ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည် (အပိုင်း နှစ်)
ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် လက်တွေ့လုပ်ဆောင်ဖို့ ဦးစွာ ဘုရားသခင်ထံ သင်၏စိတ်နှလုံးကို ဖွင့်ဟတတ်ရန်နှင့် နေ့စဉ် ဆုတောင်းခြင်းဖြင့် ရင်ထဲမှလာသော စကားလုံးများကို သူ့အားပြောဆိုတတ်ရန် လိုအပ်သည်။ ဥပမာ သင်သည် ယနေ့ အခြားလူတို့ သတိမထားမိသည့် မုသားတစ်ခုကို ဆိုသော်လည်း သင်၌ လူတိုင်းအား ဖွင့်ဟဖို့ သတ္တိကင်းမဲ့ပါက သင်သည် အနည်းဆုံးအနေဖြင့် သင် ဆန်းစစ်ပြီး တွေ့ရှိထားသည့် အမှားများနှင့် သင်ဆိုထားသည့် မုသားများကို ပြန်လည်သုံးသပ်ရန်အတွက် ဘုရားသခင်ရှေ့ ယူဆောင်ခဲ့ပြီး “အို ဘုရားသခင်၊ ကျွန်ုပ်၏ကိုယ်ကျိုးကို ကာကွယ်ဖို့အတွက် လိမ်ညာခဲ့မိပြန်ပြီး ကျွန်ုပ်မှားပါ၏။ ကျေးဇူးပြု၍ ကျွန်ုပ်ထပ်၍ လိမ်ညာမိပါက ဆုံးမပဲ့ပြင်ပါ” ဟု ပြောသင့်သည်။ ဘုရားသခင်သည် ထိုသို့သော သဘောထားကို ကျေနပ်နှစ်သက်ပြီး ယင်းကို သူ သတိရလိမ့်မည်။ သင့်အနေဖြင့် မုသားဆိုခြင်းဟူသည့် ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားကို ဖြေရှင်းရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်မှု လိုအပ်နိုင်သော်လည်း မစိုးရိမ်နှင့်၊ ဘုရားသခင်သည် သင့်နံဘေး၌ ရှိ၏။ အဖန်တလဲလဲဖြစ်သော ဤအခက်အခဲကို ကျော်လွှားရန်အတွက် သင့်ကို သူ လမ်းပြကူညီမည်ဖြစ်ပြီး သင်၏ မုသားများအား လုံးဝ မဝန်ခံခြင်းမှ ဝန်ခံခြင်းသို့ရောက်အောင် သင့်ကိုယ်သင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်ရန်အတွက် သင့်ကို သတ္တိကိုပေးမည် ဖြစ်သည်။ သင်၏မုသားများကို ဝန်ခံမည်သာမက သင်သည် အဘယ့်ကြောင့် သင်လိမ်ညာကြောင်း၊ သင့်မုသားများ၏ နောက်ကွယ်မှ ကြံရွယ်ချက်နှင့် အကြောင်းရင်းများကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်မည် ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားဖို့၊ စာတန်၏လှောင်အိမ်နှင့် ထိန်းချုပ်မှုကို ကျော်လွှားဖို့ သတ္တိရှိပြီး သင် နောက်ထပ် မလိမ်ညာတော့သည့် အဆင့်အထိ တရွေ့ရွေ့ ရောက်ရှိသောအခါ သင်သည် ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးအောက်ရှိ အလင်းထဲ၌ တဖြည်းဖြည်း အသက်ရှင်လာမည် ဖြစ်သည်။ သင်သည် ဇာတိပကတိဆိုင်ရာ ဘောင်ခတ်ခြင်းများ၏ အတားအဆီးကို ကျော်လွှားပြီး သမ္မာတရားအား ကျိုးနွံနာခံနိုင်သည့်အပြင် သင့်ကိုယ်သင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြီး သင်၏ ရပ်တည်ချက်ကို လူသိရှင်ကြား ကြေညာကာ သံသယကင်းနိုင်သောအခါ သင်သည် လွတ်မြောက်ပြီး လွတ်လပ်သွားမည် ဖြစ်သည်။ သင်သည် ဤပုံစံအတိုင်း အသက်ရှင်သောအခါ သင့်ကို လူတို့ နှစ်သက်မည်သာမက ဘုရားသခင်လည်း ကျေနပ်နှစ်သက်မည် ဖြစ်သည်။ သင်သည် တစ်ခါတစ်ရံ အမှားများကို ပြုလုပ်ပြီး မုသားဆိုနိုင်သေးသည့်အပြင် တစ်ခါတစ်ရံ တစ်ကိုယ်ရေ ရည်ရွယ်ချက်များ၊ ကွယ်ဝှက်ထားသော အကြောင်းရင်းများ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူများနှင့် စိတ်ကူးများ ရှိနေနိုင်သေးသော်လည်း သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံပြီး ဘုရားသခင်ရှေ့၌ သင်၏ ရည်ရွယ်ချက်များ၊ အမှန်တကယ် ဖြစ်သော အခြေအနေနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ကာ သူ့ထံမှ သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သွားသောအခါ သင်၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိမည်ဖြစ်သည်။ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက မှန်ကန်ပြီး သင်သည် မှန်ကန်သော ဦးတည်ချက်ဖြင့် ရွေ့လျားသောအခါ သင်၏ အနာဂတ်သည် လှပပြီး လင်းလက်နေမည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စိတ်နှလုံးအေးချမ်းစွာဖြင့် အသက်ရှင်ရမည်၊ သင်၏ စိတ်ဝိညာဉ်သည် အားပြည့်လာမည်၊ ပြီးလျှင် သင်သည် ကျေနပ်ကာ ဝမ်းမြောက်နေမည် ဖြစ်သည်။ အကယ်၍ ဇာတိပကတိ၏ ဘောင်ခတ်ခြင်းများမှ မလွတ်မြောက်နိုင်လျှင်၊ ခံစားချက်များ၊ ကိုယ်ကျိုးနှင့် စာတန်ဆန်သော အတွေးအခေါ်များ၏ ဘောင်ခတ်ခြင်းကို အစဉ်သဖြင့် ခံရကာ သိုဝှက်သောပုံစံဖြင့် ပြုမူပြောဆိုပြီး မှောင်ရိပ်ထဲတွင် အမြဲတမ်း ပုန်းအောင်းနေလျှင် သင်သည် စာတန်၏ အာဏာအောက်၌ အသက်ရှင်နေခြင်း ဖြစ်သည်။ သို့ရာတွင် သမ္မာတရားကို နားလည်လျှင်၊ ဇာတိပကတိ၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် သင်သည် လူသားပုံသဏ္ဌာန်ကို တဖြည်းဖြည်း ပိုင်ဆိုင်လာမည် ဖြစ်သည်။ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များတွင် ပွင့်လင်းပြီး ဖြောင့်မတ်ရိုးသားမည် ဖြစ်ပြီး သင်၏ အကြံဉာဏ်များ၊ ထင်မြင်ချက်များ၊ သင်ပြုလုပ်ထားသည့် အမှားများကို ထုတ်ဖော်နိုင်မည်ဖြစ်ကာ ယင်းတို့ကို လူတိုင်းအား ရှင်းလင်းစွာ မြင်တွေ့ခွင့်ပေးမည် ဖြစ်သည်။ အဆုံးတွင် လူတို့သည် သင့်အား ပွင့်လင်းမြင်သာမှု ရှိသော လူတစ်ဦးအဖြစ် အသိအမှတ်ပြုမည် ဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိသော လူတစ်ဦးဟူသည်မှာ အဘယ်နည်း။ ယင်းမှာ ခြွင်းချက်မရှိသော ရိုးသားမှုဖြင့် စကားပြောသောသူ၊ သူ၏ စကားလုံးများကို လူတိုင်းက မှန်ကန်သည်ဟု ယုံကြည်ခံရသောသူ ဖြစ်သည်။ ထိုသူတို့သည် မရည်ရွယ်ဘဲ လိမ်ညာမိလျှင်ပင် သို့မဟုတ် မှားယွင်းသော အရာတစ်ခုကို ပြောမိလျှင်ပင် လူတို့က သူတို့ကို ခွင့်လွှတ်နိုင်ကာ၊ ယင်းမှာ မတော်တဆဖြစ်သည်ဟု သိကြသည်။ အကယ်၍ ၎င်းတို့က ထိုသူတို့သည် လိမ်ညာခဲ့သည် သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို ပြောခဲ့သည်ဟု သဘောပေါက်လျှင် ထိုသူတို့က တောင်းပန်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ကြသည်။ ဤသည်မှာ ပွင့်လင်းမြင်သာမှု ရှိသော လူတစ်ဦးဖြစ်၏။ ထိုကဲ့သို့သော လူတစ်ဦးကို လူတိုင်းက နှစ်သက်ပြီး ယုံကြည်စိတ်ချသည်။ သင်သည် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုနှင့် အခြားသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိရန်အတွက် ဤအဆင့်သို့ ရောက်ဖို့လိုသည်။ ဤသည်မှာ လွယ်ကူသောအလုပ် မဟုတ်။ လူတစ်ဦးပိုင်ဆိုင်နိုင်သည့် အမြင့်ဆုံးသော ဂုဏ်သိက္ခာအဆင့် ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦး၌ မိမိကိုယ်ကိုလေးစားမှု ရှိ၏။ အကယ်၍ သင်သည် အခြားလူတို့၏ ယုံကြည်စိတ်ချမှုကို မရရှိနိုင်ပါက ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို သင်ရယူဖို့ မည်သို့မျှော်လင့်နိုင်မည်နည်း။ အရှက်ရစေသော အသက်တာများကို နေထိုင်သော၊ မုသားများကို အစဉ်သဖြင့် လုပ်ကြံပြောဆိုပြီး အလုပ်တာဝန်များကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းသော ပုဂ္ဂိုလ်များရှိ၏။ ၎င်းတို့၌ တာဝန်သိစိတ် စိုးစဉ်းမျှမရှိ၊ ပြုပြင်ခြင်းကို ခံရဖို့ ငြင်းပယ်ကြသည်၊ မှန်သယောင်နှင့် မှားယွင်းသော အကြောင်းပြချက်များကို အမြဲတမ်း အားကိုးကာ ၎င်းတို့ကို ကြုံတွေ့သော လူတိုင်းက မနှစ်သက်ကြပေ။ ၎င်းတို့သည် မည်သည့်ရှက်စိတ်မျှ မရှိဘဲ အသက်ရှင်ကြသည်။ ၎င်းတို့ကို လူသားများအဖြစ် အမှန်တကယ် သဘောထားနိုင်သလော။ အခြားသူများက စိတ်တိုဖွယ်ကောင်းပြီး စိတ်ချ၍မရဟု သိရှိထားသည့် လူတို့သည် ၎င်းတို့၏ လူ့သဘာဝ လုံးလုံးလျားလျား ဆုံးရှုံးသွားပြီးဖြစ်သည်။ အခြားသူများက ၎င်းတို့အပေါ် သူတို့၏ ယုံကြည်စိတ်ချမှုကို မထားရှိနိုင်လျှင် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စိတ်ချနိုင်မည်လော။ အကယ်၍ အခြားသူများက ၎င်းတို့အပေါ် မနှစ်သက်မှုကို သိုထားလျှင် ၎င်းတို့ကို ဘုရားသခင် နှစ်သက်နိုင်မည်လော။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို မနှစ်သက်ဘဲ ၎င်းတို့ကို ရွံရှာမုန်းတီးသည့်အပြင် ၎င်တို့သည် မလွဲမသွေ ဖယ်ရှားရှင်းလင်းခြင်းခံရမည် ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့် ရိုးသားပြီး မိမိကတိခံထားသော အရာများကို လေးစားရမည်။ အခြားသူများအတွက် သို့မဟုတ် ဘုရားသခင်အတွက် အလုပ်များကို ထမ်းဆောင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတစ်ဦးသည် မိမိ၏စကားကို တည်ရမည်။ လူတစ်ဦးသည် လူတို့၏ ယုံကြည်စိတ်ချမှုကို ရရှိထားပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်ပြီး စိတ်ချစေနိုင်သောအခါ သူသည် အတော်ပင် ရိုးသားသောလူတစ်ဦး ဖြစ်နေပေပြီ။ သင်သည် သင်၏လုပ်ဆောင်ချက်များတွင် အားကိုးလောက်ပါက သင့်ကို အခြားသူများ နှစ်သက်မည်သာမက ဘုရားသခင်ကပါ သင့်ကို နှစ်သက်မည်မှာ ကျိန်းသေ၏။ ရိုးသားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်ပြီး ဂုဏ်သိက္ခာဖြင့် အသက်ရှင်နိုင်သည်။ ထို့အတွက်ကြောင့် ရိုးသားမှုသည် လူတစ်ဦး၏ ပြုမူနေထိုင်မှုအတွက် အစမှတ် ဖြစ်သင့်သည်။
ရိုးသားသော ပုဂ္ဂိုလ်တစ်ဦးအတွက် အရေးကြီးဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အဘယ်နည်း။ ယင်းမှာ မိမိ၏စိတ်နှလုံးကို ဘုရားသခင်အား ဖွင့်ဟခြင်းလုပ်ရပ်ဖြစ်သည်။ မည်သို့ဆိုစေ ဖွင့်ဟခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ စိတ်ကူးများ၊ ကြံရွယ်ချက်နှင့် သင့်ကိုထိန်းချုပ်ထားသည့် အရာများကို သူ့အား ဝေမျှခြင်းအပြင် သူ့ထံမှ ယုံကြည်စိတ်ချမှု ရှာဖွေခြင်းကို ဆိုလိုသည်။ သင် မည်သည့်အရာကို ဖွင့်ဟပြောဆိုသည်ဖြစ်စေ ဘုရားသခင်က အရာရာကို ခြွင်းချက်မရှိ ရှင်းလင်းပြတ်သားစွာဖြင့် မြင်တွေ့သည်။ သင်သည် သင်၏ ခံစားချက်များကို ဘုရားသခင်ထံ ဖော်ပြနိုင်ပြီး အခြားသူများထံမှ သင်ဖုံးကွယ်ထားသော အရာများနှင့်ပတ်သက်၍ သူ့အား ဖွင့်ဟနိုင်ကာ မည်သည့်အရာကိုမျှ မဖုံးကွယ်ဘဲ ယင်းတို့ကို ရှင်းလင်းစွာ ထွက်ဆိုကာ သင်၏စိတ်ကူးများကို မည်သည့်ကြံရွယ်ချက်မျှ မရှိဘဲ အရှိအတိုင်း ဖော်ပြနိုင်လျှင် ဤသည်မှာ ပွင့်လင်းမှုဖြစ်၏။ တစ်ခါတစ်ရံ ရိုးသားစွာ စကားပြောခြင်းက အခြားသူများကို နာကျင်စေနိုင်သည် သို့မဟုတ် စိတ်အနှောင့်အယှက်ပေးနိုင်သည်။ ထိုသို့သော ဖြစ်စဉ်များတွင် မည်သူတစ်ဦးတစ်ယောက်က “သင်သည် လွန်ကဲသော ရိုးသားမှုဖြင့် စကားပြောသည်။ ယင်းသည် လွန်စွာ နာကျင်စေပြီး ကျွန်ုပ်လက်မခံနိုင်” ဟု ဆိုမည်လော။ ဆိုမည် မဟုတ်ပေ။ ရံဖန်ရံခါ အခြားသူများကို နာကျင်စေသော အရာတစ်ခုကို ပြောမိလျှင်ပင် သင်သည် ဖွင့်ဟပြီး တောင်းပန်ကာ သင်၏စကားများသည် ဉာဏ်ပညာ ကင်းမဲ့ကြောင်း၊ သင်သည် ၎င်းတို့၏ အားနည်းချက်အား စာနာစိတ် မရှိခဲ့ကြောင်း ဝန်ခံပါက ၎င်းတို့သည် သင်၏ မကောင်းသော ကြံရွယ်ချက်မရှိကြောင်း အသိအမှတ်ပြုမည်ဖြစ်သည်။ သင်သည် ဖြောင့်မတ်ပြီး အလိမ္မာမသုံးသော ပုံစံဖြင့်သာ ပြောဆိုဆက်ဆံသည့် ရိုးသားသော လူတစ်ဦးဖြစ်မှန်း ၎င်းတို့နားလည်မည် ဖြစ်သည်။ ၎င်းတို့သည် သင့်ကို ငြင်းခုံမည် မဟုတ်ဘဲ ၎င်းတို့၏စိတ်နှလုံးထဲတွင် သင့်ကို နှစ်သက်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့ကြား၌ အတားအဆီးများ ရှိနိုင်သလော။ အတားအဆီးများ မရှိပါက ပဋိပက္ခများကို ရှောင်ကြဉ်နိုင်ပြီး ပြဿနာများကို အလျင်အမြန် ဖြေရှင်းနိုင်ကာ သင့်အား လွတ်မြောက်ခြင်းနှင့် စိတ်သက်သာရာရခြင်းဟူသည့် အခြေအနေတစ်ခုထဲတွင် အသက်ရှင်ခွင့်ပေးနိုင်သည်။ ဤသည်မှာ “ရိုးသားသူတို့သာလျှင် ပျော်ရွှင်စွာ နေထိုင်နိုင်သည်” ဟူသည့် အဓိပ္ပာယ်ဖြစ်၏။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အရေးကြီးဆုံးသော အပိုင်းမှာ ဦးစွာ ဘုရားသခင်ထံ ဖွင့်ဟခြင်းဖြစ်ပြီးလျှင် အခြားသူများအား ဖွင့်ဟရန် သင်ယူခြင်းဖြစ်သည်။ ရိုးရိုးသားသား၊ စိတ်ရင်းအတိုင်းနှင့် စိတ်နှလုံးထဲမှ စကားပြောလော့။ ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တနှင့် တည်ကြည်မှုရှိသော လူတစ်ဦးဖြစ်ရန် ကြိုးပမ်းအားထုတ်လျက် အဓိပ္ပာယ်မဲ့သော အာလာပသလ္လာပများ သို့မဟုတ် လှည့်စားတတ်သောပုံစံဖြင့် စကားပြောခြင်းကို ရှောင်ကာ လှည့်ဖြားတတ်သော သို့မဟုတ် အထင်မြင်မှားစေသော နည်းလမ်းဖြင့် စကားပြောခြင်းမှ ရှောင်ကြဉ်လော့။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အခြားလက္ခဏာသွင်ပြင်တစ်ခုမှာ သင်၏တာဝန်ကို ရိုးသားသော သဘောထားနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ထမ်းဆောင်ခြင်းဖြစ်၏။ အနည်းဆုံးအနေဖြင့် သင်၏ လုပ်ဆောင်ချက်များကို လမ်းညွှန်ရန်အတွက် သင်၏ အသိတရားကို အမှီပြုလော့၊ သမ္မာတရားစည်းမျဉ်းများကို လိုက်နာရန် ကြိုးပမ်းလော့၊ ပြီးလျှင် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန် ကြိုးပမ်းလော့။ ဤအရာများကို နှုတ်အားဖြင့်မျှသာ အသိအမှတ်ပြုရန် မလုံလောက်သည့်အပြင် သဘောထားတစ်မျိုးမျိုးကို အလွယ်တကူ မွေးမြူလိုက်ခြင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ ထိုအရာ၌ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သော စစ်မှန်မှုမှာ အဘယ်မှာနည်း။ စစ်မှန်မှုမရှိဘဲ ဆောင်ပုဒ်များကို ကြွေးကြော်ရုံ ကြွေးကြော်ခြင်းက မလုံလောက်ပေ။ ဘုရားသခင်သည် လူပုဂ္ဂိုလ်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ သူသည် ၎င်းတို့၏ စိတ်နှလုံးများကို စောင့်ကြည့်လေ့လာသည်သာမက ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် အလေ့အထများကိုပါ စောင့်ကြည့်လေ့လာသည်။ သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်လိုသည်ဟု ပြောဆိုသော်လည်း သင့်အပေါ် တစ်စုံတစ်ခု ကျရောက်သောအခါ လိမ်ညာပြီး လှည့်ဖြားနိုင်သေးလျှင် ဤသည်မှာ ရိုးသားသော လူတစ်ဦး၏ အပြုအမူဟုတ်သလော။ မဟုတ်ချေ။ ယင်းမှာ ပြောသည့်အရာကတစ်ခု၊ ဆိုလိုသည့်အရာက တစ်ခုဖြစ်၏။ သင်သည် တစ်စုံတစ်ရာကို ပြောပြီး အခြားတစ်ခုကို ပြုလုပ်ကာ အခြားသူများကို ရွှန်းရွှန်းဝေအောင် လှည့်စားပြီး သူတော်ကောင်းဟန်ဖြင့် ပြုမူလုပ်ဆောင်သည်။ သင်သည် ကျမ်းစာရှိသမျှကို လူတို့အား ရှင်းပြရင်း ဖင်ပြန်ခေါင်းပြန် ရွတ်ဆိုနိုင်သော်လည်း သူတို့အပေါ် တစ်စုံတစ်ခု ကျရောက်သောအခါ ကျမ်းစာအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့သော ဖာရိရှဲများကဲ့သို့ပင် ဖြစ်သည်။ ထိုသူတို့ကို အဆင့်အတန်း၏ အကျိုးရရှိဖို့ အလိုဆန္ဒက အစဉ်သဖြင့် လှုံ့ဆော်ပြီး သူတို့သည် မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်လိုစိတ် မရှိခဲ့ကြပေ။ ဖာရိရှဲများသည် ဤပုံစံအတိုင်း ကြောင်သူတော်ဆန်ခဲ့ကြသည်။ ထိုသူတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်၊ သူတို့၏ လမ်းကြောင်းသည် လမ်းကြောင်းမှန် မဟုတ်သည့်အပြင် ဘုရားသခင်သည် ထိုသို့သောသူမျိုးကို အလွန်မုန်းတီးလေသည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို အခြားလူတို့က ယုံကြည်စိတ်ချနိုင်သလော။ (စိတ်မချနိုင်ပါ။) သင်တို့အပေါ်ရှိ ဘုရားသခင်၏ ယုံကြည်စိတ်ချမှုအဆင့် အဘယ်မျှမြင့်မားသည်ကို သင်တို့ ယခု သိပြီလော။ သင်တို့သည် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို ရရှိထားပြီလော။ (မရရှိသေးပါ။) သင်တို့သည် အခြားလူတို့၏ ယုံကြည်စိတ်ချမှုကို ရရှိထားပြီလော။ (မရရှိသေးပါ။) ဘုရားသခင်နှင့် အခြားလူတို့၏ ယုံကြည်စိတ်ချမှုကို မရရှိထားလျှင် သင်တို့သည် ဂုဏ်သိက္ခာဖြင့် အသက်ရှင်နေကြသလော။ (အသက်မရှင်ကြပါ။) သနားစရာကောင်းသော အသက်ရှင်နည်းပါတကား။ လူသားတစ်ဦး၏ အနက်ရှိုင်းဆုံးသော ဝမ်းနည်းမှုဟူသည် ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်ခြင်းအပြင် အခြားသူများနှင့် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို မရရှိနိုင်ခြင်းပင် ဖြစ်၏။ လူတစ်ဦးက သင့်ကို “အခြားသူများက သင့်ကို မည်သို့ထင်သနည်း။ သင့်ကို သူတို့ ယုံကြည်နိုင်သလော။ အကယ်၍ သင့်ကို သူတို့ အလုပ်တစ်ခု အပ်နှံလျှင် ယင်းကို သင် ကောင်းစွာ လုပ်ဆောင်လိမ့်မည်ဟု သူတို့ ယုံကြည်သလော” ဟု မေးခဲ့သည်ဆိုလျှင် သင့်အပေါ် မည်သူမျှ ထိုမျှ ယုံကြည်စိတ်ချမှု အတိုင်းအတာကို မထားရှိဟု သင် ခံစားရနိုင်သည်။ အကယ်၍ သင်၌ ရိုးသားစစ်မှန်သော စိတ်နှလုံးကို ပိုင်ဆိုင်သည်ဟု ယုံကြည်သည့်တိုင် လူတို့က သင့်ကို စိတ်ချယုံကြည်မှု မရှိသေးပါက ယင်းမှာ သင်၏ ရိုးသားစစ်မှန်မှုသည် လိုအပ်နေသေးပြီး မစစ်မှန်သည့် လက္ခဏာဖြစ်သည်။ အခြားသူများက သင်၏ ရိုးသားစစ်မှန်မှုကို မတွေ့မြင်နိုင်ပါက ယုံကြည်စိတ်ချမှုကို တည်ဆောက်နိုင်သလော။ သင်၏ကိုယ်ပိုင် ရိုးသားစစ်မှန်မှုကို ယုံကြည်ရုံမျှ ယုံကြည်ခြင်းသည် မလုံလောက်ပေ။ သင်သည် အခြားသူများ မျက်မြင်တွေ့ရန် သင်၏ ရိုးသားစစ်မှန်မှုကို လက်တွေ့လုပ်ဆောင်ပြီး ထင်ရှားစေရမည်။ အကယ်၍ သင့်ကို မည်သူမျှ မယုံကြည်လျှင်မူ သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်သည်မှာ သေချာ၏။ အခြားသူများက သင်၏ ရိုးသားမှုကင်းမဲ့ခြင်းကို ရိပ်စားမိနိုင်ပြီး မည်သည့်လူသားတစ်ဦးဦးထက်ပင် ဘုရားသခင်သည် လူ့စိတ်နှလုံး၏ အတွင်းကျဆုံးနက်နဲမှုများကို အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်မက ပို၍ ရှင်းလင်းပြတ်သားမှုဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်က သင့်ကို ယုံကြည်စိတ်ချမည်ဟု သင် တကယ်ယုံကြည်သလော။ အကယ်၍ သင်သည် သင့်အပေါ် ဘုရားသခင်၏ ယုံကြည်စိတ်ချမှု ကင်းမဲ့ခြင်းကြောင့် သူ၏ မတရားလုပ်ခြင်းခံရသည်ဟု ခံစားနေကြောင်း သိရှိရပါက သင်သည် မိမိကိုယ်ကို ဆင်ခြင်စဉ်းစားပြီး သင်၏ ရိုးသားစစ်မှန်မှု၏ အတိုင်းအတာနှင့် အတိမ်အနက်ကို အကဲဖြတ်သင့်သည်။ သင် ဤသို့တွေးဆလော့။ “ဘုရားသခင်သည် လူတို့၏စိတ်နှလုံး အတိမ်အနက်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသဖြင့် ကျွန်ုပ်စဉ်းစားသည့် အရာကို သိသင့်သည်။ အကယ်၍ ကျွန်ုပ်သည် မိမိ၏ အပြုအမူများကို အခြေခံ၍ မိမိကိုယ်ကို တန်ဖိုးသတ်မှတ်ရမည်ဆိုလျှင် မိမိကိုယ်ကို မြင့်မားသောတန်ဖိုးကို ပေးမည်မဟုတ်ပေ။ ဘုရားသခင်အနေဖြင့် ကျွန်ုပ်ကို မယုံကြည်သည်မှာ ပုံမှန်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ သို့မဟုတ် အခြားသူများ၏ ယုံကြည်စိတ်ချမှုကို သင် ရရှိမထားလျှင် သင်၏ ဆောင်ရွက်ပုံနည်းလမ်းက မည်သည့်အရာ ဖြစ်ရမည်နည်း။ ယင်းကဖြစ်ပေါ်စေနိုင်သော စိန်ခေါ်မှုများကို ပဓာနမထားဘဲ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သော သမ္မာတရားထဲသို့ ဝင်ရောက်ရမည်။ သင်သည် ထိုသို့မပြုလုပ်နိုင်လျှင် ကယ်တင်ခြင်းကို သင် ရရှိနိုင်မည်မဟုတ်ပေ။
