ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၄

သင်တို့အကြား ငါသည် များစွာလုပ်ကိုင်ခဲ့ပြီးဖြစ်၍ ပြောဆိုမှုအချို့လည်း လုပ်ခဲ့ပြီးပြီ မှန်၏။ သို့သော် နောက်ဆုံးသောနေ့များတွင် ငါ၏စကားများ၊ ငါ၏အလုပ်တို့ဖြင့် ငါ့အမှု၏ ရည်ရွယ်ချက်ကို လုံးဝဖြည့်ဆည်းခဲ့ပြီးခြင်း မရှိဟု ငါမထင်ဘဲမနေနိုင်။ အကြောင်းမူကား နောက်ဆုံးသော ကာလတွင် ငါ၏အမှုသည် လူတစ်ဦး သို့မဟုတ် လူအချို့အတွက် မဟုတ်ဘဲ ငါ၏အရင်းခံ စိတ်သဘောထားကို ပြသရန်အတွက် ဖြစ်သည်။ သို့ရာတွင် အချိန်ရှားပါးခြင်း သို့မဟုတ် မနေမနား အလုပ်လုပ်ရခြင်းတို့ ပါဝင်နိုင်သည့် များပြားလှသော အကြောင်းရင်းများကြောင့် ငါ၏စိတ်နေ သဘောထားသည် လူသားကို ငါ့အားနားလည်စေရန် အနည်းငယ်မျှ အထောက်အကူ မပြုခဲ့။ သို့ဖြစ်၍ ငါရှိနေသည့်အတွက် ငါ့ကိုတွေ့သူခပ်သိမ်းသည် ၎င်းတို့၏ရင်ဘတ်ကိုထု၍ မရပ်မနားငိုစေရန် ငါ၏အမှု လုပ်ငန်းသစ်များတွင် စာမျက်နှာသစ် ဖွင့်လှစ်ရေးအတွက် ငါသည် ငါ၏အစီအစဉ်သစ်၊ ငါ၏နောက်ဆုံး အမှုထဲ ရှေ့သို့ခြေလှမ်းသည်။ ဤသည်မှာ ငါသည် လူသား၏အဆုံးကို လောကသို့ ယူဆောင်လာ၍ ဤနေရာမှ စ၍ ငါသည် အမှန်တကယ်ပင် လူ့လောကသို့ လာခဲ့ကြောင်း၊ အရာခပ်သိမ်းပွားသည့် ကမ္ဘာမြေပေါ်သို့လာခဲ့ကြောင်း ငါ့ကိုသိသူခပ်သိမ်းနှင့် မသိသူများ ကြာရှည်စွာကြည့်နိုင်ရန် ငါသည် လူသားရှေ့တွင် ငါ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အဖုံးအကွယ်မရှိ ထုတ်ဖော်ပြသည်။ ဤသည်မှာ ငါ၏အစီအစဉ်၊ လူသားမျိုးနွယ်ကို ငါဖန်ဆင်းသည့်အချိန်က စ၍ ငါ၏တစ်ခုတည်းသော “ဝန်ခံချက်” ဖြစ်၏။ ငါ၏လှံတံတော်သည် လူသားအနီး၊ ငါ့ကိုဆန့်ကျင်သူ အားလုံးအနီး၊ တစ်ဖန်ပြန်၍ ချဉ်းကပ် လာသည်ဖြစ်၍ သင်တို့သည် ငါ၏လှုပ်ရှားမှုအားလုံးကိုသာ အာရုံစိုက်ရန် ငါလိုလားသည်။

