အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၄) (အပိုင်း လေး)

လူသားနှင့်သက်ဆိုင်၍ ဘုရားသခင်၏ သတ်မှတ်ချက်များ

၁။ ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်ဒြပ်

“ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်၏” နှင့်သက်ဆိုင်သော အကြောင်းအရာအပြင် “ဘုရားသခင်သည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်၏” နှင့်သက်ဆိုင်သော အကြောင်းအရာ၏ အဆုံးသို့ ငါတို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ပြီးမြောက်သည်နှင့်အညီ ငါတို့သည် အကျဉ်းချုပ်တစ်ရပ် ပြုလုပ်ရန် လိုသည်။ မည်သည့် အကျဉ်းချုပ်မျိုးနည်း။ ဘုရားသခင်ကိုယ်တော်တိုင် အကြောင်းအရာတစ်ခုဖြစ်သည်။ ၎င်းသည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်း ဖြစ်သဖြင့် ၎င်းသည် ဘုရားသခင်၏ လက္ခဏာသွင်ပြင်တိုင်းနှင့်ရော ဘုရားသခင်ကို လူတို့ယုံကြည်သည့် ပုံစံနှင့်ပါ ဆက်စပ်နေရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် သင်တို့ကို အရင်မေးရမည်မှာ တရားဟောချက်ကို ကြားခဲ့ပြီးဖြစ်သဖြင့် သင်တို့၏စိတ်အမြင် ထဲတွင် ဘုရားသခင်သည် မည်သူနည်း။ (ဖန်ဆင်းရှင်ပါ။) သင်တို့၏ စိတ်အမြင် ထဲတွင်ရှိသော ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်၏။ အခြားအရာများ ရှိသေးသလော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ သခင်ဖြစ်၏။ ဤစကားလုံးများသည် သင့်တော်သလော။ (သင့်တော်ပါသည်။) ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်၍ ရှိသမျှအားလုံးကို အုပ်စိုးကာ ရှိသမျှအားလုံးကို ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ဂုဏ်ဒြပ်ဖြစ်၍ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာအားလုံးအတွက် ဘုရားသခင်၏ပင်ကိုယ်လက္ခဏာမှာ ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်ချုပ်သူ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်ပိုင်ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်၍ သူသည် အရာခပ်သိမ်းတို့အကြားတွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်အကြားဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံသတ္တဝါမျှ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် ဂုဏ်ဒြပ်ကို အတုအယောင်ပြုလုပ်ရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အကြားတွင် ဤပင်ကိုယ်လက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် အရာခပ်သိမ်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ တစ်ဦးတည်းဖြစ်သော ငါတို့၏ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်သာ ရှိ၍ဖြစ်သည်။ သူသည်အရာခပ်သိမ်းအကြားတွင် နေထိုင်ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားတစ်ဦးဖြစ်လာခြင်း၊ အသွေးအသား ခန္ဓာဖြစ်သောသူတို့အကြား တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာ၍ ၎င်းတို့နှင့်အတူ ကောင်းခြင်းဆိုးခြင်းများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏။ တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်၍ ရှိသမျှအရာခပ်သိမ်း၏ ကံကြမ္မာနှင့် ရွေ့လျားရာကို ဆုံးဖြတ်၏။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် လူသားမျိုးနွယ်၏ ဦးတည်ချက်ကို လမ်းပြ၏။ ဤကဲ့သို့သောဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံး၏ ဝတ်ပြုကိုးကွယ်ခြင်း၊ နာခံခြင်းနှင့် သိခြင်းတို့ ခံရသင့်သည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်၏ မည်သည့်အုပ်စု၊ မည်သည့်အမျိုးအစားတို့နှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် ဘုရားသခင်၏ အစီအမံများကို လက်ခံခြင်းသည်သာ မည်သူမဆို၊ မည်သည့်သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ကာ လိုအပ်သော ရွေးချယ်စရာဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင် သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအတွက် သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံးသည် အတုမရှိကြောင်းကို လူတို့တွေ့ကြ၏။ သူ၏အတုမရှိမှုသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စစ်မှန်သောပင်ကိုယ်လက္ခဏာကို ဆုံးဖြတ်၍ သူ၏ဂုဏ်ဒြပ်ကို ဆုံးဖြတ်၏။ ထို့ကြောင့် သတ္တဝါတို့အားလုံးအကြားတွင် ဝိညာဉ်လောက သို့မဟုတ် လူသားမျိုးနွယ်အကြား ရှိသော မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်နေရာတွင် အစားဝင်ရောက်လိုပါက ဘုရားသခင်ကို တုပ ရန် ကြိုးစားသကဲ့သို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်၏။ ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာ၊ တန်ခိုးနှင့် ဂုဏ်ဒြပ်ကိုပိုင်ဆိုင်သည့် ဤကဲ့သို့သော ဖန်ဆင်းရှင်နှင့် အုပ်စိုးသူတစ်ဦးအပေါ် လူသား၏သတ်မှတ်ချက်များကား အဘယ်နည်း။ ဤသည်မှာ လူတိုင်းအတွက် ရှင်းလင်းသင့်ပြီး ၎င်းတို့ မှတ်မိသင့်ကြပြီး၊ ၎င်းသည် ဘုရားသခင်ရော လူသားအတွက်ပါ လွန်စွာ အရေးကြီး၏။

၂။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားအမျိုးမျိုး

ဘုရားသခင်အပေါ် လူတို့ပြုမူပုံသည် ၎င်းတို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးကာ ၎င်းတို့အပေါ် ဘုရားသခင်၏ အပြုအမူနှင့် ၎င်းတို့ကို ကိုင်တွယ်ပုံကို ဆုံးဖြတ်၏။ ဤအချိန်တွင် ဘုရားသခင်အပေါ် လူတို့ပြုမူပုံ ဥပမာအချို့ ငါပေးမည်။ ဘုရားသခင်အပေါ် ၎င်းတို့ပြုမူသည့် အပြုအမူများနှင့် သဘောထားများသည် မှန်ကန်ခြင်း ရှိမရှိ တစ်စုံတစ်ရာ နားစွင့်ကြစို့။ အောက်ပါ လူခုနစ်မျိုးတို့၏ အပြုအမူကို စဉ်းစားကြစို့-

