“ချစ်လို့” သီချင်းအကြောင်း မိတ်သဟာယ (အပိုင်း နှစ်)

“ချစ်လို့” ဟူသည့် ဓမ္မတေး၏ ဒုတိယအပိုဒ်ကို ကြည့်လော့။ “ချစ်လို့ နောက်ဆုံးသောကာလမှာ ဘုရားက လူ့ဇာတိနဲ့ ပြန်ကြွလာပြီး အဆင်းနီတဲ့ နဂါးကြီးရဲ့ နိုင်ငံကို လာခဲ့တယ်။” ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မည်မျှ ကြီးမားခြင်း ဖြစ်မည်နည်း။ လူတို့ကို ချစ်ကာ ကယ်တင်ရန်အလို့ငှာ အဆုံးစွန် အရှက်ရခြင်းကို သူရင်ဆိုင်ခဲ့ရသည့် အဆင်းနီသော နဂါးကြီး၏ နိုင်ငံသို့ လူ့ဇာတိခံကာ ကြွလာရန်အတွက် သင်သည် ဘုရားသခင်အား ချစ်ခြင်းမေတ္တာကြောင့် အရှက်ရခြင်းကို ခါးစီးခံစေခဲ့သည်ဟု တွေးထင်ခြင်းသည် မှန်ကန်သလော။ ဘုရားသခင်သည် ဤအရာအားလုံးကို ချစ်ခြင်းမေတ္တာကြောင့်သာ လုပ်ဆောင်သလော။ သင်သည် ကောင်းသည့်အရာကိုသာ တွေးနေခြင်း ဖြစ်သည်။ ဘုရားသခင်က သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကြောင့် ဤအရာကို လုပ်ဆောင်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် “သူပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်။ ပြီးလျှင် သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်”ဟူသည့် စကားအားဖြင့် အချုပ်ကို ဖော်ပြသည့် အနှစ်သာရတစ်ခု ရှိပေသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာနှင့်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။ အဘယ်သို့ဖြစ်ပြီး ထိုအရာသည် ချစ်ခြင်းမေတ္တာကြောင့် ဖြစ်နိုင်မည်နည်း။ ငါ့ကို ပြောလော့၊ ဤဖောက်ပြန်ပျက်စီးသော လူတို့သည် အဆင်းနီသော နဂါးကြီး၏ နိုင်ငံသို့ ကြွလာရာ၌ ကြီးမားသည့် အရှက်ရခြင်းကို ဘုရားသခင်အား ခံစားစေထိုက်သလော။ (မခံစားစေထိုက်ပါ။) ၎င်းတို့ မထိုက်တန်ပေ။ ၎င်းတို့သည် ပုရွက်ဆိတ်များနှင့် လောက်များထက် သာ၍ ဆိုးသည်။ ၎င်းတို့ မတန်ပေ။ ဘုရားသခင်က ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို သူ၏ ချစ်ခြင်းမေတ္တာ ဆက်လက်ပေးနေရင်း လူ့ဇာတိခံကာ အရှက်ရခြင်းနှင့် စာတန်၏ ညှဉ်းပန်းနှိပ်စက်မှုကို ဆက်လက်ခါးစီးခံရမည်ဟု သင် ဆိုလိုသလော။ ဤသည်မှာ သင် ဆိုလိုသောအရာဖြစ်သလော။ ဤအယူအဆက ရယ်ဖွယ်ရာ ဖြစ်သည်။ အမှန်တွင် ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိဖြင့် ပြန်ကြွလာကာ အဆင်းနီသော နဂါးကြီး၏ နိုင်ငံသို့ ကြွလာသည်ဖြစ်စေ၊ အခြား အမှုတစ်မျိုးမျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရာသည် သူ့အမှုတော်၏ အဆင့်တစ်ခု ဖြစ်သည်။ ထိုအဆင့်က ဤအခြေအနေသို့ ရောက်ပြီးဖြစ်သဖြင့် ဤဘုရားသခင်က ဤသို့ ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို အဘယ်ကြောင့်များ လုပ်ဆောင်သနည်း။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိသူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ဖြစ်သည်။ မည်သည့် ရှုထောင့်မဆိုမှကြည့်လျှင် မည်သည့် နိုင်ငံမှဖြစ်စေ၊ မည်သည့် လူမျိုးနွယ်စုမှဖြစ်စေ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် အမှုတော်၏ ရည်မှန်းချက်၊ အဖြည့်ခံတစ်ခုသာ ဖြစ်သည်။ အဖြည့်ခံတစ်ဦးသည် ဘုရားသခင်က သူ၏ ချစ်ခြင်းမေတ္တာတစ်ခုလုံး ပေးသနားခြင်းနှင့် ထိုက်တန်သလော။ မထိုက်တန်ပေ။ ထိုသို့ ပြောသည်မှာ မှားယွင်းသည်။ ထိုအရာကို ထိုသို့ သရုပ်မဖော်သင့်ပေ။ ဘုရားသခင်တွင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခု ရှိသောကြောင့်လည်းကောင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို သူ ပြီးမြောက်လိမ့်မည် ဖြစ်သောကြောင့်လည်းကောင်း၊ လူသားတစ်ဦးအနေဖြင့် သင်သည် ကြီးမားသည့် ကောင်းချီးမင်္ဂလာဖြစ်သည့် ဤအမှန်တရားကို ခံယူရန် အရည်အချင်းပြည့်မီသည်။ သို့တိုင် သင်က “ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် သူ၏ ချစ်ခြင်းမေတ္တာကြောင့် ဤအရာအားလုံးကို လုပ်ဆောင်ခြင်းဖြစ်သည်”ဟု အရှက်မဲ့စွာ ပြောနေဆဲ ဖြစ်သည်။ ဤသည်မှာ အလွန်ဆိုးရွားသော အမှားတစ်ခု ဖြစ်သည်။ လွဲမှားပြီး အဓိပ္ပာယ်မဲ့သောအရာ စစ်စစ် ဖြစ်သည်။

နောက်တစ်ကြောင်းကို ကြည့်လော့။ “ချစ်လို့၊ ဘုရားသခင်က ငြင်းပယ်ခြင်းနဲ့ အသရေဖျက်ခြင်းတို့ကို ခါးစီးခံတော်မူပြီး ကြီးမားတဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အတိဒုက္ခတွေကို ခံစားရတယ်။” ယင်းသည် မှန်ကန်သလော။ “ဘုရားသခင်က ငြင်းပယ်ခြင်းနဲ့ အသရေဖျက်ခြင်းတို့ကို ခါးစီးခံတော်မူပြီး ကြီးမားတဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အတိဒုက္ခတွေကို ခံစားရတယ်။” မည်သည့်အရာကို သူ ခါးစီးခံရသည်ဖြစ်စေ၊ သူ၏ စိတ်နှလုံးထဲတွင်ရှိသည့် အတွေး၊ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ ဘုရားသခင်တွင် သာ၍ ကြီးမားသော ရည်မှန်းချက်တစ်ခု ရှိသော်လည်း၊ ဤအရာအားလုံးကို လူသားမျိုးနွယ်အတွက် ဆက်ကပ်ခြင်းတစ်ခုအဖြစ်၊ ချစ်ခြင်းမေတ္တာ ပူဇော်မှုတစ်ခုအဖြစ် သူ လုပ်ဆောင်ခြင်း မဟုတ်ပေ သို့မဟုတ် ဖောက်ပြန်ပျက်စီးသည့်၊ သူ့ကို ရန်လိုပြီး သူ့ကို ရန်သူတစ်ဦးအဖြစ် မှတ်ယူသည့် ဤလူသားမျိုးနွယ်အတွက် သူ၏ အလုံးစုံကို ပေးနေခြင်း မဟုတ်ပေ။ ဤအကြောင်းရင်းအတွက် မဟုတ်ပေ။ လူအချို့က “ဘုရားသခင်က ဤအမှုအားလုံးကို လူသားမျိုးနွယ်အတွက် ချစ်ခြင်းမေတ္တာဖြင့် မလုပ်ဆောင်သည့်အတွက်လည်းကောင်း၊ ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်းနှင့် အတိဒုက္ခတို့ကို သူ၏ ခါးစီးခံခြင်းသည် အမှန်တကယ်တွင် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဖြစ်သဖြင့်လည်းကောင်း ဘုရားသခင်သည် လူ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်ပါ”ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့်နေရာတွင် မှားသနည်း။ သင်တို့ စဉ်းစားသည့်အရာကို ငါ့ကို ပြောလော့။ (ဘုရားသခင်သည် ဤအမှုအားလုံးကို သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် လုပ်ဆောင်ခြင်းဖြစ်သော်လည်း အမှန်တကယ်တွင် ဤဖြစ်စဉ်၌ လူတို့သည် အကျိုးကျေးဇူးကို ခံစားရသည်၊ သမ္မာတရားအချို့ကို နားလည်လာကြပြီး အပြောင်းအလဲ အချို့ကို စွမ်းဆောင်ရရှိကြသည်။) ထိုမျှသာလော။ ငါ့ကို ပြောလော့။ ဘုရားသခင်က သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို ခံစားကာ ကြီးမားသည့် ဖိနှိပ်မှုနှင့် အတိဒုက္ခတို့ကို ခါးစီးခံသည်ဟူသည့် အချက်သည် အပြုသဘောဆောင်သည့်အရာတစ်ခုလော သို့မဟုတ် အပျက်သဘောဆောင်သည့်အရာတစ်ခုလော။ (အပြုသဘောဆောင်သည့်အရာတစ်ခု ဖြစ်ပါသည်။) ဘုရားသခင်က သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို ခံစားကာ ကြီးမားသည့် ဖိနှိပ်ခြင်းနှင့် အတိဒုက္ခတို့ကို ခါးစီးခံသည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် အပြုသဘောဆောင်သည့် အရာတစ်ခုဖြစ်ရသည်ကို သင်တို့ သိကြသလော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ပါဝင်သည့် အကြောင်းအရာမှာ အဘယ်နည်း။ (စာတန်ကို အနိုင်ယူကာ လူတို့ကို စာတန်၏ အကျဉ်းသားဖြစ်ခြင်းမှ လမ်းပြခေါ်ဆောင်ရန်ဖြစ်သည်။) စာတန်သည် အဘယ်သို့ ရှုံးနှိမ့်ရမည်နည်း။ တိကျသည့် အကြောင်းအရာမှာ အဘယ်နည်း။ တိကျသည့် အလုပ် စီမံကိန်းမှာ အဘယ်နည်း။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ဖြစ်သည်။ ယင်းမှာ မရေရာသောအရာ မဟုတ်၊ ဟုတ်သလော။ စာတန်ကို အနိုင်ယူခြင်းသည် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ တိကျသော အကြောင်းအရာ၊ ဆိုလိုသည်မှာ ဘုရားသခင့် အမှုတော်၏ တိကျသော စီမံကိန်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဖြစ်သည်။ လူသား ဝေါဟာရအားဖြင့်၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ကိစ္စသည် တရားသော အကြောင်းတရားတစ်ခုလော၊ သို့မဟုတ် မတရားသော အကြောင်းတရားတစ်ခုလော။ (တရားသော အကြောင်းတရားတစ်ခု ဖြစ်သည်။) တရားသော