"နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက်

နှစ်တစ်ထောင်နိုင်ငံတော်၏ ရူပါရုံကို သင်မည်သို့မြင်သနည်း။ အချို့လူများသည် ဤအကြောင်းကို များစွာ စဉ်းစားကြပြီး၊ နှစ်တစ်ထောင်နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် နှစ်တစ်ထောင်တည်မည်ဟု ပြောဆိုကြသည်။ ထိုသို့ဆိုလျှင် ပိုမိုအသက်ကြီးသော အသင်းသားများအနေဖြင့် အိမ်ထောင်မပြုရသေးလျှင် ၎င်းတို့ အိမ်ထောင်ပြုရမည်လော။ ငါ့မိသားစုတွင် ငွေမရှိသောကြောင့် ငွေစရှာရမည်လော။ နှစ်တစ်ထောင်နိုင်ငံတော်ဟူသည်မှာ အဘယ်နည်း။ သင်သိသလော။ လူတို့သည် အသိခေါက်ခက် အဝင်နက်ကြသောကြောင့် ဒုက္ခများစွာကို ရင်ဆိုင်ကြရသည်။ စင်စစ်တွင်မူ နှစ်တစ်ထောင်နိုင်ငံတော်သည် တရားဝင်မရောက်ရှိသေးပေ။ လူတို့ကို စုံလင်အောင်ပြုသည့် အဆင့်တွင်၊ နှစ်တစ်ထောင် နိုင်ငံတော်သည် အသေးအဖွဲပင်ရှိသေးသည်။ ဘုရားသခင်မှ ပြောကြားထားသော နှစ်တစ်ထောင်နိုင်ငံတော် အချိန်သို့ ရောက်လျှင်၊ လူသားသည် စုံလင်အောင်ပြုခံရပြီးဖြစ်နေပေမည်။ လူတို့သည် သန့်ရှင်းသူများကဲ့သို့ဖြစ်ကာ သိနိမ်ပြည်တွင် မြဲမြံစွာ ရပ်တည်မည်ဟု ယခင်က ပြောခဲ့သည်။ လူတို့သည် စုံလင်အောင်ပြုခံရပြီး- ဘုရားသခင်မှ ပြောကြားထားသော သန့်ရှင်းသူများဖြစ်လာမှသာလျှင်- နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာပြီးဖြစ်မည်။ ဘုရားသခင်မှ လူသားများကို စုံလင်အောင်ပြုရာတွင်၊ ၎င်းတို့ကို သန့်စင်စေကာ၊ ၎င်းတို့ ပိုမိုစင်ကြယ်သည်နှင့်အမျှ ဘုရားသခင်မှ ၎င်းတို့ကို ပိုမိုစုံလင်စေသည်ဖြစ်သည်။ မစင်ကြယ်မှု၊ တော်လှန်မှု၊ ဆန့်ကျင်မှုနှင့် သင့်ထဲမှဇာတိပကတိ၏အရာများကို ထုတ်ပစ်လိုက်သောအခါ၊ သင်သည် သန့်စင်ခံလိုက်ရသောအခါတွင်၊ သင်သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရလိမ့်မည်။ (တစ်နည်းဆိုသော်၊ သင်သည် သန့်ရှင်းသူဖြစ်သွားပေမည်။) သင်သည် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်း ခံရပြီး၊ သန့်ရှင်းသူဖြစ်လာသောအခါ၊ သင်သည် နှစ်တစ်ထောင်နိုင်ငံတော်ထဲ ရှိနေပေမည်။ ယခုကား နိုင်ငံတော်ခေတ် ဖြစ်သည်။ နှစ်တစ်ထောင်နိုင်ငံတော်ခေတ်တွင်၊ လူတို့သည် အသက်ရှင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှီခိုအားကိုးကြမည်ဖြစ်ပြီး၊ တိုင်းနိုင်ငံအားလုံးသည် ဘုရားသခင်၏ အမည်နာမတော်အောက်သို့ လာကြကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ဖို့ရန် အားလုံးလာကြလိမ့်မည်။ ထိုအချိန်တွင် လူအချို့က တယ်လီဖုန်းဖြင့် ခေါ်ဆိုကြမည်၊ လူအချို့က ဖက်စ်ပို့ကြလိမ့်မည်...