ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” | ကောက်နုတ်ချက် ၅၄၁

အစေခံခြင်းနှင့်ဆိုင်သော သင်၏အနာဂတ်လမ်းကြောင်းတွင်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သို့ ပြည့်စုံစေနိုင်သနည်း။ အရေးကြီးသော အချက်တစ်ချက်မှာ အသက်တာထဲ ဝင်ရောက်မှု ရရှိရန် အားထုတ်ဖို့၊ စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို ရရှိရန် အားထုတ်ဖို့နှင့် သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို ရရှိရန် အားထုတ်ဖို့ဖြစ်သည်- ဤသည်မှာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်းဆီသို့သွားရာ လမ်းကြောင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိသူများ ဖြစ်ကြသော်လည်း၊ မည်သည့် စေခိုင်းချက်တာဝန်မျိုးနည်း။ ဤအရာသည် အမှု၏ နောက်တဆင့်နှင့် ဆက်နွှယ်နေ၏။ အမှု၏ နောက်တစ်ဆင့်သည် စကြဝဠာတစ်ခွင်လုံးအနှံ့ ဆောင်ရွက်သည့် သာ၍ကြီးမားသော အမှုဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်တို့အား သူ၏ အနာဂတ်အမှုအတွက် နမူနာများ ဖြစ်စေလျက်၊ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အမှုမှတစ်ဆင့် သူ၏ ဘုန်းအသရေကို ရရှိခြင်း၏ သက်သေ အမှန်တကယ် သင် ဖြစ်လာဖို့အလို့ငှာ သင်၏ အသက်တာ စိတ်သဘောထား၌ ပြောင်းလဲမှုများကို ယနေ့ သင် ရရှိအောင် အားထုတ်သင့်ပေသည်။ သင့်အနေဖြင့် ဘုရားသခင်၏ အသုံးပြု‌ခြင်း ခံရနိုင်ကာ သူ့အတွက် သက်သေခံနိုင်ဖို့အလို့ငှာ၊ ယနေ့ ရရှိအောင် အားထုတ်ခြင်းသည် အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းခြင်းအတွက် လုံးလုံးလျားလျား ဖြစ်သည်။ ဤအရာကို သင်၏ ရရှိအောင်အားထုတ်မှု၏ ရည်မှန်းချက်ဖြစ်စေပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင် ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သင်၏ ရရှိအောင်အားထုတ်မှု ရည်မှန်းချက်ကို မြင့်မားစွာ သင်ချမှတ်လေလေ၊ သင်သည် စုံလင်ခြင်းခံရနိုင်လေလေ ဖြစ်သည်။ သမ္မာတရားနောက် သင် လိုက်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်လေလေ ဖြစ်သည်။ သင်၏ ရရှိအောင် အားထုတ်မှုတွင် သင် အားအင် စိုက်ထုတ်လေလေ၊ သင်သည် ရရှိလေလေ ဖြစ်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ၎င်းတို့၏အတွင်းပိုင်း အခြေအနေအရ စုံလင်စေသည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့ သို့မဟုတ် သူ၏ စုံလင်စေခြင်းခံရဖို့ လိုလားခြင်းမရှိ၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ဇာတိပကတိကိုသာ ဘေးကင်းစေချင်ပြီး မည်သည့် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်ကိုမျှ မခံစားစေချင်ဟု ဆိုကြသည်။ လူအချို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လိုလားခြင်း မရှိကြသော်လည်း၊ အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရန် လိုလားနေကြ၏။ ထိုသို့ဆိုပါက၊ ဘုရားသခင်သည် သင်၏ဆန္ဒကိုလည်း ခွင့်ပြုမည် ဖြစ်သည်။ သင် မည်သည့်အရာကို ရရှိအောင် အားထုတ်ပါစေ၊ ဘုရားသခင်သည် ဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ လက်ရှိအချိန်တွင် သင်သည် မည်သည့်အရာကို ရရှိအောင် အားထုတ်နေသနည်း။ စုံလင်ခြင်းခံရခြင်းလော။ သင်၏ ယခုလက်ရှိ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် ဘုရားသခင်၏ စုံလင်ခြင်းခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်း အတွက်လော။ သင့်အနေဖြင့် သင်၏ နေ့စဉ်အသက်တာတွင် မိမိကိုယ်မိမိ ထိုသို့ စဉ်ဆက်မပြတ် စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ သင်သည် တစ်ခုတည်းသော ရည်မှန်းချက်ကို ရရှိအောင် သင်၏စိတ်နှလုံး ရှိသမျှဖြင့် အားထုတ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေမည် ဖြစ်သည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းသည် ၎င်းတို့၏ ရရှိအောင် အားထုတ်ခြင်းအားဖြင့် ရရှိပေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခြင်းတို့ကို သင် ဆာငတ်လေလေ၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလေလေ ဖြစ်သည်။ သင်သည် ရှာဖွေရန်ပျက်ကွက်လေလေ ဖြစ်ပြီး၊ အပျက်သဘောဆောင်က နောက်ဆုတ်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အလမ်းများကို သင် ပိတ်ပင်လေလေ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်ခြင်းခံရရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ရယူခြင်းခံရန် သင် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏အသုံးပြုခြင်းခံရန် ဆန္ဒရှိသလော။ သင်တို့သည် စကြဝဠာထဲရှိ အရာခပ်သိမ်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များ သင်တို့အထဲ၌ ထင်ရှားသည်ကို မြင်နိုင်ကြဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရရန်၊ ဘုရားသခင်၏ ရယူခြင်းခံရရန်နှင့် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရန်အတွက် အရာရာကို လုပ်ဆောင်ခြင်းကို လုပ်ဆောင်သင့်ကြပေသည်။ သင်တို့သည် အရာခပ်သိမ်းထဲတွင် ဆရာတစ်ဆူ ဖြစ်ပြီး၊ ရှိသမျှ အရာအားလုံးအလယ်တွင်၊ သင်တို့သည် ဘုရားသခင်အား သက်သေခံချက်နှင့် ဘုန်းထင်ရှားခြင်းတို့ကို သင်တို့မှတစ်ဆင့် မွေ့လျော်ခံစားခွင့် ပေးကြလိမ့်မည်- ဤသည်မှာ သင်တို့သည် မျိုးဆက်များအားလုံးထဲမှ ကောင်းချီးမင်္ဂလာအခံစားရဆုံး ဖြစ်သည်ဆိုသည့် သက်သေဖြစ်ပေ၏။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

