ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၈

ဆုတောင်းခြင်းနှင့် ပတ်သက်၍ အခြေခံအကျဆုံး အသိပညာ-

၁။ စိတ်ထဲက ပေါ်လာသည့် အရာမှန်သမျှကို ကျိုးကြောင်းမမြင်ဘဲ မပြောနှင့်။ သင်၏စိတ်နှလုံးတွင် ဝန်တာတစ်ခုရှိရမည်၊ ယင်းမှာ သင်ဆုတောင်းသည့်အခါ ရည်မှန်းချက်တစ်ခု ရှိရမည်ဖြစ်သည်။

၂။ ဆုတောင်းခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပါဝင်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်ဖြစ်သည်။

၃။ ဆုတောင်းသည့်အခါ၊ ခေတ်မမီတော့သည့် ကိစ္စရပ်များကို ပြန်မတင်ပြရပေ။ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို သင်အာရုံစိုက်သင့်ပြီး၊ ဆုတောင်းသည့်အခါ သင်၏ အတွင်းကျဆုံး အတွေးများကို ဘုရားသခင်အား ပြောပြလော့။

၄။ အုပ်စုလိုက် ဆုတောင်းခြင်းသည် အဓိကအချက်တစ်ခုကို ဗဟိုပြုရမည်ဖြစ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ် သေချာပေါက် ဖြစ်သည်။

၅။ တစ်ခုခုအတွက် မည်သို့ ဆုတောင်းရမည်ကို လူအားလုံး သင်ယူရသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို အရေးထားမှု ပြသခြင်းနည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။