၊ ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရယူနိုင်ရန်၊ နည်းလမ်းပေါင်းစုံကို သုံးကြမည်ဖြစ်ပြီး၊ သင်တို့သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအောက်သို့ လာလိမ့်မည်။ ဤအခြင်းအရာ အားလုံးသည် လူအားလုံး စုံလင်ခြင်းအဖြစ်သို့ ရောက်ပြီးနောက်တွင် ဖြစ်ပေါ်သည့်အရာများဖြစ်သည်။ ယနေ့အခါတွင် လူတို့သည် နှုတ်ကပတ်တော်များမှ တဆင့် စုံလင်စေခြင်း၊ စစ်ဆေးခြင်း၊ ဉာဏ်အလင်းရစေခြင်းနှင့် လမ်းပြခြင်းများခံရသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ဖြစ်သည်။ လူတို့သည် စုံလင်စေရန်ပြုလုပ်ခံရသော အဆင့်ဖြစ်ပြီး၊ ၎င်းသည် နှစ်တစ်ထောင်နိုင်ငံတော်ခေတ်နှင့် ဆက်နွှယ်မှုမရှိပေ။ နှစ်တစ်ထောင်နိုင်ငံတော်ခေတ် အတွင်းတွင် လူများသည် စုံလင်အောင်ပြုခံရပြီးဖြစ်ကာ၊ ၎င်းတို့အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်ခံရပြီးဖြစ်ပေမည်။ ထိုအချိန်တွင် ဘုရားသခင်က ပြောကြားသော နှုတ်ကပတ်တော်များသည် လူသားများကို တစ်ဆင့်ပြီးတစ်ဆင့်လမ်းပြကာ၊ ဖန်ဆင်းခြင်းအချိန်မှ ယနေ့အချိန်ထိ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၏ နက်နဲရာများ အားလုံးကို ထုတ်ဖော်ပြပြီး သူ့နှုတ်ကပတ်တော်များသည် နေ့ရက်တိုင်း၊ ခေတ်ကာလတိုင်းတွင်ရှိသော ဘုရားသခင်၏လုပ်ရပ်များကို ပြောပြခြင်း၊ လူတို့ကို အတွင်းထဲ၌ မည်သို့လမ်းပြပုံ၊ ဝိညာဉ်လောက၌ သူပြုသည့် အမှုနှင့် ဝိညာဉ်လောကရှိ အင်အားများအကြောင်းတို့ကို ပြောပြပေမည်။ ထိုအချိန်တွင်မှပင် နှုတ်ကပတ်တော်ခေတ် ဧကန်အမှန် ဖြစ်ပေမည်။ ယခုမူကား ပုံစံငယ်လေးသာ ရှိသေးသည်။ လူသားများသည် စုံလင်စေခြင်းနှင့် သန့်စင်စေခြင်း မခံရလျှင်၊ ကမ္ဘာမြေပေါ်တွင် နှစ်တစ်ထောင်ကြာအောင် နေနိုင်စွမ်းမည်မဟုတ်ဘဲ၊ ၎င်းတို့၏ဇာတိခန္ဓာသည် မလွဲမသွေ ပုတ်သိုးဆွေးမြေ့ပေမည်။ လူသားများသည် အတွင်းထဲတွင် သန့်စင်ခံထားရကာ ၎င်းတို့သည် စာတန်နှင့် ဇာတိပကတိတို့နှင့် မသက်ဆိုင်တော့လျှင်မူ ကမ္ဘာမြေပေါ်တွင် ဆက်လက်အသက်ရှင်ပေမည်။ ဤအဆင့်တွင် သင်သည် အသိခေါက်ခက် အဝင်နက်ဆဲဖြစ်ပြီး၊ သင်တွေ့ကြုံရသမျှမှာ ဘုရားသခင်ကို ချစ်ခြင်းနှင့် ကမ္ဘာပေါ်တွင် သင်နေထိုင်သမျှနေ့ရက်တိုင်းအတွက် သူ့ကို သက်သေခံခြင်းသာ ဖြစ်သည်။

“နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာပြီ” ဆိုသည်မှာ ပရောဖက်ပြုချက်ဖြစ်သည်။ ၎င်းသည် အနာဂတ်တွင် ဖြစ်ပျက်မည်များကို ဘုရားသခင်မှ ပရောဖက်ပြုပေးထားသော၊ ပရောဖက်တစ်ဦး၏ ကြိုတင်ပြောကြားချက်နှင့် အလားတူသည်။ ဘုရားသခင်မှ အနာဂတ်တွင် ပြောသည့် နှုတ်ကပတ်တော်များနှင့် ယနေ့ ပြောသော နှုတ်ကပတ်တော်များသည် မတူညီပေ။ အနာဂတ် နှုတ်ကပတ်တော်များသည် ခေတ်ကို လမ်းပြမည်ဖြစ်ပြီး၊ ယနေ့ပြောသော နှုတ်ကပတ်တော်များမှာမူ လူတို့အပေါ် စုံလင်ခြင်း၊ စစ်ဆေးခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းများကို ပြုပေမည်။ အနာဂတ်ရှိ နှုတ်ကပတ်တော်ခေတ်သည်၊ ယနေ့အချိန်နှုတ်ကပတ်တော်ခေတ်နှင့် ကွာခြားသည်။ ယနေ့အချိန်တွင်၊ ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များ အားလုံးသည် သူမည်သည့်နည်းလမ်းများဖြင့် ပြောကြားသည်ဖြစ်စေကာမူ၊ အနှစ်ချုပ်လျှင် လူတို့ကို စုံလင်စေရန်၊ ၎င်းတို့အတွင်းရှိ ညစ်ပေသည်များကို သန့်စင်စေရန်၊ လူတို့ကို သန့်ရှင်းစေရန်နှင့်၊ ဘုရားသခင်ရှေ့မှောက်တွင် ဖြောင့်မတ်စေရန်အတွက် ဖြစ်သည်။ ယနေ့ ပြောကြားသော နှုတ်ကပတ်တော်များနှင့် အနာဂတ်တွင် ပြောကြားမည့် နှုတ်ကပတ်တော်များသည် သီးခြားအရာ နှစ်ခုဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ပြောကြားသော နှုတ်ကပတ်တော်များသည်၊ လူတို့ကို အလုံးစုံသော လေ့ကျင့်မှုထဲသို့ ဝင်ရောက်စေရန်၊ လူတို့ကို အရာရာ၌ လမ်းမှန်သို့ ခေါ်ဆောင်လာရန်နှင့်၊ ၎င်းတို့အတွင်းရှိ မသန့်စင်မှုများကို ဖယ်ထုတ်ရန်ဖြစ်သည်။ ယင်းမှာ ယခုခေတ်တွင် ဘုရားသခင်ပြုသောအရာဖြစ်သည်။ သူသည် လူတစ်ယောက်စီတိုင်းတွင် သူ့နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ကို ဖန်တီးသည်၊ သူသည် သူ့နှုတ်ကပတ်တော်များကို လူတိုင်း၏အသက်ဖြစ်စေပြီး၊ အချိန်တိုင်းတွင် ၎င်းတို့ကို အတွင်းထဲ၌ ဉာဏ်အလင်းရစေရန်နှင့် လမ်းပြရန် သူ၏နှုတ်ကပတ်တော်များကို သူအသုံးပြုသည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို သတိမထားမိသောအခါ ၎င်းတို့ကို စိတ်ပျက်အရှက်ရစေပြီး၊ ဆုံးမပဲ့ပြင်ပေးရန် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ၎င်းတို့အတွင်းတွင် ရှိနေပေမည်။ ယနေ့၏ နှုတ်ကပတ်တော်များသည် လူသား၏အသက် ဖြစ်ဖို့ရန်ဖြစ်သည်။ ၎င်းတို့သည် လူသားများ လိုအပ်သည့် အရာအားလုံးကို တိုက်ရိုက်ထောက်ပံ့ပေးသည်။ အတွင်းတွင် သင်လိုအပ်သည်များအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ထောက်ပံ့ပေးထားပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်ခံသူ အားလုံးသည် သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် ဉာဏ်အလင်းပွင့်ကြသည်။ အနာဂတ်တွင် ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံး၏ လူတို့ကို လမ်းပြသည်။ ယနေ့တွင် ဤနှုတ်ကပတ်တော်များကို တရုတ်နိုင်ငံတွင်သာ ပြောကြားပြီး၊ ၎င်းတို့သည် စကြဝဠာတစ်ခုလုံးတွင် ပြောကြားထားသည်များကို ကိုယ်စားမပြုပေ။ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာသောအခါတွင်သာ ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို ပြောကြားမည်ဖြစ်သည်။ ယနေ့ဘုရားသခင်မှ ပြောကြားသောနှုတ်ကပတ်တော်များ အားလုံးသည် လူသားများကို စုံလင်စေရန်သာ ဖြစ်သည်ဟု သိထားလော့။ ယခုအဆင့်တွင် ဘုရားသခင်ပြောကြားသော နှုတ်ကပတ်တော်များသည် လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးရန်သာဖြစ်ပြီး၊ ဘုရားသခင်၏ နက်နဲမှုများကို သင့်ကိုသိခွင့်ပေးရန် သို့မဟုတ် ဘုရားသခင်၏ နိမိတ်လက္ခဏာများကို သင်မြင်ခွင့်ပေးရန် မဟုတ်ပေ။ နည်းလမ်းများစွာဖြင့် သူပြောကြားသည်မှာ လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးရန်ဖြစ်သည်။ နှစ်တစ်ထောင်နိုင်ငံတော်ခေတ်သည် မရောက်ရှိသေးပေ။ ပြောကြားထားသော နှစ်တစ်ထောင် နိုင်ငံတော်ခေတ်သည် ဘုရားသခင်၏ဘုန်းတော်နေ့ဖြစ်သည်။ ယုဒပြည်တွင် ယေရှု၏အမှု ပြီးမြောက်သွားခဲ့သည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏အမှုကို တရုတ်ပြည်မကြီးထံသို့ ပြောင်းရွှေ့ခဲ့ပြီး၊ အခြားအစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့သည်။ သူသည် သူ့အမှု၏ အခြားသောအပိုင်းကို သင့်ထဲ၌ ပြုသည်။ သူသည် နှုတ်ကပတ်တော်များဖြင့် လူတို့ကို စုံလင်စေခြင်းအမှုကို ပြုပြီး၊ နှုတ်ကပတ်တော်များကို အသုံးပြု၍ လူတို့ကို နာကျင်မှု များစွာခံစားရစေကာ၊ ဘုရားသခင်၏ကျေးဇူးတော်ကိုလည်း များစွာရရှိစေသည်။ ဤအဆင့်ရှိအမှုသည် အောင်မြင်သောသူများအဖွဲ့တစ်ခုကို ဖန်တီးမည်ဖြစ်ပြီး၊ ၎င်း အောင်မြင်သောသူများအဖွဲ့ကို သူပြုလုပ်ပြီးနောက်တွင်၊ ၎င်းတို့သည် သူ၏ဆောင်ရွက်ချက်များကို သက်သေခံပေးနိုင်ပေမည်။ ၎င်းတို့သည် လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်ကြမည်ဖြစ်ကာ၊ သူ့ကို အမှန်ပင် ကျေနပ်စေ၍ သေသည်အထိ သစ္စာရှိသွားကြမည်ဖြစ်ပြီး ဤနည်းဖြင့် ဘုရားသခင်သည် ဘုန်းထင်ရှားပေမည်။ ဘုရားသခင် ဘုန်းထင်ရှားချိန်၊ သူက ဤလူအုပ်စုကို စုံလင်စေပြီးချိန်သည် နှစ်တစ်ထောင်နိုင်ငံတော်ခေတ်ဖြစ်ပေမည်။

