ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၁၀

ငါသည် မျှော်လင့်ချက်များစွာရှိ၏။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် မှန်ကန်ပြီး လိမ္မာသော ပုံစံဖြင့် ပြုမူနေထိုင်နိုင်ဖို့၊ သင်တို့၏တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းနိုင်ဖို့၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်နိုင်ဖို့၊ ဘုရားသခင်အတွက် ၎င်းတို့ ရှိသမျှတိုင်းနှင့် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်နိုင်သည့် လူများဖြစ်နိုင်ကြဖို့၊ စသည်တို့ကို ငါ မျှော်လင့်သည်။ ဤမျှော်လင့်ချက် အားလုံးသည် သင်တို့၏မပြည့်စုံခြင်းများ၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မနာခံခြင်းတို့မှ အရင်းခံ၏။ ငါသည် သင်တို့နှင့် ရှိခဲ့ပြီးဖြစ်သည့် စကားပြောဆိုခြင်းတစ်ခုမျှ သင်တို့၏ အာရုံကို ဆွဲဆောင်ဖို့ မလုံလောက်ပါက၊ ယခု ငါလုပ်နိုင်သမျှအားလုံးမှာ နောက်ထပ်ဘာမျှ မပြောဖို့သာ ဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော်ငြားလည်း၊ ယင်း၏ အကျိုးဆက်က မည်သည့်အရာဖြစ်မည်ကို သင်တို့ နားလည်ကြပေသည်။ ငါသည် မည်သည့်အခါမျှ အနားယူခြင်းမရှိ၊ ထို့ကြောင့် အကယ်၍ ငါစကားမပြောပါက၊ လူတို့ကြည့်စရာ တစ်စုံတစ်ခုကို ငါလုပ်ဆောင်မည် ဖြစ်သည်။ တစ်စုံတစ်ဦး၏ လျှာကို ငါ ပုပ်စေနိုင်သည် သို့မဟုတ် တစ်စုံတစ်ဦးကို အစိတ်စိတ်အပိုင်းပိုင်းဖြတ်ခံရလျက် သေဆုံးစေနိုင်သည်၊ သို့မဟုတ် လူများကို အာရုံကို မူမမှန်မှုများ ဖြစ်စေနိုင်ပြီး၊ ၎င်းတို့အား နည်းလမ်းများစွာဖြင့် အကျည်းတန်ပုံပေါက်စေနိုင်သည်။ ထို့နောက် တစ်ဖန်၊ ၎င်းတို့အတွက် အထူးသဖြင့် ငါစီစဉ်ထားသည့် ညှဉ်းပန်းမှုများကို လူတို့အား ငါ သည်းခံစေနိုင်သည်။ ဤနည်းဖြင့် ငါသည် ဝမ်းမြောက်ဝမ်းသာ ခံစားရမည်၊ အလွန် ပျော်ရွှင်မည်ဖြစ်ပြီး အလွန် ကျေနပ်အားရပေမည်။ “ကောင်းသောအရာကို ကောင်းသောအရာဖြင့် လည်းကောင်း၊ မကောင်းမှုကို မကောင်းမှုအားဖြင့်လည်းကောင်း ပြန်လည် ဆပ်ပေးခံရသည်” ဟူ၍ အမြဲဆိုထားပေသည်၊ ထိုသို့ဆိုလျှင် ယခု အဘယ်ကြောင့် ထိုသို့မဖြစ်သနည်း။ သင်သည် ငါ့အား ဆန့်ကျင်ရန်နှင့် ငါနှင့်ပတ်သက်၍ ဝေဖန်အကဲဖြတ်မှုအချို့ ပြုလုပ်ရန် ဆန္ဒရှိပါက၊ ငါသည် သင်၏နှုတ်ကို ပုပ်စေမည်ဖြစ်ပြီး၊ ထိုအရာက ငါ့ကို အဆုံးမရှိ ကျေနပ်နှစ်သိမ့်စေမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင်၊ သင်လုပ်ဆောင်ခဲ့သော အရာသည် အသက်နှင့် တစ်ခုတစ်လေ သက်ဆိုင်ဖို့ မပြောနှင့်၊ သမ္မာတရားပင် မဟုတ်ဘဲ၊ ငါပြုသမျှ အရာရာတိုင်းမှာမူ သမ္မာတရား ဖြစ်သောကြောင့်ဖြစ်သည်။ ငါ၏ လုပ်ရပ်အားလုံးသည် ငါ့အမှု၏ အခြေခံသဘောတရားများနှင့် ငါထုတ်ဖော်ကြေငြာသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်စပ်ပေသည်။ ထို့ကြောင့်၊ စင်ကြယ်သောအကျင့်သီလအချို့ကို စုဆောင်းဖို့၊ အလွန်များလှသော မကောင်းမှုကို ကျုးလွန်ခြင်းအား ရပ်တန့်ဖို့နှင့် သင်၏ အားလပ်ချိန်တွင် ငါ၏တောင်းဆိုချက်များကို အရေးစိုက်ဖို့ သင်တို့ အသီးသီးကို ငါတိုက်တွန်း၏။ ထိုအခါ ငါသည် ပျော်ရွှင်ခြင်း ခံစားရမည်ဖြစ်သည်။ သင်တို့သည် ဇာတိပကတိထဲသို့ သင်တို့ ထားရှိသည့် ကြိုးပမ်းအားထုတ်မှု၏ တစ်ထောင်ပုံ တစ်ပုံမျှကို သမ္မာတရားအဖို့ ဖြည့်ဆည်းမည် (သို့မဟုတ် ပေးလှူမည်) ဆိုပါက၊ သင်သည် မကြာခဏ ဒုစရိုက်အပြစ်များကို ပြုမိမည်မဟုတ်သကဲ့သို့၊ ပုပ်နေသည့် နှုတ်တို့ ရှိမည်မဟုတ်ဟု ငါပြောမည်။ ဤသည်မှာ သိသာထင်ရှားသည် မဟုတ်လော။