၁) ဘုရားသခင်အပေါ် ၎င်း၏သဘောထားက အထူးရယ်ဖွယ်ကောင်းသော လူတစ်မျိုးရှိ၏။ ဘုရားသခင်သည် ဘုရားလောင်းဖြစ်သည်၊ သို့မဟုတ် လူ့အစဉ်အလာစကား၏ သန့်ရှင်းသူတစ်ဦးဖြစ်၍ လူတို့နှင့် ဆုံသည့်အခါ လူတို့မှ သုံးကြိမ်ဦးညွှတ်ကာ၊ ၎င်းတို့စားသောက်ပြီးနောက် အမွှေးတိုင်ထွန်းရန် လိုသည်ဟု ၎င်းတို့ထင်ကြ၏။ ထို့ကြောင့် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အတွက် ကျေးဇူးတင်ကာ၊ ဘုရားသခင်အား ကျေးဇူးတင်သဖြင့် ၎င်းတို့သည် ဤကဲ့သို့သော စိတ်ဆန္ဒပေါ်ပေါက်လေ့ရှိသည်။ ယနေ့ ၎င်းတို့ယုံကြည်သော ဘုရားသခင်အနေဖြင့် ၎င်းတို့၏ နှလုံးသားများတွင်တောင့်တသော သန့်ရှင်းသူကဲ့သို့ ၎င်းတို့တွေ့ဆုံသည့်အခါ သုံးကြိမ်ဦးညွှတ်၍၊ စားသောက်ပြီးသည့်အခါ သူ့ထံသို့ အမွှေးတိုင်ထွန်းသော အပြုအမူကို လက်ခံနိုင်ရန် ၎င်းတို့ အလွန်မျှော်လင့်ကြ၏။

၂) အချို့သူများသည် ဘုရားသခင်အား သက်ရှိအားလုံးကို ဒုက္ခဝေဒနာမှ ဖယ်ရှားနိုင်ကာ ၎င်းတို့ကို ကယ်တင်သည့် သက်ရှိဗုဒ္ဓကဲ့သို့ မြင်ကြ၏။ ၎င်းတို့သည် ဘုရားသခင်အား ဒုက္ခပင်လယ်မှ ဝေးရာသို့ ခေါ်ဆောင်သွားနိုင်သော သက်ရှိဗုဒ္ဓကဲ့သို့ မြင်ကြ၏။ ဤလူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဘုရားသခင်အား ဗုဒ္ဓကဲ့သို့ ကိုးကွယ်ဝတ်ပြုခြင်းဖြစ်၏။ ၎င်းတို့သည် အမွှေးတိုင် မထွန်း၊ မကန်တော့၊ မပူဇော်သော်လည်း ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်သည် ထိုကဲ့သို့သော ဗုဒ္ဓသာဖြစ်၍ ၎င်းတို့အား ကြင်နာကာ ညှာတာရန်၊ သက်ရှိသတ္တဝါကို လုံးဝမသတ်ရန်၊ သူတပါးအား ဆဲရေးတိုင်းထွာခြင်း မပြုရန်၊ ရိုးသားဖြောင့်မတ်ပုံရသည့် ဘဝတွင် နေထိုင်၍ မကောင်းမှုမပြုရန်၊ ဤအရာများသာ တောင်းဆို၏။ ဤသည်မှာ ၎င်းတို့၏နှလုံးသားများရှိ ဘုရားသခင်ဖြစ်၏။

၃) အချို့သူများသည် ဘုရားသခင်အား ကြီးမြတ်သောသူ သို့မဟုတ် ကျော်ကြားသူတစ်ဦးအဖြစ် ဝတ်ပြုကိုးကွယ်ကြ၏။ ဥပမာ ဤကြီးမြတ်သောသူသည် မည်သည့်နည်းဖြင့် ပြောဆိုသည်ကို နှစ်သက်သည်၊ မည်သည့်အသံအတက်အကျဖြင့် ပြောသည်၊ မည်သည့်စကားလုံးများနှင့် ဝေါဟာရကို အသုံးပြုသည်၊ ၎င်း၏ အသံနေအသံထား၊ လက်ဟန်များ၊ အယူအဆများနှင့် အပြုအမူများ၊ ဟန်အမူအရာ၊ ၎င်းတို့အားလုံးကို ထိုသူတို့ အတုခိုးကာ၊ ဤအရာများသည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခြင်းလမ်းကြောင်းတွင် အပြည့်အဝ ပေါက်ဖွားလာစေရမည့်အရာများဖြစ်သည်။

၄) အချို့သူများသည် ဘုရားသခင်အား ဧကရာဇ်တစ်ပါးဟုမြင်ကာ၊ သူသည် အရာခပ်သိမ်း၏ အထက်တွင် ရှိသည်ဟု ခံစားရလျက် မည်သူမျှသူ့အား ပုန်ကန်ပြစ်မှားဝံ့ခြင်းမရှိ၊ ပြစ်မှားပါက အပြစ်ပေးခံရမည်ဟု ခံစားရ၏။ ၎င်းတို့သည် ဤကဲ့သို့သော ဧကရာဇ်ကို ဝတ်ပြုကိုးကွယ်ခြင်းမှာ ဧကရာဇ်များသည် ၎င်းတို့၏နှလုံးသားများတွင် သေချာနေရာတစ်ခုယူထား၍ဖြစ်သည်။ ဧကရာဇ်တို့၏ အတွေးများ၊ အပြုအမူ၊ သြဇာအာဏာနှင့် သဘောသဘာဝများ၊ ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ကိုယ်ရေးကိုယ်တာဘဝသည်ပင် လူတို့နားလည်ရမည့်အရာများအားလုံး ဖြစ်သွားကာ၊ ၎င်းတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့် ကိစ္စများဖြစ်သွားသဖြင့် ၎င်းတို့သည် ဘုရားသခင်အား ဧကရာဇ် တစ်ပါးကဲ့သို့ ဝတ်ပြုကိုးကွယ်ကြ၏။ ဤကဲ့သို့သော ယုံကြည်ခြင်းပုံစံသည် ရယ်ဖွယ်ရာဖြစ်၏။

၅) အချို့သောသူများသည် ဘုရားသခင်တည်ရှိခြင်းအပေါ် လေးနက်၍မဆုတ်မနစ်သော အထူးယုံကြည်ခြင်းတစ်ရပ် ရှိ၏။ ၎င်းတို့ဘုရားသခင်ကိုသိခြင်းသည် အပေါ်ယံဆန်လွန်း၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အတွေ့အကြုံ များစွာမရှိသဖြင့် ၎င်းတို့သည် ဘုရားသခင်အား ရုပ်ထုတစ်ခုကဲ့သို့ ဝတ်ပြုကိုးကွယ်ကြ၏။ ဤရုပ်တုသည် ၎င်းတို့၏နှလုံးသားများတွင်ရှိသော ဘုရားသခင်ဖြစ်၏။ ၎င်းသည် ထိုသူတို့ ကြောက်ရွံ့၍ ဦးညွှတ်ရမည့် အရာတစ်ခုဖြစ်ကာ၊ ၎င်းတို့လိုက်နာ၍ အတုခိုးရမည့် အရာတစ်ခုဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ ဘဝတစ်လျှောက်လုံး လိုက်နာရမည့် ရုပ်တုတစ်ခုကဲ့သို့မြင်၏။ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသော အသံနေအသံထားကို အတုခိုးကာ၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်နှစ်သက်သောသူများကို အတုခိုးကြ၏။ ၎င်းတို့သည် ရိုးစင်းပြီး၊ ဖြူစင် ဖြောင့်မတ်ပုံရသည့် အရာများကို လုပ်ကိုင်လေ့ရှိကာ ဤရုပ်တုနောက်ကို ၎င်းတို့မည်သည့်အခါမျှ မခွဲခွာနိုင်သည့် ကြင်ဖော်ကြင်ဖက် သို့မဟုတ် လက်တွဲဖော်ကဲ့သို့ပင် လိုက်ကြ၏။ ၎င်းတို့၏ယုံကြည်ခြင်းပုံစံမှာ ယင်းကဲ့သို့ဖြစ်၏။