ရိုးသားမှုအတွက် ဘုရားသခင်၏ တောင်းဆိုမှုမှာ အလွန်အမင်း အရေးကြီးသည်။ အကယ်၍ သင်သည် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်စဉ် ရှုံးနိမ့်မှုများစွာကို တွေ့ကြုံရပြီး ယင်းကို အလွန့်အလွန် ခက်ခဲသည်ဟု မြင်ရပါက သင် ဘာလုပ်သင့်သနည်း။ အပျက်သဘောဆောင်လာပြီး နောက်တွန့်ကာ သမ္မာတရားအား သင်၏ လက်တွေ့လုပ်ဆောင်မှုကို စွန့်လွှတ်သင့်သလော။ ဤသည်မှာ လူတစ်ဦးအနေဖြင့် သမ္မာတရားအား ချစ်သည်၊ မချစ်သည်နှင့် ပတ်သက်၍ အရှင်းလင်းဆုံးသော နိမိတ်လက္ခဏာ ဖြစ်၏။ အချိန်ကာလ အပိုင်းအခြားတစ်ခုအထိ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ပြီးနောက် လူပုဂ္ဂိုလ်အချို့က “ရိုးသားခြင်းသည် အလွန်ခက်ခဲ၏။ ကျွန်ုပ်၏ ဝင့်ဝါမှု၊ မာန်မာနနှင့် ဂုဏ်သတင်းအပေါ် ယင်းကပေးသည့် ထိခိုက်မှုကို ကျွန်ုပ်မခံနိုင်” ဟု တွေးကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဆက်လက်၍ မရိုးသားလိုကြတော့ပေ။ အမှန်မှာမူ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်သော အခက်အခဲ ရှိသည့်နေရာ ဖြစ်ပြီး လူပုဂ္ဂိုလ်အများစုက ဤအချက်၌ ပိတ်မိနေကြောင်း သူတို့ကိုယ်သူတို့ မြင်ကြပြီး ယင်းကို မတွေ့ကြုံနိုင်ကြပေ။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ မည်သည့်အရာ လိုသနည်း။ မည်သို့သောလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ပထမဦးဆုံး လူတစ်ဦးသည် သမ္မာတရားကို ချစ်ရမည်။ လူတစ်ဦးသည် သမ္မာတရားကိုချစ်သော လူတစ်ဦးဖြစ်ရမည်။ ယင်းမှာ သေချာ၏။ လူအချို့သည် ရိုးသားမှုကို လက်တွေ့ကျင့်သုံးခြင်းကို နှစ်အတန်ကြာ တွေ့ကြုံလာပြီးနောက် ရလဒ်များကို အမှန်တကယ် ရရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ မုသားများနှင့် လိမ်လည်လှည့်ဖြားမှုကို တဖြည်းဖြည်းချင်း လျှော့ချပြီး အခြေခံအားဖြင့် ရိုးသားသောလူများ အမှန်တကယ် ဖြစ်လာကြသည်။ ၎င်းတို့သည် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်သည့် မိမိတို့၏ အတွေ့အကြုံ အတောအတွင်းတစ်လျှောက် အခက်အခဲများကို ရင်ဆိုင်ခြင်း သို့မဟုတ် ဆင်းရဲဒုက္ခမခံခဲ့သည်မှာ ဖြစ်နိုင်သလော။ ၎င်းတို့သည် ဆင်းရဲဒုက္ခ အမြောက်အမြားကို ခံစားခဲ့ရသည်မှာ အသေချာဆုံးပင်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို ချစ်သောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်လည်းကောင်း၊ မှန်ကန်ရိုးသားစွာ စကားပြောမြဲပြောခြင်းနှင့် လက်တွေ့ကျသော အရာများအား လုပ်ဆောင်ခြင်းကို မဆုတ်မနစ်ပြုလုပ်ရန်လည်းကောင်း၊ ရိုးသားသော လူများဖြစ်ရန်နှင့် နောက်ဆုံးတွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရရှိရန်လည်းကောင်း ဆင်းရဲဒုက္ခ ခံနိုင်ခဲ့ကြသည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးကို ပိုင်ဆိုင်ရမည်။ ဤအချက်နှစ်ခုမှာ အရေးကြီးဆုံးဖြစ်၏။ သမ္မာတရားကို ချစ်သောသူတို့အားလုံး၌ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိသည်။ ထို့ပြင် ဘုရားသခင်ကို ချစ်သောသူတို့က သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရသည်ကို အထူးသဖြင့် လွယ်ကူကြောင်း မြင်ကြပြီး ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် မည်သည့်ဒုက္ခပုံစံကိုမဆို သည်းခံနိုင်ကြသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိပါက သမ္မာတရားအား ၎င်းတို့လက်တွေ့လုပ်ဆောင်ခြင်းက အရှက်ကွဲခြင်း သို့မဟုတ် ဆုတ်ဆိုင်းမှုနှင့် ရှုံးနိမ့်မှုများကို ကြုံရသောအခါ ဘုရားသခင် ကျေနပ်နေသရွေ့ ဘုရားသခင်ကို ကျေနပ်အားရစေဖို့ အရှက်ကွဲခြင်းနှင့် ဆင်းရဲဒုက္ခကို သည်းခံနိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတွင် အခက်အခဲ အတိုင်းအတာတစ်ခုခု တွဲ၍ပါလာပြီး ရိုးသားသောလူတစ်ဦးဖြစ်ခြင်းက ပို၍ပင် ခက်ခဲသည်မှာ ပြောစရာမလိုပေ။ အကြီးမားဆုံး အခက်အခဲမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သော အဟန့်အတားပင် ဖြစ်၏။ လူသားအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အသက်ရှင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” သို့မဟုတ် “မုသားမပြောဘဲ ဘာကိုမျှ ရယူအောင်မြင်နိုင်မည်မဟုတ်” ဟူသည့် ဆိုးရိုးစကားများကို သာဓကယူလော့။ ဤသည်တို့မှာ စာတန်ဆန်သော အတွေးအခေါ်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၏ ဥပမာများဖြစ်သည်။ လူတို့သည် အမှုအရာများ ပြီးမြောက်စေရန်၊ ကိုယ်ကျိုးများ ရရှိရန်နှင့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်စေရန်အတွက် မုသားဆိုခြင်းကို အားကိုးကြရသည်။ လူတစ်ဦးသည် ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ပိုင်ဆိုင်သောအခါ ရိုးသားသောလူတစ်ဦး ဖြစ်ရန်မလွယ်ချေ။ ဘုရားသခင်ထံ ဆုတောင်းပြီး သူ့ကို အမှီပြုရမည် ဖြစ်သည့်အပြင် မိမိကိုယ်ကို မကြာခဏ ပြန်လည်သုံးသပ် ဇာတိပကတိကို ဖြည်းဖြည်းချင်း တွန်းလှန်ဖို့အတွက် မိမိကိုယ်ကို သိလာရမည်ဖြစ်ကာ မိမိကိုယ်ကျိုးကို စွန့်ပြီး ဝင့်ဝါခြင်းနှင့် မာန်မာနကို လက်လွှတ်ရမည် ဖြစ်သည်။ ထို့ထက်မက သမ္မာတရားကို ပြောပြီး မုသားဆိုခြင်းမှ ရှောင်ကြဉ်နိုင်သည့် ရိုးသားသောလူတစ်ဦး ဖြစ်မလာနိုင်မီတွင် အသရေဖျက်ခြင်းနှင့် တရားစီရင်ခြင်း အမျိုးမျိုးကို