ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၈

လူသားသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် လူသားတို့၏အတွင်းမှ ရှိရင်းစွဲ အရာအလုံးစုံကို စွမ်းဆောင်အောင်မြင်ခြင်းပင် ဖြစ်သည်၊ တစ်နည်းအားဖြင့် လူသားများအတွက် စွမ်းဆောင်အောင်မြင်နိုင်ခြေရှိသော အရာများဖြစ်သည်။ ထိုအခါတွင် ၎င်းတို့၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်သည်။ လူသားတို့ အစေခံစဉ် လူသားတို့၏ ချွတ်ယွင်းချက်များသည် အဆင့်ဆင့် တိုးတက်ရင့်ကျက်လာသော အတွေ့အကြုံအားဖြင့်သော်လည်းကောင်း တရားစီရင်ခြင်းကို ခံရသော ၎င်းတို့၏ အတွေ့အကြုံဖြစ်စဉ်အားဖြင့်သော်လည်းကောင်း တဖြည်းဖြည်းလျော့နည်းလာသည်၊ ၎င်းတို့သည် လူသားတို့၏တာဝန်ကို တားဆီးခြင်း သို့မဟုတ် ဆိုးကျိုးသက်ရောက်စေခြင်းမရှိပါ။ အစေခံခြင်းကို ရပ်စဲသောသူ သို့မဟုတ် လက်လျှော့ အရှုံးပေးသူများနှင့် အစေခံခြင်းတွင် ရှိကောင်းရှိနိုင်သော ချွတ်ယွင်းချက်များကို ကြောက်ရွံ့ခြင်းကြောင့် နောက်ပြန်ဆုတ်သောသူများသည် လူသားများ အားလုံးထဲတွင် သတ္တိအနည်းဆုံးသောသူများဖြစ်သည်။ အကယ်၍ လူသားများသည် အစေခံစဉ် ဖော်ပြသင့်သည့်အရာတို့ကို ဖော်ပြနိုင်ခြင်းရှိရမည့်အစား သို့မဟုတ် ၎င်းတို့အတွက် ရှိရင်းစွဲအနေဖြင့် ဖြစ်နိုင်ခြေရှိသည်တို့ကို ရယူစွမ်းဆောင်နိုင်ခြင်းရှိရမည့်အစား စိတ်အားထက်သန်မှုမရှိဘဲ ဝတ်ကျေတမ်းကျေလုပ်နေပါက၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါများတွင် ရှိသင့်ရှိထိုက်သောအလုပ်ကို လက်လွှတ်ဆုံးရှုံးနေရပြီ ဖြစ်သည်။ ဤသို့သော လူသားများကို လေထဲတိုက်အိမ်ဆောက်သော အညတြလူများဟူ၍လည်းကောင်း ဆန်ကုန်မြေလေးဟူ၍လည်းကောင်း သတ်မှတ်သည်၊ ဤသို့သောလူတစ်ဦးကို ဖန်ဆင်းခံသတ္တဝါဟူသော ဂုဏ်ပုဒ်ပေး၍ အဘယ်သို့ ခံ့ညားစေနိုင်မည်နည်း။ အပြင်ပန်း တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးမှု၏ အပေါင်းအပါများဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားတစ်ဦးသည် သူ့ကိုယ်သူ ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်၊ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို မပြုနိုင်၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက သူသည် ဘုရားသခင် မဟုတ်သည်မှာ သေချာသည်၊ အဘယ်ကြောင့်ဆိုသော် သူ၌ ဘုရားသခင်၏ အနှစ်သာရ မရှိခြင်းကြောင့်ဖြစ်ပြီး ပင်ကိုအားဖြင့် ဘုရားသခင် ရယူနိုင်သောအရာမှာ ထိုလူထဲ၌ မတည်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ လူသားများသည် ပင်ကိုအတိုင်း ရရှိနိုင်သောအရာတို့ကို လက်လွှတ်ဆုံးရှုံးပါက ၎င်းတို့ကို လူသားဟူ၍ ဆက်လက်မသတ်မှတ်နိုင်တော့ပေ၊ ထို့အပြင် ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါအဖြစ် ရပ်တည်ရန် သို့မဟုတ် ဘုရားသခင်ရှေ့မှောက် လာရောက်ရန်နှင့် သူ့အားအစေခံရန် မထိုက်တန်ချေ။ ထိုမျှမက ၎င်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို လက်ခံရယူရန် မထိုက်တန်၊ သို့မဟုတ် ဘုရားသခင်၏ ကြည့်ရှုစောင်မခြင်း၊ ကာကွယ်ခြင်းကို ခံယူရန်နှင့် ပြီးပြည့်စုံအောင် ပြုခြင်းခံရရန် မထိုက်တန်။ ဘုရားသခင်၏ ယုံကြည်မှုကို လက်လွှတ်ဆုံးရှုံးသောသူများစွာသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက်၍ လက်လွှတ်ဆုံးရှုံးနေရဦးမည်။ ၎င်းတို့သည် မိမိတို့၏ မကောင်းမှုများကို စက်ဆုပ်ရွံရှာခြင်း မရှိသည်သာမက