အကြောင်းတရားတစ်ခု ဖြစ်၏။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် ငြင်းပယ်ခြင်းနှင့် အသရေဖျက်ခြင်းအပြင်၊ နာကျင်မှုနှင့် အရှက်ရခြင်း မျိုးစုံတို့ကို ခါးစီးခံခြင်းသည် ဘုရားသခင်အတွက် မှားယွင်းသလော။ (မမှားယွင်းပါ။) ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်လော။ ထိုအရာသည် တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) သို့ဆိုလျှင် ထိုအရာကို သင်တို့ သေသေချာချာ မရှင်းပြနိုင်ကြသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ထိုမျှ ရှင်းလင်းပြီး သိသာထင်ရှားသော ကိစ္စရပ်များကို သင်တို့က မရှင်းပြနိုင်ကြပေ။ ထိုအစား ယင်းတို့ကို ကြောင်းကျိုးမမြင်စွာ အနက်ပြန်ပြီး ယင်းတို့နှင့်ပတ်သက်၍ ထင်ရာမြင်ရာ ထင်မြင်ချက် ပေးကြသည်။ ဤသည်မှာ မိုက်မဲမှုနှင့် မသိနားမလည်မှု အထွတ်အထိပ်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သည့် အမှုတော်သည် ကြီးကျယ်ခမ်းနားသော စီမံကိန်းတစ်ခုဖြစ်ပြီး ဤတိကျသည့် စီမံကိန်း၏ အသေးစိတ်အချက်များတွင် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ပါဝင်သည်။ လူအချို့က “ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် အလိုဆန္ဒများကို ဖြည့်ဆည်းရန်၊ သူ၏ အစီအစဉ်ကို ပြီးပြည့်စုံစေရန်အလို့ငှာ လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဘုရားသခင်က ဤအရာအားလုံးကို သူ ကိုယ်တိုင်အတွက် လုပ်ဆောင်ပြီး လူသားမျိုးနွယ်အတွက် မဟုတ်ပါ။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်သည် မဟုတ်လော”ဟု ပြောကြသည်။ တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) အဘယ်ကြောင့် တစ်ကိုယ်ကောင်းမဆန်သနည်း။ ဘုရားသခင် ဆောင်ရွက်နေသည့် လုပ်ရပ်သည် အပြုသဘောဆောင်ပြီး အဓိပ္ပာယ်ရှိသည်။ ထိုအရာသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်မှု၊ ခရီးပန်းတိုင်၊ အဆုံးသတ်နှင့် နောင်ကာလရှိ ဖြစ်တည်မှုတို့အတွက် အလွန့်အလွန် အဖိုးတန်ကာ အဓိပ္ပာယ်ရှိသည်။ ဤအချက်အများအရ ဘုရားသခင်အတွက် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးပြည့်စုံစေရန် ဤအရာအားလုံးကို ခါးစီးခံပြီး ဤအရာအားလုံးကို ပေးရန်မှာ တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်များက ကောင်းမြတ်ပြီး နှစ်သက်ဖွယ်ဖြစ်ကာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထို့ကြောင့် သူ၏ ရည်ရွယ်ချက်များ အထမြောက်ဖို့အတွက် ဘုရားသခင်ကို တစ်ကိုယ်ကောင်းဆန်သည်ဟု ပြော၍ မရပေ။ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် ဤလုပ်ရပ်မှ၊ သူ စီစဉ်ခဲ့သည့် ဤလုပ်ရပ်မှ ကြည့်လျှင်ပင် ဘုရားသခင်၏ အနှစ်သာရကို မြင်နိုင်ပြီး သူ၏ နှလုံးသားက လှပကာ ကောင်းမြတ်သည်ကို မြင်နိုင်သည်။ ဤလူသားမျိုးနွယ်က အကျင့်ပျက်လာပြီး ဖြစ်သော်လည်း စာတန်နောက်သို့ ၎င်းတို့ လိုက်ကြပြီးဖြစ်ကာ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်ဝကြသော်လည်း ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်းတို့ဖြင့် ပြည့်ကြသော်လည်း၊ ပြစ်မှားစော်ကားခြင်းနှင့် ရန်လိုခြင်းတို့ဖြင့် ပြည့်ကြသော်လည်း ဘုရားသခင်က လူသားမျိုးနွယ်ကို စိတ်ရှည်စွာနှင့် လုံးဝ လက်လျှော့ခြင်းမရှိဘဲ ကယ်တင်နိုင်ဆဲဖြစ်သည်။ ဤအရာအားလုံးသည် မည့်သည့်အရာမှ အရင်းခံသနည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၊ သူ၏ အလိုဆန္ဒမှ အရင်းခံပေသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်သလော။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ အကြီးမားဆုံးနှင့် အဆုံးစွန် အကျိုးခံစားရသူ ဖြစ်သည်။ သင်တို့အားလုံးသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးသနားပြီးဖြစ်သည့် ကတိတော်များ၊ ကောင်းချီးများနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တို့ကို အဓိက သယ်ဆောင်သူနှင့် အမွေဆက်ခံသူများ ဖြစ်သည်။ ထို့ကြောင့် ငါ့ကို ပြောလော့၊ ဘုရားသခင်သည် တစ်ကိုယ်ကောင်းဆန်သလော။ (တစ်ကိုယ်ကောင်းမဆန်ပါ။) ဘုရားသခင်သည် တစ်ကိုယ်ကောင်းမဆန်ပေ။ သို့သော် ဘုရားသခင်သည် ဤအရာအားလုံးကို ချစ်လို့သာ လုပ်ဆောင်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤနေရာတွင် လူတို့ နားလည်သင့်သည့် အရေးပါမှု၊ တန်ဖိုးနှင့် သမ္မာတရားများမှာ နက်နဲလွန်းလှ၏။ ထိုအရာသည် အဘယ်သို့ဖြစ်ပြီး နည်းငယ်မျှသော ချစ်ခြင်းအတွက်သာ ဖြစ်နိုင်မည်နည်း။ ချစ်ခြင်းမေတ္တာသည် စိတ်ခံစားမှုဆိုင်ရာ ဖော်ပြချက်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခု၊ စိတ်ခံစားမှုများနှင့် ခံယူချက်များတွင် ပေါ်လွင်သည့် အပိုင်းအစတစ်ခုသာ ဖြစ်သည်။ အလုံးစုံ မဟုတ်ပေ။ သို့သော် ဘုရားသခင်က သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဆောင်ရွက်သည့် အမှုတွင်လည်းကောင်း၊ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်စဉ်တွင်လည်းကောင်း၊ အမှန်တကယ် ထုတ်ဖော်ပြထားသည်မှာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံး ဖြစ်သည်။ ပြီးလျှင် သူ၏ စိတ်သဘောထားသည် ချစ်ခြင်းမေတ္တာမျှသာ မဟုတ်၊ ဆိုလိုသည်မှာ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာမျှသာ မဟုတ်ပေ။ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ခြင်းအမင်္ဂလာများအပြင် အခြားသွင်ပြင်လက္ခဏာများလည်း အမြောက်အမြား ပါဝင်သည်။ ခိုင်မာစွာ ပြောရလျှင် ဘုရားသခင်၏စိတ်သဘောထားနှင့် အနှစ်သာရတို့ တဖြည်းဖြည်း ပေါ်လွင်ပြီး လူတို့ထံ မြင်သာစေသည်မှာ သူ၏ အဆင့်သုံးဆင့် အမှုတော်အတွင်းတွင် ဖြစ်သည်မှာ အမှန်ဖြစ်၏။ သို့သော် လူတို့သည် ယင်းတို့ကို အသိအမှတ်မပြုနိုင်ကြဘဲ “ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင့် ဤအရာအားလုံးကို လုပ်ဆောင်လေပြီ”ဟုပင် ပြောဆိုကြသည်။ လူတို့ စွဲကိုင်သည့် “ချစ်ခြင်းမေတ္တာ” နှင့်ပတ်သက်သော အယူအဆသည် အဘယ်ကြောင့် အလွန် အချိုးမကျဖြစ်သနည်း၊ အလွန် စက်ဆုပ်ဖွယ် ဖြစ်သနည်း။ ဘုရားသခင်၏ ထိုသို့သော အဓိပ္ပာယ်ရှိသည့် အမှု၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် အဆုံးသတ်တို့အပေါ် ထိုမျှ ကြီးမားသည့် သက်ရောက်မှုရှိသော အမှုကို သေးငယ်သည့် ခံစားချက်တစ်ခုဖြစ်သည့် ချစ်ခြင်းမေတ္တာမျှအဖြစ် သတ်မှတ်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အသရေဖျက်ခြင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ လေးနက်ပြီး စဉ်းစဉ်းစားစားလုပ်သော အားထုတ်မှုများကို အသရေဖျက်ခြင်းတစ်ခု မဟုတ်လော။

နောက်တစ်ကြောင်းက “ချစ်လို့၊ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်နဲ့အတူ နှိမ့်ချစွာနဲ့ ကွယ်ဝှက်စွာ အသက်ရှင်တယ်”ဟူ၍ ဖော်ပြသည်။ ဤနေရာတွင် သီချင်းရေးသူက ဤအရာကိုလည်း ချစ်လို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဘုရားသခင်သည် သူ၏ အမှုတော်အတွက် လိုအပ်သောကြောင့် ဤအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ အဘယ်သို့ဖြစ်ပြီး ချစ်လို့ ဖြစ်နိုင်မည်နည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ချစ်ခြင်းဖြင့် ၎င်းတို့နှင့်အတူ အသက်ရှင်သည်ဆိုသည်နှင့် ၎င်းတို့အတွက် ချစ်ခြင်းမေတ္တာဖြင့် သူ နှိမ့်ချကာ ကွယ်ဝှက်သည်ဆိုသည်တို့မှာ အဓိပ္ပာယ်ရှိသလော။ ဘုရားသခင်ကို အလွန် စိတ်မရှည်ဖြစ်စေပြီး ၎င်းတို့နှင့်အတူ အသက်ရှင်ဖို့ လိုလားစေရန်နှင့် လူ့ဇာတိပင် ခံလာစေကာ နှိမ့်ချပြီး ကွယ်ဝှက်စေရန်မှာ လူသားမျိုးနွယ်သည် အဘယ်မျှလောက်သာ ဆွဲဆောင်မှုရှိပြီး ချစ်ခင်ဖွယ် ဖြစ်ရမည်နည်း။ ဤသည်တို့မှာ အမှန်တရားများလော။ (မဟုတ်ပါ။) အမှန်တရားများမှာ အဘယ်နည်း။ (ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကြောင့် သမ္မာတရားကို