ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက် (အပိုင်း နှစ်)

ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ဝင်ရောက်ခြင်းက သင့်အား ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရန်လည်း တောင်းဆိုသည်။ ပထမဆုံးအနေဖြင့် အဆင့်အတန်းနှင့် စပ်လျဉ်း၍ ပြောဆိုရလျှင် လူတို့သည် အဖန်ဆင်းခံများဖြစ်ပြီး အလွန်နိမ့်ကျကြ၏။ ဘုရားသခင်သည် ဖန်ဆင်းရှင်၊ အမြင့်ဆုံးသောသူ ဖြစ်သည်။ လူသား၏ ဆင်ခြင်တုံတရားနှင့် စပ်လျဉ်း၍ ပြောဆိုရလျှင် ဘုရားသခင်ကို ကြောက်ရွံ့ရန် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ဖို့ လိုအပ်သနည်း။ ဥပမာအားဖြင့် သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး တစ်နည်းဖြင့် ပြုမူဆောင်ရွက်ခြင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည်ဟု သင်ထင်သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သဟဇာတဖြစ်စွာ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို သင် မသိဟု ဆိုပါစို့။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိပါက မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်ထံ ဆုတောင်းရမည်၊ သမ္မာတရားကို ရှာဖွေရမည်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာဖွေရမည်ဖြစ်ပြီး ထို့နောက်တွင် ပြုမူဆောင်ရွက်ရမည်။ လူတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပါက ၎င်းသည် မည်သို့ ပြုမူလိမ့်မည်နည်း။ ၎င်းက “မည်သို့ဆိုစေ ငါ၏ ကြံရွယ်ချက်သည် ကောင်းသောကြောင့် ဤအရာကို ငါ လုပ်ပါက အဆင်ပြေသည်”ဟု တွေးလျက် ၎င်း လုပ်ဆောင်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လိမ့်မည်။ အခြားလူများ အကြံပြုသည့်အရာကို ၎င်းတို့ မလုပ်ဆောင်ကြသကဲ့သို့ အခြားမည်သူ့ကိုမျှ နားမထောင်ကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် စီစဉ်ထားသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆုံးဖြတ်ကြပြီး နွားထီးကိုးကောင်ကပင် ၎င်းတို့ကို ပြန်ဆွဲမထားနိုင်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသော လူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်က ရိုးသားသော လူတို့ကို နှစ်သက်ပြီး ၎င်းတို့ လိမ်ညာ၍မရသည်ကို သိသော်လည်း အချို့သော ကိစ္စတွင် အမှန်တရားကို ၎င်းတို့ ပြောပါက ၎င်းတို့ သိက္ခာကျရလိမ့်မည်ဟုလည်းကောင်း၊ ၎င်းတို့၏ အကျိုးအမြတ် ဆုံးရှုံးလိမ့်မည်ဟုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်းကိုပင် ထိန်းသိမ်း၍ရကောင်းရမည် မဟုတ်ဟုလည်းကောင်း တွေးနေကြသေးသည့် လူအချို့ရှိ၏။ ၎င်းတို့က “တစ်ကြိမ်တစ်ခါ လိမ်ညာခြင်းသည် မည်သည့်သဘောမျှ မသက်ရောက်သကဲ့သို့ ငါ အမြဲ လိမ်ညာနေသည့်အလား မဟုတ်ပါ။ ငါ လိမ်ညာလျှင်ပင် မည်သည့် အကျိုးဆက်မျှ မမြင်ရပါ။ ထို့ကြောင့် နောက်ထပ်တစ်ကြိမ် ငါ လိမ်ညာလျှင် အဆင်ပြေလိမ့်မည်”ဟု တွေးလျက် ချီတုံချတုံ စဉ်းစားကာ လိမ်နေကြဆဲ ဖြစ်သည်။ ယင်းကို ချင့်တွက်ပြီးနောက်တွင် ပြုမူဆောင်ရွက်ရန် ၎င်းတို့ ဆုံးဖြတ်ပြီး မိမိတို့၏ စိတ်နှလုံးတွင် မည်သည့် အပြစ်တင်ခြင်းမျှ မခံစားရသကဲ့သို့ ဆုမတောင်းလိုသည့်အပြင် ဘုရားသခင်၏ စိစစ်မှုကိုလည်း လက်မခံလိုကြချေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသောလူတစ်ဦး ဖြစ်ပါသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသော လူတစ်ဦးရှိပါက ၎င်းသည် မည်သို့ ပြုမူလိမ့်မည်နည်း။ (၎င်းသည် မဆင်မခြင် သို့မဟုတ် တစ်ဇွတ်ထိုး ပြုမူလိမ့်မည်မဟုတ်ပါ။) ဤစကားနှစ်လုံးသည် အတော် သင့်လျော်ပေ၏။ သို့ဆိုလျှင် မဆင်မခြင် မပြုမူခြင်းကိုဖြစ်စေ၊ တစ်ဇွတ်ထိုး မပြုမူခြင်းကိုဖြစ်စေ သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်သနည်း။ (ကျွန်ုပ်တို့သည် ရှာဖွေသည့် စိတ်နှလုံး ရှိသင့်ပါသည်။) ပြဿနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ရသောအခါ လူအချို့သည် အခြားသူများထံမှ အဖြေကို အမှန်တကယ် ရှာဖွေသော်လည်း အခြားလူတစ်ဦးသည် သမ္မာတရားနှင့်အညီ စကားပြောဆိုသည့်အခါ ၎င်းတို့သည် လက်မခံကြချေ၊ ၎င်းတို့ မနာခံနိုင်ကြသကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “သူ့ထက် ငါ ပုံမှန်အားဖြင့် ပိုတော်ပါတယ်။ သူ့ရဲ့ အကြံပြုချက်ကို ငါနားထောင်ရင်၊ ဒီတစ်ခါ သူက ငါ့ထက် ပိုသာသလို ထင်ရလိမ့်မယ် မဟုတ်လား။ မဖြစ်ဘူး၊ ဒီကိစ္စနဲ့ပတ်သက်လို့ သူပြောတာကို ငါ နားမထောင်နိုင်ဘူး။ ငါ ကြိုက်သလို ငါလုပ်မယ်” ဟု တွေးကြသည်။ ထို့နောက် အခြားလူ၏ အမြင်ရှုထောင့်ကို ငြင်းပယ်ရန် အကြောင်းပြချက်နှင့် ဆင်ခြေတစ်ခုကို သူတို့ ရှာကြသည်။ လူတစ်ယောက်သည် လူတို့၏ စိတ်ထဲရှိ သူ၏ ကိုယ်ပိုင်နေရာကို ကာကွယ်ရန်အတွက် သူ့ထက်ပိုသာလွန်သောသူကို မြင်ပြီး ထိုသူအကြောင်း ကောလာဟလများဖြန့်လျက်၊ သို့မဟုတ် ထိုသူကို အပုပ်ချပြီး ထိုသူ၏ ဂုဏ်သတင်းကို လျော့ပါးစေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးချလျက် ထိုသူကို မိမိတို့၏ ခြေဖဝါးအောက်တွင်ပင် နင်းချေလျက် ထိုသူကို ပြိုလဲစေရန် ကြိုးစားသောအခါတွင် ဤသည်မှာ မည်သို့သော စိတ်သဘောထားအမျိုးအစားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း သက်သက်မဟုတ်ပေ။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ မလိုမုန်းထားသော စိတ်သဘောထားဖြစ်သည်။ ဤလူက သူ့ထက်ပိုသာလွန်ပြီး ထက်မြက်သောသူတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နိုင်ခြင်းသည် ဒုက္ခပေးတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သည်။ လူတို့ကို ပြိုလဲအောင်ပြုလုပ်ရန် ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်သည်မှာ ၎င်းတို့ထဲတွင် နတ်ဆိုးဆန်သောသဘာဝ မသေးလှကြောင်းကို ပြသည်။ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်လျက် ၎င်းတို့သည် လူတို့ကို သေးသိမ်စေရန်၊ ချောက်ချရန်၊ လူတို့အတွက် အခက်အခဲဖြစ်စေရန် လုပ်ဆောင်တတ်ကြသည်။ ဤသည်မှာ မကောင်းမှုလုပ်ဆောင်ခြင်း မဟုတ်လော။ ဤသို့အသက်ရှင်လျက်ဖြင့် ၎င်းတို့ အဆင်ပြေသည်၊ လူကောင်းဖြစ်သည်ဟု ထင်ကြဆဲဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့ထက် ပိုတော်သောသူကို မြင်သောအခါ ၎င်းတို့သည် ထိုသူတို့ကို အခက်အခဲဖြစ်စေရန်၊ ထိုသူတို့ကို အားလုံး နင်းချေပစ်ရန် လုပ်ဆောင်တတ်ကြသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ထိုသို့ ဒုစရိုက်အမှုများကို ကျူးလွန်နိုင်စွမ်း ရှိသည့်လူများသည် မသမာသကဲ့သို့ ဇွတ်တရွတ်နိုင်သည် မဟုတ်လော။ ထိုသို့သော လူများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ တွေးတောသည်၊ မိမိတို့၏ ကိုယ်ပိုင်ခံစားချက်များကို ဆင်ခြင်စဉ်းစားပြီး ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိုအင်များ၊ ရည်မှန်းချက်များနှင့် ပန်းတိုင်များကို စွမ်း‌ဆောင်ရရှိဖို့ကိုသာ အလိုရှိကြသည်။ အသင်းတော်၏အလုပ်အပေါ် ၎င်းတို့က မည်မျှ ထိခိုက်နစ်နာစေသည်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် လူတို့စိတ်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ပို၍ နှစ်သက်ကြသည်။ ဤသို့သောလူတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ဟုထင်မြင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမရှိသလော။ ဤသို့သောသူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ဟု ထင်မြင်ရုံသာမက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားပေ။ ဤသို့သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ ဤအတွက်ကြောင့် ၎င်းတို့က အပြစ်ကို သိမြင်စိတ် လုံးဝမရှိဘဲ၊ စိုးရိမ်ပူပန်ခြင်း လုံးဝမရှိဘဲ၊ ထိတ်လန့်ခြင်း၊ သို့မဟုတ် စိတ်ပူခြင်းလုံးဝ မရှိဘဲ လက်လွတ်စပယ် လုပ်ဆောင်ကာ အလိုရှိသလို ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ သက်သက်သာသာ ပြောရမည်ဆိုလျှင် ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားကြပြီး မသိမသာ ဒုက္ခပေးတတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင် ပြဿနာ၏ အနှစ်သာရမှာ ထိုသို့သော လူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိကြခြင်းဖြစ်သည်။ ဘုရားသခင်ကို သူတို့ မကြောက်ပေ၊ မိမိတို့ကိုယ်ကို အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး မိမိတို့၏ ရှိသမျှအရာအားလုံးကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဘဲ အရေးမပါဖြစ်ကာ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်စက်မျှ မရှိချေ။ မိမိတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားအင်အတော်များများ အသုံးပြုကြကာ ပျော်ရွှင်မြူးထူးစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ စည်းမျဉ်းနှင့် ရည်ရွယ်ချက်တို့မှာ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက်၊ ၎င်းတို့၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ မည်သည့် လူစားမျိုးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့်တိုင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိရသနည်း။ ၎င်းတို့သည် မာနထောင်လွှားခြင်း မရှိသလော။ ၎င်းတို့သည် စာတန်များ မဟုတ်သလော။ မည်ကဲ့သို့သော အရာများသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိဆုံး ဖြစ်သနည်း။ သားရဲတိရစ္ဆာန်များမှလွဲ၍ ဆိုးယုတ်သူများနှင့် အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စာတန်၏ အမျိုးများ ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးလုံးလျားလျား ကင်းမဲ့ကြပေသည်။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ ရန်သူများဖြစ်သည်။

သင်တို့၏ နေ့စဉ်အသက်တာများတွင် မည်သည့် ကိစ္စရပ်များ၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသနည်း။ မည်သည့် ကိစ္စရပ်များတွင် မရှိသနည်း။ တစ်စုံတစ်ဦးသည် သင့်ကို စိတ်အနှောင့်အယှက်ပေးသည့်အခါ၊ သို့မဟုတ် သင်၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါ သင်သည် ၎င်းကို မုန်းတီးနိုင်သလော။ တစ်စုံတစ်ဦးကို သင် မုန်းသည့်အခါ ၎င်းတို့ကို သင် အပြစ်ပေးပြီး လက်စားချေနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သင်သည် အတော်လန့်စရာဖြစ်၏။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသကဲ့သို့ မကောင်းသည့်အရာများကို လုပ်ဆောင်နိုင်ပါက သင်၏ ဤရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် အလွန် ပြင်းထန်လွန်းလှပေသည်။ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့မှာ ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သော်လည်း သင် ချစ်သည့်အရာနှင့် မုန်းသည့်အရာများကြား ရှင်းရှင်းလင်းလင်း သင် ခွဲခြားရပေမည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်သင့်သည်၊ သမ္မာတရားကို ချစ်သင့်သည်၊ အပြုသဘောဆောင်သည့် အရာများကို ချစ်သင့်ပြီး သင်၏ ညီအစ်ကို မောင်နှမများကို ချစ်သင့်သည်၊ စာတန်နှင့် နတ်ဆိုးများကိုမူ သင် မုန်းသင့်သည်၊ အပျက်သဘောဆောင်သော အရာများကို သင် မုန်းသင့်သည်၊ အန္တိခရစ်များကို မုန်းသင့်ပြီး ဆိုးယုတ်သော လူတို့ကို မုန်းသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများအပေါ် အမုန်းတရားဖြင့် ဖိနှိပ်ကာ လက်စားချေနိုင်စွမ်းရှိပါက ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ဖြစ်လိမ့်မည်။ ယင်းသည် ဆိုးယုတ်သောသူတစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ လူအချို့မှာ ရိုးရှင်းစွာပင် မုန်းတီးသော အတွေးများ၊ စိတ်ကူးများ၊ ဆိုးယုတ်သော စိတ်ကူးများရှိကြသည်။ သို့သော် မည်သည့်ဆိုးယုတ်သောအရာကိုမျှ လုံးဝ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ကြပြီး မိမိတို့ ပြုမူနေထိုင်ပုံနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပုံတွင် စည်းမျဉ်းများကို အာရုံစိုက်ကြသောကြောင့် ဤလူများသည် ဆိုးယုတ်သော လူများ မဟုတ်ကြပေ။ အခြားသူများနှင့် ဆက်ဆံကြသည့်အခါ ၎င်းတို့သည် မိမိတို့ တောင်းဆိုသင့်သည်ထက် ထိုသူများအပေါ် သာ၍ မတောင်းဆိုကြချေ။ ၎င်းတို့သည် လူတစ်ဦးနှင့် အဆင်ပြေလျှင် ထိုသူနှင့် ဆက်လက်ဆက်ဆံကြလိမ့်မည်ဖြစ်ပြီး အဆင်မပြေပါက ၎င်းတို့ ဆက်ဆံကြမည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု သို့မဟုတ် မိမိတို့၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်မှု မရှိသလောက်ဖြစ်၏။ ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်ရှိပြီး ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားရန် လိုလားနေခြင်းမရှိကြသကဲ့သို့ ထိုသို့ လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤလူတို့သည် မမှန်ကန်သော အတွေးနှင့် အယူအဆအချို့ထားရှိနိုင်သော်လည်း ယင်းတို့ကို ပုန်ကန်နိုင်ပြီး စွန့်ပစ်နိုင်သည်။ ၎င်းတို့၏ လုပ်ရပ်များတွင် အကန့်အသတ်ရှိကြသကဲ့သို့ လွန်ကျူးသော သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် စကားတစ်လုံးမျှ မမြွက်ဆိုကြချေ။ ဤသို့ ပြောဆိုပြုမူသောသူသည် စည်းမျဉ်းရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူဖြစ်သည်။ သင်၏ ပင်ကိုစရိုက်သည် အခြားလူတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း ၎င်းတို့နှင့်အတူ သင် အလုပ်လုပ်သည့်အခါ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် တာဝန်အပေါ်၌ ဒေါသပုံချမည် မဟုတ်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် မဲမည်မဟုတ်ပေ။ သင်သည် အရေးကိစ္စများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်သည်။ ဤသည်မှာ မည်သည့်အရာကို ပြသခြင်းဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အခြေခံရှိခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် ထိုထက်အနည်းငယ်ပို၍ ရှိလျှင် အခြားတစ်စုံတစ်ဦးသည် ချို့ယွင်းချက်များ သို့မဟုတ် အားနည်းချက်အချို့ရှိသည်ကို သင်မြင်သောအခါ ထိုသူသည် သင့်ကို မကျေမနပ်ဖြစ်စေလျှင်ပင်၊ သို့မဟုတ် သင့်အပေါ် အမြင်စောင်းလျှင်ပင် ထိုသူကို မှန်မှန်ကန်ကန် ဆက်ဆံပြီး ချစ်ခင်စွာ ကူညီရန် သင်တတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သင်၌ ချစ်ခြင်းရှိသည်၊ သင်သည် လူ့သဘာဝကိုပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်သည်၊ သင်သည် ကြင်နာပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူဖြစ်သည်၊ သမ္မာတရား လက်တွေ့ကျမှုများကို ပိုင်ဆိုင်သော ရိုးသားသူတစ်ယောက်ဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသူဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသေးသော်လည်း အလိုဆန္ဒရှိပြီး သမ္မာတရားအတွက် ကြိုးပမ်းဖို့နှင့် အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် ကြိုးပမ်းဖို့ လိုလားကာ သင်သည် စည်းမျဉ်းနှင့်အညီ ကျင့်ကြံပြုမူကာ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပြီး သူတစ်ပါးတို့အပေါ် ဆက်ဆံနိုင်လျှင် ဤသည်မှာလည်း ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိခြင်းအဖြစ် အကျုံးဝင်သည်။ ဤသည်မှာ အခြေခံအကျဆုံးဖြစ်သည်။ သင်သည် ဤအရာကို မစွမ်းဆောင်မရရှိနိုင်ဘဲ သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပါက သင်သည် ကြီးစွာသော အန္တရာယ်ရှိနေပြီး အတော်ကြောက်ဖို့ကောင်းနေသည်။ သင့်ကို ရာထူးတစ်ခုပေးအပ်ပါက သင်သည် လူများကို အပြစ်ပေးပြီး ၎င်းတို့အကျပ်ရိုက်အောင် လုပ်နိုင်သည်။ ထို့နောက်တွင် သင်သည် အချိန်မရွေး အန္တိခရစ်တစ်ဦးဖြစ်သွားနိုင်ဖွယ် ရှိလိမ့်မည်။ လူတစ်ဦးသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ မည်သို့ ယုံကြည်ကြသည်ဖြစ်စေ၊ မည်သည့် လမ်းကြောင်းကို လျှောက်ကြသည်ဖြစ်စေ အနည်းဆုံး နှစ်ကာလများအတွင်းတွင် ၎င်းတို့ ထုတ်ဖော်ပြခံရလိမ့်မည်။ သင်သည် ၎င်းတို့ကို စည်းမျဉ်းနှင့်ညီသည့်နည်းလမ်းဖြင့် ဆက်ဆံရမည်။ ၎င်းတို့၏ ရလဒ်က မည်သည့်အရာ ဖြစ်နိုင်ပါစေ၊ ၎င်းတို့သည် အပြစ်ပေးခံရသင့်သည်ဖြစ်စေ၊ သို့မဟုတ် ဆုချီးမြှင့်ခံရသင့်သည်ဖြစ်စေ၊ ယင်းမှာ ဘုရားသခင်အတွက် အရေးကိစ္စတစ်ခု ဖြစ်သည်။ သင်သည် ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ပိုင်းခြားသိမြင်ပြီး ဆက်ဆံနိုင်သရွေ့ အဆင်ပြေလိမ့်မည်။ မည်သူကို သင် ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ ထိုသို့သော လူများ မည်သည့် ရလဒ်မျိုးကို ရှိလိမ့်မည်ကို ဘုရားသခင် မဆုံးဖြတ်သေးသရွေ့ ၎င်းတို့ကို အသင်းတော်က မနှင်ထုတ်သေးသကဲ့သို့ ၎င်းတို့ကို အပြစ်မပေးသေးသရွေ့၊ ပြီးလျှင် ၎င်းတို့ ကယ်တင်ခြင်းခံရသရွေ့ သင်သည် ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် စိတ်ရှည်စွာ ကူညီသင့်ပေသည်။ ထိုသို့သော လူတို့၏ ရလဒ်ကို သင် မဆုံးဖြတ်သင့်သကဲ့သို့ ၎င်းတို့ကို အပြစ်ပေးဖို့ရန် လူ့နည်းလမ်းများကို သင် အသုံးမပြုသင့်ပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ခြင်းများ ရှိလျှင် ထိုသို့သော လူတို့ကို သင် ပြုပြင်နိုင်သည် သို့မဟုတ် ၎င်းတို့ကို ကူညီဖို့ရန် သင်၏ စိတ်နှလုံးကို ရိုးသားစွာ ဖွင့်ပြီး မိတ်သဟာယဖွဲ့ခြင်းဖြင့် ပါဝင်ပေးနိုင်သည်။ သို့သော် ဤလူတို့ကို အပြစ်ပေးခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် အမှုဆင်ခြင်း၊ ကောင်းကင်ဘုံ နာမဖြင့် အမှားကို အမှန်လုပ်ရန် ကြိုးစားခြင်းတို့ကို သင် စဉ်းစားပါက သင် ဒုက္ခရောက်လိမ့်မည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်လော။ ထိုသို့သော အတွေးများရှိခြင်းသည် တဇောက်ကန်းဖြစ်ခြင်းမှ ဖြစ်ပေါ်ပေသည်။ ထိုသို့သော အတွေးများသည် စာတန်ထံမှ လာပြီး လူသား၏ မကျေမချမ်းဖြစ်မှုအပြင် လူသား၏ မနာလိုခြင်းနှင့် စက်ဆုပ်ခြင်းတို့မှ ပေါ်ပေါက်၏။ ထိုသို့သော အပြုအမူသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤသည်မှာ သင့်ကို ဒဏ်ခတ်ခံစေရမည့် အရာတစ်ခုဖြစ်ပြီး သင် ထိုအရာကို မလုပ်ရ။ လူများသည် သင်တို့၏ အကြိုက်မဟုတ်ကြသောကြောင့် သို့မဟုတ် ၎င်းတို့က သင်နှင့် အဆင်မပြေကြသောကြောင့် ၎င်းတို့ကို အပြစ်ပေးဖို့ နည်းလမ်းများစွာ သင်တို့ အကြံထုတ်နိုင်စွမ်း ရှိကြသလော။ ထိုသို့သော အရာမျိုးကို ယခင်က သင်တို့ လုပ်ဆောင်ဖူးကြပါသလော။ ထိုအရာ မည်မျှ သင်တို့ လုပ်ဆောင်ပြီးကြပြီနည်း။ သင်တို့သည် လူတို့ကို အမြဲ သွယ်ဝိုက်၍ သိမ်ငယ်နေစေခဲ့သည်၊ ထိခိုက်နာကြည်းစေသော ဝေဖန်ချက်များ ပြုလုပ်နေခဲ့ပြီး ၎င်းတို့ကို ထေ့ငေါ့နေခဲ့ကြသည် မဟုတ်လော။ ထိုသို့သော အရာများကို လုပ်ဆောင်နေခဲ့ချိန်တွင် သင်တို့သည် မည်သည့်အခြေအနေများတွင် ရှိခဲ့ကြသနည်း။ ထိုအချိန်တွင် သင်တို့သည် မကျေနပ်ချက် ဖွင့်ပြောနေခဲ့ကြပြီး ပျော်ရွှင်ခဲ့ကြပေသည်။ သင်တို့ အသာစီးရထားခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် သင်တို့က “လွန်စွာစက်ဆုပ်ဖွယ် အရာတစ်ခုကို ငါ လုပ်ဆောင်ခဲ့သည်။ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသကဲ့သို့ ထိုလူကို အလွန် မတရား ငါ ဆက်ဆံမိလေပြီ” ဟု မိမိတို့ကိုယ်ကို တွေးခဲ့သည်။ စိတ်ထဲတွင် အပြစ်ရှိခြင်းကို သင် ခံစားခဲ့ရပါသလော။ (ခံစားရပါသည်။) သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသော်လည်း သင်တို့သည် အနည်းဆုံးအနေဖြင့် အသိတရား ခံစားချက်တစ်စုံတစ်ရာ ရှိလေသည်။ ထို့ကြောင့် သင်သည် အနာဂတ်တွင် ဤအရာမျိုးကို တစ်ဖန် လုပ်ဆောင်နိုင်စွမ်း ရှိသေးသလော။ ၎င်းတို့ကို သင် အထင်သေးသည့်အခါတိုင်းနှင့် ၎င်းတို့နှင့် အဆင်မပြေသည့်အခါတိုင်း၊ သို့မဟုတ် သင့်ကို ၎င်းတို့ မနာခံသည့်အခါတိုင်း သို့မဟုတ် နားမထောင်သည့်အခါတိုင်းတွင် ၎င်းတို့ကို တိုက်ခိုက်ပြီး လက်တုံ့ပြန်နိုင်သေးသလော။ ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်သော လူတစ်ဦးသည် မည်သည့် လူ့သဘာဝမျိုးကို ပိုင်ဆိုင်သနည်း။ ၎င်းတို့၏ လူ့သဘာဝအရ ၎င်းတို့သည် မလိုမုန်းထားကြပေသည်။ သမ္မာတရားနှင့်ယှဉ်၍ တိုင်းတာပါက၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိပေ။ ၎င်းတို့၏စကားနှင့် လုပ်ရပ်များတွင် စည်းမျဉ်းများ လုံးဝ မရှိကြပေ။ ၎င်းတို့သည် နှစ်သက်သည့် မည်သည့်အရာကိုမဆို ပြောဆိုကာ လုပ်ဆောင်လျက် လက်လွတ်စပယ် ပြုမူကြသည်။ ထိုသို့သော လူများသည် သမ္မာတရား လက်တွေ့ကျမှုများ ရှိကြသလော။ လုံးဝမရှိပေ။ အဖြေမှာ ရာနှုန်းပြည့်ပင် “မဟုတ်” ဟု ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသော လူတစ်ဦးသည် အမှန်တကယ် သူ့ကို ကျိုးနွံနာခံကာ ကိုးကွယ်နိုင်သလော။ လုံးဝ မကိုးကွယ်နိုင်ပေ။

