ်ဆောင်မှုပါဝင်ကာ၊ ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိချေ။ ဘုရားသခင်၏အလုပ်ကို ဘုရားသခင် ကိုယ်တိုင်က ပြီးမြောက်စေခဲ့ခြင်းဖြစ်ပြီး၊ လူ၏လက်တွေ့လုပ်ဆောင်မှုကို လူကိုယ်တိုင်မှ စွမ်းဆောင်ရမည် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က လုပ်ဆောင်သင့်သည်ကို လူက လုပ်ဆောင်ပေးရန် မလိုအပ်သကဲ့သို့၊ လူက လက်တွေ့လုပ်ဆောင်သင့်သည့်အရာကလည်း ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိပေ။ ဘုရားသခင်၏အလုပ်သည် သူ၏ကိုယ်ပိုင် အမှုတော်ဖြစ်ပြီး လူနှင့်သက်ဆိုင်မှု မရှိပေ။ ဤအလုပ်ကို လူကလုပ်ဆောင်ပေးရန် မလိုချေ၊ ထို့ပြင်၊ ထပ်ပြောရမည်ဆိုလျှင်၊ ဘုရားသခင်လုပ်ရမည့် အလုပ်ကို လူအနေဖြင့် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည့် အရာကိုသာ လူ့အနေဖြင့် ဖြစ်မြောက်စေရမည်ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းသည် သူ့အသက်တာကို ဆက်ကပ်ခြင်း ဖြစ်စေ၊ သို့မဟုတ် သက်သေခံရန်အလို့ငှာ စာတန်ထံသို့ သူ့ကို ပေးပို့ခြင်းဖြစ်စေ၊ ဤအရာအားလုံးကို လူမှ ဖြစ်မြောက်စေရမည် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် သူလုပ်ဆောင်သင့်သည့် အလုပ်များအားလုံးကို လုပ်ဆောင် ပြီးစီးသည်၊ လူက လုပ်ဆောင်ရမည့်အရာကို လူအား ပြသပြီးဖြစ်သည်၊ ကျန်ရှိသည့် အလုပ်ကို လူသားအတွက် ချန်ထားခဲ့သည်။ ဘုရားသခင်သည် အပိုအလုပ် မလုပ်ပါ။ သူ့အမှုတော်အတွင်း၌ရှိသော အလုပ်ကိုသာ သူလုပ်ဆောင်သည်။ လမ်းခရီးကိုသာ လူအားပြသပြီးနောက်၊ လမ်းဖွင့်ပေးသည့်အလုပ်ကို လုပ်ဆောင်ကာ၊ လမ်းခင်းပေးသည့် အလုပ်ကို မလုပ်ဆောင်ပေ။ ဤအရာကို လူသားအနေဖြင့် နားလည်ထားသင့်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ ကျင့်ဆောင်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့အပြင် ဤအရာအားလုံးသည် လူသား၏တာဝန်၊ လူက လုပ်ဆောင်သင့်သော အရာဖြစ်ပြီး ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ဘုရားသခင်သည် ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းကို သမ္မာတရားထဲတွင် လူသားနည်းတူ ခံစားရန် လူကတောင်းဆိုပါက၊ လူသားသည် မနာခံသူ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလုပ်သည် သူ၏အမှုတော်ကို လုပ်ဆောင်ရန်နှင့် လူ၏တာဝန်မှာ ဘုရားသခင်၏ လမ်းညွှန်မှုအားလုံးကို အတိုက်အခံ တစ်ခုမျှမလုပ်ဘဲ နာခံရန်ဖြစ်သည်။ ယင်းကား ဘုရားသခင်သည် မည်သည့်နည်းဟန်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် နေထိုင်သည်ဖြစ်စေ၊ လူသည် ဖြစ်မြောက်အောင် ပြုလုပ်ထိုက်သည်ကို ကြိုးပမ်းရရှိရမည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်သည်သာလျှင် လူသားအပေါ် သတ်မှတ်ချက်များကို ပြဋ္ဌာန်းနိုင်သည်၊ ပြောရမည်ဆိုလျှင်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင် လူသားအပေါ် သတ်မှတ်ချက်များကို ပြဋ္ဌာန်းရန် သင့်လျော်သည်။ လူသားသည် ရွေးချယ်စရာမရှိသင့်၊ ဘာကိုမျှ မလုပ်သင့်ဘဲ အပြည့်အဝ ဆက်ကပ်ကာ လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာက လူအနေဖြင့် လက်ဝယ်ထားရှိသင့်သည့် အသိစိတ်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က လုပ်ဆောင်သင့်သည့် အလုပ်ကို လုပ်ဆောင်ပြီးပါက၊ လူအနေဖြင့် ယင်းကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရန် လိုအပ်သည်။ အကယ်၍ အဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ပြီးမြောက်သည့်အချိန်၌၊ ဘုရားသခင်က အလိုရှိသည်ကို လူအနေဖြင့် မလုပ်ဆောင်ရသေးပါက၊ လူသားသည် အပြစ်ဒဏ်ပေးခြင်း ခံရပေမည်။ ဘုရားသခင် သတ်မှတ်ချက်များကို လူအနေဖြင့် မဖြည့်စွမ်းနိုင်ပါက၊ ယင်းသည် လူ၏ မနာခံမှုကြောင့်ဖြစ်သည်။ ဘုရားသခင်အနေဖြင့် သူ၏အလုပ်ကို မခြွင်းမချန်ပြည့်ဝစွာ မလုပ်ဆောင်ဟု မဆိုလိုချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်သည့် ထိုသူများအားလုံး၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်စွမ်းနိုင်သူများအားလုံးနှင့်၊ မိမိတို့၏ တာဝန်ကို သစ္စာမစောင့်သိ၊ မဖြည့်စွမ်းနိုင်သူများ အားလုံးသည် အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်။ ယနေ့ သင်ပြီးမြောက်ရန် လိုအပ်သည်မှာ ထပ်ဆောင်း တောင်းဆိုမှုများ မဟုတ်ဘဲ၊ လူအားလုံးက လုပ်ဆောင်သင့်သည့် လူ၏တာဝန်သာ ဖြစ်သည်။ အကယ်၍ မိမိ၏တာဝန်ကိုပင် သင်မလုပ်ဆောင်နိုင်ဘူးဆိုပါက၊ သို့မဟုတ် ထိုတာဝန်ကို ကောင်းစွာ သင်မလုပ်ဆောင်နိုင်ပါက၊ သင်သည် မိမိကိုယ်တိုင်အပေါ်သို့ ပြဿနာများ ယူဆောင်လာခြင်းပင် မဟုတ်ပေလော။ သင်သည် သေခြင်းတရားကို ဖိတ်ခေါ်နေသည် မဟုတ်လော။ အနာဂတ်နှင့် အလားအလာများကို သင်သည် အဘယ်သို့လျှင် မျှော်လင့်နေနိုင်သေးသနည်း။ ဘုရားသခင်၏ အလုပ်သည် လူအတွက်ဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုက ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ဘုရားသခင်က သူလုပ်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်၊ လူအနေဖြင့် သူ၏လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်းမရှိဘဲ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ဘုရားသခင်၏အလုပ်ထဲတွင် လူက လုံ့လစိုက်ထုတ်ရန် မသင့်ဘဲ မိမိ၏သစ္စာရှိမှုကို ဆက်ကပ်ရန်လိုအပ်ကာ၊ အယူအဆအမျိုးမျိုးတွင် မွေ့လျော်မနေသင့်၊ သို့မဟုတ် သေခြင်းကိုသာ မလှုပ်မယှက် ထိုင်စောင့်မနေသင့်ပါ။ ဘုရားသခင်သည် သူ့ကိုယ်သူ လူသားအတွက် အနစ်နာခံနိုင်သည်၊ သို့ပြုလျှင် လူက မိမိ၏သစ္စာခံခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ လူသားအပေါ်တွင် ဘုရားသခင်သည် တစ်စိတ်တစ်ဝမ်းတည်း ထားရှိရာ၊ လူက အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်မျှကိုပင် မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် လုပ်ဆောင်သည်၊ သို့ပြုလျှင် လူက ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မလုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်၏ အလုပ်သည် ဤအထိရောက်ရှိလာပြီ၊ သို့သော်လည်း သင်မြင်နေရသော်ငြား မလုပ်ဆောင်သေး၊ ကြားပါသော်ငြား သင်မရွေ့။ ထိုသို့သော လူများသည် ထာဝရပြစ်ဒဏ်ခံရသူများ မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူအတွက် ပေးအပ်မြှုပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် မိမိ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာဖြင့် မလုပ်ဆောင်နိုင်ရသနည်း။ ဘုရားသခင်အတွက် သူ၏အလုပ်သည် ပထမဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲမှု အလုပ်က အရေးအကြီးဆုံးဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်စွမ်းခြင်းက ပထမဦးစားပေးကိစ္စဖြစ်သည်။ ထိုအရာကို သင်တို့အားလုံး နားလည်သင့်သည်။ သင့်ကိုပြောသည့် နှုတ်ကပတ်တော်များသည် သင့်အနှစ်သာရ၏ ဗဟိုချက်ကို ရောက်ရှိနေပြီး၊ ဘုရားသခင်၏အလုပ်သည် တစ်ခါမျှ မရောက်ဖူးသည့် ပိုင်နက်နယ်မြေသို့ ဝင်ရောက်နေပြီဖြစ်သည်။ လူအများတို့သည် ဤနည်းလမ်း၏ သမ္မာတရား သို့မဟုတ် မုသားကို နားမလည်ဆဲဖြစ်နေသည်။ သူတို့သည် စောင့်နေဆဲနှင့် မြင်နေဆဲဖြစ်ကာ၊ သူတို့၏တာဝန်ကို မလုပ်ဆောင်ကြပေ။ ယင်းအစား၊ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တစ်လုံးစီနှင့် လုပ်ဆောင်မှု တစ်ရပ်စီကို စစ်ဆေးကြပြီး၊ သူအဘယ်အရာကို စားသည်နှင့် အဘယ်အရာအား ဝတ်သည်ကိုသာ အာရုံစိုက်ကာ၊ သူတို့၏ အယူအဆများက ပို၍ပင်ဆိုးရွားလာသည်။ ထိုသို့သော လူများသည် ဘာမျှမဟုတ်သည်ကို ရေးကြီးခွင်ကျယ် လုပ်နေကြခြင်းပင် မဟုတ်လော။ ထိုလူများက မည်သို့လျှင် ဘုရားသခင်ကို ရှာဖွေသူများ ဖြစ်နိုင်မည်နည်း။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်ကပ်သူများ မည်ကဲ့သို့ဖြစ်နိုင်မည်နည်း။ သူတို့၏သစ္စာခံမှုနှင့် တာဝန်ကို