ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၄

ငါ့အားအစေခံသည့် ငါ၏ လူအားလုံးသည် အတိတ်ကို ပြန်လည်စဉ်းစားသင့်ကြ၏- ငါ့ကို သင်တို့၏ ချစ်ခြင်းသည် မစင်ကြယ်ခြင်းနှင့် စွန်းထင်းခဲ့သလော။ ငါ့ကို သင်တို့၏ သစ္စာ စောင့်သိခြင်းသည် စင်ကြယ်၍ စိတ်နှလုံးအကြွင်းမဲ့ ရှိခဲ့သလော။ ငါ့ကို သင်တို့သိကျွမ်းခြင်းသည် မှန်ကန်ပါ၏လော။ သင်တို့၏ နှလုံးသားများထဲတွင် ငါသည် နေရာမည်မျှ ယူထားသနည်း။ ငါသည် ၎င်းတို့ထဲ၌ လုံးလုံးလျားလျား ဖြည့်ထားသလော။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှသည် သင်တို့၏ အထဲတွင် အထမြောက်ခဲ့သနည်း။ ငါ့ကို လူနုံလူအဟု မမှတ်ယူနှင့်။ ဤအရာတို့သည် ငါ့အတွက် လုံးဝပင် ရှင်းလင်းလျက် ရှိသည်။ ယနေ့၊ ငါ့ကယ်တင်ခြင်း၏ အသံကို ထုတ်ဆောင်မြွက်ဆိုသည်နှင့်အညီ ငါ့ကို သင်တို့၏ ချစ်ခြင်း၌ တိုးပွားမှု တစ်ချို့တလေ ရှိခဲ့သလော။ ငါ့ကို သင်တို့၏ သစ္စာစောင့်သိခြင်း တစ်စိတ်တစ်ဒေသသည် သန့်စင်ခြင်း ရှိလာပြီလော။ သင်တို့ ငါ့ကို သင်တို့သိကျွမ်းခြင်းသည် နက်ရှိုင်းသွားပြီလော။ အတိတ်ကို ချီးမွမ်းခြင်းသည် ယနေ့၏ သင်တို့အသိပညာအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ပေးခဲ့သလော။ သင်တို့အတွင်းပိုင်း မည်မျှသည် ငါ့ဝိညာဉ်တော်၏ နေရာယူခြင်း ခံထားသနည်း။ သင်တို့၏ အတွင်းတွင် ငါ့ပုံရိပ်သည် နေရာမည်မျှကို ယူထားသနည်း။ ငါ၏ မိန့်မြွက်ချက်များသည် သင်တို့၏ ပျော့ကွက်ကို ထိုးနှက်ခဲ့သလော။ သင်တို့၏ အရှက်တရားကို ဖုံးဝှက်ရန် နေရာမရှိဟု အမှန်တကယ် ခံစားရသလော။ ငါ၏ လူများဖြစ်ရန် သင်တို့သည် အရည်အချင်းမပြည့်မီဟု အမှန်တကယ် ခံစားရသလော။ အကယ်၍ သင်တို့သည် အထက်က မေးခွန်းများကို လုံးလုံးပင် သတိမမူမိဘဲ ရှိနေမည်ဆိုပါက ယင်းမှာ သင်သည် နောက်ကျိသော ရေတွင် ငါးမျှားနေခြင်းဖြစ်ကြောင်း၊ သင်သည် အဖြည့်ခံ လူတစ်ဦး အနေနှင့်သာ ထိုနေရာ၌ ရှိနေရခြင်းဖြစ်ကြောင်း ညွှန်ပြနေကာ ငါမှကြိုတင်ပြဋ္ဌာန်းထားသော အချိန်တွင် သင်သည် ဧကန်မုချပင် သုတ်သင်ပယ်ရှင်း ခံရလိမ့်မည်ဖြစ်ပြီး အနက်ဆုံးသောတွင်းထဲသို့ ဒုတိယ အကြိမ်အဖြစ် ပစ်ချခြင်း ခံရလိမ့်မည် ဖြစ်သည်။ ဤအရာများမှာ ငါ၏ သတိပေးစကားများဖြစ်ပြီး ၎င်းတို့ကို ပေါ့တန်စွာ ခံယူသော မည်သူမဆို ငါ့တရားစီရင်ခြင်း၏ ထိုးနှက်ခြင်းကို ခံရလိမ့်မည်ဖြစ်ကာ ချိန်းချက်သော အချိန်တွင် ဘေးဒုက္ခ၏ ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။ ဤသို့ မဟုတ်သလော။ ဤအရာကို ရှင်းလင်းဖော်ပြရန် သာဓကများ ပေးရန်လိုသေးသလော။ သင်တို့အတွက် စံနမူနာတစ်ခု ပြဋ္ဌာန်းပေးရန်အလို့ငှာ သာ၍ဘွင်းဘွင်းရှင်းရှင်း ငါပြောရမည်လော။ ဖန်ဆင်းခြင်း၏ အချိန်မှစ၍ ယနေ့ထိတိုင် များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို နာမခံခဲ့ကြသောကြောင့် ငါ၏ နာလန်ထူခြင်း ရေစီးကြောင်းထဲမှ သုတ်သင်ပယ်ရှင်းခြင်းနှင့် နှင်ထုတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်၊ အဆုံးတွင် ထိုလူတို့၏ ခန္ဓာကိုယ်များသည် ပျက်ယွင်းသွားကာ ၎င်းတို့၏ ဝိညာဉ်များမှာလည်း မရဏာနိုင်ငံထဲသို့ ပစ်ချခြင်းခံရပြီး ယနေ့တွင်ပင် ၎င်းတို့သည် ကြီးလေးသော အပြစ်ဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို လိုက်နာခဲ့ကြသော်လည်း ၎င်းတို့သည် ငါ၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့အား လွန်ဆန်ခဲ့ကြပြီ၊ ထို့ကြောင့် ငါ၏ ဘေးသို့ကန်ထုတ်ခြင်းကိုခံခဲ့ကြပြီး စာတန်၏ အုပ်စိုးမှုအောက်သို့ ကျဆင်းကာ ငါ့ကို ဆန့်ကျင်သူများ ဖြစ်လာကြသည်။ (ယနေ့တွင် ငါ့ကို တိုက်ရိုက် ဆန့်ကျင်သော သူများသည် ငါ့နှုတ်ကပတ်တော်များ၏ အပေါ်ယံသဘောတရားများကိုသာ နာခံကြပြီး ငါ့နှုတ်ကပတ်တော်များ၏ အနှစ်သာရကို မနာခံကြပေ။) ယမန်နေ့က ငါပြောခဲ့သော နှုတ်ကပတ်တော်များကိုသာ နားထောင်ရုံမျှ ရှိသောလူများ၊ အတိတ်၏ “အသုံးမဝင်သော အရာများ” ကို ကိုင်စွဲထားပြီး မျက်မှောက်နေ့ရက်၏ “အသီးအနှံ” ကို တန်ဖိုးမထားသော လူများ များစွာရှိသည်။ ဤလူများသည် စာတန်၏ ဖမ်းမိခြင်းကို ခံရရုံသာမကဘဲ ထာဝရအပြစ်သားများ ဖြစ်လာကြပြီး ငါ၏ ရန်သူများ ဖြစ်လာကြကာ ၎င်းတို့သည် ငါ့ကို တိုက်ရိုက် ဆန့်ကျင်လေသည်။ ထိုကဲ့သို့သော လူများသည် ငါ့အမျက်ဒေါသ၏ အထွတ်အထိပ်၌ ငါ့တရားစီရင်ခြင်း၏ အပြုခံအရာများ ဖြစ်ကြပြီး ယနေ့တွင် ၎င်းတို့သည် မျက်စိကန်းလျက် ရှိကြသေးကာ မိုက်မှောင်သော အကျဉ်းတိုက်များထဲတွင် ရှိကြသေးသည် (တစ်နည်းဆိုရလျှင် ထိုကဲ့သို့သော လူများသည် စာတန်၏ ထိန်းချုပ်ခြင်း ခံရသည့် ပုပ်ပျက်လျက်၊ တွေဝေထိုင်းမှိုင်းလျက် ရှိသော အလောင်းကောင်များ ဖြစ်ကြသည်၊ ၎င်းတို့၏ မျက်လုံးများသည် ငါ၏ ဖုံးကာထားခြင်းကို ခံထားရသောကြောင့် ၎င်းတို့မှာ မျက်စိကန်းသောသူများ ဖြစ်ကြသည်ဟု ငါပြောသည်)။ သင်တို့ မှီငြမ်းနိုင်ရန်အတွက် သာဓကတစ်ခု ပေးပါက ကောင်းပေလိမ့်မည်၊ ထိုသို့အားဖြင့် သင်တို့သည် ထိုအရာမှ သင်ယူနိုင်မည် ဖြစ်သည်-

ပေါလုအကြောင်း ပြောရာတွင်၊ သင်တို့သည် သူ၏ သမိုင်းကြောင်းကို တွေးတောမည်ဖြစ်ပြီး သူ၏ အချို့သော အဖြစ်အပျက်များသည် တိကျမှန်ကန်မှု မရှိဘဲ အရှိတရားနှင့် ကင်းကွာနေသည်။ ပေါလုသည် ငယ်စဉ်ကတည်းကပင် သူ့မိဘများ၏ သွန်သင်ခြင်းကို ခံခဲ့ရပြီး ငါ၏အသက်ကို လက်ခံရရှိခဲ့ကာ ငါကြိုတင်ခွဲခန့်မှတ်သားထားခြင်း၏ ရလဒ်အနေဖြင့် သူသည် ငါတောင်းဆိုသော အရည်အသွေးနှင့် ပြည့်စုံခဲ့သည်။ အသက် ၁၉ နှစ်တွင် သူသည် အသက်နှင့် ပတ်သက်သည့် စာအုပ်အမျိုးမျိုးကို ဖတ်ရှုခဲ့သည်၊ ထို့ကြောင့် ပေါလုသည် သူ၏ အရည်အသွေးကြောင့်၊ ငါ၏ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့ကြောင့် ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အချို့သော ထိုးထွင်းအမြင်များကို ပြောဆိုနိုင်ပုံ သာမကဘဲ ငါ၏ ရည်ရွယ်ချက်များကို နားလည် သဘောပေါက်နိုင်ပုံတို့ကို ငါအသေးစိတ်ရှင်းပြရန် မလိုတော့။ မှန်ပေ၏၊ ဤအရာတွင် ပြင်ပအကြောင်းရင်းများနှင့် အတွင်းအကြောင်းရင်းများတို့ ပေါင်းစပ်ထားခြင်းကို မချန်လှပ်ထားပေ။ မည်သို့ပင်ဆိုစေ ပေါလု၏ တစ်ခုသော အပြစ်အနာအဆာမှာ သူ၏ စွမ်းရည်များကြောင့် သူသည် မကြာခဏပင် ရွှန်းရွှန်းဝေအောင် ပြောဆိုပြီး လေလုံးထွားတတ်ခြင်းပင် ဖြစ်သည်။ ရလဒ်အနေနှင့် တစ်စိတ်တစ်ပိုင်းသည် ကောင်းကင်တမန်မင်းကို တိုက်ရိုက် ကိုယ်စားပြုသော သူ၏ မနာခံမှုကြောင့် ငါသည် ပထမအကြိမ် လူ့ဇာတိကို ခံယူခဲ့သောအခါ သူသည် ငါ့ကို အာခံဖီဆန်ရန် အစွမ်းကုန် လုပ်ဆောင်ခဲ့လေသည်။ သူသည် ငါ၏ နှုတ်ကပတ်တော်များကို မသိကျွမ်းသော သူများထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ နှလုံးသားထဲမှ ငါ၏ နေရာသည် ပျောက်ကွယ်သွားပြီး ဖြစ်သည်။ ထိုကဲ့သို့သော လူများသည် ငါ၏ ဘုရားသဘောသဘာဝကို တိုက်ရိုက်ပင် ဆန့်ကျင်ကြပြီး ငါ၏ ထိုးနှက်ခြင်းကို ခံကြရကာ နောက်ဆုံးပိတ်တွင်မှ ၎င်းတို့၏ အပြစ်များကို ဝန်ချကြပြီး ပျပ်ဝပ်ကြသည်။ ထို့ကြောင့် ငါသည် သူ၏ အားသာချက်များကို အသုံးချပြီးသည့် နောက်တွင်— တစ်နည်းဆိုရလျှင် သူသည် ငါ့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်ပြီးသွားသည့် နောက်တွင်— သူသည် နောက်ထပ်တစ်ဖန် သူ၏ လမ်းဟောင်းများ အတွင်းသို့ ၀င်ရောက်သွားပြီး သူသည် ငါ၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် မနာခံခဲ့ခြင်း မရှိသော်ငြားလည်း သူသည် ငါ၏ အတွင်းလမ်းပြခြင်းနှင့် ဉာဏ်ပွင့်စေခြင်းကို မနာခံခဲ့ပေ၊ ထို့ကြောင့်အတိတ်တွင် သူလုပ်ဆောင်ခဲ့သော အရာအားလုံးသည် အချည်းနှီး ဖြစ်သွားခဲ့သည်၊ တစ်နည်းဆိုရလျှင် သူပြောဆိုသော ဘုန်းကြီးသော သရဖူသည် အချည်းနှီး စကားများ၊ သူ့ကိုယ်ပိုင် စိတ်ကူးစိတ်သန်း၏ ထုတ်ကုန်တစ်ခု ဖြစ်လာခဲ့သည်၊ အကြောင်းမှာ ယနေ့တိုင်ပင် သူသည် ငါ၏ချုပ်နှောင်ခြင်းများ အလယ်တွင် ငါ၏ တရားစီရင်ခြင်းကို ခံနေရဆဲ ဖြစ်သောကြောင့် ဖြစ်သည်။

အထက်က သာဓကမှ ငါ့ကို ဆန့်ကျင်သော မည်သူမဆို (ငါ၏ လူ့ဇာတိကိုယ်ကို ဆန့်ကျင်ခြင်း သာမဟုတ်ဘဲ သာ၍ အရေးကြီးသည်မှာ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ဘုရားသဘောသဘာဝဟု ဆိုနိုင်သည့် ငါ၏ ဝိညာဉ်တော်ကို ဆန့်ကျင်ခြင်း) ၎င်းတို့၏ ဇာတိပကတိတွင် ငါ၏ တရားစီရင်ခြင်းကို လက်ခံရရှိသည် ဆိုခြင်းအား မြင်တွေ့နိုင်သည်။ ငါ၏ဝိညာဉ်တော်သည် သင့်ကို စွန့်ခွာသောအခါ သင်သည် အကျဘက်သို့ ထိုးဆင်းသွားပြီး မရဏာနိုင်ငံတိုင်အောင် တိုက်ရိုက်ပင် ကျဆင်းသွားလေသည်။ သင်၏ အသွေးအသား ကိုယ်ခန္ဓာမှာ ကမ္ဘာမြေကြီးပေါ်၌ ရှိနေသော်ငြားလည်း သင်သည် စိတ်ရောဂါ ခံစားနေရသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်- သင်၏ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားပြီး သင်သည် မိမိကိုယ်မိမိ အလောင်းကောင်အလား ရုတ်ခြည်းပင် ခံစားရသည့်အတွက် သင်၏ ဇာတိခန္ဓာကို နှောင့်နှေးခြင်း မရှိဘဲ အဆုံးသတ်ပေးရန် ငါ့အား တောင်းပန်လေသည်။ ဝိညာဉ်နှင့် ပြည့်စုံသော သင်တို့အများစုသည် ထိုအခြေအနေများနှင့် ပတ်သက်၍ လေးနက်သော နားလည်သဘောပေါက်မှု ရှိကြသည်၊ ဤအတွက် ငါသည် တိုး၍ အသေးစိတ် ရှင်းပြရန် မလိုအပ်။ အတိတ်၌ ငါသည် သာမန် လူ့သဘောသဘာဝအတွင်း အလုပ်လုပ်ခဲ့သောအခါ လူအများစုသည် မိမိတို့ကိုယ်မိမိ ငါ၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြပြီး ငါ၏ ဉာဏ်ပညာနှင့် စိတ်သဘောထားတို့ကို အနည်းငယ်မျှ သိရှိခဲ့ကြပြီး ဖြစ်သည်။ ယနေ့တွင် ငါသည် ဘုရားသဘောသဘာဝထဲတွင် တိုက်ရိုက် ပြောဆိုလုပ်ဆောင်ပြီး ငါ၏ အမျက်ဒေါသနှင့် တရားစီရင်မှုကို မိမိတို့၏ ပကတိ မျက်လုံးများနှင့် တွေ့မြင်ကြရမည့် လူအချို့ရှိသေးသည်၊ ထို့အပြင် တရားစီရင်ခြင်း ခေတ်ကာလ၏ ဒုတိယအပိုင်း၏ အဓိကအလုပ်သည် ငါ၏ လူများအားလုံး ဇာတိပကတိထဲရှိ ငါ၏ လုပ်ဆောင်ချက်များကို သိလာအောင် ပြုရန်နှင့် သင်တို့အားလုံးသည် ငါ၏ စိတ်သဘောထားကို တိုက်ရိုက် မြင်တွေ့အောင် ပြုရန် ဖြစ်သည်။ သို့သော် ငါသည် လူ့ဇာတိထဲ၌ ရှိသောကြောင့် ငါသည် သင်တို့၏ အားနည်းချက်များကို ထောက်ထားသည်။ ငါမျှော်လင့်သော အရာမှာ သင်တို့သည် သင်တို့၏ ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့ကို ကစားစရာများကဲ့သို့ သဘောမထားကြရန်နှင့် ၎င်းတို့ကို စာတန်ထံသို့ သောကကင်းစွာနှင့် ဆက်ကပ်ထားခြင်း မပြုရန်ပင်ဖြစ်သည်။ သင်တို့တွင် ရှိသမျှသော အရာများကို တန်ဖိုးထားခြင်းသည် သာ၍ကောင်းပြီး ထိုကဲ့သို့သော အရာများသည် သင်တို့၏ ကံကြမ္မာနှင့် ဆက်စပ်နေသည့်အတွက် ထိုအရာတို့ကို ပေါ့တန်စွာ သဘောမထားခြင်းသည် သာ၍ကောင်းသည်။ သင်တို့သည် ငါ့နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ခြင်းငှာ ဧကန်အမှန် တတ်နိုင်သလော။ ငါ၏ စစ်မှန်သော ခံစားချက်များကို အရေးထားခြင်းငှာ ဧကန်အမှန်ပင် တတ်စွမ်းနိုင်သလော။

သင်တို့သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းကင်ဘုံရှိ ကောင်းချီးမင်္ဂလာများနှင့် ဆင်တူသော ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားရန် လိုလားသလော။ ငါ့ကို နားလည်ခြင်း၊ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ့ကို သိကျွမ်းခြင်းအား ခံစားခြင်းတို့ကို သင်တို့ အသက်တာထဲရှိ အဖိုးအထိုက်ဆုံးနှင့် အနက်အဓိပ္ပာယ် အပြည့်ဝဆုံးသော အရာများအဖြစ် မှတ်ယူခြင်းငှာ လိုလားသလော။ သင်တို့သည် မိမိတို့၏ တက်လမ်းများအတွက် တွေးတောခြင်းမရှိဘဲနှင့် ငါ့အား လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်ခြင်းငှာ ဧကန်အမှန်ပင် တတ်နိုင်သလော။ သင်တို့သည် သိုးတစ်ကောင်ကဲ့သို့ ငါ၏ ဦးဆောင်ခြင်းကို ခံရန်နှင့် ကွပ်မျက်ခြင်းကို ခံရန် မိမိတို့ကိုယ်မိမိ ဧကန်အမှန် ခွင့်ပြုနိုင်သလော။ ထိုကဲ့သို့သော အရာများကို စွမ်းဆောင်ရရှိခြင်းငှာ တတ်စွမ်းနိုင်သောသူ သင်တို့အထဲတွင် တစ်စုံတစ်ဦးမျှ ရှိသလော။ ငါ၏ လက်ခံခြင်းကို ခံရသောသူများနှင့် ငါ၏ ကတိတော်များကို လက်ခံရရှိသောသူများသည် ငါ၏ ကောင်းချီးမင်္ဂလာများကို ရသောသူများ ဖြစ်နိုင်သလော။ ဤနှုတ်ကပတ်တော်များမှ သင်တို့သည် တစ်စုံတစ်ရာကို သဘောပေါက်နားလည်သလော။ အကယ်၍ ငါသည် သင်တို့ကို စမ်းသပ်ပါက သင်တို့သည် ငါ့အား အသနားခံရမည့်အခြေအနေတွင် မိမိတို့ကိုယ်မိမိ ဧကန်အမှန်ထားနိုင်ကြပါမည်လော၊ ဤစမ်းသပ်မှုများ၏ အလယ်တွင် ငါ၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ပြီး ငါ၏ နှလုံးသားကို သိမှတ်နားလည်နိုင်ကြမည်လော။ စိတ်ကိုထိမိစေသော စကားများစွာကို သင်ပြောနိုင်ခြင်းငှာ သို့မဟုတ် စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များစွာကို ဆိုနိုင်ခြင်းငှာ ငါဆန္ဒမပြု၊ ယင်းအစား သင်သည် ငါ့အား ကောင်းမွန်စွာ သက်သေခံနိုင်ရန်နှင့် လက်တွေ့အရှိတရားထဲသို့ အပြည့်အဝနှင့် နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရန်သာ ငါတောင်းဆိုသည်။ အကယ်၍ ငါသည် တိုက်ရိုက် မပြောဆိုခဲ့ပါက သင့်ပတ်လည်တွင် ရှိသည့် အရာခပ်သိမ်းတို့ကို ကျောခိုင်းကာ ငါ၏ အသုံးကိုခံရရန် မိမိကိုယ်မိမိ ခွင့်ပြုခြင်းငှာ သင်တတ်နိုင်ပါမည်လော။ ဤအရာမှာ ငါတောင်းဆိုသော လက်တွေ့အရှိတရားပင် မဟုတ်သလော။ ငါ၏ နှုတ်ကပတ်တော်များထဲရှိ အနက်အဓိပ္ပာယ်ကို မည်သူသည် နားလည်သဘောပေါက်ခြင်းငှာ တတ်စွမ်းနိုင်သနည်း။ သို့သော် သင်တို့သည် ဒွိဟစိတ်များနှင့် ဝန်လေးပင်ပန်းမနေကြတော့ရန်၊ သင်တို့၏ ဝင်ရောက်မှုတွင် လက်ဦးမှု ရယူကြရန်နှင့် ငါ့နှုတ်ကပတ်တော်များ၏ အနှစ်သာရများကို နားလည်သဘောပေါက်ရန် ငါတောင်းဆိုသည်။ ဤအရာသည် ငါ၏ နှုတ်ကပတ်တော်များကို နားလည်မှုလွဲခြင်း၊ ငါ၏ ဆိုလိုရင်းကို မသဲကွဲခြင်းတို့ကြောင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိခြင်းမှ တားဆီးပေးလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များ အထဲရှိ သင်တို့အတွက် ငါ၏ ရည်ရွယ်ချက်များကို သင်တို့ နားလည်သဘောပေါက်ရန် ငါမျှော်လင့်သည်။ သင်တို့၏ ကိုယ်ပိုင် တက်လမ်းများကို စဉ်းစားခြင်း မပြုတော့ဘဲ အရာအားလုံး၌ ဘုရားသခင်၏ အစီအမံများကိုနာခံရန်အလို့ငှာ ငါ၏ မျက်မှောက်တွင် သင်စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း လုပ်ဆောင်လော့။ ငါ၏ အိမ်ထောင်အတွင်း ရပ်တည်သော သူအားလုံးသည် ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်၊ ကမ္ဘာမြေကြီးပေါ်ရှိ ငါ့အလုပ်၏ နောက်ဆုံးသော အပိုင်းကဏ္ဍထံ သင်သည် မိမိ၏ အကောင်းဆုံးကို ဆက်ကပ်သင့်သည်။ ထိုကဲ့သို့သော အရာများကို လက်တွေ့ကျင့်ဆောင်ရန် သင်သည် ဧကန်အမှန်ပင် လိုလားသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၆

ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၅

ဘုရားသခင်၏လူ့ဇာတိကို လူတို့သိစေရန် သို့တည်းမဟုတ် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့် လူသား၏ ဇာတိပကတိကြားမှ ကွဲပြားခြားနားချက်များကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၁

ဘုရားသခင်သည် မည်သည့်ခေတ်တွင်မှ အလုပ်များကို မထပ်စေခဲ့ပါ။ နောက်ဆုံးသောကာလ ရောက်လာပြီး ဖြစ်သည့် အတွက် သူသည် နောက်ဆုံးသော ကာလတွင် သူလုပ်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၆

လူ့ဇာတိခံယူသည့် ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်ကိုလည်း အသိအမှတ်ပြုသည်ဟု သင်ပြောသော်လည်း သင်သည် သူ၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။