သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏ (အပိုင်း တစ်)
ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်သည် သင်တို့အားလုံးကို ရွေးချယ်ပြီးဖြစ်ကာ သင်တို့အားလုံးသည် သူ့နောက်လိုက်ပြီး ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ် စတင်ရန် ရွေးချယ်ကြပြီး ဖြစ်သည်။ အထူးသဖြင့်၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ သင်၏ တာဝန်များကို မှန်ကန်စွာလုပ်ဆောင်နိုင်လိမ့်မည်၊ သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရနိုင်လိမ့်မည်။ ဤသည်မှာ သင်တို့၏ စံထားရာနှင့် ပြင်းပြသောဆန္ဒ မဟုတ်လော။ (ဟုတ်ပါသည်။) ယုံကြည်သူများအတွက် ထိုသို့သော စံထားရာများရှိခြင်းမှာ ကောင်းမွန်သော အရာတစ်ခု၊ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်သည် လူတို့၏ အပြုသဘောဆောင်သော စံထားရာများနှင့် ပြင်းပြသော ဆန္ဒများကို ဖြည့်ဆည်းပေးသည်။ လူတို့သည် တစ်ခါတစ်ရံ အပျက်သဘောဆောင်သည့်၊ သို့မဟုတ် မမှန်ကန်သည့် စံထားရာများနှင့် ပြင်းပြသောဆန္ဒများ ရှိကြသလော။ လူတို့၏ အခြေအနေများသည် သမ္မာတရား မရရှိမီတွင် ရံဖန်ရံခါ ဆုတ်ပင်ဆုတ်ယုတ်လျက် တည်ငြိမ်ခြင်းမရှိသဖြင့် ဤသည်မှာ ဖြစ်နိုင်ဖွယ်ရှိသည်။ ထိုအပျက်သဘောဆောင်သောအရာများ ဖြစ်ပေါ်သည့်အခါ၊ ယင်းတို့သည် သင်၏ အသက်ဝင်ရောက်မှုကို ထိခိုက်ပြီး ဘုရားသခင်နှင့် သင်၏ ပုံမှန်ဆက်ဆံရေးကို သက်ရောက်သည် မဟုတ်လော။ လူများသည် ထိုအခြေအနေများတွင် အသက်ရှင်ကြပါက၊ ၎င်းတို့၏ အခြေအနေများသည် ပိုဆိုးရွားပြီး အပျက်သဘောဆောင်ကာ အားနည်းလာမည် မဟုတ်လော။ ထိုသို့သော အချိန်များတွင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ (ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့သို့ လာပါ။) ကောင်းပြီ၊ လူတို့ ဆုမတောင်းလိုသည့်အချိန်၊ စာတန်အား မိမိတို့ကို ၎င်းစိတ်ကျေနပ်သည့်အတိုင်း ကြိုးကိုင်ခြယ်လှယ်ခွင့်ပေးလျက် အကျင့်ပျက်သည့် အခြေအနေတွင် ဆက်လက်အသက်ရှင်စဉ်တွင်၊ ၎င်းတို့၏ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်ကို မစဉ်းစားဘဲ မိမိတို့ကိုယ်ကိုယ် အလိုလိုက်ပြီး၊ မိမိတို့ လုပ်ရန်ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ချင်သည့်အချိန်များ ရှိသည် မဟုတ်လော။ ထိုသို့သော အခြေအနေတစ်ခု ရှိသလော။ (ရှိပါသည်။) ဤသည်မှာ မည်သည့် ပြဿနာ၏ သရုပ်သကန်တစ်ခု ဖြစ်သနည်း။ (၎င်းတို့သည် ဘုရားသခင်ထံမှ လှည့်ထွက်သွားကြပြီး ဖြစ်သည်။) ပြီးလျှင် မည်သည့်အရာက ၎င်းတို့ကို ဘုရားသခင်ထံမှ လှည့်ထွက်သွားစေခဲ့သနည်း။ ဤသည်မှာ ၎င်းတို့၏ မလုံလောက်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရား ကင်းမဲ့မှုတို့၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ယင်းမှာ အမှန်ပင် ၎င်းတို့၏ မပြည့်စုံသော သမ္မာတရား သိနားလည်မှုနှင့် မလုံလောက်သော ဝိညာဉ်ရင့်ကျက်မှုတို့ကြောင့် ဖြစ်သည်။ ထိုသို့သော အခြေအနေများ ဖြစ်ပေါ်သည့် အချိန်တိုင်းတွင်၊ လူတစ်ဦးက သူသည် ထိုသို့သော အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရသည့်အချိန်တွင်၊ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းရမည်၊ သူ့အပေါ် မှီခိုရမည်ဖြစ်ပြီး သမ္မာတရား ရှာဖွေရမည်ဖြစ်သည်။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ပြီး၊ သမ္မာတရားကို စံမမီပါက၊ သမ္မာတရားကို သိနားလည်သောသူတစ်ဦးကို ရှာဖွေပြီး မိတ်သဟာယပြုသင့်ပြီး၊ ၎င်းတို့ထံမှ ထောက်ပံ့မှုနှင့် အားပေးမှုတို့ကို ရယူသင့်သည်။ တစ်ခါတစ်ရံ၊ အခြားလူတစ်ဦး၏ ပြုပြင်ခြင်းခံရဖို့၊ သို့မဟုတ် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းခံဖို့လည်း လိုအပ်လိမ့်မည်။ ၎င်းတို့သည် ကိုယ့်ခြေထောက်ကိုယ်ပေါ် ရပ်တည်နိုင်စွမ်းမရှိပါက၊ ယင်းမှာ လုံလောက်သည့် သမ္မာတရားကို ၎င်းတို့ နားမလည်သကဲ့သို့ ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့နေကြသောကြောင့် ဖြစ်သည်။ မပြည့်မီသော ဝိညာဉ်ရင့်ကျက်မှုက လူတို့အား အပျက်သဘောဆောင်သော၊ အကျင့်ပျက်သော အခြေအနေများနှင့် အတွေးများကို မခုခံနိုင်ဖြစ်စေသည်။ ဤသည်မှာ ပင်ပန်းစရာကောင်းသည့် အသက်ရှင်နည်းတစ်ခု