အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဘုရားသခင်၏ အခွင့်အာဏာ (၂) (အပိုင်း ခုနှစ်)

ဘုရားသခင်သည် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသည့် အချက်ကို မည်သူမျှ မပြောင်းလဲနိုင်ပေ

ယခုငါပြောပြီးသည့်အရာအားလုံးကို နားထောင်ပြီးနောက် သင်တို့၏ ကံကြမ္မာအပေါ် အယူအဆ ပြောင်းလဲပါသလော။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆိုင်သော အမှန်တရားကို သင်တို့ မည်သို့ နားလည်ပါသနည်း။ ရိုးရိုးရှင်းရှင်းပြောလျှင်၊ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် လူတိုင်းသည် သူ့၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုတို့ကို တက်ကြွစွာ သို့မဟုတ် မလှုပ်မယှက် လက်ခံကြသည်။ ဘဝလမ်းကြောင်းပေါ်တွင် မည်မျှပဲ ရုန်းကန်လှုပ်ရှားနေပါစေ၊ ကွေ့ကောက်သည့်လမ်းတွေကို မည်မျှပင် လျှောက်နေရပါစေ၊ အဆုံးတွင် ၎င်းတို့ ဖန်ဆင်းရှင် လမ်းကြောင်းချပေးခဲ့သည့် ကံကြမ္မာ၏ လမ်းကြောင်းထဲသို့ ပြန်သွားရပေလိမ့်မည်။ ၎င်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မကျော်လွှားနိုင်ခြင်းဖြစ်ကာ စကြဝဠာကို သူ့သြဇာအာဏာက ထိန်းချုပ်ပြီး အုပ်စိုးသည့် ပုံစံဖြစ်လေသည်။ အရာအားလုံး၏ ဘဝကို အုပ်စိုးသည့်နိယာမများ၊ နှောင့်ယှက်ခြင်းများ မဖြစ်စေဘဲ လူသားတို့ကို ကြိမ်ဖန်များစွာ ပြန်ဝင်စားခွင့်ပြုသည့်နိယာမများ၊ ကမ္ဘာလောကကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ပုံမှန်လှည့်ပတ်စေပြီး ရှေ့ဆက်စေသည့် နိယာမများအတွက် တာဝန်ရှိသည်မှာ ဤမကျော်လွှားနိုင်ခြင်း၊ ဤထိန်းချုပ်မှုနှင့် အုပ်စိုးမှုပုံစံတို့ပင် ဖြစ်သည်။ ဤအချက်အလက်များ အားလုံးကို သင်တို့ မြင်တွေ့ရပြီး အပေါ်ယံဖြစ်စေ၊ နက်နဲစွာဖြစ်စေ ၎င်းတို့ကို သင်တို့နားလည်ပေပြီ။ သင်၏ နားလည်မှု အတိမ်အနက်က သမ္မာတရားနှင့်သက်ဆိုင်သော သင်တို့၏ အတွေ့အကြုံနှင့် အသိပညာ၊ ဘုရားသခင်နှင့်ဆိုင်သော သင်တို့၏ အသိပညာတို့အပေါ် မူတည်ပေသည်။ သမ္မာတရား၏ စစ်မှန်မှုကို သင်မည်မျှ ကောင်းကောင်းသိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မည်မျှ တွေ့ကြုံခဲ့ရသည်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို သင်မည်မျှ ကောင်းကောင်းသိသည်ဆိုသည့် ဤအချက်များအားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု အတိမ်အနက်ကို ကိုယ်စားပြုပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့၏ တည်ရှိခြင်းသည် လူတို့က ဤအရာများအား ကျိုးနွံနာခံခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပါသလော။ သြဇာအာဏာကို ဘုရားသခင် ပိုင်ဆိုင်သည် ဆိုသည့်အချက်က ယင်းကို လူသားမျိုးနွယ်က နာခံခြင်း ရှိမရှိဆိုသည့်အရာအားဖြင့် သတ်မှတ်ထားသလော။ ဘုရားသခင်၏ အခွင့်အာဏာက အခြေအနေများနှင့် မသက်ဆိုင်ပဲ ဖြစ်တည်နေ၏။ အခြေအနေများ အားလုံးတွင်၊ ဘုရားသခင်က လူသားကံကြမ္မာတိုင်းနှင့် အရာအားလုံးကို သူ့၏ အကြံအစည်များနှင့် ဆန္ဒများနှင့်အညီ ပြဋ္ဌာန်းပေးပြီး စီစဉ်လေသည်။ လူသားက ပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဤအရာပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့၏ အနှစ်သာရစစ်စစ် ဖြစ်သည့်အတွက် လူသား၏ အလိုဆန္ဒအပေါ် အမှီအခိုလွတ်ကင်းပြီး အချိန်၊ စကြဝဠာနှင့် မြေမျက်နှာသွင်ပြင်တို့ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။ လူသားက ဘုရား၏ အချုပ်အခြာအာဏာကို သိပြီး လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ယင်းကို လူသားက ကျိုးနွံနာခံနိုင်သည်ဖြစ်စေ မနာခံနိုင်သည်ဖြစ်စေ သုံးသပ်ခြင်းများထဲမှ မည်သည့်အရာကမျှ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သော အမှန်တရားကို အနည်းငယ်မျှ မပြောင်းလဲချေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် လူသားက မည်သို့ သဘောထားရှိပါစေ၊ ယင်းက အရာအားလုံးအပေါ်နှင့် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာအား ဘုရားသခင် စွဲကိုင်သည့်အချက်ကို မပြောင်းလဲနိုင်ပေ။ သင်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်း မရှိလျှင်ပင်၊ သင်၏ကံကြမ္မာကို သူအုပ်ချုပ်ဆဲဖြစ်၏။ သူ့၏ အချုပ်အခြာအာဏာကို သင်မသိနိုင် လျှင်ပင်၊ သူ့၏သြဇာအာဏာက တည်ရှိဆဲဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားသည် လူသား၏ အလိုဆန္ဒနှင့် ကင်းလွတ်ပြီး လူသား၏ နှစ်သက်မှုနှင့် ရွေးချယ်မှုများအရ ပြောင်းလဲခြင်း မရှိပေ။ ဘုရားသခင်၏ သြဇာအာဏာသည် နေရာတိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း၌ ရှိလေသည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း သူ့၏ သြဇာအာဏာသည် အစဉ်တည်ပါလိမ့်မည်။ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည့်အတွက် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်ပြီး သူ့၏သြဇာအာဏာသည် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများ၊ စကြဝဠာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် အမှုအရာများ ချုပ်ချယ်ခံရခြင်း သို့မဟုတ် ကန့်သတ်ထားခြင်း မရှိပေ။ အချိန်တိုင်းတွင်၊ ဘုရားသခင်က သူ့၏အခွင့်အာဏာကို စွဲကိုင်သည်၊ သူ့၏ တန်ခိုးအစွမ်းကို ပြသည်၊ သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့၏ စီမံခန့်ခွဲမှုအလုပ်များကို ဆက်လက်လုပ်ဆောင်လေသည်။ အချိန်တိုင်းတွင် သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း အရာအားလုံးကို အုပ်ချုပ်သည်။ အရာအားလုံးအတွက် ထောက်ပံ့သည်။ အရာအားလုံးကို စီစဉ်ညွှန်ကြားလေသည်။ ဤအရာကို ဘယ်သူမှ မပြောင်းလဲနိုင်။ ၎င်းသည် အမှန်တရား ဖြစ်ပေသည်။ ၎င်း၌ ရှေးကတည်းက မပြောင်းလဲသည့်သမ္မာတရား ရှိလေသည်။

ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံဖို့ ဆန္ဒရှိသူအတွက် သင့်လျော်သည့် သဘောထားနှင့် လက်တွေ့လုပ်ဆောင်ခြင်း

ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သည့် အမှန်တရားကို မည်သည့် သဘောထားဖြင့် လူက ယခု သိရှိမှတ်ယူသင့်သနည်း။ ဤသည်မှာ လူတိုင်း၏ ရှေ့တွင် ရှိနေသည့် တကယ့် ပြဿနာဖြစ်သည်။ လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ “စောင့်ဆိုင်းခြင်း” က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ “ရှာဖွေခြင်း” ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ “ကျိုးနွံနာခံခြင်း” ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ဘုရားသခင်ကို သင့်၏ အတုမရှိသည့် အရှင်သခင် အဖြစ် လက်ခံခြင်းက ကယ်တင်ခြင်းကို ရရှိဖို့ ပထမအဆင့် ဖြစ်သည်

ဘုရားသခင်၏ အခွင့်အာဏာနှင့်ပတ်သက်သည့် သမ္မာတရားများက လူတိုင်း လေးနက်စွာ မှတ်ယူရမည့်၊ ၎င်းတို့ နှလုံးသားနှင့် ကြုံတွေ့ပြီး နားလည်ရမည့် သမ္မာတရားများ ဖြစ်သည်။ ဤသမ္မာတရားများသည် လူတိုင်း၏ ဘဝ၊ လူတိုင်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အပေါ်၊ လူတိုင်းဘဝတွင် ဖြတ်သန်းရမည့် အရေးကြီးသည့် ဆုံမှတ်များအပေါ်တွင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆိုင်သော လူသား၏ အသိပညာနှင့် ဘုရားသခင်၏ သြဇာအာဏာကို ရင်ဆိုင်သည့်အခါ အသုံးပြုသင့်သည့် သဘောထားတို့အပေါ်၊ သဘာဝအလျောက် လူတိုင်း၏ နောက်ဆုံးခရီးပန်းတိုင်အပေါ် ဆက်နွယ်မှု ရှိနေသည့် အတွက်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သိပြီး နားလည်ဖို့၊ ဘဝတစ်ခုလုံးစာ စွမ်းအင်များ လိုအပ်ပေသည်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အတိအလင်းခံယူသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါ၊ ဘုရားသခင်၏ သြဇာအာဏာ၏ အမှန်တကယ် တည်ရှိခြင်း သမ္မာတရားကို သင်တဖြည်းဖြည်း သိမြင်ပြီး နားလည်လာလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို သင်လုံးဝ မသိမှတ်သကဲ့သို့ သူ့ အချုပ်အခြာအာဏာကို လုံးဝလက်မခံပါက၊ သင်နှစ်မည်မျှ အသက်ရှင်ပြီးပါစေ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အသိပညာကို အနည်းငယ်ပင် သင်ရရှိမည်မဟုတ်။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို အမှန်တကယ်သိပြီး နားလည်ခြင်း မရှိလျှင် သင်လမ်းဆုံးကို ရောက်သည့်အခါ ဘုရားသခင်ကို သင်ဆယ်စုနှစ်များစွာ ယုံကြည်ခဲ့သည့်တိုင် သင့်ဘဝအတွက် ပြစရာ ဘာမျှရှိမည်မဟုတ်သကဲ့သို့ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်မျှ အလိုအလျောက် သင် ရှိလိမ့်မည်မဟုတ်။ ဤသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသည့် အရာ မဟုတ်သလော။ ထို့ကြောင့် ဘဝတွင် သင်မည်မျှဝေးဝေး လျှောက်လှမ်းပြီးပါစေ၊ သင်ယခု မည်မျှ အသက်ကြီးနေပါစေ၊ သင်၏ ကျန်ရှိသည့်ခရီးက မည်မျှရှည်လျားပါစေ၊ ပထမဆုံး ဘုရားသခင်၏ သြဇာအာဏာကို သင် သိမှတ်ကာ လေးနက်စွာ ခံယူရမည်။ ပြီးလျှင် ဘုရားသခင်သည် သင့်၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည် ဆိုသည့်အချက်ကို လက်ခံရမည်။ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် ဤအမှန်တရားများအပေါ် ရှင်းလင်းသည့်၊ တိကျသည့် သိမြင်မှုနှင့် နားလည်မှုကို ရယူခြင်းက လူတိုင်းအတွက် မဖြစ်မနေလိုအပ်သည့် သင်ခန်းစာဖြစ်သည်။ ယင်းသည် လူသားဘဝသိရှိခြင်းနှင့် အမှန်တရားကို ရယူခြင်း အတွက် သော့ချက်ဖြစ်သည်။ နေ့စဉ်လူတိုင်း ရင်ဆိုင်ရသည့်၊ မည်သူမှ ရှောင်လွဲမရနိုင်သည့် ဘုရားသခင်ကို သိခြင်းဘဝနှင့် ယင်း၏ အခြေခံသင်ခန်းစာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤပန်းတိုင်သို့ရောက်ဖို့ ဖြတ်လမ်းက သွားချင်ပါက၊ မဖြစ်နိုင်ဟု ယခု သင့်ကို ငါ ပြော၏။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်တို့ လွတ်မြောက်ချင်ပါက၊ ယင်းသည် ပို၍ပင်မဖြစ်နိုင်ချေ။ ဘုရားသခင်သည် လူသား၏ တစ်ဦးတည်းသော သခင်ဖြစ်သည်။ ဘုရားသခင်သည် လူသားကံကြမ္မာ၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်သည်။ ထို့ကြောင့် လူသားအတွက် သူ့ကိုယ်ပိုင်ကံကြမ္မာကို ပြဋ္ဌာန်းဖို့ မဖြစ်နိုင်။ ယင်း၏ ပြင်ပသို့ ခြေလှမ်းဖို့ သူ့အတွက် မဖြစ်နိုင်ပေ။ လူတစ်ယောက်၏ အရည်အချင်းက မည်မျှပင် ကြီးမားပါစေ၊ အခြားလူများ၏ ကံကြမ္မာကို စီစဉ်ညွှန်ကြားဖို့၊ စီစဉ်ဖို့၊ ထိန်းချုပ်ဖို့ သို့မဟုတ် ပြောင်းလဲဖို့ မပြောနှင့်၊ မလွှမ်းမိုးနိုင်ပေ။ လူသားအတွက် အရာခပ်သိမ်းကို အတုမရှိသည့် ဘုရားသခင် ကိုယ်တိုင်သာ အုပ်စိုးပါသည်၊ လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်သည့် အတုမရှိသော သြဇာအာဏာကို သူသာလျှင် ပိုင်ဆိုင်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင် သာလျှင် လူသား၏ အတုမရှိသည့် အရှင်သခင်ဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာသည် ဖန်ဆင်းခံ လူသားမျိုးနွယ် အပေါ်သာမက မည်သည့်လူသားမျှ မမြင်နိုင်သည့် ဖန်ဆင်းခံ မဟုတ်သော အရာများအပေါ်၊ ကြယ်များအပေါ် စကြဝဠာ အပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထား၏။ ဤသည်မှာ ငြင်း၍မရသည့် အချက်၊ မည်သည့်လူသား သို့မဟုတ် မည်သည့်အမှုအရာကမျှ ပြောင်းလဲ၍မရသည့် အမှန်တကယ် တည်ရှိသော အချက်တစ်ခု ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးက ထူးခြားသည့် ကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းများရှိသည်ဟု ယုံကြည်ရင်းနှင့်သင်ကံကောင်းပြီး သင့်လက်ရှိ အခြေအနေများကို ပြောင်းလဲနိုင်သည် သို့မဟုတ် လွတ်မြောက်နိုင်သည်ဟု ထင်မြင်ဆဲဖြစ်ရင်း ၎င်းတို့ပုံစံအတိုင်းရှိသည့် အမှုအရာများကို မကျေမနပ် ဖြစ်နေသေးပါက၊ သင်သည် လူသား၏အားထုတ်မှုနှင့် သင့်၏ ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲပြီး ဤနည်းနှင့် အများထက် သာလွန်ပြီး အောင်မြင်မှုနှင့် စည်းစိမ်တို့ကို ရရှိဖို့ ကြိုစားပါက၊ သင်သည် မိမိကိုယ်ကိုယ်အတွက် ကိစ္စရပ်များကို ခက်ခဲအောင် လုပ်နေသည်ဟု သင့်ကို ငါဆို၏။ သင်သည် ပြဿနာကိုသာ ရှာနေခြင်းဖြစ်သည်။ ကိုယ့်သင်္ချိုင်းကိုယ်တူးနေခြင်း ဖြစ်သည်။ တစ်နေ့ အနှေးနှင့် အမြန်ဆိုသကဲ့သို့ မှားယွင်းသည့် ရွေးချယ်မှု သင်လုပ်ခဲ့သည်၊ သင်၏ အားထုတ်မှုများ ဖြုန်းတီးပစ်ခဲ့သည်ကို သင်တွေ့ရှိရလိမ့်မည်။ သင့် ရည်မှန်းချက်၊ ကံကိုဆန့်ကျင်ပြီး ရုန်းကန်လှုပ်ရှားဖို့ သင့်ဆန္ဒ၊ သင်၏ ကိုယ်ပိုင် ပြောင်မြောက်လှသည့် လုပ်ဆောင်မှုများသည် ပြန်လမ်းမရှိသည့် လမ်းသို့ သင့်ကို ပို့ဆောင်ပေးပါလိမ့်မည်။ ဤအတွက် သင်သည် ခါးသီးသည့် အဖိုးအခတစ်ခု သင် ပေးရလိမ့်မည်။ လက်ရှိအချိန်တွင် အကျိုးဆက်များ၏ ပြင်းထန်မှုကို သင် မမြင်သော်လည်း ဘုရားသခင်သည် လူသားကံကြမ္မာ၏ အရှင်သခင်ဖြစ်သည်ဆိုသည့် သမ္မာတရားကို တွေ့ကြုံပြီး ပိုပြီး နက်ရှိုင်းစွာ အသိအမှတ် ပြုလာသည်နှင့်အမျှ ယနေ့ ငါပြောနေသည့်အရာနှင့် ယင်း၏ သက်ရောက်မှုကို သင်တဖြည်းဖြည်း သိမြင်လာလိမ့်မည်။ သင်သည် စိတ်နှလုံးနှင့် ဝိညာဉ်တစ်ခု ဧကန်ရှိ၊ မရှိ၊ သမ္မာတရားကို ချစ်သည့်လူ သင်ဟုတ်၊ မဟုတ်၊ ဆိုသည်တို့မှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် သမ္မာတရားအပေါ် မည်သို့ သဘောထားမျိုး သင် ခံယူသည်ဆိုသည့်အပေါ် မူတည်ပေသည်။ ဤအချက်သည် ဘုရားသခင်၏ သြဇာအာဏာကို သင်အမှန်တကယ် သိပြီး နားလည်ခြင်း ရှိ၊ မရှိဆိုသည်ကို အလိုအလျောက် သတ်မှတ် ပေးသည်။ သင့်ဘဝ၌ ဘုရားသခင်၏ သြဇာအာဏာကို သိမှတ်ပြီး လက်ခံဖို့ နေနေသာသာ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ အစီအစဉ်များအား ဘယ်သောအခါမျှ မခံစားဖူးပါက၊ သင်သည် လုံးဝ တန်ဖိုးမရှိသူ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်ခံယူခဲ့သည့် လမ်းကြောင်းနှင့် သင်ပြုလုပ်ခဲ့သည့် ရွေးချယ်မှုတို့ကြောင့် သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို အမှန်တကယ် ခံရသည့်သူ ဖြစ်လိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ အမှု၌ သူ၏စမ်းသပ်မှုကို လက်ခံနိုင်သူ၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံနိုင်သူ၊ သူ့၏ သြဇာအာဏာကို ကျိုးနွံနာခံပြီး သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံ များကို တဖြည်းဖြည်း ရရှိသောသူတို့သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာ၊ သူ၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုတို့ကို ရရှိပေလိမ့်မည်။ ၎င်းတို့သည် ဖန်ဆင်းရှင်ကို ဝန်ခံသောသူများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ ထိုသို့သောလူများသာ အမှန်တကယ် ကယ်တင်ခြင်းခံရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိသောကြောင့်၊ ယင်းကို လက်ခံသောကြောင့်၊ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော အမှန်တရားကို ၎င်းတို့၏ အသိအမှတ်ပြုခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စစ်မှန်ကာ တိကျလေသည်။ ၎င်းတို့သည် သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ကိုယ်ပိုင်ရွေးချယ်မှု မပါဝင်ဘဲ၊ ကိုယ်ပိုင်ဆန္ဒမပါဝင်ဘဲ ယောဘကဲ့သို့ သေခြင်းကို မဖြုံသောစိတ်ရှိကာ အရာခပ်သိမ်း၌ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်တို့ကို ကျိုးနွံနာခံကြလိမ့်မည်။ ထိုသို့သောလူမျိုးသာ စစ်မှန်သည့် ဖန်ဆင်းခံ လူသားတစ်ဦးအဖြစ် ဖန်ဆင်းရှင်ထံပါးသို့ ပြန်လာနိုင်လိမ့်မည်။

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။