သန့်ရှင်းသောဝိညာဉ်တော်သည် စုံလင်ခြင်းရရန် တောင့်တသူများအပေါ် သာ၍အမှုပြု

မြေကြီးပေါ် ဘုရား၏ဘုန်းတော်ထင်ရှားကာ သူ၏ အနာဂတ်အမှုတော်အတွက် စံပြများ၊ ဤလောကတွင် သူ၏ဘုန်းတော်အတွက် သက်သေဖြစ်ရန် သင်၏ အသက်တာ စိတ်သဘောထား ပြောင်းလဲရန် ယခုပင် ကြိုးစားရမှာ

ယနေ့ကြိုးပမ်းမှုသည် အနာဂတ်အုတ်မြစ်တည်ရန် ဖြစ်မှသာ သင့်အား ဘုရားသခင် အသုံးပြုနိုင်ကာ သင်သည် သူ၏သက်သေခံနိုင်မည် ဤအချက်ကို သင်၏ ပန်းတိုင်အဖြစ် သတ်မှတ်လျှင် သင်၌ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်မူမည် ပန်းတိုင်တစ်ခုတည်းသာ ဗဟိုထားလျှင်၊ သင့်အား ဘုရားသခင် စုံလင်စေမည် ထိုဟာ သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသော နည်းလမ်းပေ သန့်ရှင်းသောဝိညာဉ်တော် လူတို့ကို ဦးဆောင်သော လမ်းသည် သူတို့ကိုယ်တိုင်ကြိုးစားမှုဖြင့် ရရှိသည် (သင်၏)ရည်ရွယ်ချက် ကြီးမားလေ၊ စုံလင်ခြင်း ရှိလေ သင် သမ္မာတရားကို ရှာဖွေလေ၊ သန့်ရှင်းသောဝိညာဉ်တော် သာ၍အမှုပြုလေ (သင်၏)ကြိုးစားလိုစိတ် ပြင်းပြလေ၊ အောင်မြင်မှုရလဒ် သာ၍ကြီးလေ သူတို့အတွင်းစိတ်သဘောအလျောက် လူသားကို ဘုရားသခင် စုံလင်စေ