၆) ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ပြီး၍ တရားဟောချက် များစွာကြားပြီးသော်လည်း ၎င်းတို့၏နှလုံးသားများတွင် ဘုရားသခင်အပေါ်၎င်းတို့၏အပြုအမူအတွက် တစ်ခုတည်းသော အခြေခံသဘောတရားမှာ ၎င်းတို့သည် အစဉ်ပင် မျက်နှာလိုမျက်နှာရ လုပ်နေရမည်၊ သို့မဟုတ် ဖော်လံဖားရမည်၊ သို့မဟုတ်ပါက ဘုရားသခင်အား ချီးမွမ်း၍ လက်တွေ့မကျသော နည်းလမ်းတစ်ရပ်ဖြင့် သူ့အားချီးကျူးရမည်ဟု ခံစားရသောသူ အချို့ရှိ၏။ ဘုရားသခင်သည် ၎င်းတို့အား ဤကဲ့သို့ပြုမူရမည်ဟု တောင်းဆိုသော ဘုရားသခင်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြကာ ထိုကဲ့သို့မပြုပါက ၎င်းတို့သည် သူ၏ဒေါသကို အချိန်မရွေး နှိုးဆွနိုင်သည်၊ သို့မဟုတ် သူ့အား ပြစ်မှားနိုင်ကာ၊ အပြစ်ပြုလုပ်ခြင်း၏ ရလဒ်အနေဖြင့် ဘုရားသခင်သည် ၎င်းတို့အား အပြစ်ပေးမည်ဟု ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏နှလုံးသားများတွင် ရှိသည့် ဘုရားသခင်ဖြစ်၏။

၇) ထို့နောက် ဘုရားသခင်၌ ဝိညာဉ်ရေးအာဟာရ ရှာဖွေတွေ့ရှိသော လူအများစုရှိ၏။ ထိုသူတို့သည် ဤလောကတွင်နေသဖြင့် ငြိမ်သက်ခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း မရှိဘဲ မည်သည့်နေရာတွင်မျှ သက်သာမှု ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေတွေ့ရှိပြီးနောက်၊ သူ၏နှုတ်ကပတ်တော်များကို မြင်ကာကြားပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် တိတ်တဆိတ် ဝမ်းမြောက်ကြလျက် ဘဝင်ခိုက်နေကြသည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုသူတို့သည် အဆုံး၌ ၎င်းတို့အား ပျော်ရွှင်မှုပေးမည့် တစ်နေရာတွေ့ခဲ့ပြီ၊ အဆုံး၌ ၎င်းတို့အား ဝိညာဉ်ရေး အာဟာရ ထောက်ပံ့ပေးမည့် ဘုရားသခင်ကို တွေ့ခဲ့ပြီဟု ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်အား လက်ခံကာ သူ့နောက် စတင်လိုက်ပြီးနောက်တွင် ၎င်းတို့သည် ပျော်ရွှင်လာကာ ၎င်းတို့၏ဘဝများကို ကျေနပ်ကြလျက်၊ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ ဘဝကို အိပ်ပျော်နေစဉ် ယောင်ယမ်းလမ်းလျှောက်ကာ ဖြတ်သန်းကြသော မယုံကြည်သူများကဲ့သို့ မဖြစ်တော့ဘဲ ဘဝတွင် မျှော်လင့်စရာ တစ်စုံတစ်ရာရှိသည်ဟု ၎င်းတို့ခံစားကြရ၏။ ထို့ကြောင့် ဤဘုရားသခင်က ၎င်းတို့၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကာ စိတ်ရောဝိညာဉ်ပါ ကြီးမားသည့် ပျော်ရွှင်မှုပေးနိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ မသိဘဲနှင့် ၎င်းတို့သည် ၎င်းတို့ကို ဝိညာဉ်ရေးအာဟာရပေးသည့်၊ ၎င်းတို့၏ဝိညာဉ်နှင့် မိသားတစ်စုလုံးကို ပျော်ရွှင်မှုပေးသည့် ဤဘုရားသခင်ကို မထားရစ်နိုင်ဖြစ်သွားကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အား ဝိညာဉ်ရေး အာဟာရယူလာပေးရုံမှလွဲ၍ မည်သည့်အရာမျှ သာ၍လုပ်ရန်မလိုဟု ၎င်းတို့ယုံကြည်သည်။