ဖော်ပြကာ လူတို့ကို ကယ်တင်ရန် လူ့ဇာတိခံ၊ နှိမ့်ချပြီး ကွယ်ဝှက်ကာ ကမ္ဘာမြေသို့ ကြွလာသည်။) သဘောတရားအားဖြင့် ထိုအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကြောင့် ဖြစ်သည်။ လူတို့၏ အမြင်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် ပတ်သက်၍ ဘုရားသခင်၏ နှိမ့်ချပြီး ကွယ်ဝှက်သော ဘဝသည် ဘုရားသခင်ကို အလွန် ပျော်ရွှင်စေသည်၊ သူသည် နေ့စဉ် ဝမ်းမြောက်ခြင်းခံစားလျက်၊ အတော်လေး သက်သောင့်သက်သာရှိစွာ အသက်ရှင်နေထိုင်ပြီး လူ၏လှုပ်ရှားမှုတစ်ခုစီတိုင်းကို စောင့်ကြည့်ရင်းနှင့် ၎င်း၏ အပြုအမူများနှင့် ထုတ်ဖော်ခြင်းများကို စောင့်ကြည့်ရင်း အတော်လေး ရောင့်ရဲကျေနပ်သည်ဟု ထင်ရသည်။ ဤသည်မှာ ဖြစ်သည့်ပုံစံလော။ (မဟုတ်ပါ။) အမှန်တွင် အဘယ်သို့ ဖြစ်သနည်း။ (ဘုရားသခင်သည် သူ၏ အမှုတော်က တောင်းဆိုသောကြောင့် ဤအရာကို လုပ်ဆောင်ပါသည်။) သူ၏ အမှုတော်က တောင်းဆိုသောကြောင့်ဟူသည်မှာ သဘောတရား ဖြစ်သည်။ အမှန်တွင် လူသားမျိုးနွယ်နှင့်အတူ အသက်ရှင်ခြင်းက ဘုရားသခင်ကို ဝမ်းမြောက်ခြင်း ဆောင်ကြဉ်းပေးသလော။ ပျော်ရွှင်ခြင်း ဆောင်ကြဉ်းပေးသလော။ ကြည်နူးမှု ဆောင်ကြဉ်းပေးသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်က အဘယ်သို့ ခံစားသင့်သနည်း။ ဥပမာအနေဖြင့် သင်တို့အားလုံးက ဘုရားသခင်ကို ယုံကြည်ကြပြီး သင့်တို့ကိုယ်သင်တို့ အတော်လေး တည်ကြည်သည်ဟု ခံစားရသည်။ သို့သော် လူရည်လည်သော လူငယ်များ၊ လူရမ်းကားများ၊ လူဆိုးလူတေများနှင့် မြေအောက်လူမိုက်များနှင့်အတူ နေ့စဉ် ၎င်းတို့ပြောသည့် စကားများကို ပြောလျက်၊ တစ်ပုံစံတည်းသော အစားအစာ စားသောက်ကာ တစ်ပုံစံတည်းသော အရာများကို လုပ်ဆောင်လျက် အသက်ရှင်နေထိုင်ရမည်ဆိုလျှင် သင်တို့ အဘယ်သို့ ခံစားမည်နည်း။ (မနှစ်မြို့ဘဲ စက်ဆုပ်မိမည်။) မုဒိမ်းကောင်များ၊ လူသတ်သမားများနှင့်အတူ နေထိုင်ရမည်ဆိုလျှင် မည်သည့် စိတ်အခြေအနေတွင် သင်တို့ ရှိကြမည်နည်း။ (အော်ဂလီဆန်ပါမည်။) ထို့ကြောင့် အော်ဂလီဆန်သည့်အရာကို သင်တို့ သိကြသည်။ သို့ဆိုလျှင် ငါ့ကို ပြောလော့၊ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် အသက်ရှင်ခြင်းကို ပျော်ရွှင်နိုင်သလော။ သူ ဝမ်းမြောက်နိုင်သလော။ (ဝမ်းမမြောက်နိုင်ပါ။) ပျော်ရွှင်ခြင်းလည်းမရှိ၊ ဝမ်းမြောက်ခြင်းလည်း မရှိပေ။ သို့ဆိုလျှင် ချစ်ခြင်းမေတ္တာသည် မည်သည့်နေရာမှ လာမည်နည်း။ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း သို့မဟုတ် ကြည်နူးခြင်း လုံးဝ မရှိလျှင် သူ့အတွက် သူ့ကိုယ်သူ ချစ်သည့်အတိုင်း လူတို့ကို ချစ်ရန်၊ ၎င်းတို့ကို မခွဲရက်အောင် အလွန်ချစ်ရန်မှာ ဆန့်ကျင်ကွဲလွဲမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းတွင် ဟန်ဆောင်မှု အရိပ်လက္ခဏာတစ်ခု မရှိသလော။ အမှန်တရားက အတိအကျ မည်သည့်အရာသာ ဖြစ်သနည်း။ ပျော်ရွှင်မှုမရှိခြင်း၊ ကြည်နူးမှုမရှိခြင်းနှင့် ဝမ်းမြောက်မှုမရှိခြင်းတို့အပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် အသက်ရှင်ရင်း ဘုရားသခင်က အမှန်တကယ် မည်သည့်အရာ ခံစားသင့်သနည်း။ (နာကျင်မှုဖြစ်သည်။) နာကျင်မှု၊ ဤသည်မှာ အလွန်သေချာသော ခံစားချက်တစ်ခု ဖြစ်သည်။ အခြားတစ်ခုခု ရှိသေးသလော။ (မနှစ်မြို့ခြင်းဖြစ်သည်။) မနှစ်မြို့ခြင်း၊ ယင်းသည် နောက်ထပ် ခံစားချက်ဖြစ်သည်။ အခြားတစ်ခုခု ရှိသေးသလော။ (လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် မုန်းတီးခြင်း။) မုန်းတီးခြင်း၊ စက်ဆုပ်ခြင်းနှင့် အလွန်မုန်းတီးစက်ဆုပ်ခြင်းဖြစ်သည်။ အစစ်မှန်ဆုံးသော ခံစားချက်လည်းရှိသည်။ ယင်းမှာ အထူးသဖြင့် အတူရှိနေခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ အတူတကွ အလုပ်လုပ်ခြင်းနှင့် ပေါင်းဖော်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် အသက်ရှင်ခြင်းသည် အလွန့်အလွန် အရှက်ရခြင်းတစ်ခုကဲ့သို့ ခံစားရသည်။ ထိုသို့သော အရေးကိစ္စများ၏ အခြေအနေတစ်ခုတွင်၊ ထိုသို့သော ဆက်တိုက် အခြေအနေတစ်ခုတွင် သာမန်လူတစ်ဦးက ချစ်ခြင်းမေတ္တာ ရှိနိုင်ဦးမည်ဟု သင် ထင်သလော။ (မထင်ပါ။) ၎င်းတို့ မချစ်နိုင်ပေ။ ချစ်ခြင်းမေတ္တာ ကင်းမဲ့မှုဖြင့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြမည်နည်း။ (စွန့်ခွာမည်။) စွန့်ခွာခြင်းသည် အလိုဆန္ဒတစ်ခုဖြစ်သည်၊ စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ သို့သော် အမှန်တရားများကို ရင်ဆိုင်ရမည်ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤလူများကို ပြောင်းလဲရန် အားထုတ်မှုများ ပြုလုပ်သင့်သည် မဟုတ်လော။ (ပြုလုပ်သင့်ပါသည်။) ဤကဲ့သို့သော လူသားမျိုးနွယ်အတွက် ထောက်ပံ့ပေးခြင်း၊ သွန်သင်လေ့ကျင့်ပေးခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ တစ်ခါတစ်ရံ ဆုံးမပဲ့ပြင်ခြင်း စသည်တို့ကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်။ ဤသည်မှာ လိုအပ်ပြီး ဘေးချိတ်ထား၍ မရပေ။ သို့သော် ထိုသို့သော လုပ်ရပ်များသည် ချက်ချင်း ရလဒ်များ ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (၎င်းတို့ကို ရှည်ကြာသည့် အချိန်ကာလတစ်ခုကြာ ပြုပြင်ရမည်၊ တရားစီရင်ကာ ပြစ်တင်ဆုံးမရမည်။) ရှည်ကြာသည့် အချိန်ကာလတစ်ခုကြာ လူတို့ကို ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းသည် လွယ်ကူသလော။ ဤအရာကို လုပ်ဆောင်ရန် ဘုရားသခင်က မည်သည့်အရာကို သည်းညည်းခံရမည်နည်း။ (အရှက်ရခြင်းနှင့် နာကျင်မှုဖြစ်သည်။) ဘုရားသခင်သည် မယုံကြည်နိုင်လောက်သော စိတ်ရှည်မှုဖြင့် အလုပ်လုပ်သည်။ ဤစိတ်ရှည်ခြင်းက မည်သည့်အရာကို ဆောင်ကြဉ်းသနည်း။ နာကျင်မှုကို ဆောင်ကြဉ်းသည်။ ထို့ကြောင့် ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် အသက်ရှင်သောအခါ သူ၏ စိတ်နှလုံးတွင် ဝမ်းမြောက်ခြင်းဖြစ်စေ၊ ပျော်ရွင်မှုဖြစ်စေ မရှိပေ။ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းမရှိဘဲ သူ၏ စိတ်နှလုံးတွင် လူတို့အတွက် ချစ်ခြင်းမေတ္တာ ရှိနိုင်သလော။ သူသည် ၎င်းတို့ကို ချစ်ရန် အားမထုတ်နိုင်ပေ။ သို့ဆိုလျှင် သူ၏ အမှုတော်ကို မည်သို့ သူ လုပ်ဆောင်နိုင်သနည်း။ မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ဖြစ်သနည်း။ သူသည် သူ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိခံဘုရားသခင်၏ အမှုတော်ဖြစ်၏။ ထိုအရာသည် ဤသဘောသဘာဝဖြင့် ဖြစ်သည်။ မိမိတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် မိမိ မြင်ပြီးသောအရာ၊ သိသောအရာ၊ ပြောသင့်ပြီး မိမိ၏ အစွမ်းကုန် လုပ်ဆောင်သင့်သောအရာ အားလုံးကို အပြည့်အဝ ပြီးမြောက်ရန်ဖြစ်သည်ကို ဆိုလိုသည်။ ဤအရာကို မိမိတာဝန်အား ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဟု ခေါ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အဘယ်ကြောင့် ဖြစ်နိုင်သနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်တွင် ဤတာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်တွင် လူသားမျိုးနွယ်အတွက် ဤဝန်ထုပ်ရှိသည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် မည်သည့် လူစားမျိုးနှင့် ဖောက်ပြန်ပျက်စီးသော လူစားမျိုးများဖြင့် သူ အသက်ရှင်သည်ဖြစ်စေ ဤသည်မှာ အရေးကိစ္စများ၏ အခြေအနေ ဖြစ်သည်။ ဤအရေးကိစ္စများ၏ အခြေအနေက မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ထိုအရာသည် ဘုရားသခင်က ပျော်ရွှင်မှုဖြစ်စေ၊ ဝမ်းမြောက်မှုဖြစ်စေ မရှိသကဲ့သို့ အရှက်ရခြင်းကို သူ သည်းညည်းခံရမည့် အခြေအနေ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူသည် လူသား ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုမျိုးစုံကို မမောနိုင်မပန်းနိုင် ထပ်တလဲလဲ ခါးစီးခံရမည်။ ဤအရာအားလုံးကို