ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၉

မိမိ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်ရန် ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အချို့ လူများမှ ၎င်းတို့သည် ဤအတိုင်းသာ လိုက်လျှောက်ပြီး ၎င်းတို့သည် အသက်ကို ရခြင်းငှာ တတ်စွမ်းနိုင်သည်၊ မတတ်စွမ်းနိုင်သည်နှင့် မိမိတို့ကိုယ်မိမိ ပူပန်မနေပါဟု ပြောဆိုကြသည်၊ ၎င်းတို့သည် အသက်ကို မလိုက်လျှောက်သော်လည်း ၎င်းတို့သည် နောက်ပြန်လှည့်ခြင်းလည်း မရှိပါ။ အလုပ်၏ ဤအဆင့်အား ဘုရားသခင်မှ ဆောင်ရွက် သည်ကိုသာ ၎င်းတို့က အသိအမှတ်ပြုကြသည်။ ဤအရာအားလုံးတွင် ၎င်းတို့သည် မိမိတို့၏ သက်သေခံချက်၌ ကျရှုံး ကြပြီ မဟုတ်သလော။ ဤကဲ့သို့သောလူတို့သည် သိမ်းပိုက် ခံရပြီးခြင်းကိုပင် သက်သေမခံကြ။ သိမ်းပိုက်ခြင်း ခံရပြီးသော ထိုသူများသည် အခြားအရာများ မည်သို့ပင် ဖြစ်နေပါစေ လိုက်လျှောက်ကြပြီး အသက်အား လိုက်လျှောက်ခြင်းငှာလည်း တတ်စွမ်းနိုင်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်အား ယုံကြည်သည်သာ မကဘဲ၊ ဘုရားသခင်၏ စီစဉ်ခြင်းများ အားလုံးကိုလည်း လိုက်လျှောက်ရန် သိကြသည်။ ယင်းသို့သော သူများသည် သက်သေခံသောသူများ ဖြစ်ကြသည်။ သက်သေမခံသော သူများသည် အသက်ကို မည်သည့်အခါမျှ မလိုက်လျှောက်သောသူများ ဖြစ်ကြပြီး တော်စွလျော်စွ ကြုံရာကျပန်း နေခြင်းဖြင့် လိုက်လျှောက်လျက်ပင် ရှိကြသေးသည်။ သင်သည် လိုက်လျှောက်ကောင်း လိုက်လျှောက်နိုင်သော်လည်း ယင်းမှာ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးကြောင်း မဆိုလိုပေ၊ အကြောင်းမှာ သင်သည် ဘုရားသခင်၏ ယနေ့ အလုပ်နှင့် ပတ်သက်၍ ဘာမျှမသိသောကြောင့် ဖြစ်သည်။ သိမ်းပိုက်ခံရခြင်းသည် အခြေအနေအရ ဖြစ်သည်။ လိုက်လျှောက်သော သူတိုင်းသည် သိမ်းပိုက်ခြင်းခံရသည် မဟုတ်၊ အကြောင်းမှာ သင်၏ နှလုံးသား ထဲတွင် ယနေ့၏ ဘုရားသခင်နောက်ကို အဘယ်ကြောင့် သင်သည် လိုက်လျှောက်ရမည်နှင့် ပတ်သက်၍ ဘာကိုမျှ နားမလည်သကဲ့သို့ သင်သည် ယနေ့ကို မည်ကဲ့သို့ ရောက်လာခဲ့သည်နှင့် မည်သူသည် ယနေ့ထိတိုင် သင့်အား ထောက်မပေးနေသည်ကို မသိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဘုရားသခင်အား ယုံကြည်ခြင်း၌ အချို့သော လူများသည် တစ်ရက်တာလုံးကို မရေရာမှုထဲတွင် အချိန်ကုန် စေကြသည်။ ထို့ကြောင့် လိုက်လျှောက်ခြင်းမှာ သင်သည် သက်သေခံနေခြင်း ဖြစ်ကြောင်း သေချာပေါက် မဆိုလိုပါ။ စစ်မှန်သော သက်သေခံချက်ဟူသည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ ဤနေရာတွင် ပြောဆိုထားသော သက်သေခံချက်တွင် နှစ်ပိုင်းရှိသည်။ တစ်ပိုင်းမှာ သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်း ဖြစ်ပြီး အခြား တစ်ပိုင်းမှာ စုံလင်ခြင်း ခံရပြီးသည်ကို သက်သေခံခြင်း ဖြစ်သည် (ယင်းမှာ ပင်ကိုအားဖြင့် အနာဂတ်၏ သာ၍ကြီးမားသော စမ်းသပ်ခြင်းများ နှင့် ကြီးစွာသော ဆင်းရဲခြင်းများကို လိုက်လျှောက်ခြင်း သက်သေခံချက်ပင် ဖြစ်သည်)။ တစ်နည်းဆိုရလျှင် သင်သည် ကြီးစွာသော ဆင်းရဲခြင်းများနှင့် စမ်းသပ်ခြင်း များ အတောအတွင်း ခိုင်ခံ့စွာ ရပ်တည်ခြင်းငှာ တတ်စွမ်းနိုင်သည် ဆိုပါလျှင် သင်သည် သက်သေခံချက်၏ ဒုတိယအဆင့်ကို ခံခဲ့ပြီးဖြစ်သည်။ ယနေ့တွင် အရေးပါသော အရာမှာ သက်သေခံချက်၏ ပထမအဆင့်ပင် ဖြစ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ စမ်းသပ်ခြင်း ဖြစ်စဉ်တိုင်းတွင် ခိုင်ခံ့စွာ ရပ်တည်ရန် တတ်စွမ်းနိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခံရပြီးခြင်း၏ သက်သေခံချက်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယနေ့သည် သိမ်းပိုက်ခြင်း၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ (ယနေ့သည် ကမ္ဘာပေါ်ရှိ ဘုရားသခင် အလုပ်၏ အချိန်ကာလဖြစ်သည်ကို သင်သိသင့်သည်။ လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ကမ္ဘာပေါ်ရှိ အဓိကအလုပ်သည် သူ့နောက်သို့ လိုက်လျှောက်သော ကမ္ဘာပေါ်ရှိ ဤလူအုပ်စုကို သိမ်းပိုက်ရန် အလို့ငှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုခြင်းပင် ဖြစ်သည်။) သင်သည် သိမ်းပိုက်ခံရပြီး ခြင်းကို သက်သေခံခြင်းငှာ တတ်စွမ်းခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက် နိုင်ခြင်းရှိ၊ မရှိဟူသည့် အပေါ်တွင် မူတည်နေသည်သာ မကဘဲ သာ၍ အရေးကြီးသည်မှာ သင်သည် ဘုရားသခင် အလုပ်၏ အဆင့်အသီးသီးကို တွေ့ကြုံခံစားရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စစ်မှန်သော အသိပညာရရှိနိုင်စွမ်း ရှိ၊ မရှိနှင့် သင်သည် ဤအလုပ်၏ အရာအားလုံးကို စစ်မှန်စွာ မြင်ခြင်း ရှိ၊ မရှိအပေါ်တွင်လည်း မူတည်နေပေသည်။ အကယ်၍ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက်ပါက သင်သည် အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက် သွားနိုင်လိမ့်မည် ဆိုခြင်းမှာ မှန်ကန်ခြင်း မရှိပါ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ ဖြစ်စဉ်တိုင်းတွင် သင်သည် လိုလိုလားလားနှင့် အညံ့ခံရန် တတ်စွမ်းနိုင်ရမည် ဖြစ်ပြီး သင်တွေ့ကြုံခံစားရသည့် အလုပ်၏ အဆင့်အသီးသီးနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရှိနိုင်စွမ်းရှိရမည် ဖြစ်ကာ ဘုရားသခင် စိတ်သဘောထားကို နာခံခြင်း၊ ထိုစိတ်နေသဘောထားနှင့် ပတ်သက်သည့် အသိပညာကို ရရှိခြင်းငှာ တတ်စွမ်းနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ သင့်အပေါ် သတ်မှတ်ထားသည့် သိမ်းပိုက်ခံရပြီးခြင်း၏ အန္တိမသက်သေခံချက်ပင် ဖြစ်သည်။ သိမ်းပိုက်ခံရ ပြီးခြင်း၏ သက်သေခံချက် ဟူသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် သင်၏ အသိပညာကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤသက်သေခံခြင်း အဆင့်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းအပေါ် သက်သေခံခြင်းဖြစ်သည်မှာ အရေးကြီး၏။ လောကရှိလူတို့ ရှေ့မှောက်တွင် သင်မည်သည့်အရာ ပြုလုပ်ပြောဆိုသည်ဟူသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော် အားလုံးနှင့် သူ၏အလုပ်အားလုံးကို နာခံနိုင်စွမ်းရှိ၊ မရှိက အရာခပ်သိမ်းထက် သာ၍အရေးကြီးသည်။ ထို့ကြောင့် သက်သေခံချက်၏ ဤအဆင့်သည် စာတန်နှင့် ဘုရားသခင်၏ ရန်သူများ အားလုံး- ဘုရားသခင်သည် ဒုတိယအကြိမ် လူ့ဇာတိ ခံယူလိမ့်မည် ဆိုခြင်းနှင့် သာ၍ပင် ကြီးမြတ်သော အလုပ်ကို လုပ်ဆောင်ရန် ကြွလာလိမ့်မည် ဆိုခြင်းကို မယုံကြည်ကြသည့်အပြင် ဇာတိပကတိထဲသို့ ဘုရားသခင်၏ ပြန်လာခြင်း၏ အမှန်တရားကို မယုံကြည်သည့် ရန်လိုသောသူများနှင့် မာရ်နတ်များ- ကို ရှေးရှုထားခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းကို မယုံကြည်ကြသော ရန်သူများအားလုံး ဖြစ်ကြသည့် အန္တိခရစ်များ အားလုံးကို ရှေးရှုထားခြင်း ဖြစ်သည်။

ဘုရားသခင်အား လွမ်းဆွတ်ခြင်းနှင့် ဘုရားသခင်အား တောင့်တခြင်းမှာ သင်သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီးဖြစ်ကြောင်း သက်သေမပြပါ။ သိမ်းပိုက်ခံရခြင်းမှာ သင်သည် ဘုရားသခင်မှာ လူ့ဇာတိခံယူသော နှုတ်ကပတ်တော် ဖြစ်သည်ဆိုခြင်းကို ယုံကြည်ခြင်း ရှိ၊ မရှိ၊ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းကို သင်သည် ယုံကြည်ခြင်း ရှိ၊ မရှိနှင့် ဝိညာဉ်သည် နှုတ်ကပတ်တော် ဖြစ်လာပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ၌ ပေါ်လာခဲ့ပြီးသည်ကို သင်သည် ယုံကြည်ခြင်း ရှိ၊ မရှိတို့ အပေါ်တွင် မူတည်ပေသည်။ ဤသည်မှာ အဓိက သက်သေခံချက်ဖြစ်သည်။ သင်မည်ကဲ့သို့ လိုက်လျှောက်သည် ဆိုခြင်းကား အရေးမပါသကဲ့သို့ သင်သည် မိမိကိုယ်မိမိ မည်ကဲ့သို့ အသုံးခံသည် ဆိုခြင်းလည်း အရေးပါခြင်း မရှိ။ အရေးပါသော အရာမှာ သင်သည် နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ ဝိညာဉ်သည် ဇာတိပကတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်- သမ္မာတရားအားလုံး၊ လမ်းခရီးနှင့် အသက်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိလာကာ ဝိညာဉ်တော်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးဖြစ်သည် ဆိုခြင်းကို ဤပုံမှန် လူ့သဘာဝမှ ရှာဖွေတွေ့ရှိခြင်းငှာ တတ် စွမ်းနိုင်ခြင်း ရှိ၊ မရှိသာ ဖြစ်သည်။ အပေါ်ယံသဘောအားဖြင့် ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ပဋိသန္ဓေစွဲယူခြင်းနှင့် ကွဲပြားခြားနားပုံ ပေါက်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ဇာတိပကတိတွင် အကောင်အထည် ပေါ်လာပြီး ဖြစ်ကြောင်းအပြင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူပြီး ဖြစ်ကြောင်းနှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီး ဖြစ်ကြောင်းကို ဤအလုပ်တွင် သင်သည် သာ၍ ရှင်းလင်းစွာ တွေ့မြင်နိုင်ကာ သင်သည် “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” ဟူသည့် စကားများ၏ စစ်မှန်သည့် အနက်အဓိပ္ပာယ်ကို နားလည်ခြင်းငှာ တတ်စွမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် သင်သည် ယနေ့ နှုတ်ကပတ်တော်မှာ ဘုရားသခင်ဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူသည်ကို သင်သည် ရှုမြင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်ခံနိုင်သည့် အကောင်းဆုံးသော သက်သေခံချက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာအား ပိုင်ဆိုင်သည် ဆိုခြင်းကို ဤအရာက သက်သေပြသည်- သင်သည် ဘုရားသခင်အား သိကျွမ်းခြင်းငှာ တတ်စွမ်းနိုင်သည်သာမကဘဲ၊ ယနေ့၌ သင်လျှောက်သော လမ်းခရီးမှာ အသက်၏ လမ်းခရီး၊ သမ္မာတရား၏ လမ်းခရီးဖြစ်သည်ကိုလည်း နားလည် သဘောပေါက်သည်။ ယေရှုသည် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏” နှင့်စပ်ဆိုင်သည့် အနှစ်သာရကိုသာ ဖြည့်ဆည်းခဲ့သော အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားသည် ဘုရားသခင်နှင့် အတူရှိပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ ဇာတိခန္ဓာနှင့် အတူရှိကာ သူ့ထံမှ ခွဲခြားထား၍ မရပါ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အတူရှိကာ၊ ယင်းသည် လူ့ဇာတိခံယူသော ယေရှုမှာ ဘုရားသခင်၏ ပထမဆုံးသော လူ့ဇာတိခံယူခြင်းဖြစ်သည်ဆိုခြင်း၏ သာ၍ ကြီးမားသော သက်သေပင်ဖြစ်သည်။ အလုပ်၏ ဤအဆင့်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိခံယူ၏” နှင့်စပ်ဆိုင်သည့် အတွင်းပိုင်း အနက်အဓိပ္ပာယ်ကို ဖြည့်ဆည်းခဲ့ပြီး၊ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” အတွက် သာ၍နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်ကို ပံ့ပိုးပေးခဲ့ကာ၊ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ဟူသည့် နှုတ်ကပတ်တော်များကို သင့်အနေဖြင့် ခိုင်မာစွာယုံကြည်ရန် ခွင့်ပြုပေးလေသည်။ ဆိုလိုသည်မှာ ဖန်ဆင်းချိန်တွင် ဘုရားသခင်၌ နှုတ်ကပတ်တော်များ ရှိသည်၊ သူ၏ နှုတ်ကပတ်တော်များမှာ သူနှင့်အတူရှိခဲ့ကာ သူ့ထံမှ ခွဲခြားထား၍ မရခဲ့ချေ၊ ထို့ပြင် နောက်ဆုံးသောခေတ်တွင် သူက သူ့နှုတ်ကပတ်တော်များ၏ တန်ခိုးနှင့် သြဇာအာဏာကို သာ၍ပင် ရှင်းလင်းစေပြီး၊ လူသားအား သူ့လမ်းခရီးများ အားလုံးကို မြင်တွေ့ရန်၊ သူ၏ နှုတ်ကပတ်တော်များ အားလုံးကို နာကြားရန် ခွင့်ပြုပေးသည်။ ယင်းသည် နောက်ဆုံးသောခေတ်၏ အလုပ်ပင် ဖြစ်သည်။ သင်သည် ဤအရာများကို အူမချေးခါးမကျန် သိရှိလာရမည် ဖြစ်သည်။ ယင်းမှာ ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ် မဟုတ်ဘဲ၊ နှုတ်ကပတ်တော်နှင့် ဇာတိပကတိကို သိရှိခြင်း၏ ကိစ္စရပ်သာ ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရမည့် အရာဖြစ်ပြီး၊ လူတိုင်း သိရမည့်အရာလည်း ဖြစ်သည်။ ဤသည်မှာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အလုပ်၊ ထို့ပြင် ဘုရားသခင် လူ့ဇာတိခံယူသည့် နောက်ဆုံးအကြိမ် ဖြစ်သောကြောင့် ယင်းသည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား စုံလင်စေကာ၊ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အလုပ်အားလုံးကို ထုတ်ဆောင်လျက် စေ့စေ့စပ်စပ် ဆောင်ရွက်ပြီး ဇာတိခန္ဓာထဲရှိ ဘုရားသခင်ဖြစ်ခြင်း၏ ခေတ်ကာလကို အဆုံးသတ်စေသည်။ ထို့ကြောင့် သင်သည် လူ့ဇာတိခံယူခြင်း၏ အနက် အဓိပ္ပာယ်ကို သိရှိရမည်။ သင်သည် အဘယ်မျှလောက် အလုပ်ရှုပ်ခံသည် သို့မဟုတ် အခြားသော အပြင်ပန်း ကိစ္စရပ်များကို မည်ကဲ့သို့ ကောင်းမွန်စွာ သင်ဆောင်ရွက်သည် ဆိုခြင်းမှာ အရေးမပါပါ။ အရေးပါသည့် အရာမှာ သင်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့မှောက်တွင် စစ်မှန်စွာ ဆက်ကပ်အပ်နှံ၍ သင်၏ ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဘုရားသခင်ထံ ပေးအပ်မြှုပ်နှံကာ သူ၏နှုတ်မှ လာသည့် နှုတ်ကပတ်တော် အားလုံးကို နာခံနိုင်ခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိသာဖြစ်သည်။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် အရာဖြစ်ပြီး သင်လိုက်နာကျင့်သုံးရမည့် အရာဖြစ်သည်။