သည်းခံရမည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်သည့်ကာလအတွင်းတွင် ရှုံးနိမ့်မှုများစွာနှင့် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ခံရသော အခိုက်အတန့်များကို ကြုံတွေ့ခြင်းက ရှောင်လွှဲ၍မရပေ။ လူတစ်ဦး၏ စကားများနှင့် စိတ်ကူးများက မကိုက်ညီသည့် အချိန်များ သို့မဟုတ် ဟန်ဆောင်မှုနှင့် လှည့်ဖြားမှုရှိသော အခိုက်အတန့်များ ရှိကောင်းရှိနိုင်သည်။ သို့ရာတွင် သင့်အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သင်သည် အမှန်တရားကို ပြောပြီး ရိုးသားသော လူတစ်ဦးဖြစ်လိုလျှင် သင်၏ မာန်မာနနှင့် ဝင့်ဝါမှုကို လက်လွှတ်နိုင်ရမည်။ တစ်စုံတစ်ခုကို သင် နားမလည်သောအခါ သင် နားမလည်ကြောင်း ပြောလော့။ တစ်စုံတစ်ခုကို သင် မရှင်းလင်းသောအခါ သင် မရှင်းလင်းကြောင်း ပြောလော့။ အခြားသူများက သင့်အား အထင်သေးမည် သို့မဟုတ် သင့်အား လျှော့၍တွေးမည်ကို မကြောက်နှင့်။ စိတ်ရင်းအတိုင်း တစ်သမတ်တည်း စကားပြောခြင်းနှင့် ဤနည်းအတိုင်း အမှန်တရားကို ပြောခြင်းဖြင့် သင့်စိတ်နှလုံးထဲတွင် ပျော်ရွှင်မှု၊ ငြိမ်သက်ခြင်းနှင့် လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းအသိတို့ကို တွေ့ရှိမည်ဖြစ်ပြီး သင့်အား ဝင့်ဝါမှုနှင့် မာန်မာနတို့က နောက်ထပ် ဘောင်ခတ်တော့မည် မဟုတ်ပေ။ မည်သူနှင့် ပေါင်းသင်းဆက်ဆံသည် ဖြစ်စေ သင် အမှန်တကယ် စဉ်းစားသည့်အရာကို ဖော်ပြနိုင်သည်၊ အခြားသူများအား သင့်စိတ်နှလုံးကို ဖွင့်ဟနိုင်သည်၊ ပြီးလျှင် သင်မသိသည့် အရာများအား သိယောင်မဆောင်လျှင် ယင်းမှာ ရိုးသားသော သဘောထားဖြစ်သည်။ သင်သည် အမှန်တရားကို အမြဲတမ်း ပြောသောကြောင့် တစ်ခါတစ်ရံ လူတို့က သင့်အား အထင်သေးကောင်းသေးပြီး မိုက်မဲသည်ဟု ခေါ်ကောင်းခေါ်နိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် သင် ဘာလုပ်သင့်သနည်း။ သင်သည် “လူတိုင်းက ကျွန်ုပ်အား မိုက်မဲသည်ဟု ခေါ်လျှင်ပင် ရိုးသားသော လူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားသော လူတစ်ဦး မဖြစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။ ကျွန်ပ်သည် မှန်ကန်ရိုးသားစွာနှင့် အချက်အလက်များအတိုင်း စကားပြောမည်။ ကျွန်ုပ်သည် ဘုရားရှေ့၌ ညစ်ညမ်းရိုင်းစိုင်းပြီး ဖောက်ပြန်ပျက်စီးကာ အသုံးမကျသော်လည်း ဟန်ဆောင်မှု သို့မဟုတ် ဖုံးကွယ်မှုမရှိဘဲ အမှန်တရားကို ပြောနေဦးမည်” ဟု ပြောသင့်သည်။ သင်သည် ဤပုံစံအတိုင်း စကားပြောလျှင် သင့်စိတ်နှလုံးက တည်ငြိမ်ပြီး အေးချမ်းမည်ဖြစ်၏။ ရိုးသားသော လူတစ်ဦးဖြစ်ဖို့အတွက် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနကို လက်လွှတ်ရမည်ဖြစ်ပြီး အမှန်တရားကို ပြောရန်နှင့် သင်၏ စစ်မှန်သော ခံစားချက်များကို ဖော်ပြရန်အတွက် အခြားသူများ၏ လှောင်ပြောင်သရော်မှုနှင့် အထင်သေးခြင်းကို မကြောက်သင့်ပေ။ အခြားသူများက သင့်အား အရူးတစ်ယောက်ကဲ့သို့ သဘောထားလျှင်ပင် ငြင်းခုံခြင်း သို့မဟုတ် သင့်ကိုယ်သင် ခုခံကာကွယ်ခြင်း မပြုသင့်ပေ။ အကယ်၍ သင်သည် ဤပုံစံအတိုင်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်လျှင် ရိုးသားသော လူတစ်ဦး ဖြစ်လာနိုင်သည်။ အကယ်၍ သင်သည် ဇာတိပကတိဆိုင်ရာ နှစ်သက်မှုများအပြင် ဝင့်ဝါမှုနှင့် မာန်မာနကို လက်မလွှတ်နိုင်လျှင်၊ အခြားသူများ၏ အသိအမှတ်ပြုခြင်းကို အစဉ်သဖြင့် ရှာဖွေလျက် သင်မသိသည့်အရာကို သိယောင်ဆောင်ပြီး ဝင့်ဝါမှုနှင့် မာန်မာနအတွက် အသက်ရှင်နေထိုင်လျှင် သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်မလာနိုင်ပေ။ ဤသည်မှာ လက်တွေ့ကျသော အခက်အခဲဖြစ်၏။ သင်၏ စိတ်နှလုံးကို ဝင့်ဝါမှုနှင့် မာန်မာနက အစဉ်အမြဲ ဘောင်ခတ်နေလျှင် သင်သည် မုသားဆိုခြင်းနှင့် အပေါ်ယံတန်ဆာဆင်ခြင်းကို ပြုနိုင်ဖွယ်ရှိလိမ့်မည်။ ထို့ထက်မက အခြားသူများက သင့်အား သေးသိမ်စေသောအခါ သို့မဟုတ် သင်၏ အဖြစ်မှန်အား ဖော်ထုတ်သောအခါ သင်သည် ယင်းကိုလက်ခံရန် အခက်အခဲရှိမည်ဖြစ်ပြီး အရှက်ရခြင်းကြီးစွာ ခံစားလိုက်ရသည်ဟု သင် ခံစားရမည်ဖြစ်ကာ သင်၏မျက်နှာသည် နီရဲသွားမည်၊ သင်၏ နှလုံးက အခုန်မြန်မည်၊ ပြီးလျှင် သင်သည် စိတ်လှုပ်ရှားသွားပြီး နေမထိထိုင်မသာ ဖြစ်နေမည်ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းဖို့အတွက် သင့်အနေဖြင့် အနည်းငယ်ပို၍ ဒုက္ခခံစားပြီး အနည်းငယ်ပို၍ စစ်ဆေးခြင်း ကြုံရဖို့ လိုမည်ဖြစ်သည်။ ပြဿနာ၏ အရင်းအမြစ် အဘယ်မှာရှိသည်ကို နားလည်ဖို့လိုမည်ဖြစ်ပြီး ဤကိစ္စများကို ထိုးထွင်းသိမြင်ရသည်နှင့် သင်သည် သင်၏ဝေဒနာအချို့ကို ပြေပျောက်စေနိုင်မည် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားများကို လုံးစေ့ပတ်စေ့ နားလည်ပြီးသောအခါနှင့် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနကို စွန့်လွှတ်နိုင်သောအခါ သင့်အနေဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်လာဖို့ ပို၍လွယ်ကူမည်ဖြစ်သည်။ သင် အမှန်တရားပြောပြီး သင့်စိတ်ထဲတွင် ရှိသည့်အတိုင်း ပြောပြသောအခါ အခြားသူတို့က သင့်အား ရယ်သွမ်းသွေးလျှင် အရေးစိုက်မည် မဟုတ်သည့်အပြင် အခြားသူများက သင့်အား မည်သို့ အကဲဖြတ်သည် သို့မဟုတ် မည်သို့ သဘောထားသည်ဖြစ်စေ ယင်းကို သင် ခံနိုင်မည်ဖြစ်ပြီး မှန်မှန်ကန်ကန် တုံ့ပြန်နိုင်မည်ဖြစ်သည်။ ထိုအခါ သင်သည် ဆင်းရဲဒုက္ခခံရခြင်းမှ လွတ်မည်ဖြစ်ကာ သင့်စိတ်နှလုံးသည် အမြဲတမ်း ငြိမ်သက်ကာ ဝမ်းမြောက်နေမည် ဖြစ်ပြီး လွတ်လပ်မှုနှင့် လွတ်မြောက်ရေးကို ရရှိမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပြီး လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်မည်ဖြစ်သည်။
လူတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာထဲတွင် အဓိပ္ပာယ်မဲ့သော စကားကို မကြာခဏပြောပြီး မုသားဆိုသည့်အပြင် ပညာမဲ့သော၊ မိုက်မဲသော၊ ခုခံကာကွယ်သော အရာများကို ပြောတတ်ကြသည်။ ဤအရာအများစုကို မိမိတို့၏ ကိုယ်ပိုင်အတ္တကို ဖြည့်ဆည်းဖို့ရန် ဝင့်ဝါမှုနှင့် မာန်မာနအဖို့အလို့ငှာ ပြောခြင်းဖြစ်သည်။ ထိုကဲ့သို့သော ထွက်ဆိုချက်အမှားများက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည်။ အကယ်၍ သင်သည် ဤဖောက်ပြန်ပျက်စီးသော လက္ခဏာများကို ဖြေရှင်းမည်ဆိုပါက သင်၏ စိတ်နှလုံးသည် သန့်စင်စေခြင်းခံရမည်ဖြစ်ပြီး သင်သည် တဖြည်းဖြည်းနှင့် ပို၍ စင်ကြယ်လာကာ ပို၍ ရိုးသားလာမည်ဖြစ်သည်။ အမှန်မှာမူ လူတို့အားလုံးက အဘယ့်ကြောင့် ၎င်းတို့လိမ်ပြောကြောင်းကို သိကြသည်။ တစ်ကိုယ်ရေ အကျိုးအမြတ်နှင့် မာန်မာနအလို့ငှာ၊ သို့မဟုတ် ဝင့်ဝါမှုနှင့် အဆင့်အတန်းအတွက် အခြားသူများနှင့် ယှဉ်ပြိုင်ဖို့ကြိုးစားပြီး သူတို့မဟုတ်သည့် အရာတစ်ခုအဖြစ် သူတို့ကိုယ်သူတို့ ပုံမှားရိုက်ကြသည်။ သို့ရာတွင် သူတို့၏ မုသားများမှာ နောက်ဆုံးတွင် ထုတ်ဖော်ခြင်းခံရပြီး အခြားသူများ၏ ဖော်ထုတ်ခြင်းကို ခံရသည့်အပြင် သူတို့သည် မျက်နှာပျက်ခြင်းအပြင် ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တတို့ ဆုံးရှုံးခြင်းဖြင့် အဆုံးသတ်ရသည်။ ဤအရာအားလုံးကို လွန်ကဲသော မုသားပမာဏက ဖြစ်ပွားစေခြင်း ဖြစ်သည်။ သင်၏မုသားများက အလွန်များပြားလာပြီဖြစ်၏။ သင်ပြောသည့် စကားလုံးတိုင်းသည် သန့်စင်ခြင်းနှင့် ရိုးသားမှန်ကန်မှု မရှိသည့်အပြင် တစ်လုံးတစ်ပါဒကိုမျှ မှန်ကန်သည် သို့မဟုတ် ရိုးသားသည်ဟု ယူဆ၍မရပေ။ သင်သည် မုသားဆိုသောအခါ သိက္ခာကျသည်ဟု မခံစားရလင့်ကစား စိတ်ထဲ၌ သင်သည် အရှက်ရသွားလေသည်။ သင်၏ အသိတရားက သင့်ကို အပြစ်တင်ပြီး သင်သည် မိမိကိုယ်မိမိ အထင်သေးလျက် “ငါ အဘယ့်ကြောင့် ထိုမျှနုံချာသော ဘဝတစ်ခုကို အသက်ရှင်နေရသနည်း။ အမှန်တရားပြောရန် အလွန်ခက်ခဲသလော။ ငါ၏မာန်မာနအတွက် မုသားပြောခြင်းကို အားကိုးရမည်လော။ ငါ၏ဘဝသည် အဘယ့်ကြောင့် အလွန်ပင်ပန်းရသနည်း” ဟု စဉ်းစားလေသည်။ သင်သည် ပင်ပန်းရသော ဘဝတစ်ခုကို အသက်ရှင်စရာ မလိုပေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်လျှင် စိတ်သက်သာရာရသော၊ လွပ်လပ်သော၊ ထို့ပြင် လွတ်မြောက်သော ဘဝဖြင့် အသက်ရှင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် သင်၏ မာန်မာနနှင့် ဝင့်ဝါမှုကို မုသားဆိုခြင်းဖြင့် ထိန်းသိမ်းရန် ရွေးချယ်မိပြီ ဖြစ်သည်။ အကျိုးဆက်အားဖြင့် သင်သည် မည်သူမပြု မိမိမှုဖြစ်သည့် စိတ်ပျက်ဖွယ်ရာနှင့် စိတ်မချမ်းမြေ့သော အသက်ရှင်ခြင်းဖြင့် နေထိုင်ရလေသည်။ မိမိသည် မုသားဆိုခြင်းဖြင့် မာန်မာနအသိကို ရကောင်းရနိုင်သော်လည်း ထိုမာန်မာနအသိမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ အနှစ်သာရကင်းမဲ့သော အရာတစ်ခုသာဖြစ်ပြီး လုံးလုံးလျားလျား အသုံးမကျချေ။ မုသားဆိုခြင်းဟူသည်မှာ လူတစ်ဦး၏ အကျင့်စာရိတ္တ၊ ဂုဏ်သိက္ခာတို့နှင့်သက်ဆိုင်သော ဇာတိရုပ်ပြခြင်းကို ဆိုလိုသည်။ ယင်းသည် မိမိ၏ ဂုဏ်သိက္ခာနှင့် မိမိ၏ အကျင့်စာရိတ္တကို ပြောင်တလင်းခါစေကာ ယင်းက ဘုရားသခင်ကို သဘောမကျ ဖြစ်စေပြီး သူက ယင်းကို ရွံမုန်း၏။ ဤသည်မှာ လုပ်ရကျိုးနပ်သလော။ လုပ်ကျိုးမနပ်ချေ။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဟုတ်သလော။ မဟုတ်ပေ။ မကြာခဏ လိမ်ညာသော လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသည်။ ၎င်းတို့သည် စာတန်၏တန်ခိုးအောက်၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် အလင်းထဲ၌ အသက်မရှင်သည်သာမက ဘုရားသခင်၏ မျက်မှောက်တော်၌လည်း အသက်မရှင်ကြပေ။ သင်သည် မည်သို့ လိမ်ညာရမည့်အကြောင်းကို အစဉ်အမြဲ စဉ်းစားပြီးနောက် လိမ်ညာပြီးနောက်တွင်မူ ထိုမုသားကို မည်သို့ ဖုံးကွယ်ရမည့်အကြောင်း စဉ်းစားရသည်။ ထို့ပြင် ထိုမုသားကို ကောင်းမွန်စွာ မဖုံးကွယ်ဘဲ ဖော်ထုတ်ခံရသောအခါ သင်သည် ကွဲလွဲဆန့်ကျင်မှုများကို ကြိုးစားပြီး ဖြေရှင်းရန် ဦးနှောက်ခြောက်အောင် စဉ်းစားကာ ယုတ္တိရှိအောင်လုပ်ဖို့ လိုတော့သည်။ ဤပုံစံအတိုင်း အသက်ရှင်ရသည်မှာ ပင်ပန်းသည်မဟုတ်လော။ အလွန် ပင်ပန်းဖွယ်ကောင်းသည်။ ယင်းသည် ထိုက်တန်သလော။ မထိုက်တန်ပေ။ မာန်မာန၊ ဝင့်ဝါမှုနှင့် အဆင့်အတန်း တစ်ခုတည်းအတွက်ကြောင့် မုသားဆိုရန်နှင့် ယင်းတို့ကို ဖုံးကွယ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားရာ၌ မည်သည့်အဓိပ္ပာယ် ရှိသနည်း။ နောက်ဆုံးတွင် သင်သည် ပြန်၍ဆင်ခြင်ပြီး “အဘယ်အကျိုးရှိသနည်း။ မုသားဆိုပြီးနောက် ယင်းတို့ကို ဖုံးကွယ်ရသည်မှာ ပင်ပန်းလွန်းလှသည်။ ဤပုံစံအတိုင်း ပြုမူနေထိုင်ခြင်းက အလုပ်ဖြစ်မည်မဟုတ်။ ငါသည် ရိုးသားသော လူတစ်ဦးသာ ဖြစ်လာလျှင် ပို၍လွယ်ကူမည်” ဟု တွေးမိသည်။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လာရန် ဆန္ဒရှိသော်လည်း သင်၏ မာန်မာန၊ ဝင့်ဝါမှုနှင့် ကိုယ်ကျိုးကို လက်မလွှတ်နိုင်ပေ။ ထို့အတွက်ကြောင့် သင်သည် ဤအရာများကို ထိန်းသိမ်းဖို့အတွက် မုသားဆိုခြင်းကိုသာ အားကိုးနိုင်တော့သည်။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်ပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲအမျိုးမျိုးကို သည်းခံလိမ့်မည်။ သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို စွန့်လွှတ်အနစ်နာခံရသည့်အပြင် အခြားသူများထံမှ လှောင်ပြောင်သရော်မှုနှင့် အရှက်ကွဲမှုကို သည်းခံရသည့် သဘောသက်ရောက်လျှင်ပင် သင်အရေးစိုက်မည် မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သရွေ့ တော်ပြီဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်ရန်နှင့် ရိုးသားရန် ရွေးချယ်ကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး ယင်းကို ဘုရားသခင် ကောင်းချီးပေးသည်။ လူတစ်ဦးသည် သမ္မာတရားကို မချစ်လျှင် မည်သည့်အရာကို ရွေးချယ်သနည်း။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တကို ထိန်းသိမ်းဖို့အတွက် မုသားကို အသုံးပြုရန် ရွေးချယ်ကြသည်။ ၎င်းတို့သည် လိမ်လည်လှည့်ဖြားပြီးလျှင် ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ပစ်ပယ်ခြင်းကိုသာခံရန် လိုလားသည်။ ထိုသို့သော လူတို့သည် သမ္မာတရားနှင့် ဘုရားသခင်ကို ပစ်ပယ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရွေးချယ်၏။ လိမ်လည်လှည့်ဖြားလို၏။ ဘုရားသခင် ကျေနပ်သည်၊ မကျေနပ်သည် သို့မဟုတ် ၎င်းတို့ကို သူကယ်တင်မည်၊ မကယ်တင်မည်ကို ဂရုမစိုက်ကြပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် ကယ်တင်နိုင်ဦးမည်လော။ ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းကို ရွေးချယ်ထားသောကြောင့် ကယ်တင်ခြင်း မခံရနိုင်မည်မှာ အသေအချာပင်။ ၎င်းတို့သည် လိမ်ညာခြင်းနှင့် လိမ်လည်လှည့်စားခြင်းဖြင့်သာ အသက်ရှင်နိုင်သည်။ ၎င်းတို့သည် မုသားဆိုခြင်း၊ ယင်းတို့ကို ဖုံးကွယ်ခြင်းနှင့် နေ့စဉ် မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းဟူသည့် စိတ်မချမ်းမြေ့စရာ ဘဝများဖြင့်သာ အသက်ရှင်နိုင်ကြသည်။ မုသားများက သင်တောင့်တသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် မာန်မာနကို ထိန်းသိမ်းနိုင်သည်ဟု သင်ယူဆလျှင် လုံးဝ မှားယွင်းပြီ။ အမှန်မှာမူ မုသားဆိုခြင်းဖြင့် သင်သည် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနအပြင် သင်၏ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တတို့ကို မထိန်းသိမ်းနိုင်သည်သာမက ပို၍ဆိုးသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ အခွင့်အရေးနှင့် လွဲချော်ရလေသည်။ သင်သည် ထိုအခိုက်တွင် မိမိ၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် မာန်မာနကို ကာကွယ်နိုင်လျှင်ပင် သင်သည် သမ္မာတရားကို စွန့်လွှတ်လိုက်ရပြီး ဘုရားသခင်ကို သစ္စာဖောက်မိပြီဖြစ်သည်။ ဤသည်မှာ သူ့အနေဖြင့် သင့်အား ကယ်တင်ဖို့နှင့် စုံလင်စေဖို့ အခွင့်အရေးကို သင် လုံးဝ ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုကာ ယင်းက အကြီးမားဆုံးသော ဆုံးရှုံးမှုနှင့် တစ်သက်စာနောင်တပင် ဖြစ်၏။ လိမ်လည်လှည့်စားတတ်သော သူတို့သည် ဤအရာကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ။
ယခုအခါ သင်တို့တွင် ရိုးသားခြင်းအတွက် လမ်းကြောင်း ရှိသလော။ သင်သည် မုသားနှင့် လိမ်လည်လှည့်ဖြားမှုကို ပို၍ သတိထားမိနိုင်ပြီး သင့်ကိုယ်ပိုင် လိမ်လည်လှည့်ဖြားတတ်သော စိတ်သဘောထားကို သတိပြုမိနိုင်ရန်အတွက် အသက်တာ၌ သင်၏ ဖွင့်ဟချက်နှင့် လုပ်ဆောင်ချက်တိုင်းကို ဆန်းစစ်ရမည်။ ထို့နောက် ရိုးသားသော လူတို့က မည်သို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသည်ကို ကြည့်ရမည်ဖြစ်ပြီး သင်ခန်းစာအချို့ကို သင်ယူရမည်ဖြစ်သည်။ အရာခပ်သိမ်း၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံဖို့အတွက်လည်း လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး မကြာခဏ ဆုတောင်းရန်နှင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် ဘုရားသခင်ရှေ့သို့ လာရမည် ဖြစ်သည်။ သင်သည် မုသားတစ်ခု ယခုတင် ပြောမိသည် ဆိုပါစို့။ သင်က “ငါပြောလိုက်မိသည့် အရာတစ်ခုနှစ်ခုသည် မမှန်ကန်။ ဤသည်ကို ငါ အလျင်အမြန် ဝန်ခံပြီး အမှန်ပြင်ရမည်ဖြစ်ကာ ငါမုသားတစ်ခု ဆိုခဲ့မိကြောင်း လူတိုင်းကို သိစေရမည်” ဟူ၍ ရုတ်တရက် သဘောပေါက်မိ၏။ သင်သည် မဆိုင်းမတွပင် မိမိကိုယ်ကို အမှားပြုပြင်သည်။ အကယ်၍ သင့်ကိုယ်သင် ဤကဲ့သို့ အမြဲတမ်း ပြုပြင်ပါက၊ ထို့ပြင် ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက အလေ့အထတစ်ခု ဖြစ်လာပါက မုသားဆိုမိပြီး ယင်းကို မပြုပြင်သောအခါ သင်သည် စိတ်တထင့်ထင့် ဖြစ်နေမည်ဖြစ်ကာ ဘုရားသခင်က သင့်ကို ကူညီ၍ စောင့်ကြပ်ပေးမည် ဖြစ်သည်။ ထိုသို့ ကာလတစ်ခုထိ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြင့် သင်သည် စတင်၍ မလိမ်ညာသလောက် ဖြစ်သွားမည်၊ သင်၏ စကားများ၌ မစင်ကြယ်ခြင်း ပို၍ပို၍ နည်းလာမည်ဖြစ်သည်၊ ပြီးလျှင် သင်၏ လုပ်ဆောင်ချက်များက ပို၍ပို၍ အစွန်းအထင်းနည်းလာမည် ဖြစ်ပြီး တိုး၍သာ စင်ကြယ်လာမည်ဖြစ်သည်။ ထို့ပြင် ဤအရာ၌ သင်သည် သန့်ရှင်းသွားမည် ဖြစ်သည်။ ထိုသို့သော လမ်းကြောင်းသည် ရိုးသားခြင်းဆီသို့ လမ်းကြောင်းဖြစ်၏။ သင်သည် တဖြည်းဖြည်း၊ နည်းနည်းချင်းစီ ပြောင်းလဲရမည်။ သင်သည် ပို၍ပြောင်းလဲလေ သင်သည် ပို၍ ကောင်းမွန်လာလေ ဖြစ်မည်။ သင်သည် ပို၍ပြောင်းလဲလေ သင်၏စကားများက ပို၍ ရိုးသားလာလေ ဖြစ်ပြီး လိမ်ညာခြင်းကို ရပ်စဲမည်ဖြစ်သည်။ ယင်းမှာ အခြေအနေမှန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးသော လူတို့အားလုံး၌ တစ်ပုံစံတည်းသော ပြဿနာရှိသည်။ ၎င်းတို့အားလုံးက လိမ်ပြောနိုင်စွမ်း ရှိလျက် မွေးဖွားလာကြပြီး မိမိတို့၏ အတွင်းကျဆုံး စိတ်ကူးများကို ဖွင့်ပြောရန် သို့မဟုတ် အမှန်အတိုင်း စကားပြောရန် အလွန့်အလွန် ခက်ခဲသည်ဟု မြင်ကြသည်။ ၎င်းတို့သည် အမှန်တရားကို ပြောချင်လျှင်ပင် ထိုသို့ပြောရန် မိမိတို့ကိုယ်မိမိ လုပ်ယူ၍မရပေ။ လူတို့အားလုံးက ရိုးသားခြင်းသည် စဉ်းစားဉာဏ်ကင်းမဲ့ပြီး မိုက်မဲရာကျသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့က အရူးအနှမ်းများသာ ပွင့်ပွင့်လင်းလင်း စကားပြောသည်၊ ထို့ပြင် လူတစ်ဦးသည် အခြားလူများနှင့် လုံးဝ ပွင့်လင်းမြင်သာပြီး မိမိစိတ်ထဲရှိသည့်အတိုင်း အမြဲတမ်း စကားပြောပါက ဆုံးရှုံးမှုများကို ခံစားရနိုင်ဖွယ် အရှိဆုံး ဖြစ်သည့်အပြင် အခြားသူများက သူနှင့် ပေါင်းသင်းဆက်ဆံရမည့်အစား သူ့ကို မတူမတန် သဘောထားမည်ဟု ထင်ကြသည်။ သင်တို့သည် ဤကဲ့သို့သော လူမျိုးကို မတူမတန် သဘောထားမည်လော။ သင်တို့၌ ဤအမြင် ရှိသလော။ (ဘုရားသခင်ကို မယုံကြည်မီက ကျွန်ုပ်သည် ထိုသူတို့ကို မတူမတန် သဘောထားတတ်သော်လည်း ယခုတွင် ထိုသို့သော လူတို့ကို လေးစားပြီး ရိုးရှင်းပြီး ရိုးသားသော ဘဝဖြင့် အသက်ရှင်ခြင်းက ပိုကောင်းသည်ဟု