ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၈

လူတို့သည် စာတန်၏ လွှမ်းမိုးမူအောက်သို့ ကျရောက်ပါက၊ ၎င်းတို့အတွင်းတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ မရှိကြသကဲ့သို့၊ ၎င်းတို့၏ ယခင်က ရူပါရုံများ၊ ချစ်ခြင်းမေတ္တာနှင့် သန္နိဌာန်တို့ ကွယ်ပျောက်ကြပြီး ဖြစ်သည်။ လူတို့က ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံစားသင့်သည်ဟု တွေးထင်လေ့ရှိခဲ့ကြသော်လည်း၊ ယနေ့တွင် ထိုသို့လုပ်ဆောင်ခြင်းက အရှက်ရစရာဖြစ်သည်ဟု ၎င်းတို့ထင်ကြပြီး ၎င်းတို့တွင် ညည်းညူခြင်းများက ပြတ်လပ်မသွားပေ။ ဤသည်မှာ စာတန်၏အလုပ်၊ လူသားသည် စာတန်၏ အုပ်စိုးမှုအောက် ကျရောက်ပြီး ဖြစ်သည့် လက္ခဏာဖြစ်သည်။ သင်သည် ဤအခြေအနေနှင့် ကြုံရပါက၊ ဆုတောင်းရမည်ဖြစ်ပြီး၊ သင် တတ်နိုင်သမျှမြန်မြန် ပြန်လှည့်ရမည်ဖြစ်သည်- ဤအရာက စာတန်၏ တိုက်ခိုက်မှုများမှ သင့်ကို ကွယ်ကာပေးမည် ဖြစ်သည်။ လူသားသည် စာတန်၏ လွှမ်းမိုးမူအောက်သို့ အလွယ်ဆုံး ကျရောက်နိုင်သည်မှာ ခါးသီးသော စစ်ဆေးမှု အတောအတွင်းတွင် ဖြစ်သည်၊ ထို့ကြောင့် ထိုသို့စစ်ဆေးခြင်း အတောအတွင်းတွင် သင်သည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ချထားရင်းနှင့် သင်၏ နောက်ဆုံးအချိန်ကို သူ့ထံ ဆက်ကပ်ရင်း၊ သင်၏ စိတ်စွမ်းအားကို လှုံ့ဆော်သင့်ပေသည်။ ဘုရားသခင်က သင့်ကို မည်သို့ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သင့်ပြီး ဘုရားသခင်ကို ရှာဖွေရန်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ရှာဖွေရန် သင်ကိုယ်တိုင် လုပ်ဆောင်သင့်သည်။ ဤသို့သောအချိန်များတွင် သင်သည် မတုန်မလှုပ် ဖြစ်လေလေ အပျက်သဘောဆောင်လာလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင့်အတွက် ဆုတ်ယုတ်ဖို့ ပိုလွယ်ကူလေလေ ဖြစ်လိမ့်မည်။ သင်၏ လုပ်ငန်းတာဝန်ကို သင်ထမ်းဆောင်ဖို့ လိုအပ်သည့်အခါ၊ သင်သည် ကောင်းစွာ မထမ်းဆောင်သော်လည်း၊ သင် တတ်နိုင်သမျှ လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းထက် မည်သည့်အရာကိုမျှ မသုံးဘဲ ထိုသို့ လုပ်ဆောင်၏။ အခြားလူများ မည်သည့်အရာ ပြောသည်ဖြစ်စေ- သင်သည် ကောင်းစွာ လုပ်ဆောင်ခဲ့သည် သို့မဟုတ် သင်သည် ဆိုးရွားစွာ လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့ ပြောကြသည်ဖြစ်စေ- သင်၏ ရည်ရွယ်ချက်များသည် မှန်ကန်ပြီး သင်သည် ဘုရားသခင်ကိုယ်စား ပြုမူနေသည့်အတွက် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းမရှိပေ။ အခြားသူများက သင့်ကို နားလည်မှုလွဲသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး၊ “အိုး ဘုရားသခင်။ အခြားသူများက အကျွန်ုပ်ကို သည်းခံဖို့၊ သို့မဟုတ် ကျွန်ုပ်ကို ကောင်းကောင်း ဆက်ဆံဖို့ ကျွန်ုပ် မတောင်းဆိုသကဲ့သို့၊ ၎င်းတို့ ကျွန်ုပ်ကို နားလည်ဖို့ သို့မဟုတ် လက်ခံဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်၏ နှလုံးသားထဲတွင် ကိုယ်တော့်ကို ချစ်နိုင်ဖို့၊ ကျွန်ုပ်၏ နှလုံးသားထဲတွင် ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့နှင့် ကျွန်ုပ်၏ လိပ်ပြာသန့်နိုင်ဖို့သာ ကျွန်ုပ်တောင်းဆိုပါ၏။ အခြားသူများက ကျွန်ုပ်ကို ချီးကျူးဖို့၊ သို့မဟုတ် ကျွန်ုပ်ကို အထင်ကြီးလေးစားဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်နှလုံးသားမှ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့သာ အကျွန်ုပ် ကြိုးစားပါသည်။ ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏အခန်းကဏ္ဍကို ကျွန်ုပ်ထမ်းဆောင်ပြီး၊ အကျွန်ုပ်သည် မိုက်မဲသောသူ၊ စဉ်းစားဉာဏ်မရှိသောသူ၊ အရည်အချင်း ညံ့ဖျင်းသောသူနှင့် မျက်စိကန်းသောသူ ဖြစ်သော်လည်း၊ ကိုယ်တော်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ကို ကျွန်ုပ်သိပြီး၊ ကျွန်ုပ်၌ ရှိသမျှအားလုံးကို ကိုယ်တော်ထံ ဆက်ကပ်ဖို့ ဆန္ဒရှိပါသည်” ဟု ဆိုနိုင်စွမ်း ရှိပေသည်။ ဤနည်းဖြင့် သင်ဆုတောင်းသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာသည် ထွက်ပေါ်လာပြီး သင်၏စိတ်နှလုံးထဲတွင် သာ၍များစွာ စိတ်သက်သာရာ ရလေသည်။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လုပ်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်ကြုံတွေ့သည်နှင့်အညီ၊ သင်သည် နှစ်ကြိမ်ကျရှုံးပြီး တစ်ကြိမ် အောင်မြင်လိမ့်မည်၊ သို့မဟုတ်ပါက ငါးကြိမ် ကျရှုံးပြီး နှစ်ကြိမ် အောင်မြင်လိမ့်မည် ဖြစ်ကာ ဤနည်းလမ်းဖြင့် သင်ကြုံတွေ့သည်နှင့်အမျှ၊ ကျရှုံးခြင်းအလယ်၌သာ သင်သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်နိုင်လိမ့်မည် ဖြစ်ပြီး သင့်အတွင်းတွင် မည်သည့်အရာချို့တဲ့နေသည်ကို ရှာဖွေတွေ့ရှိနိုင်ပေမည်။ ထိုသို့ အခြေအနေများနှင့် နောက်တစ်ကြိမ် သင်ကြုံသောအခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် သတိပေးသင့်သည်၊ သင်၏ ခြေလှမ်းများကို ချုပ်တည်းသင့်ပြီး၊ မကြာခဏ ပို၍ ဆုတောင်းသင့်သည်။ သင်သည် ထိုသို့သော အခြေအနေများတွင် အောင်မြင်နိုင်စွမ်း တဖြည်းဖြည်း တိုးတက်လာလိမ့်မည်။ ထိုအရာ ဖြစ်ပျက်သောအခါ သင်၏ဆုတောင်းခြင်းများသည် ထိရောက်လေပြီ ဖြစ်သည်။ ဤအကြိမ်တွင် သင်အောင်မြင်ပြီး ဖြစ်သည်ကို သင်မြင်သောအခါ၊ အတွင်းတွင် သင် အားရကျေနပ်မည် ဖြစ်ပြီး၊ သင် ဆုတောင်းသောအခါ ဘုရားသခင်ကို သင်ခံစားနိုင်မည် ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်က သင့်ကို မစွန့်ခွာသည်ကို သင်ခံစားရမည်- ထိုအခါမှသာ သင့်အတွင်းတွင် ဘုရားသခင် မည်သို့ အမှုပြုသည်ကို သင်သိလိမ့်မည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်ကို ကြုံတွေ့ခြင်းဆီသို့ လမ်းကြောင်းတစ်ခု သင့်အား ပေးလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ပါက၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်မရှိဘဲ ဖြစ်လိမ့်မည်။ သို့ရာတွင် သင်သည် အမှုအရာများကို အဖြစ်ကို အဖြစ်အတိုင်း ကြုံတွေ့ရသည့် အချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်သည် အတွင်း၌ နာကျင်သော်လည်း၊ နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိမည်ဖြစ်သည်၊ သင်ဆုတောင်းသောအခါ ဘုရားသခင်၏ မျက်မှောက်ကို သင်ခံစားနိုင်လိမ့်မည်၊ ဘုရားသခင်၏ နူတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သင် ခွန်အားရှိမည် ဖြစ်ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယဖွဲ့စဉ် သင်၏ အသိစိတ်အပေါ် ဖိစီးသည့် မည်သည့်အရာမျှ မရှိဘဲ သင်သည် ငြိမ်သက်ခြင်း ခံစားရမည်ဖြစ်ပြီး၊ ဤနည်းဖြင့် သင်သည် ပြီးမြောက်ခဲ့သည့် အရာကို ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ အခြားသူများ မည်သည့်အရာ ပြောကြသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိနိုင်လိမ့်မည်၊ အခြားသူများအားဖြင့် ဘောင်ခတ်ခြင်း ခံရလိမ့်မည်မဟုတ်၊ သင်သည် အရာရာကို ကျော်လွှားနိုင်လိမ့်မည်ဖြစ်ပြီး- ဤအရာတွင်၊ ဘုရားသခင်၏ နူတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ခြင်းသည် ထိရောက်မှုရှိသည်ကို သင်သည် ထင်ရှားစေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၇

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် လူသား၏ အသက်တာ ကြီးထွားနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၉

ယောဘ၏ နေ့စဉ် အသက်တာထဲတွင် သူ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို ငါတို့တွေ့ရသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၇

ယုဒပြည်၌ ယေရှုအမှုထမ်းခဲ့ချိန်တွင် ပွင့်လင်းစွာ သူပြုခဲ့သည်၊ သို့သော် ယခုမူ ငါသည် သင်တို့ကြားထဲတွင် လျှို့ဝှက်စွာ အလုပ်လုပ်၍ စကားပြောသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၈

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ် လုပ်သည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။