ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်ကို သင်မည်သို့ နားလည်သနည်း” | ကောက်နုတ်ချက် ၃၂၃

ဘုရားသခင်အပေါ် လူတို့ ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လူအများစုမှာ “ဘုရားသခင်” ဟူသည့် စကားလုံးကို လုံးဝနားလည်ခြင်း မရှိပါ။ ၄င်းတို့သည် ယောင်ချာချာနှင့်သာ နောက်လိုက်နေကြခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်အား မည်သည့်အတွက်ကြောင့် ယုံကြည်သင့်သည်ကို လုံးဝမသိ၊ ဘုရားသခင် ဟူသည် အဘယ်နည်းကိုလည်း အတိအကျမသိပါ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်လျက် နောက်လိုက်ရန်သာ သိ၍ ဘုရားသခင်ဟူသည် အဘယ်နည်းကို မသိ၊ ဘုရားသခင်ကိုလည်း နားမလည်ပါက၊ ဤသည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ပြက်လုံးတစ်ရပ်ပင် မဟုတ်ပါလား။ ယခုလောက်ဆိုလျှင် လူတို့သည် ကောင်းကင်နှင့် ပတ်သက်သည့် နက်နဲသောအရာများကို တွေ့မြင်ခဲ့ပြီး ဖြစ်သော်လည်း၊ ယခင်က လူသားတို့ တစ်ခါမျှ နားမလည်ခဲ့သော လေးနက်သည့် အသိဉာဏ်များအကြောင်း ကြားခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့သည် အခြေခံအကျဆုံး အရာအများအပြား၊ ချင့်ချိန်စဉ်းစားခြင်း မပြုရသေးသည့် သမ္မာတရားများကို နားမလည်ပါ။ အချို့သူများက “ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီ။ ဘုရားသခင်ဟူသည် အဘယ်အရာဖြစ်ကြောင်း မသိဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ဤသည်မှာ ကျွန်ုပ်တို့ကို နှိမ်ရာ မရောက်ပေဘူးလား” ဟု ပြောချင်ပြောနိုင်သည်။ သို့သော် လက်တွေ့တွင် ယနေ့လူတိုင်း ငါ့နောက်သို့ လိုက်နေသော်လည်း မည်သူမျှ ယခုလက်ရှိ အလုပ် အားလုံးကို နားမလည်ပါ။ “ဘုရားသခင်” နှင့်ပတ်သက်သည့် အရှုပ်ထွေးဆုံး ဤမေးခွန်းကို မဆိုထားနှင့် ၎င်းတို့သည် အရိုးရှင်းဆုံးနှင့် အလွယ်ဆုံး မေးခွန်းများကိုပင် လက်လွှတ်ကုန်ကြသည်။ သင်ဘေးဖယ် လိုက်သည့် မေးခွန်းများ၊ သင်သိရှိနိုင်စွမ်း မရှိသော ထိုမေးခွန်းများသည် သင်နားလည် သင့်ဆုံးသော မေခွန်းများဖြစ်ကြောင်း သင်သိသင့်သည်။ အကြောင်းမှာ သင်သည် လူအုပ်နောက်သို့ လိုက်ရန်သာသိကာ မိမိလိုအပ်မည့် အရာများကို ရယူထားရန် အာရုံမစိုက်၊ ဂရုမပြုသောကြောင့် ဖြစ်၏။ သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သင့်သည်ကို အမှန်တကယ် သိပါသလား။ ဘုရားသခင်ဟူသည် အဘယ်နည်းဆိုသည်ကို သင်အမှန်တကယ် သိပါသလား။ လူသားဟူသည် အဘယ်နည်းဆိုသည်ကို သင်အမှန်စင်စစ် သိပါသလား။ ဘုရားသခင်ကို ယုံကြည်သော လူသားတစ်ဦး အနေဖြင့် ဤအရာများကို နားမလည်နိုင်ပါက သင်သည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် သိက္ခာမကျပေဘူးလား။ ငါ၏ ယနေ့အမှုမှာ လူတို့ ၎င်းတို့၏ အနှစ်သာရကို နားလည်ရန်၊ ငါလုပ်သည့် အမှုအရာ ခပ်သိမ်းကို နားလည်ရန်နှင့် ဘုရားသခင်၏ မျက်နှာ အစစ်အမှန်ကို သိရန်ဖြစ်သည်။ ဤသည်မှာ ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ နိဂုံးလုပ်ရပ်၊ ငါ့အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ထို့ကြောင့် ဘဝ၏ နက်နဲသော အရာခပ်သိမ်းကို ကြိုတင်၍ သင်တို့အား ငါပြောခြင်းဖြစ်၏။ သို့မှသာ ငါ့ထံမှ ထိုအရာများကို သင်တို့အားလုံး လက်ခံနိုင်မည် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၏ အမှုဖြစ်သဖြင့် သင်တို့နားလည်ခြင်းမရှိ၊ ခံနိုင်ရည် မရှိသော်လည်း သင်တို့ယခင်က တစ်ခါမျှ ခံယူခဲ့ခြင်းမရှိသော ဘဝ၏ သမ္မာတရား ခပ်သိမ်းကို သင်တို့အား ငါပြောပြရမည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အလွန်ချို့တဲ့လွန်းလျက် လိုအပ်သည့် အရာများ ကင်းမဲ့လွန်း၍သာ ဖြစ်သည်။ ငါသည် ငါ၏အမှုကို နိဂုံးချုပ်လိုသည်။ ငါ၏ လိုအပ်သည့်အမှု ခပ်သိမ်းကို ပြီးဆုံးလိုပြီး ငါသင်တို့အား စေခိုင်းနေသည့်အရာကို အပြည့်အစုံ အသိပေးလိုသည်။ ဤသည်မှာ အမှောင်ထု လွှမ်းမိုးချိန်၌ သင်တို့သည် နောက်တစ်ဖန် လမ်းလွဲ၍ စာတန်၏ လှည့်ဖြားမှုအတွင်း ကျရောက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ သင်တို့ နားမလည်နိုင်သည့် လမ်းခရီး များစွာရှိ၏။ သင်တို့ နားမလည်သည့် ကိစ္စများစွာရှိ၏။ သင်တို့သည် အသိဉာဏ် ကင်းမဲ့လွန်း၏။ ငါသည် သင်တို့၏ ဝိညာဉ်အသက်တာနှင့် အားနည်းချက်များကို ကောင်းစွာသိ၏။ ထို့ကြောင့် သင်တို့ နားလည်နိုင်စွမ်း မရှိသည့် နှုတ်ကပတ်တော်များစွာ ရှိသော်လည်း သင်တို့ယခင်က တစ်ခါမျှ ခံယူခဲ့ခြင်းမရှိသည့် သမ္မာတရား အားလုံးအကြောင်း ငါသင်တို့ကို ပြောပြလိုသေး၏။ အကြောင်းမှာ သင်တို့၏လက်ရှိ ဝိညာဉ်အသက်တာဖြင့် သင်တို့သည် ငါ့အတွက် သက်သေခံနိုင်ခြင်း ရှိ၊ မရှိကို ငါ စိုးရိမ်နေ၍ဖြစ်သည်။ ငါသည် သင်တို့ကို အထင်သေး၍မဟုတ်။ သင်တို့ခပ်သိမ်းသည် ငါ၏ စနစ်တကျသင်ကြားမှု မခံယူရသေးသော သားရဲ တိရစ္ဆာန်များဖြစ်ကာ သင်တို့အတွင်း ဘုန်းတော် မည်မျှရှိသည်ကို အမှန်စင်စစ် မေးခွန်းထုတ်ဖွယ်ရာ ကောင်းပေသည်။ သင်တို့အပေါ် လုပ်ဆောင်ချက်အတွက် ငါသည် ကြီးမားသော အင်အားကို အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း သင်တို့အတွင်းရှိ အပြုသဘောဆောင်သော အရာများသည် လုံးဝ မရှိလုနီးပါးပင် ဖြစ်သည်။ အပျက်သဘောဆောင်သော အရာများကိုမူ လက်ချောင်းများတွင် ရေတွက်နိုင်ပြီး စာတန်အရှက်ရစေရန် သက်သေခံချက်များအတွက်သာ အပ်နှံထားသည်။ သင်တို့ အတွင်းရှိ ကျန်အရာခပ်သိမ်းနီးပါးသည် စာတန်၏ အဆိပ်ဖြစ်၏။ သင်တို့ကို ကြည့်ရသည်မှာ သင်တို့ကို ကယ်တင်နိုင်ခြင်း မရှိတော့သကဲ့သို့ ဖြစ်၏။ ထို့ကြောင့် လက်ရှိ အခြေအနေသည် ဤသို့ ဖြစ်နေသည့်အတွက် ငါသည် သင်တို့၏ ပြုမူပြောဆိုပုံ အမျိုးမျိုးကို ကြည့်၍ နောက်ဆုံးတွင် သင်တို့၏ ဝိညာဉ်အသက်တာအမှန်ကို သိ၏။ ထို့ကြောင့် ငါသည် သင်တို့အတွက် ပူပန်နေရခြင်း ဖြစ်သည် - မိမိဘဝကို မိမိဘာသာ အသက်ရှင်ရမည့်အခါတွင် လူသားသည် ယနေ့ထက် ပို၍ကောင်းသည့် ဘဝ သို့မဟုတ် အလားတူဘဝသို့ အမှန်တကယ် ရောက်ရှိမည်လား။ သင်တို့၏ ကလေးဆန်သည့် ဝိညာဉ်အသက်တာအတွက် စိုးရိမ်ပူပန်ခြင်း မရှိဘူးလား။ သင်တို့သည် အခြေအနေ ခပ်သိမ်းတွင် ငါနှင့် ငါ့အပေါ်သာ သစ္စာရှိသော ရွေးချယ်ခံရသည့် ဣသရေလအမျိုးကဲ့သို့ အမှန်စင်စစ် နေနိုင်မည်လား။ သင်တို့ ယခု ပြသနေသည်မှာ ကလေးသူငယ်များ မိဘမျက်ကွယ်တွင် ဆော့ကစားခြင်း မဟုတ်ဘဲ သခင်၏ ကြာပွတ်များ လက်လှမ်းမမီနိုင်သည့် တိရစ္ဆာန်များတွင် ပေါက်ကွဲသော ဆိုးရွား ယုတ်မာမှုဖြစ်၏။ သင်တို့သည် သင်တို့၏ သဘောသဘာဝကို သိထားသင့်သည်။ ဤသဘောသဘာဝသည် သင်တို့အားလုံးတွင် ရှိနေသည့် အားနည်းချက်လည်းဖြစ်၍ သင်တို့အားလုံးတွင် ရှိနေသည့် ဖျားနာမှုဖြစ်သည်။ ထို့ကြောင့် ယနေ့ သင်တို့အပေါ် ငါ၏ တစ်ခုတည်းသော တိုက်တွန်းနှိုးဆော်မှုမှာ ငါ့အတွက် သက်သေခံရန်သာ ဖြစ်သည်။ မည်သည့် အခြေအနေတွင်မှ အနာဟောင်းကို တစ်ဖန်ပြန်၍ ထကြွခွင့် မပြုပါနှင့်။ အရေးကြီးဆုံး အရာမှာ သက်သေခံရန်ပင် ဖြစ်သည်။ ဤသည်မှာ ငါ့အမှု၏ အဓိကအချက်ဖြစ်သည်။ မာရိသည် အိပ်မက်တွင် ပေါ်လာသော ယေဟောဝါ၏ ဗျာဒိတ်ပေးသည်ကို ယုံကြည်၍ နာခံကာ လက်ခံသကဲ့သို့ သင်တို့သည် ငါ့နှုတ်ကပတ်တော်များကို လက်ခံသင့်သည်။ ဤသည်သာလျှင် ဖြူစင်ရာရောက်သည်။ အကြောင်းမှာ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အများဆုံး ကြားသူများဖြစ်၍ ငါ၏ ကောင်းချီးမင်္ဂလာ ကို ခံစားရဆုံး သူများ ဖြစ်၍ဖြစ်သည်။ ငါသည် သင်တို့ကို ငါ၏တန်ဖိုးရှိသော