ထင်သည်။ ဤပုံစံအတိုင်း အသက်ရှင်ခြင်းဖြင့် မိမိ၏ စိတ်နှလုံးထဲတွင် ဝန်ထုပ်ဝန်ပိုး လျှော့၍တင်ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ငါသည် လူတစ်ဦးကို လိမ်ညာပြီးနောက် ယင်းကို ဖုံးကွယ်ဖို့လိုပြီး အလိမ်ပေါ် အလိမ်ဆင့်ခြင်းဖြင့် အဆုံးသတ်ကာ နောက်ဆုံးတွင် ထိုမုသားက ဖော်ထုတ်ခံရမည်။) လိမ်ညာခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းတွင် ပါဝင်လုပ်ဆောင်ခြင်း နှစ်ခုလုံးသည် မိုက်မဲသော အပြုအမူများ ဖြစ်ပြီး အမှန်တရားကိုသာ ပြောခြင်းနှင့် စိတ်ရင်းအတိုင်း စကားပြောခြင်းသည် များစွာပို၍ အမြော်အမြင်ရှိ၏။ ယခုတွင် လူတို့အားလုံး၌ ဤအရေးကိစ္စအား သိနားလည်ခြင်း ရှိကြသည်။ အကယ်၍ လူတို့အား လိမ်ညာခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းတွင် ပါဝင်လုပ်ဆောင်ခြင်းတို့သည် အစွမ်းအစရှိခြင်းနှင့် လိမ္မာပါးနပ်ခြင်း လက္ခဏာတစ်ခု ဖြစ်သည်ဟု တစ်ဦးတလေက ထင်နေသေးလျှင် ထိုသူသည် အလွန့်အလွန် မိုက်မဲသည်၊ ခေါင်းမာစွာ မသိနားမလည်ဖြစ်သည့်အပြင် ၎င်းတို့၌ သမ္မာတရား စိုးစဉ်းလေးမျှပင် မရှိပေ။ အသက်အရွယ် အိုမင်းလာသော်လည်း လိမ်လည်လှည့်ဖြားသော လူတို့သည် အတော်ဆုံးဖြစ်ကာ ရိုးသားသော လူတို့အားလုံးမှာ အရူးများ ဖြစ်သည်ဟု ထင်မှတ်နေသေးသော မည်သူမဆိုသည် မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသည့် အဓိပ္ပာယ်မဲ့သော လူစားမျိုးဖြစ်သည်။ လူတိုင်းသည် ကိုယ့်ဘဝဖြင့်ကိုယ် အသက်ရှင်ကြသည်။ ရိုးသားခြင်းကို နေ့စဉ် လက်တွေ့လုပ်ဆောင်သော လူအချို့သည် ပျော်ရွှင်ပြီး သောကကင်းဝေးကာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ခံစားကြသည်။ ၎င်းတို့သည် မည်သည့်အရာမျှ မချို့တဲ့ဘဲ ပို၍ စိတ်လက်ချမ်းသာသော ဘဝများဖြင့် နေထိုင်ကြသည်။ လူတိုင်းက ဤသို့သော လူတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းကို ပျော်မွေ့ပြီး ၎င်းတို့သည် လူတိုင်း၏ အားကျခြင်းခံရသောသူ အမှန်ပင်ဖြစ်ရပေမည်။ ထိုသို့သော လူတို့သည် ဘဝ၏အဓိပ္ပာယ်ကို နားလည်လာပြီးသား ဖြစ်သည်။ “ထိုပုဂ္ဂိုလ်သည် အမှန်တရားကို အမြဲပြောပြီး ပြုပြင်ခြင်း ခံခဲ့ရသည်မဟုတ်လော။ အင်း၊ ထိုအရာမှာ သူနှင့်ထိုက်တန်သော အရာပါတကား။ ငါ့ကိုကြည့်ပါ။ ငါသည် ငါ၏ ရည်ရွယ်ချက်များကို မြင်သာအောင် မပြသည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ ပြောပြခြင်း သို့မဟုတ် ထုတ်ဖော်ခြင်း မရှိသောကြောင့် ငါသည် ပြုပြင်ခြင်းကို ခံရခြင်း၊ သို့မဟုတ် ဆုံးရှုံးမှုတစ်ခုခုကို ခံစားရခြင်း၊ သို့မဟုတ် လူအားလုံး၏ရှေ့တွင် မိမိကိုယ်ကို အခက်တွေ့အောင် လုပ်ခြင်းတို့ မရှိခဲ့ဖူးပေ။ ယင်းသည် ကောင်းမွန်ပေ၏။ မိမိတို့၏ ရည်ရွယ်ချက်များကို ကွယ်ဝှက်ကာ မည်သူ့ကိုမျှ ရိုးသားစွာ စကားမပြောဘဲ ၎င်းတို့ စဉ်းစားနေသည့်အရာကို အခြားသူများ မသိအောင် တားဆီးသော လူတို့သည် သာလွန်ပြီး ဉာဏ်ရည်ထက်မြက်မှု မြင့်မားသောသူများ ဖြစ်ကြသည်” ဟု စဉ်းစားသည့် မိုက်မဲသောလူအချို့ ရှိလေသည်။ သို့တစေ ဤလူတို့သည် လိမ်လည်လှည့်ဖြားခြင်းနှင့် လိမ္မာပါးနပ်မှု အရှိဆုံးသောသူများ ဖြစ်သည်ကို လူတိုင်းက မြင်တွေ့နိုင်သည်။ အခြားလူတို့သည် ထိုသူတို့အနီးတွင် အမြဲတမ်း သတိချပ်ပြီး ထိုသူတို့ထံမှ ခပ်ဝေးဝေးမှ ရှောင်ကြသည်။ လိမ်လည်လှည့်ဖြားသော လူတို့ကို မည်သူမျှ မိတ်ဆွေမဖွဲ့လိုပေ။ ဤသည်တို့မှာ ဖြစ်ရပ်မှန်များ မဟုတ်လော။ အကယ်၍ လူတစ်ဦးသည် မာယာကင်းပြီး အမှန်တရားကို မကြာခဏ ပြောတတ်လျှင်၊ သူသည် အခြားသူများထံ မိမိ၏စိတ်နှလုံးကို ဖော်ထုတ်ပြနိုင်လျှင်၊ ထို့ပြင် သူသည် အခြားလူတို့အပေါ် ထိခိုက်နစ်နာစေသော ရည်ရွယ်ချက်များ မရှိလျှင် ထိုသူသည် ရံဖန်ရံခါ ပညာမဲ့ဟန်တူပြီး မိုက်မဲစွာ ပြုမူကောင်း ပြုမူနိုင်သော်လည်း လူကောင်းတစ်ဦးအဖြစ် အများအားဖြင့် လက်ခံကြမည်ဖြစ်ပြီး လူတိုင်းက သူနှင့် ပေါင်းသင်းဆက်ဆံရန် အတော်ပင် လိုလားကြမည်ဖြစ်သည်။ လူတို့သည် ရိုးသားပြီး ကောင်းသောလူတို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ အကျိုးကျေးဇူးများနှင့် လုံခြုံမှုအသိကို ခံစားရသည်မှာ အများအားဖြင့် လက်ခံထားသည့် အမှန်တရားတစ်ခု ဖြစ်သည်။ ရိုးသားပြီး သမ္မာတရားကို လိုက်စားသည့် ဘုရားသခင်ကို ယုံကြည်သူများကို အသင်းတော်ထဲရှိ အခြားသူများက ချစ်ကြသည်သာမက ဘုရားသခင်ကိုယ်တော်တိုင်လည်း ချစ်သည်။ ထိုသူတို့သည် သမ္မာတရားကို ရရှိသည်နှင့်တစ်ပြိုင်နက် စစ်မှန်သော သက်သေကို ပိုင်ဆိုင်ကြပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကြသည်။ ဤအရာက သူတို့ကို လူအားလုံးထဲမှ ကောင်းချီးအခံစားရဆုံး ဖြစ်စေသည်မဟုတ်လော။ သမ္မာတရားကို အနည်းငယ် နားလည်သောသူတို့က ဤကိစ္စကို ရှင်းလင်းစွာ သိမြင်ကြမည် ဖြစ်သည်။ သင်၏ ပြုမူနေထိုင်ပုံ၌ သင်သည် သမ္မာတရားကို ပိုင်ဆိုင်သည့် ကောင်းမွန်ရိုးသားသော လူတစ်ဦးဖြစ်အောင် ကြိုးစားသင့်သည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများ၏ ချစ်ခြင်းကိုခံရမည်သာမက ဘုရားသခင်၏ ကောင်းချီးများကိုလည်း ရရှိလိမ့်မည်။ လောကီခေတ်ရေစီးကြောင်းများ နောက်လိုက်သည့် လူတစ်ဦး၏ အပြုအမူ မည်မျှကောင်းနိုင်သည်ဖြစ်စေ ၎င်းတို့သည် လူကောင်းတစ်ဦး မဟုတ်သေးပေ။ ဤအရာကို နားမလည်သော သူတို့သည် သမ္မာတရားကို သဘောပေါက်နားလည်ခြင်း မရှိသေးသော လူနုံလူအများ ဖြစ်ကြသည်။ သမ္မာတရားကို အမှန်တကယ် သဘောပေါက်နားလည်သော သူတို့က အသက်တာ၌ မှန်သောလမ်းကြောင်းကို လျှောက်ရန်၊ ရိုးသားသောလူများ ဖြစ်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် ရွေးချယ်ကြသည်။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့်သာ လူတစ်ဦးသည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဤသူတို့မှာ လူတို့အားလုံးအနက် အတော်ဆုံးများ ဖြစ်ကြ၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။