လူတစ်ဦး၏ ဆုတောင်းခြင်း အသက်တာသည် ဆုတောင်းခြင်း၏ အရေးပါမှုနှင့် ဆုတောင်းခြင်း၏ အခြေခံအသိပညာကို သိနားလည်ခြင်းတစ်ခုအပေါ် အခြေခံလေသည်။ နေ့စဉ် အသက်တာတွင် သင်ကိုယ်တိုင်၏ အားနည်းချက်များအတွက် မကြာခဏ ဆုတောင်းလော့၊ အသက်တာတွင် သင်၏ စိတ်သဘောထား၌ ထိရောက်သည့် ပြောင်းလဲမှုရှိဖို့ရန် ဆုတောင်းလော့၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်ဆိုင်သည့် သင်၏ အခြေခံအသိပညာနှင့်ပတ်သက်၍ ဆုတောင်းလော့။ လူအသီးသီးသည် မိမိတို့ကိုယ်တိုင်၏ ဆုတောင်းခြင်း အသက်တာကို တည်ဆောက်သင့်၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိခြင်းအတွက် ဆုတောင်းသင့်ပြီး၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို ရှာဖွေဖို့ ဆုတောင်းသင့်သည်။ သင်၏ ပုဂ္ဂိုလ်ရေး အခြေအနေများကို ဘုရားသခင်၏ရှေ့မှောက်တွင် ချပြပြီး၊ သင်ဆုတောင်းသည့် နည်းလမ်းကို ရေးကြီးခွင်ကျယ် မလုပ်ဘဲ လက်တွေ့ဆန်လော့၊ ပြီးလျှင် အဓိကအချက်မှာ စစ်မှန်သော သိနားလည်မှုကို ရရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံကို ရယူဖို့ ဖြစ်သည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို လိုက်စားသည့် လူတစ်ဦးအနေဖြင့် ကွဲပြားသော နည်းလမ်းများစွာဖြင့် ဆုတောင်းနိုင်ရမည်။ တိတ်တဆိတ် ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်ဆင်ခြင်ခြင်း၊ ဘုရားသခင်၏အမှုကို သိရှိလာခြင်း- ဤအရာအားလုံးသည် ဘုရားသခင် ရှေ့မှောက်တွင် တစ်ဦးတစ်ယောက်၏ အခြေအနေကို တိုးတက်စေပြီး အသက်တာတွင် ယခင်ထက်သာ၍ တိုးတက်မှုဆီသို့ တွန်းပို့သည့် မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့အတွက် ဝိညာဉ်ရေးရာ မိတ်သဟာယနှင့်ဆိုင်သည့် စိတ်ပိုင်းဖြတ်ချက်ခိုင်မာသော အလုပ်၏ ဥပမာများ ဖြစ်သည်။ အတိုချုပ်အနေဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည် ဖြစ်စေ၊ တိတ်ဆိတ်စွာ ဆုတောင်းခြင်းဖြစ်စေ၊ ကျယ်လောင်စွာ ကြွေးကြော်ခြင်းဖြစ်စေ၊ သင်လုပ်သည့် အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်နှင့် သင့်အထဲတွင် သူ ရရှိရန် ဆန္ဒရှိသည့်အရာကို သင့်အား ရှင်းရှင်းလင်းလင်း သိစေဖို့အလို့ငှာ ဖြစ်ပေသည်။ သာ၍အရေးကြီးသည်မှာ သင် လုပ်သမျှအားလုံးသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများကို ရရှိဖို့နှင့် သင်၏ အသက်တာကို အသစ်သော တိုးတက်မှုများဆီသို့ မြှင့်တင်ဖို့အလို့ငှာ ဖြစ်သည်။ လူကို ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံးစံနှုန်းမှာ လူသားသည် မိမိ၏ စိတ်နှလုံးကို သူ့အား ဖွင့်ပြနိုင်ဖို့ ဖြစ်သည်။ လူသားသည် သူ၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူ့နှလုံးသားထဲတွင် ဧကန်အမှန် ရှိသည့် အရာကို ဘုရားသခင်အား ပြောပါက၊ ဘုရားသခင်သည် သူ့အထဲတွင် လုပ်ဆောင်ရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာမှာ လူသား၏ ဖောက်ပြန်သော နှလုံးသား မဟုတ်ဘဲ၊ ဖြူစင်ပြီး ရိုးသားသည့် နှလုံးသားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မိမိ၏စိတ်နှလုံးမှ စကားမပြောပါက၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို တို့ထိလိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့အထဲတွင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းခြင်း၏ အခရာမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ အားနည်းချက်များ သို့မဟုတ် ပုန်ကန်တတ်သည့် စိတ်သဘောထားကို သူ့အားပြောပြခြင်း၊ သူ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် လုံးဝ ဖွင့်ပြခြင်းတို့ ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို စိတ်ဝင်စားမည်ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏မျက်နှာကို သင့်ထံမှ ဖုံးကွယ်လိမ့်မည်ဖြစ်သည်။ ဆုတောင်းခြင်းအတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်မှာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စွာ ထားနိုင်ရမည်ဖြစ်ပြီး၊ ထိုငြိမ်သက်ခြင်းက ဘုရားထံမှ ခွဲခွာမသွားရပေ။ ဤအဆင့်အတွင်းတွင် သင်သည် သာ၍ သစ်လွင် သို့မဟုတ် သာ၍ မြင့်မားသည့် ထိုးထွင်းသိမြင်မှုကို မရရှိဘဲ ဖြစ်နိုင်သည်၊ သို့သော် ထိုအခါ သင်သည် သင်၏ ရှိရင်းစွဲ အခြေအနေကို ထိန်းသိမ်းဖို့ ဆုတောင်းရမည်- သင် မဆုတ်ယုတ်ရပေ။ ဤသည်မှာ သင် အနည်းဆုံး ရရှိရမည့် အရာဖြစ်သည်။ ဤအရာကိုပင် သင် အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက၊ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် လမ်းကြောင်းမှန်ပေါ် မရောက်သေးသည်ကို သက်သေပြပေသည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ပထမဦးစွာ ရှိခဲ့သည့် ရူပါရုံကို ထိန်းသိမ်းနိုင်မည်မဟုတ်၊ ဘုရားသခင်၌ ယုံကြည်ခြင်းကို သင် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး သင်၏ သန္နိဋ္ဌာန်သည် နောက်ပိုင်းတွင် ပျောက်ကွယ် သွားလိမ့်မည်။ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ၊ မရှိဆိုသည့် လက္ခဏာရပ်တစ်ခုမှာ သင်၏ ဆုတောင်းခြင်းများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိ၊ မရှိဆိုသည်ကို ကြည့်ဖို့ဖြစ်သည်။ လူအားလုံးသည် ဤလက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်။ ၎င်းတို့အားလုံးသည် မလှုပ်မယှက် စောင့်ဆိုင်းခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သတိရှိရှိ ရှာဖွေရင်း၊ ဆုတောင်းခြင်းတွင် မိမိတို့ကိုယ်ကိုယ် သတိရှိရှိ လေ့ကျင့်ခြင်း အလုပ်ကို လုပ်ဆောင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည့် လူများ ဖြစ်ပေလိမ့်မည်။