အထက်ဖော်ပြပါ လူအမျိုးအစားအမျိုးမျိုးတို့၏ ဘုရားသခင်အပေါ်ထားရှိသော သဘောထားများသည် သင်တို့အကြားတွင် တည်ရှိသလော။ (ရှိပါ၏။) ဘုရားသခင်ကို ယုံကြည်ခြင်း၌ တစ်စုံတစ်ဦး၏နှလုံးသားတွင် ဤသဘောထားတစ်ခုခုပါရှိပါက ထိုသူသည် ဘုရားသခင်ရှေ့မှောက် စစ်မှန်စွာ လာရောက်နိုင်မည်လော။ တစ်စုံတစ်ဦး၏နှလုံးသား၌ ဤသဘောထားတစ်ခုခုပါရှိပါက ထိုသူသည် ဘုရားသခင်ကို ယုံကြည်သလော။ ထိုသူသည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ကို ယုံကြည်သလော။ (မယုံကြည်ပါ။) သင်သည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ကို မယုံကြည်သည့်အတွက် မည်သူ့ကို ယုံကြည်သနည်း။ သင်ယုံကြည်သည်မှာ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်မဟုတ်လျှင် သင်သည် ရုပ်တုတစ်ခု သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး သို့မဟုတ် ဘုရားလောင်းကို ယုံကြည်သည်၊ သင်၏နှလုံးသားတွင် သင်သည် ဗုဒ္ဓကိုယုံကြည်သည်မှာ ဖြစ်နိုင်၏။ ထို့အပြင် သင်သည် သာမန်လူတစ်ဦးကို ယုံကြည်သည်မှာ ဖြစ်နိုင်၏။ အချုပ်အားဖြင့် ဘုရားသခင်အပေါ် လူတို့၏ယုံကြည်ခြင်းပုံစံအမျိုးမျိုးနှင့် သဘောထားများကြောင့် လူတို့သည် ၎င်းတို့ကိုယ်တိုင်ထင်ရှားစွာသိမြင်သည့် ဘုရားသခင်ကို ၎င်းတို့၏နှလုံးသားများတွင် ထားကြ၏။ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ဘုရားသခင်အပေါ်သတ်မှတ်ကြ၏။ ၎င်းတို့၏သဘောထားများနှင့် စိတ်ကူးစိတ်သန်းများကို အတုမရှိသောဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘေးချင်းယှဉ်လျက် ထားကြကာ ၎င်းတို့ကို ဂုဏ်ပြုဧည့်ခံခြင်းခံရရန် ဆွဲကိုင်ထားကြ၏။ လူတို့သည် ဘုရားသခင်အပေါ် ဤကဲ့သို့သော မသင့်တော်သည့် သဘောထားများရှိသောအခါ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ကို ငြင်းပယ်၍ ဘုရားသခင်အတုကို ဝတ်ပြုကိုးကွယ်ကြသည်ဟု အဓိပ္ပာယ် ရပြီး၊ ဘုရားသခင်ကို ယုံကြည်နေသည့်တစ်ချိန်တည်းမှာပင် ထိုသူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကာ သူ့ကိုဆန့်ကျင်၍ စစ်မှန်သောဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်သည်ဟု အဓိပ္ပာယ်ရ၏။ လူတို့သည် ဤကဲ့သို့သောယုံကြည်ခြင်းပုံစံများကို ဆက်၍စွဲကိုင်နေကြပါက ၎င်းတို့အတွက် မည်သည့်အကျိုးဆက် ရှိမည်နည်း။ ဤကဲ့သို့သော ယုံကြည်မှုပုံစံများဖြင့် ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် တစ်ကြိမ်တစ်ခါမျှ ပိုမို နီးစပ်ခြင်း ရှိနိုင်မည်လော။ (၎င်းတို့နီးစပ်ခြင်း မရှိနိုင်ပါ။) ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကြောင့် ဘုရားသခင်၏လမ်းမှ သာ၍ဝေးသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရှာဖွေသည့်ဦးတည်ချက်သည် ဘုရားသခင်မှ ၎င်းတို့အပေါ် သတ်မှတ်ထားသည့် ဦးတည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သည်။ “နှစ်ဘီးတပ် စစ်ရထားကို မြောက်ဘက်သို့မောင်းခြင်းအားဖြင့် တောင်ဘက်သို့သွားခြင်း” ဟူသည့်ဇာတ်လမ်းကို သင်တို့ ကြားဖူးသလော။ ဤအရာသည် နှစ်ဘီးတပ် စစ်ရထားကို မြောက်ဘက်သို့မောင်းခြင်းအားဖြင့် တောင်ဘက်သို့သွားခြင်းကိစ္စတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတို့သည် ဘုရားသခင်ကို ဤကဲ့သို့ အဓိပ္ပါယ်မရှိသော နည်းလမ်းဖြင့် ယုံကြည်ပါက သင်သည် ပို၍ ကြိုးစားလေလေ၊ ဘုရားသခင်ထံမှ သာ၍ဝေးကွာလေလေဖြစ်၏။ ထို့ကြောင့် ငါသည် သင်တို့အား ဤသို့ဆုံးမ၏- သင်တို့စတင်ဆောင်ရွက်ခြင်း မပြုမီ သင်သည် မှန်ကန်သည့်လားရာဘက်သို့ သွား မသွားဆိုသည်ကို ဦးစွာသိမြင်ရမည်။ သင်၏အားထုတ်မှုများတွင် ပစ်မှတ်ထားဆောင်ရွက်ကာ သင်တို့ကိုယ်သင်တို့ “ငါယုံကြည်သည့်ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်ချုပ်သူလော။ ငါယုံကြည်သည့်ဤဘုရားသခင်သည် ငါ့အား ဝိညာဉ်ရေးအာဟာရပေးသည့် တစ်စုံတစ်ဦးသာလော။ သူသည် ငါ၏ ရုပ်တုလော။ ငါယုံကြည်သည့် ဤဘုရားသခင်သည် ငါ့အား အဘယ်အရာတောင်းဆိုသနည်း။ ဘုရားသခင်သည် ငါပြုသမျှအမှုကို ထောက်ခံသလော။ ငါပြုသမျှနှင့် ငါလိုက်စားသမျှသည် ဘုရားသခင်ကိုသိခြင်းအတွက် လိုက်စားခြင်းလော။ ၎င်းသည် ငါ့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ ငါလိုက်လျှောက်သည့်လမ်းကြောင်းသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ထောက်ခံခြင်းကို ခံရသလော။ ဘုရားသခင်သည် ငါ၏ယုံကြည်ခြင်းအပေါ် ကျေနပ်သလော။” ဟု မေးဖြစ်အောင်မေးလော့။ သင်သည် သင့်ကိုယ်သင် ဤမေးခွန်းများကို မကြာခဏနှင့် ထပ်သလဲလဲ မေးသင့်သည်။ သင်သည် ဘုရားသခင်ကို သိခြင်းနောက် လိုက်လိုသည့်ဆန္ဒရှိပါက သင်သည် ဘုရားသခင်ကို ကျေနပ်စေခြင်းမပြုနိုင်မီ ရှင်းလင်းသည့် အသိနှင့် ရှင်းလင်းသည့် ရည်ရွယ်ချက်များ ရှိရမည်။