သာ၍များသော ဒုစရိုက်အပြစ်များ သင် ကျူးလွန်လေ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်ကို ရရှိဖို့ အခွင့်အရေးများ သင် သာ၍နည်းပါးလေလေ ဖြစ်မည်။ အပြန်အလှန်အားဖြင့်၊ သာ၍ နည်းပါးသော ဒုစရိုက်အပြစ်များ သင်ပြုလေ၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလာရဖို့ အခွင့်အလမ်း သာ၍ ကောင်းလေလေပင် ဖြစ်သည်။ သင့်ကို ခွင့်လွှတ်ရန် ငါ့အတွက် မဖြစ်နိုင်သည့်အခြေအနေထိ၊ သင်၏ ဒုစရိုက်အပြစ်များ တိုးပွားပါက၊ သင်သည် ခွင့်လွှတ်ခြင်း ခံရမည့် သင်၏ အခွင့်အရေးများကို လုံးဝ ဖြုန်းတီးမိပြီး ဖြစ်လိမ့်မည်။ ထိုသို့ဖြင့်၊ သင်၏ ခရီးပန်းတိုင်သည် အထက်အရပ် မဟုတ်ဘဲ အောက်အရပ် ဖြစ်ပေလိမ့်မည်။ သင်သည် ငါ့ကို မယုံကြည်ပါက၊ ရဲရင့်ကာ အမှားကို လုပ်ဆောင်လော့၊ ပြီးလျှင် ယင်းက သင့်အား အဘယ်အရာ ပေးသည်ကို ကြည့်လော့။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော စိတ်ထက်သန်သည့် လူတစ်ဦးဖြစ်ပါက၊ သင်၏ ဒုစရိုက်အပြစ်များအတွက် ခွင့်လွှတ်ခံရဖို့ အခွင့်အရေးတစ်ခု ဧကန်မုချ သင် ရရှိမည်ဖြစ်ပြီး၊ သင်၏ နာမခံတတ်မှုသည် မကြာမကြာ နည်းသထက် နည်းပေလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသောလူတစ်ဦးဖြစ်ပါက၊ ဘုရားသခင်၏ ရှေ့၌ သင်၏ ဒုစရိုက်အပြစ်များသည် ဧကန်မုချ အရေအတွက် တိုးပွားလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုံးဝဉဿုံ ပျက်စီးခြင်း အချိန်ကာလဖြစ်မည့် အကန့်အသတ်သို့ သင် ရောက်ရှိသည်အထိ၊ သင်သည် မကြာခဏ သာ၍ သာ၍ မနာခံတတ်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ သင်၏ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ကြည်နူးဖွယ်အိပ်မက် ပျက်စီးသွားမည့် အချိန်ဖြစ်သည်။ သင်၏ ဒုစရိုက်အပြစ်များကို မရင့်ကျက်သူတစ်ဦး သို့မဟုတ် မိုက်မဲသောသူတစ်ဦး၏ အမှားတစ်ခုမျှအဖြစ် မမှတ်ယူနှင့်။ သင်၏ ညံ့ဖျင်းသော အရည်အချင်းက ထိုသို့လုပ်ဆောင်ဖို့ မဖြစ်နိုင်စေ သောကြောင့်၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟူသော ဆင်ခြေကို အသုံးမပြုနှင့်။ ထို့အပြင်၊ သင် ကျူးလွန်ပြီးဖြစ်သည့် ဒုစရိုက်အပြစ်များကို