ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၁

ယနေ့ သင့်ကို သိမ်းပိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်း၊ သူတပါး၏ဘုရားသခင် ဖြစ်ကြောင်းနှင့် အရေးကြီးဆုံးအနေဖြင့် သူ့ကိုချစ်သောသူများ၏ ဘုရားသခင်ဖြစ်ကြောင်းနှင့် ဖန်ဆင်းခံအားလုံးတို့၏ဘုရားသခင် ဖြစ်ကြောင်းကို သင့်အား ဝန်ခံစေရန်ဖြစ်သည်။ သူသည် ဣသရေလအမျိုးများ၏ ဘုရားသခင်ဖြစ်ပြီး အဲဂုတ္တုလူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်သည်။ သူသည် ဗြိတိသျှလူမျိုးတို့၏ ဘုရားသခင်ဖြစ်ပြီး အမေရိကန်လူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်သည်။ သူသည် အာဒံနှင့်ဧဝတို့၏ ဘုရားသခင်သာမက အာဒံနှင့် ဧဝတို့၏ သားစဉ်မြေးဆက်များ အားလုံး၏ ဘုရားသခင်လည်း ဖြစ်သည်။ သူသည် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာအားလုံးတို့၏ ဘုရားသခင် ဖြစ်သည်။ ဣသရေလအမျိုးမိသားစုနှင့် တပါးအမျိုးသားမိသားစုများသည် တစ်ဆူတည်းသော ဘုရားသခင်၏ လက်ထဲတွင် အတူတူ ရှိကြသည်။ သူသည် ဣသရေလတွင် နှစ်ထောင် ပေါင်းအချို့ အလုပ်လုပ်၍ ယုဒပြည်တွင် တစ်ချိန်ကမွေးဖွားခဲ့သည်သာမက ယနေ့တွင် သူသည် အဆင်းနီသော နဂါးကြီး ခွေပတ်၍နေသည့်နေရာ တရုတ်ပြည်တွင် ဆင်းသက်နေသည်။ ယုဒပြည်တွင် မွေးဖွားခြင်းက သူ့ကို ယုဒလူမျိုးတို့၏ဘုရင် ဖြစ်စေပါက သင်တို့အားလုံးအကြားထဲတွင် ယနေ့မွေးဖွားခြင်းသည် သင်တို့၏ ဘုရားသခင် ဖြစ်စေသည် မဟုတ်ပါလော။ ဣသရေလအမျိုးများကို သူလမ်းပြခဲ့ပြီး ယုဒပြည်တွင် မွေးဖွားခဲ့သည့်အပြင် သူသည် တပါးအမျိုးသားပြည်တွင်လည်း မွေးဖွားခဲ့သည်။ သူ၏အလုပ်အားလုံးသည် သူဖန်ဆင်းသည့်လူသားမျိုးနွယ်အားလုံးအတွက် မဟုတ်လော။ သူသည် ဣသရေလအမျိုးတို့ကို အဆတစ်ရာချစ်ပြီး တပါးအမျိုးသားတို့ကို အဆတစ်ထောင် ရွံရှာပါသလော။ ၎င်းသည် သင်တို့၏အယူဆ မဟုတ်လော။ ဘုရားသခင်ကို အသိအမှတ် မပြုသူသည် သင်တို့ မဟုတ်လော။ ဘုရားသခင်သည် မည်သည့်အခါကမျှ သင်တို့၏ ဘုရားသခင် မဖြစ်ခဲ့သည် မဟုတ်ပေ။ ဘုရားသခင်ကို ငြင်းပယ်ခဲ့သူသည် သင်တို့ဖြစ်သည်။ ဘုရားသခင်သည် သင်တို့၏ ဘုရားဖြစ်ရန် လိုလိုလားလားမရှိခြင်း မဟုတ်ပေ။ ဖန်ဆင်းခြင်းခံသည့် သူထဲတွင် မည်သူသည် အနန္တတန်ခိုးရှင်၏ လက်ထဲတွင် မရှိသနည်း။ ယနေ့ သင်တို့ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်သည် ဘုရားသခင်သည် အခြားမဟုတ်၊ သင်တို့၏ဘုရားသခင် ဖြစ်သည်ဟု သင်တို့ဝန်ခံရန် မဟုတ်လော။ ဘုရားသခင်သည် ဣသရေလအမျိုးတို့၏ ဘုရားသခင်သာ ဖြစ်သည်ဟု သင်တို့ ခံယူသေးပါက၊ ဣသရေလရှိ ဒါဝိဒ်၏အိမ်တော်သည် ဘုရားသခင်မွေးဖွားရာ မူလနေရာဖြစ်သည်ဟု ခံယူသေးပါက၊ ဣသရေလမှအပ မည်သည့်နိုင်ငံမျှ ဘုရားသခင်ကို “ထုတ်လုပ်ရန်” အဆင့်အတန်းမမီဟု ခံယူသေးပါက၊ ထိုထက်ပင်နည်း၍ မည်သည့် တပါးအမျိုးသားမိသားစုကမျှ ယေဟောဝါ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လက်မခံနိုင်ဟု ခံယူသေးပါက၊ ဤအတိုင်းစဉ်းစားသေးပါက၊ ဤသည်က သင်တို့အား ခေါင်းမာ သော ခုခံသူများဖြစ်စေသည် မဟုတ်လော။ ဣသရေလအမျိုးများကို အစဉ် ဥပဒါန် ပြုမနေလေနှင့်။ ဘုရားသခင်သည် သင်တို့ကြားထဲတွင် ယနေ့ရှိနေသည်။ ကောင်းကင်ဘက်သို့သာလည်း ကြည့်မနေကြလေနှင့်။ ကောင်းကင်ရှိ သင်တို့၏ဘုရားသခင်အား တနေခြင်းကို ရပ်လော့။ ဘုရားသခင်သည် သင်တို့ကြားထဲတွင် ဆင်းသက်ပြီးဖြစ်လျှင် ကောင်းကင်တွင် မည်သို့ ရှိနိုင်မည်နည်း။ ဘုရားသခင်ကို သင်တို့ယုံကြည် သည်မှာ မကြာသေးသော်လည်း သူနှင့်ပတ်သက်၍ သင်တို့တွင် အယူအဆများစွာ ရှိသည်မှာ ဣသရေလအမျိုးများ၏ ဘုရားသခင်သည် သင်တို့ကို သူ၏ အတူပါရှိခြင်းဖြင့် ကျေးဇူးပြုမည်ဟု တစ်ချက်မျှ မထင်ရဲသည့်အထိ ဖြစ်သည်။ သင်တို့သည် မခံနိုင်လောက်အောင် ညစ်ပေကြသောကြောင့် ဘုရားသခင်သည် ကိုယ်တိုင်ပေါ်ထွန်းမှု ပြုသည်ကို ထိုထက်ပင်နည်း၍ သင်တို့မတွေးဝံ့ပေ။ ဘုရားသခင်သည် တပါးအမျိုးသားမြေတွင် ကိုယ်တိုင်ကိုယ်ကျ မည်သို့ဆင်းသက်နိုင်သည်ကိုလည်း သင်တို့ မတွေးဖူးပေ။ သူသည် သိနတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် ဆင်းသက်ပြီး ဣသရေလအမျိုးများထံ ပေါ်ထွန်းသင့်သည်။ တပါးအမျိုးသားများ (ဆိုလိုသည်မှာ ဣသရေလအမျိုး ပြင်ပမှ လူမျိုးများ) ကို ဘုရားသခင် ရွံမုန်းသည် မဟုတ်လော။ သူတို့ကြားထဲတွင် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ မည်သို့ အလုပ်လုပ်နိုင်မည်နည်း။ ဤအရာတို့အားလုံးသည် နှစ်ပေါင်းများစွာကြာ သင်တို့ တည်ဆောက်ထားသော အမြစ်တွယ်နေသည့် အယူအဆများ ဖြစ်သည်။ ယနေ့ သင်တို့ကို သိမ်းပိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ဤအယူအဆများကို ရိုက်ခွဲရန် ဖြစ်သည်။ ထိုသို့ဖြင့် သိနတောင်ပေါ် သို့မဟုတ် သံလွင်တောင်ပေါ်တွင် မဟုတ်ဘဲ အတိတ်တွင် သူဦးဆောင်ခဲ့ဖူးခြင်း မရှိသည့် လူများဖြစ်သော သင်တို့ကြားတွင် ဘုရားသခင်ကိုယ်တိုင် ပေါ်ထွန်းနေသည်ကို သင်တို့မြင်ရခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် ဣသရေလတွင် သူ၏အလုပ်နှစ်ပိုင်းကို