ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်- အခန်း ၁၄” | ကောက်နုတ်ချက် ၃၇၃

ဘုရားသခင်သည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သော်လည်း၊ လူ့လောကသို့ သူလာသောအခါ ၎င်းတို့သည် သူ့အား ခုခံရန် ကြိုးပမ်းကြ၏၊ သူသည် လောကအတွင်း ဟိုဟိုသည်သည် လျှောက်သွားနေသော မိဘမဲ့တစ်ဦး သို့မဟုတ် နိုင်ငံမဲ့သော လောက၏လူသားတစ်ဦးအလား ၎င်းတို့၏နယ်နိမိတ်မှ မောင်းနှင်ထုတ်ကြ၏။ ဘုရားသခင်အပေါ် မည်သူမျှ သံယောဇဉ်မရှိကြ။ မည်သူမျှ သူ့ကို စစ်မှန်စွာ မချစ်ကြ၊ သူ၏ကြွရောက်လာခြင်းကို မည်သူမျှ ကြိုဆိုခဲ့ခြင်း မပြုကြပေ။ ထိုသို့ပြုမည့်အစား ဘုရားသခင်ကြွလာသည်ကို မြင်သည့်အခါ၊ ရုတ်တရက် မုန်တိုင်းလာနေသည့်အလား၊ ၎င်းတို့မိသားစု၏ ပျော်ရွှင်မှုကို ဘုရားသခင်မှ ယူသွားမည့် အလား၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် မည်သည့်အခါကမျှ ကောင်းချီးမပေးဖူးဘဲ လူသားမျိုးနွယ်အား ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်သာပေးခဲ့သည့်အလား၊ ၎င်းတို့၏ ဝမ်းမြောက်နေသော မျက်နှာများသည် မျက်စိတစ်မှိတ်အတွင်း မှုန်မှိုင်းသွားကြ၏။ ထို့ကြောင့် လူသားမျိုးနွယ်၏စိတ်ထဲတွင် ဘုရားသခင်သည် ၎င်းတို့အတွက် ကောင်းကျိုးပြုသောအရာတစ်ရပ် မဟုတ်ဘဲ ၎င်းတို့အား အစဉ်ကျိန်ဆဲသူဖြစ်၏။ ထို့ကြောင့် လူသားမျိုးနွယ်သည် သူ့အားဂရုမစိုက်၊ သူ့အား ကြိုဆိုခြင်း မပြု၊ သူ့အပေါ် အစဉ်စိမ်းကား၍ ဤသည်မှာ ပြောင်းလဲခဲ့ခြင်း မရှိပေ။ လူသားမျိုးနွယ်သည် ၎င်းတို့၏နှလုံးသားအတွင်း ဤအရာများရှိသည့်အတွက် လူသားမျိုးနွယ်သည် ကျိုးကြောင်းဆင်ခြင်မှုမရှိ၊ အကျင့်ပျက်ကာ လူတို့တွင် ရှိသည်ဟုဆိုသော ခံစားချက်များ ပင်လျှင် ၎င်းတို့အတွင်း၌ မတွေ့နိုင်ဟု ဘုရားသခင် ပြောခြင်းဖြစ်၏။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ခံစားမှုများအပေါ် လုံးဝစာနာစိတ်မပြဘဲ ဘုရားသခင်နှင့် ဆက်ဆံရန် “ဖြောင့်မတ်ခြင်း” ဟုဆိုသည့်အရာကို အသုံးပြု၏။ လူသားသည် ဤသို့ ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး၊ ဤအကြောင်းရင်းကြောင့် ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခဲ့ပြီးခြင်းမရှိဟု ဘုရားသခင်မှ ပြောခဲ့ခြင်းဖြစ်၏။ ၎င်းတို့တွင် အမွေးအတောင်အချို့ထက် မပိုသော အနှစ်သာရရှိသည်ကို ဤသည်ကပြ၏။ လူသားတို့သည် ၎င်းတို့ကိုယ်ကိုယ် ၎င်းတို့ တန်ဖိုးမထားသောကြောင့် အသုံးမကျသော ကံဆိုးသူများဟု ပြောနိုင်၏။ ၎င်းတို့သည် မိမိကိုယ်ကိုယ်ပင် မချစ်ဘဲ မိမိကိုယ်ကိုယ် နင်းခြေပါက ဤသည်မှ ၎င်းတို့ အသုံးမကျကြောင်းကို ပြသည်မဟုတ်လော။ လူသားမျိုးနွယ်သည် မိမိကိုယ်တိုင်ကို လှည့်ဖြားကာ မိမိကိုယ်ကိုယ် အခြားသူများမှ ကျူးလွန်ရန် လိုလိုလားလား ပေးသော အကျင့်ပျက် အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်၏။ သို့ပေငြားလည်း ၎င်းတို့မည်မျှနိမ့်ကျကြောင်းကို ၎င်းတို့ မသိဆဲဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကိုယ် သူတစ်ပါး၏ ချုပ်ကိုင်မှုအောက်တွင် ထားလျက် အခြားသူများအတွက် အလုပ်လုပ်ခြင်း၊ သို့မဟုတ် အခြားသူများနှင့် ပြောဆိုခြင်းတွင် ပျော်မွေ့၏။ ဤသည်မှာ အမှန်စင်စစ် လူသားမျိုးနွယ်အနက် အညစ်ပေဆုံး မဟုတ်သလော။ ငါသည် လူ့ဘဝကို စစ်မှန်စွာ တွေ့ကြုံရခြင်း မရှိသေးသဖြင့် လူသားအကြား အသက်တာ တစ်ရပ်နှင့် ကြုံခဲ့ရခြင်းမရှိသေးသော်လည်း ငါသည် လူသား၏လှုပ်ရှားမှုတိုင်း၊ စကားလုံးတိုင်းနှင့် ဆောင်ရွက်ချက်တိုင်းကို အလွန်ရှင်းလင်းစွာ နားလည်၏။ လူသားမျိုးနွယ်အား ၎င်းတို့ကိုယ်တိုင်၏လှည့်စားမှုများကို ပြရန်မဝံ့ရဲတော့ဘဲ ၎င်းတို့၏ တဏှာရာဂအား အရှုံးပေးရန် မဝံ့ရဲတော့သည်အထိ ၎င်းတို့၏ အနက်ရှိုင်းဆုံးသော အရှက်ကိုပင် ငါဖော်ထုတ်နိုင်၏။ ၎င်း၏အခွံထဲသို့ ပြန်ဝင်သွားသော ပက်ကျိတစ်ကောင်ကဲ့သို့ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျည်းတန်သော အနေအထားကို ဖော်ထုတ်ရန် မဝံ့ရဲတော့ပေ။ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်ကိုယ် ၎င်းတို့မသိသည့်အတွက် ၎င်းတို့၏ အကြီးမားဆုံးအပြစ်အနာအဆာမှာ ၎င်းတို့၏ ဆွဲဆောင်နိုင်သည့် အရည်အချင်းကို အခြားသူများအရှေ့တွင် လိုလားစွာ ထုတ်ပြခြင်းဖြစ်၏။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်ရွံရှာဆုံးဖြစ်၏။ လူတို့အကြား ဆက်နွှယ်မှုများမှာ မူမမှန်သည့်အပြင် လူတို့ အချင်းချင်းအကြား မူမှန်သည့် ဆက်ဆံရေးများ မရှိသည့်အတွက် ၎င်းတို့သည် ဘုရားသခင်နှင့် မူမှန်သည့် ဆက်ဆံရေး သာ၍ပင် နည်းပေသည်။ ဘုရားသခင်သည် များစွာပြောဆိုခဲ့ပြီးဖြစ်ပြီး ထိုသို့ပြောဆိုခြင်းအားဖြင့် သူ၏ အဓိကရည်မှန်းချက်မှာ လူသားမျိုးနွယ်အားလုံးပေါ်တွင် ဘုရားသခင်မှ အာဏာ စွဲကိုင်နိုင်ပြီး ကမ္ဘာမြေကြီးပေါ်တွင် တည်ရှိနေရေး ရည်ရွယ်ချက် အထမြောက်စေရန် လူသားမျိုးနွယ်၏ နှလုံးသားတွင် နေရာယူ၍ လူတို့အား ၎င်းတို့၏ နှလုံးသားများအတွင်းရှိ ကိုးကွယ်ရာရုပ်တုများကို ဖယ်ရှား စေရန်ဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” | ကောက်နုတ်ချက် ၅၀၇

သင်တို့အားလုံးသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့အလယ်တွင် ရှိကြ၏။ စစ်ဆေးခြင်းအတွင်းတွင် သင်သည် ဘုရားသခင်ကို အဘယ်သို့ ချစ်သင့်သနည်း။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)” -ကောက်နုတ်ချက် ၂၉၁

ယနေ့ သင့်ကို သိမ်းပိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်း၊ သူတပါး၏ဘုရားသခင် ဖြစ်ကြောင်းနှင့် အရေးကြီးဆုံးအနေဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” | ကောက်နုတ်ချက် ၈၄

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမ၍ ပြစ်ဒဏ်ချမှတ်သည်၊ သို့သော် သင်တို့၏ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် သင့်အနေဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” | ကောက်နုတ်ချက် ၃၀၅

သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုသော်လည်း မိမိကိုယ်ကိုယ် ဤသို့ ချီးမြှောက်ခြင်း မပြုရန် ငါတိုက်တွန်း၏။ လူတိုင်း ခရစ်တော်ကို...