ခေတ်သစ်၏ ပညတ်တော်များ

သင်တို့အတွက် မည်သည့် အမှုအရာကိုပင် ပြင်ဆင်ပေးထားသည် ဖြစ်ပါစေ၊ ပြင်ဆင်ပေးသမျှ အရာ ခပ်သိမ်းသည် ဘုရားသခင်၏ လက်ဖြင့် ကိုယ်တိုင် စီစဥ်ညွှန်ကြားထားခြင်း ဖြစ်ကြောင်း၊ သင်တို့၏ အားကြီးသော ဆုတောင်းပဌနာ သို့မဟုတ် အသနားခံ တောင်းလျှောက်ခြင်းတို့မှာ မလိုအပ်ကြောင်း တစ်နည်း အားဖြင့်ဆိုသော် ၎င်းတို့မှာ အချည်းနှီး ဖြစ်ကြောင်း သာမက မိမိတို့ကိုယ်မိမိ ဘုရားသခင်၏ နှုတ်ကပတ် တော်များနှင့် ယူတင်ဝတ်ဆင်ထားကြရန် သင်တို့အား သွန်သင်ခဲ့ပြီးပါပြီ။ သို့သော်လည်း လက်ရှိ အခြေအနေ တွင် သင်တို့ ရင်ဆိုင်နေရသည့် လက်တွေ့ ပြဿနာများသည် သင်တို့ မကြံစည်နိုင် လောက်အောင်ပင် ကြီးမားလွန်းသည့် ပြဿနာများပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင် ပြင်ဆင်ပေးသော အမှုအရာများ ကိုသာ ထိုင်စောင့်နေပါက သင်တို့၏ ကြီးထွား တိုးတက်မှု လွန်စွာ နှေးကွေးနေမည် ဖြစ်ပြီး မည်ကဲ့သို့ တွေ့ကြုံ ခံစားရမည်ကို မသိကြသော သူများ၏ အသက်တာမှာ ကြီးထွား တိုးတက်မှု မရှိဘဲ ရပ်တံ့နေမည် ဖြစ်သည်။ ထို့ကြောင့် ဤအမှုအရာများကို သင်သည် လုံးလုံးလျားလျား ထွင်းဖောက်မြင်နိုင်ခြင်း မရှိပါက သင်၏ တွေ့ကြုံခံစားခြင်းထဲ၌ သင်သည် မိုက်မဲနေကာ ရှုပ်ထွေးနေလိမ့်မည်။ သင်၌ လက်တွေ့သဘော မရှိဘဲ စကားလုံးများသာ ရှိပါက၊ ယင်းသည် မှားယွင်းခြင်း၏ လက္ခဏာ တစ်ရပ် မဟုတ်လော။ ဤအုပ်စုထဲ၊ သင်တို့၏ အထဲ၌ မှားယွင်းခြင်းများစွာကို မြင်နေရသည်။ ယနေ့ သင်တို့သည် “အစေခံများ” ဖြစ်စေကာမူ ယင်းကဲ့သို့ စမ်းသပ် စစ်ဆေးမှုတို့ကို အောင်မြင် ကျော်လွှားနိုင်စွမ်း မရှိကြ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် အခြားသော ပဲ့ပြင်စစ်ဆေးမှုများကို ဆင်ခြင်နိုင်စွမ်း သို့မဟုတ် လက်ခံရရှိနိုင်စွမ်းလည်း မရှိ။ သင်တို့ လက်တွေ့ လိုက်လျှောက် အသက်ရှင်ရန် လိုအပ်သော အမှုအရာ များစွာကို လိုက်လျှောက်ရမည်။ ဆိုလိုသည်မှာ လူတို့သည် မိမိတို့ ဆောင်ရွက်သင့်သော တာဝန်များစွာကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယင်းသည် လူတို့ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်ဖြစ်ပြီး လက်တွေ့ လုပ်ဆောင်ရမည့်အရာ ဖြစ်ပါသည်။ လူအနေဖြင့် ဝင်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သန့်ရှင်းသော ဝိညာဉ်တော်အား လုပ်ဆောင်ခွင့်ပြုပါ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် မစပ်ဆိုင်ဘဲ လူကိုယ်တိုင် လုပ်ဆောင်ရမည့် အရာတို့ကိုသာ လူ့အနေဖြင့် လုပ်ဆောင်သင့် သည်။ ဤသည်ကား အခြားမဟုတ်၊ လူတို့သည် ဓမ္မဟောင်းက ဥပဒေသကို လိုက်နာ စောင့်ထိန်းသည့်နည်းတူ ပညတ်သဖွယ် လိုက်နာစောင့်ထိန်းသင့်သည့် အရာနှင့် လူမှ လုပ်ဆောင်ပြီးစီးသင့်သည့် အရာပင် ဖြစ်ပါသည်။ ယနေ့ခေတ်သည် ပညတ်တော်ခေတ် မဟုတ်သော်လည်း ပညတ်ခေတ်ကကဲ့သို့ အလားတူ လိုက်နာ စောင့်ထိန်းသင့်သည့် နှုတ်ကပတ်တော်များစွာ ရှိနေဆဲဖြစ်သည်။ ထိုနှုတ်ကပတ်တော်တို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှု တစ်ခုတည်းကိုသာ အမှီပြုကာ လက်တွေ့ အသက်ရှင်နေကြခြင်း မဟုတ်ဘဲ လူ့အနေ ဖြင့် လိုက်နာစောင့်ထိန်းသင့်သည့် အရာများ ဖြစ်ပါသည်။ ဥပမာ လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်အပေါ် သင့်အနေဖြင့် အပြစ်တင် စီရင်ခြင်း မပြုရ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသောသူကို သင်ဆန့်ကျင်ဘက် မပြုရ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ အရိုက်အရာကို ထိန်းသိမ်း ရမည်၊ လောကီအရာများထဲ၌ ယစ်မူးခြင်း မပြုရ။ သင် စကားပြောသောအခါ အစွန်းမရောက်စေဘဲ သင်၏ အပြောအဆိုနှင့် လုပ်ဆောင်ချက်တို့သည် ဘုရားသခင်ထံမှ သက်သေပြုခြင်း ခံရသော သူ၏ စီစဥ်မှုများနှင့် ကိုက်ညီရမည်။ ဘုရားသခင်၏ သက်သေခံချက်ကို သင်ရိုသေလေးမြတ် သင့်သည်။ ဘုရားသခင်၏ အလုပ်နှင့် သူ၏နှုတ်မှ လာသော နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်။ သင်သည် ဘုရားသခင် ဖွင့်ဆို ချက်များ၏ အနက်နှင့် ရည်ရွယ်ချက်များကို မတုပရ။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူအား ဆန့်ကျင် သော အမှု တစ်စုံတစ်ရာကိုမျှ အပြင်ပန်းအရ မပြုသင့်။ ထိုအရာကို သာမက ထိုထက်မကသော အရာတို့ကို လူအယောက်တိုင်း လိုက်နာစောင့်ထိန်း သင့်သည်။ ဘုရားသခင်သည် ခေတ်အဆက်ဆက်တွင် လူတို့ လိုက်နာ စောင့်ရှောက်ရန် ဥပဒေသများနှင့် ဆင်တူသော အထုံးအဖွဲ့ များစွာကို ချမှတ်ခဲ့သည်။ ဤနည်းအား ဖြင့် ဘုရားသခင်သည် လူ၏ စိတ်သဘောထားကို ဘောင်ခတ်ကန့်သတ်ကာ လူ၏ ရိုးသားမှုကို စစ်ဆေးခဲ့ သည်။ ဓမ္မဟောင်းခေတ်မှ နှုတ်ကပတ်တော်များ ဖြစ်သည့် “သင်၏မိဘကို ရိုသေစွာပြုလော့” ဟူသည်ကို ဥပမာအဖြစ် ကြည့်ပါ။ ထိုနှုတ်ကပတ်တော်များသည် ယခုအချိန်နှင့် မသက်ဆိုင်တော့ပေ၊ ထိုခေတ်ကာလက ယင်းအရာများသည် လူတို့၏ ပြင်ပစိတ်သဘောထား