ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၅

တိုးတက်မှုအတွက် မကြိုးပမ်းသောသူများသည် အခြားလူများကို သူတို့ကဲ့သို့ပင် အပျက်သဘောဆောင်ဖို့နှင့် ပျင်းရိဖို့ရန် အမြဲ ဆန္ဒရှိကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို မနာလိုကြပေ၊ ထို့အပြင် ယောင်ချာချာ ဖြစ်သောသူများနှင့် ထိုးထွင်းသိမြင်မှု မရှိသောသူများကို အမြဲ လှည့်ဖြားချင်ကြသည်။ ထိုသူများ ဖွင့်ပြောသော အရာများသည် သင်တို့ကို ဆုတ်ယုတ်သွားစေခြင်း၊ လျှောကျသွားစေခြင်း၊ ပုံမှန်မဟုတ်သော အနေအထားများ ဖြစ်ပေါ်စေခြင်းများ ဖြစ်စေနိုင်ပြီး မှောက်မိုက်ခြင်းနှင့် ပြည့်နေစေနိုင်သည်။ သူတို့က သင့်ကို ဘုရားသခင်နှင့် ဝေးသွားအောင် ပြုလုပ်ကာ၊ သူတို့က သင့်ကို ဇာတိပကတိအား မြတ်နိုးစေပြီး သင့်ကိုယ်သင် အလိုလိုက်စေသည်။ သမ္မာတရားကို မနှစ်သက်သောသူများ၊ ဘုရားသခင်ကို ဝတ်ကျေတမ်းကျေသာ အမြဲတမ်း ဆက်ဆံသော သူများသည် ကိုယ့်ကိုယ်ကိုယ်သိစိတ် မရှိသောသူများဖြစ်ပြီး၊ ထိုသူတို့၏ စိတ်သဘောထားများက အခြားသူများကို အပြစ်ကျူးလွန်ဖို့နှင့် ဘုရားသခင်ကို အာခံဖို့ရန် ဖြားယောင်းကြသည်။ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ အခြားသူများကိုလည်း လက်တွေ့လုပ်ဆောင် ခွင့်မပြုပေ။ သူတို့သည် အပြစ်တရားကို မြတ်နိုးပြီး မိမိတို့ကိုယ်ကိုယ် စက်ဆုပ်ခြင်း မရှိကြ။ သူတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြဘဲ၊ အခြားလူများကိုလည်း သူတို့ကိုယ်သူတို့ မသိအောင် ဟန့်တားသည်။ အခြားသူများကို သမ္မာတရားအား မတောင့်တရန် ဆီးတားလေသည်။ ထိုသူတို့ လှည့်ဖြားသောသူများသည် အလင်းကို မမြင်နိုင်ပေ- ၎င်းတို့သည် အမှောင်ထုထဲသို့ ကျသွားကြသည်၊ မိမိတို့ကိုယ်ကိုယ့် မသိ၊ သမ္မာတရားကိုလည်း ရှင်းရှင်းလင်းလင်း မသိဘဲ၊ ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးသွားကြသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြဘဲ၊ အခြားသူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကိုလည်း ဟန့်တားကြပြီး ထိုမိုက်မဲသောသူများ အားလုံးကို သူတို့ရှေ့မှောက်သို့ ခေါ်လာကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောမည့်အစား သူတို့၏ ဘိုးဘေးများကို ယုံကြည်ကြသည်၊ သို့မဟုတ် သူတို့ယုံကြည်သည့်အရာသည် သူတို့၏ စိတ်နှလုံးထဲ၌ရှိသော ရုပ်တုများဖြစ်သည်ဟု ပြောခြင်းက ပို၍ကောင်းလိမ့်မည်။ ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် သုတ်သင်ပယ်ရှင်းခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားသော အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် သုတ်သင်ဖယ်ရှင်းခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို သုတ်သင်ဖယ်ရှင်းခြင်းခံရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၂

သင် စုံလင်ခြင်းသို့ ရောက်ရန် ပြည့်မီရမည့် စံများ ရှိပါသည်။ သင်၏ ဆုံးဖြတ်ချက်၊ သင်၏ လုံ့လထုတ်မှု နှင့် သင်၏ အသိစိတ်အားဖြင့် လည်းကောင်း၊ သင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၅

ဘုရားသခင်သည် အာဒံနှင့် ဧဝအတွက် သားရေဝတ်လုံကို လုပ်ပေး၏ ကမ္ဘာဦးကျမ်း ၃:၂၀-၂၁ သူသည် အသက်ရှင်သောသူ အပေါင်းတို့၏အမိဖြစ်သောကြောင့် အာဒံက...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၁

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မရေမတွက်နိုင်သော အိမ်တိုင်းအိမ်တိုင်းစီ ပျံ့နှံ့သွားလိမ့်မည်။ လူတိုင်းက သိလာမည်၊ ထို့နောက်မှ သူ့အမှုသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၆

ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် ကောင်းကင်ဘုံ၌ ခမည်းတော်သာ ရှိသည်မဟုတ်ဘဲ သားတော်လည်း ရှိပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။