အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၄) (အပိုင်း နှစ်၏ အဆက်)

ဝိညာဉ်လောကအပေါ် ဘုရားသခင်မှ အုပ်ချုပ်၍ စီမံခန့်ခွဲပုံ

၂။ ယုံကြည်ခြင်းရှိသော လူအမျိုးမျိုး၏ ရှင်ခြင်းနှင့်သေခြင်းသံသရာ

ပထမအမျိုးအစားဖြစ်သော မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာကို ငါတို့ ခုတင် ဆွေးနွေးခဲ့ကြသည်။ ယခု ဒုတိယအမျိုးအစားဖြစ်သော ယုံကြည်ခြင်းရှိသောလူအမျိုးမျိုးကို ဆွေးနွေးကြစို့။ “ယုံကြည်ခြင်းရှိသောလူအမျိုးမျိုး၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ” သည်လည်း လွန်စွာအရေးကြီးသည့် အကြောင်းအရာဖြစ်ကာ၊ ၎င်းကို သင်တို့ နားလည်မှုအချို့ရှိရန်မှာ သင့်တော်လျော်ကန်၏။ ပထမအနေနှင့် “ယုံကြည်ခြင်းရှိသောလူများ” တွင် ရှိသည့် “ယုံကြည်မှု”သည် မည်သည့်ယုံကြည်မှုများကို ရည်ညွှန်းသည်ကို ငါတို့ ပြောဆိုဆွေးနွေးကြစို့။ ယုဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗရင်ဂျီဘာသာ၊ အစ္စလမ်ဘာသာနှင့် ဗုဒ္ဓဘာသာ၊ ဤအဓိက ဘာသာငါးမျိုးကို ဆိုလိုသည်။ မယုံကြည်သူများအပြင် ဤအဓိကဘာသာ ငါးမျိုးကို ယုံကြည်သောသူများသည် ကမ္ဘာ့လူဦးရေ၏ ကြီးမားသောပမာဏတစ်ရပ် ဖြစ်သည်။ ဤဘာသာ ငါးမျိုးအကြား ၎င်းတို့၏ယုံကြည်ခြင်းကို အသက်မွေးဝမ်းကျောင်းမှုအဖြစ် ပြုလုပ်ခဲ့သူများမှာ နည်းပါးသော်လည်း ဤဘာသာများတွင် ယုံကြည်သူများစွာရှိ၏။ ၎င်းတို့၏ယုံကြည်သူများသည် သေဆုံးသောအခါ ကွဲပြားသည့်အရပ်တစ်ခုသို့ သွားကြ၏။ မည်သူနှင့် “ကွဲပြားသနည်း”။ ငါတို့ခုတင်ပြောနေသည့် မယုံကြည်သူများ၊ ယုံကြည်ခြင်းမရှိသူများဖြစ်၏။ ၎င်းတို့သေဆုံးပြီးနောက် ဤဘာသာငါးမျိုးတို့ကို ယုံကြည်သူများသည် အခြားနေရာတစ်ခုသို့၊ မယုံကြည်သူများမှ ကွဲပြားသည့် နေရာတစ်ခုသို့ သွားကြ၏။ သို့သော် လုပ်ငန်းစဉ်မှာမူ အတူတူပင်ဖြစ်၏။ ဝိညာဉ်လောကသည်လည်း ၎င်းတို့မသေဆုံးမီ လုပ်ဆောင်ခဲ့သည့်အရာအားလုံးအပေါ် အခြေပြု၍ တရားစီရင် ခြင်းတစ်ခု လုပ်ဆောင် မည်ဖြစ်သည်။ ထို့နောက်တွင် ထိုသူတို့သည် လျော်ညီစွာ အရေးယူဆောင်ရွက်ခြင်း ခံရမည်။ သို့ရာတွင် ထိုသူတို့အား အရေးယူဆောင်ရွက်ရန် အခြားတစ်နေရာတွင် အဘယ်ကြောင့် ထားသနည်း။ ဤသည်အတွက် အရေးကြီးသည့် အကြောင်းရင်းတစ်ရပ် ရှိပေ၏။ ထိုအကြောင်းရင်းမှာ မည်သည်နည်း။ သင်တို့အား ဥပမာတစ်ခုသုံး၍ ငါပြောပြမည်။ သို့ရာတွင် ငါမပြောပြမီ သင်တို့သည် သင်တို့ကိုယ်သင်တို့ “၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း အနည်းငယ်သာရှိ၍ ဖြစ်နိုင်သည်။ ၎င်းတို့သည် အပြည့်အဝ မယုံကြည်သူများ မဟုတ်ပေ။” ဟု စဉ်းစားနေနိုင်သည်။ ဤသည်မှာ အကြောင်းရင်း မဟုတ်ပေ။ ၎င်းတို့အား အခြားတစ်နေရာတွင် ထားရခြင်းအတွက် အလွန်အရေးကြီးသည့် အကြောင်းရင်းတစ်ရပ် ရှိ၏။