သူ၏သည်းခံနိုင်ခြင်းအကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ငါခုတင်ပြောခဲ့သည့် မသင့်တော်သော သဘောထားများကို မကျေမနပ်နှင့် လက်ခံမည်မှာ ဖြစ်နိုင်သလော။ ဤလူတို့၏သဘောထားများကို ဘုရားသခင်သည် ချီးကျူးနိုင်မည်လော။ (မချီးကျူးနိုင်ပါ။) လူသားမျိုးနွယ်နှင့် သူ၏နောက်သို့ လိုက်သောသူတို့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များမှာ အဘယ်နည်း။ သူသည် လူတို့အပေါ် မည်သည့်သဘောထား တောင်းဆိုထားသည်ကို သင်ရှင်းသလော။ ယနေ့ငါသည် များစွာပြောခဲ့၏။ ဘုရားသခင်ကိုယ်တော်တိုင် အပြင် ဘုရားသခင်၏လုပ်ဆောင်ချက်များနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့အကြောင်း များစွာ ပြောခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံမှ မည်သည့်အရာကို ရယူလိုသည်ကို ယခုသင်တို့သိသလော။ ဘုရားသခင်သည် သင့်ထံမှ မည်သည့်အရာ လိုချင်ကြောင်းကို သင်သိသလော။ ကျယ်လောင်စွာ ပြောလော့။ အတွေ့အကြုံများနှင့် လက်တွေ့လုပ်ဆောင်မှုမှ သင်တို့၏အသိဉာဏ်သည် ချို့တဲ့ဆဲရှိသည်၊ သို့မဟုတ် လွန်စွာ အပေါ်ယံဆန်သည်ဆိုပါက ဤနှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် သင်တို့၏ အသိပညာအကြောင်း သင်တို့ တစ်စုံတစ်ရာပြောနိုင်၏။ သင်တို့သည် အကျဉ်း ချုပ်သိကြသလော။ ဘုရားသခင်သည် လူသားအပေါ် မည်သည့်အရာ တောင်းဆိုသနည်း။ (ဤဆွေးနွေးမှုများ အချို့အတွင်း ကျွန်ုပ်တို့သည် ဘုရားသခင်အား သိရန်၊ သူ၏လုပ်ဆောင်ချက်များ သိရန်၊ သူသည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ်ဖြစ်ကြောင်း သိရန်နှင့် သူ၏ဂုဏ်ဒြပ်နှင့် သူ၏ကိုယ်ပိုင်လက္ခဏာကိုသိရန် သတ်မှတ်ချက်ကို ဘုရားသခင်မှ မပျက်မကွက် ပြုလုပ်ခဲ့၏။) ထို့အပြင် ဘုရားသခင်သည် လူတို့ သူ့အားသိရန် တောင်းဆိုသည့်အခါ နောက်ဆုံးရလဒ်မှာ အဘယ်အရာနည်း။ (ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် လူတို့သည် ဖန်ဆင်းခံသတ္တဝါများဖြစ်ကြောင်း ၎င်းတို့သိကြ၏။) ၎င်းတို့ ဤကဲ့သို့သော အသိဉာဏ်ကိုရရှိသည့်အခါ၊ ဘုရားသခင်အပေါ် လူတို့၏သဘောထား၊ ၎င်းတို့၏ အပြုအမူနှင့် အကောင်အထည်ဖော်နည်း သို့မဟုတ် ၎င်းတို့ဘဝ၏ အနေအထားတို့တွင် မည်သည့်အပြောင်းအလဲများ ရှိသနည်း၊ သင်တို့သည် ဤအကြောင်းကို စဉ်းစားဖူးကြသလော။ ဘုရားသခင်ကို သိပြီးနောက်နှင့် သူ့အား နားလည်ပြီးနောက် ၎င်းတို့သည် လူကောင်းဖြစ်သွားသည်ဟု ဆိုနိုင်မည်လော။ (ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူကောင်းတစ်ဦးဖြစ်ရန် လိုက်ခြင်းမဟုတ်ပါ။ ထိုအစား ယင်းမှာ ဘုရားသခင်၏ အရည်အချင်းပြည့်မီပြီး ရိုးသားဖြောင့်မတ်သည့်သူဖြစ်သော အဖန်ဆင်းခံသတ္တဝါဖြစ်လာရန် လိုက်စားခြင်းဖြစ်သည်။) အခြားအရာရှိသေးသလော။ (ဘုရားသခင်အား စစ်မှန်စွာနှင့် မှန်ကန်စွာ သိပြီးနောက် ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် ဘုရားသခင်အဖြစ် ပြုမူနိုင်သည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ဖန်ဆင်းခံသတ္တဝါများ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်ကြောင်းနှင့် မှန်ကန်သည့် အနေအထား၌ ရပ်တည်သင့်ကြောင်း ကျွန်ုပ်တို့သိသည်။) အလွန်ကောင်း၏။ အခြားသူအချို့ထံမှ နားထောင်ကြစို့။ (ကျွန်ုပ်တို့သည် ဘုရားသခင်ကို သိ၍၊ အဆုံး၌ ဘုရားသခင်ကို စစ်မှန်စွာ နာခံကာ၊ ဘုရားသခင်ကို ရိုသေလေးမြတ်၍ မကောင်းမှုကို ရှောင်ရှားသောသူများ ဖြစ်နိုင်ကြ၏။) ၎င်းမှာ မှန်ပေ၏။

၃။ သူ့အပေါ် လူသားမျိုးနွယ်ထားရှိသင့်သည်ဟု ဘုရားသခင် သတ်မှတ်ထားသောသဘောထား

အကယ်စင်စစ် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် လွန်စွာတောင်းဆိုမှု မပြုပေ။ သို့မဟုတ် အနည်းဆုံးအနေဖြင့် သူသည် လူတို့စိတ်ကူးသလောက် မညှာမတာခိုင်းခြင်းမပြုပေ။ အကယ်၍ ဘုရားသခင်သည် မည်သည့်နှုတ်ကပတ်တော်ကိုမျှ မမိန့်မြွက်ခဲ့ပါက၊ သူ၏စိတ်နေသဘောထား၊ သို့မဟုတ် မည်သည့်လုပ်ဆောင်ချက်ကိုမျှ မဖော်ပြခဲ့ပါက၊ ဘုရားသခင်ကိုသိခြင်းသည် သင်တို့အတွက် လွန်စွာ ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် သူ၏အလိုတော်ကို လူတို့သည် ကောက်ချက်ချရမည်ဖြစ်၍၊ ဤသည်မှာ ၎င်းတို့အတွက် လွန်စွာခက်ခဲ၏။ သို့သော် သူ၏အမှု နောက်ဆုံးအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့၊ များစွာသောပမာဏရှိသည့် အလုပ်ကို လုပ်ဆောင်ခဲ့ကာ လူတို့အပေါ် သတ်မှတ်ချက်များစွာ ပြုလုပ်ခဲ့၏။ သူ၏နှုတ်ကပတ်တော်များနှင့် များစွာသောပမာဏရှိသည့် သူ၏အမှုတို့တွင် သူသည် လူတို့အား သူကြိုက်နှစ်သက်သည့်အရာ၊ သူစက်ဆုပ်သည့်အရာနှင့် မည်သို့သော လူများ ၎င်းတို့ဖြစ်သင့်သည်ကို သူအသိပေးခဲ့သည်။ ဤအရာများကို နားလည်ပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် လူတို့သည် ဘုရားသခင်၏သတ်မှတ်ချက်များနှင့်ဆိုင်သော တိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ် ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် မရေရာသောဘုရားသခင်တွင် မယုံကြည်တော့ပေ။ သို့မဟုတ် မရေရာခြင်းနှင့် စိတ်ကူးသက်သက်သာဖြစ်ခြင်းနှင့် ဘာမျှမရှိခြင်းအကြားတွင် ဘုရားသခင်နောက် မလိုက်တော့ပေ။ ယင်းအစား လူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များကို ကြားနိုင်၍ ၎င်းတို့သည် သူ၏သတ်မှတ်ချက်များ၏စံနှုန်းများကို နားလည်နိုင်ကာ ၎င်းတို့ကို ရရှိနိုင်ကြ၏။ ထို့အပြင် ဘုရားသခင်သည် လူသားတို့အား ၎င်းတို့သိသင့်၍ နားလည်သင့်သည့်အရာအားလုံးကို ပြောပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြု၏။ ယနေ့ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များ၊ ဘုရားသခင်သည် မည်သည်ဖြစ်ကြောင်း၊ ဘုရားသခင်ကို ၎င်းတို့အဘယ်ကြောင့်ယုံကြည်ရခြင်းနှင့် ဘုရားသခင်ကို ၎င်းတို့မည်သို့ယုံကြည်သင့်သည်၊ သူ့အပေါ် မည်သို့ပြုမူသင့်သည်ကို မသိဆဲရှိနေပါက ဤအရာ၌ ပြဿနာတစ်ရပ်ရှိနေ၏။ ခုတင် သင်တို့တစ်ဦးစီသည် အကြောင်းအရာတစ်ရပ်ကို ပြောခဲ့၏၊ သင်သည် အရာအချို့ကို တိကျစွာဖြစ်စေ၊ ယေဘုယျသဘောအားဖြင့်ဖြစ်စေ သိ၏။ သို့သော် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ မှန်ကန်၊ ပြည့်စုံကာ တိကျသည့် သတ်မှတ်ချက်များကို ငါသည် သင်တို့အား ပြောလို၏။ ၎င်းတို့သည် နှုတ်ကပတ်တော် အနည်းငယ်မျှသာဖြစ်၍ လွန်စွာရိုးရှင်း၏။ ဤနှုတ်ကပတ်တော်များကို သင်တို့သိပြီးဖြစ်နိုင်သည်။ လူသားမျိုးနွယ်နှင့် သူ့နောက်လိုက်သော သူများအပေါ် ဘုရား၏ မှန်ကန်သော သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်၏- ဘုရားသခင်သည် သူ့နောက်သို့လိုက်သောသူများထံမှ စစ်မှန်သောယုံကြည်ခြင်း၊ သစ္စာရှိသောနောက်လိုက်ခြင်း၊ အကြွင်းမဲ့နာခံခြင်း၊ စစ်မှန်စွာသိခြင်းနှင့် အူလှိုက်သည်းလှိုက်ရိုသေလေးမြတ်ခြင်းစသည့် အရာငါးခုကို တောင်းဆိုထား၏။