ဘုရားသခင်၏ လမ်းကြောင်းမှာ မှားယွင်းသည်ဟူ၍ အရှက်မရှိ ဝါဒဖြန့်ကြသည်။ ထို့အပြင် ဆန့်ကျင်ပုန်ကန်သော ထိုသူများသည် ဘုရားသခင် ရှိကြောင်းကိုပင် ငြင်းဆန်ကြသည်၊ ထိုကဲ့သို့ ဆန့်ကျင်ပုန်ကန်တတ်သော လူအမျိုးအစားတွင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရန် အထူးအခွင့်အရေး မည်သို့ရှိနိုင်မည်နည်း။ မိမိတို့၏တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ရန် ပျက်ကွက်သောလူသားများသည် ဘုရားသခင်ကို အလွန်ဆန့်ကျင်ပုန်ကန်နေကြခြင်းဖြစ်ပြီး ဘုရားသခင်ကို များစွာအကြွေးတင်သောသူများ ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ကိုယ်ကိုလှည့်ကာ ဘုရားသခင် မှားကြောင်း ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြသည်။ ထိုသို့သော လူသားများသည် ပြီးပြည့်စုံအောင် ပြုခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်ပါမည်နည်း။ ဤအရာသည် သုတ်သင်ပယ်ရှင်းခြင်းနှင့် အပြစ်ပေးခြင်းကို ခံရမည့် ရှေ့ပြေးလက္ခဏာ မဟုတ်လော။ ဘုရားသခင်၏မျက်မှောက်တွင် မိမိ၏တာဝန်ကို မထမ်းဆောင်သော လူသားတစ်ဦးသည် စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော ပြစ်မှုများအတွက် အပြစ်ရှိနေပြီးသားဖြစ်သည်၊ ထိုအပြစ်များအတွက် သေခြင်းတရားပင်လျှင် လုံလောက်သော ပြစ်ဒဏ်မဟုတ်၊ သို့သော်လည်း လူသားများသည် ဘုရားသခင်နှင့် ငြင်းခုံရဲသည်သာမက ၎င်းတို့ကိုယ်ကို ဘုရားသခင်နှင့် ယှဉ်ပြိုင်ရဲသည့် သတ္တိရှိကြသည်။ ထိုသို့သော လူမျိုးကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် အဘယ်သို့ ထိုက်တန်မည်နည်း။ အကယ်၍ လူသားများသည် ၎င်းတို့၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပါက ၎င်းတို့သည် အပြစ်ရှိကြောင်းနှင့် အကြွေးတင်ရှိကြောင်း ခံစားသင့်သည်၊ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို စက်ဆုပ်ရွံရှာသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်နှင့် အသွေးကို ဘုရားသခင်အတွက် စွန့်လွှတ်သင့်သည်။ သို့မှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြမည်ဖြစ်ပြီး ထိုသို့သော လူမျိုးသာလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို ရရှိခံစားရန်ထိုက်တန်ပြီး ပြီးပြည့်စုံခြင်းသို့ ရောက်အောင် ဘုရားသခင်၏ ပြုခြင်းကိုခံရန်ထိုက်တန်သည်။ ထို့အပြင် သင်တို့ အများစုမှာ အဘယ်သို့နည်း။ သင်တို့နှင့်အတူရှိသော ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသနည်း။ သင်တို့သည် သူ၏ မျက်မှောက်တွင် သင်တို့၏တာဝန်ကို မည်ကဲ့သို့ ထမ်းဆောင်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန်အတွက် ခေါ်တော်မူခြင်းခံရသော အရာအလုံးစုံကို သင်တို့၏ ကိုယ့်အသက်ကိုမငဲ့ဘဲ လုပ်ဆောင်ပြီးပြီလော။ သင်တို့ မည်သည်တို့ကို စွန့်လွှတ်အနစ်နာခံခဲ့ပြီးပြီနည်း။ သင်တို့ ငါ့ထံမှ ကြွယ်ဝစွာ မရရှိသေးသလော။ သင်တို့ ရှင်းလင်းစွာ ခွဲခြားနိုင်သလော။ သင်တို့ ငါ့အား မည်မျှသစ္စာရှိသနည်း။ သင်တို့ ငါ့အား မည်သို့ အစေခံခဲ့ပြီးပြီနည်း။ ထို့အပြင် သင်တို့အပေါ် ငါပေးအပ်ခဲ့ပြီး သင်တို့အတွက် ငါပြုခဲ့ပြီးသော အရာအလုံးစုံတို့မှာ အဘယ်နည်း။ ထိုအရာ အလုံးစုံကို သင်တို့ တိုင်းတာပြီးပြီလော။ သင်တို့အားလုံး ဤအရာကို သင်တို့အတွင်း၌ရှိသော အသိစိတ် အနည်းငယ်ဖြင့် စီရင် နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ မပြောပလောက်သော ယင်းကဲ့သို့ စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါ၌အခြားရွေးချယ်စရာ မရှိဘဲ သင်တို့ကို စိတ်ပါလက်ပါ အပြည့်အဝ အစဉ်ချစ်၍ သစ္စာရှိခဲ့သော်လည်း သင်တို့သည် ငါ့အကြောင်းနှင့်ပတ်သက်ပါက စိတ်မပါတပါဖြင့် သို့လောသို့လောဟူ၍ မိုက်သောဒွိဟစိတ်များကို လက်သင့်ခံထားကြသည်။ ထိုအရာသည် သင်တို့လုပ်ဆောင်ရမည့် တာဝန်၏အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော အလုပ်ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံသတ္တဝါ၏ တာဝန်ကို ကျေပွန်အောင် နည်းနည်းမျှပင် ထမ်းဆောင်နိုင်ခဲ့ခြင်း မရှိသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ သတ်မှတ်နိုင်မည်နည်း။ သင်တို့ အသက်ရှင် နေထိုင်နေသောအရာနှင့် ဖော်ပြနေသောအရာမှာ အဘယ်အရာ ဖြစ်ကြောင်းကို သင်တို့ ရှင်းလင်းစွာ မသိသလော။ သင်တို့သည် သင်တို့၏တာဝန်ကို ကျေပွန်အောင်လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သော်လည်း ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကိုရရှိရန် သင်တို့ ကြိုးပမ်းကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျဘဲ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ပေးထားခြင်း မဟုတ်၊ မည်သည့်အရာကိုမျှ မတောင်းဘဲ ဝမ်းမြောက်စွာဖြင့် စွန့်လွှတ်အနစ်နာခံသော သူများအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ သင်တို့ကဲ့သို့သောလူများသည် လေထဲတိုက်အိမ်ဆောက်သော အညတြလူများဖြစ်ကြပြီး ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို ခံစားရန် လုံးဝမထိုက်တန်။ သင်တို့၏ နေ့ရက်များတွင် ခက်ခဲဆိုးယုတ်ခြင်းနှင့် မကုန်ဆုံးနိုင်သော ပြစ်ဒဏ်များသာ လိုက်ပါနေမည်။ အကယ်၍ သင်တို့သည် ငါ့အပေါ် သစ္စာမရှိနိုင်ပါက သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခုဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါပြောသော နှုတ်ကပတ်တော်များနှင့် ငါပြုသောအမှုများကို တာဝန်ခံနိုင်ခြင်းမရှိပါက သင်တို့၏ ကုသိုလ်ကံသည် ပြစ်ဒဏ်ပေးခြင်းခံရသော ကုသိုလ်ကံဖြစ်လာမည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာ တစ်စုံတစ်ရာနှင့် နိုင်ငံတော်ထဲရှိ အံ့သြဖွယ်ရာအသက်တာသည် သင်တို့နှင့် သက်ဆိုင်ရန်အကြောင်းမရှိ။ ဤအရာသည် သင်တို့ ကြုံထိုက်သော အဆုံးဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်လေစွ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၂

လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ စိတ်အားသန်မှုရှိခြင်းသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၇

သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်ပင်မုန်းပါသလား။ သင်တို့သည် အမှန်စင်စစ် မုန်းပါသလား။ ငါသည် အဘယ်ကြောင့် သင်တို့ကို ကြိမ်ဖန်များစွာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆

လူတို့၏ ယုံကြည်ချက်များသည် သမ္မာတရားကို အစားမထိုးနိုင်ပေ အချို့လူတို့သည် အခက်အခဲများကို သည်းခံနိုင်ခြင်း၊ အဖိုးအခကို ပေးနိုင်ခြင်း၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၅

စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး တစ်လျှောက်တွင်၊ အရေး အကြီးဆုံးအမှုမှာ စာတန်၏စွမ်းအားမှ လူသားကို ကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။