ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၀

ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင်၏ ရည်ရွယ်ချက်များနှင့် အမြင်များကို မှန်ကန်စွာ စနစ်တကျ ထားရှိဖို့ လိုအပ်၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင် စီစဉ်ထားသော ပတ်ဝန်းကျင်များအားလုံး၊ ဘုရားသခင် သက်သေခံသော လူသားနှင့် လက်တွေ့ကျသော ဘုရားသခင်တို့နှင့်သက်ဆိုင်သော မှန်ကန်သည့် သိနားလည်မှုနှင့် မှန်ကန်သည့် သဘောထားပုံတို့ ရှိရမည်။ သင်သည် သင်၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လက်တွေ့ မလုပ်ဆောင်ရ၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် သေးနုပ်သော အကြံများကို မဖန်တီးရ။ မည်သည့်အရာကို သင် လုပ်ဆောင်ပါစေ၊ သမ္မာတရားကို သင် ရှာနိုင်ရမည်ဖြစ်ပြီး၊ ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် သင်၏အနေအထားတွင် ဘုရားသခင်၏ အမှုအားလုံးကို နာခံနိုင်ရမည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် အသက်တာ၏ မှန်သောလမ်းကြောင်းပေါ် ဝင်ရောက်ခြင်းကို သင်လိုက်စားရန် ဆန္ဒရှိပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အစဉ်အမြဲ အသက်ရှင်ရမည်။ အကျင့်မပျက်နှင့်၊ စာတန်နောက်မလိုက်နှင့်၊ စာတန်ကို သူ၏ အလုပ်ကိုဆောင်ရွက်ရန် မည်သည့်အခွင့်အရေးမျှ မပေးနှင့်၊ ပြီးလျှင် သင့်အား အသုံးပြုဖို့ စာတန်ကို အခွင့်မပေးနှင့်။ သင့်ကိုယ်သင် ဘုရားသခင်ထံ လုံးဝ ပေးအပ်ရမည်ဖြစ်ပြီး သင့်အပေါ် ဘုရားသခင်ကို စိုးမိုးခွင့်ပေးရမည်။