ဤအရာငါးခုတွင် လူတို့သည် ဘုရားသခင်အား မေးခွန်းမထုတ်တော့ရန်နှင့် ၎င်းတို့၏စိတ်ကူးစိတ်သန်းများ သို့မဟုတ် မရေရာဘဲ စိတ်ကူးသက်သက် သဘောထားများကို အသုံးပြု၍ သူ့နောက်မလိုက်ရန် တောင်းဆိုထား၏၊ ၎င်းတို့သည် ဘုရားသခင်နောက်သို့ စိတ်ကူးစိတ်သန်းများ သို့မဟုတ် အယူအဆများဖြင့် မလိုက်ရ။ သူ၏နောက်သို့လိုက်သောသူတိုင်းသည် သစ္စာရှိစွာလိုက်၍၊ စိတ်မပါ့တပါ သို့မဟုတ် သံန္နိဋ္ဌာန်မရှိဘဲ မလိုက်ရန် သတ်မှတ်ထား၏။ ဘုရားသခင်သည် သင့်အပေါ် သတ်မှတ်ချက်များ ပြုလုပ်သည့်အခါ၊ သို့မဟုတ် သင့်ကိုစမ်းသပ်သည့်အခါ၊ တရားစီရင်သည့်အခါ၊ သင့်ကို ရိုက်နှက်ဆုံးမပြီး ပြုပြင်သည့်အခါ၊ သို့မဟုတ် ဆုံးမပဲ့ပြင်၍ ရိုက်နှက်သည့်အခါ သင်သည် သူ့ကို လုံးဝနာခံရမည်။ အကြောင်းတရားကို မမေးသင့်၊ သို့မဟုတ် သတ်မှတ်ချက်များ မပြုလုပ်ရဘဲ အကြောင်းပြချက်ကို သာ၍မပြောသင့်ပေ။ သင်၏နာခံမှုသည် လုံးဝဥဿုံနာခံမှုဖြစ်ရမည်။ ဘုရားသခင်ကိုသိခြင်းသည် လူတို့ အချို့တဲ့နေဆုံး နေရာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်ခြင်းမရှိသော ဆိုရိုးများ၊ မိန့်မြွက်ချက်များနှင့် စကားများကို ဘုရားသခင်အပေါ် သတ်မှတ်ကြသည်။ ဤစကားများသည် ဘုရားသခင်ကိုသိခြင်းအတွက် အတိကျဆုံးသော အဓိပ္ပာယ် သတ်မှတ်ချက်များဖြစ်သည်ဟု ယုံကြည်လျက် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်။ လူတို့၏စိတ်ကူးစိတ်သန်း၊ ၎င်းတို့ကိုယ်တိုင်၏ ဆင်ခြင်တုံတရားနှင့် ၎င်းတို့၏ကိုယ်ပိုင် အသိဉာဏ်တို့မှလာသော ဤဆိုရိုးများသည် ဘုရားသခင်၏အနှစ်သာရနှင့် စိုးစဉ်းမျှ ဆက်စပ်မှုမရှိသည်ကို ၎င်းတို့ သိပ်မသိပေ။ ထို့ကြောင့် ဘုရားသခင်မှ နှစ်သက်သည့်သူများရှိ အသိဉာဏ်တွင် ဘုရားသခင်သည် သင့်ကို ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်တို့ကို သိရုံသာ တောင်းဆိုသည်မဟုတ်ဘဲ ဘုရားသခင်ကို သင်၏သိခြင်းသည် မှန်ကန်ရန်လည်း တောင်းဆိုကြောင်းကို ငါသည် သင်တို့အား ပြောပြလို၏။ သင်သည် ဝါကျတစ်ကြောင်းသာ ပြောနိုင်သည်ဖြစ်သော်လည်း၊ သို့မဟုတ် အနည်းငယ်သာ သိသော်လည်း၊ ဤအနည်းငယ်သည် မှန်ကန်၍ စစ်မှန်ကာ ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် သဟဇာတဖြစ်၏။ ဘုရားသခင်သည် သူ့အပေါ် လူတို့၏ လက်တွေ့မကျဘဲ ပေါ့ပေါ့တန်တန် ချီးမွမ်းခြင်းနှင့် ချီးကျူးခြင်းတို့ကို စက်ဆုပ်ရွံရှာသောကြောင့်ဖြစ်သည်။ ထိုထက်ပို၍ လူတို့သူ့အား လေကဲ့သို့သဘောထားသောအခါ သူမုန်းတီး၏၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ဆွေးနွေးစဉ် လူတို့သည် ပေါ့တန်စွာပြောဆိုခြင်း၊ ဆန္ဒရှိသည်အတိုင်း တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုခြင်း၊ ၎င်းတို့၏စိတ်ထဲတွင် သင့်တော်သည်ဟုထင်တိုင်း ပြောဆိုခြင်းတို့ကို သူမုန်းတီး၏၊ ထို့အပြင် ဘုရားသခင်ကို သူတို့သိသည်ဟု ယုံကြည်သောသူများ၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ကန့်သတ်ချုပ်ချယ်မှု သို့မဟုတ် သံသယမရှိဘဲ ဆွေးနွေးကြသည့် ဘုရားသခင်ကို သိခြင်းအပေါ် ဝါကြွားသူများကို မုန်းတီး၏။ ၎င်းသတ်မှတ်ချက်ငါးခုအနက် နောက်ဆုံးမှာ အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နောက်လိုက်သူတို့အားလုံးအပေါ် သူ၏အဆုံးစွန်သော သတ်မှတ်ချက်ဖြစ်၏။ တစ်စုံတစ်ဦး၏ ဘုရားသခင်ကိုသိခြင်းသည် မှန်ကန်၍စစ်မှန်သည့်အခါ ထိုသူတို့သည် ဘုရားသခင်အား စစ်မှန်စွာ ရိုသေလေးမြတ်၍ မကောင်းမှုကို စစ်မှန်စွာရှောင်ရှားနိုင်၏။ ဤရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသား၏ နက်ရှိုင်းသောနေရာမှလာ၍ လိုလိုလားလားရှိပြီး ဤသည်မှာ ဘုရားသခင်မှ ၎င်းတို့အပေါ် ဖိအားပေး၍ မဟုတ်ပေ။ ဘုရားသခင်သည် သူ့အပေါ် ကောင်းမွန်သည့်သဘောထား သို့မဟုတ် အမူအကျင့် သို့မဟုတ် ပြင်ပအပြုအမူ လက်ဆောင်ပေးရန် သင့်အား မတောင်းဆိုပေ။ ယင်းအစား သင်သည် သူ့အားရိုသေလေးမြတ်ရန်နှင့် သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာမှ သူ့ကို ကြောက်ရွံ့ရန် သူတောင်းဆို၏။ ဤရိုသေလေးမြတ်မှုသည် သင့်ဘဝ အနေအထားပြောင်းလဲမှုများ၏ ရလဒ်အနေဖြင့် ရရှိခြင်းဖြစ်သည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကိုသိခြင်းကြောင့်၊ သင်သည် ဘုရားသခင်၏လုပ်ဆောင်ချက်များကို နားလည်ခြင်းကြောင့်၊ သင်သည် ဘုရားသခင်၏အနှစ်သာရကို နားလည်ခြင်းကြောင့်နှင့် သင်သည် ဘုရားသခင်ဖန်ဆင်းထားသော သတ္တဝါတစ်ခုဖြစ်ကြောင်း အမှန်တရားကို အသိအမှတ်ပြုခဲ့ခြင်းတို့ကြောင့် ဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် ရိုသေလေးမြတ်မှုကို အဓိပ္ပာယ်သတ်မှတ်ရန် “အူလှိုက်သည်းလှိုက်” ဟူသောစကားလုံးကို အသုံးပြုရခြင်းအတွက် ငါ၏ရည်မှန်းချက်မှာ ဘုရားသခင်အတွက် လူတို့၏ရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသားများ၏ အရင်းခံနေရာမှ လာသင့်သည်ကို လူသားမျိုးနွယ်မှ နားလည်စေရန်ဖြစ်သည်။