ယေရှုသည် ဤကမ္ဘာပေါ်တွင် ၃၃ နှစ်ခွဲ နေထိုင်သွားခဲ့သည်။ သူသည် ကားစင်တင်သတ်ခံရခြင်းအမှုကိုပြုရန် လာရောက်ခဲ့ပြီး၊ ၎င်းကားစင်တင်သတ်ခံရခြင်းမှတဆင့် ဘုရားသခင်သည် ဘုန်းတော်အစိတ်အပိုင်းတစ်ခုကို ရရှိခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသောအခါတွင် သူသည် နှိမ့်ချပြီး ကွယ်ဝှက်နေနိုင်ခဲ့ကာ ကြီးမားသော ဆင်းရဲဒုက္ခကိုလည်း သည်းခံနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သော်လည်း၊ သူသည် အလုံးစုံသော အရှက်ခွဲမှုတိုင်းနှင့် ပုတ်ခတ်ဝေဖန်မှုတိုင်းကို သည်းခံခဲ့ဆဲဖြစ်ပြီး၊ ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေရန်အတွက် လက်ဝါးကပ်တိုင်တွင် သံမှိုဆွဲနှက်ခံရခြင်း ဟူသည့် ပြင်းစွာသော နာကျင်မှုကိုလည်း သူသည်းခံခဲ့သည်။ ဤအဆင့်ရှိ အမှု အဆုံးသတ်သွားသောအခါ၊ ဘုရားသခင်က ကြီးစွားသော ဘုန်းတော်ကို ရရှိခဲ့သည်ဟု လူသားများက မြင်ခဲ့ကြသော်လည်း၊ ဤမှာ သူ့ဘုန်းတော်အလုံးစုံ မဟုတ်သေးပေ။ ၎င်းသည် ယေရှုထံမှ သူရရှိခဲ့သော သူ့ဘုန်းတော်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ ယေရှုသည် ဆင်းရဲဒုက္ခတိုင်းကို သည်းခံနိုင်ခဲ့ပြီး၊ နှိမ့်ချ၍ ကွယ်ဝှက်ကာ၊ ဘုရားသခင်အတွက် ကားစင်တင်သတ်ခံရခြင်းအမှုကို ပြုနိုင်ခဲ့သော်လည်း ဘုရားသခင်သည် သူ၏ ဘုန်းတော် အစိတ်အပိုင်းတစ်ခုကိုသာရရှိခဲ့ကာ သူ၏ ဘုန်းတော်ကို ဣသရေလထဲတွင် ရရှိခဲ့သည်။ ဘုရားသခင်တွင် ဘုန်းတော်၏ အခြားအပိုင်းတစ်ခု ရှိနေသေးသည်။ ကမ္ဘာမြေသို့လာရောက်ကာ အမှန်တကယ်အလုပ်လုပ်၍ လူအုပ်စုတစ်ခုကို စုံလင်အောင်ပြုပေးရန်ဖြစ်သည်။ ယေရှု၏ အမှုအဆင့်အတွင်းတွင်၊ သူသည် သဘာဝလွန်အရာအချို့ကို လုပ်ဆောင်ခဲ့သော်လည်း၊ ၎င်းအမှုအဆင့်သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို ပြသရန်အတွက်သာ လုံးဝမဟုတ်ပေ။ ၎င်းသည် အဓိကအားဖြင့် ဘုရားသခင်အတွက် ယေရှုက ဆင်းရဲဒုက္ခခံစားပြီး ကားစင်တင်သတ်ခံရခြင်းအမှုများကို ပြုလုပ်နိုင်ခဲ့သည်ကို ပြသရန်၊ ယေရှုသည် ဘုရားသခင်ကို ချစ်သည့်အတွက်ကြောင့် ကြီးစွာသောဆင်းရဲဒုက္ခကို ခံစားနိုင်ခဲ့သည်ကို ပြသရန်နှင့် ဘုရားသခင်က သူ့ကို စွန့်ပစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်၏အလိုတော်အတွက် သူ၏အသက်ကို စတေးရန် ဆန္ဒရှိခဲ့သေးသည်ကို ပြသရန်ဖြစ်သည်။ ဣသရေလ၌ ဘုရားသခင်က သူ၏ အမှုကို ပြီးမြောက်ခဲ့ပြီး၊ ယေရှုခရစ်သည် လက်ဝါးကပ်တိုင်တွင် သံမှိုဆွဲနှက်ခံရပြီးနောက်တွင်မူ၊ ဘုရားသခင်သည် ဘုန်းထင်ရှားခဲ့ပြီး၊ ဘုရားသခင်သည် စာတန်ရှေ့တွင် သက်သေခံခဲ့ပြီးလေပြီ။ ဘုရားသခင်သည် တရုတ်နိုင်ငံတွင် မည်သို့လူ့ဇာတိခံခဲ့သည်ကို သင်သိလည်းမသိ၊ မြင်လည်းမမြင်သောကြောင့်၊ ဘုရားသခင်က ဘုန်းထင်ရှားခဲ့ခြင်းကို သင်မည်သို့လျှင် မြင်နိုင်မည်နည်း။ ဘုရားသခင်က သင့်ထဲတွင် သိမ်းပိုက်ခြင်းအမှုကို များစွာပြုပြီး၊ သင်သည်လည်း မြဲမြံစွာရပ်တည်သောအခါတွင်မူ၊ ဘုရားသခင်၏ ဤအမှုသည် ထမြောက်အောင်မြင်ပြီး၊ ၎င်းသည် ဘုရားသခင်၏ ဘုန်းတော် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤအရာကိုသာ သင်မြင်ပြီး၊ သင်သည် ဘုရားသခင်၏စုံလင်အောင်ပြုခြင်းကို မခံရသေးပေ။ သင်သည် သင်၏နှလုံးသားကို ဘုရားသခင်ထံသို့ အလုံးစုံပေးအပ်ခြင်း မပြုရသေးပေ။ သင်သည် ဤဘုန်းတော်ကို အလုံးစုံမမြင်တွေ့ရသေးပေ။ ဘုရားသခင်က သင်၏နှလုံးသားကို သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ သင်သည် သူ့ကို ဘယ်သောအခါမျှ ခွဲခွာခြင်း မပြုနိုင်ကြောင်းကိုသာ သင်မြင်ပြီး၊ ဘုရားသခင်နောက် အဆုံးထိလိုက်ပါကာ သင်၏နှလုံးသား ပြောင်းလဲလိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော်ကို မည်သည့်အရာထဲတွင် သင်မြင်သနည်း။ လူတို့အပေါ် သူ့အမှု၏ သက်ရောက်မှုများထဲတွင် ဖြစ်သည်။ ဘုရားသခင်သည် လွန်စွာချစ်ဖွယ်ဖြစ်သည်ဟု လူများက မြင်ကြသည်၊ ၎င်းတို့၏နှလုံးသားထဲတွင် ဘုရားသခင်ရှိပြီး သူ့ကိုခွဲခွာရန် လိုလိုလားလား မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ အသင်းတော်များ၏ ညီအစ်ကို မောင်နှမများ၏ ခွန်အားထွက်ပေါ်လာသောအခါနှင့် ထိုသူတို့သည် ၎င်းတို့၏ နှလုံးသားထဲမှ ဘုရားသခင်ကို ချစ်နိုင်ပြီး၊ ဘုရားသခင်ပြုသောအမှု၏ အထွတ်အထိပ်အင်အား၊ သူ့နှုတ်ကပတ်တော်များ၏ တုနှိုင်းမရသော အင်အားကို မြင်နိုင်သောအခါ၊ သူ၏နှုတ်ကပတ်တော်များသည် သြဇာအာဏာရှိပြီး၊ သူသည် တရုတ်ပြည်မကြီးရှိ လူမနေသော မြို့ပျက်တစ်ခု၌၊ သူ၏အမှုကို စတင်လုပ်ဆောင်နိုင်ကြောင်း ၎င်းတို့တွေ့သောအခါ၊ လူတို့သည် အားနည်းကြသော်လည်း၊ ၎င်းတို့၏ နှလုံးသားများသည် ဘုရားသခင်ရှေ့မှောက်တွင် ဦးညွှတ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန်ဆန္ဒရှိကြသောအခါ၊ ၎င်းတို့သည် အားနည်းပြီး နာဖျားနေစဉ်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်ချစ်ခင်ဖွယ်ဖြစ်ကြောင်း ၎င်းတို့မှ လွန်စွာချစ်မြတ်နိုးထိုက်သည့်အကြောင်းကို