ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၈

ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိကျွမ်းရန်မှာ ကောင်းကင်ဘုံ၏ဥပဒေနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် ဆောင်ရွက်နေသည့် ကာလအတွင်းဖြစ်သော ယနေ့သည်၊ ဘုရားသခင်ကိုသိကျွမ်းရန် အထူးသဖြင့် ကောင်းမွန်သောအချိန်ကာလ ဖြစ်သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ဘုရားသခင်၏ အလိုကို သိနားလည်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းဖြင့် ရရှိသည့်အရာ တစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သိနားလည်ရန်အလို့ငှာ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာ အချို့ရှိရန် လိုအပ်သည်။ ဘုရားသခင်နှင့်သက်ဆိုင်သော ဤအသိပညာသည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် ရှိရမည့် ရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်၌ ယုံကြည်မှု အခြေခံအကြောင်းရင်း ဖြစ်သည်။ ဤအသိပညာ ကင်းမဲ့ခြင်းဖြင့်၊ လူသား၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေရာသော အခြေအနေတစ်ခုတွင်၊ အနှစ်သာရ မဲ့သော သဘောတရားအလယ်တွင် တည်ရှိပေမည်။ ဘုရားသခင် နောက်သို့လိုက်ရန်မှာ ဤသို့သောလူများ၏ ဆုံးဖြတ်ချက်ဖြစ်လျှင်ပင်၊ မည်သည့်အရာကိုမျှ ၎င်းတို့ ရရှိကြလိမ့်မည်မဟုတ်။ ဤရေစီးကြောင်းတွင် မည်သည့်အရာမျှ မရရှိသောသူအားလုံးသည် ဖယ်ရှားခံရမည့်သူများဖြစ်သည်- ၎င်းတို့အားလုံးသည် ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင်၏ အမှု၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ၊ သင်သည် ကြီးမြတ်သော ရူပါရုံတစ်ခု ပါရှိသင့်သည်။ သို့မဟုတ်ပါက၊ ဘုရားသခင်၏ အမှုသစ်သည် လူ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ပြီး လူသားအယူအဆ၏ ဘောင်အပြင်ဘက်တွင် တည်ရှိသောကြောင့်၊ အမှုသစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ ထို့ကြောင့် လူကို စောင့်ရှောက်ရန် သိုးထိန်းတစ်ဦး မရှိဘဲနှင့်၊ ရူပါရုံများနှင့်ပတ်သက်သည့် မိတ်သဟာယတွင် ပါဝင်မည့် သိုးထိန်းတစ်ဦး မရှိဘဲနှင့်၊ လူသည် ဤအမှုသစ်ကို လက်မခံနိုင်စွမ်း မရှိပေ။ အကယ်၍ လူသားသည် ရူပါရုံများကို မရရှိနိုင်ပါက၊ ဘုရားသခင်၏အမှုသစ်ကို မရရှိနိုင်ပေ၊ ပြီးလျှင် လူသားသည် ဘုရားသခင်၏အမှုသစ်ကို မနာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိပညာသည် အချည်းနှီးသဘော သက်ရောက်ပေမည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဆောင်ရွက်မီတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိကျစွာ ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်နိုင်ပေသည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသောသူတိုင်း ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းရန်ကြိုးစားသော သူတိုင်းကြုံရမည့် ဖြစ်စဉ်လည်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်း