လုပ်ဆောင်ပြီးနောက် ဣသရေလအမျိုးများနှင့် တပါးအမျိုးသားများ စွဲကိုင်ကြသောအယူအဆမှာ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းသည် မှန်သော်လည်း တပါးအမျိုးသားများ၏ ဘုရားမဟုတ် ဣသရေလအမျိုးများ၏ ဘုရားသာ ဖြစ်ရန် လိုလိုလားလားရှိသည်ဟူသည့် အချက် ဖြစ်သည်။ ဣသရေလအမျိုးများက ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘုရားသခင်သာ ဖြစ်နိုင်သည်၊ တပါးအမျိုးသားများ ဖြစ်သော သင်တို့၏ ဘုရားသခင် မဖြစ်နိုင်ပေ။ ထို့အပြင် သင်တို့သည် ယေဟောဝါကို မရိုသေကြသောကြောင့် ကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သော ယေဟော၀ါသည် သင်တို့ကို ရွံမုန်းသည်ဟု ယုံကြည်ကြသည်။ ယုဒလူမျိုးတို့သည် ထပ်မံ၍ ယုံကြည်ကြသည်မှာ သခင်ယေရှုသည် ကျွန်ုပ်တို့ယုဒလူမျိုးတို့၏ အသွင်ဆောင် ပြီး ယုဒလူမျိုးတို့၏ အမှတ်အသားကို ဆောင်သည့် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် အလုပ်လုပ်သည်မှာ ကျွန်ုပ်တို့ကြားထဲတွင် ဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ကျွန်ုပ်တို့၏ပုံသဏ္ဌာန်သည် ဆင်တူသည်။ ကျွန်ုပ်တို့၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် နီးစပ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ ယုဒလူမျိုးတို့၏ ဘုရင်ဖြစ်ပြီး တပါးအမျိုးသားတို့သည် ထိုကြီးမားသောကယ်တင်ခြင်းကို ရရှိရန် အရည်အချင်း မပြည့်မီကြပေ။ သခင်ယေရှုသည် ကျွန်ုပ်တို့ယုဒလူမျိုးများအတွက် အပြစ်ဖြေရာယဇ် ဖြစ်သည်။ ဤအလုပ်နှစ်ပိုင်းကိုသာ အခြေခံပြီး ဣသရေလအမျိုးများနှင့် ယုဒလူမျိုးများက ဤအယူအဆများကို ပုံဖော်ခဲ့ကြ ခြင်းဖြစ်သည်။ ထိုသူတို့သည် ကြီးစိုး၍ ဘုရားသခင်ကို ၎င်းတို့အတွက်သာ ထိုက်သင့်သည်ဟုပြောဆိုကြကာ ဘုရားသခင်ကို တပါးအမျိုးသားများ၏ ဘုရားသခင်ဖြစ်ရန် ခွင့်မပြုကြပေ။ ဤနည်းဖြင့်၊ ဘုရားသခင်သည် တပါးအမျိုးသားများ၏ နှလုံးသားများတွင် ကွက်လပ်တစ်ခု ဖြစ်သွားခဲ့သည်။ ဤသို့ဖြစ်ရခြင်း အကြောင်းမှာ ဘုရားသခင်သည် တပါးအမျိုးသားများ၏ ဘုရားဖြစ်ရန် လိုလိုလားလားမရှိဟူ၍လည်းကောင်း၊ သူ၏ ရွေးကောက်ခံဖြစ်သည့် ဣသရေလအမျိုးများကိုသာ သဘောကျသည်ဟူ၍လည်းကောင်း၊ ထို့အပြင် သူသည် ယုဒလူမျိုးများ၊ အထူးသဖြင့် သူ့နောက်လိုက်ခဲ့သည့် တပည့်တော်များကို သဘောကျသည်ဟု အားလုံးက ယုံကြည်သွားခဲ့ကြသောကြောင့် ဖြစ်သည်။ ယေဟောဝါနှင့် ယေရှု ပြုခဲ့သည့်အမှုမှာ လူသားအားလုံး