သူတို့စိတ်များ၏ နောက်သို့ပို့ထားပြီး၊ ဘုရားသခင် ဘယ်ဆီဘယ်ဝယ် ရောက်နေသည်ကိုသာ အာရုံစိုက်ကြသည်။ သူတို့သည် ရက်စက်ရမ်းကားသူပင် ဖြစ်တော့သည်တကား။ အကယ်၍ လူအနေဖြင့် မိမိနားလည်သင့်သည်များ အားလုံးကို နားလည်ခဲ့ပြီး၊ မိမိလက်တွေ့လုပ်ဆောင်သင့်သည်များ အားလုံးကို လက်တွေ့ လုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်မှ သူ၏ ကောင်းချီးမင်္ဂလာများကို လူအပေါ်သို့ ချပေးမည်မှာ သေချာလှပါသည်။ အကြောင်းမှာ လူထံမှ သူအလိုရှိသည်မှာ လူ၏တာဝန်ဖြစ်ပြီး၊ ယင်းတာဝန်မှာ လူလုပ်ဆောင်သင့်သည့်အရာပင် ဖြစ်သည်။ အကယ်၍ လူသည် မိမိနားလည်သင့်သည်ကို နားမလည်နိုင်၊ မိမိလက်တွေ့ လုပ်ဆောင်သင့်သည်ကို လက်တွေ့မလုပ်ဆောင်နိုင်ပါက၊ အပြစ်ဒဏ်ပေးခြင်း ခံရမည်။ ထင်ရှားစွာ ဆန့်ကျင်သည့် အဘယ်အရာကိုမျှ မလုပ်ဆောင်လျှင်ပင် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်သည့် ထိုသူများသည် ဘုရားသခင်ကို ရန်လိုသူများဖြစ်သည်၊ အလုပ်သစ်ကို လက်မခံသည့် ထိုသူများသည် ယင်းကို ဆန့်ကျင်သူများဖြစ်သည်။ ဘုရားသခင်က အလိုရှိသည့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို မလုပ်ဆောင်သည့် ထိုသူများ အားလုံးသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အထူးတလှယ် အလေးထားသည့်တိုင်အာင်၊ ထိုသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံမှုမရှိဘဲ တမင်တကာ ဆန့်ကျင်နေသူများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မနာခံ၊ ဘုရားသခင်ကို မဆက်ကပ် မအပ်နှံသူများသည် ပုန်ကန်သူများ၊ ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြသည်။ မိမိတို့၏ တာဝန်ကို မလုပ်ဆောင်သူများသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသူများဖြစ်ပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်မခံသူများဖြစ်ကြသည်။
ဘုရားသခင်၏ အလုပ်နှင့် သူ၏ စီမံခန့်ခွဲမှုတို့သည် နေရာတစ်ခုသို့ ရောက်ရှိပါက၊ သူ့စိတ်နှလုံးနှင့် ညီညွတ်သော သူအားလုံးတို့သည် သူ၏သတ်မှတ်ချက်များ အားလုံးကို ဖြည့်စွမ်းနိုင်ပြီ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ရရှိအောင်မြင်နိုင်မှုအရနှင့် သူ၏စံနှုန်းများအရ လူတို့အပေါ် သတ်မှတ်ချက်များကို ပြဋ္ဌာန်းသည်။ သူ့စီမံခန့်ခွဲမှု အကြောင်းကို ပြောနေစဉ်တွင်၊ လူအတွက် နည်းလမ်းကိုလည်း ညွှန်ပြပေးပြီး အသက်ရှင်နိုင်ရန် လမ်းကြောင်းကို ထောက်ပံ့ပေးသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူ၏လက်တွေ့ကျင့်ဆောင်မှုတို့သည် တူညီသည့် အလုပ်အဆင့်ဖြစ်ပြီး၊ တစ်ပြိုင်နက်တည်း လုပ်ဆောင်ကြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအကြောင်း ပြောဆိုခြင်းတွင် လူ၏စိတ်သဘောထား ပြောင်းလဲမှုများ အကြောင်း ပါဝင်သည်၊ ထို့အပြင် လူသားက အဘယ်အရာကို လုပ်ဆောင်သင့်သည့်အကြောင်းနှင့် လူသား၏ စိတ်သဘောထားရှိ ပြောင်းလဲမှုများအကြောင်းကို ပြောဆိုခြင်းတွင် ဘုရားသခင်၏ အလုပ်အကြောင်း ပါဝင်သည်။ ထိုနှစ်ခု ခွဲခြားခြင်းခံရသည့် အချိန်သည် မရှိပေ။ လူသား၏ လက်တွေ့လုပ်ဆောင်မှုက တစ်ဆင့်ချင်းစီ ပြောင်းလဲနေသည်။ ဤသို့ဖြစ်ရခြင်းမှာ လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များသည်လည်း ပြောင်းလဲနေသောကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်သည် အမြဲတမ်း ပြောင်းလဲနေပြီး တိုးတက်နေသောကြောင့် ဖြစ်သည်။ အကယ်၍ လူသားများ၏ လုပ်ဆောင်မှုသည် အယူဝါဒအထဲတွင် မိနေမည်ဆိုလျှင်၊ ဤအရာက သူသည် ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လမ်းညွှန်မှုတို့ ကင်းမဲ့နေပြီဟု သက်သေပြနေခြင်းပင် ဖြစ်သည်။ အကယ်၍ လူသား၏ ကျင့်ဆောင်မှုသည် ဘယ်သောအခါမျှ မပြောင်းလဲ သို့မဟုတ် သာ၍ မနက်နဲလာဘူးဆိုလျှင်၊ ဤအရာမှာ လူ၏ကျင့်ဆောင်မှုသည် လူ၏ ဆန္ဒအတိုင်းသာ လုပ်ဆောင်နေကြောင်း သက်သေပြနေပြီး၊ ယင်းသည် သမ္မာတရားကို