ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၆

ပုံမှန်လူတစ်ဦးနှင့် တူအောင် ထိန်းသိမ်းရန်အတွက်၊ ဆိုလိုသည်မှာ ပုံမှန်လူသားသဘာဝကို ရရှိစေရန်၊ လူတို့သည် သူတို့ စကားလုံးများဖြင့် ဘုရားသခင်ကို နှစ်သိမ့်ရုံဖြင့် မရနိုင်ပေ။ ယင်းသို့လုပ်ခြင်းဖြင့် သူတို့သည် သူတို့ကိုသူတို့သာ ထိခိုက်နာကျင်စေကြပြီး၊ ယင်းသည် သူတို့၏အသက်တာ ဝင်ရောက်မှုနှင့် ပြောင်းလဲမှုတို့အတွက် အကျိုးမပြုပေ။ ထို့ကြောင့် ပြောင်းလဲမှု ရရှိရန်အတွက် လူတို့သည် နည်းနည်းချင်းစီ လေ့ကျင့်ရမည်။ ဖြည်းညင်းစွာ ဝင်ရောက်ရမည်၊ နည်းနည်းချင်းစီ ရှာဖွေ စူးစမ်းရမည်၊ အပြုသဘောမှ ဝင်ရောက်ပြီး သန့်ရှင်းသူတို့၏ အသက်တာဖြစ်သော သမ္မာတရား၏ လက်တွေ့ ဘဝတွင် နေထိုင်ကြရမည်။ ၎င်းနောက်မှ စ၍ စစ်မှန်သော အရာများ၊ စစ်မှန်သည့် အဖြစ်အပျက်များနှင့် တကယ့် ပတ်ဝန်းကျင်များက လူများကို လက်တွေ့လေ့ကျင့်မှုများ ရှိစေမည်။ လူတို့သည် စိတ်မပါဘဲ ပြောရန် မလိုအပ်ပါ။ ယင်းအစား တကယ့် ပတ်ဝန်းကျင်များတွင် လေ့ကျင့်ရန် လိုအပ်သည်။ လူတို့သည် သူတို့တွင် အရည်အသွေး ညံ့ဖျင်းကြောင်း သိရှိလာကြပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်သုံးဆောင်ကြကာ၊ ဝင်ရောက်ကြပြီး ပုံမှန်လက်တွေ့လုပ်ဆောင်ကြသည်။ ဤနည်းအားဖြင့်သာ သူတို့သည် စစ်မှန်မှုကို ရရှိကြပြီး ဝင်ရောက်မှု ပိုမိုလျင်မြန်စွာပင် ဖြစ်ပေါ်နိုင်သည်။ လူတို့အား ပြောင်းလဲရန် လက်တွေ့ကျမှု အချို့ရှိရမည်၊ သူတို့သည် စစ်မှန်သည့်အရာများ၊ စစ်မှန်သည့် အဖြစ်အပျက်များ၊ စစ်မှန်သည့် ပတ်ဝန်းကျင်များနှင့်အတူ လက်တွေ့လုပ်ဆောင်ကြရမည်။ အသင်းတော်၏ အသက်တာကို မှီခိုရုံဖြင့်သာ စစ်မှန်သော လေ့ကျင်မှုရရှိနိုင်သလော။ လူတို့သည် ဤနည်းဖြင့် စစ်မှန်မှုသို့ ဝင်ရောက်နိုင်မည်လော။ မဝင်ရောက် နိုင်ပေ။ လူတို့သည် စစ်မှန်သော အသက်တာအတွင်းသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် သူတို့၏ ဘဝနေထိုင်မှု အဟောင်းများနှင့် လုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ယင်းမှာ လူတို့၏ ပျင်းရိခြင်း သက်သက်ကြောင့်နှင့် ကြီးမားသော မှီခိုမှုကြောင့် မဟုတ်ဘဲ ယင်းသည် လူတို့တွင် အသက်ရှင်နေထိုင်မှုအတွက် စွမ်းရည် မရှိခြင်းကြောင့်သာမက ဘုရားသခင်၏ အလိုတော်နှင့် အညီ ပုံမှန် လူသားတယောက်နှင့် တူသည့် စံချိန်စံညွှန်းများကို နားလည်မှု မရှိသောကြောင့် ဖြစ်သည်။ ယခင်က လူတို့သည် အစဉ်အမြဲ ဆွေးနွေးနေ ခဲ့ကြသည်၊ ပြောဆိုနေခဲ့ကြသည်၊ ဆက်သွယ်နေကြသည်၊ ထို့အပြင် ၎င်းတို့သည် “ဟောပြောသူများ” ပင် ဖြစ်သွားကြသည်၊ သို့သော်လည်း အသက်တာ စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မည်သူကမျှ မရှာဖွေခဲ့ကြပေ။ ယင်းအစား ထိုသူတို့သည် လေးနက်သော သဘောတရားများကိုသာ မမြင်မကန်း ရှာဖွေခဲ့ကြသည်။ သို့ဖြစ်ရာ ယနေ့လူတို့သည် ၎င်းတို့ဘဝများ၌ ဘုရားသခင်ရှိသည်ဟူသည့် ဤဘာသာရေး ယုံကြည်မှုပုံစံကို ပြောင်းလဲပစ်ရမည်။ ထိုသူတို့သည် အဖြစ်အပျက်တစ်ခု၊ အရာတစ်ခု၊ လူတစ်ယောက်ကို အလေးထားခြင်းဖြင့် လက်တွေ့လုပ်ဆောင်မှုအတွင်း ဝင်ရောက်ကြရမည်။ ထိုသူတို့သည် ယင်းကို အာရုံစူးစိုက်မှုဖြင့် လုပ်ဆောင်ရမည်။ သို့မှသာ ထိုသူတို့သည် ရလဒ်များ ရရှိနိုင်ကြမည်။ လူတို့၏ ပြောင်းလဲခြင်းသည် သူတို့၏ အနှစ်သာရ ပြောင်းလဲခြင်းဖြင့် စတင်သည်။ ထိုအလုပ်သည် လူတို့၏ အနှစ်သာရများ၊ သူတို့၏ ဘဝ၊ ပျင်းရိခြင်း၊ မှီခိုခြင်းနှင့် လူတို့၏ စုံမှိတ်ပြီး နောက်လိုက်ခြင်းတို့ကို ပစ်မှတ်ထားရမည်။ ဤနည်းလမ်းဖြင့်သာ သူတို့ကို ပြောင်းလဲနိုင်မည်။