ဘုရား၏ စုံလင်စေခြင်း၊ အုပ်စိုးခြင်းကို (သင်) သာ၍တောင့်တလေ၊ သင့်အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလေ (သင်သည်) ရှာဖွေခြင်းမပြု၊ အဖျက်သဘောဆောင်ကာ နောက်ပြန်လှည့်လေ သန့်ရှင်းသောဝိညာဉ်တော် အမှုပြုရန် ခက်ခဲကာ သင့်ထံမှ တစ်ဖြည်းဖြည်း စွန့်ခွာမည် ဘုရား၏ စုံလင်စေခြင်း၊ ရယူခြင်းနှင့် အသုံးခံဖြစ်ရန်အတွက် အရာအားလုံး လုပ်ဆောင်ကာ အစွမ်းကုန်ကြိုးစားရင်း သင်တို့တစ်ဦးစီ၌ ပေါ်လွင်ထင်ရှားသော ဘုရား၏လုပ်ဆောင်ချက်များ စကြဝဠာတစ်ခုလုံးအား မြင်တွေ့စေပါ (သင်၏)ရည်ရွယ်ချက် ကြီးမားလေ၊ စုံလင်ခြင်း ရှိလေ (သင်)သမ္မာတရားကို ရှာဖွေလေ၊ သန့်ရှင်းသောဝိညာဉ်တော် သာ၍အမှုပြုလေ (သင်၏)ကြိုးစားလိုစိတ် ပြင်းပြလေ၊ အောင်မြင်မှုရလဒ် သာ၍ကြီးလေ သူတို့အတွင်းစိတ်သဘောအလျောက် လူသားကို ဘုရားသခင် စုံလင်စေ

ခပ်သိမ်းသောအရာတို့၌ သင်တို့သည် အရှင်သခင်ဖြစ်သည် ၎င်းတို့အလယ်မှာ ဘုရားသခင်အား သက်သေဖြစ်ခွင့်နှင့် ဘုန်းထင်ရှားခွင့် ပေးပါ လူမျိုးအဆက်ဆက်တို့၌ သင်တို့သည် မင်္ဂလာအရှိဆုံးဖြစ်ကြောင်း သက်သေတည်း (သင်၏)ရည်ရွယ်ချက် ကြီးမားလေ၊ စုံလင်ခြင်း ရှိလေ သင် သမ္မာတရားကို ရှာဖွေလေ၊ သန့်ရှင်းသောဝိညာဉ်တော် သာ၍အမှုပြုလေ (သင်၏)ကြိုးစားလိုစိတ် ပြင်းပြလေ၊ အောင်မြင်မှုရလဒ် သာ၍ကြီးလေ သူတို့အတွင်းစိတ်သဘောအလျောက် လူသားကို ဘုရားသခင်

စုံလင်စေ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်” | ကောက်နုတ်ချက် ၅၃၄

သင်သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလိုပါက၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟရင်းနှင့် သူ့ထံ လုံးဝ လှည့်ရင်း၊ စာတန်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” | ကောက်နုတ်ချက် ၅၁၅

စစ်ဆေးခြင်းအမှု၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူတို့၏ယုံကြည်ခြင်းကို စုံလင်စေရန်ဖြစ်သည်။ အဆုံးတွင်၊ ရရှိသည့်အရာမှာ သင်စွန့်ခွာလိုသော်လည်း၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ |“ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” |ကောက်နုတ်ချက် ၇၃

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းခဲ့ပေ၊ သို့သော် သူ့အလုပ်မှာမူ မည်သည့်အခါမျှ မရပ်တန့်ခဲ့ချေ။ ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း” | ကောက်နုတ်ချက် ၃၂၂

လူသားတွင် ယုံကြည်ခြင်းနှင့်ပတ်သက်၍ မသေချာသောစကားလုံးသာရှိသည်။ သို့ရာတွင် လူသားသည် ဘယ်အတွက်ကြောင့် ယုံကြည်ခြင်းရှိသည်ကိုမဆိုထားနှင့်...