ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော” | ကောက်နုတ်ချက် ၃၃၁

သင်တို့ကို အထပ်ထပ်အခါခါ ငါသွန်သင်လာခဲ့သော အဆုံးအမတို့ကိုမူ သင်တို့သည် ပျင်းရိသည့်အချိန်တွင် အပျင်းဖြေသည့် ကစားစရာများ ကဲ့သို့ပင်၊ သဘောထားကြသည်အထိ ကြာမြင့်စွာကတည်းကပင် မိမိတို့၏အတွေးချောင်ထဲသို့ ထိုးထားခဲ့ကြသည်။ သင်တို့သည် ဤအရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် “အဆောင်လက်ဖွဲ့” အဖြစ် အမြဲမှတ်ယူကြလေသည်။ စာတန်၏စွပ်စွဲမှုကို ခံရသည့်အခါ သင်ဆုတောင်းသည်။ အပျက်သဘောဆောင်သည့်အခါ သင်အိပ်မောကျသည်။ ပျော်ရွှင်သည့်အခါ သွေးရူးသွေးတန်းနှင့် ဟိုဟိုသည်သည် သင်ပြေးလွှားသည်။ သင့်ကို ငါပြစ်တင်မောင်းမဲသည့်အခါ သင်မျက်နှာချိုသွေးသည်။ ထို့နောက် ငါ့အထံတော်မှ သင် ထွက်ခွာ သွားသည်နှင့်တစ်ပြိုင်နက် သင်သည် ယုတ်မာသော အူမြူးစိတ်နှင့် ရယ်မောလေသည်။ သင့်အနေဖြင့် အခြားသူများအားလုံးထက် မြင့်မားသည်ဟု သင်ခံစားရသည့်တိုင် မာနအထောင်လွှားဆုံးသော သူအဖြစ် မိမိကိုယ်ကို ဘယ်သောအခါမျှ မမြင်ဘဲ၊ စကားဖြင့် ဖော်ပြမရနိုင်အောင် သင်သည် အစဉ်သာ ဘဝင်မြင့်ပြီး မိမိဘာသာ အားရကျေနပ်ကာ မာန်တက်နေလေသည်။ မသင်ယူသောကြောင့် ပညာမဲ့မြဲသာ မဲ့နေကြသည့် ထိုသို့ “ငယ်ရွယ်သော အမျိုးကောင်းသားများ”၊ “ငယ်ရွယ်သော အပျိုမယ်များ”၊ “သခင်ကြီးများ” နှင့် “သခင်မကြီးများ” သည် ငါ၏နှုတ်ကပတ်တော်များကို အဖိုးထိုက်တန်သော ရတနာ တစ်ခုအဖြစ် အဘယ်သို့သဘောထားနိုင်မည်နည်း။ သင့်ကို ငါထပ်မေးမည်- ဤမျှရှည်ကြာသည့် အချိန်ကာလတစ်လျှောက်တွင် သင်သည် ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏အမှုတို့မှ မည်သည့်အရာကို သင်ယူပြီးပြီနည်း။ ထိုအရာမှာ သင်၏လှည့်ဖြားခြင်းအတတ်များ၌ သာ၍ ထူးချွန်လာခြင်းပင်လော။ သို့တည်းမဟုတ် သင်၏ဇာတိပကတိက သာ၍ ရှုပ်ထွေးဆန်းပြားလာခြင်းပင်လော။ သို့မဟုတ် ငါ့အပေါ် သင်၏ သဘောထားက သာ၍ အရိုအသေတန်လာခြင်းပင်လော။ သင့်ကို ငါ တဲ့တိုးပြောမည်- သတ္တိဟူ၍ ကြွက်တစ်ကောင်မျှလောက်သာ ရှိခဲ့ဖူးသော သင့်ကို ငါပြုထားသော ဤအမှုအားလုံးက ပို၍ရဲရင့်လာအောင် လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ငါသည် သက်ညှာလွန်းပြီး သင်၏ဇာတိပကတိကို အကြမ်းဖက်မှုသုံးလျက်၊ ဘယ်သောအခါမျှ အရေးမယူသည့်အတွက် ငါ့အပေါ် သင်၏ ကြောက်ရွံ့ခြင်းသည် တစ်နေ့တခြား လျော့ပါးလာ လေသည်။ ငါသည် ခက်ထန်သော စကားများကို ပြောနေခြင်းသာ ဖြစ်သည်ဟု သင်ထင်ကောင်းထင်မည်- သို့သော် ငါသည် သင့်ကို မကြာခဏ ပြုံးပြသည့်အပြင် သင့်ကို ဗြောင်ဗြောင်တင်းတင်း အပြစ်တင်သည်မှာလည်း မရှိသလောက်ပင် ဖြစ်သည်။ ထို့အပြင် သင်၏အားနည်းချက်ကို ငါသည် အစဉ်ခွင့်လွှတ်လျက်ရှိပြီး၊ ဤအရာကြောင့်သာ မြွေက ကြင်နာစိတ်ရှိသော လယ်သမားကို ဆက်ဆံသကဲ့သို့ သင်သည် ငါ့ကို ဆက်ဆံခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ အကဲခတ်စွမ်းရည်များနှင့်ဆိုင်သည့် ထူးထူးကဲကဲ ကျွမ်းကျင်မှုနှင့် အလိမ္မာဉာဏ်တို့ကို ငါလေးစားလိုက်ပါဘိ။ သင့်ကို အမှန်တရားတစ်ခု ငါပြောပြမည်- ယနေ့တွင် သင်၌ ရိုသေလေးမြတ်တတ်သော စိတ်နှလုံးရှိမရှိမှာ အရေးမကြီးပေ။ ထိုကိစ္စကို ငါသည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိ။ သို့သော် ဤအရာကိုလည်း သင့်အား ငါပြောရမည်- မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသော “ပါရမီရှိသည့်လူ” ဖြစ်သည့် သင်သည် နောက်ဆုံးတွင် မိမိကိုယ်မိမိ ကျေနပ်အားရသည့်၊ သေးနုပ်သည့် သင့်ပါးနပ်မှု၏ ဖြုတ်ချခြင်းကို ခံရလိမ့်မည်- သင်သည် ဆင်းရဲဒုက္ခခံရပြီး ပြစ်တင်ဆုံးမခံရသည့်သူ ဖြစ်လိမ့်မည်။ ငါသည် သင်နှင့် တစ်မျိုးတစ်စားတည်း မဟုတ်သည့်အတွက် ငရဲထဲတွင် သင်ဆက်လက်ဒုက္ခခံစားရစဉ် သင်နှင့်အတူ လိုက်လာ ပေးရအောင်အထိ အလွန်မိုက်မဲလိမ့်မည်မဟုတ်။ သင်သည် ငါ၏ကျိန်ဆဲခြင်းကို ခံထားရသော်ငြား၊ ငါ၏သွန်သင်ခြင်းနှင့် ကယ်တင်ခြင်းကိုလည်း ခံထားရသည့် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကို မမေ့လျော့နှင့်။ ငါခွဲခွာရန် မလိုလားသည့်အရာတစ်ခုမျှ သင်၌ မရှိပေ။ ငါ၏အမှုကို ငါပြုသည့်အခါတိုင်းတွင် မည်သည့်လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အရာဝတ္ထုများ၏ ကန့်သတ်ချုပ်ချယ်ခြင်းကိုမျှ ငါလုံးဝမခံရပေ။ လူသားမျိုးနွယ်နှင့်ဆက်နွှယ်နေသည့် ငါ၏သဘောထားနှင့် ငါ့အမြင်တို့သည် အစဉ်အမြဲ တစ်သမတ်တည်းသာရှိနေသည်။ သင့်ကိုငါ သိပ်နှစ်သက်လှသည်ကား မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် အခြားသတ္တဝါများထက် ပို၍ ထူးခြားနေရန်ဝေးစွ၊ ငါ၏စီမံခန့်ခွဲမှုအဖို့ အဖြည့်ခံတစ်ခုဖြစ်နေသောကြောင့် ဖြစ်သည်။ ဤသည်မှာ သင့်အဖို့ ငါ၏အကြံပြုချက်ဖြစ်၏- သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါထက် ဘာမျှမပိုသည်ကို အမြဲတမ်း အမှတ်ရလော့။ သင်သည် ငါနှင့်အတူ နေထိုင်နိုင်သော်လည်း၊ သင်မည်သူမည်ဝါဖြစ်သည်ကို သင်သိသင့်၏။ သင့်ကိုယ်သင် အလွန်အထင်မကြီးလေနှင့်။ သင့်ကိုငါ ပြစ်တင်မောင်းမဲခြင်း မပြုသော်လည်း၊ သို့မဟုတ် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုဘဲ အပြုံးမျက်နှာဖြင့် ငါကြိုဆို နှုတ်ဆက်သော်လည်း ဤအရာက သင်သည် ငါနှင့် တစ်မျိုးတစ်စားတည်း ဖြစ်သည်ဟု သက်သေပြရန် မလုံလောက်ပေ။ သင်သည် သမ္မာတရားကို လိုက်စားသူများထဲမှ တစ်ဦးဖြစ်ပြီး၊ သမ္မာတရားကိုယ်၌ မဟုတ်သည်ကို သင်သိသင့်သည်။ ငါ၏နှုတ်ကပတ်တော်များနှင့်အညီ ပြောင်းလဲရန် သင်အမြဲအသင့်ဖြစ်နေရမည်။ ဤအရာမှ သင်မလွတ်မြောက်နိုင်။ ကြုံတောင့်ကြုံခဲ ဤအခွင့်အရေးကို သင်ရထားသည့် အဖိုးတန်သော ဤအချိန်ကာလအတွင်းတွင် တစ်စုံတစ်ရာကို ကြိုးစားကာ လေ့လာသင်ယူဖို့ သင့်ကို ငါအကြံပြု၏။ ငါ့ကို မလှည့်စားနှင့်။ မြှောက်လုံးပင့်လုံးသုံး၍ ငါ့ကို သင်ကြိုးစားပြီး လှည့်ဖြားရန် ငါမလိုအပ်။ ငါ့ကို သင်ရှာဖွေသည့်အခါ ထိုရှာဖွေခြင်းသည် ငါ့အတွက်သက်သက် မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက် ဖြစ်ပေသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၂၇” | ကောက်နုတ်ချက် ၃၇၂