သင်သည် စာတန်၏အစေခံ ဖြစ်ရန် လိုလားလျက်ရှိသလော။ သင်သည် စာတန်၏အမြတ်ထုတ်ခြင်းခံရဖို့ လိုလားလျက်ရှိသလော။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့အလို့ငှာ သို့မဟုတ် ဘုရားသခင်၏အမှုတော်အတွက် အဖြည့်ခံ ဖြစ်လာနိုင်ဖို့အလို့ငှာ ဘုရားသခင်ကို ယုံကြည်ပြီး သူ့ကို လိုက်စားသလော။ သင်သည် ဘုရားသခင်၏ ရယူခြင်းကိုခံရသည့် အဓိပ္ပါယ်ရှိသော အသက်တာကို ပိုမိုနှစ်သက်သလော သို့မဟုတ် သုံးမရဖြစ်ကာ အနှစ်မဲ့သော အသက်တာတစ်ခုကို ပိုမိုနှစ်သက်သလော။ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့ ပိုမိုနှစ်သက်သလော သို့မဟုတ် စာတန်၏ အမြတ်ထုတ်ခြင်းကိုခံဖို့ ပိုမိုနှစ်သက်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို သင့်အား ဖြည့်ဆည်းခွင့်ပေးဖို့ ပိုမိုနှစ်သက်သလော၊ သို့မဟုတ် အပြစ်နှင့် စာတန်တို့ကို သင့်အား ဖြည့်ဆည်းခွင့်ပေးဖို့ ပိုမိုနှစ်သက်သလော။ ဤအရာများကို သေချာစွာ စဉ်းစားဆင်ခြင်လော့။ သင်၏ နေ့စဉ်အသက်တာတွင်၊ သင် ပြောဆိုသည့် မည်သည့်စကားများ၊ သင် လုပ်ဆောင်သည့် မည်သည့်အရာများက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မလျော်ကန်မှု ဖြစ်ကောင်းဖြစ်စေလိမ့်မည် ဆိုသည်ကို သင်နားလည်ရမည်ဖြစ်ပြီး၊ ထို့နောက် မှန်ကန်သည့် ပုံစံအတွင်း ဝင်ရောက်ဖို့ သင့်ကိုယ်သင် ပြုပြင်ရမည်။ တစ်ချိန်လုံး၊ သင်၏ စကားများ၊ သင်၏ လုပ်ရပ်များ၊ သင်၏လှုပ်ရှားမှုတစ်ခုစီတိုင်း၊ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ဆန်းစစ်လော့။ သင်၏ စစ်မှန်သော အခြေအနေနှင့်ဆိုင်သည် မှန်ကန်သော သိနားလည်မှုကို ရရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ပုံစံထဲသို့ ဝင်ရောက်လော့။ ဤသည်မှာ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးရှိ‌ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ခြင်း ရှိမရှိ ဆိုသည်ကို အကဲဖြတ်ခြင်းအားဖြင့်၊ သင်သည် သင်၏ရည်ရွယ်ချက်များကို အမှန်ပြင်လာနိုင်လိမ့်မည်ဖြစ်ပြီး၊ လူသား၏ သဘာဝနှင့် အနှစ်သာရကို နားလည်လာနိုင်လိမ့်မည်ဖြစ်ကာ၊ သင့်ကိုယ်သင် အမှန်တကယ် နားလည်နိုင်လာမည်ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်၍၊ သင့်ကိုယ်သင် စစ်မှန်သော နည်းလမ်းတစ်ခုဖြင့် စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ရည်ရွယ်ချက်ဖြင့် နာခံနိုင်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ခြင်း ရှိမရှိနှင့်သက်ဆိုင်သော အမှန်တရားကို သင်တွေ့ကြုံသည်နှင့်အမျှ၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကိုခံရမည့် အခွင့်အရေးများကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အခြေအနေများစွာကို သဘောပေါက်လာနိုင်လိမ့်မည်။ စာတန်၏ လှည့်စားမှုများစွာ ကိုလည်း သင် ရိပ်စားနိုင်လိမ့်မည်ဖြစ်ပြီး၊ ယင်း၏ လျှို့ဝှက်ကြံစည်မှုများကို ထိုးထွင်းသိမြင်နိုင်လိမ့်မည်။ ဤနည်းလမ်းသည်သာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းသို့ ဦးတည်ပေသည်။ သူ၏ အစီအမံများကို အလုံးစုံ သင် နာခံနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် စစ်မှန်သည့် အတွေ့အကြုံများထဲသို့ သာ၍ပင် နက်နဲစွာ သင်ဝင်ရောက်ရန်အလို့ငှာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သာ၍ပင် ရရှိဖို့အလို့ငှာ၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မှန်ကန်စေလော့။ ဘုရားသခင်နှင့် မှန်ကန်သည့် ဆက်ဆံရေးတစ်ခု ရှိခြင်းကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ၊ အကြောင်းကိစ္စအများစုတွင်၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းအားဖြင့်နှင့် ဘုရားသခင်နှင့် စစ်မှန်သော ပူးပေါင်းလုပ်ဆောင်ခြင်း တို့မှတစ်ဆင့် အောင်မြင်မှုကို ရရှိလိမ့်မည်ဖြစ်သည်။ “ပူးပေါင်းလုပ်ဆောင်သည့် စိတ်နှလုံးမရှိဘဲနှင့်၊ ဘုရားသခင်၏ အမှုကို ရရှိရန် ခက်ခဲသည်။ ဇာတိပကတိသည် ဆင်းရဲဒုက္ခမခံစားရပါက၊ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများလည်း