သက်သေခံချက်၏ နောက်ဆုံးအဆင့်မှာ သင်သည် စုံလင်အောင်ပြုခြင်း ခံရနိုင်၊ မခံရနိုင်ကို သက်သေခံခြင်း ဖြစ်သည်- ဆိုလိုသည်မှာ နောက်ဆုံးသော သက်သေခံချက်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်မှ ပြောကြားသည့် နှုတ်ကပတ်တော်များ အားလုံးကို နားလည်သဘောပေါက် ပြီးသောအခါ သင်သည် ဘုရားသခင်အား သိကျွမ်းခြင်းကို ပိုင်ဆိုင်လာပြီး သူ့အပေါ် ကျိန်းသေလာသည်၊ သင်သည် ဘုရားသခင်၏ နှုတ်မှ နှုတ်ကပတ်တော်များ အားလုံးကို လက်တွေ့အသက်ရှင်ပြီး ဘုရားသခင်မှ သင့်အား တောင်းဆိုသော အခြေအနေများကို စွမ်းဆောင်ရရှိခြင်း ဖြစ်သည်- ပေတရု၏ အမူအကျင့်နှင့် ယောဘ၏ ယုံကြည်ခြင်းကဲ့သို့ဖြစ်သည့် သေသည်တိုင်အောင် နာခံနိုင်ခြင်း၊ ဘုရားသခင်ထံသို့ မိမိကိုယ်မိမိ လုံးလုံးလျားလျားပင် ပေးဆပ်နိုင်ခြင်းနှင့် စံသတ်မှတ်ချက် နှင့်ညီသော လူသား၏ ပုံရိပ်ကို အဆုံးတွင် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရပြီးနောက် သိမ်းပိုက်ခြင်း နှင့် စုံလင်ခြင်းတို့ ခံရပြီးသော တစ်စုံတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။ ဤသည်မှာ အဆုံးတွင် စုံလင်ခြင်း ခံရပြီးသော သူတစ်ယောက်မှ ခံသင့်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်တို့မှာ သင်မှ ခံသင့် သည့် သက်သေခံချက်၏ အဆင့်နှစ်ဆင့် ဖြစ်ပြီး ယင်းတို့သည် အပြန်အလှန် ဆက်နွှယ်နေကြကာ တစ်ဆင့်ချင်း သည် မရှိမဖြစ်ပင် ဖြစ်သည်။ သို့သော် သင်သိရမည့် အရာတစ်ခု ရှိသည်။ သင့် အပေါ် ငါသတ်မှတ်သည့် သက်သေခံချက်မှာ လောကကြီး၏ လူများကို ရှေးရှုထားခြင်း မဟုတ်သကဲ့သို့ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရှေးရှုထားခြင်းလည်း မဟုတ်ဘဲ သင့်အား ငါတောင်းဆိုသော အရာထံသို့သာ ရှေးရှုထားခြင်း ဖြစ်သည်။ သင်သည် ငါ့ကို ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိနှင့် သင်တို့ တစ်ဦးချင်းစီတိုင်းအပေါ် ငါ၏သတ်မှတ်ချက် စံချိန်များနှင့် သင်သည် လုံးလုံးလျားလျား ပြည့်မီခြင်း ရှိ၊ မရှိနှင့် ထိုအရာကို တိုင်းတာသည်။ ဤသည်မှာ သင်တို့ နားလည်သင့်သည့် အရာပင် ဖြစ်တော့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၈

ငါသည် အလုံးစုံ ကျွမ်းလောင်သောမီးဖြစ်ကာ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပေ။ လူသားအားလုံးကို ငါ ဖန်ဆင်း ထားသောကြောင့်၊ ငါမည်သည့်အရာကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၉

အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အတွင်း၌ သူတို့နေထိုင်ခဲ့စဉ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၀

ဘုရားသခင်အမှု၏အဆင့်တိုင်းအတွက်၊ လူတို့ ပူးပေါင်း လုပ်ဆောင်သင့်သည့် နည်းလမ်းတစ်ခု ရှိ၏။ လူတို့အနေဖြင့် စစ်ဆေးမှုများကို ကြုံရသည်နှင့်အမျှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၄

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။