အချို့ကိုသာ ဘောင်ခတ်ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်အပေါ် ယုံကြည်ကိုးစားရာ၌ လူတို့၏ ရိုးသားမှုကို ဖော်ပြရန်သာ အသုံးပြုခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့မှာ ဘုရားသခင်အား ယုံကြည်သောသူများ၏ အမှတ်အသား တစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ယခု ခေတ်ကာလသည် နိုင်ငံတော်ခေတ် ဖြစ်သော်လည်း လူတို့ လိုက်နာစောင့်ထိန်းရန် အထုံးအဖွဲ့ များစွာ ပါသည်။ ယခင်က အထုံးအဖွဲ့များသည် ယနေ့ခေတ်နှင့် မသက်ဆိုင်တော့သော်လည်း လူတို့ လိုက်နာစောင့်ထိန်းရမည့် လျောက်ပတ်သည့် နောက်ထပ် အကျင့်များစွာ ရှိပြီး ယင်းတို့သည် လိုအပ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်မပါဝင်ဘဲ လူတို့ကသာ ယင်းအကျင့်များကို ကျင့်ကြံရမည်။

ပညတ်တော်ခေတ်က စောင့်ထိန်းခဲ့ကြသော အကျင့်များစွာကို ကျေးဇူးတော်ခေတ်၌ မလိုက်နာဘဲ စွန့်ပယ်ထားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဥပဒေသများသည် ကျေးဇူးတော်ခေတ်၌ စောင့်ထိန်းရန် အထူးသဖြင့် ဆီလျော်ထိရောက်မှု မရှိသောကြောင့် ဖြစ်ပါသည်။ အဆိုပါ အကျင့်တို့ကို စွန့်ပယ် ထားပြီး နောက် ထိုကျေးဇူးတော်ခေတ်နှင့် ကိုက်ညီသော အကျင့်များစွာကို ချမှတ်ခဲ့ကြသဖြင့် ၎င်းအကျင့်များသည် ယနေ့ခေတ်ကာလ၏ အထုံးအဖွဲ့များ ဖြစ်လာသည်။ ယနေ့ခေတ်၏ ဘုရားသခင် ကြွလာသောအခါ ထိုအထုံး အဖွဲ့များကို ဘေးဖယ်လိုက်ပြီး ၎င်းတို့အား ဆက်လက် စောင့်ထိန်းရန် မလိုအပ်တော့ပါ။ ယနေ့ခေတ်တွင် ဆောင်ရွက်ရမည့် အလုပ်နှင့် သင့်တော်သော အကျင့်များစွာ ရှိပါသည်။ ယနေ့ခေတ်တွင် ထိုအကျင့်များသည် အထုံးအဖွဲ့များ မဟုတ်ပါ။ သို့ရာတွင် အကျိုးရလဒ် တစ်ခု ရရှိရန်အတွက်၊ ယင်းအကျင့်တို့သည် ယနေ့နှင့် မနက်ဖြန်အတွက် သင့်လျော်ပြီး အထုံးအဖွဲ့များလည်း ဖြစ်လာနိုင်သည်။ အချုပ်အားဖြင့်ဆိုပါက ယနေ့ ဆောင်ရွက်ရမည့် အလုပ်အတွက် အသီးအပွင့်ဖြစ်မည့် အကျင့်များကို သင်ကျင့်သုံးသင့်ပါသည်။ မနက်ဖြန် အတွက် မစိုးရိမ်ပါနှင့်၊ ယနေ့ ဆောင်ရွက်ပြီးသော အလုပ်သည် ယနေ့အဖို့ လုံလောက်သည်။ မနက်ဖြန်တွင် သင်ကျင့်သုံးရန် လိုအပ်မည့် ပိုကောင်းသော အကျင့်များ ရှိကောင်း ရှိနိုင်ပါသည်၊ သို့ရာတွင် မနက်ဖြန်တွင် ကျင့်သုံးရမည့် အကျင့်များကို အလွန် အာရုံမစိုက်ပါနှင့်။ ဘုရားသခင်အား မဆန့်ကျင်မိစေရန် ယနေ့ လိုက်နာ ကျင့်သုံးရန် လိုအပ်သည့် အကျင့်တို့ကိုသာ လိုက်နာကျင့်သုံးပါ။ ယနေ့ ဆက်လက်ဖော်ပြပါ အကျင့်ထက် လိုက်နာကျင့်သုံးရန် ပို၍ အရေးကြီးသော အကျင့် တစ်စုံတစ်ခုမျှ မရှိ။ ထိုအကျင့်မှာ သင့်မျက်စိရှေ့တွင် ရပ်နေသော ဘုရားသခင်အား မလှည့်စား၊ မဖုံးကွယ်ရ။ သင်၏ ရှေ့တွင် ရှိနေသော ဘုရားသခင်၏ ရှေ့မှောက် ထဲတွင် ညစ်ညူးသော သို့မဟုတ် မာနထောင်လွှားသော စကားကို မပြောရ။ မျှတသော စကားများနှင့် ကောင်းသော စကားများကို ဆို၍ သူ့ထံမှ ယုံကြည်မှုကို ရယူရန်အတွက် သင့်မျက်စိရှေ့၌ ရှိသော ဘုရားသခင် ကို မလှည့်စားရ။ ဘုရားသခင်၏ မျက်မှောက်ထဲ၌ မရိုမသေ မပြုရ။ ဘုရားသခင်၏ နှုတ်ထွက် စကား မှန်သမျှကို နာခံရမည်၊ သူ၏ နှုတ်ကပတ်တော်များကို အတိုက်အခံ လုပ်ခြင်း၊ ဆန့်ကျင်ခြင်း၊ ငြင်းခုန်ခြင်း မပြုရ။ ဘုရားသခင်၏ နှုတ်ထွက် စကားများအား သင့်တော်သည်ဟု သင်ထင်သည့်အတိုင်း အနက်အဓိပ္ပါယ် ပြန်ဆိုခြင်း မပြုရ။ မတရားသော သူတို့၏ လိမ်လည် လှည့်ဖြားမှုများထဲသို့ မကျရောက်စေရန် သင်၏ နှုတ်ကို စောင့်ထိန်းသင့်သည်။ ဘုရားသခင်မှ သင့်အတွက် သတ်မှတ်ထားသော နယ်နိမိတ် အပြင်သို့ ကျော်လွန် မသွားရန်အတွက် သင်၏ ခြေလှမ်းများကို စောင့်ကြပ်သင့်သည်။ ထိုသို့ ပြုခြင်းဖြင့် ဘုရားသခင်၏ ရှုထောင့် မှ ကြည့်ပါက သင့်အား ဘဝင်မြင့်၍ ဟိတ်ဟန်များသည့် စကားများကို ဆိုစေခြင်းကြောင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ထွက် စကားများအား သတိလက်လွတ် ထပ်ကာထပ်ကာ မပြောဆိုရ။ ထိုသို့ပြုပါက သင်သည် သူတစ်ပါးတို့၏ လှောင်ပြောင်ခြင်းနှင့် မာရ်နတ်တို့၏ ကျီစားခြင်းကို ခံရမည်ဟု စိုးရိမ်စရာရှိသည်။ ယနေ့ခေတ် ဘုရားသခင်၏ အလုပ် အားလုံးကို သင်နာခံရမည်။ အကယ်၍ ဘုရားသခင်၏ အလုပ်ကို သင်နားမလည်လျှင်ပင် ဝေဖန်ပြစ်တင်ခြင်း မပြုရ။ သင် လုပ်ရမည်မှာ ရှာဖွေ၍ မိတ်သဟာရ ဖွဲ့ရန် ဖြစ်သည်။ ဘုရားသခင်၏ နဂိုမူလ နေရာကို မည်သူ တစ်ဦးတစ်ယောက်မျှ ကျူးကျော်ခြင်း မပြုရ။ ယနေ့ခေတ်၏ ဘုရားသခင်အား လူ၏နေရာမှ အစေခံခြင်းမှ လွဲ၍ အခြား မည်သည့် အရာမျှ သင် မလုပ်ဆောင်နိုင်။ ယနေ့ခေတ်၏ ဘုရားသခင်အား လူ၏နေရာမှ သွန်သင်ခြင်း မပြုနိုင်၊ ထိုသို့ ပြုပါက အလွဲလွဲ အချော်ချော် ဖြစ်မည်။ ဘုရားသခင်၏ သက်သေပြုခြင်း ခံရသူ၏ နေရာတွင် မည်သူ တစ်ဦး တစ်ယောက်မျှ မနေရ၊ သင်ပြောသော စကားများ၊ အပြုအမူများ၊ အတွင်းနှလုံးသား အကြံအစည်များသည် လူ့အနေဖြင့် ပြောဆိုပြုမူ ကြံစည်ခြင်း ဖြစ်သည်။ ယင်းအချက်ကို လူတို့ လိုက်နာရမည် ဖြစ်ပြီး ၎င်းသည် လူတို့၏ တာဝန်ဝတ္တရားလည်း ဖြစ်သည်၊ မည်သူ တစ်ဦးတစ်ယောက်မျှ ပြောင်းလဲ ပြင်ဆင်၍မရ၊ ထိုသို့ ပြုပါက စီရင်အုပ်စိုးမှု အမိန့်များကို ချိုးဖောက်ရာ ရောက်သည်။ ယင်းကို အယောက်တိုင်း မှတ်သားသင့် သည်။

ဘုရားသခင် ကြာမြင့်စွာ အချိန်ယူ၍ စကားပြောနေခြင်း၊ မိန့်မြွက်နေခြင်းကြောင့် လူသည် ဘုရား သခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာခြင်း၊ အလွတ်ကျက်မှတ်ခြင်းမှာ ၎င်း၏အဓိက အလုပ် ဖြစ် ကြောင်း စဉ်းစားသိမြင်စေသည်။ လက်တွေ့ကျင့်သုံးရန် မည်သူမျှ အလေးမထားကြ။ လက်တွေ့ကျင့်သုံး သင့်သည့် တိုင်အောင် သင်တို့ မကျင့်သုံးကြသဖြင့် သင်တို့၏ အစေခံခြင်းတွင် အခက်အခဲနှင့် ပြဿနာ များစွာ ကျရောက်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ ကျင့်သုံးခြင်း မပြုမီ သင်စောင့် ထိန်း သင့်သည်ကို မစောင့်ထိန်းပါက သင်သည် ဘုရားသခင်၏ ရွံရှာမုန်းတီးခြင်း၊ ငြင်းပယ်ခြင်း ခံရသောသူ ဖြစ်သည်။ အဆိုပါအကျင့်များကို လိုက်နာကျင့်သုံးရာ၌ သင်သည် စိတ်အားထက်သန်မှုနှင့် ရိုးသားမှု ရှိသင့် သည်။ ယင်းအကျင့်များကို အချုပ်အနှောင်ကဲ့သို့ သဘောမထားဘဲ ပညတ်တော်များအဖြစ် သဘောထားကာ လိုက်နာကျင့်သုံးရမည်။ ယနေ့ မည်သည့် အကျိုးရလဒ်များ ရရှိရမည်ကို သင်မစိုးရိမ်သင့်၊ အတိုချုပ် ပြောရလျှင် ဤအရာမှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နည်းပင် ဖြစ်ပြီး အပြစ်ကျူးလွန်သူများမှာ သေရသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့၏ လက်ရှိ အသိတရားအပေါ် ခံစားချက် မရှိသကဲ့သို့ ဂရုလည်း မစိုက်ပါ။ အကယ်၍ သင်သည် သူ့ကို ယနေ့တွင် ပြစ်မှားပါက သူသည် သင့်ကို အပြစ်ပေး လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ပိုင်ခွင့်အတွင်း သူ့ကို သင်ပြစ်မှားမိပါက သူသည် သင့်အား ချမ်းသာပေးမည် မဟုတ်။ ယေရှု၏ နှုတ်ကပတ်တော်များကို သင်မည်မျှ အလေးအနက်ထား၍ လိုက်နာ စောင့်ထိန်းသည်ကို သူ့အနေဖြင့် ဂရုမစိုက်ပါ။ ယနေ့ သင်အပြစ် ကျူးလွန်ပါက သင်သည် သေခြင်း တည်းဟူသော အပြစ်ဒဏ်ကို ခံရမည်။ သင်၏ မလိုက်နာ မကျင့်သုံးနိုင်မှုကို မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။ သင်အနည်းငယ် နာကျင်ခံစားရမည် ဆိုလျှင်ပင် သင်မပျက်မကွက် လိုက်နာကျင့်သုံးရမည်။ မည်သည့် ဂိုဏ်းဂဏ၊ မည်သည့် အခန်းကဏ္ဍ၊ မည်သည့် နိုင်ငံ သို့မဟုတ် မည်သည့် ဂိုဏ်းကွဲ ဖြစ်ပါစေ၊ အနာဂတ်တွင် ၎င်းတို့ အားလုံးသည် ထိုအကျင့်များကို လိုက်နာကျင့်သုံးရမည်။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ခြွင်းချက် ပေးမည် မဟုတ်သကဲ့သို့ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မစီရင်ဘဲ ချန်ထားမည် မဟုတ်။ အဘယ်ကြောင့် ဆိုသော် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအကျင့်များအပေါ် အလုပ်လုပ်မည် ဖြစ်သောကြောင့် ဖြစ်ပြီး ထိုအကျင့်များသည် လူအပေါင်းတို့အား အပြစ်တင်စရာ အခွင့်မရှိ။ ထိုအကျင့်များသည် ကြီးမြတ် သော အရာများ မဟုတ်သော်လည်း လူအယောက်တိုင်း ကျင့်သုံးရမည့် အကျင့်များ ဖြစ်ပြီး ယင်းတို့သည် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားသော ယေရှုက လူတို့အတွက် ပညတ်ထားသော ပညတ်တော်များ ဖြစ်ပါသည်။ “လမ်းကြောင်း…(၇)” ၌ သင်သည် ဖြောင့်မတ်သောသူ သို့မဟုတ် အပြစ်သား ဟုတ်၊ မဟုတ် ယေရှု ဖွင့်ဆိုသော အနက်အဓိပ္ပါယ်သည် ယနေ့ သင်တို့ ဘုရားသခင်အပေါ် ထားသည့် သင်တို့၏ သဘောထားအတိုင်း ဖြစ်ကြောင်း ဖော်ပြထားခြင်း မဟုတ်လော။ မည်သူမျှ ဤအချက်ကို လျစ်လျူမရှုသင့်ပါ။ ဓမ္မဟောင်းကျမ်းတွင် ဖာရိရှဲများသည် မျိုးဆက် တစ်ဆက်ပြီး နောက်တစ်ဆက် ဘုရား သခင်ကို ယုံကြည်ခဲ့ကြသည်။ သို့ရာတွင် ကျေးဇူးတော်ခေတ် ရောက်သည့်အခါ သူတို့သည် ယေရှုအား မသိ ကြဘဲ ဆန့်ကျင်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်သမျှသည် အရာမရောက်၊ အချည်းနှီး ဖြစ်ကာ ဘုရားသခင်က လက်မခံခဲ့ပါ။ သင်သည် ယင်းအချက်ကို ထွင်းဖောက်မြင်နိုင်ပါက သင်အလွယ်တကူ အပြစ် ပြုမိမည် မဟုတ်ပါ။ လူအများတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် နှိုင်းယှဥ်တတ်ကြသည်။ ဘုရား သခင်ကို ဆန့်ကျင်သည့် အရသာမှာ မည်သည့် အရသာ ရှိသနည်း။ ခါးသလော၊ ချိုသလော။ ယင်းအရာကို သင် နားလည်သဘောပေါက် သင့်သည်၊ သင်မသိသကဲ့သို့ ဟန်မဆောင်ပါနှင့်။ အချို့တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လက်မခံဘဲ နေကောင်းနေနိုင်ပါမည်။ သို့သော် မည်ကဲ့သို့ အရသာ ရှိကြောင်း သိရန် သင် မြည်းစမ်းကြည့်ဖို့ ငါအကြံပေးလိုပါသည်။ မြည်းစမ်းကြည့်မှ လူအများသည် ထိုအရာနှင့် ပတ်သက်ပြီး သံသယစိတ် ကင်းလိမ့်မည်။ လူများစွာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် သူ့ကို တိတ်တဆိတ် ဆန့်ကျင်ကြသည်။ သူ့အား ထိုကဲ့သို့ ဆန့်ကျင်ပြီးနောက် သင့် နှလုံးသားကို ဓားဖြင့် မွှေနှောက်သကဲ့သို့ သင်မခံစားရသလော။ အကယ်၍ မိသားစုအတွင်း အဆင်မပြေမှု မဟုတ်ပါက ယင်းသည် ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှု သို့မဟုတ် သား၊ သမီးများ ဖိစီးမှုဝေဒနာ ခံစားရခြင်း ဖြစ်မည်။ သင့်အသွေးအသားသည် သေခြင်းမှ လွတ်မြောက်သော်လည်း ဘုရားသခင်၏ လက်သည် သင့်ကို ချမ်းသာပေးမည် မဟုတ်ပါ။ ယင်းသည် ထိုမျှလောက် ရိုးရှင်းမည်ဟု သင်ထင်ပါသလား။ အထူးသဖြင့် ဘုရားသခင်နှင့် နီးစပ်သောသူ များစွာအတွက်မူ ဤအချက်ကို မဖြစ်မနေ ဂရုပြုရန် လိုအပ်ပါသည်။ အချိန် ကြာလာသည်နှင့်အမျှ သင်ထိုအချက်ကို သတိမေ့သွားနိုင်ပြီး သတိမပြုမိလိုက်ဘဲ သွေးဆောင်ခြင်းထဲသို့ ကျရောက်သွားလိမ့်မည်။ ထိုအခါ သင်မည်သည့် အရာကိုမျှ အလေးမထားတော့ဘဲ သင်စတင်ကာ အပြစ် ပြုမိလိမ့်မည်။ ဤအရာသည် သင့်အတွက် အရေးမပါဘဲ အသေးအမွှားဟု ထင်ပါသလား။ သင်သည် ဤအချက်ကို ကောင်းစွာ သတိပြုဆင်ခြင် အသက်ရှင်ပါက သင်စုံလင်ခြင်းထဲသို့ ဝင်စားခွင့်ရှိပါသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ရှေ့တွင် ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်သော ညွှန်ကြားချက်ကို လက်ခံရယူရန် အခွင့်အရေးရမည် ဖြစ်ပါသည်။ ယင်းကို အရေးကြီးသည်ဟု သင်မယူဆပါက သင်ဒုက္ခရောက်ကာ ဘုရားသခင်ကို ပုန်ကန်သူ ဖြစ်လိမ့်မည်။ ထိုအခါ သင်၏ စကားများနှင့် အပြုအမူများသည် လောကီ အရာများထဲ၌သာ ယစ်မူးကာ အသက်တာထဲ၌ ဧရာမ ဒုက္ခဆင်းရဲ မုန်တိုင်းနှင့် လှိုင်းတံပိုးကြီးများ အနှေးနှင့် အမြန် ကျရောက်ပြီး ထိုထဲတွင် လူးလိမ့် နေပါလိမ့်မည်။ ဤအရာများကို သင်တို့ အယောက်တိုင်း မှတ်သား ထားသင့်သည်။ ဘုရားသခင်၏ သက်သေပြုခြင်းကို ခံရသူသည် သင့်အား အပြစ်မတင်ဘဲ နေကောင်း နေလိမ့်မည်။ သို့သော် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်နှင့် မရှင်းရသေးပါ၊ သူသည် သင့်အား ချမ်းသာ ခွင့်ပေးမည် မဟုတ်ပါ။ သင်၌ အပြစ်ကျူးလွန်ရန် လိုအပ်သည့်အရာများ ရှိသည်ဟု သင်ထင်သလော။ ထို့ကြောင့် မည်သည့် အရာကိုမဆို ဘုရားသခင် ပြောပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ ကျင့်သုံး အသက်ရှင်ကာ၊ သင်ဉာဏ်စွမ်းရှိသမျှ တတ်စွမ်းနိုင်သမျှ လိုက်နာစောင့်ထိန်းရမည်။ ထိုသို့ လိုက်နာ စောင့်ထိန်းရန်မှာ ရိုးရှင်းလွယ်ကူသည့် အရာမဟုတ်ပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။