စကားများနှင့် အယူဝါဒများနှင့် သမ္မာတရား စစ်မှန်မှုကို ပြောဆိုခြင်းကြားရှိ ကွာခြားချက်များ (ကောက်နုတ်ချက် ၆၅)

ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့တို့သည့် အသင်းတော်၌ တည်ရှိသည့် လက်တွေ့ပြဿနာများကို မမြင်နိုင်ကြပေ။ စည်းဝေးပွဲတစ်ခု၌ ရှိစဉ်တွင်၊ ၎င်းတို့သည် ပြောထိုက်သည့်အရာ တစ်ခုမျှ မရှိဟု ခံစားရသောကြောင့်၊ ၎င်းတို့သည် စကားလုံးနှင့် အယူဝါဒအချို့ကို တင်ပြပေးရန်အတွက် မိမိတို့ကိုယ်ကို အတင်းအကျပ်ခိုင်းစေရသည်။ ၎င်းတို့ ပြောနေသည့်အရာသည် အယူဝါဒမျှသာ ဖြစ်သည်ကို ၎င်းတို့ ကောင်းစွာ သိသော်လည်း၊ ယင်းကို မည်သည့်နည်းဖြင့်မဆို ပြောကြလေသည်။ အဆုံး၌ ၎င်းတို့၏စကားများသည် ပေါ့ပြက်သည်ကို ၎င်းတို့ပင် ခံစားရလာပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများကလည်း တည်ဆောက်စရာဖြစ်သည်ဟု မမြင်ပေ။ သင်သည် ဤပြဿနာကို သတိမပြုမိဘဲ ထိုသို့သောအရာများကို ခေါင်းမာစွာ ဆက်ပြောနေလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေခြင်း မရှိသကဲ့သို့ လူတို့အတွက် အကျိုးမရှိပေ။ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးဘဲ၊ ထိုသမ္မာတရားအကြောင်းကို ပြောလိုဆဲဖြစ်လျှင်၊ မည်သည့်အရာကို သင် ပြောသည်ဖြစ်စေ၊ သမ္မာတရားကို ထိုးထွင်းသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ နောက်ထပ် သင် ပြောဆိုသည့် မည်သည့်အရာမဆို စကားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်။ သင်ပြောဆိုသမျှသည် အတော်အတန် အသိဉာဏ်ပွင့်လင်းသည်ဟု သင် ထင်ကောင်းထင်နိုင်သော်လည်း ထိုအရာများက အယူဝါဒများသာ ဖြစ်သည်။ သမ္မာတရား စစ်မှန်မှု မဟုတ်ပေ။ အခြားသူများ မည်မျှ ကြိုးစားပြီး နားထောင်သည်ဖြစ်စေ မည်သူကမျှ ထိုအရာများမှ မည်သည့်အရာကိုမျှ သဘောပေါက်နိုင်ကြလိမ့်မည် မဟုတ်။ နားထောင်နေစဉ်၊ သင် ပြောသည့်အရာက အတော်လေး မှန်ကန်သည်ဟု ၎င်းတို့ ခံစားကောင်းခံစားမည်ဖြစ်သော်လည်း၊ နောက်ပိုင်းတွင်၊ ထိုအရာကို ၎င်းတို့ လုံးဝ မေ့သွားကြလိမ့်မည်။ သင်၏ တကယ့် အခြေအနေများအကြောင်းကို သင် မပြောလျှင်၊ လူတို့၏ စိတ်နှလုံးများကို သင် တို့ထိနိုင်လိမ့်မည်မဟုတ်သကဲ့သို့ လူတို့က ထိုအရာကို ကြားပြီးနောက်တွင် မှတ်မိကြမည်မဟုတ်ပေ။ ယင်းသည် အပြုသဘောဆောင်သည့် မည်သည့်အရာမျှ ပေးရန်မရှိ။ ဤကဲ့သို့သော အခြေအနေတစ်ခုကို သင် ကြုံရသည့်အခါ၊ သင် ပြောနေသည့်အရာက လက်တွေ့ကျခြင်းမရှိသည်ကို သင် သိသင့်သည်။ ထိုသို့ သင် ဆက်ပြောဆိုနေလျှင် မည်သူအတွက်မျှ အဆင်ပြေလိမ့်မည်မဟုတ်သကဲ့သို့ သင် မဖြေနိုင်သည့် မေးခွန်းတစ်ခုကို တစ်စုံတစ်ဦးက ထုတ်လျှင် သာ၍ပင် ကသိကအောက်ဖြစ်လိမ့်မည်။ သင် ချက်ချင်း ရပ်ပြီး အခြားလူများကို မိတ်သဟာယပြုခွင့်ပေးသင့်သည်။ ယင်းက အမြော်အမြင်ရှိသည့် ရွေးချယ်မှုဖြစ်မည်။ အစည်းအဝေးတစ်ခုတွင် သင် ရှိပြီး၊ ကိစ္စတစ်ခုခုနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို သိရှိသည့်အခါ၊ ထိုအရာနှင့်ပတ်သက်သည့် လက်တွေ့ကျသောအရာအချို့ကို သင် ပြောနိုင်သည်။ အနည်းငယ် အပေါ်ယံဆန်ကောင်းဆန်နိုင်သော်လည်း၊ လူတိုင်းက နားလည်ကြလိမ့်မည်။ လူတို့ကို အထင်ကြီးစေရန် သာ၍ နက်နဲသည့်ပုံစံတစ်ခုဖြင့် သင် အမြဲ စကားပြောလိုပြီး၊ မည်သည့်အခါတွင်မျှ ဖြစ်မြောက်အောင် လုပ်နိုင်သည့်ပုံမရလျှင်၊ သင် ရပ်သာရပ်လိုက်သင့်သည်။ ထိုအချိန်မှစ၍ သင်ပြောသည့်အရာတိုင်းက အနှစ်မဲ့သည့် အယူဝါဒဖြစ်လိမ့်မည်။ သင် ဆက်၍မိတ်သဟာယမပြုမီ အခြားတစ်စုံတစ်ဦးကို အခွင့်ပေးသင့်သည်။ သင် နားလည်သည့်အရာက အယူဝါဒဖြစ်ပြီး ထိုအရာကို ပြောဆိုခြင်းက အထောက်အကူဖြစ်မည်မဟုတ်သည်ကို သင်ခံစားရလျှင်၊ ထိုသို့သော ဖြစ်ရပ်မျိုးတွင် သင် စကားပြောသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်မည် မဟုတ်ပေ။ သင့်ကိုယ်သင် အတင်း စကားပြောစေလျှင်၊ အဓိပ္ပာယ်မရှိသောအရာများနှင့် သွေဖည်မှုများဖြင့် အဆုံးသတ်သွားနိုင်ပြီး၊ လူတို့ကို သင် လမ်းလွဲသွားစေနိုင်သည်။ လူအများစုသည် အလွန် ညံ့ဖျင်းသော အခြေခံအုတ်မြစ်များနှင့် ညံ့ဖျင်းသော အစွမ်းအစရှိသောကြောင့် ပိုမိုလေးနက်သောအရာများကို အချိန်တိုအတွင်း မသိမှတ်နိုင်ပေ၊ သို့မဟုတ် ယင်းတို့ကို အလွယ်တကူ မမှတ်မိနိုင်ပေ။ အခြားတစ်ဖက်တွင် လွဲချော်နေသည့်၊ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းမှုနှင့်ဆိုင်သည့်၊ အယူဝါဒနှင့်ဆိုင်သည့် အရာများနှင့်ပတ်သက်၍၊ ၎င်းတို့သည် နားလည်မှု အတော်လေး မြန်ဆန်ကြသည်။ ဤသည်မှာ ၎င်းတို့ မှားယွင်းဆိုးယုတ်သည့်အရာ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ စည်းမျဉ်းများကို ဆုပ်ကိုင်ထားပြီး သင်နားလည်သည့် မည်သည့်အရာကိုမဆို ပြောဆိုရမည်။ လူတို့၏ စိတ်နှလုံးများတွင် မာနဘဝင်မြင့်ခြင်းရှိပြီး၊ တစ်ခါတစ်ရံ ၎င်းတို့၏ မာနဘဝင်မြင့်ခြင်းက ထိန်းချုပ်သည့်အခါ၊ ၎င်းတို့ ပြောသည့်အရာက အယူဝါဒဖြစ်သည်ကို သိသည့်အချိန်တွင်ပင် မရမက ဆက်လက်စကားပြောဆိုတတ်ကြသည်။ ၎င်းတို့က၊ “ငါ့ညီအစ်ကို မောင်နှမများက ခွဲခြားကောင်းခွဲခြားနိုင်မည်မဟုတ်။ ငါ့ နာမည်ဂုဏ်သတင်းအတွက် ထိုအရာအားလုံးကို ငါ လျစ်လျူရှုလိုက်မည်။ ဟိတ်ဟန်ထိန်းခြင်းက ယခု အရေးကြီးသည့်အရာဖြစ်သည်”ဟု တွေးကြသည်။ ဤသည်မှာ လူတို့ကို လှည့်စားရန် ကြိုးပမ်းခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို သစ္စာမရှိခြင်း ဖြစ်သည်။ အသိစိတ်တစ်ခုခုရှိသည့် သူတစ်ဦးဖြစ်လျှင်၊ ဝမ်းနည်းကာ အပြစ်ရှိသည်ဟု ခံစားရမည်ဖြစ်ပြီး စကားပြောခြင်းကို ရပ်သင့်သည်ဟု ခံစားရလိမ့်မည်။ အကြောင်းအရာ ပြောင်းပြီး ၎င်းတို့ တွေ့ကြုံပြီးဖြစ်သည့် တစ်စုံတစ်ရာကို မိတ်သဟာယဖွဲ့သင့်သည်၊ သို့မဟုတ် သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် အသိပညာတို့ကို မိတ်သဟာယပြုသင့်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းတို့ ခံစားကြလိမ့်မည်။ တစ်စုံတစ်ဦးက မည်ရွေ့မည်မျှ နားလည်ပါစေ ယင်းသည် သူ ပြောသင့်သည့် ပမာဏဖြစ်သည်။ တစ်စုံတစ်ဦးက မည်ရွေ့မည်မျှ ပြောဆိုသည်ဖြစ်စေ၊ သူ ပြောနိုင်သည့် လက်တွေ့ကျသောအရာများတွင် အကန့်အသတ်ရှိသည်။ အတွေ့အကြုံမရှိဘဲနှင့်၊ သင်၏ စိတ်ကူးများနှင့် အတွေးသည် သဘောတရားသာဖြစ်သည်၊ လူသား အယူအဆများနှင့်ဆိုင်သည့် အရာများသာ ဖြစ်သည်။ သမ္မာတရားဖြစ်သည့် နှုတ်ကပတ်တော်များသည် နားလည်ရန် စစ်မှန်သည့် အတွေ့အကြုံ လိုအပ်ပြီး၊ သမ္မာတရားတစ်ခုကို တွေ့ကြုံခြင်း အခြေအနေအား လုံးဝ ရှင်းပြနိုင်ရန်မဆိုထားနှင့်၊ အတွေ့အကြုံမရှိဘဲနှင့် သမ္မာတရား၏ အနှစ်သာရကို မည်သူကမျှ လုံးဝ နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ သမ္မာတရားအား တွေ့ကြုံရသည့် အခြေအနေတစ်ခုကို အပြည့်အဝရှင်းပြနိုင်ဖို့ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ လက်တွေ့ကျသည့်အရာတစ်ခု ပြောစရာရှိရန် သင့်အနေဖြင့် သမ္မာတရားနှင့်ဆိုင်သည့် အတွေ့အကြုံတချို့ ရှိရမည်။ အတွေ့အကြုံမရှိဘဲနှင့် မဖြစ်ပေ။ ပြီးလျှင် သင့်ထံတွင် အတွေ့အကြုံရှိလျှင်ပင်၊ ထိုအတွေ့အကြုံကို အကန့်အသတ်ပုံစံတစ်ခုဖြင့် ရှိနေဆဲဖြစ်သည်။ သင် ပြောနိုင်သည့် အချို့သော၊ အကန့်အသတ်ရှိသည့် အခြေအနေများရှိသော်လည်း၊ ထို့ထက်ကျော်လွန်၍၊ သင့်ထံတွင် ပြောရန် ဘာမျှမရှိ။ အစည်းအဝေးတစ်ခုတွင် မိတ်သဟာယပြုခြင်းက အကြောင်းအရာ တစ်ခု သို့မဟုတ် နှစ်ခုကို အမြဲ ဗဟိုပြုသင့်သည်။ မိတ်သဟာယတွင် ထိုအရာများကို သင်က သာ၍ ရှင်းလင်းသွားစေနိုင်မည်ဆိုလျှင်၊ အတော်များများကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ ပိုများသည့်အရာများ သို့မဟုတ် ပိုမိုကြီးကျယ်ခမ်းနားသည့်အရာများကို ပြောရန် ကြိုးစားရင်း မပိတ်မိစေနှင့်။ မည်သူကမျှ ထိုသို့ဖြင့် မည်သည့်အရာကိုမျှ နားမလည်နိုင်သကဲ့သို့၊ မည်သူအတွက်မျှ အကျိုးမရှိပေ။ အစည်းအဝေးများသည် အလှည့်ကျ စကားပြောခြင်းနှင့် သက်ဆိုင်ပြီး၊ ပါဝင်သည့်အကြောင်းအရာက လက်တွေ့ကျသရွေ့၊ ထိုအရာမှ လူတို့ အကျိုးကျေးဇူးရှိကြသည်။ လူတစ်ဦးက သမ္မာတရားအားလုံးကို မိမိဘာသာ ရှင်းလင်းစွာ မိတ်သဟာယပြုနိုင်သည်ဟု စဉ်ဆက်မပြတ် တွေးထင်နေခြင်းကို ရပ်လော့။ ယင်းမှာ မဖြစ်နိုင်ပေ။ တစ်ခါတစ်ရံတွင် သင်သည် အလွန်လက်တွေ့ကျသည့် နည်းဟန်ဖြင့် ဆွေးနွေးပြောဆိုနေသည်ဟု သင်တွေးနိုင်သော်လည်း၊ သင်၏ညီအစ်ကိုမောင်နှမများသည် နားမလည်ကြသေးပေ။ ဤသည်မှာ သင်၏ အခြေအနေသည် သင်၏အခြေအနေသာ ဖြစ်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများသည် သင်၏ ကိုယ်ပိုင်အခြေအနေကဲ့သို့ သေချာပေါက် အတိအကျ မဟုတ်ပေ။ ထို့အပြင် သင်သည် ဤအကြောင်းအရာနှင့် အတွေ့အကြုံအချို့ရှိကောင်းရှိနိုင်သော်လည်း၊ သင်၏ ညီအစ်ကိုမောင်နှမများ၌ ရှိနိုင်မည် မဟုတ်သောကြောင့်၊ သင်ပြောနေသည့်အရာသည် ၎င်းတို့နှင့်မသက်ဆိုင်ဟု ၎င်းတို့က ခံစားကြရသည်။ ဤအခြေအနေမျိုးကို ကြုံတွေ့ရသည့်အခါ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့၏ အခြေအနေများကို နားလည်နိုင်ဖို့ မေးခွန်းအချို့ကို ၎င်းတို့အား မေးရမည်။ ဤအကြောင်းအရာ ပေါ်ပေါက်လာသည့်အခါမည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်၊ သမ္မာတရားနှင့်ညီစွာ ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်ကို ၎င်းတို့အား မေးလော့။ ဤနည်းလမ်းဖြင့် အချိန်အတော်ကြာ မိတ်သဟာယပြုပြီးသည့်နောက်၊ ရှေ့လျှောက် လမ်းကြောင်း ပွင့်လာလိမ့်မည်။ ဤနည်းဖြင့် သင်သည် လူများကို လက်ရှိပြောဆိုနေသော သင့်လျော်သော အကြောင်းအရာအပေါ်သို့ ခေါ်ဆောင်ပေးနိုင်သည်။ ပြီးလျှင် သင်သည် ဆက်လက်၍ မိတ်သဟာယပြုပါက ရလဒ်များကို ရရှိလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။