ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၃

အမှောင်၏လွှမ်းမိုးမှုဆိုသည်မှာ အဘယ်နည်း။ “အမှောင်၏လွှမ်းမိုးမှု” ဟု ခေါ်ဆိုသည့် ဤအရာမှာ စာတန်၏ လှည့်ဖြားခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း၊ ချည်နှောင်ခြင်းနှင့် လူတို့ကို ထိန်းချုပ်ခြင်းတို့၏ လွှမ်းမိုးမှုဖြစ်သည်။ စာတန်၏စွမ်းအားမှာ သေခြင်းတရား၏ ရောင်ဝါလက္ခဏာရှိသော လွှမ်းမိုးမှုတစ်ခု ဖြစ်သည်။ စာတန်၏အုပ်စိုးမှုအောက်၌ အသက်ရှင်ကြသူအားလုံးသည် ပျက်စီးကိန်း ကြုံရပေသည်။

ဘုရားသခင်၌ ယုံကြည်ခြင်းရရှိပြီးနောက် သင်သည် အမှောင်၏ လွှမ်းမိုးမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံ စစ်မှန်ရိုးသားစွာ ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သင်၏စိတ်နှလုံးကို သူ့ထံ လုံးဝ လှည့်လေသည်၊ ထိုအချိန်တွင် သင့်စိတ်နှလုံးသည် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိခြင်း ခံရပေသည်။ သင်သည် မိမိကိုယ်ကိုယ် သူ့ထံ လုံးဝပေးအပ်ဖို့ တိုး၍ လိုလားလျက်ရှိပြီး၊ ဤအခိုက်အတန့်တွင် အမှောင်၏လွှမ်းမိုးမှုမှ သင် လွတ်မြောက်ပြီး ဖြစ်လိမ့်မည်။ လူသား လုပ်သမျှတိုင်းသည် ဘုရားသခင် နှစ်သက်သောအရာ ဖြစ်ပြီး သူ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းနှင့် သူ၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက် အသက်ရှင်သူတစ်ဦး ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူရင်းနှင့် သူ၏ တည်ရှိခြင်းကို မယုံကြည်ဘဲလျက် သူ့ကို အရူးလုပ်ဖို့ အမြဲကြိုးပမ်းနေကြပါက- ဤသူအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့်လူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိသေးသော လူသားများသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြ၏။ ဆိုလိုသည်မှာ၊ ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင် ကြပေသည်။ ဘုရားသခင်ကို မယုံကြည်သော သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေကြ၏။ ဘုရားသခင်ကို ယုံကြည်သူများသည် သူ၏ နှုတ်ကပတ်တော်များအတွင်း အမှန်တကယ် အသက်ရှင်ကောင်း ရှင်ကြမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို နာခံကောင်း နာခံကြမည်မဟုတ်သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သောသူများပင်လျှင် ဘုရားသခင်၏ အလင်းထဲတွင် သေချာပေါက် အသက်ရှင်ကောင်း ရှင်နေကြလိမ့်မည် မဟုတ်ပေ။ လူသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင်သာ ကန့်သတ် ခံထားရပြီး၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိသောကြောင့်၊ ဘုရားသခင်၏ သန့်ရှင်းစေခြင်းကို အပြည့်အဝ မခံရသေးသည်သာမက သူ၏ လုံးလုံးလျားလျား ရယူခြင်းကို မခံရသေးဘဲ သူသည် စည်းမျဉ်းဟောင်းများအတွင်း၊ အသက်မဲ့သော စကားလုံးများ အလယ်တွင် မှောင်မိုက်ပြီး ရေရာမှုမရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မယုံကြည်သူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင် ကြသည်မှာ ပြောစရာပင်မလိုသည့် အချိန်တွင်၊ ဘုရားသခင်ကို ယုံကြည်သူများပင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့ကြသည့်အတွက် ထိုအမှောင်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေနိုင်သေး၏။ ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားကရုဏာကို မရရှိကြသေးသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မမြင်နိုင်ကြသူအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြပေသည်။ ပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရုံခံစားကြသော်လည်း၊ သူ့ကို မသိကြသူများသည် အချိန်အများစုတွင် ထိုနည်း၎င်း ဖြစ်ကြပေသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်တွင် မိမိအသက်တာ အများစု ကုန်ဆုံးပါက၊ ဤသူ၏ တည်ရှိခြင်းသည် အဓိပ္ပာယ်ဆုံးရှုံးခဲ့လေပြီ- ပြီးလျှင် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်သူတို့ကိုကား အဘယ်ပြောဖို့ လိုအပ်သနည်း။

