ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၅

ကမ္ဘာမြေကြီးပေါ်တွင် ဝိညာဉ်ဆိုးများ အမျိုးမျိုးတို့သည် နားခိုရန်နေရာကို မပြီးနိုင်မဆုံးနိုင် ရှာဖွေချောင်းမြောင်းလျက် ရှိကြပြီး လူသေအလောင်း များကို စားကြရန် မရပ်နိုင်မနားနိုင်ပင် လိုက်လံရှာဖွေနေကြသည်။ ငါ၏လူများတို့။ သင်တို့သည် ငါ၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအထဲတွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အကျင့်ပျက်စွာ မပြုမူကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏ သစ္စာစောင့်သိခြင်းကို ငါ၏ အိမ်တော်သို့ ပေးလှူလော့၊ သင်၏ သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တိုက်လှန်နိုင်မည် ဖြစ်သည်။ မည်သည့်အခြေအနေအောက်တွင်မျှ သင်သည် အတိတ်ကကဲ့သို့ ငါ၏မျက်မှောက်တွင် တစ်မျိုး ငါ၏နောက်ကွယ်တွင် တစ်မျိုး လုပ်ဆောင်ခြင်းမျိုး မပြုမူရ၊ ထိုသို့ လုပ်ဆောင်ပါက သင်သည် မရွေးနှုတ် နိုင်လောက်အောင်ပင် ဖြစ်နေပြီးဖြစ်သည်။ ဤကဲ့သို့သော နှုတ်ကပတ်တော်များကို လုံလောက်သည်ထက် ပိုလျှံစွာပင် ငါမြွက်ဆိုခဲ့သည်မှာ သေချာပါသည်၊ ငါမမြွက်ဆိုခဲ့သလော။ တိတိကျကျဆိုပါက လူသား၏ သဘာဝအဟောင်းသည် ပဲ့ပြင်ဆုံးမ၍ မရသောကြောင့်သာ ငါသည် ကြိမ်ဖန်တလဲလဲ သူ့ကို သတိပေးနေခဲ့ခြင်း ဖြစ်သည်။ ငြီးငွေ့မသွားနှင့်။ ငါပြောသမျှတို့မှာ သင်တို့၏ ကံကြမ္မာ သေချာရေရာမှု ရှိစေရန်အတွက် ဖြစ်သည်။ စာတန်လိုအပ်သည်မှာ ဆိုးရွား၍ ညစ်ညူးသော အရပ်ပင် ဖြစ်သည် မှာ သေချာ၏။ သင်တို့သည် မျှော်လင့်ချက် ကင်းမဲ့စွာနှင့် ရွေးနှုတ်၍ မရနိုင်လေလေ၊ ကိုယ်ကျင့်တရား ပျက်ပြား လေလေ၊ ကန့်သတ်ချက်ကို ကျိုးနွံနာခံရန် သာ၍ ငြင်းဆန်လေလေ၊ မသန့်ရှင်းသော ဝိညာဉ်များသည် ထိုးဖောက်ဝင်ရောက်ရန် မည်သည့် အခွင့်အရေးကိုမဆို သာ၍ အသုံးချလေလေပင်ဖြစ်မည်။ သင်တို့သည် ဤအခြေအနေတိုင် ရောက်ပြီဆိုသည်နှင့် သင်တို့၏ သစ္စာစောင့်သိမှုသည် စစ်မှန်ခြင်း ဘာမျှ မရှိတော့ဘဲ အသုံးမကျသော အပြောသက်သက်မျှသာ ဖြစ်သွားပေလိမ့်မည်ဖြစ်ပြီး သင်တို့၏ စိတ်ပိုင်းဖြတ်မှုသည်လည်း မနာခံခြင်း သို့မဟုတ် စာတန်၏ မာယာများထဲသို့ ကျဆင်းသွားနိုင်ရန် အလို့ငှာနှင့် ငါ၏အလုပ်ကို ပြိုကွဲပျက်စီးစေရန် အလို့ငှာ မသန့်ရှင်းသော ဝိညာဉ်များ၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည့်အခါ ငါသည် သင့်ကို ငါကျေနပ်သည့် နေရာတိုင်း၊ ငါကျေနပ်သည့် အချိန်တိုင်း၌ သေသည့်တိုင်အောင် ရိုက်နှက်မည်။ ဤအခြေအနေ၏ လေးနက်မှုကို မည်သူမျှ မသိကြ၊ မိမိတို့ကြားသော အရာအားလုံးတို့ကို လွန်ကဲသော လေတစ်လုံးမိုးတစ်လုံး စကားများ အဖြစ်သာ မှတ်ယူကြပြီး စိုးစဉ်းမျှပင် သတိမမူကြ။ အတိတ်တွင် ပြုခဲ့ပြီးသော အရာကို ငါသည် အမှတ်ရသည် မဟုတ်။ ငါသည် နောက်ထပ်တစ်ဖန် ခွင့်လွှတ်ပေးခြင်းအားဖြင့် သင့်ကို သက်ညှာပေးရန် စောင့်မျှော်နေဆဲ ရှိသလော။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ခဲ့သော်လည်း ငါသည် သူ့ အပေါ် အာဃာတထားမည် မဟုတ်၊ အကြောင်းမှာ လူသား၏ ဝိညာဉ်အသက်တာ သည် အလွန်ပင် နိမ့် လွန်း လှသောကြောင့် ငါသည် သူ့အား မြင့်မားသော တောင်းဆိုမှုများကို မပြု။ ငါတောင်းဆို သမျှမှာ လူသားသည် မိမိကိုယ်မိမိ မဖြုန်းတီးရန်နှင့် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ဤပြဋ္ဌာန်းချက် တစ်ခုကို သင်ဖြည့်စွမ်းရန်မှာ သင်၏ တတ်နိုင်စွမ်းကို ကျော်လွန်နေခြင်း မရှိသည်မှာ သေချာသည် မဟုတ်လော။ လူအများစုသည် သူတို့ မျက်စိအရသာ ခံနိုင်ရန်အတွက် သာ၍ များသော နက်နဲ ဆန်းကြယ်မှုများကို ထုတ်ဖော်ရန်အတွက် ငါ့အား စောင့်မျှော်နေကြသည်။ သို့သော်လည်း သင်သည် ကောင်းကင်ဘုံ၏ နက်နဲဆန်းကြယ်မှုများအားလုံးကို နားလည်လာသည်ဆိုလျှင် သင်သည် ထိုအသိပညာနှင့် အဘယ်အရာကို ပြုနိုင်မည်နည်း။ ယင်းသည် ငါ့အတွက် သင်၏ ချစ်ခြင်းကို တိုးလာစေလိမ့်မည်လော။ ယင်းသည် ငါ့အတွက် သင်၏ ချစ်ခြင်းကို နှိုးဆွပေးလိမ့်မည်လော။ ငါသည် လူသားကို အထင်သေးခြင်း မရှိသကဲ့သို့ ငါသည်သူ့ကို ပေါ့တန်စွာနှင့် စီရင်ချက်ချသည်လည်း မဟုတ်။ အကယ်၍ လူသား၏ အခြေအနေ အမှန်များမှာ ဤသည်တို့ မဟုတ်ခဲ့ပါလျှင် ငါသည် လူများကို ဤအမည်နာမများနှင့် ပေါ့ပေါ့တန်တန် မည်သည့်အခါမျှ သရဖူ ဆောင်းပေးလိမ့်မည်မဟုတ်။ အတိတ်ကို ပြန်၍ တွေးတောကြည့်လော့၊ ငါသည် သင့်အကြောင်းကို အသရေဖျက်ခဲ့သည့် အချိန်မျိုး ရှိခဲ့သလော။ ငါသည် သင့်ကို အထင်သေးခဲ့သော အချိန်များ ရှိခဲ့သလော။ သင်တို့၏ အခြေအနေအမှန်များကို မရှုမှတ်ဘဲ သင်တို့ကို ကြည့်မြင်ခဲ့သော အချိန်မျိုး ရှိခဲ့သလော။ ငါပြောသော အရာတို့သည် သင်တို့၏ နှလုံးသားများနှင့် နှုတ်များကို ယုံကြည်စိတ်ချမှုနှင့် ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့သည့် အချိန်မျိုး ရှိခဲ့သလော။ သင်တို့၏ အတွင်းထဲတွင် ပဲ့တင်ထပ်သော အသံမျိုး မြည်စေခြင်း မရှိဘဲနှင့် ငါပြောဆိုခဲ့သော အချိန်မျိုး ရှိခဲ့သလော။ သင်တို့အထဲမှ မည်သူသည် ငါ၏ နှုတ်ကပတ်တော်များကို ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ၊ ငါသည် သူ့ကို အခြေမဲ့သော တွင်းနက်ထဲသို့ ထိုးချပစ်မည်ကို နက်ရှိုင်းစွာ ကြောက်ရွံ့ခြင်း မရှိဘဲ ဖတ်ခဲ့ဖူးသနည်း။ ငါ၏ နှုတ်ကပတ်တော်များအတွင်း မည်သူသည် စမ်းသပ်မှုကို ကြံ့ကြံ့မခံသနည်း။ ငါ၏ နှုတ်ကပတ်တော်များအတွင်းတွင် အခွင့်အာဏာ ကိန်းဝပ်သည်၊ သို့သော်လည်း ဤအရာသည် လူသားကို သာမန်ကာလျှံကာ တရားစီရင်မှုကို ချမှတ်ရန် မဟုတ်၊ ယင်းအစား လူသား၏ အခြေအနေအမှန်များကို သတိချပ်ပြီး ငါ၏ နှုတ်ကပတ်တော်များအတွင်း ရှိရင်းစွဲဖြစ်သော အဓိပ္ပာယ်ကို လူသားအား ငါသည် အစဉ်တစိုက် ထင်ရှားပြသသည်။ ဧကန်အမှန်တွင် ငါ၏ နှုတ်ကပတ်တော်များအတွင်းရှိ ငါ၏ အနန္တဖြစ်သော တန်ခိုးကြီးခြင်းကို သိနိုင်စွမ်းသောသူ တစ်စုံတစ်ယောက် ရှိသလော။ ငါ၏ နှုတ်ကပတ်တော်များနှင့် ပြုလုပ်ထားသော အသန့်စင်ဆုံးသော ရွှေစင်ကို မိမိကိုယ်တိုင်ထဲသို့ လက်ခံနိုင်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ငါသည် များစွာသော နှုတ်ကပတ်တော်များကို ပြောကြားခဲ့သော်လည်း ထိုအရာတို့ကို တစ်ဦးတစ်ယောက်က တန်ဖိုးထားခဲ့ဖူးပါ သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၅

သန့်ရှင်းသော ဝိညာဉ်တော် လုပ်သော အလုပ်သည် နေ့စဉ်နေ့တိုင်း ပြောင်းလဲနေပြီး အလုပ်အဆင့် တစ်ခုစီတိုင်းသည် သာ၍ အဆင့်မြင့်လာလေ့ရှိသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၂

နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် ၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၀

ပထမဦးစွာ ဘုရားသခင်သည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ အရာခပ်သိမ်းထဲတွင် ဤမြွေသည် အဆိပ်အပြင်းဆုံး ဖြစ်ခဲ့သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၂

နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောရန် ရောက်လာခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စကားများကို ဝိညာဉ်တော်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။