ခါးစီးခံနေစဉ်တွင် သူသည် မမောနိုင်မပန်းနိုင်အောင် သူ ပြောသင့်သည့်အရာကို ပြောပြီး သူ လုပ်သင့်သည့်အရာကိုလည်း လုပ်ရမည်။ လူတို့ နားမလည်သည့်အရာများကို သူ သေသေချာချာ ရှင်းပြရမည်ဖြစ်ပြီး အပြစ်များကို တမင်တကာ ကျုးလွန်သောသူတို့ကို သူက ပဲ့ပြင်ဆုံးမမှုအချို့၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုအချို့ကို ပေးရမည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအရာအားလုံးသည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်းကောင်း၊ သူ့အမှုတော်၏ အဆင့်များနှင့်လည်းကောင်း ဆက်စပ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ တိကျသော အမှုတော်နှင့် သာ၍ပင် ပတ်သက်သည်မှာလည်း အမှန်ဖြစ်၏။ တိုတိုပြောရလျှင် ထိုအရာသည် ဘုရားသခင်၏ ကိုယ်ပိုင် တာဝန်များနှင့် ပတ်သက်သည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအရာအားလုံးသည် သူ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဖြစ်သည်။ သူ၏ တာဝန်ကို ဖြည့်ဆည်းနေစဉ် သူ ထုတ်ဖော်သည့်အရာမှာ သူ၏ အနှစ်သာရနှင့် စိတ်သဘောထားဖြစ်သည်။ သို့ဆိုလျှင် လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရ၊ ဆိုလိုသည်မှာ ဤသာမန်လူ၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်သနည်း။ အထူးသဖြင့် နောက်ဆုံးသောကာလ၌ ဤအမှုတော်အဆင့်ကို လုပ်ဆောင်ရာတွင် နိမိတ်များနှင့် အံ့ဖွယ်အမှုများကို သူ မထင်ရှားစေသကဲ့သို့ မည်သည့် ထူးဆန်းသောတန်ခိုးကိုမျှလည်း သူ မပြပေ။ သူ လုပ်ဆောင်နိုင်သမျှမှာ လူတို့အား ၎င်းတို့ ပိုင်ဆိုင်ပြီး နားလည်သင့်သည့် သမ္မာတရားများကို ပြောပြခြင်း ဖြစ်သည်။ လူတို့ကိုယ်တိုင်က သတိမထားမိနိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သူ ဖော်ထုတ်သည်။ သို့မှသာ ထိုအရာကို ၎င်းတို့ သိရှိပြီး သတိပြုမိကောင်း သတိပြုမိနိုင်ကြမည်ဖြစ်ကာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် အနှစ်သာရနှင့် တကယ့် အမှန်တရားများကို ၎င်းတို့ သိရှိကောင်းသိရှိနိုင်မည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် စစ်မှန်သော နောင်တရရှိနိုင်ကာ မှန်ကန်သည့် လမ်းကြောင်းသို့ ခေါ်ဆောင်ခြင်းခံရနိုင်ရန်အလို့ငှာ ဖြစ်သည်။ လူတို့သည် စစ်မှန်စွာ နောင်တရနိုင်သည့်အခါ၊ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ သမ္မာတရား စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်ပြီး ကယ်တင်ခြင်း ရရှိမည့် မျှော်လင့်ချက်ကို ရရှိကာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်နှင့်တာဝန် ပြီးမြောက်ပေသည်။ လူတို့သည် လမ်းကြောင်းမှန်ပေါ် ရောက်သည်နှင့်တစ်ပြိုင်နက် ကျန်သည့်အရာမှာ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို လက်ခံရရှိရန် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် အဆုံးသတ်၏။ သူ၏ တာဝန်များ ကောင်းမွန်စွာ ပြည့်စုံရကာ သူ၏ အမှုတော် ပြီးစီးသည်။ သင်တို့ကို လမ်းကြောင်းမှန်ပေါ် ခေါ်ဆောင်လျက် လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါ ထိုအရာမှာ သူ၏ အမှုတော်သည် ပြီးစီးပြီး သင်တို့အပေါ် မည်သည့် ဝတ္တရားမျှမရှိတော့ဟု ဆိုလိုသည်။ ဝတ္တရားမရှိခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် ဤလူများနှင့်အတူရှိကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း၊ အယူအဆများ၊ ပုန်ကန်မှု၊ အတိုက်အခံလုပ်ခြင်းနှင့် ငြင်းပယ်ခြင်း စသည်တို့ကဲ့သို့သော အရာများကို ခါးစီးခံရန် မလိုအပ်တော့ဟု ဆိုလိုသည်။

ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ ရှုထောင့်အမြင်မှဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့် တိကျသော အမှုတော်၏ ရှုထောင့်အမြင်မှဖြစ်စေ တစ်ခုခုသည် ချစ်လို့သာ လုပ်ဆောင်ခြင်း ဖြစ်သလော။ မည်သည့်အရာမျှ ချစ်လို့လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားမျိုးနွယ်ကို တစ်နည်းနည်းဖြင့် ကောင်းကင်ဘုံမှ စောင့်ကြည့်လေ့လာပြီး ကမ္ဘာမြေပေါ်ရှိ လူ့ဇာတိခံ ဘုရားသခင်၏ ရှုထောင့်အမြင်ကလည်း တစ်ခုတည်း ဖြစ်လုနီးပါး တူညီပေသည်။ “ဖြစ်လုနီးပါး”ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ ကမ္ဘာမြေပေါ်ရှိ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ လူ့သဘာဝကြောင့်၊ တစ်နေရာတည်းတွင် ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့်အတူ သူ၏ အတူယှဉ်တွဲနေထိုင်ကြောင့်၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကဲ့သို့ပင် သူသည်လည်း လူသား၏ အပြင်ပန်း အရည်အသွေး ရှိသောကြောင့်လည်း လူသားမျိုးနွယ်၏ အားနည်းချက်ကို အတော်လေး ပိုမို စာနာသော ရှုထောင့်အမြင်မှ ကြည့်နိုင်လေသည်။ သို့ဖြစ်၍ လူ့ဇာတိခံ ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ယှဉ်လျှင် အနည်းငယ် သာ၍ သဟဇာတဖြစ်သော ပုံစံတစ်ခုဖြင့် လူတို့နှင့်အတူ အသက်ရှင်နေထိုင်နိုင်သည်။ ဤသို့ ကြည့်သည့်အခါ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့လျှင် သင်တို့အားလုံး ယခု ဤနေရာတွင် ထိုင်နေကြမည်လော။ ထိုင်နေမည်မဟုတ်။ ဤအရာအားလုံးသည် ဘုရားအမှုတော်၏ လိုအပ်ချက်များကြောင့် ဖြစ်သည်။ ထိုအရာသည် ထိုမျှ ကြီးမားသော အဖိုးအခကို သူ ပေးပြီး မိမိကိုယ်တိုင် လုပ်ဆောင်ရန် ဤနေရာသို့ ကြွလာရသည့် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ကောင်းကင်ဘုံမှ စကားပြောရမည်ဆိုလျှင် တစ်နည်းအားဖြင့် အကွာအဝေး ကွာဟမှုကြောင့် သူ၏ စကားများကို ကြားဖို့ ၎င်းတို့အတွက် အဆင်ပြေမည်မဟုတ်ပေ။ နောက်တစ်နည်းအားဖြင့် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကျယ်ပြန့်ပြီး မြားမြောင်သော မိန့်မြွက်ချက်များကို ပေးထားသဖြင့် သူသည် ထိုသို့သော ပုံစံဖြင့် ကောင်းကင်ဘုံမှ စကားပြောရမည်ဆိုလျှင် မည်သည့် ရှုထောင့်အမြင် သို့မဟုတ် မည်သည့် ရှုထောင့်မှ သင်ကြည့်ပါစေ ထိုအရာသည် သင့်တော်မည် မဟုတ်ပေ။ ထို့ကြောင့် တစ်ခုတည်းသော အကောင်းဆုံး ရွေးချယ်မှုနှင့် လူသားမျိုးနွယ်အတွက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုတော်အတွက် အကျိုးအရှိဆုံးသော ရွေးချယ်မှုမှာ ဘုရားသခင် လူ့ဇာတိခံယူရန် ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်းသည် အမှုတော်ကို လုပ်ဆောင်ရန် တစ်ခုတည်းသော ရွေးချယ်မှုနှင့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဤအမှုကို ဆောင်ရွက်နိုင်သူ၊ ဤအမှုကို ဆောင်ရွက်နိုင်စွမ်းရှိသူနှင့် ဤရလဒ်များကို စွမ်းဆောင်ရရှိနိုင်သူမှာ လူ့ဇာတိခံ ဘုရားသခင်သာ ရှိသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြောဆိုသည့် ဤစကားများကို အရေအတွက်အရ သင် ကြည့်လျှင် အလွန်များစွာ မိန့်မြွက်ထားပြီးဖြစ်သည်။ လူ့ဇာတိခံယူခြင်း နည်းလမ်းမရှိဘဲနှင့် အဘယ်သို့ အလွန်များစွာ သိရှိစေနိုင်မည်နည်း။ ဘုရားသခင်သည် မိုးခြိမ်းသံပုံစံဖြင့် ကောင်းကင်ဘုံမှ စကားပြောရမည်ဆိုလျှင် ဆိုးယုတ်သော လူတို့ကို သူ တရားစီရင်ပြီး ရှုတ်ချသည့်အခါတိုင်းတွင် လူမည်မျှ သေကြေကြမည်နည်း။ များစွာ ရှင်ကျန်မည် မဟုတ်ပေ။ ဘုရားသခင်သည် လေပွေအတွင်းမှ သို့မဟုတ် မီးလျှံများအတွင်းမှ စကားပြောရမည်ဆိုလျှင် ဤစကားများကို သူ ပြော၍မပြီးမီတွင် လေပွေများနှင့် မီးများ မည်မျှ ဖြစ်ပေါ်ရမည်နည်း။ ဤလုပ်နည်းကိုင်နည်းကြောင့် လူသားမျိုးနွယ်အားလုံး ထိတ်လန့်ကြမည်ဖြစ်သည်။ စကားပြောသည့် ဤနှစ်ကာလများနောက်တွင် လူ့ဇာတိခံ ဘုရားသခင်၏ စကားများသည် လူသားမျိုးနွယ်၏ ပုံမှန် ဘဝကို ထိခိုက်လေပြီလော။ လုံးဝ မထိခိုက်ပေ။ တစ်လောကလုံးက ဂရုမစိုက်သကဲ့သို့ အနည်းငယ်မျှ ထိခိုက်ခြင်းလည်း မရှိပေ။ ဤအရာက လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်သည့် အမှု၏ ရည်ရွယ်ချက်ကို လုံးဝ စွမ်းဆောင်ရရှိသည်။ လူ့ဇာတိခံ ဘုရားသခင် မရှိဘဲနှင့် ဤအမှုတော်သည် ဧကန်အမှန် မဖြစ်နိုင်ပေ။ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် ကိုယ်၌က သိုဝှက်မှု ရှိသည်။ တစ်လောကလုံးနှင့် လူသားမျိုးနွယ်အားလုံးက ထိုအရာကို သိရှိရန် ဘုရားသခင် အလိုမရှိပေ။ ဘုရားသခင်၏ ရွေးချယ်ခြင်း မခံရသည့် ထိုတစ်ပါးအမျိုးသားများက သိရှိရန် သူ အလိုမရှိပေ။ သူသည် ဤစကားများကို ကွယ်ဝှက်သည့် အခြေအနေဖြင့်သာ ဖော်ပြနိုင်သည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်း နည်းလမ်းကို ခံယူကျင့်သုံးခြင်းက အဓိပ္ပာယ်အရှိဆုံး ဖြစ်သည်။ အမြော်အမြင်အရှိဆုံး နည်းလမ်းလည်း ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိခံယူခြင်းအားဖြင့်သာ ထိုအရာသည် သိုဝှက်မြဲ သိုဝှက်နေနိုင်သည်။ သူ၏ လူ့ဇာတိခံယူခြင်းက လူသားမျိုးနွယ် လက်ခံနိုင်သည့် နည်းလမ်းနှင့် ပုံစံတစ်ခုဖြင့်၊ လူသား ဘာသာစကားဖြင့် လူသားမျိုးနွယ်ကို သမ္မာတရား ထောက်ပံ့ပေးလျက် လူသားမျိုးနွယ်ကဲ့သို့ပင် တစ်နေရာတည်းတွင် အသက်ရှင်ခြင်းသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သာ စွမ်းဆောင်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထိုအရာကို လူသားမျိုးနွယ်က ဉာဏ်မမီနိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ ကြီးမားသော စီမံခန့်ခွဲမှု အစီအစဉ်နှင့် ဆက်စပ်သည်။ ထိုမျှ ကြီးမားသော ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ချစ်လို့သာ လုပ်ဆောင်ခြင်းအဖြစ် လူက တစ်ဖက်သတ် ဖော်ပြလျှင် အမှန်တရားများနှင့် ဆန့်ကျင်လျက် အလွန် ရိုးရှင်းပြီး အမှန်တကယ် လျော်ကန်မည်မဟုတ်ပေ။ တိုတိုပြောလျှင် လုပ်ဆောင်ထားသည့် အမှုတော်၏ အကြောင်းအရာက မည်သည့်အရာဖြစ်စေ၊ ဤတစ်ကြိမ် ဘုရားသခင်က လူ့ဇာတိခံယူသည့် ဤပုံစံသည် ကမ္ဘာလောက အနှံ့အပြားနှင့် လူသားမျိုးနွယ်အားလုံးထဲတွင် ဧကန်အမှန် အတန်ကြီးသော ဂယက်ရိုက်ခြင်းတစ်ခု ဖြစ်စေပြီးဖြစ်ကာ သိသာထင်ရှားသော သက်ရောက်မှုတစ်ခု ရှိပြီးဖြစ်သည်။ ယင်းက ဤအမှန်တရားသည် မည်မျှကြီးမားသော အဖြစ်အပျက် ဖြစ်သည်ကိုသာ ပြသပေသည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အမှန်တရားနှင့် ပုံစံတို့သည် ၎င်းတို့ကိုယ်၌က ကမ္ဘာလောကတစ်ခုလုံးနှင့် ဘာသာရေး အသိုင်းအဝိုင်းတစ်ခုလုံးတွင် အငြင်းပွားစရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူသားမျိုးနွယ် ရန်လိုသည့်၊ လူသားမျိုးနွယ်က ရှုတ်ချကာ ငြင်းပယ်ပြီး လူသားမျိုးနွယ်က နားလည်သဘောပေါက်ကာ စိတ်ကူးရန် အခက်ခဲဆုံးသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ဘုရားသခင်က ဤနည်းဖြင့် အမှုပြုနိုင်ခြင်းသည် သူ၏ ဉာဏ်ပညာ၊ သူ၏ တန်ခိုး၊ သူ၏ အနန္တတန်ခိုးနှင့် သူ၏ ဩဇာအာဏာတို့ကို ပြသည်။ အသေးအဖွဲဖြစ်သော ချစ်ခြင်းမေတ္တာတစ်ခုခုအတွက် သို့မဟုတ် အရေးမပါလှသော ကိစ္စရပ်တစ်ခုခု သို့မဟုတ် နှမ်းစေ့လောက် သေးငယ်သည့် အကြောင်းရင်းတစ်ခုခုအတွက် လုပ်ဆောင်ထားခြင်း လုံးဝ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘာသာရေး လောကတစ်ခုလုံး၊ နိုင်ငံရေး လောကတစ်ခုလုံး၊ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် စကြဝဠာတစ်ခုလုံးကို လှုပ်ခါနိုင်သည့် အကြီးစား အဖြစ်အပျက်တစ်ခုသည် ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် အလိုဆန္ဒကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော် တတိယအဆင့်၏ အကြီးမားဆုံးသော ရူပါရုံဖြစ်သည်။ လူတို့ နားလည်၊ သိရှိပြီး သဘောပေါက်သင့်သည့် အကြီးမားဆုံးသော ရူပါရုံ ဖြစ်သည်။ ဤရူပါရုံကို သင်က “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ချစ်သည်။ ကြည့်ပါ၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာကြောင့် တစ်ကြိမ် လူ့ဇာတိခံယူကာ ကျွန်ုပ်တို့အတွက် ကားစင်တင်ခံခဲ့ရနှင့်ပြီးဖြစ်၍ ဤအကြိမ်တွင် သူသည် ကျွန်ုပ်တို့ကို ချစ်ရန် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ကြွလာပြီဖြစ်သည်”ဟူသကဲ့သို့ အဓိပ္ပာယ်ဖွင့်ရုံမျှဖွင့်လျှင် ဤသည်မှာ ကြီးလေးသော အမှားတစ်ခု မဟုတ်လော။ ထိုမျှကြီးမားသော ဘုရားသခင်၏ အမှုတော် ရူပါရုံကို ချစ်လို့ လုပ်ဆောင်ခြင်းအဖြစ် သတ်မှတ်ခြင်းသည် အလွန် အပေါ်ယံဆန်လွန်းသည်။ ဘုရားသခင်ကို သင် မသိလျှင် ရှိစေတော့။ သို့သော် သင်၏ နှုတ်ကို အမြန်ပိတ်လော့။ အဓိပ္ပာယ်မရှိသည့်အရာကို မပြောနှင့်။ ပြီးလျှင် အယူအဆများကို ကြုံရာကျပန်း မဖော်ပြနှင့်။ ယခင်က သင်တို့ကို ငါ ပြောပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရနှင့်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော် ရူပါရုံနှင့်လည်းကောင်း ဆက်စပ်သည့် မည်သည့်အရာမဆိုအတွက် လူတို့သည် မဆင်မခြင် မဝေဖန်သင့်၊ ထင်ရာမြင်ရာ ကောက်ချက်များမချသင့် သို့မဟုတ် အမှုမဲ့အမှတ်မဲ့ ဘောင်မခတ်သင့်ပေ။ သင် နားမလည်လျှင် နားမလည်ကြောင်းသာ ဝန်ခံလော့။ အနည်းငယ် သင် နားလည်လျှင် “ဤမျှသာ ကျွန်ုပ် နားလည်သည်။ ကျွန်ုပ် ထင်ရာမြင်ရာ ဘောင်မခတ်ဝံ့သလို ထိုအရာ မှန်သလောဟူသည်ကို ကျွန်ုပ် မသိပါ”ဟု အမြန် ပြောလော့။ သင့်အနေဖြင့် ဤရှင်းပြချက်နှင့် ရှင်းလင်းချက် အမျိုးအစားများကို ဖြည့်စွက်ရမည်။ စဉ်းစားချင့်ချိန်ခြင်းမရှိဘဲ စကားမပြောနှင့်။ စဉ်းစားချင့်ချိန်ခြင်းမရှိဘဲ စကားပြောလျှင် သေးငယ်သည့် အတိုင်းအတာအားဖြင့် အခြားလူများကို နားလည်မှုလွဲခြင်းများ ပေးကာ ဆုံးဖြတ်ချက်လွဲမှားစေလျက် သင် မမှန်မကန် လွှမ်းမိုးနိုင်သည်။ ကြီးမားသော အတိုင်းအတာအနေဖြင့် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကောင်း ပြစ်မှားမိနိုင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် လူသားမျိုးနွယ်ကို ဘုရားသခင် ကယ်တင်သည့် ထိုမျှ ကြီးမားသော အမှုတော်ကို ချစ်ခြင်းမေတ္တာအဖြစ်၊ ချစ်လို့ လုပ်ဆောင်ခြင်းအဖြစ် သင် သရုပ်ဖော်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သောအရာ ပြောဆိုခြင်း မဟုတ်လော။ ဤအရာကို ပြောသည့်လူတို့သည် ပါးရိုက်ခံရသင့်သလော။ (ခံရသင့်ပါသည်။) အဘယ်ကြောင့် ပါးရိုက်ခံရသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် စဉ်းစားခြင်းမရှိဘဲ စကားပြောခြင်း ဖြစ်သောကြောင့်၊ ဆက်စပ်အကြောင်းအရာမရှိဘဲ အမှုအရာများကို မှတ်ယူခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာသည် မာနထောင်လွှားသော စိတ်သဘောထားကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့သည် မဟုတ်လော။ သူ့ကို သင် မြင်ပြီးပြီလော။ သူ၏ စိတ်သဘောထားကို သင် နားလည်သလော။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရူပါရုံနှင့်ပတ်သက်သော သမ္မာတရားကို ရှင်းလင်းစွာ သို့မဟုတ် စေ့စေ့စပ်စပ် မရှင်းပြနိုင်ပေ။ သို့တိုင် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို သင် အဓိပ္ပယ်ဖွင့်ဆိုဝံ့သည်။ ဤသည်မှာ အဆုံးစွန် ရဲတင်းခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော ကြီးမားသည့် ကိစ္စရပ်တစ်ခုကို သတ်မှတ်ရန် “ချစ်ခြင်းမေတ္တာ”ဟူသည့် စကားလုံးကို သင် သုံးဝံ့သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းသည် ကြီးမားသည့် ပြစ်မှားခြင်းတစ်ခု ဖြစ်သလော။ ဧကန်အမှန်ဖြစ်၏။ လူအချို့က၊ “ကျွန်ုပ် မသိပါ။ နားလည်းမလည်ပါ”ဟု ပြောကြသည်။ မှန်ပေ၏။ စဉ်းစားချင့်ချိန်ခြင်းမရှိဘဲ သင် စကားမပြောသင့်သည်မှာ သင်သည် နားမလည်သကဲ့သို့ သိလည်း မသိသောကြောင့်လည်းကောင်း၊ သင်သည် မသိနားမလည်သကဲ့သို့ မိုက်မဲသောကြောင့်လည်းကောင်း အတိအကျဖြစ်၏။ သာမန်လူတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အရေးကိစ္စများကို ထင်ရာမြင်ရာ ဝေဖန်နိုင်သလော၊ သို့မဟုတ် သာမန်ကာလျှံကာ ကောက်ချက်ချနိုင်သလော။ တစ်စုတစ်ဝေးတည်း စုစည်းထားသည့် လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်၏ အရေးကိစ္စများကို အသေအချာ ရှင်းပြနိုင်မည် မဟုတ်သည့်တိုင် သင်တစ်ဦးတည်းက ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အမှုတော်နှင့် သူ၏ အနှစ်သာရတို့ကို စကားတစ်လုံးမျှ သို့မဟုတ် နှစ်လုံးမျှဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချင်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤဓမ္မတေးသီချင်းနှင့်ပတ်သက်၍ ဆိုးရွားသော ပြဿနာတစ်ခု ရှိပေသည်။ ယင်းသည် မပြတ်သားသော၊ အနှစ်မဲ့သော၊ ပြစ်မှားစော်ကားသော စကားများနှင့် ပြည့်ရုံသာမက အရေးအကြီးဆုံးမှာ ယင်းသည် လူတို့ကို လွဲမှားစွာ ဆုံးဖြတ်စေနိုင်သည်၊ အထင်အမြင်မှားစေနိုင်ပြီး ၎င်းတို့၏ အယူအဆများတွင် ပိတ်မိစေနိုင်သည်။ ဤဓမ္မတေးသီချင်းက ဖြစ်စေသည့် ဆိုးရွားသော အကျိုးဆက်များကို ထောက်သော် ယင်းကို ထိန်းသိမ်း၍ရနိုင်သလော။ လုံးဝ မရနိုင်ပေ။ ဖျက်ရမည်ဖြစ်သည်။

ဆက်လက်၍ “ချစ်လို့၊ ဘုရားသခင်က သမ္မာတရား ဖော်ပြပြီး ထာဝရအသက်လမ်းခရီးကို ယူဆောင်လာတယ်။” ဤစကားများက အမှုအရာများကို ဘောင်ခတ်သည့် ပုံစံသည် စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆက်ဖော်ပြသည်မှာ “ချစ်လို့၊ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ စာတန်ဆန်တဲ့ သဘာဝကို သူ့နှုတ်ကပတ်တော်နဲ့ တရားစီရင်ပြီး ဖော်ထုတ်တယ်” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် ပြင်းထန်သည့် စကားများကို ဘုရားသခင် ဖော်ပြသည့်အခါ လူကို ဘုရားသခင် ချစ်သောကြောင့်လော၊ သို့မဟုတ် လူကို ဘုရားသခင် စက်ဆုပ်ကာ မုန်းသောကြောင့်လော။ (လူကို ဘုရားသခင်က စက်ဆုပ်ကာ မုန်းသောကြောင့် ဖြစ်သည်။) ဘုရားသခင်က လူကို စက်ဆုပ်သည်။ သို့ဆိုလျှင် ဤသည်မှာ သူ၏ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ (ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ဖြစ်သည်။) မှန်ပေ၏။ ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ပေ။ အမှုအရာများကို ထိုသို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် လူတို့အတွက် ယုံမှားမိစေပြီး အထင်လွဲစေသည် မဟုတ်လော။ ဤပြောဆိုချက်တွင် သမ္မာတရားနှင့်ဆိုင်သော လက်တွေ့ကျသည့် အသိပညာတစ်ခုတလေ ရှိသလော။ ဤသည်မှာ ပုံပျက်ပြီး တစ်ဖက်သတ်ဖြစ်သော သိနားလည်မှု၊ အဓိပ္ပာယ်ကောက်လွဲခြင်း၊ မှားယွင်းသော သိနားလည်မှုတစ်ခု ဖြစ်သည်။ စာကြောင်းသည် တလွဲသရုပ်ဖော်ခြင်းတစ်ခု ဖြစ်သည်။ ထို့နောက် “ချစ်လို့၊ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ဖို့ ကျွန်ုပ်တို့ကို စစ်ကြောတယ်၊ စစ်ဆေးပြီး ပြုပြင်တယ်”ဟူသည်ကို ကြည့်လော့။ ဤသည်မှာ ပြီးခဲ့သည့် စာကြောင်းကဲ့သို့ပင် ပြဿနာတူသည် မဟုတ်လော။ (တူပါသည်။) ပြဿနာမှာ အတူတူပင် ဖြစ်သည်။ ဆက်လက်၍ အောက်ဘက်တွင် “အို ဘုရားသခင်၊ ကိုယ်တော့်အမှုတော်နဲ့ ကိုယ်တော့်နှုတ်ကပတ်တော်မှာ ထုတ်ဖော်သမျှဟာ ချစ်ခြင်းမေတ္တာပါ”ဟူ၍ ဖြစ်သည်။ တစ်ဖန် ဤသည်မှာ ဘုရားသခင်ကို ဘောင်ခတ်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင် ထုတ်ဖော်ပြသည်မှာ မည်သည့်အရာဖြစ်သနည်း။ သူ၏ သန့်ရှင်းခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းအပြင် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ ဘုရားသခင်တွင် အမျက်ဒေါသနှင့် ဘုန်းအာနုဘော်အပြင် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ ရှိသည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာကြောင့်သာ ဖြစ်သည်ဟု အဘယ်ကြောင့် ပြောနိုင်ရသနည်း။ ဤဘောင်ခတ်မှုသည် အလွန် စက်ဆုပ်ဖွယ်ဖြစ်ပြီး ထင်ရာမြင်ရာဖြစ်လွန်းသည်။ ထိုအရာသည် မာနထောင်လွှားမှုအားဖြင့် ဖြစ်သည် မဟုတ်လော။ စာရေးသူ ရှင်းပြပြီး အကျဉ်းချုပ်နေသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များက ထုတ်ဖော်ပြသည့် စိတ်သဘောထား အနှစ်သာရနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ထို့နောက် အရာရာသည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု ပြောသည်။ ယင်းမှာ ဆီလျော်ခြင်းမရှိရုံမက လွဲချော်ကာ မှားလည်း မှားယွင်းပေသည်။ ယင်းသည် လုံးဝ တလွဲသရုပ်ဖော်ခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် စိတ်ခံစားမှုတစ်ခုဖြစ်ပြီး လုပ်ဆောင်ချက် သို့မဟုတ် အပြုအမူတစ်ခုအဖြစ်လည်း ဆောင်ရွက်နိုင်သော်လည်း ဘုရားသခင်၏ အဓိက အနှစ်သာရ မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို လက်လွတ်စပယ် မချစ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စာတန်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် သူ၏ ရန်သူများကိုပင် ချစ်သည်ထိ အလွန် အလျှံပယ်ဖြစ်သဖြင့် ထိုအတွက် နေရာအလုံအလောက်မရှိသည်မှာ ဖြစ်နိုင်မည်လော။ ထိုသို့ ဖြစ်သလော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စည်းမျဉ်းများမဲ့သည် မဟုတ်။ စည်းမျဉ်းနှင့်ညီသည်။ သူသည် အပြုသဘောဆောင်သည့်အရာများကို ချစ်ပြီး အပျက်သဘောဆောင်သည့် အရာများနှင့် ဆိုးယုတ်သောအရာများကို မုန်းသည်။ ငါ့ကိုပြောလော့၊ သူ့ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောလူတို့ကို ဘုရားသခင် ချစ်သလော။ မိမိတို့တာဝန်များကို သစ္စာစောင့်သိစွာ လုပ်ဆောင်သူများကို သူ ချစ်သလော။ သူ့ကို ကျိုးနွံနာခံတတ်သောသူတို့ကို သူ ချစ်သလော။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရရှိခြင်းမှတစ်ဆင့် စစ်မှန်သည့် နောင်တရှိသောလူများ၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုရှိပြီး မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင်ကို အမှန်တကယ် ချစ်သောလူများကို ဘုရားသခင် ချစ်သလော။ လူတို့သည် သမ္မာတရားကို နားလည်ပြီး မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မုန်းကြလျှင် ၎င်းတို့၏ “မုန်းတီးခြင်း”သည် အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင် ချစ်သလော။ (ချစ်ပါသည်။) သမ္မာတရားကို လက်ခံနိုင်သောသူတို့သည် အပြုသဘောဆောင်သော လူများဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သောသူတို့သည် သာ၍ပင် အပြုသဘောဆောင်ကြသည်။ ဘုရားသခင်ချစ်သောသူတို့မှာ အပြုသဘောဆောင်သောလူများ ဖြစ်သည်။ နတ်ဆိုးများနှင့် စာတန်ကို သူ မုန်းသည်။ သူ ကျိန်ဆဲပြီး အပြစ်ပေးသောသူတို့မှာ ဆိုးယုတ်သောလူများသာ ဖြစ်သည်။ သို့သော် ဘုရားသခင် ချစ်သောသူတို့မှာ ရိုးသားသောလူများ၊ သမ္မာတရားကို လိုက်စားသော လူများသာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စည်းမျဉ်းနှင့်ညီ၏။ စည်းမျဉ်းများမဲ့သည် မဟုတ်ပေ။ လူအချို့အတွက် ဘုရားသခင်သည် သနားကရုဏာထားခြင်းသာ ဖြစ်သည်။ ယင်းမှာ သူသည် ထိုလူများကို ချစ်သည်ဟု မဆိုလိုပေ။ ဤအရာများကို ရှင်းလင်းစွာ နားလည်ရမည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကြောင်းကျိုးမမြင်ဘဲ အဓိပ္ပာယ်ဖွင့်ဆို၍ မရပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှုမဲ့အမှတ်မဲ့ ပြောဆိုခြင်းနှင့် ကြောင်းကျိုးမမြင်ဘဲ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဧကန်မုချ ဘုရားသခင်ကို ဝေဖန်ကာ ပြစ်မှားစော်ကားခြင်းဖြစ်သည်။