မည်သည့်အရာကိုမျှ သာ၍ ကောင်းကောင်းမသိခဲ့သော တစ်စုံတစ်ဦး၏ လုပ်ရပ်များအဖြစ် အလွယ်တကူ မမှတ်ယူနှင့်။ သင်သည် မိမိကိုယ်ကိုယ် ခွင့်လွှတ်ရာတွင် တော်ပြီး၊ မိမိကိုယ်ကိုယ် ရက်ရောမှုဖြင့် ဆက်ဆံရာတွင် တော်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်သည့် သူရဲဘောကြောင်သောသူတစ်ဦး ဖြစ်သကဲ့သို့၊ သင်၏ ဒုစရိုက် အပြစ်များသည် သင့်ကို ခြောက်လှန့်ခြင်းအား မည်သည့်အခါတွင်မျှ ရပ်တန့်လိမ့်မည် မဟုတ်ဟု သင့်ကို ငါ ပြော၏။ ၎င်းတို့သည် သင့်အား သမ္မာတရား၏ တောင်းဆိုမှုများကို ဖြည့်ဆည်းခြင်းမှ ထိန်းထားလိမ့်မည် ဖြစ်ပြီး၊ စာတန်၏ သစ္စာရှိသော အပေါင်းအဖော်အဖြစ် သင့်အား ထာဝရဆက်ရှိစေမည် ဖြစ်သည်။ သင့်အဖို့ ငါ၏အကြံပေးချက်မှာ ဤသို့ဖြစ်နေဆဲဖြစ်သည်- သင်၏ ကွယ်ဝှက်ထားသော အပြစ်ဒုစရိုက်များကို သတိမပြုမိဘဲလျက် ရှိစဉ်တွင်၊ သင်၏ ခရီးပန်းတိုင် တစ်ခုတည်းကိုသာ အာရုံမစိုက်နှင့်။ ဒုစရိုက်အပြစ်များကို အလေးအနက် သဘောထားလော့၊ ပြီးလျှင် သင်၏ခရီးပန်းတိုင်ကို စိတ်ပူပန်မှုကြောင့် ၎င်းတို့ထဲမှ မည်သည့်အရာကိုမျှ လျစ်လျူမရှုမိစေနှင့်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၂

စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ အုပ်စိုးမှုထဲတွင် ထိန်းသိမ်းခံထားရသည်။ ခရစ်တော်ကို ယုံကြည်သောသူတို့ကိုသာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၂

အမှုနှင့်စပ်လျဉ်း၍ ပြောဆိုပါက လူ့ဇာတိထဲရှိ ဘုရားသခင်၏ အမှုသည် အရေးပါဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးသူမှာ လူ့ဇာတိခံ ဘုရားသခင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၁

သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင်သည် သမ္မာတရားကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင်သည် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၂

ငါ၏စကားများ ပြီးပြည့်စုံသည့်အတွက် နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး လူသည် တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။