ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၀

သင်၌ ဘုရားသခင်၏ အမှုကို သိကျွမ်းခြင်းမရှိပါက၊ ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အမှုများ၏ အခြေခံသဘောတရားများကို မသိကျွမ်းဘဲ၊ စာတန်သည် လူသား၌ မည်သို့ အလုပ်လုပ်သည်ကို သတိမမူမိပါက၊ သင့်တွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိမည် မဟုတ်ပေ။ စိတ်အားထက်သန်စွာ လိုက်စားခြင်း တစ်ခုတည်းက သင့်အား ဘုရားသခင် တောင်းဆိုသော ရလဒ်များကို ရရှိစေလိမ့်မည် မဟုတ်ပေ။ ယင်းသို့သော တွေ့ကြုံခြင်းနည်းလမ်းသည်- မည်သည့်ခြားနားမှုမျှ မရှိဘဲ၊ အတွေ့အကြုံကိုသာ အာရုံစိုက်ပြီး၊ စာတန်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်မရှိဘဲ လူသားသည် မည်သည့်အခြေအနေတွင် ရှိသည်၊ ထို့ပြင် ဘုရားသခင်က မည်သည့် လူအမျိုးအစားကို စုံလင်အောင်ပြုပေးလိုသည် စသည်တို့ကို လုံးဝသတိမမူမိခြင်း ဖြစ်သည့်- လောရန့်စ်၏ တွေ့ကြုံခြင်း နည်းလမ်းနှင့် ဆင်တူသည်။ လူမျိုးစုံနှင့် ဆက်ဆံရသောအခါ၊ မည်သည့် အခြေခံသဘောတရားများကို ခံယူသင့်သည်၊ လက်ရှိတွင် ဘုရားသခင်၏ အလိုတော်ကို မည်သို့ နားလည်သဘောပေါက်ရမည်၊ ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့ သိရမည်၊ ထို့ပြင် ဘုရားသခင်၏ သနားကရုဏာ၊ ဘုန်းအာနုဘော်နှင့် ဖြောင့်မတ်ခြင်းတို့ကို မည်သည့်လူများအပေါ်၊ မည်သည့် အခြေအနေများနှင့် မည်သည့် ခေတ်ကာလတို့ကို ရည်ရွယ်ထားသည် စသည့် အရာတို့တစ်ခုကိုမျှ သူ၌ ထိုးထွင်းသိမြင်မှု မရှိပေ။ လူတို့သည် သူတို့၏အတွေ့အကြုံများအတွက် အုတ်မြစ်အဖြစ် ရူပါရုံပေါင်းစုံ မရှိလျှင်၊ အတွေ့အကြုံကို မဆိုထားနှင့်၊ အသက်ကိုပင် မရရှိနိုင်ပေ။ ထိုသူတို့သည် မိုက်မဲစွာ အရာရာကို ဆက်၍ ကျိုးနွံနေပြီး သည်းခံနေနိုင်သည်။ ထိုကဲ့သို့သော လူတို့ကို စုံလင်အောင် ပြုလုပ်ရန် ခက်ခဲလှပေသည်။ သင်၌ အထက်တွင် ပြောထားသော ရူပါရုံများ ဘာတစ်ခုမျှ မရှိလျှင်၊ သင်သည် ငတုံးငအဖြစ်ကြောင်း၊ သင်သည် ဣသရေလနိုင်ငံတွင် အမြဲရပ်တည်နေသော ဆားတိုင်နှင့် အလားတူကြောင်း လုံလောက်သော သက်သေပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းကဲ့သို့သော လူများသည် အသုံးမကျသောသူများ၊ အသုံးမဝင်သောသူများ ဖြစ်ကြသည်တကား။ အချို့လူများသည် မျက်စိစုံမှိတ်လျက်သာ ကျိုးနွံနာခံကြသည်၊ ထိုသူတို့သည် သူတို့ကိုယ်သူတို့ အစဉ်အမြဲ သိပြီး အသစ်သော အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ သူတို့ကိုယ်တိုင်၏ လုပ်ဆောင်နည်းများကိုသာ အစဉ်အသုံးပြုတတ်သည်၊ သို့မဟုတ် ဖော်ပြရန် မထိုက်တန်သည့် အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် “ဉာဏ်ပညာ” ကို အသုံးပြုကြသည်။ ထိုကဲ့သို့သော လူများသည် ထိုးထွင်းသိမြင်မှု ကင်းမဲ့သူများဖြစ်ပြီး၊ ယင်းသည် သူတို့၏ သဘာဝမှာ ရမယ်ရှာခံရခြင်းကို ကြိတ်မှိတ် လက်ခံထားမည့် အလားဖြစ်ပြီး၊ သူတို့သည် အစဉ်အမြဲ မထူးခြား၊ ဘယ်တော့မှ မပြောင်းလဲပေ။ ဤကဲ့သို့သောလူတို့သည် ပိုင်းခြားသိမြင်နိုင်မှု စိုးစဉ်းမျှပင်မရှိသည့် လူမိုက်များပင် ဖြစ်ကြသည်။ ထိုသူတို့သည် အခြေအနေများ သို့မဟုတ် မတူညီသောလူများနှင့် သင့်တင့်လျော်ကန်သော ဆောင်ရွက်မှုများပြုလုပ်ဖို့ မည်သည့်အခါမျှ မကြိုးစားကြပေ။ ယင်းသို့သော လူများတွင် အတွေ့အကြုံ မရှိကြ။ ကိုယ့်ကိုယ်ကိုသိခြင်းထဲ၌ နစ်မြုပ်နေလွန်းသဖြင့် နတ်ဆိုးတို့၏အလုပ် စွဲကပ်ခြင်းခံရသည့် လူတို့နှင့် ရင်ဆိုင်တွေ့ရသောအခါ၊ ထ၍ ပြစ်တင်ရှုတ်ချရန် မဝံ့ရဲကြဘဲ၊ ဦးခေါင်းများကို ငုံ့ထားကြပြီး မိမိတို့၏အပြစ်များကို ဝန်ခံကြသည့် လူအချို့ကို ငါတွေ့ခဲ့ဖူးသည်။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်၏ သိသာထင်ရှားသော လုပ်ဆောင်မှုနှင့် ရင်ဆိုင်ရသောအခါ၊ ထိုသူတို့သည် မနာခံဝံ့ကြပေ။ နတ်ဆိုးများသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု သူတို့ယုံကြည်ကြပြီး၊ ထ၍ ယင်းတို့ကို ခုခံရန် သတ္တိစိုးစဉ်းမျှ ထိုသူတို့၌ မရှိကြချေ။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို အရှက် ရစေကြပြီး၊ သူ့အတွက် လေးလံသောဝန်တစ်ခုကို ထမ်းရွက်နိုင်စွမ်း လုံးလုံးလျားလျား မရှိကြချေ။ ထိုကဲ့သို့သော ငတုံးငအများသည် မည်သည့်ခြားနားမှုကိုမျှ မသိကြပေ။ ထို့ကြောင့် ထိုကဲ့သို့သော တွေ့ကြုံနည်းသည် ဘုရားသခင်၏ အမြင်တွင် မရပ်တည်နိုင်သဖြင့် ယင်းတို့ကို နုတ်ပယ်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အတွေ့အကြုံနှင့်ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၂

စာတန်၏ဆိုးယုတ်မှုအကြောင်း ယခုပင် ငါတို့ ပြောဆိုဆွေးနွေးခြင်းက၊ လူသည် အလွန်စိတ်မချမ်းမြေ့မှုအလယ်တွင် ရှင်သန်ပြီး လူ၏အသက်တာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၃

ယေရှုသည် ဤကမ္ဘာပေါ်တွင် ၃၃ နှစ်ခွဲ နေထိုင်သွားခဲ့သည်။ သူသည် ကားစင်တင်သတ်ခံရခြင်းအမှုကိုပြုရန် လာရောက်ခဲ့ပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၉

ယောဘ၏ နေ့စဉ် အသက်တာထဲတွင် သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို ငါတို့တွေ့ရသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၇

သင်တို့အထဲတွင် ငါသည် ဤနည်းကဲ့သို့ စကားပြောပြီးပြီ၊ အလုပ်လုပ်ဆောင်ပြီးပြီ၊ များစွာသော ခွန်အားနှင့် အားထုတ်ကြိုးစားမှုများလည်း ပြုပြီ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။