သင်စတင်ဆုတောင်းသည့်အခါ၊ မိမိနိုင်သည်ထက် ပိုမလုပ်ရ သကဲ့သို့၊ တစ်ကျိုက်တည်းနှင့် အရာရာကို ရရှိဖို့ မမျှော်လင့်နှင့်။ သင့်အနေဖြင့်၊ ပါးစပ်ဖွင့်လိုက်သည်နှင့် သန်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရမည်၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်း ရရှိမည်၊ သို့မဟုတ် သင့်အပေါ် ဘုရားသခင်က ကျေးဇူးတော် သွန်းလောင်းလိမ့်မည်ဟု မျှော်လင့်လျက် အလွန်အကျွံ တောင်းဆိုမှုများ ပြုလုပ်၍ မရပေ။ ယင်းသည် ဖြစ်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သည် သဘာဝလွန် အမှုအရာများ မဆောင်ရွက်ပေ။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အချိန်ကာလတွင် လူတို့၏ ဆုတောင်းချက်များကို ခွင့်ပြုပေးခဲ့ပြီး တစ်ခါတစ်ရံ သူ၏ရှေ့မှောက်တွင် သင် သစ္စာရှိ၊ မရှိဆိုသည်ကို သိဖို့အတွက် သင်၏ ယုံကြည်မှုကို သူ စမ်းသပ်ပေသည်။ သင် ဆုတောင်းသည့်အခါ၊ ယုံကြည်မှု၊ ဇွဲလုံ့လနှင့် သန္နိဋ္ဌာန်တို့ ရှိရမည်။ လူအများစုသည် ခုလေးတင် စတင်လေ့ကျင့်သည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိမှုကို မခံစားရသောကြောင့် စိတ်ဓာတ်ကျကြသည်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်ဇွဲရှိရမည်။ သန်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းကို ခံစားခြင်းနှင့် ရှာဖွေခြင်းနှင့် လေ့လာမှုတို့အပေါ်တွင် သင်အာရုံစိုက်ရမည်။ တစ်ခါတစ်ရံတွင်၊ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် မမှန်ကန်သကဲ့သို့၊ တစ်ခါတစ်ရံတွင် သင်၏ပုဂ္ဂိုလ်ရေး ကြံရွယ်ချက်များနှင့် အယူအဆများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် မခိုင်မြဲနိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို မတို့ထိနိုင်ပေ။ အခြားအချိန်များတွင်၊ ဘုရားသခင်သည် သင်သစ္စာရှိ၊ မရှိဆိုသည်ကို ကြည့်၏။ အတိုချုပ်အနေဖြင့်၊ လေ့ကျင့်ရာတွင်၊ သာ၍ မြင့်မားသည့် အဖိုးအခကို သင် ပေးသင့်သည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေါ်တွင် သွေဖည်နေသည်ကို တွေ့ရှိပါက၊ သင်ဆုတောင်းသည့် နည်းလမ်းကို ပြောင်းလဲနိုင်သည်။ ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြင့် သင် ရှာဖွေပြီး ရရှိဖို့ တောင့်တသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ဤလက်တွေ့အရှိတရားထဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည်။ တစ်ခါတရံတွင် သင်သည် ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုဖြင့် ဆုတောင်းသော်လည်း အထူး တို့ထိခံရသည်ဟု သင်မခံစားရ။ ဤသို့သောအချိန်များတွင် ဘုရားသခင်သည် သင်၏ ဆုတောင်းချက်များကို စောင့်ကြည့်ကြောင်း ယုံကြည်လျက် ယုံကြည်ခြင်းအပေါ် သင်မှီခိုရမည်ဖြစ်သည်။ သင်၏ဆုတောင်းချက်များတွင် သင် ဇွဲလုံ့လရှိရမည်ဖြစ်သည်။

ရိုးသားသော လူတစ်ဦး ဖြစ်လော့။ သင်၏စိတ်နှလုံးထဲရှိ လှည့်ဖြားမှုများကို ဖယ်ထုတ်ဖို့အတွက် ဘုရားသခင်ထံ ဆုတောင်းလော့။ တစ်ချိန်လုံး ဆုတောင်းခြင်းမှတဆင့် မိမိကိုယ်ကိုယ် စင်ကြယ်စေလော့၊ ဆုတောင်းခြင်းမှတဆင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံလော့၊ ပြီးလျှင် သင်၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲ လာလိမ့်မည်။ စစ်မှန်သည့် ဝိညာဉ်ရေးရာ အသက်တာသည် ဆုတောင်းခြင်း အသက်တာဖြစ်၏- ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသည့် အသက်တာတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းခံရသည့် ဖြစ်စဉ်မှာ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်း မခံရသည့် အသက်တာသည် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မဟုတ်ဘဲ၊ ဘာသာရေးဓလေ့နှင့်ဆိုင်သော အသက်တာတစ်ခုသာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း မကြာခဏ ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရပြီး အလင်းပြခံရသူများသာ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ကြပြီး ဖြစ်သည်။ လူသား၏ စိတ်သဘောထားသည် သူဆုတောင်းသည့်အတိုင်း စဉ်ဆက်မပြတ် ပြောင်းလဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သူ ခံရလေလေ၊ သူသည် တက်ကြွလေလေဖြစ်ပြီး နာခံလာလေလေ ဖြစ်သည်။ ထို့ကြောင့် သူ့၏စိတ်နှလုံးသည်လည်း တဖြည်းဖြည်း သန့်စင်ခံရပြီး သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်။ ယင်းမှာ စစ်မှန်သည့် ဆုတောင်းခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၄

ငါ့ကို ချီးမွမ်းရာ၌ ကောင်းကင်တမန်များသည် တေးဂီတကို တီးမှုတ်လေသောအခါ ဤသီချင်းသံသည် လူသားအတွက် ငါ၏ စာနာခြင်းကို မလှုံ့ဆော်ဘဲ မနေနိုင်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၉

လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၆

ပေတရုသည် စုံလင်စေခြင်းခံခဲ့ရသည့် လူတစ်ဦး ဖြစ်ခဲ့သည်။ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းကို ကြုံတွေ့ပြီးသည့်နောက်၊ ထိုသို့ဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၈

ယခုအချိန်တွင် သူတို့၏ ပုန်ကန်သော စိတ်သဘောထားအားလုံးကို ဖွင့်ချရန် နှင့် သူတို့၏ အကျည်းတန်မှုကို ဖော်ထုတ်ရန် တရုတ်ပြည်၌ရှိသော ဤလူတို့အပေါ်မှ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။