ဖြစ်စဉ်သည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို သိကျွမ်းလာခြင်း ဖြစ်စဉ်ဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိရှိခြင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝအား သိကျွမ်းခြင်းကိုသာ မရည်ညွှန်းဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုကိုသိကျွမ်းခြင်းတို့လည်း ပါဝင်ပေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ အလိုကို သိနားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းတို့ကို သိကျွမ်းလာကြလေသည်။ ဘုရားသခင်၌ ယုံကြည်မှုသည် ဘုရားသခင်ကို သိကျွမ်းခြင်းအဖို့ ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံး ယုံကြည်ခြင်းဆီသို့ တိုးတက်ခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းဖြစ်စဉ်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်း ဖြစ်စဉ် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက်သာ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှု မရှိသကဲ့သို့ သင်၏ ယုံကြည်ခြင်းသည် ဖြူစင်မလာနိုင်ပေ- ဤအရာနှင့်ပတ်သက်၍သံသယဖြစ်စရာမရှိပေ။ လူသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့် ဖြစ်စဉ်အတွင်းတွင်၊ သူသည် ဘုရားသခင်ကို တဖြည်းဖြည်း သိကျွမ်းလာပါက၊ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သူ၏ယုံကြည်မှုသည် တိုး၍ စစ်မှန်လာလိမ့်မည်။ ဤနည်းဖြင့်၊ လူသည် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းတွင် အောင်မြင်မှုရရှိသောအခါတွင်၊ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် လုပ်ဆောင်ဖို့ ဒုတိယအကြိမ် လူ့ဇာတိခံယူရန် ထိုကဲ့သို့ အပတ်တကုပ် ကြိုးစားရခြင်း အကြောင်းရင်းမှာ လူသားသည် သူ့ကိုသိကျွမ်းလာနိုင်ဖို့နှင့် သူ့ကို တွေ့မြင်လာနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်း သည် ဘုရားသခင့်အမှု၏နိဂုံးတွင် ရရှိရမည့် နောက်ဆုံးအကျိုးတရား ဖြစ်သည်။ ယင်းသည် ဘုရားသခင် အနေဖြင့် လူသားမျိုးနွယ်ကို ပြုလုပ်သည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ သူ၏နောက်ဆုံး သက်သေခံချက်အတွက်ဖြစ်သည်။ လူသားအနေဖြင့် နောက်ဆုံးတွင် သူ့ထံသို့ လုံးဝ ပြန်လှည့်နိုင်စေဖို့အလို့ငှာ၊ ဤအမှုကို သူပြုခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ချစ်လာနိုင်ပြီး၊ ဘုရားသခင်ကို ချစ်ရန် သူသည် ဘုရားသခင်ကို သိကျွမ်းရမည် ဖြစ်သည်။ သူသည် မည်သို့ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကိုရရှိရန် ကြိုးစားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာကို ရရှိနိုင်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်ပေသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိနိုင်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ သူသည် ဘုရားသခင်ကို အမှန်တကယ် ကြည်ညိုကာ နာခံနိုင်ပေသည်။ ဘုရားသခင်ကို မသိသော သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာနာခံခြင်းနှင့် ကြည်ညိုခြင်းသို့ မည်သည့်အခါမျှ ရောက်ရှိမည်မဟုတ်ပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းတွင် သူ၏စိတ်သဘောထားကိုသိခြင်း၊ သူ၏အလိုကို နားလည်ခြင်းနှင့် သူ၏ဖြစ်ခြင်းကိုသိခြင်းတို့ ပါဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်ကို သိရှိလာသည်ဖြစ်စေ၊ ရှုထောင့်အသီးသီးသည် လူတို့အနေဖြင့် အဖိုးအခပေးရန် လိုအပ်ပြီး၊ နာခံရန် အလိုဆန္ဒ လိုအပ်ပေသည်၊ ထိုအရာမပါဘဲနှင့် မည်သူမျှ အဆုံးထိ ဆက်လက်လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် အလွန် သဟဇာတ မဖြစ်ပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ဖြစ်ခြင်းတို့သည် လူသားအတွက် သိရှိရန် အလွန်ခက်ခဲပြီး၊ ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်သော အရာရာတိုင်းသည် လူသားအတွက် အလွန်နားမလည်နိုင်သောအရာ ဖြစ်သည်။ လူသား ဘုရားသခင်နောက်သို့ လိုက်ရန် ဆန္ဒရှိသော်လည်း၊ သူ့ကို နာခံရန် လိုလားခြင်းမရှိပါက၊ လူသည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ပေ။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ယနေ့အထိ၊ ဘုရားသခင်သည် လူသားအဖို့ နားမလည်နိုင်သကဲ့သို့၊ လူသားက လက်ခံရန် ခက်ခဲသော အမှုများစွာကို လုပ်ဆောင်ပြီးဖြစ်ကာ၊ လူသား၏အယူအဆများကို နိဂုံးချုပ်ရန် ခက်ခဲစေသည့် အရာများစွာကို ဘုရားသခင် ပြောဆိုပြီးဖြစ်သည်။ သို့သော် လူတို့၏ များလှစွာသော အခက်အခဲများရှိခြင်းကြောင့်၊ ဘုရားသခင်သည် သူ၏အမှုကို မည်သည့်အခါတွင်မျှ ရပ်ဆဲခြင်းမရှိလေပြီ။ ယင်းထက်၊ သူသည် အမှုပြုခြင်းနှင့် စကားပြောဆိုခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပြီးဖြစ်ကာ၊ မြောက်မြားလှစွာသော “စစ်သည်တော်များ” သည် လမ်းဘေးတွင် လဲကျကြပြီးဖြစ်သော်လည်း၊ သူသည် သူ၏အမှုကို လုပ်ဆောင်လျက်ရှိနေဆဲဖြစ်ပြီး၊ သူ၏အမှုသစ်ကို ကျိုးနွံနာခံရန် ဆန္ဒရှိသည့် လူတစ်စုပြီးတစ်စုကို နားချိန်မရှိဘဲ၊ ဆက်လက် ရွေးချယ်နေဆဲဖြစ်သည်။ သူသည် ကျရှုံးသွားသော “သူရဲကောင်းများ” အတွက် သနားခြင်းမရှိပေ၊ ယင်းအစား သူ၏အမှုသစ်နှင့် နှုတ်ကပတ်တော်များကို လက်ခံသောသူများအား တန်ဖိုးထား လေသည်။ သို့ရာတွင် သူသည် မည်သည့်ရည်ရွယ်ချက်အတွက် ဤနည်းဖြင့် အမှုကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့် သူသည် လူအချို့ကို အမြဲဖယ်ရှားပြီး အခြားသူတို့ကို ရွေးချယ်နေပါသနည်း။ အဘယ်ကြောင့် သူသည် ထိုသို့သော နည်းလမ်းတစ်ခုကို အမြဲတမ်းအသုံးပြုသနည်း။ သူ့အမှု၏ ရည်ရွယ်ချက်မှာ လူသားက သူ့ကိုသိကျွမ်းစေရန်နှင့် ထိုသို့ဖြင့် သူ့၏ ရယူခြင်းခံရစေရန်ဖြစ်သည်။ သူ့အမှု၏ အခြေခံသဘောတရားမှာ ယနေ့သူလုပ်ဆောင်သောအမှုကို ကျိုးနွံနာခံနိုင်သော သူများအပေါ်တွင် အမှုပြုရန်ဖြစ်ပြီး၊ ယခင်က သူလုပ်ဆောင်ခဲ့သော အမှုကို နာခံသောသူ များလင့်ကစား ယနေ့သူလုပ်ဆောင်သော အမှုကို ဆန့်ကျင်သောသူတို့အပေါ် အမှုပြုရန် မဟုတ်ပေ။ ဤတွင် များလှစွာသော လူတို့ကို သူသုတ်သင်ရှင်းလင်းနေခဲ့သည့် အကြောင်းရင်း တည်ရှိပေသည်။