မဟုတ်လော။ ထိုဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့သောသူတို့သည် မည်သည့် အခြေအနေများတွင် အသက်ရှင်လေ့ရှိကြသနည်း။ သင်တို့ထဲမှ တစ်ဦးတလေသည် ဤအရာအပေါ် ကိုယ်တွေ့အတွေ့အကြုံ ရှိသလော။ မည်သည့် အခြေအနေမျိုးက သင်တို့အား အထီးကျန်စေသနည်း၊ စိတ်ဆင်းရဲစေသနည်း၊ မပြတ်မသားဖြစ်စေပြီး ဆုတောင်းချင်စိတ် သို့မဟုတ် သမ္မာတရားလိုက်စားချင်စိတ်မရှိဘဲ၊ တစ်နေ့လုံး သင့်ကို စိတ်မချမ်းမြေ့ဖြစ်စေလျက်၊ ရှေ့ဆက်ရမည့်လမ်းမရှိသည့်အလား အလွန် ပင်ပန်းနွမ်းနယ်ကာ လမ်းပျောက်စေသနည်း။ မကျော်လွှားနိုင်ဟု ထင်ရသော ပြဿနာတစ်ခုကို သင်တို့ ကြုံရသည့်အခါ၊ လက်လျှော့ရန် သင်တို့ စဉ်းစားဖူးကြသလော။ (စဉ်းစားဖူးပါသည်။) သို့ဆိုလျှင် မည်သည့်အရာက ဤအခြေအနေများကို ဖြစ်ပေါ်စေသနည်း။ ယင်းတို့သည် လူတို့၏ စိတ်များတွင် တမင်အတွေးပေါ်ပြီး စီမံချက်ရေးဆွဲထားသလော။ သေချာပေါက် မဟုတ်ချေ။ ထို့ကြောင့် ဤမေးခွန်းကို တွေးဆလော့။ မည်သည့်အရာက ယင်းတို့ကို ဖြစ်စေသည်ဟု သင်ထင်သနည်း။ ငါ့ကို ပြောလော့၊ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပါက၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ်သိကြလိမ့်မည်၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားကို ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်၊ လူသားပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ရန်အလို့ငှာ မည်သည့် သမ္မာတရားများဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ရန်လိုအပ်သည်ကို သိရှိကြလိမ့်မည်ဖြစ်ပြီး၊ မတူညီသည့် အခြေအနေများတွင် ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်ဆိုသည့်အပြင် အချို့သော ကိစ္စရပ်များအား ကိုင်တွယ်ရန် မှန်ကန်သည့် နည်းလမ်းများနှင့် ထိုသို့လုပ်ဆောင်စဉ် ထိန်းသိမ်းရမည့် စည်းမျဉ်းများကို သိကြလိမ့်မည်။ ထိုသို့သော ဝိညာဉ်ရင့်ကျက်မှု ပိုင်ဆိုင်သော လူတစ်ဦးသည် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့ အခြေအနေသည် မည်သည့်အရာနှင့် တူလိမ့်မည်နည်း။ ဧကန်မုချ၊ ၎င်းတို့သည် အတိုင်းအတာတစ်ခုထိ အပျက်သဘောဆောင်ကာ အားနည်းကြလိမ့်ဦးမည် ဖြစ်သည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဤအပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းသည် မည်သည့်နေရာမှလာပြီး ယင်းကို မည်သို့ ဖြေရှင်း၍ ရနိုင်သနည်း။ ဤကိစ္စရပ်များကို သင်တို့ ယခင်က တွေးဆ၊ ရှာဖွေဖူးကြသလော။ (ရှာခဲ့ပါသည်။) ထို့ကြောင့်၊ သင်တို့သည် ဤကိစ္စရပ်များကို လေးနက်စွာ မစဉ်းစားဘဲ သင်တို့၏ အခက်အခဲများနှင့် အားနည်းကာ အပျက်သဘောဆောင်သည့် အချိန်များတွင် ဖြစ်သလိုပြီးမြောက်နိုင်ခဲ့ကြပြီး ဖြစ်သည်။ ထိုသို့ဖြစ်ရာတွင်၊ သင်တို့သည် ဤအထိ အလွန်ကံကောင်း၍ ရောက်ရှိပြီး ဖြစ်ကာ ယင်းမှာ သင်တို့ကို ဤအခက်အခဲများတစ်လျှောက် ဦးဆောင်ခဲ့သည့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။ ယခုတွင် ငါ ယခုတင် ထုတ်ခဲ့သည့် မေးခွန်းမှာ အဘယ်နည်း။ (မည်သည့်အရာက လူတို့အား အပျက်သဘောဆာင်ပြီး အားနည်းသည့် အခြေအနေတစ်ခုတွင် အသက်ရှင်စေသနည်း။) ထိုအကြောင်းကို တစ်မိနစ် စဉ်းစားကြည့်လော့။ သင်တို့တွင် အဖြေရှိကြသလော။ သဘောတရားအရ၊ ယင်းမှာ သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ရာတွင်၊ သမ္မာတရားကို နားမလည်မီတွင် လူတို့၏ ဘဝများကို မည်သည့်အရာက လမ်းပြသနည်း။ (၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။) ဟုတ်ပေ၏၊ ယင်းမှာ သင်တို့၏ အဖြေမဟုတ်လော။ ယခုတွင် သင်တို့ သဘောပေါက်ကြပြီလော။ လူတို့သည် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ၊ လက်လျှော့ချင်ကြသည်၊ ပူပန်သောကရောက်ကြသည်၊ အားနည်းကြသည်၊ စိတ်ဆင်းရဲကြသည်၊ ဘောင်ခတ်ခြင်းခံရပြီး ရှေ့ဆက်ရမည့်လမ်းမရှိသည့်အလား ချုပ်နှောင်ခံရကြပြီးနောက် အပျက်သဘောဆောင်လာကြသည်၊ ယုံကြည်ခြင်းကင်းမဲ့ကြပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု တွေးထင်ကြလေသည်။ ဤသည်ကို မည်သည့်အရာက ဖြစ်စေသနည်း။ (၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။) လူတို့သည် သမ္မာတရားကို