အသက်ရှင်ရန် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်သည် ဣသရေလအပြင်ဘက်တွင် မွေးဖွားသော သင်တို့အားလုံး၏ ဘုရားသခင်ဖြစ်ကြောင်းကို ယခု သင်ဝန်ခံပါသလော။ ယနေ့တွင် ဘုရားသခင်သည် သင်တို့ကြားထဲ ဤနေရာ၌ မရှိသလော။ ဤအရာသည် အိပ်မက်မဖြစ်နိုင် မဟုတ်လော။ ဤအစစ်အမှန်တရားကို သင်တို့လက်မခံသလော။ သင်တို့သည် ဤအရာကို မယုံကြည်ရဲကြပေ။ မစဉ်းစားရဲကြပေ။ ဤအရာကို သင်တို့ မည်သို့ပင် မြင်ကြပါစေ၊ ဘုရားသခင်သည် သင်တို့ကြားထဲ ဤနေရာတွင် မရှိသလော။ ဤစကားတို့ကို ယုံကြည်ရန် သင်တို့ ကြောက်ရွံ့နေသေးသလော။ ယနေ့မှစ၍ သိမ်းပိုက်ခြင်းခံသောလူများနှင့် ဘုရားသခင်၏ နောက်လိုက်တော်များ ဖြစ်ချင်သူ အားလုံးသည် ဘုရားသခင် ရွေးကောက်သည့်လူမျိုးများ မဟုတ်ကြသလော။ ယနေ့ နောက်လိုက်တော်များဖြစ်သော သင်တို့ အားလုံးသည် ဣသရေလံအပြင်ဘက်ရှိ ရွေးကောက်ခံသောသူများ မဟုတ်ကြသလော။ သင်တို့၏ ၀ိညာဉ်အသက်တာသည် ဣသရေလအမျိုးတို့၏ ၀ိညာဉ်အသက်တာနှင့် မတူညီသလော။ ဤအရာအားလုံးသည် သင်တို့သိထားရမည့်အရာ မဟုတ်လော။ ဤအရာသည် သင်တို့ကို သိမ်းပိုက်ခြင်းအလုပ်၏ ရည်ရွယ်ချက် မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကို မြင်နိုင်ကြသောကြောင့် သူသည် အစအဦးမှ အနာဂတ်တိုင်အောင် သင်တို့၏ဘုရားသခင် ထာဝရဖြစ်မည်။ သင်တို့အားလုံးသည် သူ၏နောက်တော်သို့ လိုက်ရန်နှင့် သူ၏သစ္စာ စောင့်၍ နာခံသောဖန်ဆင်းခံ ဖြစ်ရန် လိုလိုလားလားရှိနေသရွေ့ သူသည် သင်တို့ကို စွန့်ပစ်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၅

ဘုရားသခင်သည် လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ အကြောင်းမှာ ယင်းသည် သူ၏အလုပ် လိုအပ်ချက်အရ ဖြစ်သည့်အပြင် လူအတွက်လည်း လိုအပ်ပေသည်။ လူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၆

လူ့ဇာတိခံ ဘုရားသခင်၏ အမှု၌ အစိတ်အပိုင်းနှစ်ခုပါဝင်သည်။ သူလူ့ဇာတိကိုခံယူခဲ့သည့် ပထမအကြိမ်တွင် လူတို့သည် သူ့ကိုမယုံကြည်ခဲ့ကြ၊ မသိရှိခဲ့ကြဘဲ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉

လူတို့သည် ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းရှိမရှိ စစ်ဆေးရန် ဘုရားသခင်သည် အမျိုးမျိုးသော စမ်းသပ်မှုများကို အသုံးချသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၁

အမှု၏ ဤအဆင့်သုံးဆင့်ကို မည်သည့်အတွက်ကြောင့် အဆက်မပြတ် ရည်ညွှန်းနေရသနည်း။ ခေတ်များကျော်လွန်ခြင်း၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။