ဗုဒ္ဓဘာသာကို ကြည့်လော့။ သင်တို့ကို ငါအမှန်တရားတစ်ရပ် ပြောပြမည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ပထမအနေနှင့် ဗုဒ္ဓဘာသာသို့ ပြောင်းလဲသက်ဝင်သွားသူတစ်ဦးဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့၏ ယုံကြည်ချက်မှာ မည်သည့်အရာဖြစ်သည်ကို သိသူတစ်စုံတစ်ဦးဖြစ်၏။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ၎င်း၏ဆံပင်ညှပ်၍ ဘုန်းကြီး သို့မဟုတ် သီလရှင်တစ်ပါးဖြစ်သည့်အခါ ၎င်းသည် မိမိကိုယ်ကိုယ် လောကီ ကမ္ဘာမှ ခွဲထွက်ကာ လူ့လောက၏ ပွက်ပွက်ညံသံကို ဝေးကွာစွာ ချန်ရစ်ထားခဲ့သည်ဟု ဆိုလိုခြင်းဖြစ်၏။ ၎င်းတို့သည် နေ့စဉ် သုတ်များကို သံပြိုင်ရွတ်ဆိုကာ သက်သတ်လွတ်အစာကိုသာ စားကြ၏။ တပသီဘဝ၌ နေထိုင်ကြပြီး ၎င်းတို့သည် ၎င်းတို့၏နေ့ရက်များကို ဆီမီးခွက်၏ အေး၍အားနည်းသော အလင်းရောင်ကို အဖော်ပြုရင်း ဖြတ်သန်းကြ၏။ ၎င်းတို့သည် ၎င်းတို့၏ဘဝတစ်ခုလုံးကို ဤနည်းဖြင့် ကုန်ဆုံးကြသည်။ ၎င်းတို့၏ခန္ဓာအသက် ပြီးဆုံးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏ဘဝ အကျဉ်းချုပ်တစ်ရပ် ပြုလုပ်၏။ သို့သော် ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် သေဆုံးပြီးနောက် မည်သည့်နေရာသို့ သွားမည်၊ မည်သူနှင့်တွေ့မည်၊ မည်သို့အဆုံးသတ်မည်ကို မသိကြပေ။ ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် ဤအရာများအပေါ် မရှင်းလင်းကြပေ။ ၎င်းတို့၏ဘဝတစ်လျှောက်လုံးကို ယုံကြည်ချက်တစ်ရပ်ကို အဖော်ပြုရင်း ဆင်ကန်းတောတိုး ကုန်ဆုံးကြခြင်းထက် ပို၍ မည်သည့်အရာမျှ မပြုခဲ့ကြပေ။ ၎င်းနောက် ထိုသူတို့သည် ဆင်ကန်းတောတိုးဆန္ဒများနှင့် စိတ်ကူးယဉ်စံများလိုက်ပါ၍ လောကမှ ထွက်ခွာကြ၏။ ၎င်းတို့ သက်ရှိလောကမှ ထွက်ခွာသည့်အခါ ဤသည်မှာ ၎င်းတို့၏ခန္ဓာအသက် အဆုံးသတ်ခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ၎င်းတို့သည် ဝိညာဉ်လောကရှိ ၎င်းတို့၏မူရင်းနေရာသို့ ပြန်သွားကြသည်။ ဤသူသည် မြေကြီးသို့ပြန်သွားရန် ဝင်စား၍ ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ခြင်းကို ဆက်လက်ပြုလုပ်ခြင်း ရှိမရှိမှာ ၎င်းတို့မသေဆုံးမီ ၎င်းတို့၏အပြုအမူနှင့် ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ခြင်းအပေါ်တွင် မူတည်သည်။ ၎င်းတို့၏အသက်တာကာလအတွင်း မည်သည့်အမှားမျှ မပြုလုပ်ခဲ့ပါက ၎င်းတို့သည် လျင်မြန်စွာ ပြန်လည်ဝင်စားကြကာ ဘုန်းကြီး သို့မဟုတ် သီလရှင် တဖန်ပြန်ဖြစ်မည့် မြေကြီးပေါ်သို့ တဖန်ပြန်ပို့ခြင်း ခံရလိမ့်မည်ဖြစ်သည်။ ပထမဆုံးအကြိမ်၏ လုပ်ငန်းစဉ်အတိုင်း ၎င်းတို့၏ ရုပ်ခန္ဓာသည် ၎င်းတို့ဘာသာ ၎င်းတို့ ပျိုးထောင်ပြီးနောက် ၎င်းတို့သေဆုံးကြကာ ၎င်းတို့ စစ်ဆေးခြင်းခံရသည့် ဝိညာဉ်လောကသို့ ပြန်သွားကြသည်။ ၎င်းနောက် ပြဿနာများမရှိပါက ၎င်းတို့သည် လူ့လောကသို့ တစ်ဖန်ပြန်လာနိုင်ကြပြီး ဗုဒ္ဓဘာသာသို့ နောက်တစ်ဖန်ကူးပြောင်း၍ ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ခြင်းကို ဆက်လက်ပြုလုပ်ကြ၏။ သုံးကြိမ်မှ ခုနစ်ကြိမ် ပြန်ဝင်စားပြီးနောက် ၎င်းတို့သည် ၎င်းတို့၏ ခန္ဓာအသက်ပြီးဆုံးတိုင်း သွားသည့် ဝိညာဉ်လောကသို့ တစ်ဖန်ပြန်ကြလိမ့်မည်။ လူ့လောကရှိ ၎င်းတို့၏ အရည်အချင်းအမျိုးမျိုးနှင့် အပြုအမူသည် ဝိညာဉ်လောက၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့်အညီ ဖြစ်ပါက ယခုအချိန်မှစ၍ ၎င်းတို့သည် ထိုနေရာတွင် ရှိကြလိမ့်မည်။ ၎င်းတို့သည် လူအဖြစ် ပြန်ဝင်စားခြင်း မရှိတော့ဘဲ မြေကြီးပေါ်တွင် မကောင်းမှုပြုလုပ်ခြင်းအတွက် အပြစ်ပေးခံရမည့် အန္တရာယ်လည်း ရှိမည်မဟုတ်ပေ။ ထိုသူတို့သည် ဤဖြစ်စဉ်ကို မည်သည့်အခါမျှ ထပ်မံ တွေ့ကြုံရတော့မည် မဟုတ်ပေ။ ယင်းအစား ၎င်းတို့၏အခြေအနေများအရ ၎င်းတို့သည် ဝိညာဉ်နယ်ပယ်တွင် ရာထူးတစ်ခုကို ယူလိမ့်မည်။ ဤသည်မှာ မသေသည့်အဖြစ်ကို ရယူနိုင်ခြင်းဟု ဗုဒ္ဓဘာသာဝင်များ ရည်ညွှန်းသည့်အရာဖြစ်၏။ မသေသည့်အဖြစ်ကိုရယူနိုင်ခြင်းမှာ အဓိကအားဖြင့် ဝိညာဉ်လောက၏ အရာရှိတစ်ဦး ဖြစ်သွားခြင်းဟု ဆိုလိုပြီး၊ ပြန်ဝင်စားခြင်း သို့မဟုတ် အပြစ်ဒဏ်ရရှိရန် ရှေ့ဆက်အလားအလာ မရှိတော့ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ထက်ပို၍၊ ပြန်လည်ဝင်စားပြီးနောက် လူသားဖြစ်ခြင်း၏ အနှောင့်အယှက် ခံစားရခြင်း မရှိတော့ဟု ဆိုလိုသည်။ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ပြန်လည်ဝင်စားရန် အလားအလာတစ်စုံတစ်ရာ ရှိသေးသလော။ (မရှိပါ။) ဤသည်မှာ ထိုသူတို့သည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ် ရယူရန်ကျန်ရှိနေကာ ပြန်လည်ဝင်စားခြင်း ရှိတော့မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ထာဝရရှင်သန်မှုကို ရရှိခြင်း၏ နမူနာတစ်ရပ်ဖြစ်သည်။ ထာဝရရှင်သန်မှုကို မရရှိသူများအတွက်မူ ၎င်းတို့သည် ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ သက်ဆိုင်ရာ ဘိလစ်စာရေး၏ စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းခံရကာ၊ ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ရာတွင် လုံ့လဝီရိယမရှိ သို့မဟုတ် ဗုဒ္ဓဘာသာမှ ပြဋ္ဌာန်းသည့်အတိုင်း သုတ်များကို သံပြိုင်ရွတ်ဆိုရာတွင် တာဝန်သိစွာ လုပ်ဆောင်ခြင်းမရှိဟု တွေ့ခဲ့၏။ ယင်းအစား ၎င်းတို့သည် မကောင်းမှုများစွာကျူးလွန်ကြကာ ဆိုးယုတ်မှုများစွာ ကျူးလွန်ခဲ့ကြ၏။ ထို့နောက် ဝိညာဉ်လောကတွင် ၎င်းတို့မကောင်းမှုပြုလုပ်ခြင်းအပေါ် တရားစီရင်ချက်ချမှတ်ပြီးနောက် ၎င်းတို့အပြစ်ပေးခြင်းခံရမည်မှာ သေချာ၏။ ဤအရာ၌ ခြွင်းချက်လုံးဝ မရှိပေ။ ထို့ကြောင့် ဤကဲ့သို့သောလူသည် ထာဝရရှင်သန်မှုကို မည်သည့်အခါ၌ ရရှိမည်နည်း။ ၎င်းတို့ မကောင်းမှုပြုလုပ်ခြင်းမရှိသည့် အသက်တာ၌၊ ဝိညာဉ်လောကသို့ ပြန်ရောက်လာပြီးနောက် ၎င်းတို့မသေဆုံးမီ ၎င်းတို့သည် မည်သည့်မှားယွင်းသည့်အရာမျှ မပြုလုပ်ခဲ့ကြောင်း တွေ့ကြ၏။ ၎င်းတို့သည် ဆက်၍ ပြန်ဝင်စားကြကာ၊ သုတ်များကို ဆက်လက်ရွတ်ဆိုကြရင်း ၎င်းတို့၏နေ့ရက်များကို ဆီမီး၏ အေး၍အားနည်းသော အလင်းရောင်ဖြင့် ကျော်လွန်ကြ၏။ ၎င်းတို့သည် မည်သည့်သက်ရှိကိုမျှ မသတ်၊ အသားမစားဘဲ လူ့လောက ဒုက္ခများကို ချန်ထားခဲ့ကာ အခြားသူများနှင့် အငြင်းပွားခြင်းမရှိလျက် လူ့လောကတွင် ပါဝင်ခြင်းမရှိကြပေ။ ဤလုပ်ငန်းစဉ်အတွင်း ၎င်းတို့သည် မကောင်းမှု မလုပ်ကြပေ။ ၎င်းနောက် ထိုသူတို့သည် ဝိညာဉ်လောကသို့ ပြန်သွားကြကာ ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် အပြုအမူများ အားလုံး စစ်ဆေးခံရပြီးနောက်၊ ၎င်းတို့သည် လူ့လောကအတွင်း နောက်တစ်ကြိမ်ပို့ခြင်း ခံရကာ ဤသံသရာတွင် သုံးကြိမ်မှ ခုနစ်ကြိမ်လည်နေ၏။ ဤကာလအတွင်း ကမောက်ကမဖြစ်ခြင်းများ မရှိလျှင် ၎င်းတို့၏ ထာဝရရှင်သန်မှု ရယူခြင်းသည် သက်ရောက်ခံရမှုမရှိဘဲ နှောင့်နှေးလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ယုံကြည်သူအားလုံး၏ ရှင်ခြင်း နှင့် သေခြင်းသံသရာ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ၎င်းတို့သည် ထာဝရရှင်သန်မှုကို ရယူနိုင်၍ ဝိညာဉ်လောကတွင် ရာထူးတစ်ရပ် ရယူနိုင်ကြ၏။ ဤသည်မှာ မယုံကြည်သူများမှ ၎င်းတို့ကွဲပြားသည့်အချက်ဖြစ်၏။ ပထမအနေဖြင့် ၎င်းတို့သည် မြေကြီးပေါ်တွင် အသက်ရှင်လျက်ရှိစဉ် ဝိညာဉ်လောကတွင် ရာထူးတစ်ရပ်ယူနိုင်သောသူများ၏ အမူအကျင့်သည် မည်သို့နည်း။ ၎င်းတို့သည် မကောင်းမှု လုံးဝမပြုရပေ။ လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှု သို့မဟုတ် တိုက်ခိုက်လုယက်မှု မကျူးလွန်ရပေ။ ၎င်းတို့ လိမ်လည်မှု၊ လှည့်ဖြားမှု၊ ခိုးမှု သို့မဟုတ် လုယက်မှု ကျူးလွန်ပါက ၎င်းတို့သည် ထာဝရရှင်သန်မှု မရရှိနိုင်ပေ။ ၎င်းတို့သည် မကောင်းမှုပြုလုပ်ခြင်းနှင့် ဆက်စပ်မှု သို့မဟုတ် နှီးနွှယ်မှု တစ်စုံတစ်ရာရှိပါက ဝိညာဉ်လောက၏ အပြစ်ဒဏ်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ထာဝရရှင်သန်မှု ရရှိသော ဗုဒ္ဓဘာသာဝင်များအတွက် ဝိညာဉ်လောကသည် သင့်တော်သော အစီအမံများ ပြုလုပ်ပေးသည်။ ဗုဒ္ဓဘာသာနှင့် ကောင်းကင်ရှိ အဖိုးအိုတို့ကို ယုံကြည်ပုံရသူများကို စီမံအုပ်ချုပ်ရန် ၎င်းတို့ တာဝန်ပေးခံရနိုင်သည်။ ဗုဒ္ဓဘာသာဝင်များသည် အုပ်ချုပ်စီရင်ပိုင်ခွင့် အာဏာတစ်ရပ် ရရှိကာ ၎င်းတို့သည် မယုံကြည်သူများကိုသာ စီမံအုပ်ချုပ်နိုင်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် အလွန်အရေးမပါသော ဘိလစ်စာရေး ဖြစ်နိုင်သည်။ ဤကဲ့သို့ ခွဲဝေချထားပေးခြင်းသည် ဤဝိညာဉ်လိပ်ပြာတို့၏ သဘာဝနှင့်အညီဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ ဥပမာတစ်ရပ်ဖြစ်သည်။

ငါတို့ပြောဆိုခဲ့သည့်ဘာသာငါးခုအကြား ခရစ်ယာန်ဘာသာသည် အနည်းငယ်ထူးခြားသည်။ ခရစ်ယာန်ဘာသာသည် မည်သို့ထူးခြားသနည်း။ ဤသူတို့သည် စစ်မှန်သောဘုရားသခင်ကို ယုံကြည်ကြသူများ ဖြစ်၏။ စစ်မှန်သောဘုရားသခင်ကို ယုံကြည်သောသူများကို ဤနေရာတွင် မည်သို့ စာရင်းဝင်နိုင်သနည်း။ ခရစ်ယာန်ဘာသာသည် ယုံကြည်ခြင်းတစ်မျိုးဖြစ်သည့်အတွက် ၎င်းသည် ယုံကြည်ခြင်းနှင့်သာ သက်ဆိုင်သည်မှာ သံသယရှိဖွယ် မဟုတ်ပေ။ ၎င်းသည် အခမ်းအနားတစ်မျိုး၊ ဘာသာတရားတစ်မျိုးနှင့် ဘုရားသခင်နောက် စစ်မှန်စွာ လိုက်လျှောက်သူများ၏ ယုံကြည်ခြင်းမှ ကွဲပြားသည့် အရာတစ်မျိုးဖြစ်၏။ ငါသည် ၎င်းကို အဓိကဘာသာ ငါးမျိုးအကြား စာရင်းဝင်စေခဲ့ခြင်း အကြောင်းရင်းမှာ ခရစ်ယာန်ဘာသာသည် ယုဒဘာသာ၊ ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာတို့၏အဆင့်သို့ လျှော့ချခံရသည့်အတွက်ဖြစ်၏။ ခရစ်ယာန်အများစုသည် ဘုရားသခင်ရှိကြောင်း သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်းကို မယုံဘဲ သူ၏တည်ရှိမှုကို သာ၍ပင် မယုံကြည်ပေ။ ယင်းအစား ဓမ္မပညာအကြောင်းပြောရန် ၎င်းတို့သည် ကျမ်းပိုဒ်များကို အသုံးပြုရုံမျှသာရှိကာ၊ လူတို့အား ကြင်နာရန်၊ ဒုက္ခခံရန်နှင့် ကောင်းသောအရာများကို ပြုလုပ်ရန် သင်ကြားရေးအတွက် ဓမ္မပညာကို အသုံးပြုကြ၏။ ၎င်းမှာ ခရစ်ယာန်ဘာသာသည် မည်သို့သောဘာသာဟူသည် ဖြစ်၏။ ၎င်းသည် ဓမ္မပညာနှင့်သက်ဆိုင်သော အယူဝါဒများကိုသာ အာရုံစိုက်လျက် ဘုရားသခင်၏ လူသားကို စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းအမှုနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပေ။ ၎င်းသည် ဘုရားသခင်မှ အသိအမှတ်မပြုသော ဘုရားသခင်နောက်လိုက်သူများ၏ ဘာသာတစ်ရပ်ဖြစ်၏။ သို့သော် ၎င်းတို့အပေါ် ချဉ်းကပ်ရာတွင်လည်း ဘုရားသခင်၌ အခြေခံသဘောတရားတစ်ရပ် ရှိ၏။ သူသည် ၎င်းတို့အား မယုံကြည်သူများကို ဆက်ဆံကိုင်တွယ်သကဲ့သို့ပင် စိတ်ဆန္ဒရှိသည့်အတိုင်း ပေါ့တန်စွာ ဆက်ဆံကိုင်တွယ်ခြင်း မပြုပေ။ ၎င်းတို့အား သူ၏ချဉ်းကပ်နည်းသည် ဗုဒ္ဓဘာသာဝင်များကို ချဉ်းကပ်နည်းအတိုင်းဖြစ်၏။ ၎င်းတို့အသက်ရှင်နေစဉ်တွင် ခရစ်ယာန်တစ်ဦးသည် ကိုယ့်စည်းကမ်းနှင့်ကိုယ် နေပါက၊ မိမိတို့ကိုယ်တိုင်၏ အပြုအမူအပေါ် တောင်းဆိုချက်များပြုလုပ်ရာတွင် ပညတ်တော်ဆယ်ပါးကို အတိအကျလိုက်နာကာ ဥပဒေများနှင့် ပညတ်ချက်များကို လိုက်နာပါက၊ ထို့အပြင် ဤသည်ကို ၎င်းတို့၏အသက်တာ တစ်လျှောက်လုံး ပြုလုပ်နိုင်ပါက၊ ၎င်းတို့သည်လည်း ချီဆောင်ခြင်းဟုခေါ်သည့်အရာကို စစ်မှန်စွာမရယူနိုင်မီ ရှင်ခြင်းနှင့်သေခြင်းသံသရာများကို ဖြတ်ကျော်ရာတွင် တူညီသောအချိန်ပမာဏ ကုန်ဆုံးမည်ဖြစ်သည်။ ဤချီဆောင်ခြင်း အထမြောက်ပြီးနောက် ထိုသူတို့သည် ဝိညာဉ်လောကအတွင်း ဆက်လက်တည်ရှိကာ ထိုနေရာတွင် ရာထူးတစ်ရပ် ရယူလျက် ၎င်း၏ဘိလစ်စာရေးများအနက် တစ်ဦးဖြစ်လာ၏။ အလားတူပင် ထိုသူတို့သည် မြေကြီးပေါ်တွင် မကောင်းမှုကျူးလွန်ပါက၊ ဆိုးယုတ်၍ အပြစ်ကျူးလွန်မှု များလွန်းသောအခါ ၎င်းတို့သည် ကွဲပြားသောပြင်းထန်မှုဖြင့် အပြစ်ပေးခံရလျက် ဆုံးမပဲ့ပြင်ခြင်းခံရမည်မှာ ရှောင်လွှဲ၍ မရပေ။ ဗုဒ္ဓဘာသာတွင် ထာဝရရှင်သန်မှုရယူခြင်းဆိုသည်မှာ သုခဘုံသို့ ဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရသော်လည်း ခရစ်ယာန်ဘာသာတွင် ၎င်းကို မည်သို့ခေါ်ကြသနည်း။ ၎င်းကို “ကောင်းကင်နိုင်ငံ ဝင်ရောက်ခြင်း” နှင့် “ချီဆောင်ခံရခြင်း” ဟုခေါ်၏။ စစ်မှန်စွာချီဆောင်ခံရသူတို့သည်လည်း ရှင်ခြင်းနှင့်သေခြင်းသံသရာ သုံးကြိမ်မှ ခုနစ်ကြိမ်ဖြတ်သန်းပြီးနောက် သေဆုံးကာ အိပ်ပျော်သွားသည့်အတိုင်း ဝိညာဉ်လောကသို့ ရောက်လာကြ၏။ ၎င်းတို့သည် စံချိန်မီပါက အခန်းကဏ္ဍတစ်ရပ် ရယူရန် ဆက်၍တည်ရှိနိုင်ပြီး မြေကြီးပေါ်ရှိလူတို့နှင့် မတူဘဲ ရိုးရှင်းသောနည်းလမ်းတစ်ရပ် သို့မဟုတ် အစဉ်အလာနှင့်အညီ ပြန်ဝင်စားကြမည် မဟုတ်ပေ။

ဤဘာသာအားလုံးအကြား ပြောဆို၍ ကြိုးပမ်းအားထုတ်ကြသော အဆုံးသည် ဗုဒ္ဓဘာသာတွင် ထာဝရရှင်သန်မှု ရရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။ ကွဲပြားသောနည်းများဖြင့် အထမြောက်ကြခြင်းသာဖြစ်၏။ ၎င်းတို့အားလုံးသည် တစ်မျိုးတစ်စားတည်းပင်ဖြစ်ကြ၏။ ၎င်းတို့၏အပြုအမူတွင် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာလိုက်နာနိုင်သော ဤဘာသာများမှလူတို့၏ ဤအစိတ်အပိုင်းအတွက် ဘုရားသခင်သည် ၎င်းတို့နှင့်သင့်တော်သော ခရီးပန်းတိုင်၊ သင့်တော်သော သွားစရာနေရာ ပေး၍ ၎င်းတို့ကို သင့်တော်စွာ ကိုင်တွယ်၏။ ဤအရာအားလုံးသည် ကျိုးကြောင်းဆီလျော်သော်လည်း လူတို့စိတ်ကူးသကဲ့သို့ မဟုတ်ပေ၊ မှန်သည် မဟုတ်လော။ ခရစ်ယာန်များ မည်သို့ဖြစ်သည်ကို ယခုကြားပြီးနောက် သင်တို့ မည်သို့ခံစားရသနည်း။ ထိုသူတို့အတွက် သင်တို့ စိတ်ထိခိုက်သလော။ ၎င်းတို့ကို စာနာသလော။ (အနည်းငယ် စာနာပါသည်။) ၎င်းတို့ ဆောင်ရွက်နိုင်စရာ ဘာမျှမရှိပေ။ ၎င်းတို့သည် မိမိကိုယ်ကိုယ်မိမိ အပြစ်တင်ရန်သာ ရှိတော့သည်။ ငါဤသို့ အဘယ်ကြောင့်ပြောသနည်း။ ဘုရားသခင်၏ အမှုသည် စစ်မှန်၏။ ဘုရားသခင်သည် အသက်ရှင်ကာ အမှန်ရှိ၏။ ထို့အပြင် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် လူတိုင်းကို ရည်ရွယ်ထားခြင်းဖြစ်၏။ ထိုသို့ဖြစ်လျှင် ခရစ်ယာန်တို့သည် ဤသည်ကို အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့သည် ဘုရားသခင်အား အဘယ်ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွလျက် ဆန့်ကျင်ကာ ညှဉ်းပန်းနှိပ်စက်သနည်း။ ဤကဲ့သို့သော အဆုံးသတ်ခြင်းကို ရရှိခြင်းသည်ပင် ဤသူတို့အတွက် ကံကောင်းခြင်းဖြစ်သဖြင့် သင်တို့သည် ၎င်းတို့အတွက် အဘယ်ကြောင့် စိတ်မကောင်းဖြစ်ကြသနည်း။ ၎င်းတို့ ဤသို့ကိုင်တွယ်ခံရသည်မှာ ကြီးမားသော သည်းခံမှုကိုပြ၏။ ဘုရားသခင်ကို ၎င်းတို့ဆန့်ကျင်သည့်အတိုင်းအတာကို အခြေပြု၍ ၎င်းတို့သည် ဖျက်ဆီးခံရသင့်သည်။ သို့သော် ဘုရားသခင်သည် ဤသို့မပြုဘဲ ခရစ်ယာန်ဘာသာအား သာမန်ဘာသာတစ်ရပ်ကို ကိုင်တွယ်သည့်နည်းတူသာ ကိုင်တွယ်၏။ ထို့ကြောင့် အခြားဘာသာများအကြောင်း အသေးစိတ်ပြောရန် လိုသလော။ ဤဘာသာအားလုံး၏ လက္ခဏာမှာ လူတို့ သာ၍ခက်ခဲမှုကို ခံစားရန်၊ မကောင်းမှု မပြုရန်၊ ကောင်းသောအရာများကို ပြောရန်၊ ကောင်းမှုပြုရန်၊ သူတပါးအား ဆဲရေးခြင်း မပြုရန်၊ သူတပါးအပေါ် အလွယ်တကူ ဆုံးဖြတ်ချက်မချရန်၊ အငြင်းပွားမှုများမှ ဝေးရာတွင်နေရန်၊ ကောင်းသောအရာများကို ပြုလုပ်ရန်၊ လူကောင်းတစ်ဦးဖြစ်ရန် ဖြစ်၏။ ဘာသာရေးအများစု၏ သင်ကြားပို့ချချက်များမှာ ဤကဲ့သို့ဖြစ်၏။ ထို့ကြောင့် ဤယုံကြည်သူများ၊ ဘာသာအမျိုးမျိုးနှင့် ဘာသာရေးဂိုဏ်းခွဲအမျိုးမျိုးမှ ဤလူတို့သည် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာ လိုက်နာနိုင်ပါက ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေသောအချိန်အတွင်း ကြီးမားသော အမှားများ သို့မဟုတ် အပြစ်များ ကျူးလွန်မည်မဟုတ်ဘဲ သုံးကြိမ်မှ ခုနစ်ကြိမ် ပြန်ဝင်စားပြီးနောက် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာလိုက်နာနိုင်သော ဤလူတို့ အနည်းနှင့်အများသည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်ကို ရယူရန် ဆက်လက်တည်ရှိကြမည်။ ထိုကဲ့သို့သောလူတို့ အများအပြားရှိသလော။ (အများအပြားမရှိပါ။) သင်၏အဖြေကို မည်သည့်အရာအပေါ် အခြေခံထားသနည်း။ ကောင်းမှုပြုခြင်း၊ ဘာသာရေးစည်းကမ်းများနှင့် ဥပဒေများကို လိုက်နာခြင်းတို့သည် မလွယ်ကူပေ။ ဗုဒ္ဓဘာသာသည် လူတို့အား အသားစားခွင့်မပြုပေ။ သင် ဤသို့ပြုနိုင်သလော။ သင်သည် မီးခိုးရောင် ဝတ်ရုံများဝတ်ရလျက် ဗုဒ္ဓဘာသာဘုရားများတွင် သုတ်များ တစ်နေကုန် ရွတ်ဆိုနိုင်မည်လော။ လွယ်ကူမည်မဟုတ်ပေ။ ခရစ်ယာန်တို့တွင် ပညတ်တော်ဆယ်ပါးရှိ၏။ ပညတ်ချက်များနှင့် ပညတ်တရား များသည် လိုက်နာရန် လွယ်ကူသလော။ မလွယ်ကူပေ။ သူတပါးကို ဆဲရေးတိုင်းထွာခြင်းမပြုရဟူသည်ကို ကြည့်ကြစို့။ လူတို့သည် ဤစည်းကမ်းကို လိုက်နာနိုင်စွမ်း မရှိပေ။ မိမိကိုယ်ကိုယ် တားဆီးနိုင်စွမ်းမရှိသည့်အတွက် ၎င်းတို့သည် ဆဲရေးတိုင်းထွာကြ၏။ ဆဲရေးတိုင်းထွာပြီးနောက် ၎င်းတို့သည် ပြန်ပြောင်း၍ မရတော့ပေ။ ထိုအခါ ၎င်းတို့ မည်သည့်အရာ ပြုလုပ်သနည်း။ ညတွင် ၎င်းတို့သည် ၎င်းတို့၏အပြစ်များကို ဝန်ခံကြ၏။ တစ်ခါတစ်ရံတွင် သူတပါးအား ဆဲရေးတိုင်းထွာပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် အမုန်းတရား ရှိနေသေးကာ၊ ၎င်းတို့သည် ထိုသူတို့အား မည်သည့်အချိန်တွင် အန္တရာယ်ပြုမည်ကို အစီအစဉ်ပြုလုပ်သည့် အတိုင်းအတာအထိပင် သွားကြ၏။ အတိုချုပ်အားဖြင့်၊ သေဆုံးနေသောဤတရားသေဝါဒအကြားတွင် နေထိုင်သူတို့အတွက် အပြစ်မပြုလုပ်ရန် သို့မဟုတ် မကောင်းမှုမကျူးလွန်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် ဘာသာရေးတိုင်းတွင် အနည်းငယ်သောလူတို့သာလျှင် ထာဝရရှင်သန်မှုကို ရယူနိုင်ကြ၏။ ဤဘာသာများနောက် လိုက်ကြသူအများအပြားရှိသည့်အတွက် အများအပြားသည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်ကို ရယူရန် ဆက်လက်တည်ရှိနိုင်ကြမည်ဟု သင်ထင်၏။ သို့ရာတွင် ဤမျှမများပြားကြပေ။ အနည်းငယ်သာလျှင် ဤသည်ကို အထမြောက်နိုင်ကြ၏။ ယုံကြည်ခြင်းရှိသောလူများအတွက် ရှင်ခြင်းနှင့်သေခြင်းသံသရာမှာ ယေဘုယျအားဖြင့် ဤမျှသာဖြစ်၏။ အခြားအရာများမှ ၎င်းတို့ ကွဲပြားသည့်အချက်မှာ ၎င်းတို့သည် ထာဝရရှင်သန်မှုကို ရယူနိုင်ခြင်းဖြစ်ပြီး ဤသည်မှာ မယုံကြည်သူများနှင့် ၎င်းတို့၏ ခြားနားချက်ဖြစ်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။