ကျင့်ဆောင်ခြင်း မဟုတ်ပေ။ အကယ်၍ လူတွင် နင်းလျှောက်ရန် လမ်းကြောင်းမရှိပါက၊ သူသည် စာတန်၏ လက်အတွင်းသို့ ကျရောက်ပြီးသား ဖြစ်ပြီး၊ စာတန်၏ ချုပ်ကိုင်မှုကို ခံနေရပြီး ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် ဆိုးသော ဝိညာဉ်၏ ချုပ်ကိုင်မှုကို ခံနေရသည်။ အကယ်၍ လူ၏ကျင့်ဆောင်မှုက ပိုမိုနက်နဲမသွားဘူးဆိုလျှင်၊ ဘုရားသခင်၏ အလုပ်သည် ဖွံ့ဖြိုးလာမည် မဟုတ်ပေ။ ထို့ပြင် ဘုရားသခင်၏ အလုပ်က ပြောင်းလဲမှုမရှိလျှင်၊ လူ၏ဝင်ရောက်မှုသည်လည်း ရပ်နားသွားလိမ့်မည်။ ဤအရာက ရှောင်လွှဲ၍မရပေ။ ဘုရားသခင်၏ အလုပ်များအားလုံး တစ်လျှောက်တွင်၊ လူသည် ယေဟောဝါ၏ ဥပဒေသကို အမြဲလိုက်နာရမည် ဆိုပါက၊ ဘုရားသခင်၏ အလုပ်သည် တိုးတက်နိုင်မည်မဟုတ်ပေ၊ ခေတ်တစ်ခုလုံးကို အဆုံးသတ်နိုင်ရန် သာ၍ပင် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ လူသည် လက်ဝါးကပ်တိုင်ကို ဆုပ်ကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကို အမြဲကျင့်ဆောင်နေရမည် ဆိုပါက၊ ဘုရားသခင်၏ အလုပ်ကို ဆက်လက်တိုးတက်စေရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဥပဒေသများကိုသာ လိုက်နာနေသည့် လူသားများအကြား၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကိုသာ ဆုပ်ကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကို အမြဲကျင့်ဆောင်နေသော လူသားများအကြားသို့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုကို အကယ်ပင် အဆုံးသတ်နိုင်မည်မဟုတ်ပေ။ ယင်းအစား၊ နောက်ဆုံးသော ကာလမှ ဘုရားသခင်ကို သိပြီး စာတန်၏ လက်တွင်းမှ ပြန်လည်ရယူခြင်း ခံရကာ စာတန်၏ အုပ်စိုးမှုမှ မိမိတို့ကိုယ်မိမိ အပြည့်အဝ ကင်းလွှတ်စေပြီး ဖြစ်သည့် သူတို့အကြားတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်သည်။ ဤကား ဘုရားသခင်အလုပ်၏ လွှဲရှောင်၍မရသော ဦးတည်ရာဖြစ်သည်။ ဘာသာရေး အသင်းတော်များမှ လက်တွေ့ လုပ်ဆောင်မှုသည် ခေတ်နောက်ကျနေသည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သူတို့ လက်တွေ့လုပ်ဆောင်သော အရာသည် ယနေ့အလုပ်နှင့် ကွဲပြားနေသောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ သူတို့ လက်တွေ့ လုပ်ဆောင်သောအရာက မှန်ကန်သည်၊ သို့သော် ခေတ်ကကုန်ဆုံးသွားပြီ ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကလည်း ပြောင်းလဲသွားပြီဖြစ်သည်၊ သူတို့၏ လက်တွေ့လုပ်ဆောင်မှုက တဖြည်းဖြည်းနှင့် ခေတ်နောက်ကျသွားသည်။ အလုပ်သစ်နှင့် အလင်းသစ်တို့က ယင်းကို စွန့်ပစ်ထားခဲ့ပြီး ဖြစ်သည်။ ယင်း၏ မူလအခြေခံအုတ်မြစ်ကို အခြေပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က သာ၍နက်နဲသော အဆင့်အချို့သို့ တိုးတက်လာပြီး ဖြစ်သည်။ သို့သော်လည်း ထိုသူတို့သည် ဘုရားသခင် အလုပ်၏ မူလအဆင့်တွင် တည်ရှိသောင်တင်နေဆဲ ဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်မှု အဟောင်းများနှင့် အလင်းဟောင်းကို ဖက်တွယ်ထားဆဲဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်း ကြီးမားစွာ ပြောင်းလဲနိုင်သည်၊ သို့ဖြစ်၍ အနှစ် ၂၀၀၀ ကာလအတွင်း ပိုမိုကြီးမားသည့် ပြောင်းလဲမှုများ မဖြစ်လာနိုင်ပေလော။ အကယ်၍ လူသား၌ အသစ်သော အလင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မီအောင်လိုက်ခြင်း မရှိခဲ့ဟု အဓိပ္ပာယ်သက်ရောက်သည်။ ဤကား လူ၏ချွတ်ယွင်းချက်ပင် ဖြစ်သည်။ ဘုရားသခင် အလုပ်သစ်၏ ဖြစ်တည်ခြင်းကို ငြင်းဆန်၍မရပါ၊ အဘယ်ကြောင့်ဆိုသော်၊ ယနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ မူလရှိသည့် ထိုသူများသည် ခေတ်နောက်ကျသည့် လက်တွေ့လုပ်ဆောင်မှုများကို လိုက်နာနေကြဆဲဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုထဲတွင် ရှိနေသည့် လူအားလုံးတို့သည် တစ်ဆင့်ပြီးတစ်ဆင့်၊ ပိုနက်နဲစွာ တိုးတက်ပြီး ပြောင်းလဲနေရမည်ဖြစ်သည်။ သူတို့သည် အဆင့်တစ်ဆင့်တွင် မရပ်တန့်သင့်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မသိသော ထိုသူများသာ သူ၏ မူလအလုပ်တွင် ရှိနေလိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သစ်ကို လက်ခံလိမ့်မည် မဟုတ်ပေ။ နာခံခြင်းမရှိသည့် ထိုသူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိင်လိမ့်မည် မဟုတ်ပေ။ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သစ်ကို အမီမလိုက်နိုင်ပါက၊ လူ၏လက်တွေ့လုပ်ဆောင်မှုသည် ယနေ့အလုပ်နှင့် ပိုင်းပြတ်နေမည်မှာ သေချာပြီး၊ ယနေ့အလုပ်နှင့် သဟဇာတဖြစ်မည် မဟုတ်ကြောင်း သေချာနေသည်။ ထိုသို့ ခေတ်နောက်ကျသည့် လူများသည် ဘုရားသခင်၏ သက်သေခံမည့် ထိုနောက်ဆုံးသောလူများဖြစ်ရန် မဆိုထားနှင့် ဘုရားသခင်၏ အလိုတော်ကို အကယ်ပင် မလုပ်ဆောင်နိုင်ချေ။ ထို့ထက်ပိုပြီး စီမံခန့်ခွဲမှုအလုပ် တစ်ခုလုံးကို ထိုသို့သော လူစုအကြားတွင် အဆုံးမသတ်နိုင်ပေ။ ယေဟောဝါ၏ ပညတ်ချက်ကို တစ်ချိန်ကကိုင်စွဲသူနှင့် လက်ဝါးကပ်တိုင်အတွက် တစ်ချိန်က ဒုက္ခဆင်းရဲခံရသည့် ထိုသူတို့သည်၊ နောက်ဆုံးသောကာလ၏ အလုပ်အဆင့်ကို လက်မခံနိုင်ပါက၊ သူတို့ လုပ်ဆောင်ခဲ့သည်များ အားလုံးက အနှစ်မဲ့ပြီး အသုံးမဝင် ဖြစ်သွားလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အရှင်းဆုံးသော ဖော်ပြချက်မှာ ယခုအချိန်နှင့် ယခုနေရာအတွက် အကျုံးဝင်နေပြီး၊ ယခင်အတိတ်ကို ဖက်တွယ်မနေခြင်း ဖြစ်သည်။ ယနေ့အလုပ်ကို လိုက်မမီသည့် ထိုသူများနှင့် ယနေ့လက်တွေ့လုပ်ဆောင်မှုမှ ကွဲပြားသွားသည့် ထိုသူများတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆန့်ကျင်ကာ လက်မခံသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ လက်ရှိအလုပ်ကို ဖီဆန်ကြသည်။ သူတို့သည် အတိတ်က အလင်းကို ဆုပ်ကိုင်သော်လည်း၊ ထိုသို့ပြုခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိဟု ငြင်းပယ်ရန် ဖြစ်နိုင်သည်ဟု မဆိုလိုပါ။ လူ၏လက်တွေ့လုပ်ဆောင်မှု ပြောင်းလဲခြင်း အကြောင်း၊ ယခင်နှင့် ယနေ့အကြား လက်တွေ့လုပ်ဆောင်မှု မတူညီပုံများ၊ ပြီးခဲ့သည့်ခေတ်က လက်တွေ့လုပ်ဆောင်မှု မည်သို့ လုပ်ဆောင်ခဲ့သည်နှင့် ယနေ့တွင် မည်သို့လုပ်ဆောင်သည်ကို အဘယ်ကြောင့် အားလုံးက ပြောဆိုနေသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က အစဉ်မပြတ် ရှေ့သို့ရွေ့လျားနေသည့်အတွက် လူသား၏ လက်တွေ့လုပ်ဆောင်မှု အပိုင်းအခြားများသည် အမြဲပြောဆိုခြင်း ခံရပြီး၊ ထို့အတွက်ကြောင့် လူသား၏ လက်တွေ့လုပ်ဆောင်မှုက အစဉ်မပြတ် ပြောင်းလဲမှုရှိရန် လိုအပ်သည်။ လူသည် အဆင့်တစ်ခုတွင် ရပ်တန့်ကျန်ရစ်နေပါက၊ ဤကား သူသည် ဘုရားသခင်၏အလုပ်နှင့် အသစ်သော အလင်းကို အမီလိုက်ရန် မတတ်နိုင်ကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ပြောင်းလဲခြင်း မရှိခဲ့ဟု သက်သေပြခြင်း မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိနေသည့် ထိုသူများက မိမိတို့မှန်ကန်သည်ဟု အမြဲတမ်း တွေးထင်သော်ငြားလည်း၊ အမှန်တကယ်မှာ၊ သူတို့အတွင်းမှ ဘုရားသခင်၏အလုပ်သည် ကြာမြင့်စွာ ကတည်းကပင် ရပ်တန့်သွားပြီး၊ သူတို့ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လည်း ကင်းမဲ့နေပြီဖြစ်သည်။ ကြာမြင့်စွာကတည်းကပင် ဘုရားသခင်၏ အလုပ်သည် အခြားလူတစ်စုဆီသို့၊ သူ၏အလုပ်သစ်ကို ပြီးမြောက်အောင်ဆောင်ရွက်ရန် သူရည်ရွယ်သည့် လူတစ်စုဆီသို့ လွှဲပြောင်းသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအတွင်း ရှိနေသည့် ထိုသူများသည် ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံနိုင်ကြဘဲ၊ ယခင်က အလုပ်ဟောင်းကိုသာ စွဲကိုင်ထားကြသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်က ထိုသူများကို စွန့်ပစ်ခဲ့ပြီး၊ ဤအလုပ်သစ်ကို လက်ခံသည့် သူများအပေါ် သူ၏အလုပ်သစ်ကို လုပ်ဆောင်သည်။ ထိုလူတို့သည် သူ၏အလုပ်သစ်ကို ပူးပေါင်းဆောင်ရွက်သည့်သူများဖြစ်ပြီး၊ ဤနည်းလမ်းအားဖြင့်သာ သူ၏စီမံခန့်ခွဲမှုက အောင်မြင်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ လူ၏လက်တွေ့လုပ်ဆောင်မှုကလည်း အမြဲတမ်း မြင့်မားလာသည်။ ဘုရားသခင်သည် အစဉ်အမြဲ အလုပ်လုပ်နေပြီး၊ လူသည် အမြဲတမ်း လိုအပ်နေသည်။ ဤသို့ဖြင့် နှစ်ဦးနှစ်ဖက်လုံး အထွတ်အထိပ်သို့ရောက်ကာ၊ ဘုရားသခင်နှင့် လူသည် ပြည့်ဝစွာ ပေါင်းစည်းသည်။ ဤကား ဘုရားသခင်အလုပ် အောင်မြင်မှု၏ ဖော်ပြမှုဖြစ်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ နောက်ဆုံးရလဒ်ဖြစ်သည်။
ဘုရားသခင်အလုပ်၏ အဆင့်တစ်ဆင့်စီတွင်လည်း လူသားနှင့် လိုက်လျောညီထွေသော သတ်မှတ်ချက်များ ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိနေသူများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိမနေသူများက သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့်လုပ်ဆောင်မှုမျှ မရှိဘဲ စာတန်၏ ကွပ်ကဲမှုအောက်တွင် ရှိနေကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိနေသူများက ဘုရားသခင်၏ အလုပ်သစ်ကို လက်ခံသူများဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်သစ်တွင် ပူးပေါင်းဆောင်ရွက်သူများဖြစ်သည်။ ဤစီးဆင်းမှုအတွင်း ရှိနေသူများက ပူးပေါင်းဆောင်ရွက်မှုကို မတတ်နိုင်ဘဲ၊ ယခုအချိန်တွင် ဘုရားသခင် အလိုရှိသည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အသစ်ကို လက်ခံသူသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်းတွင် နေထိုင်နေမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းကို ရရှိမည်ဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရန် ဆန္ဒမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကိုခံရပြီး၊ အပြစ်ဒဏ်ပေးခြင်းကိုပင် ခံရကောင်း ခံရမည်။ သူတို့သည် မည်သို့သောလူမျိုး ဖြစ်နေပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း သူတို့ရှိနေပါက၊ သူ၏နာမအတွက် သူ့အလုပ်ကို လက်ခံသည့်သူများအားလုံးကို ဘုရားသခင်က တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူများသည် သူ၏ ကောင်းချီးများကို ရရှိလိမ့်မည်။ သူ့ကို နာခံမှုမရှိဘဲ သူ၏ နှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ဆောင်သူများက သူ၏ အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိနေသည့် လူများသည် အလုပ်သစ်ကို လက်ခံသူများဖြစ်သည်။ သူတို့သည် အလုပ်သစ်ကို လက်ခံသူများ ဖြစ်သည့်အတွက် သူတို့သည် ဘုရားသခင်နှင့် သင့်လျော်သည့် ပူးပေါင်းဆောင်ရွက်မှု ရှိသင့်ပြီး၊ မိမိတို့၏ တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မလုပ်ဆောင်သင့်ပေ။ ဤကား လူသားအပေါ်ထားရှိသည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အလုပ်သစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုပြင်ပတွင် ရှိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့က သူတို့အပေါ် သက်ရောက်မှု မရှိပေ။ ထိုသူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ နေသည်၊ မိမိတို့၏ စိတ်အတွင်း၌နေပြီး၊ သူတို့၏ လုပ်ဆောင်မှု အလုံးစုံသည် သူတို့ကိုယ်ပိုင် ဦးနှောက်များနှင့် ခွဲခြမ်းစိတ်ဖြာ သုတေသနပြုပြီး ထွက်လာသည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်သစ်၏ သတ်မှတ်ချက်များ မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက်တော် ကင်းမဲ့ပြီး၊ ထို့အပြင် ဘုရားသခင်၏ ကောင်းချီးများနှင့် ကာကွယ်ခြင်းကို လုံးဝမရှိပေ။ သူတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ယခင်က သတ်မှတ်ချက်များကို ထိန်းသိမ်းထားသည်။ ယင်းတို့သည် အယူဝါဒဖြစ်ပြီး၊ သမ္မာတရားမဟုတ်ချေ။ ထိုသို့သော ဥပဒေသနှင့် စည်းမျဉ်းများသည် ထိုသူတို့ကို အတူတကွ စုစည်းစေသည့် တစ်ခုတည်းသောအရာက ဘာသာတရားဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ထိုသူတို့သည် ရွေးချယ်ခံရသည်များ၊ သို့မဟုတ် ဘုရားသခင် အလုပ်၏ အပြုခံအရာများ မဟုတ်ပါ။ ထိုသူတို့အားလုံးကြားမှ စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် မခေါ်ဆိုနိုင်ပါ။ ယင်းသည် ပြောင်း၍မရသည့် အချက်တစ်ခုဖြစ်သည်။ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်မရှိ၊ သူတို့လုပ်ဆောင်သည်က ဘာသာရေးကို ပြန်လည်အမှတ်ရစေသည့်ပုံ ပေါ်နေသည်။ သူတို့၏ အသက်ရှင် နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်နေသည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် ဉာဏ်ဖွင့်ပေးခြင်းကို ရရှိစိမ့်သောငှာ သင့်လျော်ရန် မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော်နှင့် လုပ်ဆောင်မှုကို မပိုင်ဆိုင်ပေ။ ထိုလူများအားလုံးတို့သည် အသက်မရှိသည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ လက်ရှိအလိုတော်တို့ကို သိရန် မဆိုထားနှင့်၊ လူသား၏ ပုန်ကန်မှုနှင့် ဆန့်ကျင်မှုကို သိနားလည်ခြင်းမရှိ၊ လူသား၏ မကောင်းမှုပြုခြင်းကို သိနားလည်ခြင်းမရှိ။ သူတို့အားလုံးသည် ပညာမဲ့သော၊ အသုံးမကျသောလူများ ဖြစ်ကြသည်၊ သူတို့သည် ယုံကြည်သူများဟုပင် ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများပင် ဖြစ်တော့သည်။ သူတို့လုပ်သမျှတွင် ဘုရားသခင်၏ အစီအစဉ်များကို နှောင့်ယှက်နိုင်ရန် မဆိုထားနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် ဆက်စပ်သည့်အရာ ဘာတခုမျှ မရှိပေ။ သူတို့၏ စကားများနှင့် လုပ်ဆောင်မှုများက စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်၊ သနားစရာ ကောင်းလွန်းပြီး၊ ရှင်းပြရလောက်အောင်ပင် လုံးဝမထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိမနေသည့်သူများ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ထို့အတွက်ကြောင့်၊ သူတို့ မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ သူတို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုလည်း မရှိပေ။ အကြောင်းမှာ သူတို့သည် သမ္မာတရားကို ချစ်သည့်သူများမဟုတ်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်က မုန်းတီးပြီး ငြင်းပယ်ခြင်းကို ခံရသည့် လူအားလုံး ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်သည်။ သူတို့သည် ဇာတိပကတိထဲတွင် လျှောက်နေကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် သူတို့စိတ်ကျေနပ်သည့် ဘယ်အရာကိုမဆို လုပ်ဆောင်နေသည့်အတွက် သူတို့ကို မကောင်းမှုပြုသူများဟု ခေါ်ဆိုသည်။ ဘုရားသခင် အလုပ်လုပ်နေစဉ်တွင်၊ သူတို့သည် တမင်တကာ သူ့ကိုဆန့်ကျင်ပြီး၊ သူနှင့် ဆန့်ကျင်ဘက်သို့ ပြေးကြသည်။ ဤလူများ၏ ဘုရားသခင်ထံပါးမှ တမင်တကာ ထွက်ပြေးသွားခြင်းကို ထည့်မတွက်နှင့်ဦး၊ လူသားက ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကျရှုံးခြင်းကိုယ်၌ကပင်လျှင် အဆုံးစွန် ပုန်ကန်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သူတို့သည် ဒဏ်ခတ်ခြင်းကိုသာ ရရှိမည် မဟုတ်လော။ ဤလူများ၏ မကောင်းမှုပြုခြင်းကို ထုတ်ဖော်ရာဝယ်၊ လူအချို့တို့က သူတို့ကို မကျိန်ဆဲဘဲ မနေနိုင်ကြပေ၊ ဘုရားသခင်ကမူ သူတို့ကို လျစ်လျူရှုသည်။ လူသားအတွက်မူ သူတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ နာမတော်နှင့် သက်ဆိုင်သည့်ပုံပေါက်သည်၊ သို့သော်လည်း ဧကန်အားဖြင့် သူတို့သည် သူ၏ နာမတော်နှင့် ဆက်နွှယ်မှု လုံးဝမရှိ၊ သို့မဟုတ် သူ၏ သက်သေခံခြင်း မရှိပေ။ ဤလူများ မည်သည့်အရာလုပ်လုပ်၊ ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ဘုရားသခင်နာမနှင့် ယနေ့သူ့အလုပ် နှစ်ခုစလုံးနှင့် သက်ဆိုင်မှု မရှိပေ။ ဤလူတို့သည် သူတို့ကိုယ်သူတို့ အရှက်ရစေပြီး၊ စာတန်ကို ပေါ်လွင်စေသည်။ သူတို့သည် ဒေါသအမျက်ခံရာ နေ့ရက်ကာလအတွက် သိုမှီးနေကြသည့် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ယနေ့တွင် သူတို့၏ လုပ်ဆောင်မှုများနှင့် မသက်ဆိုင်ဘဲ၊ သူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မပိတ်ဆို့ဘဲ ဘုရားသခင်၏ အလုပ်သစ်နှင့် ဘာမျှမသက်ဆိုင်ဟု ဆိုပါက ထိုသူတို့သည် သက်ဆိုင်ရာ ပြစ်ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဒေါသအမျက်ခံရာ နေ့ရက်ကာလ မရောက်သေးသည့်အတွက် ဖြစ်သည်။ ထိုမကောင်းမှုပြုသူများသည် ဒဏ်ခတ်ခြင်းကို စောနိုင်သမျှစောစွာ ခံရသင့်ပြီး၊ ဘုရားသခင်က ဖြေရှင်းပြီးသင့်သည့်အရာ များစွာရှိသည်ဟု ယုံကြည်သည့် လူများစွာရှိသည်။ သို့ရာတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အဆုံးသတ်သို့ မရောက်သေးသည့်အပြင်၊ ဒေါသအမျက်ခံရာ နေ့ရက်ကာလလည်း ရောက်မလာသေးသည့်အတွက် ဖြောင့်မတ်ခြင်းမရှိသူများသည် သူတို့၏ မဖြောင့်မတ်သည့် လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ဘာသာရေးထဲတွင်ရှိသော သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် သို့မဟုတ် လုပ်ဆောင်မှုတို့ မပါရှိဘဲ၊ ဘုရားသခင်၏ နာမတော်ကို အရှက်ရအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အချို့က ဆိုကြသည်။ သို့ဆိုလျှင် ဘုရားသခင်က သူတို့၏ မနာခံမှုကို ဆက်လက် သည်းခံနေမည့်အစား အဘယ်ကြောင့် သူတို့ကို မဖျက်ဆီးသနည်း။ စာတန်၏ သရုပ်သကန်ဖြစ်ပြီး ဇာတိပကတိကို ဖော်ပြသည့် ထိုသူတို့သည် ပညာမဲ့သောလူများ၊ အသုံးမကျသောလူများ၊ အဓိပ္ပာယ်မရှိသော လူများဖြစ်ကြသည်။ ဘုရားသခင်သည် သူ၏အလုပ်ကို လူသားအကြား မည်ကဲ့သို့လုပ်သည်ကို သူတို့ နားလည်မလာမီတွင် ဘုရားသခင်၏ အမျက်ဒေါသရောက်လာခြင်းကို သူတို့ရှုမြင်ရလိမ့်မည် မဟုတ်ပေ။ သူတို့သည် အပြည့်အဝ သိမ်းပိုက်ခြင်းခံရပြီးသည်နှင့် တစ်ပြိုင်နက်၊ ဤမကောင်းမှုပြုသူ အားလုံးသည် သူတို့၏ ဒဏ်ခတ်ခံရခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး၊ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ဒေါသအမျက်ခံရာ နေ့ရက်ကာလမှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ယခုကား လူသားကို အပြစ်ဒဏ်ပေးသည့်အချိန် မဟုတ်သေးဘဲ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်နေသည့်အချိန်ဖြစ်၍၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အနှောင့်အယှက်ပေးသူ ရှိနေပါက၊ ထိုကိစ္စနှင့်ပတ်သက်၍ သူတို့၏လုပ်ရပ်များ မည်မျှပြင်းထန်သည့်အပေါ်တွင် အခြေခံပြီး သူတို့သည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်သည်။ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲမှု အချိန်အတွင်းတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း ရှိနေသူများသည် ဘုရားသခင်နှင့် ဆက်နွှယ်မှုရှိနေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ စက်ဆုပ်မုန်းတီးမှုနှင့် ငြင်းပယ်မှုကို ခံရသူများသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြပြီး၊ သူတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိပေ။ ဘုရားသခင်၏ အလုပ်သစ်ကို လက်ခံပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်သော သူများသာလျှင် ဘုရားသခင်နှင့် ဆက်နွှယ်မှုရှိသည်။ အကြောင်းမှာ လူတို့လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဘုရားသခင်၏ အလုပ်သည် လူအားလုံးကို မဟုတ်ဘဲ ထိုအလုပ်ကို လက်ခံသည့် လူများကိုသာ ဦးတည်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင် ပြုသည့်အမှုသည် အစဉ်သဖြင့် အပြုခံအရာရှိပြီး၊ စိတ်ကူးပေါက်ရာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ စာတန်နှင့် ပေါင်းဖော်သူများသည် ဘုရားသခင်၏ သက်သေခံရန် မထိုက်တန်၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် သာ၍ပင် မထိုက်တန်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။