ငါလုပ်ဆောင်ရမည့်အမှုကို ကောင်ကင်ဘုံများနှင့်အတူ ငါစတင်ဆောင်ရွက်သည်။ သို့ဖြစ်၍ ရွေ့လျားသွားလာနေသော လူများအကြား မည်သူတစ်ဦးမျှ ငါ၏လှုပ်ရှားမှုများ သို့မဟုတ် ငါ၏စကားများကို မည်သည့်အခါမျှ သတိမမူစေဘဲ ငါသည် လမ်းဖောက်၍သွားပြီး ကောင်းကင်နှင့် မြေကြီးအကြား လှုပ်ရှားသွားလာ၏။ ထို့ကြောင့် ငါ၏အစီအစဉ်သည် ချောမွေ့စွာ တိုးတက်နေဆဲ ဖြစ်သည်။ သင်တို့၏အာရုံအားလုံးသည် ထုံနေလွန်းသဖြင့် ငါ့အမှု၏အဆင့်များကို အနည်းငယ်မျှပင် မသိပေ။ သို့သော် ငါ၏ရည်ရွယ်ချက်ကို သင်တို့သိလာမည့်နေ့ အသေအချာပင် ရောက်လာမည် ဖြစ်သည်။ ယနေ့ ငါသည် သင်တို့နှင့်အတူနေ၍ သင်တို့နှင့်အတူ ဒုက္ခခံ၏။ လူသားမျိုးနွယ် ငါ့အပေါ်ထားသည့် သဘောထားကို ငါနားလည်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဒီထက်ပို၍ ငါရှင်းပြလိုသည့်ဆန္ဒမရှိပါ။ သင်တို့ကို အရှက်ရစေခြင်းငှာ နာကျင်ဖွယ်ကောင်းသည့် အကြောင်းအရာအကြောင်း ဥပမာများကို သာ၍ပင်မပေးလိုပါ။ ငါတို့ ပြန်ဆုံသည့်နေ့တွင် ငါတို့၏စာရင်းများကို တွက်နိုင်ရန် သင်တို့လုပ်ခဲ့သမျှအရာခပ်သိမ်းကို သင်တို့၏နှလုံးသားများတွင် ထားရန်သာ ငါအလိုရှိ၏။ ငါသည် တရားသဖြင့်၊ မျှတစွာနှင့် ဂုဏ်သိက္ခာရှိစွာ အစဉ်ပြုမူခဲ့သဖြင့် သင်တို့အကြားရှိ မည်သူ့ကိုမျှ မှားယွင်းစွာ ငါမစွပ်စွဲလို။ သင်တို့သည် ပွင့်လင်း၍ သဘောထားကြီးနိုင်ကာ၊ ကောင်းကင်နှင့် မြေကြီးအပြင် သင်၏အသိတရားကို ဆန့်ကျင်သည့်မည်သည့်အရာမျှ ငါ မပြုစေလိုသည်မှာလည်း မှန်ပါသည်။ ဤသည်မှာ သင်တို့ထံမှ ငါတောင်းဆိုသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ လူအများအပြားသည် ဆိုးရွားလွန်းသော အမှားများကို ကျူးလွန်မိခဲ့၍ ဂနာမငြိမ်ဖြစ်ပြီး သက်သောင့် သက်သာ မရှိပေ။ ထို့အပြင် အများအပြားသည် ကောင်းမှုတစ်ခုမျှ မပြုခဲ့ဖူးသဖြင့် မိမိကိုယ်ကိုယ် ရှက်ကြ၏။ သို့သော် မိမိတို့၏အပြစ်များကြောင့် သိက္ခာကျသည်ဟု ခံစားဖို့ ဝေလာဝေး၊ ဆိုးရာမှ ပိုဆိုးသွားပြီး အပြည့်အဝ ထုတ်ဖော်မပြရသေးသည့် မိမိတို့၏ အကျည်းတန် ရုပ်အင်္ဂါရပ်များကို ဖုံးထားသည့် မျက်နှာဖုံးကို လုံးဝချွတ်ကာ ငါ၏စိတ်သဘောကို စမ်းလိုသူများလည်း အများအပြား ရှိပေသည်။ ငါသည် မည်သူ၏ လုပ်ဆောင်ချက်များကိုမျှ ဂရုမစိုက်ပါ၊ သတိလည်းမပြုပါ။ ထိုသို့ ပြုမည့်အစား ငါသည် သတင်းအချက်အလက် စုစည်းခြင်းဖြစ်စေ၊ မြေကြီးပေါ် အနှံ့လျှောက် သွားခြင်းဖြစ်စေ၊ ငါစိတ်ဝင်စားရာကို လုပ်သည် ဖြစ်စေ၊ ငါလုပ်သင့်သည့်အလုပ်ကို လုပ်သည်။ အဓိကကျသည့် အချိန်များတွင် ငါသည် မူလက ကြံရွယ်ထားသည့်အတိုင်း ငါ၏အမှုကို လူသားများအကြား ရှေ့ဆက် ဆောင်ရွက်မည်။ တစ်စက္ကန့်မျှ နောက်ကျလွန်းခြင်း၊ စောလွန်းခြင်း မရှိပါ။ သက်သောင့်သက်သာရှိစွာနှင့် ထိရောက်စွာပါ ဆောင်ရွက်မည်။ သို့ရာတွင် ငါ့အမှု၏ အဆင့်တိုင်းတွင် အချို့လူများကို ဘေးသို့ဖယ်ရှားသည်။ ထိုသူတို့၏ မြှောက်ပင့်ခြင်းများနှင့် ဟန်ဆောင်၍ နာခံခြင်းများကို ငါစက်ဆုပ်၍ ဖြစ်သည်။ ငါစက်ဆုပ်ရွံရှာသူများကို တမင်ရည်ရွယ်၍ ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ စွန့်ပစ်မည်မှာ သေချာသည်။ အချုပ် ပြောရလျှင် ငါစက်ဆုပ်ရွံရှာသူ ခပ်သိမ်းကို ငါနှင့်ဝေးရာတွင် ရှိနေစေချင်သည်။ ငါ၏အိမ်တော်တွင် ကျန်ရှိနေသည့် ကောက်ကျစ် စဉ်းလဲသူများကို ငါချမ်းသာပေးမည် မဟုတ်သည်မှာ ပြောစရာမလိုပါ။ လူသား အပြစ်ဒဏ်ခံရမည့် နေ့သည် နီးကပ်ပြီဖြစ်၍ ငါသည် စက်ဆုပ်ဖွယ်သော ဝိညာဉ်များကို စွန့်ပစ်ရန် အလျင်မလိုပါ။ ငါ့တွင် ကိုယ်ပိုင် အစီအစဉ်ရှိ၍ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၉

လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၂

လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မသေချာသောစကားလုံးသာရှိသည်။ သို့ရာတွင် လူသားသည် ဘယ်အတွက်ကြောင့် ယုံကြည်ခြင်းရှိသည်ကိုမဆိုထားနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၈၆

ဖာရိရှဲတို့ ယေရှုကိုဆန့်ကျင်ရခြင်းအကြောင်းရင်းကို သင်တို့သိလိုပါသလား။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုပါသလား။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၇

အကယ်၍ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်ကို ရန်လိုပါက သူသည် ဘုရားသခင်ကို အဘယ်သို့ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်မည်နည်း ယနေ့ခေတ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။