နားမလည်ကြသည့်အခါ၊ မည်သည့် စိတ်သဘောထားမျိုးဖြင့် ၎င်းတို့ အသက်ရှင်ကြသနည်း။ မည်သည့်သဘာဝဖြင့် ၎င်းတို့ အသက်ရှင်ကြသနည်း။ ၎င်းတို့၏ ဘဝကို မည်သည့်အရာက ဦးဆောင်လမ်းပြသနည်း။ (၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။) ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထား၏ အကျိုးဆက်တစ်ခုအနေဖြင့် လူတစ်ဦးအတွင်းတွင် မည်သည့်အရာများ ဖြစ်ပေါ်နိုင်သနည်း။ မာနထောင်လွှားမှု၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သစ္စာဖောက်ခြင်း၊ ပြီးလျှင် ဘုရားသခင်အပေါ် ဆန့်ကျင်ခြင်း ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံးသည် လူတို့ထံ စိတ်ဆင်းရဲခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့သာ ဆောင်ကြဉ်းသည်။ ယခုတွင်၊ ထိုဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သော စိတ်သဘောထားများသည် လူတို့ထံ စိတ်ဆင်းရဲခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းများ ဆောင်ကြဉ်းသော်လည်း၊ အဘယ်ကြောင့် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ နှစ်သိမ့်မှု သို့မဟုတ် ပျော်ရွှင်မှုတို့ကို လူတစ်ဦး၏ စိတ်ထံသို့ မပေးနိုင်သနည်း။ ဤအပျက်သဘောဆောင်သော အရာများသည် အဘယ်ကြောင့် လူတစ်ဦးကို အပျက်သဘောဆောင်စေနိုင်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အပျက်သဘောဆောင်သော အရာများဖြစ်ပြီး၊ ယင်းတို့သည် သမ္မာတရားကို ရန်လိုကြသောကြောင့် ၎င်းတို့သည် မည်သည့် အပြုသဘောဆောင်သော လုပ်ငန်းဆောင်တာကိုမျှ မထမ်းဆောင်နိုင်ဘဲ၊ အပျက်သဘောဆောင်သော လုပ်ငန်းဆောင်တာများသာ ထမ်းဆောင်နိုင်ကြပေသည်။ ယင်းတို့သည် လူတို့အား အပြုသဘောဆောင်ခြင်း၊ စိတ်ဓာတ်ခွန်အား၊ သို့မဟုတ် အထက်သို့မျက်နှာမူသည့် တွေးခေါ်မှုအလေ့အထတို့ကို မထောက်ပံ့ပေးနိုင်ပေ။ အားနည်းခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် စိတ်ဆင်းရဲမှုတို့ကိုသာ ဆောင်ကြဉ်းပေးသည်။ စာတန်ဆန်သော စိတ်သဘောထားတစ်ခုသည် လူတို့တွင် အမြစ်တွယ်ပြီး ၎င်းတို့၏ သဘာဝဖြစ်လာသည့်အခါ၊ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများတွင် အမှောင်နှင့် ဆိုးယုတ်မှုတို့ကို ထည့်ရန်နှင့် ၎င်းတို့အား မှားယွင်းသည့် လမ်းကြောင်းကို လိုက်စားကာ ရွေးချယ်စေရန် လုံလောက်ပေသည်။ ဖောက်ပြန်၍ စာတန်ဆန်သော စိတ်သဘောထား၏ တွန်းအားအောက်တွင် လူတို့၏ စံနှုန်းများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် ဘဝ၏ပန်းတိုင်များနှင့် ဦးတည်ရာများသည် အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် ဆန့်ကျင်ဘက် မဖြစ်ပေဘူးလော။ ဥပမာအနေဖြင့် လူတို့သည် အမြဲတစေ နာမည်ကြီးလိုကြသည် သို့မဟုတ် ကျော်ကြားသူများ ဖြစ်လိုကြသည်။ သူတို့သည် ကြီးမားသောကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရယူ၍ ဘိုးဘေးများကို ဂုဏ်ပြုလိုကြသည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝ မကိုက်ညီရုံမျှမက လူသားမျိုးနွယ်၏ ကံတရားအပေါ် ဘုရားသခင်၏အချုပ်အခြာအာဏာဥပဒေသနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းကို ငါအဘယ်ကြောင့်ပြောသနည်း။ မည်ကဲ့သို့သော လူစားကို ဘုရားသခင် အလိုရှိသနည်း။ နာမည်ဂုဏ်သတင်းကြီးသောသူ၊ ထင်ပေါ်ကျော်ကြားသူ၊ မြင့်မြတ်သောသူ၊ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသောသူကို ကိုယ်တော် အလိုရှိသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သို့သောလူစားကို ဘုရားသခင် အလိုရှိသနည်း။ (ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသည့် ခိုင်ခိုင်မာမာ ရပ်တည်သော တစ်စုံတစ်ဦး ဖြစ်သည်။) ဟုတ်ပေ၏၊ ပြီးလျှင် အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဘုရားသခင်သည် သူ့ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ကြဉ်သကဲ့သို့၊ သူ့ကို ကျိုးနွံနာခံသည့် ရိုးသားသော လူတစ်ဦးကို လိုချင်ပါသည်။) (အရေးကိစ္စအားလုံးတွင် ဘုရားသခင်နှင့်အတူ ရပ်တည်သောသူ၊ ဘုရားသခင်ကို ချစ်ရန် ကြိုးပမ်းသော တစ်စုံတစ်ဦးကို ဖြစ်သည်။) ထိုအဖြေများသည်လည်း မှန်ကန်၏။ ဘုရားသခင်နှင့် စိတ်နှလုံးတူညီသောသူ မည်သူမဆိုဖြစ်သည်။ လူတို့သည် လူသားများအဖြစ် မိမိတို့၏ နေရာကို ထိန်းသိမ်းရမည်ဟု ဘုရားနှုတ်ကပတ်တော်ထဲ၌ တစ်နေရာရာတွင် ပြောသလော။ (ပြောပါသည်။) ယင်းက မည်သည့်အရာကို ပြောသနည်း။ (“ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူတစ်ယောက်သည် သူ၏ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး တာဝန်သိသိ ပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))) လူတို့အပေါ် ဘုရားနှုတ်ကပတ်တော်များ တောင်းဆိုသည့်အရာကို သင်တို့ သိကြသည့်အတွက်၊ လူသား အပြုအမူကို သင်တို့လိုက်စားမှုတွင် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်တို့ စွဲမြဲနိုင်ကြသလော။ သင်တို့သည် မိမိတို့၏ အတောင်များကို အမြဲ ဖြန့်ကာ ပျံသန်းလိုကြသလော၊ အစဉ်သဖြင့် တစ်ဦးတည်းပျံသန်းလိုသလော။ ငှက်ငယ်လေးထက် လင်းယုန်တစ်ကောင်ဖြစ်လိုသလော။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်မှု စည်းမျဉ်းဖြစ်သလော။ သင်၏ လူသား၏ ပြုမူနေထိုင်မှုအား လိုက်စားခြင်းသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသင့်သည်။ ဘုရားနှုတ်ကပတ်တော်များကသာ သမ္မာတရားဖြစ်သည်။ သင်တို့သည် စာတန်က ဖျက်ဆီးခြင်းကို အလွန်ပြင်းပြင်းထန်ထန်ခံထားရသည်။ စာတန်၏ စကားများဖြစ်သော ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအဖြစ်၊ သင်၏ လိုက်စားမှု၏ ရည်ရွယ်ချက်အဖြစ် အစဉ် ခံယူသည်။ ထို့ကြောင့် သင်သည် လမ်းမှားလိုက်ရန်၊ ဘုရားအား အတိုက်အခံပြုသည့်လမ်းကို လျှောက်ရန် လွယ်ကူသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်များ၊ ၎င်းတို့ကြိုးပမ်းသည့် အရာများသည် ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ အရာခတ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာဥပဒေသများနှင့်လည်းကောင်း၊ အရာခပ်သိမ်းအပေါ် သူ၏ စီစဉ်ညွှန်ကြားမှုနှင့်လည်းကောင်း၊ ပြီးလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် သူ၏ ထိန်းချုပ်မှုနှင့်လည်းကောင်း ဆန့်ကျင်နေသည်။ ထို့ကြောင့် ဤလိုက်စားမှုမျိုးသည် လူသား၏ အတွေးများ၊ အယူအဆများအရ မည်မျှ သင့်တော်ပြီး ကျိုးကြောင်းသင့်သည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများမဟုတ်ပေ။ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် မညီပေ။ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာအမှန်တရားကို ဆန့်ကျင်သောကြောင့်၊ တစ်ဦးတည်းလျှောက်လှမ်းချင်ပြီး သင်၏ ကံကြမ္မာကို သင်ကိုယ်တိုင် စီမံခန့်ခွဲလိုသောကြောင့် သင်သည် အစဉ်သဖြင့် အတားအဆီးများနှင့် ဝင်ဝင်တိုးနေသည်မှာ အလွန်ပြင်းထန်သောကြောင့် သင်၏ခေါင်းမှ သွေးများစီးကျသည်အထိ ဖြစ်သည်။ မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်ပေ။ အဘယ်ကြောင့် မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် တည်ဆောက်ထားသော ဥပဒေသများကို မည်သည့်ဖန်ဆင်းခံကမျှ ပြောင်းလဲ၍ မရနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးသည် အရာအားလုံးအထက်တွင် ရှိသည်။ မည်သည့်ဖန်ဆင်းခံကမျှ ချိုးဖျက်၍ မရပေ။ လူတို့သည် ၎င်းတို့၏ အရည်အချင်းများကို အလွန်အထင်ကြီးကြသည်။ လူတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ အစဉ် လွတ်မြောက်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို အစဉ်ထိန်းချုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို စီစဉ်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ မျှော်လင့်ချက်များ၊ ဦးတည်ချက်နှင့် ဘဝပန်းတိုင်များကို ထိန်းချုပ်လိုစိတ်ဖြစ်ရန် ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ဤစမှတ်သည် မည်သည့်နေရာမှ လာသနည်း။ (ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ လာသည်။) သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်း။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။) လူတို့ ဘုရားသခင်ကို ဆန့်ကျင်ရာမှ မည်သည့်အရာလာသနည်း။ (နာကျင်မှုလာပါသည်။) နာကျင်မှုလော။ ယင်းမှာ ပျက်စီးခြင်းပင်တည်း။ နာကျင်မှုမှာ ယင်း၏ထက်ဝက်ပင် မဟုတ်ချေ။ သင့်မျက်စိရှေ့တည့်တည့်တွင် တွေ့ရသည်မှာ နာကျင်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် ပျော့ညံ့ခြင်းတို့ဖြစ်ပြီး ယင်းမှာ အာခံခြင်းနှင့် တိုင်တန်းခြင်းများ ဖြစ်သည်။ ဤအရာများက မည်သည့်အဆုံးသတ်ကို ဆောင်ကြဉ်းလိမ့်မည်နည်း။ ပျက်သုဉ်းခြင်းပင်တည်း။ ဤသည်မှာ သေးငယ်သောကိစ္စ မဟုတ်သည့်အပြင် ကစားစရာမဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသည့်လူများသည် ဤအရာကို မမြင်နိုင်ပေ။
လူအချို့သည် ဒုက္ခအနည်းငယ် ကြုံရသည်နှင့် အပျက်သဘောဆောင်ကာ အားနည်းလာကြသော်လည်း၊ မည်သည့်ဒုက္ခမျှမရှိသည့်အခါ၊ ကျော်ကြားသူတစ်ဦး သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးဦး ဖြစ်လာရန် အမြဲ မျှော်လင့်လျက် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများအပြည့် ဖြစ်ကြလေသည်။ လူတို့သည် ထိုသို့သော တွေးခေါ်မှုအလေ့အထဖြင့် အသက်ရှင်ကြသည့်အခါ မိမိတို့၏ စာတန်ဆန်သော သဘာဝ၏ စိုးမိုးခြင်းကိုသာ ခံရကြသည်။ လူတို့သည် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများအပြည့်ဖြစ်ကြသောအခါ၊ ပျော်ရွှင်သော ဘဝများကို ၎င်းတို့ ရှင်သန်နိုင်ကြသလော။ သင်သည် ဤအရာများကို မဖယ်ရှားပါက၊ သင်၏ ဆင်းရဲဒုက္ခခံစားခြင်းသည် လျော့သွားလိမ့်မည် မဟုတ်ပေ။ ဆင်းရဲဒုက္ခက သင့်နောက်သို့ အစဉ်လိုက်လိမ့်မည်။ ယင်းမှာ ဓားတစ်စင်းက သင်၏ နှလုံးကို မွေနေသကဲ့သို့ ခံစားရလိမ့်မည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင်သနည်း။ (သမ္မာတရားကို ရှာဖွေကာ လိုက်စားခြင်းအားဖြင့် ဖြစ်သည်။) သင်တို့အားလုံးသည် သမ္မာတရားရှာဖွေခြင်းနှင့် ဆိုင်သည့် ကျယ်ပြန့်သော အယူအဆကို အနည်းနှင့် အများ ပြောဆိုနိုင်ပြီး၊ ထိုအရာကို သင်တို့အားလုံး သတိပြုမိကြ၏။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် သမ္မာတရားကို ပထမဦးစွာ ရှာဖွေရမည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သမ္မာတရားအား ရှာဖွေခြင်း၊ သိနားလည်ခြင်းနှင့် ရရှိခြင်းတို့အားဖြင့်သာ ဖြေရှင်းနိုင်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးနောက်တွင်သာ လူတို့သည် စစ်မှန်သော ဝမ်းမြောက်မှု၊ ငြိမ်သက်ခြင်း၊ နှစ်သိမ့်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို တွေ့ကြုံနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ အမှန်တကယ် လာနိုင်ကြပေသည်။ ဤအရာက ပြဿနာကို အရင်းအမြစ်တည့်တည့်မှ ဖြေရှင်းပေးသည်။ ယခုတွင်၊ အကြင်သူသည် သမ္မာတရား ရှာဖွေခြင်းအကြောင်းအား မည်သို့ စီစဉ်သင့်သနည်း။ မည်သည့် အချက်အလက်များ ပါဝင်သနည်း။ မည်သူ ရှင်းပြနိုင်သနည်း။ (သင်သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းအကြောင်း တွေးနေသည် သို့မဟုတ် တက်ကြွစွာ လိုက်စားနေသည်ဟု သင် ခံစားမိပါက၊ ဤအတွေးများနှင့် အပြုအမူများကို လျစ်လျူမရှုနှင့်။ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်အတိုင်း နားလည်ရန် ကြိုးစားပြီး စိတ်ဖြာလေ့လာဆွေးနွေးပါ။ ဤသည်မှာ စာတန်ဆန်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူသားအပေါ် ဆောင်ကြဉ်းသည့် အန္တရာယ်ဖြစ်ကြောင်း သတိပြုပါ။ သင် လျှောက်နေခဲ့သည့် မမှန်ကန်သည့် လမ်းကြောင်းကို သတိပြုပြီးနောက်၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပါ၊ ဘုရားသခင်ဆီ ဆုတောင်းပြီး လူကို ချည်နှောင်ရန် စာတန်အသုံးပြုသည့် ဤအချုပ်အနှောင်ကို ချိုးဖျက်ရန် သူ့အပေါ်မှီခိုပါ။) (အရေးအကြီးဆုံးသော အပိုင်းမှာ သင် လိုက်စားသင့်သည့်အရာနှင့် ပတ်သက်၍ သင့်စိတ်ထဲတွင် ထားရှိသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များကို သတိပြုမိခြင်း၊ စာတန်ဆန်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူတို့ကို ဖြစ်စေသည့် အန္တရာယ်ကို သိနားလည်ခြင်းနှင့် အမှုအရာများအပေါ် သင်၏ အမြင်များကို ပြောင်းပြန်လှန်ခြင်းတို့ ဖြစ်သည်။ ထို့နောက်တွင် ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ရှေ့မှောက်သို့ သင် ပို၍ လာရမည်၊ သူ့ကို ပို၍ ရင်းနှီးရမည်ဖြစ်ပြီး၊ သူနှင့် ပုံမှန်ဆက်ဆံရေးကို တဖြည်းဖြည်း တည်ဆောက်ရမည်။) အခြားတစ်ခုတလေ ရှိသေးသလော။ (တစ်ခါတစ်ရံ သင် အားနည်းပြီး