ဆက်လက်ကြည့်သွားသည့်အခါ “အို ဘုရားသခင်၊ ကိုယ်တော့်မေတ္တာက မေတ္တာကျေးဇူးတော်နဲ့ သနားကရုဏာသာ မဟုတ်၊ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းလည်း ပိုလို့တောင် ဖြစ်တယ်”ဟု ဆိုရန်မှာ မှန်ကန်သလော။ (သဘောတရားအားဖြင့် မှန်ကန်သော်လည်း လက်တွေ့မကျပါ။) သဘောတရားအားဖြင့် ပြဿနာမရှိသော်လည်း ဤအရာကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ချိတ်ဆက်ရန်မှာ များစွာ ချဲ့ကားလွန်းသောအရာတစ်ခု ဖြစ်သည်။ ဤစကားလုံးများကို မမှန်ကန်ဟု မယူဆသင့်သော်လည်း မှန်ကန်သည်ဟုလည်း မယူဆသင့်ပေ။ ယင်းတို့သည် ထုတ်ဖော်ပြောရန် လိုအပ်ရုံမျှသာရှိသည့် အဓိပ္ပာယ်မရှိသောအရာ ဖြစ်သည်။ အောက်သို့ ဆက်သွားလျှင်၊ “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ဟာ အစစ်မှန်ဆုံး မေတ္တာနဲ့ အကြီးမြတ်ဆုံး ကယ်တင်ခြင်းပါ”ဟူ၍ ဖြစ်သည်။ ယင်းကို သင်တို့အားလုံး အဘယ်သို့ ထင်သနည်း။ (ထိုစာကြောင်းသည် မမှန်ပါ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အကြီးမားဆုံး ကယ်တင်ခြင်းအဖြစ် သက်သေပြသည်။ အမှန်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းတွင် ဤအရာများသာ ပါဝင်သည်မဟုတ်ပါ။) ဘုရားလူ့ဇာတိခံယူခြင်း၏ ကားစင်တင်ခံရခြင်းနှင့် လူသားမျိုးနွယ်၏ အပြစ်များအားလုံးအတွက် သူ၏အပြစ်ဖြေခြင်းနှင့် သယ်ဆောင်ခြင်းတို့သည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ယင်းတို့သည် အကြီးမားဆုံးသော ကယ်တင်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ယှဉ်လျှင် မည်သည့်အရာသည် “အကြီးမြတ်ဆုံး” ဖြစ်သနည်း။ အမှန်တွင် လေးနက်သော စိစစ်မှုအရ ဤပြောဆိုချက်သည် မှန်ကန်တိကျခြင်းမရှိ၊ သင့်တော်ခြင်းမရှိသကဲ့သို့ အလွန် တင်းကျပ်စွာ ဘောင်ခတ်လွန်းလှသည်။ ထိုအရာကို ဖော်ပြထားသည့်ပုံစံအတိုင်း မဖော်ပြသင့်ပေ။ ဘုရားသခင် လုပ်ဆောင်သမျှက ချစ်ခြင်းမေတ္တာ ဖြစ်သည်ဟု မပြောသင့်ဘဲ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် လူတို့အပေါ် အပြုသဘောဆောင်သော အကျိုးတရားတစ်ခု ရှိကြောင်းနှင့် လူတို့အတွက် ကယ်တင်ခြင်းနှင့် သနားကရုဏာသာဖြစ်ကြောင်း ပြောဆိုရန်မှာ မှန်ကန်ပေသည်။ အဘယ်ကြောင့်ဆိုသော် အားလုံးကို လူသားမျိုးနွယ်အတွက် လုပ်ဆောင်ထားခြင်းကြောင့် ဖြစ်သည်။ “အများဆုံး”မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သည်ဟု သင် ပြောပြီး အမြင့်ဆုံးအဆင့်ထိ ချီးမြှောက်လျှင် ဤသည်မှာ မမှန်ပေ။ “အများဆုံး” ဖြစ်သည့်အရာတစ်ခုသည် နှိုင်းယှဉ်စရာမရှိဘဲ တစ်ခုတည်းရှိရမည်။ ဘုရားသခင်၏ အခြားအမှုတော်နှင့် ယှဉ်ကြည့်လျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို “အများဆုံး”အဖြစ် ပြော၍မရပေ။ တစ်ခါက ဓမ္မတေးသီချင်းတစ်ပုဒ်ကို တစ်စုံတစ်ဦးကရေးပြီး သီချင်းစာသားများထဲမှ တစ်ကြောင်းမှာ “ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သူ၏ သနားကြင်နာမှုနှင့် ကရုဏာတော်ထက် ကျွန်ုပ် သာ၍ နှစ်သက်သည်” ဟူ၍ ဖြစ်သည်။ ဤစကားလုံးများသည် မှန်ကန်သလော၊ မမှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းတို့နှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ (ယင်းတို့က ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့ကို ရာထူးဂုဏ်သိမ်အဆင့်ဆင့်သို့ ခွဲခြားကြသည်။) အမှန်တွင် ဤပြောဆိုချက်က မှန်ကန်ပြီး ယင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီးနောက်တွင် လူတို့၏ စစ်မှန်သော အတွေ့အကြုံဖြစ်သည်။ ဤစစ်မှန်သော အတွေ့အကြုံအတွက် နောက်ခံမှာ အဘယ်နည်း။ ဤနေရာတွင် အဖြစ်အပျက်တစ်ခု ရှိ၏။ တိတိကျကျပြောရလျှင် ဘုရားသခင်၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့ကို တစ်စုံတစ်ဦးက မွေ့လျော်ခံစားသည့်အခါ ကျေးဇူးတော်ကိုသာ ၎င်းက ရရှိနိုင်သည်။ မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းက မည်သည့်အခါတွင်မျှ အသိအမှတ်မပြုနိုင်သကဲ့သို့ ယင်းတို့ကို လုံးဝ မဖယ်ရှားနိုင်ပေ။ ၎င်းတို့ လုပ်နိုင်သမျှမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံကာ များစွာသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို ကြံ့ကြံ့ခံရန် ဖြစ်သည်။ ထိုနောက်တွင်မှ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ဖယ်ရှားရန် အားထုတ်နိုင်သည်။ ထို့ကြောင့် ဤအကြောင်းပြချက်ပေါ်တွင်လည်းကောင်း၊ ဤဆက်စပ်အကြောင်းအရာဖြင့်လည်းကောင်း ဤသည်မှာ လူတို့ဖြစ်လာကြသည့် သိနားလည်မှု ဖြစ်သည်။ ထိုအရာသည် တိကျမှန်သည်၊ အမှန်တရားများနှင့် ကိုက်ညီပြီး အယူအဆဆိုင်ရာ ဆင်ခြင်တွေးခေါ်မှုစနစ် မဟုတ်ပေ။ ဤဓမ္မတေးသီချင်းသည် အပြုသဘောဆောင်သော်လည်း ထိုအရာကို သင်တို့တစ်ဦးမျှ မမြင်နိုင်ပေ။ သင်တို့သည် အမှန်တကယ် ပိုင်းခြားသိမြင်နိုင်စွမ်းမဲ့ကြသည်။ ဤပိုင်းခြားသိမြင်နိုင်စွမ်းကင်းမဲ့ခြင်းက မည်သည့်အရာကို အတည်ပြုသနည်း။ ဤကင်းမဲ့ခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။ “ချစ်လို့”ဟူသည့် ဓမ္မတေးသီချင်းသည် အဓိပ္ပာယ်မရှိသောအရာနှင့် ပြည့်နေသည်။ လက်တွေ့မကျပေ။ ငါ မနှစ်သက်သကဲ့သို့ ထိုဓမ္မတေးသီချင်း၏ စကားတစ်လုံးကို သီဆိုရန် ငါ ငြင်းပယ်သည်။ ထိုအရာကို အင်မတန် ကြီးမားသော စိတ်ထက်သန်မှုနှင့် ကူးစက်စေခြင်းဖြင့် သီဆိုရန်မှာ သင်တို့အားလုံး ဝိညာဉ်ရင့်ကျက်မှုတွင် သေးနုပ်လိုက်လေခြင်းပါတကား။ သင်တို့သည် မည်သည့်အရာကိုမျှ သဘောမပေါက်နိုင်ကြသကဲ့သို့ လူတို့ ဝင်ရောက်သင့်သည့် သမ္မာတရားများကိုပင် သင်တို့ နားမလည်ကြ။ သို့တိုင် ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အပေါ် သင်တို့ မှတ်ချက်ပေးလိုကြသေးသည်။ ဤသည်မှာ အသိစိတ်မဲ့ခြင်း မဟုတ်လော။ မဆင်မခြင် စကားပြောဝံ့သည့် အသိစိတ် မရှိသောလူတို့သည် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်တာဝန်များကို အာရုံစိုက်နေခြင်းမရှိကြချေ။ ၎င်းတို့သည် စိုးစဉ်းမျှ လက်တွေ့မဆန်ကြပေ။

အောက်သို့ ဆက်သွားလျှင် “ကိုယ်တော်ရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ မေတ္တာကို ကျွန်ုပ်တို့ သက်သေခံပါမယ်၊ ပြီးတော့ ကိုယ်တော် ထာဝရချီးမွမ်းခြင်းကို ခံထိုက်တယ်”ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် ထာဝရချီးမွမ်းခြင်းနှင့် ထိုက်တန်ကြောင်း လိုအပ်သည်မှာ အမှန်ဖြစ်သော်လည်း ဤသည်မှာ သူ့ကို လူတို့ သိရှိသည့်နည်းလမ်းဖြစ်လျှင် ဘုရားသခင်ကို ချီးမွမ်းခြင်းအဖြစ် ယူဆ၍ရနိုင်သလော။ တစ်စုံတစ်ဦးကို ဘုရားသခင်က မချစ်၊ သူသည် ၎င်းကို အဆုံးစွန်ထိ စက်ဆုပ်ကာ မုန်းသည်ဆိုပါစို့။ သို့သော်ငြားလည်း ဤလူက ဘုရားသခင်ကို ချစ်ကာ ချီးမွမ်းနိုင်လျှင် ဝိညာဉ်ရင့်ကျက်မှုအချို့နှင့် ဘုရားသခင်အပေါ် စစ်မှန်သည့် အသိအချို့ ရှိ၏။ “ကိုယ်တော်ရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ မေတ္တာကို ကျွန်ုပ်တို့ သက်သေခံပါမယ်၊ ပြီးတော့ ကိုယ်တော် ထာဝရချီးမွမ်းခြင်းကို ခံထိုက်တယ်”ဟူသည့် စာကြောင်းတွင် “ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ”ကို မည်သည့် နာမဝိသေသနတို့က အထူးပြုနေကြသနည်း။ “သန့်ရှင်းသော”နှင့် “ဖြောင့်မတ်သော”တို့ ဖြစ်သည်။ ဓမ္မတေးသီချင်းရေးသူက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အဓိပ္ပာယ်ဖွင့်ဆိုရန် ဘုရားသခင်၏ အနှစ်သာရကို အသုံးပြုလျက်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဖြောင့်မတ်ပြီး သန့်ရှင်းသော ချစ်ခြင်းမေတ္တာဖြစ်သည်ဟု ဆိုလျက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မည်မျှကြီးမားမည်ကို ယုံကြည်ခြင်းအား ကြည့်လော့။ ဤသည်မှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည် မဟုတ်လော။ လူတို့သည် ယေဘုယျ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားခြင်းမရှိကြသကဲ့သို့ သနားကရုဏာနှင့်ပြည့်စုံသော ချစ်ခြင်းမေတ္တာကို သို့မဟုတ် လူတို့ကို ချစ်ခင်မြတ်နိုးခြင်းဖြစ်သည့် ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားခြင်း မရှိကြချေ။ ဘုရားသခင်၏ သန့်ရှင်းပြီး ဖြောင့်မတ်သော ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားသည့်အခါတွင်သာ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းကြပြီး ဤသည်မှာ ဘုရားသခင်က ထာဝရ ချီးမွမ်းခြင်းနှင့် ထိုက်တန်သည့် ၎င်းတို့ ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ မှန်သလော။ အမှန်တရားမှဖြစ်စေ၊ ကျိုးကြောင်းဆီလျော်သော တွေးခေါ်မြော်မြင်မှုမှဖြစ်စေ ဤပြောဆိုချက် အလွန်မှားယွင်း၏။ တကယ်ကို အဓိပ္ပာယ်မရှိသောအရာ ဖြစ်သည်။ ထိုအရာသည် စိတ်ရောဂါရှိသည့် လူတစ်ဦးက လူတို့ကို အထင်အမြင်မှားစေရန် များစွာသောစကားလုံး တစ်လုံးတစ်ထွေးကြီးကို ရေရွတ်နေခြင်း ဖြစ်သည်။ ဤသည်မှာ လောကီကမ္ဘာဖြစ်သည်ဟု သင် ထင်သလော။ ကမ္ဘာလောကတွင် ဆိုးယုတ်ပြီး ညစ်ညူးသော ဝိညာဉ်မျိုးစုံနှင့် စရိုက်မျိုးစုံနှင့် စိတ်အနှောင့်အယှက်ပေးသော ကလိမ်ကကျစ်တို့အပြင် ကျွမ်းကျင်မှု၊ စကားပြောကောင်းခြင်း အနည်းငယ်ရှိသည့်သူများ သို့မဟုတ် ရိုင်းပျမှုရှိသောသူအားလုံးသည် မိမိတို့၏ ထင်းရှူးသေတ္တာများပေါ်တက်ပြီး ဖျော်ဖြေဝံ့ကြသည်။ သို့သော် ဘုရားအိမ်တော်၌ သမ္မာတရားက ဩဇာအာဏာ စွဲကိုင်သည်။ ထိုမှင်စာများကို စင်ပေါ်မှဆွဲထုတ်ရမည်ဖြစ်သည်။ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ရမည်ဖြစ်သည်။ လူတိုင်းက ၎င်းတို့ကို ပွင့်ပွင့်လင်းလင်း ပိုင်းခြားသိမြင်ကာ သရုပ်ဖော်နိုင်ရန်အလို့ငှာ ၎င်းတို့၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများအားလုံးကို စိတ်ဖြာလေ့လာဆွေးနွေးရမည်ဖြစ်သည်။ ထိုအရာကို ယခု ကြည့်လိုက်ပါက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အဘယ်အရာနည်း။ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းဖြစ်သည်ဟု သင် ပြောလျှင် ယင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဤအရာများသာ မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အဘယ်အရာနည်း။ (တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအပြင် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့လည်း ရှိသည်။ ဤအရာအားလုံးက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏နှလုံးသားနှင့် စိတ်တွင်၊ သူ၏ ခံစားချက်များ၊ သူ၏ အနှစ်သာရနှင့် သူ၏ လုပ်ဆောင်ချက်များတွင် ရှိသည်။ ယင်းကို သင် အသေအချာ ရှင်းပြနိုင်သလော။ သို့တိုင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းအဖြစ် သင် ပြောသေးသည်။ ထိုအရာကို ထိုသို့ သင်အဓိပ္ပာယ်ဖွင့်ဆိုဝံ့သည်။ သင် အရှက်မရှိ မျက်နှာပြောင်လိုက်လေခြင်းပါတကား။ သူ့ကို ချီးမွမ်းရန် ထိုသို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် သင်၏ အသုံးပြုခြင်းကို ဘုရားသခင်က လက်ခံသလော။ (လက်မခံပါ။) အဘယ်ကြောင့် လက်မခံသနည်း။ (အဘယ်ကြောင့်ဆိုသော် သူ့ကို ပြစ်မှားစော်ကားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။) ဘုရားသခင်သည် စက်ဆုပ်မိပြီး သင်သည် အင်မတန်၊ အဆုံးစွန် အဓိပ္ပာယ်မဲ့သောအရာကို ပြောနေခြင်း ဖြစ်သည်။ သင်၏ ကြောင်းကျိုးမမြင်သော ချီးမွမ်းခြင်းက အချည်းနှီးဖြစ်ပြီး ထိုအရာကို ဘုရားသခင် နှစ်သက်အားရခြင်းမရှိပေ။ လူသားမျိုးနွယ်၏ ချီးမွမ်းခြင်းကို ဘုရားသခင် လိုအပ်ခြင်းသည် ထိုမျှ မကြီးမားပေ။ ထိုအရာကို သူ လိုအင်ဆန္ဒမရှိ။ သူသည် သက်သောင့်သက်သာ အသက်ရှင်နေထိုင်ရန် သို့မဟုတ် ယုံကြည်စိတ်ချမှုရှိရန်အလို့ငှာ လူ၏ ချီးမွမ်းခြင်း လိုအပ်သည်ဟူသကဲ့သို့ မဟုတ်။ သူ့ထံတွင် ဤလိုအပ်ချက် ရှိသလော။ (မရှိပါ။) ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ လူသားမျိုးနွယ်ကို ကောင်းသော ခရီးပန်းတိုင်တစ်ခု ပေးရန်ဖြစ်ပြီး နောက်တစ်ခေတ်တွင် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် အမှုအချို့ကို သူ လုပ်ဆောင်သည်။ ရည်ရွယ်ချက်မှာ လူတို့၏ ချီးမွမ်းခြင်းကို ရရှိရန် မဟုတ်။ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော ရလဒ်များထဲမှ တစ်ခုမှာ လူသားမျိုးနွယ်က သူ့ကို ချီးမွမ်းခြင်း ပူဇော်ဆက်ကပ်ကြခြင်းသာ ဖြစ်သည်။ သို့သော် လူတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ အထင်လွဲမှုများရှိကာ သူ့ကို ကြောင်းကျိုးမမြင်ဘဲ ချီးမွမ်းကြလျှင် ထိုအရာကို ဘုရားသခင် ခွင့်ပြုလိမ့်မည် မဟုတ်သကဲ့သို့ လက်ခံလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ချီးမွမ်းခြင်းက သူ့အတွက် များစွာ အရေးပါလွန်းသည်ဟု ခံစားရန်အလို့ငှာ လူတို့သည် အလွန် စိတ်အလိုလိုက်လွန်းကြလျှင် ယင်းသည် အဓိပ္ပာယ်ကောက်လွဲခြင်းတစ်ခု မဟုတ်လော။ လူသားမျိုးနွယ်တွင် ဘုရားသခင်အတွက် ဤချီးမွမ်းခြင်း အနည်းငယ်နှင့် ဤသက်သေခံချက် အနည်းငယ် ရှိသောကြောင့်၊ ဘုရားသခင်သည် အလွန် တို့ထိခံစားရသည်ဟု ၎င်းတို့ တွေးထင်ကြသော်လည်း အမှန်တွင် သူသည် လုံးဝ တို့ထိခံစားရခြင်း မရှိပေ။ ဤသည်မှာ ဘုရားသခင် ထိုက်တန်သည့်အရာ မဟုတ်လော။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်သောအရာ ဖြစ်သည်။

ဆက်ကြည့်သွားလျှင် “ချစ်လို့၊ ကျွန်ုပ်တို့ သမ္မာတရားနဲ့ အသက်ကို ရရှိအောင် ဘုရားသခင်က လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာဝတ္ထုတွေကို အသုံးပြုတယ်”ဟူ၍ ဖြစ်သည်။ ဤစာကြောင်း မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုအရာနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ “ချစ်လို့”ဟူသော စကားလုံး ဖြစ်သလော။ အရာရာသည် ပထမ စကားလုံးနှစ်လုံးကြောင့်ဖြစ်သည်။ ယင်းတို့သည် အလွန် ဆုံးဖြတ်ချက်မှားစေပြီး အထင်အမြင်မှားစေသဖြင့် လူတို့ကို အမှန်နှင့် အမှားကြား မခွဲခြားနိုင်ဖြစ်စေလျက် ၎င်းတို့၏ စိတ်များကို နားဝေတိမ်တောင်ဖြစ်စေသည်။ ရှေ့ဆက်၍၊ “ချစ်လို့”ဟူသော စကားလုံးများကို တလွဲ အသုံးမပြုနှင့်။ ဤစကားလုံးနှစ်လုံးနောက်တွင် ရှိသည့် စကားများဖြစ်သော “ကျွန်ုပ်တို့ သမ္မာတရားနဲ့ အသက်ကို ရရှိအောင် ဘုရားသခင်က လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာဝတ္ထုတွေကို အသုံးပြုတယ်”ဟူသည့် စကားများက မှန်သည်။ ထိုသို့သော အကြောင်းအရာက ဘုရားသခင်၏ အမှုတော်တွင် တည်ရှိသည်။ သို့သော် ဤအရာကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအဖြစ် သရုပ်ဖော်ရန်မှာ မှားယွင်းပေမည်။ ထိုအရာသည် ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ဩဇာအာဏာနှင့် ဘုရားသခင်၏ ဉာဏ်ပညာဖြစ်သည်။ ချစ်ခြင်းမေတ္တာကြောင့် မဟုတ်ပေ။ တိတိကျကျပြောရလျှင် ယင်းမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်သာ မဟုတ်ပေ။ ဘုရားသခင်သည် သူကယ်တင်လိုသည့် လူသားမျိုးနွယ်အတွက် အစေခံမှုပေးရန် လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အမှုအရာအားလုံးကို စုစည်းဖို့ ဤတန်ခိုးရှိသည်။ သူသည် သူကယ်တင်လိုသည့် လူသားမျိုးနွယ်ကို အစေခံရန်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အစေခံရန် အရာခပ်သိမ်းနှင့် အမှုကိစ္စအားလုံးကို စုစည်းပြီး ဤအရာ၏ နောက်ဆုံး အကျိုးခံစားရသူမှာ လူသားမျိုးနွယ် ဖြစ်သည်။ လူတို့က သမ္မာတရားနှင့် အသက်ကို ရရှိကြသည်။ ထိုအရာသည် ချစ်ခြင်းမေတ္တာကြောင့်သာ ဖြစ်သည်ဟု သင် ဆိုလျှင် ဘုရားသခင်၏ ဉာဏ်ပညာ၊ ဩဇာအာဏာနှင့် တန်ခိုးတို့သည် မတည်ရှိတော့လေသလော။ ထိုအရာသည် ချစ်ခြင်းမေတ္တာကြောင့်သာဖြစ်သည်ဟု ပြောခြင်းသည် မမှန်ပေ။ ထို့ကြောင့် ထိုသို့သော ပြောဆိုချက်ကို ဇောင်းပေးပုံနှင့် ထားရှိပုံတို့သည်လည်း မှားယွင်းသည်သာ ဖြစ်သည်။ ယင်းတို့အားလုံး မှားယွင်းသည်ဟု ပြောဆိုခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းတို့သည် သမ္မာတရားနှင့်အညီ မဟုတ်ပေ။ လွဲချော်သည့် နည်းလမ်းဖြင့် ပြောဆိုထားခြင်း ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား စစ်မှန်မှု မဟုတ်။ ပြီးလျှင် လူတို့ တွေ့ကြုံသည့် သမ္မာတရား၏ လက်တွေ့ကျသော ဘက်ခြမ်း မဟုတ်ကြပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။