မြင်လာနိုင်ကြသောအခါ၊ ထိုသို့ဖြစ်လျှင် ဤသည်မှာ ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရ ပြီး ၎င်းတို့သည် သူ့ရှေ့တွင် စွန့်လွှတ်အပ်နှံနိုင်ကြကာ၊ ဘုရားသခင်ကို အလုံးစုံနာခံ၍ ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာကို ဘုရားသခင်လက်တော်အတွင်း ထားနိုင် သည့်နေ့သို့ ရောက်သောအခါ ဘုရားသခင်၏ ဘုန်းတော် ဒုတိယပိုင်းကို အလုံးစုံရရှိပြီး ဖြစ်ပေလိမ့်မည်။ ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်၏ အမှုသည် အလုံးစုံပြီးမြောက်သွားသောအခါတွင်၊ တရုတ်ပြည်မကြီးရှိ သူ၏အမှုသည် အဆုံးသတ်သွား မည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းဆိုသော်၊ ရှေ့မဆွက ခွဲခန့်မှတ်သားခံထားရပြီး၊ ဘုရားသခင်၏ ရွေးချယ်ခံထားရသူများသည် စုံလင်အောင်ပြုခံရပြီးသောအခါတွင်၊ ဘုရားသခင်သည် ဘုန်းထင်ရှားပေမည်။ သူ၏ ဘုန်းတော်ဒုတိယပိုင်းကို အရှေ့ဘက်သို့ယူဆောင်လာပြီဟု ဘုရားသခင် ပြောကြားခဲ့သော်လည်း ၎င်းကို ပကတိမျက်စိဖြင့် မမြင်နိုင်ပေ။ ဘုရားသခင်သည် သူ၏ အမှုကို အရှေ့ဘက်သို့ ယူဆောင်လာခဲ့ပြီ၊ သူသည် အရှေ့ဘက်သို့ လာရောက်ရှိနှင့်ပြီဖြစ်ပြီး ၎င်းသည် ဘုရားသခင်၏ ဘုန်းတော်ဖြစ်သည်။ ယနေ့တွင် သူ၏ အမှုသည် ပြီးမြောက်ခြင်း မရှိသေးသော်လည်း၊ ဘုရားသခင်သည် အမှုပြုရန် ဆုံးဖြတ်ပြီးသောကြောင့် မုချပြီးမြောက်အောင်မြင်ပေမည်။ ဘုရားသခင်သည် ဤအမှုကို သူသည် တရုတ်ပြည်တွင် ပြီးမြောက်အောင်မြင်ရန် ဆုံးဖြတ်ပြီးဖြစ်ကာ၊ သင်တို့ကို စုံလင်အောင်ပြုရန် ဆုံးဖြတ်ပြီးဖြစ်ပေသည်။ ထို့ကြောင့် သူသည် သင်တို့အတွက်လွတ်လမ်းမပေးထားပေ။ သူသည် သင်တို့၏ နှလုံးသားများကို သိမ်းပိုက်ပြီးဖြစ်ကာ၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ကာ၊ သင်တို့သည် ဘုရားသခင်၏ ရယူခြင်းခံရသည့်အခါတွင်၊ ဘုရားသခင်သည် ဘုန်းထင်ရှားပေမည်။ သင်သည် စုံလင်အောင်ပြုခြင်း မခံရသေးသောကြောင့်၊ ယနေ့တွင် ဘုရားသခင်သည် အလုံးစုံဘုန်းထင်ရှားခြင်း မရှိသေးပေ။ ထို့အပြင် သင်တို့၏ နှလုံးသားများသည် ဘုရားသခင်ထံ လှည့်ပြန်ခဲ့ပြီး ဖြစ်သော်လည်း သင်၏ဇာတိပကတိတွင် အားနည်းချက်များစွာ ကျန်သေးသည်။ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် မစွမ်းဆောင်နိုင်သေးပေ။ သင်သည် ဘုရားသခင်၏ အလိုတော်ကို သတိမပြုနိုင်ဘဲ၊ သင့်ထံမှ ဖယ်ရှားရမည့် အပျက်သဘောဆောင်သော အရာများ များစွာကျန်သေးသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။