သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏ (အပိုင်း နှစ်)

သမ္မာတရားကို လူတို့ ရရှိခြင်းဖြစ်စဉ်မှာ ရဲရင့်သော စစ်သည်တော်တစ်ဦးသည် ရန်သူမျိုးစုံကို အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်လျက် စစ်မြေပြင်သို့ ခြေလှမ်းနေသကဲ့သို့ ဖြစ်သည်။ သမ္မာတရား လိုက်စားသူတို့၏ ရန်သူများမှာ စာတန်၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ဖြစ်သည်။ ဤလူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသည့် ဇာတိပကတိနှင့် တိုက်ခိုက်နေကြသည်။ အနှစ်သာရအားဖြင့်၊ ၎င်းတို့သည် စာတန်နှင့် စစ်ဆင်နွဲနေကြခြင်း ဖြစ်သည်။ ပြီးလျှင် စာတန်နှင့် တိုက်ခိုက်ရန် မည်သည့်လက်နက်ကို အသုံးပြုသနည်း။ သမ္မာတရားဖြစ်သည်မှာ၊ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်းဖြစ်သည်မှာ အမှန်ဖြစ်၏။ စာတန်ကို အနိုင်ယူရန်၊ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ဦးစွာပထမ လက်တွေ့လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဤသည်မှာ စာတန်နှင့် စစ်ဆင်နွဲသည့်အခါ အကြင်သူ ပထမဦးစွာ ဝင်ရောက်ရမည့် သင်ခန်းစာ ဖြစ်သည်။ သင့်အပေါ် ကျရောက်သည့် အရာများကို ဘုရားသခင်ထံမှ သင် လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ကျိုးနွံနာခံနိုင်မည်မဟုတ်၊ ထို့ကြောင့် သင်သည် ဆုတောင်းရန် သို့မဟုတ် သမ္မာတရားကို ရှာဖွေရန် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စေနိုင်မည်မဟုတ်ချေ။ ဘုရားသခင်ကို သင် ဆုမတောင်းနိုင်၊ သမ္မာတရားကို မရှာဖွေနိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်မည်မဟုတ်၊ သို့မဟုတ် သင့်ကို ထိုလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ဘုရားသခင်က ထိုအခြေအနေများတွင် ထားရှိမည့် အကြောင်းအရင်းကို နားလည်လိမ့်မည် မဟုတ်၊ ရှုပ်ထွေးမှုတွင် နွံနစ်လိမ့်မည်။ သမ္မာတရားကို သင် မရှာဖွေနိုင်ပါက၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် မကျော်လွှားနိုင်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိကို အနိုင်ယူခြင်းအားဖြင့်သာ၊ ဝိညာဉ်ရေးရာနယ်ပယ်၏ စာတန်နှင့် နတ်ဆိုးများကို သင် အရှက်ရစေနိုင်သည်။ စာတန်ကို စစ်ဆင်နွဲခြင်းသည် သမ္မာတရားကို ရှာဖွေခြင်းအပေါ် အဓိကအားဖြင့် မူတည်သည်။ သမ္မာတရားကို သင် နားမလည်ပါက၊ သင့်အထဲတွင် ဖြစ်ပေါ်သည့် ပြဿနာ သို့မဟုတ် အယူအဆတစ်ခုတလေက သင့်ကို အားနည်းပြီး အပျက်သဘောဆောင်စေနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြခြင်းများကို မည်သည့်အခါတွင်မျှ မဖြေရှင်းပါက၊ သင်သည် လဲကျပြီး ကျရှုံးဖို့ ဖြစ်နိုင်ဖွယ်ရှိပြီး တစ်ဖန်ထရပ်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ အချို့သည် စုံစမ်းနှောင့်ယှက်မှုများ ကြုံရသည့်အခါ ခလုတ်တိုက်လဲကြသည်၊ အချို့မှာ စိတ်မချမ်းသာစရာ ရောဂါတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ အပျက်သဘောဆောင်လာကြပြီး အချို့မှာ စမ်းသပ်စစ်ဆေးမှုတစ်ခုနှင့် ကြုံရသည့်အခါ သိသိသာသာ ပြိုလဲကျကြသည်။ ဤသည်တို့မှာ သမ္မာတရား လုံးဝ မလိုက်စားခြင်းနှင့် မိမိထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားအား မရှာဖွေခြင်း၏ အကျိုးဆက်များ ဖြစ်သည်။ သင်တို့ အဘယ်အရာကို တွေးထင်ကြသနည်း။ စာတန်ဆန်သော စိတ်သဘောထားသည် လူတို့ကို ပြဿနာများစွာ ဖြစ်စေသလော။ (ဖြစ်စေပါသည်။) ပြဿနာမည်မျှ ဖြစ်စေသနည်း။ (လူတို့အား ဘုရားသခင်ရှေ့မှောက်မလာအောင် တားဆီးပြီး ဘုရားသခင်ကို မကျိုးနွံမနာခံနိုင်အောင် ဖြစ်စေပါသည်။) လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ မည်သည့်အရာအားဖြင့် အသက်ရှင်ကြလိမ့်မည်နည်း။ (၎င်းတို့သည် စာတန်ဆန်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြလိမ့်မည်။) လူတို့သည် စာတန်ဆန်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြသည့်အခါ၊ အယူအဆများကို မကြာခဏ ထုတ်ဖော်ပြကြပြီး စိတ်မြန်လက်မြန် ဖြစ်လာကြသည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ရာကို သင် တလွဲလုပ်မိပြီး၊ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက သင့်ကို ဖော်ထုတ်ပါက၊ သို့မဟုတ် ပြုပြင်ပါက၊ သင်သည် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံပြီး သမ္မာတရားကို ရှာဖွေသင့်သနည်း။ ဤနေရာတွင် သင်ယူရမည့် သင်ခန်းစာတစ်ခုရှိသည်။ သင်က၊ “ထိုလူသည် ငါ့ကို ထုံးစံအတိုင်း အထင်သေးပြီး၊ ငါ့ကို ဆန့်ကျင်အသုံးပြုရန် တစ်စုံတစ်ရာကို သူတို့ ရှာတွေ့ကြလေပြီ။ သူတို့သည် ငါ့ကို ပစ်မှတ်ထားနေကြသည်။ ထို့ကြောင့် ငါ သဘောကောင်းပြမည်မဟုတ်။ ငါ့ကို လာထိလို့မရပါ”ဟု တွေးလျက် ဤအရာနှင့်ပတ်သက်၍သင် စတင်တွေးဆကောင်းတွေးဆနိုင်သည်။ ဤသည်မှာ စိတ်မြန်လက်မြန်ဖြစ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) စိတ်မြန်လက်မြန်ဖြစ်ခြင်းဆိုသည်မှာ အဘယ်နည်း။ (မိမိတို့၏ အကျိုးစီးပွားများ ထိခိုက်သည့်အခါ သို့မဟုတ် မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းများ ထိခိုက်နစ်နာသည့်အခါ လူတစ်ဦး၏ စာတန်ဆန်သော စိတ်သဘောထားများ ပေါက်ကွဲထွက်လာပြီး၊ တစ်စုံတစ်ခုကို စိတ်လိုက်မာန်ပါပြောသည့်အခါ၊ လုပ်သည့်အခါတွင် ဖြစ်သည်။ ယင်းမှာ စိတ်မြန်လက်မြန်ဖြစ်ခြင်းက မည်သည့်အရာဆိုလိုသည်ဆိုသည့်အပေါ် ကျွန်ုပ်၏ သိနားလည်မှု ဖြစ်သည်။) ယင်းသိနားလည်မှုသည် အခြေခံအားဖြင့် မှန်ကန်၏။ ယင်းကို မည်သူက ဖြည့်စွက်နိုင်သနည်း။ (လူတစ်ဦးထံ တစ်စုံတစ်ရာ ကျရောက်ပြီး၊ ထိုသူက သမ္မာတရားကို မရှာဖွေဘဲ၊ ထိုအစား သူ့စိတ်အတွင်းရှိ သဘာဝအလျောက် တည်ရှိသည့်အရာများကို လွှတ်ထုတ်သည့်အခါတွင်၊ ယင်းမှာ စိတ်မြန်လက်မြန် ဖြစ်ခြင်း ဖြစ်သည်။) သူမအသုံးပြုသည့် “သဘာဝအလျောက်” ဟူသည့် စကားလုံးမှာ အလွန်ဆီလျော်၏။ လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့်နောက်တွင်၊ ၎င်းတို့၏ တကယ့်ရင်းမြစ်မှလာသည့် ၎င်းတို့၏ သဘာဝအကျဆုံး၊ ရှေးအကျဆုံးသော စိတ်သဘောထား ဖော်ထုတ်ခံရသည့်အခါ၊ ယင်းကို စိတ်မြန်လက်မြန်ဖြစ်ခြင်းဟု ခေါ်သည်။ ယင်းသည် အတွေး၊ စိတ်နှင့်ဆိုင်သော လုပ်ငန်းစဉ်၊ တွေးဆခြင်း သို့မဟုတ် ပြရုပ်တင်ခြင်းကို ဖြတ်သန်းခြင်းမရှိဘဲ၊ ဤအတိုင်း ထွက်လာသည့်အရာဖြစ်ပေသည်။ ယင်းမှာ စိတ်မြန်လက်မြန်ဖြစ်ခြင်း ဖြစ်သည်။ စိတ်မြန်လက်မြန်ဖြစ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း အသက်ရှင်သော လူများထံမှ ပွင့်ထွက်လာသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် လူ၏ သဘာဝမှ အလိုအလျောက် ထုတ်ဖော်ပြသည့် အရာများသည် အဘယ်ကြောင့် သမ္မာတရားနှင့် မကိုက်ညီပါသနည်း။ လူတို့သည် အဘယ်ကြောင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းကို ထုတ်ဖော်ပြကြသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းကို လူ၏ စာတန်ဆန်သော သဘာဝက ဖြစ်စေပေသည်။ လူ၏ မွေးရာပါ စိတ်သဘောထားသည် စိတ်မြန်လက်မြန်ဖြစ်ခြင်းနှင့် သက်ဆိုင်သည်။ လူတစ်ဦး၏ အကျိုးစီးပွားများ၊ ဝင့်ကြွားခြင်း၊ သို့မဟုတ် မာနတို့ ထိခိုက်နစ်နာသည့်အခါ၊ သူသည် သမ္မာတရားကို နားမလည်ပါက၊ သို့မဟုတ် သမ္မာတရားစစ်မှန်မှုမရှိပါက၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထိုထိခိုက်နစ်နာမှုအပေါ် မိမိ၏ သဘောထားအမြင်အား လမ်းညွှန်စေစားခွင့်ပေးလိမ့်မည်ဖြစ်ပြီး၊ သူသည် စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ကာ မဆင်မခြင် ပြုမူလိမ့်မည်။ ထိုအခါ ထိုသူ ထင်ရှားစေပြီး၊ ထုတ်ဖော်ပြသည့်အရာသည် စိတ်မြန်လက်မြန်ဖြစ်ခြင်း ဖြစ်သည်။ စိတ်မြန်လက်မြန်ဖြစ်ခြင်းသည် အပြုသဘောဆောင်သည့်အရာလော၊ အပျက်သဘောဆောင်သည့်အရာလော။ အပျက်သဘောဆောင်သည့်အရာဖြစ်သည်မှာ သိသာ၏။ လူတစ်ဦးအတွက် စိတ်မြန်လက်မြန်ဖြစ်သည့် ပုံစံဖြင့် အသက်ရှင်ရန်မှာ ကောင်းသည့်အရာ မဟုတ်ပေ။ ဘေးအန္တရာယ် ဆောင်ကြဉ်းဖွယ်ရှိသည်။ တစ်စုံတစ်ယောက်သည် အမှုအရာများ မိမိအပေါ် ကျရောက်သည့်အခါ စိတ်မြန်လက်မြန်ဖြစ်ခြင်းက ပေါ်လွင်လျှင်၊ ထိုလူသည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောလူတစ်ဦး ဖြစ်ပါသလော။ သိသာစွာပင် ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို မကျိုးနွံမနာခံသည်မှာ သေချာ၏။ လူတို့အတွက် ဘုရားသခင် စီစဉ်သည့် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များအတွက်မူ၊ တစ်စုံတစ်ဦးသည် ယင်းတို့ကို ဘုရားသခင်ထံမှ လက်မခံနိုင်ဘဲ၊ ထိုအစား လူ့နည်းလမ်းတစ်ခုဖြင့် ယင်းတို့ကို ဆောင်ရွက်ပြီး ဖြေရှင်းပါက၊ အဆုံးတွင် ယင်းမှ မည်သည့်အကျိုးဆက်ဖြစ်လိမ့်မည်နည်း။ (ဘုရားသခင်သည် ထိုလူကို ပစ်ပယ်လိမ့်မည်။) ဘုရားသခင်သည် ထိုသူကို ရွံရှာလိမ့်မည်။ ထို့ကြောင့် ယင်းသည် လူတို့အတွက် တည်ဆောက်စရာ ဖြစ်လိမ့်မည်လော။ (ဖြစ်မည်မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့ဘဝတွင် အခွင့်အရေး ဆုံးရှုံးရလိမ့်မည်ဖြစ်သည်သာမက၊ အခြားသူများအတွက်လည်း တည်ဆောက်စရာဖြစ်လိမ့်မည်မဟုတ်။ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် ဘုရားသခင်ကို အရှက်ရစေပြီး၊ ၎င်းတို့ကို ပစ်ပယ်စေလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် မိမိတို့၏ သက်သေကို ဆုံးရှုံးပြီး သွားသည့်နေရာတိုင်းတွင် ကြိုဆိုခြင်း မခံရပေ။ သင်သည် ဘုရားအိမ်တော်သားတစ်ဦးဖြစ်သည့်တိုင်၊ သင်၏ လုပ်ရပ်များတွင် အမြဲ စိတ်မြန်လက်မြန်ဖြစ်ပါက၊ အမှုအရာများကို လူ့နည်းလမ်းနှင့် ဖောက်ပြန်ပျက်စီး၊ စာတန်ဆန်သော စိတ်သဘောထားဖြင့် လုပ်ဆောင်လျက်၊ သင့်အထဲရှိ ပင်ကိုဖြစ်သောအရာကို အမြဲ ဖော်ထုတ်ပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမြဲ ထုတ်ဖော်ပြပါက၊ နောက်ဆုံး အကျိုးဆက်မှာ သင်သည် မကောင်းမှုကို လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်လိမ့်မည်။ ပြီးလျှင် တစ်ချိန်လုံး သင် နောင်တမရဘဲရှိနေပြီး၊ သမ္မာတရား လိုက်စားသည့်လမ်းကြောင်းပေါ် နင်းမလျှောက်နိုင်ဖြစ်ပါက၊ သင်သည် ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ထိုအရာကို ဖြေရှင်းရန် စာတန်ဆန်သော စိတ်သဘောထားကို အားထားခြင်းဖြင့်အသက်ရှင်ခြင်းနှင့် သမ္မာတရား