ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၀

ယနေ့တွင် အချို့ သောသူတို့သည် ဘုရားသခင် အသုံးပြုခြင်းကို ခံရရန် ကြိုးစားကြသည်၊ သို့သော် သိမ်းပိုက်ခံရပြီးနောက် သူတို့အား တိုက်ရိုက် အသုံးမပြုနိုင်ပါ။ ယနေ့ပြောစကားများအတိုင်း ဘုရားသခင်သည် လူတို့ကို အသုံးပြုသည့်အခါ သင်သည် ယင်းတို့ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိသေးပါက၊ သင်သည် ပြည့်စုံစေခြင်းကို မခံရသေးပါ။ တစ်နည်းအားဖြင့် လူကို ပြည့်စုံစေသည့် ကာလပြီးဆုံးချိန် ရောက်ရှိ လာသောအခါ လူကိုသုတ်သင်ဖယ်ရှားမည်လား သို့မဟုတ် ဘုရားသခင်အသုံးပြုမည်လား ဆိုသည်ကို အဆုံး အဖြတ် ပေးသွားလိမ့်မည်။ သိမ်းပိုက်ခြင်း ခံရပြီးသောသူများသည် မတုန်မလှုပ်နေခြင်းနှင့် ဆန့်ကျင်ခြင်းဆိုင်ရာ ဥပမာများထက် ဘာမျှမပိုပေ။ သူတို့သည် နမူနာများနှင့် စံပြလူများ ဖြစ်သည် သို့သော် သူတို့သည် ဆန့်ကျင် ကွဲပြားမှု တစ်ခုထက် ဘာမျှ မပိုပေ။ လူသည် အသက်ကို ရရှိမှသာ သူ၏ စိတ်သဘောထားသည် ပြောင်းလာပြီး အတွင်း၊ အပြင် ပြောင်းလဲမှုကို ရရှိပြီး သူသည် ပြီးပြည့်စုံစေခြင်းသို့ လုံးလုံးလျားလျား ရောက်ရှိလိမ့်မည်။ ယနေ့တွင်၊ မည်သည့်အရာကို သင်အလိုရှိသနည်း၊ သိမ်းပိုက်ခံရခြင်းလား၊ ပြည့်စုံစေခြင်းလား။ မည်သည့် အရာကို ရရှိရန် သင်အလိုရှိပါသနည်း။ ပြည့်စုံစေခြင်းသို့ရောက်ရန် သတ်မှတ်ချက်မည်မျှကို သင်ဖြည့်ဆည်း ပြီးပြီနည်း။ မည်သည့်အချက် ကျန်သေးသနည်း။ သင့်ကိုယ်သင် မည်သို့ အသင့်ဖြစ်အောင် လုပ်သင့်သနည်း၊ သင်၏ ချို့တဲ့ခြင်းများကို သင်မည်သို့ ဖြည့်မည်နည်း။ ပြည့်စုံစေခြင်းသို့ရောက်ရန် လမ်းကြောင်းသို့ သင်မည်သို့ ဝင်ရောက်သင့်သနည်း။ သင်မည်သို့ လုံးလုံးလျားလျား အပ်နှံသင့်သနည်း။ သင်သည် ပြည့်စုံခြင်းသို့ရောက်ရန် တောင်းဆိုသည်၊ သို့ဆိုလျှင် သင်သည် သန့်ရှင်းမြင့်မြတ်ခြင်းနောက်သို့ လိုက်ပါသလော။ ဘုရားသခင် သင့်အား ကာကွယ်စောင့်ရှောက်နိုင်ရန် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်ရှာမှီးပါသလော။ သင်သည် သန့်ရှင်းခြင်းသို့ရောက်ရန် လိုက်လျှောက်ခဲ့သည်၊ သို့ဆိုလျှင် သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန် လိုလားပါသလော။ သင်သည် ဘုရားသခင်အား သိကျွမ်းရန် တောင်းဆိုသည် သို့သော် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိပါသလော။ ယနေ့တွင်၊ သင့်အပေါ်၌ ဘုရားသခင်လုပ်သော အလုပ်အများစုမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်၏။ ဤအလုပ်အကြောင်း သင်ဘာသိသနည်း။ သင့်အပေါ်၌ မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်တွေ့ကြုံခဲ့ရသော ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် သင့်အား သန့်ရှင်းစေပါသလော။ ယင်းသည် သင့်ကို ပြောင်းလဲစေခဲ့ ပါသလော။ ယင်းသည် သင့်အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိသလော။ ယနေ့ အလုပ်များစွာကြောင့် သင်သည် မောပန်း နွမ်းနယ်နေပါသလော- ကျိန်ခြင်းများ၊ တရားစီရင်ခြင်းများနှင့် ဖော်ထုတ်ပြသမှုများ- သို့မဟုတ် ယင်းတို့သည် သင့်အတွက် အကျိုးထူးဖြစ်စေသည်ဟု ခံစားရပါသလော။ သင်သည် ဘုရားသခင်ကို ချစ်သည် သို့သော် မည်သည့်အတွက်ကြောင့် ချစ်ပါသနည်း။ ဘုရားသခင်အား သင်ချစ်သည်မှာ ကျေးဇူးတော် အနည်းငယ် သင်လက်ခံရသောကြောင့်လော၊ သို့မဟုတ် ဘုရားသခင်အား သင်ချစ်သည်မှာ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိခြင်းကြောင့်လော။ သို့မဟုတ် ဘုရားသခင်၏ ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်ပြီးနောက် ဘုရားသခင်အား ချစ်ပါသလော။ မည်သည့် တိကျသောအရာက သင့်အား ဘုရားသခင်ကို ချစ်စေပါသနည်း။ ပေတရုသည် ပြည့်စုံစေခြင်းသို့ရောက်ရန် မည်သည့် သတ်မှတ်ချက်များကို ဖြည့်ဆည်းခဲ့ပါသနည်း။ သူ့အား ပြည့်စုံစေပြီးနောက် ဖော်ပြသည့် အရေးပါသောလမ်းမှာ အဘယ်နည်း။ ပေတရုက သခင်ယေရှုအား ချစ်သည်မှာ သူသည် သခင်ယေရှုအား တမ်းတသောကြောင့်လော၊ သို့မဟုတ် သခင်ယေရှုအား သူ မမြင်နိုင်သောကြောင့်လော၊ သို့မဟုတ် သူ့အား အပြစ်တင်သောကြောင့်လော။ သို့မဟုတ် သခင်ယေရှုအား သူချစ်သည်မှာ အတိဒုက္ခခံစားရခြင်းကို သူလက်ခံခြင်း၊ သူ၏ ညစ်ညမ်းမှုနှင့် မနာခံတတ်မှု တို့ကို သိလာပြီး သခင်၏ သန့်ရှင်းမြင့်မြတ်မှုကို သိလာသောကြောင့် ဖြစ်ပါသလော။ ဘုရားသခင်ကို သူ၏ချစ်ခြင်းက ပိုမိုဖြူစင်လာသည်မှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့်လော သို့မဟုတ် အခြားအရာ တစ်ခုခုကြောင့်လော။ အဘယ်အရာနည်း။ သင်သည် ဘုရားသခင်ကိုချစ်သည်မှာ ဘုရားသခင်၏ ဂုဏ်ကျေးဇူးကြောင့် ဖြစ်ပြီး ယနေ့ သင့်အား ကောင်းချီးမင်္ဂလာ အနည်းငယ် ပေးသောကြောင့် ဖြစ်သည်။ ယင်းသည် မေတ္တာစစ် ဖြစ်ပါသလော။ ဘုရားသခင်အား မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်လက်ခံသင့်သလော၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်ပြီးနောက် လုံးလုံးလျားလျား လက်ခံယုံကြည်ပြီး ဘုရားသခင်အကြောင်းကို သိလျက် မည်သို့ချစ်နိုင်သနည်း။ ပေတရုကဲ့သို့ ဘုရားသခင်အား လုံလုံလောက်လောက် မချစ်နိုင်ဟု သင်ဆိုနိုင်ပါသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ပြီးသည့်နောက် သိမ်းပိုက်ခံရရန် သို့မဟုတ် ပြစ်တင်ဆုံးမခြင်းနှင့် တရား စီရင်ခြင်း ပြီးသည့်နောက် သန့်ရှင်းစေရန်၊ အကာအကွယ်ရရန်နှင့် စောင့်ရှောက်ခံရရန်တို့အတွက် သင်လုပ် ဆောင်သော အရာများ ဟုတ်ပါသလော။ ဤအရာများထဲမှ မည်သည်ကို သင်လုပ်ဆောင်သနည်း။ သင်၏ အသက်တာသည် လေးနက်သောအသက်တာ ဖြစ်ပါသလော၊ သို့မဟုတ် အဓိပ္ပါယ်ကင်းမဲ့ကာ တန်ဖိုးမရှိသည့် ဘဝလော။ သင်သည် ဇာတိပကတိကို လိုချင်သလော၊ သို့မဟုတ် သမ္မာတရားကို လိုချင်သလော။ တရား စီရင်ခြင်းကို သင်ဆန္ဒရှိပါသလော သို့မဟုတ် သက်တောင့်သက်သာ နေချင်ပါသလော။ ဘုရားသခင်၏အလုပ်ကို များစွာတွေ့ကြုံခဲ့ပြီး၊ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှုမြင်ခဲ့ပြီးခြင်းဖြင့် သင်မည်သို့ လိုက်လျှောက်မည်နည်း။ ဤလမ်းကြောင်းတွင် သင်မည်သို့ လျှောက်လှမ်းမည်နည်း။ ဘုရားသခင် အပေါ် သင်၏ ချစ်ခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အပေါ်၌ တစ်စုံတစ်ရာသော သက်ရောက်မှု ရှိခဲ့သလော။ ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိခြင်း၊ မသိခြင်းသည် သင်အသက်ရှင်နေထိုင်မှုနှင့် ဘုရားသခင် အား သင်ချစ်သည့် အတိုင်းအတာအပေါ် မှီတည်နေသည်။ သင့်နှုတ်ခမ်းများက ဘုရားသခင်အား သင်ချစ်သည် ဟုဆိုသည်။ သို့သော် သင်သည် ယခင်အတိုင်း၊ ပျက်စီးနေသည့် စိတ်သဘောထားဖြင့် ရှင်သန်နေထိုင်နေသည်။ ဘုရားသခင်ကို သင်ကြောက်ရွံ့ခြင်းမရှိ၊ အသိတရားလုံးဝမရှိ။ ယင်းကဲ့သို့သောသူများက ဘုရားသခင်ကို ချစ်ပါသလော။ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်ကို သစ္စာစောင့်သိပါ၏လော။ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူများ ဟုတ်သလော။ သင်က ဘုရားသခင်ကို ချစ်ပါသည်၊ ယုံကြည်ပါသည်ဟု ပြောသည်၊ သို့သော် သင်သည် သင်၏ သဘောထား ခံယူချက်များကို မစွန့်လွှတ်။ သင့်အလုပ်၊ ဝင်ရောက်မှု၊ သင်ပြောသောစကားများနှင့် သင့်အသက်တာထဲတွင် ဘုရားသခင်အား သင်ချစ်ခြင်းသည် ပေါ်လွင်ထင်ရှားမှု မရှိဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းလည်း မရှိ။ ထိုသူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးသူလား။ ယင်းကဲ့သို့သောသူသည် ပေတရု ဖြစ်နိုင်ပါမည်လော။ ပေတရုကဲ့သို့သော သူများသည် အသိပညာသာရှိပြီး ထိုသို့ အသက်ရှင်နေထိုင်ခြင်း မရှိသလော။ ယနေ့တွင်၊ စစ်မှန်သောအသက်တာဖြင့် အသက်ရှင်နေထိုင်ရန် မည်သည့် သတ်မှတ်ချက်များ လိုအပ်ပါသနည်း။ ပေတရု၏ ဆုတောင်းသံများသည် သူ့နှုတ်မှထွက်လာသော စကားများနှင့် မထူးခြားပါသလော။ ယင်းတို့သည် သူ့နှလုံးသား အတွင်းထဲမှ ထွက်လာသော စကားများ မဟုတ်ပါသလော။ ပေတရုက ဆုတောင်းရုံသာ ဆုတောင်းပြီး သမ္မာ တရားကို လက်တွေ့ကျင့်သုံးခြင်း မရှိပါသလော။ သင်လုပ်ဆောင်သည်မှာ မည်သူ့အတွက်ပါနည်း။ ဘုရားသခင် ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကာလတွင် သင့်ကိုယ်သင် မည်သို့ ကာကွယ်စောင့်ရှောက် မည်နည်း၊ မည်သို့ သန့်ရှင်းစေမည်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူအတွက် အကျိုးမရှိပါသလော။ တရားစီရင်မှု မှန်သမျှသည် ပြစ်ဒဏ်ပေးခြင်း ဖြစ်ပါသလော။ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့သာ၊ ပစ္စည်းဥစ္စာ ကောင်းချီးမင်္ဂလာများနှင့် တဒင်္ဂ သက်တောင့်သက်သာ ရှိမှုတို့သာ လူ့အသက်တာအတွက် အကျိုးရှိခြင်း ဖြစ်နိုင်ပါသလော။ လူသည် သာယာပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ကာ တရားစီရင်ခြင်း ကင်းမဲ့သည့် အသက်တာတွင် သန့်ရှင်းခြင်းသို့ ရောက်နိုင်ပါ မည်လော။ လူသည် ပြောင်းလဲလိုပြီး သန့်ရှင်းခြင်းသို့ ရောက်ရန် အလိုရှိပါက စုံလင်စေခြင်းကို မည်သို့ လက်ခံသင့်ပါသနည်း။ ယနေ့ မည်သည့် လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၅

အချို့လူများက ကောက်ချက်ချပြီး တွေးတောကြည့်ချင်ကြသည်။ သို့ရာတွင် လူ၏တွေးတောကြံဆမှုက မည်မျှအထိ ရောက်နိုင်မည်နည်း။ ဤကမ္ဘာမှ ကျော်ပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၂

ယိုယွင်းပျက်စီးသော လူ့စိတ်သဘောထားကို ဖွင့်ပြသော အကြောင်းရင်းသည် အခြားမဟုတ်၊ သူ၏ ထုံထိုင်းသောသိစိတ်၊ မနာလိုမုန်းတီးသော သဘာဝနှင့် ဆုတ်ယုတ်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၈

လူများစွာသည် လက်တွေ့လုပ်ဆောင်မှုအကြောင်း အနည်းငယ်ပြောနိုင်ပြီး သူတို့ကိုယ်တိုင်၏ ထင်မြင်ချက်များအကြောင်း ပြောနိုင်ကြသော်လည်း၊ အများစုမှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၀

ပထမဦးဆုံး ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များ၊ အင်းအိုင်များ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။