ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၅

သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်သည် နေ့စဉ်နေ့တိုင်း ပြောင်းလဲနေပြီး အလုပ်အဆင့် တစ်ခုစီတိုင်းသည် သာ၍ အဆင့်မြင့်လာလေ့ရှိသည်။ မနက်ဖြန်နေ့၌ ဖော်ပြမည့် ဖွင့်ပြမှုသည် ယနေ့ ဖော်ပြသော ဖွင့်ပြမှုထက်ပို၍ အဆင့်မြင့်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ပို၍ အဆင့်မြင့်လာလေသည်။ ဘုရားသခင်သည် လူကို ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် စုံလင်စေလေ့ရှိသည်။ လူက အမီ မလိုက်နိုင်လျှင် အချိန်မရွေး နောက်ချန်ထားခြင်း ခံရနိုင်သည်။ လူသည် နာခံတတ်သော နှလုံးသား မရှိလျှင် အဆုံးသို့ ရောက်သည်အထိ လိုက်နိုင်မည် မဟုတ်။ အတိတ်ခေတ်သည် ကျန်ခဲ့ပြီ ဖြစ်သည်။ ယနေ့ ခေတ်သည် ခေတ်သစ် ဖြစ်သည်။ ခေတ်သစ်၌ အလုပ်သစ်ကို လုပ်ရမည်။ အထူးသဖြင့် လူကို စုံလင်စေမည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် အလုပ်သစ်ကို သာ၍လျှင်မြန်စွာ လုပ်ဆောင်လိမ့်မည်။ သို့ဖြစ်၍ နှလုံးသားထဲ၌ နာခံခြင်း မရှိလျှင် ဘုရားသခင်၏ ခြေရာကို လိုက်လျှောက်နိုင်ဖို့ ခက်မည်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့် စည်းမျဉ်း၊ စည်းကမ်းများ အတိုင်းနှင့်မျှ မလုပ်ဆောင်ပါ၊ သူလုပ်ဆောင်သည့် အလုပ်၏ အဆင့်တိုင်းကိုလည်း မပြောင်းလဲသည့် အလုပ်များအဖြစ် မသတ်မှတ်ပေ။ ထိုအစား သူလုပ်သော အလုပ်သည် အမြဲအသစ်ဖြစ်နေလေ့ရှိပြီး၊ အမြဲအဆင့်မြင့်နေလေ့ ရှိသည်။ အဆင့်တိုင်း အဆင့်တိုင်းတွင် သူလုပ်သော အလုပ်သည် ပိုပို၍ လက်တွေ့ကျလာပြီး၊ လူ၏ လိုအပ်ချက်များနှင့်လည်း ပို၍ ကိုက်ညီလာလေ့ရှိသည်။ လူသည် ထိုသို့သော အလုပ်မျိုးကို ကိုယ်တိုင် ကြုံတွေ့ခံစားဖူးမှသာ သူ၏ စိတ်သဘောထား နောက်ဆုံးပြောင်းလဲမှုကို ရရှိနိုင်သည်။ ဘဝနှင့် ပတ်သက်သော လူ၏အသိသည် ပိုပိုများလာသလို၊ ထိုနည်းတူစွာပင် ဘုရားသခင်၏ အလုပ်သည်လည်း ပိုပို၍ အဆင့်မြင့် လာလေ့ရှိသည်။ ထိုနည်းလမ်းအားဖြင့်သာ လူကို စုံလင်အောင် ပြုလုပ်နိုင်ပြီး၊ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သောသူ ဖြစ်နိုင်သည်။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အလုပ်လုပ်သည်မှာ တစ်ဖက်၌ လူ၏အယူအဆများကို တုံ့ပြန်ရန်၊ လူ၏ အယူအဆများကို ပြောင်းပြန် ဖြစ်စေရန်အတွက် ဖြစ်ပြီး၊ တစ်ဖက်၌မူ လူကို ပို၍ အဆင့်မြင့်သော၊ ပို၍ လက်တွေ့ကျသော အခြေအနေသို့ ရောက်အောင်၊ အဆင့်အမြင့်ဆုံး ယုံကြည်ခြင်းရှိရာဘုံသို့ ဦးဆောင်ပြီး ခေါ်ရန်အတွက်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်သည်မှာ အဆုံး၌ ဘုရားသခင်၏ အလိုကို ပြည့်စုံနိုင်စေရန်အတွက် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်လေ့ရှိသည့် မနာခံတတ်သော စိတ်သဘောထား ရှိသူအားလုံးသည် အလျှင်အမြန် တဟုန်ထိုး တိုးတက်နေသည့် အဆင့်၌ ရောက်နေသော ဘုရားသခင်၏ လုပ်ငန်းတွင် နောက်ကျ ကျန်နေခဲ့ကြလိမ့်မည်။ ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ နာခံသူများနှင့် မိမိကိုယ်ကို ဝမ်းမြောက်စွာ နှိမ့်ချမှုရှိသည့် သူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်ပါသည်။ ဘုရားသခင်၏ လုပ်ငန်း၌ သင်တို့အားလုံးသည် ဘုရားသခင်၏ အလိုကို မည်သို့ နာခံသင့်ကြောင်း၊ မိမိတို့၏ အယူအဆများကို မည်သို့ ဘေးဖယ်ထားသင့်ကြောင်းတို့ကို သင်ယူသင့်သည်။ သင်သည် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းသင့်သည်။ သတိမထားလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပစ်ခါခါ ငြင်းပယ်ခြင်းကို ခံရသူ၊ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သူ ဧကန်အမှန် ဖြစ်လိမ့်မည်။ ထိုအဆင့်၌ ဖြတ်သန်းနေသည့် အချိန်မရာက်မီတွင် လူ၏ စည်းမျဉ်းများနှင့် ဥပဒေအဟောင်းများသည် မရေတွက်နိုင်လောက်အောင် အလွန်များလှသောကြောင့် သူသည် ကိုယ့်ကိုယ်ကို သတိမထားမိတော့ဘဲ စိတ်ကြီးဝင်သွားကာ သူ့ဘဝကိုသူ မေ့သွားလေ့ရှိသည်။ ထိုအခြင်းအရာများ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်မှုအသစ်ကို လူလက်မခံအောင် တားဆီးသည့် အရာများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား သိလာခြင်း မရှိအောင် လုပ်ဆောင်သည့် ရန်ဘက်များ ဖြစ်လာလေ့ရှိသည်။ လူတစ်ယောက်သည် သူ့နှလုံးသားထဲ၌ နာခံခြင်းလည်း မရှိ၊ သမ္မာတရားကို တောင့်တသည့် စိတ်လည်း မရှိလျှင် သူသည် ဘေးအန္တရာယ်နှင့် တွေ့ကြုံလိမ့်မည်။ သင်သည် ရိုးရှင်းသည့် အလုပ်နှင့် ရိုးရှင်းသည့် စကားလုံးများကိုသာ နာခံပါက သင်သည် နက်နဲသည့်အရာ တစ်ခုကိုမျှ လက်မခံနိုင်သောသူ၊ နည်းလမ်း အဟောင်းများကိုသာ စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီ မလိုက်နိုင်သောသူ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၀

သင်တို့သည် ဘုရားသခင်၏အမှုကို လူ၏ အလုပ်မှ မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူ၏အလုပ်တွင် မည်သည့်အရာကို သင် မြင်နိုင်သနည်း။ လူ၏အလုပ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၄

သင်တို့က စွမ်းဆောင်ရရှိရန် ငါမျှော်လင့်သည့် အရာများစွာရှိ၏။ သို့ရာတွင် သင်တို့၏ လုပ်ဆောင် ချက်များနှင့် သင်တို့၏ အသက်တာအားလုံးတို့သည် ငါ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၂

လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မသေချာသောစကားလုံးသာရှိသည်။ သို့ရာတွင် လူသားသည် ဘယ်အတွက်ကြောင့် ယုံကြည်ခြင်းရှိသည်ကိုမဆိုထားနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၈

ဘုရားသခင်အလုပ်၏ အဆင့်တစ်ဆင့်စီတွင်လည်း လူသားနှင့် လိုက်လျောညီထွေသော သတ်မှတ်ချက်များ ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုအတွင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။