မရှာဖွေခြင်း၏ ပြဿနာသည် ကြီးလေးသည့် ပြဿနာတစ်ခု မဟုတ်လော။ ပြဿနာ၏ သွင်ပြင်လက္ခဏာတစ်ခုမှာ အကြင်သူသည် မိမိကိုယ်ပိုင် ဘဝတွင် တိုးတက်ခြင်းမရှိ၊ ပြောင်းလဲခြင်း မရှိပေ၊ ထို့အပြင်၊ အကြင်သူသည် အခြားသူများကို ဆိုးဆိုးရွားရွား လွှမ်းမိုးလိမ့်မည်။ အသင်းတော်တွင် မည်သည့်ရည်ရွယ်ချက်ကောင်းကိုမျှ ၎င်းတို့ ဆောင်ရွက်လိမ့်မည်မဟုတ်သကဲ့သို့၊ မနှစ်မြို့ခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို ဖိတ်ခေါ်လျက် ထမင်းစားပွဲပေါ်တွင် တုံ့ပြန်လူးလာ ပျံသန်းနေသည့် နံစော်သော ယင်ကောင်တစ်ကောင်ကဲ့သို့ အသင်းတော်နှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ထံ ကြီးမားသည့် ဒုက္ခပြဿနာကို ဆောင်ကြဉ်းလိမ့်မည်။ သင်တို့သည် ဤလူစားမျိုး ဖြစ်ချင်ကြသလော။ (မဖြစ်ချင်ပါ။) ကောင်းပြီ၊ သို့ဆိုလျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်နှင့် အခြားသူများကို တည်ဆောက်ပေးရန် သင်တို့သည် မည်သို့ ပြုမူသင့်ကြသနည်း။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ထုတ်ဖော်ပြပြီးသည်ဖြစ်စေ၊ သင်သည် ဦးစွာပထမ မိမိကိုယ်ကိုယ် တည်ငြိမ်စေရမည်၊ ဆုတောင်းခြင်းဖြင့် ဘုရားရှေ့မှောက်သို့ အမြန်လာပြီး ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်။ သင်၏ ကိုယ်ပိုင် အလိုဆန္ဒနှင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းနောက်လိုက်လျှောက်လျက် ဖောက်ပြန်ပျက်စီးခြင်းကို သင် လုံးဝ ဆက်လက် မထုတ်ဖော်ပြရပေ။ သင့်ဘဝ၏ နေ့ရက်၊ မိနစ်၊ စက္ကန့်တိုင်းတွင်၊ မည်သည့်အရာကို သင် လုပ်ဆောင်ပြီး မည်သည့်အရာကို သင် စဉ်းစားပါစေ၊ ဘုရားသခင်သည် သင့်ကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကာ စောင့်ကြည့်နေသည်။ မည်သည့်အရာကို ဘုရားသခင်က စောင့်ကြည့်လေ့လာနေသနည်း။ (ဘုရားသခင်က ၎င်းတို့အတွက် စီစဉ်ပြီးဖြစ်သည့် လူများ၊ ဖြစ်ရပ်များ သို့မဟုတ် အမှုအရာများကို ကြုံရသည့်အခါ လူတစ်ဦးက မည်သည့်အရာကို စဉ်းစားပြီး မည်သို့ တုံ့ပြန်သည်ဆိုသည်ကိုဖြစ်သည်။) မှန်ပေ၏၊ ပြီးလျှင် ဤအရာများကို စောင့်ကြည့်လေ့လာရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ဤလူသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူဟုတ်မဟုတ်ကို ကြည့်ရန် ဖြစ်သည်။) ယင်းသည် အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ ဤအရာနှင့် ပတ်သက်၍ သေချာတွေးဆလော့။ (၎င်းတို့တွင် သမ္မာတရား ရှာဖွေခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စိတ်နှလုံးရှိသလောဆိုသည်ကို ကြည့်ရန်ဖြစ်သည်။) ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးရှိခြင်းဖြစ်စေ၊ ဤအရာအားလုံးသည် အကြင်သူက လျှောက်လှမ်းရန် မည်သည့်လမ်းကြောင်းရွေးချယ်သည်ဆိုသည့် မေးခွန်းနှင့် သက်ဆိုင်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို စဉ်ဆက်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသနည်း။ မည်သည့် လမ်းကြောင်းမျိုးကို သင် လျှောက်လှမ်းနေသည်၊ သင်၏ ဘဝရည်မှန်းချက်များနှင့် ဦးတည်ချက်တို့က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို သင် ရွေးချယ်ခြင်းရှိမရှိ၊ သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲတို့၏ လမ်းကြောင်းကို ရွေးချယ်ပြီးခြင်းရှိမရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ ဤလမ်းကြောင်းများထဲမှ မည်သည့်လမ်းကြောင်းပေါ် သင် အတိအကျရှိသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ပြီးဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို လမ်းပြလိမ့်မည်၊ ဉာဏ်အလင်းပေးလိမ့်မည်၊ ထောက်ပံ့ကာ ပံ့ပိုးပေးလိမ့်မည်။ မှားယွင်းသည့် လမ်းကို သင် ရွေးပြီးဖြစ်ပါက၊ သင်သည် ဘုရားသခင်ကို လုံးဝ ကျောခိုင်းပြီးဖြစ်သည်ကို ပြသသောကြောင့်၊ သူသည် သင့်ကို အလိုအလျောက် စွန့်ပစ်လိမ့်မည်။

စကားများနှင့် အယူဝါဒများကို အမြဲ ဟောပြီး မိမိတို့ လုပ်သမျှတိုင်းတွင် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ကာ ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေသည့် အရာများကိုပင် လုပ်ဆောင်သည့် လူများရှိသော်လည်း ၎င်းတို့သည် အဘယ်ကြောင့် ဆုံးမပဲ့ပြင်ခြင်း၊ သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်း မခံရသနည်း။ လူအချို့သည် ဤပြဿနာကို နားမလည်နိုင်ကြချေ။ သင်တို့ကို ငါ ပြောပါရစေ၊ ဤသို့သော လူများနှင့် ပတ်သက်၍ ဘုရားသခင်က လက်လျှော့နှင့်ပြီး ဖြစ်သည်။ လူတစ်ဦးသည် နှစ်ပေါင်းမည်မျှ ယုံကြည်သူတစ်ဦး ဖြစ်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်က ဤလူကို စွန့်ပစ်ရန် ဆုံးဖြတ်ပါက၊ ယင်းသည် စိုးရိမ်ဖွယ်ရာ ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်သည်။ လူတို့လျှောက်လှမ်းမည်ဟု ဘုရားသခင် မျှော်လင့်သည့် လမ်းကြောင်းမျိုးနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်ဆန္ဒသည် မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်က လူတို့ကို အချို့သော အခြေအနေများတွင် ထားရှိသည့်အခါ၊ ၎င်းတို့ ကျိုးနွံနာခံလိမ့်မည်ဟု မျှော်လင့်သလော၊ သို့မဟုတ် ပုန်ကန်လိမ့်မည်ဟု မျှော်လင့်သလော။ သမ္မာတရားကို ၎င်းတို့ ရှာဖွေကာ ရရှိလိမ့်မည်ဟု သူ မျှော်လင့်သလော၊ သို့မဟုတ် လျစ်လျူရှုပြီး၊ လုံးဝဥဿုံရပ်လိုက်မည်ကို သူ မျှော်လင့်သလော။ ဤအရာအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ လူတို့အပေါ် မည်သည့်အရာကို သူ မျှော်လင့်သနည်း။ ၎င်းတို့အနေဖြင့် အပျက်သဘောဆောင်ခြင်း၊ အချောင်ခိုခြင်း၊ သို့မဟုတ် လျစ်လျူရှုခြင်းမရှိဘဲ ကျိုးနွံနာခံကာ သူ၏ အမှုတော်ကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု သူ မျှော်လင့်၏။ လူအချို့သည် မိမိတို့တာဝန်များတွင် ဟက်ဟက်ပက်ပက် မရှိကြချေ။ ၎င်းတို့ကို အလုပ်တာဝန်တစ်ခု အပေးခံရသည့်အခါ၊ သင့်တော်သည်ဟု ၎င်းတို့ မြင်သည့်အတိုင်း လုပ်ကြလိမ့်မည်ဖြစ်သော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာကြလိမ့်မည်မဟုတ်။ ဤနည်းလမ်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မမှားဟု ၎င်းတို့ ခံစားကြသည်။ ၎င်းတို့သည် မည်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကိုမျှ ချိုးဖောက်ခြင်းမရှိသည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည့်အတွက် သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း မရှိသကဲ့သို့ မိမိတို့တာဝန်ကို လုပ်ဆောင်နေကြဆဲ ဖြစ်သည့်အတွက်၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်ဟု ခံစားကြသည်။ ဤသဘောထားမျိုးကို သင် မည်သို့ တွေးထင်သနည်း။ (မကောင်းပါ။ ယင်းသည် ဘုရားသခင် အလွန်မုန်းတီးသည့် အပျက်သဘောဆောင်သော၊ မတက်ကြွသော၊ ဟက်ဟက်ပက်ပက်မရှိသော သဘောထားတစ်ခု ဖြစ်သည်။) ဟက်ဟက်ပက်ပက်မရှိသော သဘောထားဆိုသည်မှာအဘယ်နည်း။ အဘယ်ကြောင့် ဘုရားသခင်က အလွန်မုန်းတီးသနည်း။ ဤသဘောထားမျိုး၏ အနှစ်သာရမှာ အဘယ်နည်း။ (ဤအရာနှင့် သက်ဆိုင်၍ ကျွန်ုပ်၏ အတွေ့အကြုံ အနည်းငယ်ကို ကျွန်ုပ် မျှဝေပေးနိုင်ပါသည်။ လတ်တလော ကျွန်ုပ်၏ တာဝန်တွင်၊ ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်ပိုင် အလိုဆန္ဒနောက်လိုက်ကာ စည်းမျဉ်းများကို ချိုးဖောက်နေမိခဲ့သည်။ ပြုပြင်ခံရပြီးနောက်တွင်၊ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို အထင်လွဲကာ သတိထားခဲ့သည်။ ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်အဖို့ ပိတ်ထားခဲ့သည်။ သူနှင့် မရင်းနှီးချင်ခဲ့သကဲ့သို့ သူ့ထံ ဆုမတောင်းချင်ခဲ့ပါ။ ကျွန်ုပ်၏ သဘောထားသည် ဟက်ဟက်ပက်ပက်မရှိခဲ့သကဲ့သို့၊ ယင်းက ထိုအချိန်အတောအတွင်းတွင် ကျွန်ုပ်ကို အပျက်သဘောဆောင်စေခဲ့သည်၊ မတက်မကြွဖြစ်ပြီး စိတ်မချမ်းမြေ့ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်အဖို့ ပိတ်ထားလိုက်သည်နှင့်၊ ကျွန်ုပ်ဘဝ၏ အဓိကအကျဆုံး မဏ္ဍိုင်က တစ်စတစ်စနှင့် ပြိုလဲပျက်စီးသွားပြီး ကျွန်ုပ်သည် စိတ်မချမ်းမမြေ့ဖြစ်လျက် ကျန်ရစ်ခဲ့သည့်အလား ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ အပြင်ပန်းတွင်၊ သိသိသာသာ ပုန်ကန်သော အပြုအမူတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်နေပုံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်း မရရှိသကဲ့သို့၊ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သည့် တွေးခေါ်မှုအလေ့အထလည်း မရှိခဲ့ပါ။ ဤဟက်ဟက်ပက်ပက်မရှိသည့်၊ အပျက်သဘောဆောင်ပြီး မတက်ကြွသည့် သဘောထားကို ထိန်းသိမ်းခြင်းသည် မိမိကိုယ်ကိုယ် ဖြည်းညင်းစွာ သတ်ခြင်းနှင့် အတူတူပင်သည်။ ဘုရားသခင်ထံမှ လှည့်ထွက်သွားသူသည် အမြစ်များသေသည့် သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်သည်။ အသက်အထောက်အပံ့ ဖြတ်တောက်ခံရလျက်၊ အကိုင်းအခက်များနှင့် အရွက်များသည် သစ်ပင်တစ်ခုလုံး သေသည်အထိ တဖြည်းဖြည်း ခြောက်သွေ့ညိုးနွမ်းသွားကြသည်။) ယင်းမှာ ကောင်းစွာ ရှင်းပြထားပေသည်။ လူအများစုသည် ဤအခြေအနေတွင် ရှိကောင်းရှိနိုင်သည်။ ၎င်းတို့ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို ပြဿနာဖြစ်စေခြင်းမရှိဘဲ၊ သို့မဟုတ် မကောင်းမှုလုပ်ဆောင်ခြင်း သို့မဟုတ် အမှုအရာများကို နှောင့်ယှက်ခြင်းမရှိဘဲ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဟက်ဟက်ပက်ပက် မရှိကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤသဘောထားမျိုးကို အလွန်မုန်းတီးသနည်း။ ထိုသို့သော သဘောထားက ပြသသည့် အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် အပျက်သဘောဆောင်ခြင်း၊ အာခံပြီး သမ္မာတရားကို ငြင်းပယ်ခြင်း ဖြစ်သည်။ လူတို့ကို ဦးစွာ စွန့်လွှတ်သည်မှာ ဘုရားသခင်ဖြစ်သည်ဟု သင် ပြောမည်လော သို့မဟုတ် ဘုရားသခင်ကို ဦးစွာ စွန့်လွှတ်သူမှာ လူများဖြစ်သည်ဟု သင် ပြောမည်လော။ (လူက ဦးစွာစွန့်လွှတ်ပါသည်။) ဘုရားသခင်ကို ပထမဦးစွာ သင် စွန့်ပါက၊ သင့်စိတ်နှလုံးသည် ဘုရားသခင်အတွက် ပိတ်ဆို့သွားပြီး ယင်းသည် ဆိုးရွားသည့် ပြဿနာတစ်ခု ဖြစ်သည်။ “ပိတ်ဆို့သွားခြင်း”သည် ထိုအရာကို ပြောသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ အမှန်တကယ် ဖြစ်သည့်အရာမှာ လူတို့သည် မိမိတို့စိတ်နှလုံးကို အဝင်အထွက်ပိတ်ထားခြင်း၊ ဘုရားသခင်ကို အပြင်တွင်ပိတ်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ၊ “ကျွန်ုပ် သင့်ကို မလိုချင်တော့ပါ။ သင်နှင့် ဆက်နွှယ်မှုအားလုံးကို ကျွန်ုပ် ဖြတ်တောက်ပြီး ကျွန်ုပ်တို့နှစ်ဦးကြား ဆက်သွယ်မှုအားလုံးကို အဆုံးသတ်နေသည်”ဟူ၍ ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးသည် မိမိ၏ ဖန်ဆင်းရှင်အပေါ် ဤသဘောထားမျိုးရှိသည့်အခါ၊ ဤအရာကို ဘုရားသခင်က မည်သို့ ကိုင်တွယ်သနည်း။ သူ၏ သဘောထားမှာ အဘယ်နည်း။ လူတို့ကို ထိုသို့သော အခြေအနေတွင် သူ မြင်သည့်အခါ၊ သူသည် ဝမ်းမြောက်သလော၊ အလွန်မုန်းတီးသလော၊ သို့မဟုတ် ဝမ်းနည်းသလော။ ပထမဦးစွာ၊ ဝမ်းနည်းမှု ခံစားရ၏။ လူတို့ အလွန် ထုံထိုင်းလာပြီး သမ္မာတရားကို လက်ခံရန် လုံးဝ လိုလားခြင်း မရှိသည်ကို သူ မြင်သည့်အခါ၊ ဘုရားသခင် စိတ်ပျက်ပြီးနောက် ၎င်းတို့ကို အလွန်မုန်းတီးသည်။ လူတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပိတ်ထားသည့်အခါ၊ ဤအရာကို သူ မည်သို့ ချဉ်းကပ်သနည်း။ (ဘုရားသခင်သည် မိမိရည်ရွယ်ချက်များကို သူတို့အား နားလည်ခွင့်ပေးပြီး သူတို့စိတ်နှလုံးကို မိမိထံ ဖွင့်ဟခွင့်ပေးသည့် အခြေအနေအချို့ကို စီစဉ်ညွှန်ကြားပါလိမ့်မည်။) ဟုတ်ပေသည်၊ ဤသည်မှာ ဘုရားသခင်၏ တက်ကြွသည့် ချဉ်းကပ်မှုများထဲမှ တစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ သူသည် အမှုအရာများကို ထိုသို့ လုပ်ဆောင်တတ်သော်လည်း၊ တစ်ခါတစ်ရံတွင် မလုပ်ဆောင်ပေ။ တစ်ခါတစ်ရံ သူသည် သင်၏ စိတ်နှလုံးကို သူ့ထံ ဖွင့်ဟသည်ကို စောင့်ဆိုင်းလျက် သူသည် မိမိမျက်နှာကို ကွယ်ဝှက်ပြီး သူ၏အချိန်ကို စောင့်လိမ့်မည်။ သင်သည် သင်၏ စိတ်နှလုံးထဲသို့ သူ့ကို ဝင်ခွင့်ပြုပြီးကာ သမ္မာတရားကို လက်ခံနိုင်သည့်အခါ၊ သူသည် သင့်အပေါ်သက်ညှာမှုရှိလိမ့်မည်ဖြစ်ပြီး သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ သို့ရာတွင်၊ ယေဘုယျအားဖြင့်၊ သင်သည် ဘုရားသခင်ထံမှ သင်၏ စိတ်နှလုံးကို အပြည့်အဝပိတ်ထားလျက်၊ သူနှင့် ပုံမှန် ဆက်ဆံရေးကို ငြင်းပယ်လျက်၊ သူနှင့် အဆက်အသွယ်အားလုံးကို ငြင်းပယ်လျက်၊ ဤသဘောထားမျိုးရှိပါက၊ သင့်အပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ လမ်းပြမှုကို သင် ငြင်းပယ်နေခြင်း ဖြစ်သည်။ ဤသည်မှာ သူ့ကို သင်၏ ဘုရားသခင်အဖြစ် ငြင်းပယ်ခြင်းနှင့် သင်၏ သခင်အဖြစ် သူ့ကို အလိုမရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။ သင်သည် သူ့ကို သင်၏ ဘုရားသခင်နှင့် သခင်အဖြစ် ငြင်းပယ်ပါက၊ သင့်အပေါ် သူ အမှုပြုနိုင်ဆဲ ဖြစ်သလော။ (မပြုနိုင်ပါ။) သို့ဆိုလျှင် သူ လုပ်နိုင်သမျှမှာ သင့်ကို စွန့်ပစ်ရန် ဖြစ်သည်။ ဖြစ်ပျက်သည့်အရာကို သင် နားလည်ပြီး သင့်နည်းလမ်းများ၏ အမှားကို သဘောပေါက်ကာ နောင်တရရန် သိရှိသည့်နောက်တွင်သာ၊ သင့်အပေါ် ဘုရားသခင် တစ်ဖန် စတင်အမှုပြုနိုင်သည်။ ထို့ကြောင့်၊ ဤသို့ ဟက်ဟက်ပက်ပက်မရှိသည့် သဘောထားနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်သည် မုချ အမှုပြုလိမ့်မည်မဟုတ်၊ ဤသို့သော လူများကို သူ ဘေးဖယ်ထားလိမ့်မည်။ ဤအရာနှင့် သက်ဆိုင်သည့် အတွေ့အကြုံတစ်ခုခု သင်တို့တွင် ရှိသလော။ ထိုသို့သောအခြေအနေသည် အေးချမ်းပြီး ဝမ်းမြောက်ဖွယ်ဖြစ်သလော သို့မဟုတ် မခံမရပ်နိုင်ဖြစ်ပြီး စိတ်မချမ်းမြေ့ဖွယ်ဖြစ်သလော။ (မခံမရပ်နိုင်ဖြစ်ပြီး စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်။) မည်သို့ စိတ်မချမ်းမြေ့ဖွယ် ဖြစ်သနည်း။ (လမ်းလျှောက်နေသည့် အလောင်းကောင်ဖြစ်နေသကဲ့သို့ ဖြစ်သည်။ သားရဲတစ်ကောင်ကဲ့သို့သော တွေးခေါ်မှုမရှိ၊ အသက်ဝိညာဉ်မရှိသည့် ဖြစ်တည်မှုတစ်ခုဖြစ်သည်။) ဘုရားသခင်သည် တစ်စုံတစ်ဦး၏ စိတ်နှလုံးတွင် မရှိပါက၊ သူ၏ စိတ်နှလုံးသည် ဗလာနတ္တိ ဖြစ်သည်။ ယင်းမှာ သူက စိတ်ဝိညာဉ်မရှိခြင်းနှင့် အတူတူပင် ဖြစ်သည်။ ဤသည်မှာ သူသည် ဝိညာဉ်မဲ့ လူသေတစ်ဦးဖြစ်လာပြီဟု ဆိုလိုသည် မဟုတ်လော။ ကြောက်လန့်ဖွယ်ရာပင်။ လူတစ်ဦးသည် ဘုရားသခင်ကို နေရာမရွေး၊ အချိန်မရွေး သစ္စာဖောက်နိုင်သည်။ အနည်းငယ် အမှုမဲ့အမှတ်မဲ့ဖြစ်ခြင်းဖြင့် သူ၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ငြင်းပယ်နိုင်သည်။ ထို့နောက်တွင် သူ၏ အခြေအနေက ချက်ချင်း ပြောင်းလဲသွားသည်။ သူ့စိတ်ဝိညာဉ်၏ အခြေအနေသည် ချက်ချင်း ဆုတ်ယုတ်သွားသည်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားရတော့သကဲ့သို့၊ ဘုရားသခင်အပေါ် သူ၏ မှီခိုမှုနှင့် သူနှင့် ဆက်ဆံရေးတို့သည် မခုန်တော့သည့် နှလုံးသားတစ်ခုကဲ့သို့ပင် လုံးဝ ပျောက်ကွယ်သွားသည်။ ဤသည်မှာ အန္တရာယ်များသော အခြေအနေတစ်ခု ဖြစ်သည်။ ထိုသို့သော အခြေအနေနှင့် ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင်သည် မှန်ကန်သည့် သဘောထားရှိဖို့လိုအပ်ကာ ဘုရားသခင်ထံ ချက်ချင်း ဆုတောင်းပြီး နောင်တရဖို့ လိုအပ်သည်။ လူတစ်ဦးသည် အပျက်သဘောဆောင်သည့်၊ အာခံတတ်သည့် အခြေအနေတစ်ခုတွင်၊ ဘုရားသခင်၏ စွန့်ပစ်ခြင်းခံရပြီး သူ့ကို လက်လှမ်းမမီသည့် အခြေအနေတစ်ခုတွင် အမြဲ အသက်ရှင်ပါက၊ ယင်းသည် အန္တရာယ်များပေသည်။ ဤအန္တရာယ်က မည်သည့်မလိုလားအပ်သော အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေနိုင်သည်ကို သင်တို့ သဘောပေါက်ပြီလော။ ယင်းသည် အကြင်သူက တွေ့ကြုံနိုင်သည့် ဆုံးရှုံးမှုများနှင့်ဆိုင်သည့် အရေးကိစ္စတစ်ခုသာ မဟုတ်ပေ။ အခြား မည်သည့် အကျိုးဆက်များ ရှိနိုင်မည်နည်း။ (၎င်းတို့သည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်း ခံရနိုင်ပါသည်။) ယင်းသည် တစ်ခုဖြစ်၏။ အခြားဖြစ်နိုင်ခြေများစွာ ရှိ၏။ (ကြီးလေးသည့် မကောင်းမှုကို ၎င်းတို့ ကျူးလွန်ကောင်း ကျူးလွန်နိုင်ပြီး ဘုရားသခင်၏ ထုတ်ဖော်ခြင်း၊ ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်သည်။) ဤအရာလည်း ဖြစ်နိုင်ဖွယ်ရှိသည်။ အခြားအရာတစ်ခုတလေ ရှိသေးသလော။ (၎င်းတို့သည် ဘုရားသခင်နှင့် မိမိတို့၏ ဆက်ဆံရေးတွင် ပိုပို၍ ဝေးကွာလာနိုင်သည်။) ယခုတွင်၊ ဤအခြေအနေဆက်ရှိပါက၊ ဤလူသည် ဘုရားသခင်အား မယုံကြည်တော့ရန် နောက်ဆုံးတွင် စဉ်းစားလိမ့်မည်ဟု သင်တို့ တွေးထင်သလော။ (စဉ်းစားလိမ့်မည်။) ယင်းမှာ ကြောက်လန့်စရာဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် မိမိ၏ ယုံကြည်မှုကို စွန့်လွှတ်ရန် ဤဆိုးယုတ်သော စိတ်ဆန္ဒရှိပါက၊ ယင်းသည် ကြောက်လန့်စရာအကောင်းဆုံးသော အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့စိတ်နှလုံးတွင် ဘုရားသခင်ကို သစ္စာဖောက်နှင့်ပြီးဖြစ်ကာ ဘုရားသခင်က ဤသို့သော လူတစ်ဦးကို ကယ်တင်လိမ့်မည်မဟုတ်သောကြောင့် ဖြစ်သည်။

ယုံကြည်သူတစ်ဦးအနေဖြင့်၊ အကြင်သူသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းရမည်။ ဤသည်မှာ အလွန်အရေးကြီး၏။ ဘုရားသခင်နှင့် လူတစ်ဦး၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်သည့်အခါ၊ သူသည် ကောင်းမွန်သည့် အခြေအနေတွင် ရှိကြလိမ့်မည်။ သူ၏ အခြေအနေ မကောင်းသည့်အခါ၊ ဘုရားသခင်နှင့် သူ၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်မည်မဟုတ်ပေ။ လူတစ်ဦး၏ စိတ်နှလုံးသည် သူက ကောင်းမွန်သည့် အခြေအနေတွင်ရှိခြင်း၊ မကောင်းသည့် အခြေအနေတွင် ရှိခြင်းအပေါ် မူတည်လျက် လုံးဝ မတူကွဲပြားသည့် အခြေအနေနှစ်ခုတွင် ရှိလိမ့်မည်။ လူတစ်ဦးသည် ကောင်းသည့် အခြေအနေတစ်ခုတွင် ရှိသည့်အခါ၊ မိမိစိတ်နှလုံးတွင် ခွန်အားတစ်ခုခု ခံစားရလိမ့်မည်။ မည်သည့်အခါတွင်မျှ အိမ်ထောင်မပြုရန်၊ မည်မျှ ဆင်းရဲဒုက္ခခံရသည်ဖြစ်စေ ဘုရားသခင်နောက်သို့ အဆုံးတိုင် လိုက်ရန်နှင့် အဆုံးထိ၊ သေသည်အထိ ဘုရားသခင်ကို ဆက်လက် သစ္စာစောင့်သိရန် ၎င်းတို့ကို လှုံ့ဆော်သည့် ခွန်အားတစ်ခု ခံစားလိမ့်မည်။ ဤဆုံးဖြတ်ချက်မျိုးသည် အဘယ်သို့ ဖြစ်လာသနည်း။ (လူတို့ပိုင်ဆိုင်သည့် အားမာန်တစ်မျိုးမှ ဖြစ်လာပါသည်။) ဘုရားသခင်က ဤအားမာန်ကို လက်ခံနိုင်ဖွယ်အဖြစ် မြင်ပါသလော။ ဤစိတ်ဆုံးဖြတ်ချက်မျိုးသည် အပြုသဘောဆောင်သည့်အရာတစ်ခုလော၊ သို့မဟုတ် အပျက်သဘောဆောင်သည့် အရာတစ်ခုလော။ (အပြုသဘောဆောင်သည့်အရာဖြစ်ပါသည်။) အပြုသဘောဆောင်သည့်အရာများကို လက်ခံနိုင်ဖွယ်အဖြစ် ဘုရားသခင် မြင်ပါသလော။ (မြင်ပါသည်။) ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်။ လူတို့သည် မိမိတို့စိတ်နှလုံး အတွင်းထဲတွင် မည်သည့်အရာ တွေးပြီး ၎င်းတို့၏ အခြေအနေက မည်သည့်အရာနှင့် တူသည်ဆိုသည်ကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထို့ကြောင့်၊ သင်၏ စိတ်နှလုံးတွင် ဤ စိတ်ဆန္ဒနှင့် ဆုံးဖြတ်ချက်မျိုးဖော်ပြသည့်အခါ၊ ဤအရာကိုလည်း ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၏။ ဤစိတ်ဆုံးဖြတ်ချက်သည် မည်သည့်နေရာမှ လာသနည်း။ လူတစ်ဦး၏ သဘာဝကျခြင်းနှင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းမှ လာသလော။ (မဟုတ်ပါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုအားဖြင့် လူတို့ထဲတွင် သွတ်သွင်းထားခြင်း ဖြစ်သည်။) မှန်ပေသည်။ လူတို့သည် မှန်ကန်သည့် အခြေအနေတွင် အသက်ရှင်ကြသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ထိုသို့သော စိတ်ဆုံးဖြတ်ချက်ရှိခွင့်ပေးသည့် ဤအစွမ်းတန်ခိုးမျိုး ပေးလေသည်။ ဤသည်မှာ အပြုသဘောဆောင်သည့် အရာတစ်ခု ဖြစ်ပြီး၊ လူတို့အား ၎င်းတို့၏ ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် စွန့်လွှတ်စတေးမှုတို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ပေးထားခြင်း ဖြစ်သည်။ လူတို့သည် မိမိတို့ဘာသာ ဤယုံကြည်ချက်မျိုးကို ရရန် ဖြစ်ဖူးကြသလော။ မဖြစ်ဖူးသည်မှာ အမှန်ပင်ဖြစ်သည်။ ဟုတ်ပါသလော။ လူတို့သည် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဆုံးဖြတ်ချက် အနည်းငယ်ရှိသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော အစွမ်းတန်ခိုးရှိသည့် စိတ်ဓာတ်လှုံ့ဆော်မှု ပေးလေသည်။ ဤအရာမှ မည်သည့်အရာကို ယခုတွင်သင်တို့ မြင်ကြသနည်း။ (လူတို့သည် ဘုရားသခင်နှင့် အတူ နေရမည်။ ဘုရားသခင်မရှိပါက၊ သေခြင်းသာရှိသည်။) “လူတို့သည် ဘုရားသခင်နှင့် အတူ နေရမည်”၊ ယင်းမှာ မှန်၏။ ဤသည်မှာ အတွေ့အကြုံမှရသော အသိပညာဖြစ်သည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ သင် ဖွင့်ဟလျှင်၊ ထိုသေးငယ်သည့် ဆုံးဖြတ်ချက်အနည်းငယ် သင် ရှိပြီး၊ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် သင်၏ စိတ်နှလုံးကို ချခင်းနိုင်ပါက၊ သူသည် သင့်ကို ဤတန်ခိုးပေးလိမ့်မည်။ ဤတန်ခိုးသည် သင်၏ ဘဝတစ်ခုလုံး တာရှည်ခံလိမ့်မည်ဖြစ်ပြီး ထိုသို့သော နက်ရှိုင်းသည့် စိတ်ဆုံးဖြတ်ချက်ရှိကာ၊ “ကျွန်ုပ်၏ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ကျွန်ုပ် ဆက်ကပ်ပါသည်။ သူ့အတွက် မိမိကိုယ်ကိုယ် အသုံးခံကာ အသက်ရှင်လျက် အချိန်အားလုံး ကုန်ဆုံးပါမည်”ဟု ပြောရန် သင့်ကို အခွင့်ပေးလိမ့်မည်။ ယင်းသည် အမှန်တရားတစ်ခု ဖြစ်၏။ ဤသည်မှာ လူတို့ တွေးပုံနှင့် ၎င်းတို့ လုပ်ချင်ကြသောအရာ ဖြစ်သည်။ သို့ရာတွင်၊ တစ်စုံတစ်ဦးသည် မိမိစိတ်၊ မိမိကိုယ်ပိုင် အတွေးများ၊ မိမိကိုယ်ပိုင် အစွမ်းအစနှင့် ဆုကျေးဇူးများအပေါ် မှီခိုလျက် ဘုရားသခင်နောက် လိုက်ပြီး မိမိတာဝန်ကို လုပ်ဆောင်ပါက၊ သူသည် ခွန်အားမည်မျှ ရှိလိမ့်မည်နည်း။ သင်သည် သမ္မာတရား လိုက်စားလိုစိတ်မရှိပါက၊ မည်သည့် အလုပ်ကြိုးစားမှု ပမာဏကမျှ ဖြစ်မြောက်လိမ့်မည်မဟုတ်ပါ။ ဤအတွင်းပိုင်း ခွန်အားကို လူက စွမ်းဆောင်မရရှိနိုင်။ ယင်းကို ဘုရားသခင်က ပေးထားခြင်း ဖြစ်သည်။ လူတို့သည် ဤခွန်အားကို မည်သို့ ဆုံးရှုံးကြသနည်း။ မည်သည့်အရာက ဤသို့ ဖြစ်စေသနည်း။ ဘုရားသခင်သည် ၎င်းတို့ စိတ်နှလုံးများတွင် မရှိတော့သည့်အခါ၊ ဤတန်ခိုး ပျောက်ကွယ်လေသည်။ လူတို့သည် ဤခွန်အားရှိကြသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်၊ ဘုရားသခင်က လူတို့ကို ပေးထားသည့် တန်ခိုးဖြစ်သည်။ အားလုံးကို ဘုရားသခင်က လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပိတ်ထားပါက၊ ဘုရားသခင်ကို သင် ငြင်းပြီး၊ သင့်ဘဝအပေါ် သူ၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုကို ငြင်းပယ်သည့်အပြင်၊ သင့်အနီးအနားတွင် သူ စီစဉ်ပေးသည့် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို သင် ငြင်းပယ်ပါက၊ သင်သည် သမ္မာတရား လိုက်စားရန် စိတ်နှလုံးပင် ရှိလိမ့်မည်မဟုတ်ချေ။ လူတို့သည် ဘုရားသခင်ကို ဆုံးရှုံးပါက။ ဧကန်အမှန် ဤသို့ ဆိုးရွားပေသည်။ ဤသည်မှာ အမှန်တရား ဖြစ်၏။ ဘုရားသခင်ကို ဆုံးရှုံးသောသူတို့သည် ဘာမျှမဟုတ်ချေ။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ပိတ်ထားပါက၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ပြောင်းလဲသည့်အတွေးများပင် ရှိနိုင်သည်။ ယင်းကို အချိန်မရွေး၊ နေရာမရွေး ၎င်းတို့ ထုတ်ဖော်ပြနိုင်သည်။ ဤအရာ၏ အဆိုးရွားဆုံးသော အပိုင်းမှာ ၎င်းတို့၏ ဤအတွေးများသည် ၎င်းတို့ စွန့်လွှတ်ကာ အသုံးခံခဲ့ပြီးသမျှအားလုံးကိုပင် နောင်တရပြီး၊ တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် စိတ်ဆုံးဖြတ်ချက်နှင့် သည်းညည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခတို့ကို နောင်တရသည့်အတိုင်းအတာထိ ပိုအားကောင်းသည်ထက် အားကောင်းလာလိမ့်မည်။ ၎င်းတို့က လုံးဝ ခြားနားသောလူတစ်ဦး ဖြစ်ခဲ့သည့်အလား၊ ၎င်းတို့ အခြေအနေသည် ဖြစ်ခဲ့သည့်ပုံစံနှင့် လုံးဝ ကွဲပြားသွားလိမ့်မည်။ ဤသည်မှာ အဘယ်သို့ ဖြစ်ပျက်သနည်း။ လူတစ်ဦးသည် ဘုရားသခင်က ၎င်းအတွက် စီစဉ်ပေးသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် အခြေအနေများကို ကျိုးနွံနာခံနိုင်ပါက၊ သူသည် အေးချမ်းပြီး ပျော်ရွှင်သည့် ဘဝတစ်ခုကို အသက်ရှင်နိုင်သည်။ ဘုရားသခင် စီစဉ်သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို လွတ်မြောက်ဖို့ ၎င်းတို့ အမြဲ ကြိုးစားပြီး၊ ဘုရားသခင်က အချုပ်အခြာအာဏာရှိပြီး မိမိတို့ရောက်ရှိနေသည့် အခြေအနေများကို ကျိုးနွံနာခံလိုစိတ်မရှိပါက၊ ဤအရာမှ မည်သည့် အခြေအနေသည် အကျိုးဆက်ဖြစ်ပေါ်လိမ့်မည်နည်း။ (စိတ်ဆင်းရဲခြင်းနှင့် မှောင်မိုက်မှုတို့ ဖြစ်သည်။) ၎င်းတို့သည် မှောင်မိုက်မှု၊ စိတ်ဆင်းရဲခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ အတောမသတ်သော ပူပန်သောကနှင့် ဝမ်းနည်းမှုတို့ကို တွေ့ကြုံကြလိမ့်မည်။ ဤသည်မှာ သိသာသည့် ကွာခြားမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) လူတို့သည် ကောင်းမွန်သည့် အခြေအနေတစ်ခုတွင် အသက်ရှင်ကြသည့်အခါ၊ ဘုရားသခင် ရှေ့တည့်တည့် ကောင်းကင်ဘုံတွင် အသက်ရှင်နေသကဲ့သို့ ဖြစ်သည်။ မကောင်းသည့် အခြေအနေတွင် ရှိသည့်အခါ၊ ၎င်းတို့၏ အခြေအနေသည် တိုး၍ မှောင်မိုက်လာပြီး၊ ဘုရားသခင်သည် ၎င်းတို့၏ လက်လှမ်းမမီသည့်နေရာတွင် ရှိမြဲရှိနေသည်။ မှောင်မိုက်သည့် အခြေအနေတွင် အသက်ရှင်ခြင်းသည် ငရဲတွင် အသက်ရှင်ခြင်းနှင့် မခြားပေ။ ငရဲ၏ ဆင်းရဲဒုက္ခကို သင်တို့ ခံစားဖူးသလော။ နှစ်သက်ဖွယ်ဖြစ်သလော၊ မခံမရပ်နိုင်ဖွယ် ဖြစ်သလော။ (မခံမရပ်နိုင်ဖွယ်ဖြစ်ပါသည်။) ယင်းကို စာတစ်ကြောင်းဖြင့် သင် မည်သို့ ဖော်ပြမည်နည်း။ (သေခြင်းထက် ဆိုးပါသည်။) မှန်၏၊ သေခြင်းထက်ဆိုး၏။ သေခြင်းသည် အသက်ရှင်ခြင်းထက် များစွာ သာ၍နှစ်သက်ဖွယ်ဖြစ်မည်၊ အလွန် ကြီးစွာသောဆင်းရဲဖြစ်သည်။ သင် အလွန်ကောင်းစွာ ပြောလေပြီ။ ယင်းသည် ထိုသို့ ဖြစ်သည်။

လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများအားလုံးနှင့် ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းမှုအားလုံးတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တိုက်ရိုက်ဆက်နွှယ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်ပါက၊ ၎င်းတို့၏ ယုံကြည်ခြင်းရှိ အခက်အခဲအားလုံး အနည်းနှင့် အများ ပြေလည်သွားလိမ့်မည်ဟု ဆို၍ရသည်။ ၎င်းတို့ကို သမ္မာတရား လိုက်စားခြင်းမှ မည်သည့်အရာမျှ ဆွဲထားလိမ့်မည်မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံရလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ထံ ၎င်းတို့ ကျိုးနွံနာခံခြင်းအား မည်သည့်အရာကမျှ တားဆီးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ အကြင်သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းသည် အလွန်အရေးပါ၏။ လူတို့ကို သမ္မာတရား လိုက်စားရန်နှင့် ရိုးသားသောသူဖြစ်ရန် ဘုရားသခင် တောင်းဆိုခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိခြင်းနှင့် ဆက်နွှယ်သည်။ သမ္မာတရားကို ရှာဖွေခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းရန်ဖြစ်ပြီး၊ သမ္မာတရား လိုက်စားခြင်းသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရန် လုပ်ဆောင်ရပေသည်။ ဤသို့ဆိုလျှင် အကြင်သူသည် သမ္မာတရားကို မည်သို့ လိုက်စားသနည်း။ အကြင်သူသည် သမ္မာတရားကို မည်သို့ ရရှိနိုင်သနည်း။ အတန်ငယ်အကြာက မည်သည့်အရာကို ငါ ပြောခဲ့သနည်း။ (အရာရာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာရှိကြောင်း ယုံကြည်ခြင်းရှိပြီး၊ သူ ချခင်းပေးသည့် အခြေအနေများကို ကျိုးနွံနာခံပါ။) ဟုတ်ပေ၏၊ ယုံကြည်ခြင်းရှိလော့၊ ကျိုးနွံနာခံလော့၊ သင်ခန်းစာ သင်ယူရန် ကြိုးစားလော့၊ သမ္မာတရားကို ရှာဖွေပြီး၊ ဘုရားသခင် ဖန်ဆင်းပြီးဖြစ်သည့် ပတ်ဝန်းကျင်များတွင် သင်၏ တာဝန်ကို ထိန်းသိမ်းလော့။ ဘုရားသခင် ဖန်ဆင်းပြီးဖြစ်သည့် ပတ်ဝန်းကျင်များမှ သင်ခန်းစာများကို သင် သင်ယူနိုင်ပါက၊ သင့်အတွက် ကျိုးနွံနာခံရန် လွယ်ကူလိမ့်မည် မဟုတ်လော။ (လွယ်ကူပါလိမ့်မည်။) သင်သည် သမ္မာတရားကို ရှာဖွေပြီး သင်၏ သင်ခန်းစာများ သင်ယူသည့်အခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းအား သင် ရှောင်ကြဉ်ပြီး၊ မိမိ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းအား ဖော်ထုတ်ခြင်းမှ သင် မိမိကိုယ်ကိုယ် တားဆီးသည်မှာ မှန်သည် မဟုတ်လော။ ဤဖြစ်စဉ်အတောအတွင်းတွင်၊ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် လူသား နည်းစနစ်များနှင့် လူသားအတွေးတို့ကို အသုံးပြုခြင်းအား သင် ရှောင်ရှားလိမ့်မည် မဟုတ်လော။ ဤသို့ဖြင့် သင်သည် ပုံမှန်အခြေအနေတစ်ခုတွင် ရှိလိမ့်မည် မဟုတ်လော။ သင်သည် ပုံမှန်အခြေအနေတွင် ရှိသည့်အခါ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် စဉ်ဆက်မပြတ် သင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်လော။ ထိုအခါ သင်သည် ဘေးကင်းလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပါက၊ သူ့ရှေ့တွင် သင် စဉ်ဆက်မပြတ် အသက်ရှင်နိုင်ပါက၊ သင့်အတွက် သူ ချခင်းပေးသည့် ပတ်ဝန်းကျင်များတွင် သူ၏ ရည်ရွယ်ချက်များကို သင် မကြာခဏ ရှာဖွေနိုင်ပြီး သူ စီစဉ်သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ကျိုးနွံနာခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ ကြည့်ရှုခြင်းနှင့် စောင့်ရှောက်ခြင်းအောက်တွင် အမြဲ အသက်ရှင်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိပြီး၊ သူ၏ စောင့်ရှောက်ကာ စီမံခြင်းခံရသည့်အခါ၊ နေ့စဉ် ဘုရားသခင်၏ ကွယ်ကာမှုကို သင် မွေ့လျော်သည့်အခါ၊ သင်သည် အပျော်ရွှင်ဆုံးသော လူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်လော။ (မှန်ပါသည်။) ယင်းမှာ ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယ အဆုံးသတ်ဖြစ်သည်။ ရှေ့ဆက်၍၊ ထိုအရာအပေါ် သင်တို့အားလုံး အတူတကွမိတ်သဟာယပြုပြီး ထိုအရာနှင့် ပတ်သက်၍ သင်တို့၏ သိနားလည်မှုကို အကျဉ်းချုပ်ကာ ဝေမျှနိုင်သည်။ ဘုရားသခင်သည် သင့်ကို သူ၏ စိတ်နှလုံးထဲတွင် ထိန်းသိမ်းပြီး၊ သင်သည် သူချစ်သော လူတစ်ဦးဖြစ်သည်ဟု ပြောရန်အလို့ငှာ ယောဘကဲ့သို့ ပျော်ရွှင်သည့် ဘဝအား မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့်၊ ဘုရားသခင်၏ လက်ခံမှုကို မည်သို့ ရယူရမည်ဆိုသည်ကို သဘောပေါက်အောင်လုပ်လော့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ကြဉ်ခြင်းဖြစ်သည့် အသက်တာ၏ စစ်မှန်သော လမ်းကြောင်းပေါ် ယောဘကဲ့သို့ မည်သို့ ခြေလှမ်းလှမ်းရမည်ဆိုသည်ကို သိအောင် လုပ်လော့။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။