ဘုရားသခင်၏ အမှုကို လက်မခံနိုင်သောသူများ သို့မဟုတ် ဘုရားသခင်၏အမှုကို လက်ခံသော်လည်း၊ သူ၏တောင်းဆိုချက်များကို မဖြည့်ဆည်းနိုင်သူများ အားလုံးသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြသည့် လူများ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတို့နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းခြင်းငှာ တတ်စွမ်းနိုင်သောသူတို့သာ သူ့ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သာလျှင် အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ကြလိမ့်မည်။ လွတ်မြောက်ခြင်း မခံရသေးသူများ၊ အချို့သောအရာများ၏ ထိန်းချုပ်ခြင်းကို အမြဲခံရသောသူများနှင့် ဘုရားသခင်အား မိမိတို့၏ စိတ်နှလုံးများကို မပေးအပ်နိုင်သူတို့သည် သေခြင်းတရား ရောင်ဝါလက္ခဏာအောက်တွင် အသက်ရှင်ကြသည့် စာတန်၏ကျေးကျွန်ဘဝအောက်တွင် ရှိကြသည့်လူများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ တာဝန်များအပေါ် သစ္စာမရှိသူများ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သစ္စာမရှိသူများနှင့် အသင်းတော်တွင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ပျက်ကွက်ကြသူများသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြသည့် လူများ ဖြစ်သည်။ အသင်းတော် အသက်တာကို တမင်သက်သက် နှောင့်ယှက်သူများ၊ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများအကြားတွင် သဘောထားကွဲလွဲခြင်းကို တမင်တကာ သွေးထိုးပေးသူများ သို့မဟုတ် အုပ်စုများ ဖွဲ့သောသူတို့သည် အမှောင်၏လွှမ်းမိုးမှုအောက်၊ စာတန်၏ ကျေးကျွန်ဘဝတွင် သာ၍ နက်ရှိုင်းစွာ အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိသူများ၊ လွန်ကဲသော အလိုဆန္ဒများ အစဉ်အမြဲရှိသူများ၊ အကျိုးအမြတ်တစ်ခု အစဉ်အမြဲ ရရှိလိုသူများနှင့် ၎င်းတို့၏ စိတ်သဘောထားများတွင် မည်သည့်အခါမျှ ပြောင်းလဲမှု မရှာဖွေသောသူများသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့်‌ လူများ ဖြစ်သည်။ အစဉ်အမြဲ ပေါ့ပေါ့တန်တန်နေသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လုံးဝ မလေးနက်သူများ၊ ပြီးလျှင် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မကြိုးစားဘဲ ယင်းအစား မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိကိုသာ ဖြည့်ဆည်းဖို့ ကြိုးစားနေသူများသည်လည်း သေခြင်းအားဖြင့် ကာဆီးထားခြင်း ခံရလျက် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်နေချိန်တွင် မရိုးဖြောင့်မှုနှင့် လှည့်ဖြားမှုတို့တွင် ပါဝင်ပတ်သက်သူများ၊ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ဘုရားသခင်ကို ဆက်ဆံသောသူများ၊ ဘုရားသခင်ကို လိမ်လည်သူများ နှင့် မိမိတို့ကိုယ်ကိုယ်အတွက် အမြဲ အစီအစဉ်များ ပြုလုပ်သူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ မချစ်နိုင်သူများ၊ သမ္မာတရားကို မလိုက်စားသူများနှင့် ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း အပေါ် အာရုံမစိုက်သူများအားလုံးသည် အမှောင်၏ လွှမ်းမိုးမှု အောက်တွင် အသက်ရှင်ကြသည့်လူများ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၆

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားလုံးမှာ လူတို့ကို အကျိုးပြုရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းသည် လူတို့ကို စိတ်ဓာတ်မြှင့်တင်စေခြင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၆

အလုပ်များစွာနှင့် စကားပေါင်းများစွာသည် သင့်အပေါ်သို့ မသက်ရောက်လျှင် ဘုရားသခင်၏ အလုပ်ကို ဖြန့်ဝေရန် အချိန်ကျသောအခါ သင့်တာဝန်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၆

အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးအပေါ်တွင် ဘုရားသခင် ထိန်းချုပ်ခြင်းနှင့် အုပ်စိုးခြင်းအချက်က ဖန်ဆင်းရှင်၏ စစ်မှန်သည့် သြဇာအာဏာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၃

အာဒံကို ဘုရားသခင်ပေးသည့် ပညတ်တရား ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။