ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၁

သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင်သည် သမ္မာတရားကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင့်ကို ဘုရားသခင် ကောင်းကြီးပေးလေလေ ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့အမြဲ လုပ်ဆောင်ပါက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင့်အထဲ၌ တဖြည်းဖြည်း တွေ့မြင်လာကာ၊ ပေတရုက ဘုရားသခင်ကို သိခဲ့သည့်နည်းတူ သင်သည်လည်း ဘုရားသခင်ကို သိလာပါလိမ့်မည်- ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းနိုင်သော အသိဉာဏ် ရှိရုံမက လူတို့ထဲတွင် အမှန်တကယ် အလုပ်လုပ် နိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ရှင်ပေတရုက ပြောခဲ့သည်။ ပေတရုက ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောကြောင့်သာမက လူကို ဖန်ဆင်းနိုင်သော၊ ကယ်တင်နိုင်သော၊ လူကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်သော၊ လူထံ၌ သူ၏ ချစ်ခြင်းမေတ္တာကို ပေးထားခဲ့နိုင်သော အစွမ်းကြောင့် လူတို့၏ ချစ်ခြင်း မေတ္တာနှင့် ထိုက်တန်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ပေတရုက “ဘုရားသခင်ထံတွင် လူသားတို့ ချစ်မြတ်နိုးရန် ထိုက်တန်သော အရာများစွာ ရှိသည်” ဟုလည်း ပြောခဲ့သည်။ ပေတရုက ယေရှုအား “ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အတွက်သာမက သင်ပြုခဲ့သော အခြားအရာများစွာ အတွက်လည်း လူတို့သည် သင့်ကို ချစ်ထိုက်သည် မဟုတ်လော။ သင့်ထံတွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အရာများထက် ပိုသော အရာများ ရှိပါသည်။ သင်သည် လက်တွေ့ ဘဝတွင် လုပ်ဆောင်သည်၊ လှုပ်ရှားသွားလာသည်။ သင်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား အတွင်း၌ တို့ထိသည်။ သင်သည် ကျွန်ုပ်အား သွန်သင်သည်။ ကျွန်ုပ်အား ဆုံးမသည်— ဤအရာများသည် လူတို့၏ချစ်ခြင်းထက်သာ၍ အဖိုးတန်သည်။” ဟု ပြောကြားခဲ့သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကြုံတွေ့ခံစားလိုသည့်ဆန္ဒ ရှိပါက သင့် အသွေးအသားကို ဘေးသို့ ဖယ်ထားရန် လိုလားရမည်။ သင်သည် ထိုသို့ဆုံးဖြတ်ချက် ချရမည်။ သင်သည် ပျင်းရိခြင်း သို့မဟုတ် သွေးသားပျော်ရွှင်မှုတို့ကို တပ်မက်ခြင်း မရှိဘဲ၊ သွေးသားခန္ဓာအတွက် အသက်ရှင်ခြင်း မဟုတ်ဘဲ ဘုရားသခင်အတွက် အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားသောသူ၊ အရာရာ၌ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်သောသူ ဖြစ်ရမည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးသည့် အချိန်များ ရှိနိုင်ပါသည်။ ထိုသို့ဖြစ်သည်မှာ သင်သည် ဘုရားသခင်၏ စိတ်သဘောကို နားမလည်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် လုံ့လထုတ်ရန် ပိုလိုအပ်မည် ဖြစ်သော်လည်း သင်သည် ဘုရားသခင် ကျေနပ်အောင် ပြုလုပ်ရမည် ဖြစ်ပြီး၊ သွေးသားခန္ဓာကိုယ်၏ တပ်မက်စိတ်ကို ဖြည့်ဆည်းရန် မပြုလုပ်ရပါ။ ဤသို့ သင်တွေ့ကြုံခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို သိရှိလာပါလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့ကြောင်း၊ လူတို့သည် သူ့ကို အမှန်တကယ် စစ်မှန်စွာ မြင်နိုင်ရန်၊ သူနှင့် အမှန်တကယ် စစ်မှန်စွာ ဆက်သွယ်နိုင်စေရန်အတွက် ဘုရားသခင်သည် လူ့ဇာတိခံခဲ့ကြောင်း၊ လူတို့အလည်တွင် သူသွားလာနိုင်စွမ်းရှိကြောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် လက်တွေ့ဘဝတွင် လူတို့ကို ပြီးပြည့်စုံအောင် လုပ်ပေးနိုင်ပြီး သူ၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို တွေ့မြင်ခွင့်ပေးကာ သူ၏ ဥပဒေသများ၊ ဆုံးမမှုများနှင့် ကောင်းကြီးမင်္ဂလာများကို လူတို့အား ကြုံတွေ့ ခံစားခွင့်ပေးကြောင်းကို သင်တွေ့မြင်လိမ့်မည်။ ဤသို့ အမြဲတမ်း တွေ့ကြုံခံစားရလျှင် လက်တွေ့ဘဝတွင် သင်သည် ဘုရားသခင်နှင့် ခွဲခွာလို့ရမည် မဟုတ်ပေ။ အကယ်၍ တစ်နေ့တွင် ဘုရားသခင်နှင့် သင့်ကြားရှိ ဆက်ဆံရေးသည် ပုံမှန်အတိုင်း မဟုတ်တော့လျှင် သင်သည် ပြစ်တင်ရှုံ့ချမှုကို ခံနိုင်စွမ်းရှိလိမ့်မည်၊ နောင်တရ နိုင်စွမ်းလည်း ရှိလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိချိန်တွင် ဘုရားသခင်အား လုံးဝ စွန့်ခွာလိုစိတ် ရှိမည် မဟုတ်။ အကယ်၍တစ်နေ့ ဘုရားသခင်သည် သင့်အား စွန့်ခွာသွားမည်ဟု ပြောလျှင် သင်သည် ကြောက်ရွံ့ကာ ဘုရားသခင် ထားခဲ့သည်ကို ခံရသည်ထက် အသက်သေခြင်းက ပိုကောင်းသည်၊ သေလိုပါသည်ဟု ပြောလိမ့်မည်။ ဤသို့သော စိတ်ခံစားချက်များ ရှိသည်နှင့် တစ်ပြိုင်နက် သင်သည် ဘုရားသခင်အား စွန့်ခွာနိုင်စွမ်း မရှိဟု ခံစားလာရမည် ဖြစ်ပြီး ဤနည်းအားဖြင့် သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလာကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စစ်မှန်စွာ မွေ့လျော်လာနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၆

လူ့ဇာတိခံယူသည့် ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်ကိုလည်း အသိအမှတ်ပြုသည်ဟု သင်ပြောသော်လည်း သင်သည် သူ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၅

မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို အသက်ရှင်ဖို့ရန်၊ လူတစ်ဦးသည် နေ့စဉ် အလင်းသစ်ကို ရရှိနိုင်ရမည်ဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များအား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၅

အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက်နေထိုင်ပါက ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန်ပင် မဆိုထားနှင့်၊ သူတို့သည် သူတို့၏ ဖောက်ပြန်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၈

လူသားသည် ယနေ့အမှုနှင့်အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာနားလည်၏။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ဝင်ရောက်မည့် ခရီးပန်းတိုင်ကို နားမလည်ပါ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။