အပျက်သဘောဆောင်ကာ ထိုခံစားချက်များ လာသည့် အကြောင်းတရား၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မသိမြင်နိုင်ပါက၊ ပထမဦးစွာ ဘုရားသခင်ထံ ဆုတောင်းပြီး၊ သင့်ကို ဉာဏ်အလင်းပေးရန် တောင်းလျှောက်သင့်သည်။ ညီအစ်ကို မောင်နှမအချို့ရှေ့တွင်လည်း မိမိကိုယ်ကိုယ် ဖွင့်ချကာ သူတို့နှင့် မိတ်သဟာယပြုနိုင်သည်။ သူတို့၏ အတွေ့အကြုံများနှင့် ပတ်သက်သည့် သူတို့၏ မိတ်သဟာယကို ကြားခြင်းအားဖြင့်၊ ဤအခြေအနေအပေါ် သင်၏ သိနားလည်မှုကို သင် ရှင်းသွားစေနိုင်သည်၊ ထို့နောက်တွင် ထိုအရာကို ဖြေရှင်းရန် ဘုရားသခင်နှုတ်ကပတ်တော်၌ ဆီလျော်သော စာပိုဒ်များကို ရှာဖွေသင့်သည်။) ဆက်ပြောလော့။ (တစ်စုံတစ်ရာသည် မိမိလိုချင်သည့်အတိုင်း မဖြစ်သည့်အခါ၊ မည်သူမှန်ပြီး မည်သူမှားသည်ကို စိစစ်လျက် သင်သည် အမြဲ ချစ်တီးခေါင်းသန်းရှာလုပ်ပါက၊ ဤအချိန်များတွင် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့တွင် ဦးစွာ တည်ငြိမ်စေပြီး အခြေအနေကို ကျိုးနွံနာခံသင့်သည်။ သူ၏ အချုပ်အခြာအာဏာ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေပါ။ ထိုအခါ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းပေးပြီး သူ၏ ရည်ရွယ်ချက်ကို နားလည်ခွင့်ပေးလိမ့်မည်။ ထို့နောက်၊ အခြေအနေကို သင် ဆန်းစစ်သည့်အခါ၊ မည်သည့် ဖောက်ပြန်ပျက်စီးခြင်းမျိုးကို သင် ထုတ်ဖော်ပြနေပြီး မည်သည့်အရာက ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်သည်ကို သင် နားလည်လိမ့်မည်။ ဤသည်မှာ သမ္မာတရားထဲသို့ ကျွန်ုပ် ဝင်ရောက်ပုံ ဖြစ်သည်။) သင်တို့အားလုံးသည် သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်။ သင်၏ အသိပညာ၊ အတွေ့အကြုံနှင့် စိတ်ကူးတို့ကို မျှဝေပြီး၊ မိတ်သဟာယ၌ မိမိတို့ကိုယ်ကိုယ် မည်သို့ ဖွင့်ချရမည်ဆိုသည်ကို သင်ယူလော့။ ထိုသို့ သင် လုပ်ဆောင်ပါက၊ သင်သည် သာ၍ သာ၍ ရရှိလိမ့်မည်ဖြစ်ပြီး၊ သာ၍ သာ၍ သိနားလည်လိမ့်မည်။ သင်တို့ထဲမှ အချို့သည် သင်တို့၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများနှင့် အသိပညာတို့ကို မျှဝေရုံမျှဝေပြီး၊ သင်တို့ အသီးသီးသည် ပြောရန် မတူကွဲပြားသည့်အရာ တစ်စုံတစ်ခု ရှိကြသည်။ တော်ကြပေ၏၊ သင်တို့အားလုံးသည် အလွန်လက်တွေ့ကျသည့် အရာတစ်ခုကို မျှဝေခဲ့ကြသည်။ သင်တို့၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင်၊ သင်တို့၏ တာဝန်များကို ထမ်းဆာင်သည့် လွန်ခဲ့သော နှစ်အနည်းငယ်တစ်လျှောက်၌ သင်တို့အားလုံး အရွယ်ရောက်ကြပြီးဖြစ်ကာ အသက်ဝင်ရောက်မှုအချို့ ရှိခဲ့ကြသည်။ သင်တို့သည် ဘုရားသခင်၌ ယုံကြည်မှု ကိစ္စနှင့် စပ်လျဉ်း၍ ရိုးရှင်းသည့် ကြေညာချက်များမျှ မဟုတ်ဘဲ၊ အသိပညာနှင့် အတွေ့အကြုံအချို့ ရှိကြပြီး၊ သင်တို့သည် အခြေခံအုတ်မြစ်ချခင်းထားပြီး ဖြစ်သည်။ ဤသည်မှာ အတိုင်းထက်အလွန်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မခက်ခဲသည့်ပုံရသည်။ အကြင်သူသည် ရိုးသားစစ်မှန်သရွေ့၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး၊ ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သရွေ့၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ၎င်းတို့ ဖြည့်ဆည်းနိုင်ကြလိမ့်မည်။ နိဂုံးအနေဖြင့်၊ ဘုရားသခင်၌ သင်တို့၏ ယုံကြည်ခြင်းတွင် အခြားအရာအားလုံးထက် သင်တို့ နားလည်သင့်သည့် အချက်တစ်ချက် ရှိသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏နာမတော်ကို ယုံကြည်ခြင်းသက်သက်သာ မဟုတ်ဘဲ၊ သင့်စိတ်ကူးရှိ မရေရာသော ဘုရားသခင်ကို ယုံကြည်ခြင်း သာ၍ပင် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ ဘုရားသခင်သည် လက်တွေ့ကျကြောင်းကို သင်ယုံကြည်ရမည်ဖြစ်ကြောင်း၊ ဘုရားသခင်၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ ထို့ပြင် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သင်ယုံကြည်သင့်ကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်ကိုလည်းကောင်း၊ သင်၏ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်ကိုလည်းကောင်း သင်ယုံကြည်ရမည်ဖြစ်ကြောင်း ဆိုလိုသည်။ ဤသို့ဆိုလျှင် ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လူတို့အနေဖြင့် ယင်းကို