လူသားမျိုးနွယ်သည် ငါ၏နွေးထွေးခြင်းကို တွေ့ကြုံခံစား ခဲ့ရသည်၊ ၎င်းတို့သည် ငါ့ကိုစိတ်ရင်းမှန်နှင့် အစေခံခဲ့ကြပြီး ငါ၏ မျက်မှောက်တွင် ငါ့အတွက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်” | ကောက်နုတ်ချက် ၄၈၃

သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ လူအများသည် ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ လက်တွေ့ ကျသော ဘုရားနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” | ကောက်နုတ်ချက် ၆၀၅

တိုးတက်မှုအတွက် မကြိုးပမ်းသောသူများသည် အခြားလူများကို သူတို့ကဲ့သို့ပင် အပျက်သဘောဆောင်ဖို့နှင့် ပျင်းရိဖို့ရန် အမြဲ ဆန္ဒရှိကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)” | ကောက်နုတ်ချက် ၂၈၈

ထိုစဉ်က ယေရှု၏အမှုတော်၏ တစ်စိတ်တစ်ပိုင်းမှာ ဓမ္မဟောင်းကျမ်းနှင့်အညီ ဖြစ်ပြီး၊ ပညတ်တော်ခေတ် အတွင်းက မောရှေ၏ ပညတ်တရားများနှင့် ယေဟောဝါ၏...