ရှိလိမ့်မည်မဟုတ်။ စိတ်ဝိညာဉ်က ရုန်းကန်ခြင်း မရှိပါက၊ စာတန်သည် အရှက်ရမည်မဟုတ်” ဆိုသည်ကို သင်တို့နားလည်သင့်သည်။ သင်သည် ဤအခြေခံသဘောတရားများကို လက်တွေ့လုပ်ဆောင်ပြီး အကုန်အစင် နားလည်ပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များသည်လည်း မှန်ကန်လိမ့်မည်။ သင်တို့၏လက်ရှိ လက်တွေ့လုပ်ဆောင်မှုတွင်၊ “အဆာပြေရန်အတွက် ပေါင်မုန့်ကို ရှာဖွေခြင်း” ဟူသည့် ပုံသေအတွေးအခေါ်ကို သင်ဖယ်ရှားရမည်။ “သန့်ရှင်းသော အရာရာတိုင်းကို ဝိညာဉ်တော်က လုပ်ဆောင်ပြီး လူတို့သည် ကြားဝင်နှောင့်ယှက်၍ မရနိုင်” ဟူသည့် ပုံသေအတွေးအခေါ်ကို သင်ဖယ်ရှားရမည်။ ထိုသို့ပြောသည့် လူတိုင်းက၊ “လူတို့သည် သူတို့လုပ်လိုသည့် မည်သည့်အရာကိုမဆို လုပ်နိုင်ပြီး၊ အချိန်တန်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က သူ့အလုပ် သူလုပ်လိမ့်မည်။ လူတို့သည် ဇာတိပကတိကို အနိုင်ယူစရာမလို သို့မဟုတ် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ပေ။ အရေးကြီးသည့် တစ်ခုတည်းသောအရာမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရဖို့ဖြစ်သည်” ဟု တွေးကြသည်။ ဤအယူအဆအားလုံးက အဓိပ္ပာယ်မရှိပေ။ ထိုသို့သော အခြေအနေများအောက်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်မလုပ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ကြီးစွာ ဟန့်တားသည်မှာ ဤသို့သောအမြင်မျိုး ဖြစ်သည်။ မကြာခဏပင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့၏ ပူးပေါင်းလုပ်ဆောင်မှုမှတစ်ဆင့် ရရှိပေသည်။ ပူးပေါင်းလုပ်ဆောင်မှုမရှိသည့် သူများနှင့် ဖြေရှင်းခြင်းမခံရသေးသည့်သူများသည် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခုကို ရရှိရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိဖို့ဆန္ဒရှိကြပြီး၊ လွန်ကဲသည့် အတွေးများ ဧကန်အမှန် ရှိကြလေသည်။ ဤသည်ကို “မိမိကိုယ်ကို အလိုလိုက်ခြင်းနှင့် စာတန်ကို ချမ်းသာပေးခြင်း” ဟု ခေါ်သည်။ ထိုသို့သော လူတို့သည် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေး မရှိကြပေ။ သင်သည် မိမိအတွင်း၌ စာတန်ဆန်သော စိတ်သဘောထားနှင့်ဆိုင်သည့် ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များစွာတို့ကို ရှာဖွေသင့်ပြီး၊ ယခု ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဆန့်ကျင်သည့် သင် ဆောင်ရွက်သော လုပ်ရပ်များကို ရှာဖွေသင့်သည်။ သင်သည် စာတန်ကို ယခု စွန့်လွှတ်နိုင်လိမ့်မည်လော။ သင်သည် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေး ရရှိသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်၊ အသစ်သော အသက်တာနှင့်အတူ လူသစ်တစ်ဦး ဖြစ်လာသင့်သည်။ အတိတ်က အပြစ်များပေါ်တွင် အချိန်ကုန်ခံ မစဉ်းစားနှင့်။ သင့်ကိုယ်သင် လွန်လွန်ကဲကဲ နောင်တမရနှင့်။ ရပ်တည်ပြီး ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းရှိလော့၊ ပြီးလျှင် သင်၏ ဖြည့်ဆည်းရမည့် တာဝန်များကို ဖြည့်ဆည်းလော့။ ဤနည်းလမ်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် မှန်ကန်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၉

လူအများအပြားသည် ဘုရားသခင်အမှုအမျိုးမျိုးနှင့် ကွဲပြားမှုများကို မသိသောကြောင့်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိဉာဏ်နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၉

အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အတွင်း၌ သူတို့နေထိုင်ခဲ့စဉ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၈

လူသားကိုပေးသော ယေဟောဝါ ဘုရားသခင်၏ အမိန့် ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၄

အရာအားလုံးကြီးထွားရန်အတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် နိယာမများ၏ ရှုထောင့်မှ ကြည့်သည့်အခါတွင် လူသားအားလုံးသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။