ဧကန်စင်စစ် ပူးပေါင်းဆောင်ရွက်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်သည်ဟု မဆိုလိုသလော။ သာဓကအားဖြင့် အချို့လူများသည် အကြိုက်မတွေ့သော အခြေအနေတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် အခြားသူများကို စတင်၍ စောဒကတက်ပြီး အပြစ်တင်ကြသည်။ ၎င်းတို့လုပ်ဆောင်မှုကြောင့် ၎င်းတို့အပေါ် ဤအခြေအနေ ဖြစ်ပျက်ရခြင်းဖြစ်နိုင်သည်ဟု မည်သည့်အခါမျှ စဉ်းစားဆင်ခြင်ခြင်း မရှိဘဲ ထိုအစား အခြားသူတစ်ဦးအပေါ်ကို အစဉ်သဖြင့် ခေါင်းပုံချကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ကျေနပ်ရောင့်ရဲမှုကို ခံစားရကာ စိတ်အေးသွားကြပြီး “ပြဿနာ ပြေလည်သွားပြီဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်းပြီး လွယ်ကူသည်” ဟု တွေးထင်ကြသည်။ ပြဿနာများကို ဤနည်းဖြင့် ဖြေရှင်းခြင်းအား သင်မည်ကဲ့သို့သဘောရသနည်း။ ဤနည်းကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် သမ္မာတရားကို ရနိုင်သလော။ ထိုအရာက ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းသဘောထားကို ပြသလော။ ထိုသို့သောလူများက မည်သည့်ရှုထောင့်နှင့် မည်သည့်နည်းလမ်းများဖြင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ “ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကိုင်စွဲ၏၊ ဖြစ်ရပ်ခပ်သိမ်းနှင့် အရာခပ်သိမ်းတို့သည် သူ၏လက်တော်၌ ရှိ၏” ဟူသော နှုတ်ကပတ်တော်များကို ၎င်းတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာ၌ ကျင့်သုံးထားသလော။ ၎င်းတို့သည် လူ့ဉာဏ်ကို အသုံးပြု၍ ပြဿနာကို ခွဲခြမ်းစိတ်ဖြာကြသောအခါ၊ လူ့နည်းလမ်းများဖြင့် ကိစ္စရပ်ကို ဖော်ပြဆွေးနွေးကြသောအခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ ယုံကြည်နေကြသလော။ လူများ၊ ဖြစ်ရပ်များနှင့် အခြင်းအရာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံမှုတို့ကို ၎င်းတို့နာခံနေကြသလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ပထမအနေဖြင့် ၎င်းတို့သည် နာခံခြင်းမရှိကြ။ ဤသည်မှာ အမှားတစ်ခုဖြစ်နှင့်ပြီးဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ပေးသော အခြေအနေအပြင် လူများ၊ ဖြစ်ရပ်များနှင့် အခြင်းအရာများကို ဘုရားသခင်ထံမှ ၎င်းတို့လက်မခံနိုင်ကြ၊ ၎င်းတို့သည် အပေါ်ယံကိုကျော်၍ မကြည့်ကြ။ အခြေအနေက အပြင်ပန်းအားဖြင့် မည်သို့ပုံပေါ်သည်ကိုသာ ၎င်းတို့ကြည့်ကြသည်၊ ထိုအချိန်တွင် လူ့ဉာဏ်ကိုအသုံးပြု၍ ယင်းအခြေအနေကို ခွဲခြမ်းစိတ်ဖြာကြပြီး လူ့နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးစားကြသည်။ ဤသည်မှာ နောက်ထပ် အမှားတစ်ခုမဟုတ်သလော။ ယင်းက အမှားကြီးပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သို့လျှင် ထိုသို့ဖြစ်ရသနည်း။ အရာခပ်သိမ်းအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲသည်ကို ၎င်းတို့မယုံကြပေ။ အရာရာသည် အလျင်းသင့်သလို ဖြစ်ပျက်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ အမှုအရာတစ်ခုကိုမျှ ဘုရားသခင် မအုပ်စိုးသကဲ့သို့ လူသား၏ လုပ်ရပ်များကြောင့် အမှုအရာအများစု ဖြစ်ပျက်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရရှိရသနည်း။ ဘုရားသခင်က အရာရာအပေါ် အချုပ်အခြာအာဏာကိုင်စွဲကြောင်း ၎င်းတို့ မယုံကြည်ကြချေ။ ဘုရားသခင်သည် ကိစ္စရပ်များအားလုံးနှင့် အရာဝတ္ထုအားလုံးအပေါ် အချုပ်အခြာအာဏာကိုင်စွဲကြောင်း၊ အခြေအနေတိုင်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲကြောင်း ၎င်းတို့ မယုံကြည်ကြချေ။ မိမိတို့ စိတ်ကူးသည့်အတိုင်း တစ်စုံတစ်ရာမဖြစ်လျှင်၊ ယင်းကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြချေ။ ဤအခြေအနေများကို ဘုရားသခင် စီစဉ်ညွှန်ကြားနိုင်သည်ကို ၎င်းတို့ မယုံကြည်ကြချေ။ ဘုရားသခင်ကို ၎င်းတို့ မမြင်နိုင်သောကြောင့်၊ ဤအခြေအနေများသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းထက် လူတို့လုပ်ရပ်များ၏ အကျိုးဆက်တစ်ခုအဖြစ် အလျင်းသင့်သလို ဖြစ်ပျက်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ကြချေ။ ဤသို့ဆိုလျှင် ၎င်းတို့၏ ယုံကြည်မှု အနှစ်သာရသည် အဘယ်နည်း။ (သူတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။) မှန်ပေ၏၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ မယုံကြည်သူများသည် ဘုရားသခင်ထံမှ မည်သည့်အရာမျှ လက်မခံကြချေ။ ထိုအစား၊ လူသား ရှုထောင့်အမြင်များ၊ ဉာဏ်များနှင့် နည်းစနစ်များကို သုံးလျက် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ အပြုအမူ ဖြစ်သည်။ အနာဂတ်၌ ဤကဲ့သို့သောလူစားမျိုးနှင့် သင်တို့ကြုံဆုံရသောအခါ ၎င်းတို့နှင့်ပတ်သက်၍ ထိုးထွင်းသိမြင်မှု တစ်ခုခု သင်တို့၌ စတင်ပြီးရှိသင့်သည်။ အကြောင်းအခြင်းအရာများ ပေါ်ပေါက်လာသောအခါ မယုံကြည်သူများသည် ၎င်းတို့၏ဦးနှောက်များကို အသုံးချခြင်းနှင့် စိတ်ကူးများ ထုတ်ကြခြင်းအရာ၌ ကျွမ်းကျင်ကြ၏၊ ၎င်းတို့သည် လက်ရှိကိစ္စရပ်ကို အစဉ်တစိုက် လေ့လာကြပြီး လူ့နည်းလမ်းများကို သုံးလျက် ထိုအရာကို ဖြေရှင်းရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်က သမ္မာတရား ဖြစ်ကြောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာက အရာရာကို လွှမ်းခြုံကြောင်း မယုံကြည်ဘဲ၊ လူ့တွေးခေါ်မျှော်မြင်မှုနှင့် စာတန်ဆန်သော အတွေးအခေါ်များ သုံးလျက်၊ သို့မဟုတ် ဥပဒေအရ လူများနှင့် အမှုအရာများကို အမြဲ ရှုမြင်ကြသည်။ ဖြစ်ပျက်သမျှတိုင်းကို ဘုရားသခင်က ခွင့်ပြုထားခြင်းဖြစ်သော်လည်း မယုံကြည်သူများသည် ဘုရားသခင်ထံမှ ဤအရာများကို လက်မခံနိုင်ကြသကဲ့သို့၊ လူသားအယူအဆများနှင့် စိတ်ကူးများအရ အမှုအရာများကို အမြဲ ရှုမြင်ကြသည်။ လူတစ်ဦး၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တွင်ရှိကြောင်းနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် လိုလားလျက်ရှိကြကြောင်း မယုံကြည်သူများက ပုံမှန်အားဖြင့် ပြောဆိုကြသော်လည်း၊ အမှုအရာများက ၎င်းတို့အပေါ် အမှန်တကယ် ကျရောက်သည့်အခါ၊ ထိုအရာများကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြသကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ကြလေသည်။ ဤသည်မှာ မယုံကြည်သူများ၏ အပြုအမူ ဖြစ်သည်။ သင်တို့၏ ဘဝတွင် ဤသို့သော လူတစ်ဦးတလေ ရှိသလော။ သင်တို့ကိုယ်တိုင်သည်လည်း ဤသို့ ပြုမူကြဖူးသလော။ (ပြုမူဖူးပါသည်။) သင်တို့သည် မယုံကြည်သူများကဲ့သို့ ပြုမူကြသော်လည်း၊ အမှန်တကယ် မယုံကြည်သူများ ဖြစ်ကြသလော။ ဘုရားသခင်သည် အရာရာအပေါ် အချုပ်အခြာအာဏာရှိသည်ဟု သင်တို့ ယုံကြည်ကြသလော။ လူတိုင်း၊ ကိစ္စရပ်၊ အမှုအရာနှင့် အခြေအနေတိုင်းသည် ဘုရားသခင်၏ လက်တွင်ရှိသည့်အချက်ကို သင်တို့ အသိအမှတ်ပြုကြသလော။ ဘုရားသခင်ထံမှ အမှုအရာမည်မျှကို သင်တို့ လက်ခံနိုင်ကြသနည်း။ လူသား နည်းစနစ်များကို အသုံးပြုလျက် ကိစ္စရပ်များမည်မျှ သင်တို့ ဖြေရှင်းပြီးပြီနည်း။ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း ဘယ်နှစ်ကြိမ်မျှ သင်တို့ အသက်ရှင်ကြသနည်း။ ဘုရားသခင်ကို ဘယ်နှစ်ကြိမ်မျှ သင်တို့ ကျိုးနွံနာခံနိုင်ကြသနည်း။ ဤမေးခွန်းများနှင့် ပတ်သက်၍ တွေးဆလော့၊ ယင်းတို့အဖို့ အဖြေများကို သင်တို့ စိတ်နှလုံးတွင် ဧကန်မုချ သင်တို့ သိကြ၏။ ဘုရားသခင်ထံမှ အမှုအရာများကို လက်ခံရန် လွယ်ကူသလော။ (မိမိစိတ်အတွင်းတွင် ကြိုးပမ်းရခြင်းတစ်ခု ရှိလိမ့်မည်။) ကြိုးပမ်းရခြင်းတစ်ခုရှိမည်မှာ မှန်ကန်သော်လည်း၊ ထိုကြိုးပမ်းမှု၏ ရလဒ်မှာ အဘယ်နည်း။ အောင်မြင်မှုလော၊ ကျရှုံးမှုလော။ (တစ်ခါတစ်ရံ ကျရှုံးမှု၊ တစ်ခါတစ်ရံ အောင်မြင်မှု ဖြစ်သည်။) ထိုကျရှုံးမှုနှင့် အောင်မြင်မှုက ညီမျှနေပါက၊ သင်တို့အတွက် မျှော်လင့်ချက် ရှိသေး၏၊ သို့သော် သင်တို့သည် မကြာခဏ ကျရှုံးပြီး၊ အောင်မြင်ခဲပါက၊ ယင်းမှာ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦးမဟုတ်ကြောင်း သက်သေပြပေသည်။ ကျရှုံးမှုသည် ပုံမှန်ဖြစ်၏၊ ကျရှုံးမှုကို မကြောက်နှင့်၊ စိတ်မပျက်နှင့်၊ အပျက်သဘောဆောင်မလာနှင့်၊ သို့မဟုတ် လက်မလျှော့နှင့်၊ ပြီးလျှင် ဆက်ကြိုးစားလော့။ ကျရှုံးမှုသည် မကောင်းသည့်အရာတစ်ခု မဟုတ်။ လူတို့သည် အနည်းဆုံးအနေဖြင့်၊ ကျရှုံးမှုမှ အကျိုးခံစားနိုင်သည်၊ ယင်းမှာ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။