အချို့သော နေရာများတွင် အသင်းတော်အသက်တာက ရလဒ်များ ထွက်ပေါ်စေနိုင်သော်လည်း၊ လက်တွေ့အသက်တာက လူတို့ကို ပြောင်းလဲစေနိုင်သည်မှာ အဓိကကျသောအချက် ဖြစ်နေဆဲဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇဟောင်းသည် လက်တွေ့အသက်တာမရှိဘဲ မပြောင်းလဲနိုင်ပေ။ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏ လုပ်ဆောင်မှုကို နမူနာအဖြစ် ကြည့်ကြစို့။ ယေရှုသည် ယခင် ပညတ်တရားများကို ဖျက်သိမ်းပြီး ခေတ်သစ်၏ ပညတ်ချက်များကို ချမှတ်စဉ်က၊ ကိုယ်တော်သည် လက်တွေ့အသက်တာမှ တကယ့်ဥပမာများ အသုံးပြု၍ မြွက်ကြားခဲ့သည်။ သခင်ယေရှုက သူ၏ တပည့်တော်များကို ဥပုသ်နေ့၌ ဂျုံခင်းကို ဖြတ်လျက် ဦးဆောင်လာစဉ်၊ တပည့်တော်များက ဆာလောင်လာပြီး ဂျုံစေ့များကို ခူးယူစားသောက်ကြသည်။ ယင်းကို ဖာရိရှဲများက တွေ့မြင်ပြီး၊ ထိုသူတို့သည် ဥပုသ်နေ့ကို လိုက်နာနေခြင်း မရှိဟု ဆိုကြသည်။ ဥပုသ်နေ့တွင် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရဟု ဆိုကြလျက်၊ ဥပုသ်နေ့တွင် ကျင်းထဲကျနေသော နွားသားပေါက်များကိုပင် လူတို့ကယ်တင်ခွင့်မရှိဟုလည်း သူတို့က ဆိုကြသည်။ ယေရှုက ဤအဖြစ်အပျက်များကို ဓမ္မသစ်ခေတ်၏ ပညတ်ချက်များကို ဖြည်းဖြည်းချင်း ကြေညာဖို့ ကိုးကားခဲ့သည်။ ထိုအချိန်က ကိုယ်တော်သည် လူအများ နားလည်ပြီး ပြောင်းလဲစေရန် လက်တွေ့ ကိစ္စရပ် အများအပြားကို အသုံးပြုခဲ့သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က ကိုယ်တော်၏ အလုပ်များကို လုပ်ဆောင်သည့် အခြေခံ စည်းမျဉ်းဖြစ်ပြီး၊ ယင်းသည် လူများကို ပြောင်းလဲစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လက်တွေ့ကိစ္စရပ်များ မရှိဘဲ၊ လူများသည် သဘောတရားအရ၊ အသိဉာဏ်အရသာ နားလည်မှုကို ရနိုင်ကြပြီး၊ ယင်းသည် ပြောင်းလဲရန် ထိရောက်သည့် နည်းလမ်းမဟုတ်ပေ။ ထို့ကြောင့် ဉာဏ်ပညာနှင့် ထိုးထွင်းအမြင်ကို လေ့ကျင့်ခြင်းမှ မည်သို့ ရရှိသနည်း။ လူသားသည် ဉာဏ်ပညာနှင့် ထိုးထွင်းအမြင်တို့ကို နားထောင်ရုံ၊ ဖတ်ရှုရုံနှင့် အသိပညာ တိုးပွားရုံဖြင့် ရနိုင်သလော။ အဘယ်သို့ ဤသို့ ဖြစ်နိုင်သနည်း။ လူတို့သည် လက်တွေ့အသက်တာတွင် နားလည်ပြီး တွေ့ကြုံခံစားရမည်။ သို့ဖြစ်ရာ လူတစ်ဦးသည် လေ့ကျင့်ရမည် ဖြစ်ပြီး လက်တွေ့အသက်တာနှင့် မကင်းကွာရပေ။ လူတို့သည် မတူညီသော ရှုထောင့်များကို အာရုံစူးစိုက်ရမည် ဖြစ်ပြီး ရှုထောင့်အမျိုးမျိုးကို ဝင်ရောက်ရမည်။ ပညာရေး အဆင့်အတန်း၊ ဖော်ထုတ်ပြသနိုင်မှု၊ အမှုအရာတို့ကို မြင်နိုင်စွမ်း၊ အမြော်အမြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း၊ လူသားတို့၏ အခြေခံအသိဉာဏ်နှင့် စည်းကမ်းများနှင့် လူတို့တွင် ရှိသင့်သော အခြားသော လူသားသဘာဝဆိုင်ရာ အရည်အသွေးတို့ ဖြစ်သည်။ နားလည်မှုကို ရရှိပြီးသောအခါ လူတို့သည် ဝင်ရောက်မှုကို အလေးထားရမည်၊ သို့မှသာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။ တစ်စုံတစ်ယောက်သည် နားလည်မှုကို ရရှိသော်လည်း လက်တွေ့လုပ်ဆောင်မှုကို လျစ်လျူရှုထားပါက ပြောင်းလဲခြင်း မည်သို့ ဖြစ်နိုင်မည်နည်း။ ယခုအခါ လူတို့သည် များစွာ နားလည်သော်လည်း လက်တွေ့အသက်တာတွင် နေထိုင်ခြင်းမရှိ၊ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ်မျှသာ ထိရောက်စွာ နားလည်မှု ရှိသည်။ သင်သည် ဉာဏ်အလင်းပေးမှုကို အနည်းငယ်မျှသာ ရရှိသေးသည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးခြင်းကို အနည်းငယ်မျှသာ ရရှိသည်၊ သို့သော်လည်း သင်သည် လက်တွေ့အသက်တာတွင် ဝင်ရောက်မှု မရှိ၊ သို့မဟုတ် သင်သည် ဝင်ရောက်မှုအတွက် ဂရုစိုက်ခြင်းပင်မရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဖြစ်ရာ သင်၏ ပြောင်းလဲခြင်းသည် လျော့နည်းသွားသည်။ ဤမျှကာလကြာရှည်ပြီးနောက်၊ လူတို့သည် အမှုအရာများစွာ နားလည်လာ၏။ သူတို့သည် သူတို့၏ အသိပညာနှင့် သက်ဆိုင်သည့် အယူအဆများကို အများအပြား ပြောဆိုနိုင်ကြသည်၊ သို့သော်လည်း သူတို့၏ အပြင်ပိုင်း စိတ်သဘောထားမှာ ယခင်အတိုင်း ရှိနေပြီး၊ သူတို့၏ မူလ စွမ်းရည်သည် ယခင်ကကဲ့သို့ ရှိနေကာ၊ အနည်းငယ်ပင် တိုးတက်ခြင်း မရှိပေ။ ယင်းသို့ဖြစ်နေပါက သင်သည် မည်သည့် အချိန်တွင်မှ နောက်ဆုံးတွင် ဝင်ရောက်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၇

လောကပြင်ကျယ်ကြီးတွင် မရေတွက်နိုင်သော ပြောင်းလဲမှုများသည် ထပ်ခါ ထပ်ခါ ဖြစ်ပွားနေသည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၅

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၉

စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၃

ဘုရားသခင်၏အမှုမှာ သင်သဘောမပေါက်နိုင်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ရွေးချယ်မှု မှန်မမှန်ကို အပြည့်အဝ နားမလည်နိုင်သကဲ့သို့၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။