ပိုင်ဆိုင်မှု ခပ်သိမ်းကို ပေးနေကာ အရာခပ်သိမ်းကို သင်တို့ကို လုံးဝ အပ်နှင်းပေးနေ၏။ သို့ရာတွင် သင်တို့၏ အနေအထားနှင့် ဣသရေလ အမျိုးတို့၏ အနေအထားတို့မှာ လွန်စွာ ကွဲပြား၏။ လုံးဝခြားနား၏။ သို့ရာတွင် ၎င်းတို့နှင့် နှိုင်းယှဉ်ပါက သင်တို့သည် များစွာပို၍ ရရှိနေပေသည်။ ထိုသူတို့သည် ငါပေါ်ထွက်လာရန် အသည်းအသန် စောင့်သော်လည်း သင်တို့သည် သာယာသော နေ့များတွင် ငါနှင့်အတူရှိလျက် ငါ၏ ကြွယ်ဝ ချမ်းသာမှုများကို အတူခံစားကြ၏။ ထိုသူတို့နှင့် နှိုင်းယှဉ်လိုက်သည့်အခါ သင်တို့တွင် ငါ့ကိုကျယ်လောင်စွာ ညည်းညူ၍ ငါနှင့် ကျယ်လောင်စွာ ခိုက်ရန်ဖြစ်ပွားကာ ငါ၏ပိုင်ဆိုင်မှုမှ ဝေစုများကို တောင်းခွင့် အဘယ်သို့ရှိသနည်း။ သင်တို့ ရသည်များမှာ မလုံလောက်ပေဘူးလား။ ငါသည် သင်တို့ကို များစွာပေးသော်လည်း သင်တို့ငါ့ကို ပြန်ပေးသည်မှာ ငါ့ကို အသည်းကွဲစေသည့် ဝမ်းနည်းမှု၊ စိုးရိမ်လွန်ကဲမှုနှင့် ဖိနှိပ်၍ မရသော မကျေချမ်းမှုနှင့် မကျေနပ်မှုသာ ဖြစ်၏။ သင်တို့သည် လွန်စွာရွံမုန်းစရာ ကောင်းသော်လည်း သင်တို့အပေါ် သနားစိတ်ကိုလည်း နှိုးဆွ၏။ ထို့ကြောင့် ငါသည် အခြားလမ်းမရှိဘဲ ငါ၏ မကျေချမ်းမှုကို မျိုသိပ်၍ သင်တို့ကို ကြိမ်ဖန်တလဲ ဆန့်ကျင် ပြောဆိုရန်သာရှိသည်။ ဤနှစ်ထောင်ပေါင်း များစွာသော လုပ်ဆောင်မှုကာလတွင် ယခင်က ငါသည် လူသားအပေါ် မည်သည့် ကန့်ကွက်မှုမျှ မပြုခဲ့။ အကြောင်းမူကား လူသား၏ တိုးတက်မှု ရာဇဝင်တွင် သင်တို့အကြား အလှည့်ဖြားဆုံးတို့သာလျှင် ကျော်ကြားကြောင်း ငါတွေ့ခဲ့၍ဖြစ်သည်။ ၎င်းတို့သည် ကျော်ကြားသော ရှေးဘိုးဘေးမှ သင်တို့ကိုပေးခဲ့သော တန်ဖိုးရှိသည့် အမွေများကဲ့သို့ ဖြစ်၏။ ထိုလူသား အဆင့်မမီသော ဝက်များနှင့် ခွေးများကို ငါမုန်းတီးလှသည်။ သင်တို့တွင် အသိတရား ကင်းမဲ့လွန်းသည်။ သင်တို့၏ အကျင့်စာရိတ္တသည် အောက်တန်းကျလွန်း၏။ သင်တို့၏ အသည်းနှလုံးသည် မာကြောလှ၏။ ငါ၏ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုတို့ကို ဣသရေလသို့ ယူသွားခဲ့ပါက ငါသည် လွန်လေပြီးသော ကာလများစွာကပင် ဘုန်းတန်ခိုးရရှိခဲ့မည် ဖြစ်သည်။ သင်တို့အကြားတွင်ကား ဤသို့မဟုတ်။ သင်တို့အကြားတွင် ရက်စက်သည့် လျစ်လျူရှုမှု၊ သင်တို့၏ တမင်ဂရုမပြုမှုနှင့် သင်တို့၏ အကြောင်းပြချက်များသာလျှင် ရှိ၏။ သင်တို့သည် ခံစားချက် ကင်းမဲ့လွန်းလျက် တန်ဖိုးမဲ့လွန်းသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။