ဘုရားသခင်ကိုသိကျွမ်းလာခြင်း သင်ခန်းစာ၏ အကျိုးတရားများကို တစ်ရက် သို့မဟုတ် နှစ်ရက်ဖြင့် မရရှိနိုင်ပေ။ လူသားအနေဖြင့် အတွေ့အကြုံများကို စုဆောင်းရမည်၊ ဆင်းရဲဒုက္ခကို ကြုံရမည်ဖြစ်ပြီး၊ စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိရမည်။ ပထမဦးဆုံးအနေဖြင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များမှ စတင်လော့။ ဘုရားသခင်နှင့် ပတ်သက်သော အသိပညာတွင် မည်သည့်အရာ ပါဝင်သည်၊ ဤအသိပညာကို မည်သို့ရရှိနိုင်မည် ဆိုသည်နှင့် သင်၏အတွေ့အကြုံများထဲတွင် ဘုရားသခင်ကို မည်သို့တွေ့မြင်ရမည်တို့ကို သင့်အနေဖြင့် နားလည်ရန်မှာ အလွန်အရေးကြီးသည်။ ဤသည်မှာ ဘုရားသခင်ကို မသိသေးသည့် အချိန်တွင် အယောက်တိုင်းလုပ်ဆောင်ရမည့် အရာဖြစ်သည်။ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို မည်သူမျှ တစ်ချက်တည်းဖြင့် သဘောမပေါက်နိုင်သကဲ့သို့၊ ဘုရားသခင်၏ အလုံးစုံနှင့် ပတ်သက်သော အသိပညာကို အချိန်တိုတစ်ခုအတွင်း မည်သူမျှမရရှိနိုင်ပေ။ လိုအပ်သည့် အတွေ့အကြုံဖြစ်စဉ်တစ်ခုရှိပြီး၊ ယင်းမပါဘဲနှင့် မည်သူမျှ ဘုရားသခင်ကို သိကျွမ်းနိုင်မည်မဟုတ်၊ သို့မဟုတ် စိတ်ရင်းအမှန်ဖြင့် သူ့နောက်လိုက်နိုင်မည် မဟုတ်ပေ။ သာ၍ များသော အမှုကို ဘုရားသခင် လုပ်ဆောင်လေ၊ သူ့ကို လူသားက သာ၍သိလေဖြစ်သည်။ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် သာ၍ကွဲလွဲမှုရှိလေ၊ ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည် သာ၍အသစ်ပြုပြင်ခံရကာ သာ၍လေးနက်လေဖြစ်သည်။ အကယ်၍ ဘုရားသခင်၏အမှုသည် အစဉ်အမြဲ တစ်သမတ်တည်းဖြစ်ပြီး မပြောင်းလဲဘဲရှိနေပါက၊ လူသား၏ ဘုရားသခင်နှင့်ပတ်သက်သော အသိပညာမှာ သိပ်ရှိမည် မဟုတ်ပေ။ ဖန်ဆင်းခြင်း အချိန်ကာလနှင့် မျက်မှောက်ကာလကြားတွင် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုခဲ့သော အရာ၊ ကျေးဇူးတော်ခေတ်အတွင်း သူပြုခဲ့သောအရာနှင့် နိုင်ငံတော်ခေတ် အတွင်း သူပြုသည့်အရာ- ဤရူပါရုံများအကြောင်းကို သင်တို့အနေဖြင့် ရှင်းလင်းပြတ်သားရမည်။ သင်တို့သည် ဘုရားသခင်၏အမှုကို သိရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၃

လူသားအားလုံး၌ တည်ရှိနေသော ဘုံပြဿနာမှာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက် နားလည်ပါလျက်နှင့် လက်တွေ့ကျင့်သုံးရန် ပျက်ကွက်ခြင်း ဖြစ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၂

ယနေ့ခေတ်တွင် လူတို့က “သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်” ဟု ယုံကြည်ကြသည်။ ထို့ကြောင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၇

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ အရာနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၇

ပုံဝတ္ထု ၁။ မျိုးစေ့တစ်စေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသား ကမ္ဘာမြေကြီးပေါ်သို့ မျိုးစေ့လေးတစ်စေ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။