ယခု ၎င်းသတ်မှတ်ချက်ငါးခုကို စဉ်းစားလော့။ သင်တို့အကြားတွင် ပထမသုံးခုကို ရယူနိုင်သူ တစ်စုံတစ်ဦး ရှိသလော။ စစ်မှန်သောယုံကြည်ခြင်း၊ သစ္စာရှိသော နောက်လိုက်ခြင်းနှင့် လုံးဝဥဿုံနာခံခြင်းတို့ကို ငါဆိုလိုခြင်းဖြစ်သည်။ သင်တို့အကြားတွင် ဤအရာများကို လုပ်နိုင်စွမ်းရှိသူ တစ်စုံတစ်ဦးရှိသလော။ ငါသည် ငါးခုစလုံးဟုပြောခဲ့ပါက သင်တို့အနက် တစ်စုံတစ်ဦးမျှ ပြုလုပ်နိုင်စွမ်းရှိမည်မဟုတ်သည်မှာ မလွဲမသွေဖြစ်မည်ကို ငါသိ၏။ သို့သော် ငါသည် သုံးခုသို့ လျှော့ချခဲ့သည်။ သင်တို့သည် ၎င်းအရာတို့ကို စွမ်းဆောင်ခဲ့ ခြင်း ရှိမရှိကို စဉ်းစားလော့။ “စစ်မှန်သောယုံကြည်ခြင်း” သည် ရယူရန်လွယ်ကူသလော။ (မလွယ်ကူပါ။) မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်အား မကြာခဏ မေးခွန်းထုတ်၍ ဖြစ်သည်။ “သစ္စာရှိသော နောက်လိုက်ခြင်း” ရော။ ဤ “သစ္စာရှိသော” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ (စိတ်မပါ့တပါ မဟုတ်ဘဲ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။) စိတ်မပါ့တပါ မဟုတ်ဘဲ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။ သင်ပြောလိုက်သည်မှာ ကွက်တိပင်ဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် ဤသတ်မှတ်ချက်ကို စွမ်းဆောင်နိုင်စွမ်း ရှိသလော။ သင်သည် သာ၍ကြိုးစားရမည် မဟုတ်လော။ လက်ရှိအချိန်တွင် ဤသတ်မှတ်ချက်ကို သင်မစွမ်းဆောင်သေးပေ။ “လုံးဝဥဿုံ နာခံခြင်း” ရော။ စွမ်းဆောင်ပြီးပြီလော။ (မစွမ်းဆောင်သေးပါ။) ၎င်းကိုလည်းသင်စွမ်းဆောင်ခြင်း မရှိသေးပေ။ သင်သည် မကြာခဏ နာခံမှုမရှိဘဲ ပုန်ကန်၏။ သင်သည် မကြာခဏ နားမထောင်၊ သို့မဟုတ် လိုက်နာလိုသည့်ဆန္ဒမရှိ၊ သို့မဟုတ် မကြားလိုပေ။ ဤသည်တို့သည် အသက်တာအတွင်း ဝင်ရောက်ခြင်း နောက်သို့လိုက်နေသောလူများ အထမြောက်ကြသည့် အခြေခံကျဆုံးသော သတ်မှတ်ချက် သုံးရပ်ဖြစ်ကာ၊ သင်တို့၌ ၎င်းတို့ကို စွမ်းဆောင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယခုအချိန်တွင် သင်တို့၌ ကြီးမားသော အလားအလာရှိသလော။ ယနေ့ ဤနှုတ်ကပတ်တော်တို့ကို ငါပြောကြားသည်ကို ကြားပြီးနောက် သင်တို့ လိုလားတောင့်တကြသလော။ (ဟုတ်ကဲ့။) သင်တို့လိုလားတောင့်တသင့်ပေသည်။ မလိုလားမတောင့်တဘဲ မရှိလေနှင့်။ သင်တို့ကိုယ်စား ငါလိုလားတောင့်တမိသည်။ အခြားသတ်မှတ်ချက်နှစ်ခုကို ငါဆွေးနွေးမည်မဟုတ်ပေ။ ၎င်းတို့ကို မည်သို့မျှ အထမြောက်နိုင်စွမ်း မရှိသည်မှာ သေချာ၏။ သင်တို့သည် လိုလားတောင့်တနေကြ၏။ ထို့ကြောင့် သင်တို့သည် သင်တို့၏ရည်မှန်းချက်များကို ဆုံးဖြတ်ပြီးပြီလော။ ၎င်းဦးတည်ချက်အတွက် မည်သည့်ရည်မှန်းချက်များနောက် သင်လိုက်၍ သင်၏အားထုတ်မှုများကို မြှုပ်နှံသင့်သနည်း။ သင့်တွင် ရည်မှန်းချက်တစ်ရပ် ရှိသလော။ ငါ ရှင်းရှင်းပြောမည်- သင်တို့ ဤသတ်မှတ်ချက်ငါးခုကို အထမြောက်သည့်အခါ သင်တို့သည် ဘုရားသခင်အား ကျေနပ်စေပြီးဖြစ်လိမ့်မည်။ ၎င်းတို့တစ်ခုစီသည် အညွှန်းတစ်ခုဖြစ်၏။ ၎င်းသည် လူတို့၏ အသက်တာအတွင်းဝင်ရောက်မှု ရင့်ကျက်ပြီဖြစ်ကြောင်းနှင့် ဤအရာ၏ နောက်ဆုံးရည်မှန်းချက်၏ အညွှန်းတစ်ခုဖြစ်သည်။ ငါသည် အသေးစိတ်ပြောကြားရန်နှင့် သင်တို့အပေါ်သတ်မှတ်ရန် ဤသတ်မှတ်ချက်များမှ တစ်ခုကိုသာရွေးချယ်လျှင်ပင် စွမ်းဆောင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သင်သည် အတိုင်းအတာတစ်ရပ်အထိ အခက်အခဲကို ခံစားကာ အားထုတ်မှုအတိုင်းအတာတစ်ရပ် ထည့်ဝင်ရမည်ဖြစ်သည်။ ထို့အပြင် မည်သို့သော စိတ်ဓာတ်မျိုး သင်တို့၌ ရှိသင့်သနည်း။ ခွဲစိတ်သည့်စားပွဲပေါ်သို့တက်ရန် စောင့်နေသည့် ကင်ဆာဝေဒနာရှင်တစ်ဦးနှင့် အလားတူပင် ဖြစ်သင့်သည်။ ငါ အဘယ်ကြောင့် ဤသို့ပြောသနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်လိုသောဆန္ဒ ရှိ၍ ဘုရားသခင်ကို ရရှိကာ သူ၏ကျေနပ်မှုကို ရရှိလိုသောဆန္ဒရှိပါက သင်သည် အတိုင်းအတာတစ်ရပ်အထိ အခက်အခဲကို မခံစား၊ သို့မဟုတ် အားထုတ်မှုအတိုင်းအတာတစ်ရပ်ကို ထည့်ဝင်ခြင်း မရှိလျှင် သင်သည် ဤအရာများကို စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် တရားဟောချက်များစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ကြားဖူးခဲ့ခြင်းကြောင့် ထိုတရားဟောချက်သည် သင်၏တရားဟောချက် ဖြစ်သွားသည်ဟု မဆိုလိုပေ၊ သင်သည် ၎င်းကို မှတ်သားကာ သင်နှင့်သက်ဆိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲရမည်၊ ဤနှုတ်ကပတ်တော်များနှင့် တရားဟောချက်တို့ကို သင့်နေထိုင်ပုံအတွက် လမ်းပြခွင့်ပြု၍ လူ့ဘဝနှင့်ဆိုင်သော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို သင်၏ဘဝအတွင်း ယူလာ၍ သင့်ဘဝအတွင်း တစ်သားတည်း ဖြစ်စေရမည်ဖြစ်ကာ၊ သင်၏တည်ရှိမှုအတွင်း ယူဆောင်လာရမည် ဖြစ်သည်။ ထို့နောက် ဤနှုတ်ကပတ်တော်များကို ကြားရသည်မှာ သင့်အဘို့ ထိုက်တန်လိမ့်မည်ဖြစ်သည်။ ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်၏ဘဝတွင် တိုးတက်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေပါက သို့မဟုတ် သင်၏ဖြစ်တည်မှုတွင် မည်သည့်တန်ဖိုးတစ်စုံတစ်ရာမျှ မရှိစေပါက ၎င်းတို့ကို သင်နားထောင်ရာ၌ အကျိုးမရှိပေ။ ဤသည်ကို သင်တို့နားလည်သည် မဟုတ်လော။ ၎င်းကိုနားလည်ပြီးနောက် ကျန်သည့်အရာမှာ သင်တို့အပေါ်တွင်သာ မူတည်သည်။ သင်တို့ စတင်လုပ်ဆောင် ကြရတော့မည်။ သင်တို့သည် အရာခပ်သိမ်း၌ လွန်စွာအလေးအနက်ထားရမည်။ မရေမရာ မဖြစ်လေနှင့်။ အချိန် ကုန်လွန်နေပြီဖြစ်သည်။ သင်တို့အကြား အများစုသည် ဘုရားသခင်ကို ဆယ်နှစ်ကျော် ယုံကြည်လာခဲ့ပြီးဖြစ်သည်။ ဤဆယ်နှစ်ကြာ ယုံကြည်ခြင်းကို ပြန်ပြောင်းကြည့်ရှုလော့။ သင်တို့ မည်မျှရရှိခဲ့ပြီနည်း။ ထို့အပြင် သင်တို့၌ ဤအသက်တာ၏ ဆယ်စုနှစ်ပေါင်း မည်မျှကျန်သေးသနည်း။ မရှည်ကြာ ပေ။ ဘုရားသခင်၏အမှု သင့်ကိုစောင့်နေခြင်း ရှိမရှိ၊ သူသည် သင့်အတွက် အခွင့်အရေးတစ်ရပ် ချန်ထားပေးခြင်း ရှိမရှိ၊ သူသည် ဤအလုပ်ကို တဖန်ပြန်လုပ်မည် မလုပ်မည်ကို အမှတ်မထားလေနှင့်။ ဤအကြောင်း မပြောလေနှင့်။ သင်သည် သင်၏လွန်ခဲ့သောဆယ်နှစ်ကို နောက်ပြန်လှည့်နိုင်သလော။ ကျော်ဖြတ်သွားသော နေ့ရက်တိုင်းနှင့် သင်လှမ်းသည့် ခြေလှမ်းတိုင်းဖြင့် သင့်တွင်ရှိသည့် နေ့ရက်များသည် တစ်ရက်လျော့နည်းသွားပေ၏။ အချိန်သည် မည်သည့်လူသားကိုမျှ မစောင့်ပေ။ သင်သည် ၎င်းကို သင့်ဘဝ၌ အကောင်းဆုံးသောအရာ၊ အစားအစာ၊ အဝတ်အစား သို့မဟုတ် မည်သည့်အရာမဆိုထက် သာ၍အရေးကြီးသောအရာအဖြစ် ချဉ်းကပ်လျှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ သင်သည် အကျိုးအမြတ် ရရှိခြင်းသာ ဖြစ်လိမ့်မည်။ သင်သည် အချိန်ရှိမှသာ ယုံကြည်၍ သင်၏ ယုံကြည်ခြင်းအပေါ် သင်၏အာရုံအားလုံးကို မြှုပ်နှံနိုင်စွမ်း မရှိပါက၊ သင်သည် အစဉ်ပင် မရေရာမှု၌ နစ်မြုပ်နေလျှင် သင်သည် မည်သည့်အရာ မျှ ရရှိလိမ့်မည် မဟုတ်ပေ။ သင်တို့ ဤသည်ကို နားလည်သည် မဟုတ်လော။ ယနေ့ ဤနေရာ၌ ကျွန်ုပ်တို့ အဆုံးသတ်မည်။ နောက်တစ်ကြိမ် တွေ့ကြမည်။ (ဘုရားသခင်ကျေးဇူးတော် ချီးမွမ်းပါသည်။)

၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။