လူအချို့က “ကပ်ဘေးများ ရောက်လာသည်ကို ကျွန်ုပ် မြင်သည့်အခါ ဘုရားသခင်ထံ ကျွန်ုပ် မကြာခဏ ဆုတောင်းသည်၊ မည်သည့်အချိန်တွင်မျှ ဘုရားသခင်ကို ကျွန်ုပ် မစွန့်ဝံ့သလို ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုတို့ကို ကျွန်ုပ် တောင်းလျှောက်ပါသည်။ ညတွင် လမ်း၌ တစ်ကိုယ်တည်း လျှောက်နေစဉ် သို့မဟုတ် ကျွန်ုပ်အပေါ် ဘေးအန္တရာယ် ရောက်လာသည့်အခါ ဘုရားသခင်အပေါ် ကျွန်ုပ် အမြဲ မှီခိုပါသည်၊ သူ့ကို ကျွန်ုပ် မစွန့်ခွာဝံ့သလို ကျွန်ုပ်ကို ကူညီမစဖို့ သူ့ကို အမြဲ တောင်းလျှောက်ပါသည်။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်သောအခါ ဝတ်ကျေတမ်းကျေ မဖြစ်စေမည့်အရေးနှင့် ကိုယ်တော် ထိန်းချုပ်စေမည့်အရေးအတွက် ကျွန်ုပ်ကို မကြာခဏ ဆုံးမပဲ့ပြင်တော်မူပါဟု မိမိ၏စိတ်နှလုံးထဲ၌ ဘုရားသခင်ထံသို့ အစဉ်မပြတ် ဆုတောင်းပြီး တောင်းလျှောက်သည်။ သို့မဟုတ်ပါက ကျွန်ုပ်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိသကဲ့သို့ အဘယ်အရာမျှလည်း မဟုတ်ပေ”ဟု ပြောကြသည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောလူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်အပေါ် မှီခိုရန်မှာ အမှားတစ်ခု ဖြစ်သလော။ ဘုရားသခင်ကို ကွယ်ကာခြင်းအတွက် တောင်းလျှောက်ခြင်းသည် အမှားတစ်ခု ဖြစ်သလော။ ဤနေရာတွင် ပြောဆိုထားသည့် စကားလုံးများသည် မမှားသော်လည်း ဤအခြေအနေမျိုးသည် မူမမှန်ပေ။ ယင်းမှာ သင်သည် မိမိကိုယ်ကို ထောက်ပံ့ရန် မည်သည့်အရာမျှမရှိသကဲ့သို့ သွားမည့်နေရာ မည်သည့်နေရာမျှ မရှိသောကြောင့်သာ ဘုရားသခင်ကို သင် ရှာဖွေသည်ဟု ဆိုလိုပေသည်။ သင်သည် ထိုကိစ္စရပ်တွင် မဖြစ်မနေလုပ်ရပြီး ရွေးချယ်စရာမရှိသကဲ့သို့ သင်၏ ရည်မှန်းချက်များကို ပြီးမြောက်ရန်အလို့ငှာ သင့်အတွက် အမှုအရာများကို လုပ်ဆောင်ပေးဖို့ ဘုရားသခင်ကို သင် အသုံးပြုလိုပေသည်။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဖြစ်သလော။ သင်သည် မည်သည့်ပြဿနာများမျှ မရှိသည်နှင့် ဘုရားသခင်နှင့် ပတ်သက်၍ သင်သည် လုံးဝ မေ့လျော့နှင့်ပြီး ဖြစ်ပေလိမ့်မည်။ သင် အပျော်ရွှင်ဆုံးဖြစ်သည့်အခါ၊ အောင်မြင်မှုဖြင့် အားမာန်ပြည့်သည့်အခါ၊ သင်၏ အခြေအနေသည် အခြားလူတိုင်းထက် မြင့်နေသဖြင့် သင့်ကို မြှောက်ပင့်ကာ ကြည်ညိုကြသည့်အခါ ထိုအခါတွင်လည်း ဘုရားသခင်အပေါ် သင် မမှီခိုသည်မှာ အဘယ်သို့ဖြစ်သနည်း။ ဘုရားသခင်၏ စိစစ်ခြင်းကို သင် လက်မခံသည်မှာ သို့မဟုတ် သူ၏ လမ်းပြမှုကို သင် မရှာဖွေသည်မှာ အဘယ်သို့နည်း။ သင် လုပ်ဆောင်သမျှသည် သူ၏ ရည်မှန်းချက်နှင့် အညီဖြစ်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင်ထံ သင် မမေးမြန်းသည်မှာ အဘယ်သို့ ဖြစ်သနည်း။ မကောင်းမှုကို သင် လုပ်ဆောင်သည့်အခါ၊ သင့်ကိုယ်သင် ချီးမြှောက်ပြီး သက်သေခံသည့်အခါ ဤအရာသည် သူ၏ ရည်မှန်းချက်နှင့် အညီဖြစ်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင်အား သင် အဘယ်သို့ မမေးမြန်းသနည်း။ သင့်ကိုယ်သင် ချုပ်ထိန်းရန် အဘယ်သို့ မိမိကိုယ်ကို ပြန်လည်မသုံးသပ်သကဲ့သို့ ဘုရားသခင်အပေါ် မမှီခိုရသနည်း။ ဤသည်မှာ မည်သည့် ပြဿနာမျိုးဖြစ်သနည်း။ ဤအခြေအနေအားလုံးကို အဘယ်သို့ ခေါ်ဆိုသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိခြင်း ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသော လူတစ်ဦးသည် မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ၎င်းသည် လူကောင်းတစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ကြသလော။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ကြသလော။ (မဝင်ရောက်နိုင်ကြပါ။) ၎င်းတို့ အမှန်တကယ် မဝင်ရောက်နိုင်ကြပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲနှင့် ၎င်းတို့ ဆန္ဒရှိလျှင်ပင် မိမိတို့ တာဝန်ကို လုံးဝ ကောင်းစွာ မလုပ်ဆောင်နိုင်သကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင် သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိဘဲနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလွယ်ကူပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုလျှင် ဧကန်မုချ အခက်အခဲများနှင့် အနှောင့်အယှက်များ အလွန်များမည်ဖြစ်ပြီး သမ္မာတရားကို ၎င်းတို့ အောင်မြင်စွာ လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ယခုပင် သင်သည် အချိန်ခဏကြာ မိမိစိတ်နှလုံးကို ငြိမ်သက်စေပြီး စဉ်းစားရမည်။ သင်တို့၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုအရ သင်တို့အများစုသည် စကားလုံးများနှင့် အယူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကိုသာ သဘောပေါက်ကြသည့်အပြင် တစ်ကိုယ်ရေ စိတ်ဆန္ဒများ၊ စံထားရာများနှင့် စိတ်ထက်သန်မှုတို့ကို ပိုင်ဆိုင်ကြသောကြောင့် လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ မိမိတို့တာဝန်ကို ထမ်းဆောင်ရန်မှာ သင်တို့အတွက် အလွန်ခက်ခဲဆဲဖြစ်သည်။ သို့ရာတွင် သင်တို့၏ စမှတ်နှင့် လက်တွေ့လုပ်ဆောင်မှု စံနှုန်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အခြေခံအုတ်မြစ်အပေါ်တွင် ထူထောင်ထားခြင်းမရှိပေ။ သင်တို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ အမှန်တကယ် မဝင်ရောက်ကြသေးပေ။ သင်တို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ ပုံသေစောင့်ထိန်းနေကြ၏။ သမ္မာတရားကို မလိုက်စားပါက အနာဂတ်တွင် သင်တို့အတွက် အလွန် အန္တရာယ်များလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိပါက အနှေးနှင့် အမြန် သင် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ လူတစ်ဦးသည် အမှန်တကယ် ယုံကြည်ခြင်း ရှိမရှိ၊ သို့မဟုတ် မှားယွင်းစွာ ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို နှစ်ကာလများဖြင့် ချင့်တွက်ရသည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို နှစ်များစွာ၊ အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်ရုံဖြင့် သင် အမှန်တကယ် ယုံကြည်ကြောင်းနှင့် ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည်ဟု မဆိုလိုပေ။ အဆုံးသတ်တွင် ဘုရားသခင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိသောလူတို့ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ သူသည် ၎င်းတို့ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။ ဤအရာကို သင်တို့ နားလည်သင့်၏။

ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် စတင်ရန်အလို့ငှာ ပြည့်မီရမည့် သတ်မှတ်ချက်လေးခုနှင့် ပတ်သက်၍ ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့ကြသည်။ သို့ရာတွင် အားလုံးတွင် အရေးအပါဆုံးဖြစ်ပြီး သင်တို့ မကြာခဏ ပြောဆိုကြသည့် တစ်စုံတစ်ရာလည်းဖြစ်သော၊ နောက်ထပ်တစ်ခု၊ နောက်ဆုံး သတ်မှတ်ချက်တစ်ခု ရှိ၏။ ထိုအရာက မည်သည့်အရာဖြစ်မည်ဆိုသည်ကို တစ်ခဏမျှ တွေးဆကြည့်လော့။ (ဘုရားသခင်ကို ချစ်ရန်ဖြစ်ပါသည်။) ယခုတွင်မူ ဘုရားသခင်ကို ချစ်ခြင်းသည် လူအများစု အလွန်စံမမီသဖြင့် ယင်းကို ငါတို့ ထည့်သွင်းစဉ်းစားမည် မဟုတ်။ လူတို့ အမှန်တကယ် လျော်ညီအောင်နေနိုင်ကြသည့် သမ္မာတရားတစ်ခု ပါဝင်သော ပိုမို လက်တွေ့ကျပြီး စစ်မှန်သည့် အရာတစ်ခုကို ငါတို့ ထည့်သွင်းစဉ်းစားကြစို့။ (ဘုရားသခင်ကို ကျိုးနွံနာခံရန် ဖြစ်ပါသည်။) မှန်ပေ၏။ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိခြင်း ဖြစ်သည်။ အချိန်အများစုတွင် လူတို့အပေါ် အမှုအရာများ ကျရောက်သည့်အခါ မှန်ကန်သည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ၎င်းတို့ မသိကြသကဲ့သို့ မည်သည့် ဦးတည်ချက်ဆီသို့ မျက်နှာမူရမည် သို့မဟုတ် မည်သည့် ရည်မှန်းချက်အတွက် အလုပ်လုပ်ရမည်ဆိုသည်ကို ၎င်းတို့ မသိကြချေ။ သို့ရာတွင် ၎င်းတို့၏ သဘောထားနှင့် အခြေအနေတို့နှင့်ပတ်သက်၍ ဤနေရာတွင် ပြဿနာတစ်ခု ရှိ၏။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိရမည်ဖြစ်သည်။ ဤအရာမှာ လူတို့ ပိုင်ဆိုင်ရန် အလိုအပ်ဆုံးသော အရာဖြစ်သည်။ ဥပမာအားဖြင့် သင့်ထံ တစ်စုံတစ်ရာဖြစ်ပျက်ပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် မသိသကဲ့သို့ အခြားတစ်ဦးတလေက မည်သည့်အရာလုပ်ဆောင်ရန် ပြောသည်ကို သင် မကြားရဟု ဆိုပါစို့။ ဤကိစ္စရပ်သည် သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီကောင်း ကိုက်ညီမည်မဟုတ်သကဲ့သို့ အမှန်တကယ် သင်၏ အကြိုက် ဖြစ်ကောင်းဖြစ်မည်မဟုတ်။ ထို့ကြောင့် သင်၏ စိတ်နှလုံးတွင် အတိုက်အခံတစ်ခုခု ရှိပြီး အနည်းငယ် သင် စိတ်မချမ်းမသာဖြစ်မိ၏။ ထို့ကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ လက်တွေ့လုပ်ဆောင်ရန် အရိုးရှင်းဆုံးသောနည်းလမ်းတစ်ခု ရှိ၏၊ ယင်းမှာ ပထမဦးစွာ ကျိုးနွံနာခံတတ်ရန် ဖြစ်သည်။ ကျိုးနွံနာခံခြင်းသည် အပြင်ပန်း လုပ်ရပ်တစ်ခု သို့မဟုတ် ပြောဆိုချက်တစ်ခု မဟုတ်သကဲ့သို့ နှုတ်အားဖြင့် ပြောဆိုချက်မဟုတ်၊ ထိုအတွင်းတွင် တည်ရှိသည့် အခြေအနေတစ်ခု ရှိသည်။ ဤသည်မှာ သင့်အဖို့ အကျွမ်းမဝင်မဖြစ်သင့်ပေ။ သင်၏ ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံအရ၊ လူတို့သည် အမှန်တကယ် ကျိုးနွံနာခံကြသည့်အခါ မည်သို့ ပြောဆို၊ ပြုမူပြီး စဉ်းစားကာ မည်သည့် အခြေအနေနှင့် သဘောထား ၎င်းတို့ ရှိကြသည်ဟု သင်တို့ တွေးထင်ပါသနည်း။ (သူတို့ နားမလည်ကြသေးသည့် အရာများနှင့် ပတ်သက်၍ သူတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဦးစွာ ဘေးဖယ်ထားကြသည်။ သူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေကြသည်။ ရှာဖွေပြီးနောက် သူတို့ နားမလည်ကြသေးပါက ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းရန် သူတို့ သင်ယူကြပါသည်။) ယင်းမှာ ထိုအရာ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့သည် ပြုပြင်ခံရသည့်အခါ ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိကြ၊ သို့မဟုတ် မိမိတို့ကိုယ်ကို ခုခံပြောဆိုရန် ကြိုးစားခြင်း မရှိပါ။) ဤသည်မှာ ဤအခြေအနေ၏ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ လူအချို့သည် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိကြ၊ သို့မဟုတ် သင်၏ မျက်နှာစေ့စေ့ကြည့်ပြီး မိမိတို့ကိုယ်ကို ခုခံပြောဆိုခြင်း မရှိကြသော်လည်း စောဒကတက်မှုများနှင့် မကျေနပ်ချက်များ အပြည့်ဖြစ်ကြ၏။ ၎င်းတို့သည် ထိုအရာကို သင်တို့ မျက်စိရှေ့တွင် မပြောကြသော်လည်း နေရာအနှံ့တွင် ဖြန့်လျက် သင်၏ ကွယ်ရာတွင် အမှုမဲ့အမှတ်မဲ့ ပြောဆိုကြသည်။ ဤသည်မှာ ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ထို့ကြောင့် မည်သည့်အရာသည် ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ဖြစ်သနည်း။ ပထမဦးစွာ သင်သည် အပြုသဘောဆောင်သော သဘောထားတစ်ခု ရှိရမည်။ သင် ပြုပြင်ခံရသည့်အခါ ဦးစွာပထမတွင် အမှန်နှင့် အမှားကို မစိစစ်နှင့်။ ထိုအရာကို ကျိုးနွံနာခံတတ်သော စိတ်နှလုံးဖြင့်သာ လက်ခံလော့။ ဥပမာအနေဖြင့် သင် တစ်စုံတစ်ရာကို တလွဲလုပ်မိခဲ့သည်ဟု တစ်စုံတစ်ဦးက ပြောကောင်းပြောမည်။ သင်၏ စိတ်နှလုံးတွင် နားမလည်သကဲ့သို့ မည်သည့်အရာ သင် တလွဲလုပ်မိခဲ့သည်ကို မသိသော်လည်း ထိုအရာကို သင် လက်ခံ၏။ လက်ခံခြင်းသည် အဓိကအားဖြင့် အပြုသဘောဆောင်သော သဘောထားတစ်ခု ဖြစ်သည်။ ထို့အပြင် အနည်းငယ် သာ၍ အပျက်သဘောဆောင်သည့်၊ နှုတ်ဆိတ်မှုကို ထိန်းသိမ်းရန်နှင့် မည်သည့် အတိုက်အခံမျှ မလုပ်သည့် သဘောထားတစ်ခု ရှိ၏။ ဤအရာက မည်သည့် အပြုအမူများကို ဖြစ်ပေါ်စေသနည်း။ သင်သည် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိ၊ မိမိကိုယ်ကို ခုခံပြောဆိုခြင်း သို့မဟုတ် မိမိအတွက် ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများ မပေးပေ။ သင်သည် မိမိအတွက် ဆင်ခြေများ အမြဲ ပေးပြီး အကြောင်းပြချက်များ ပေးကာ တာဝန်ကို အခြားလူများအပေါ် ထိုးပေးပါက၊ ယင်းမှာ အတိုက်အခံလုပ်ခြင်း မဟုတ်သလော။ ယင်းသည် ပုန်ကန်တတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်သည် မငြင်းပယ်သင့်၊ အတိုက်အခံ မလုပ်သင့်၊ သို့မဟုတ် ကျိုးကြောင်းပြ ငြင်းခုံခြင်း မရှိသင့်ပေ။ သင်၏ ကျိုးကြောင်းပြပြောဆိုခြင်းက ခိုင်လုံလျှင်ပင် ယင်းမှာ သမ္မာတရား ဖြစ်သလော။ ထိုအရာမှာ လူ၏ ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများ ဖြစ်သည်၊ သမ္မာတရား မဟုတ်ပေ။ ယခုတွင် ငါသည် အမှုအရာများ အဘယ်ကြောင့် ဖြစ်ပျက်သည်၊ သို့မဟုတ် ယင်းက မည်သို့ ဖြစ်ပေါ်လာသည်ဟူသည့် ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများနှင့်ပတ်သက်၍ ငါ မေးနေခြင်း မဟုတ်။ ထိုအစား သင့်လုပ်ရပ်များ၏ သဘာဝသည် သမ္မာတရားနှင့် မကိုက်ညီဟု ငါ ပြောနေခြင်း ဖြစ်သည်။ ဤအဆင့်နှင့်ပတ်သက်၍ သင်သည် အသိပညာရှိပါက အမှန်တကယ် လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး အတိုက်အခံလုပ်လိမ့်မည် မဟုတ်ပေ။ ပထမဦးစွာ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ ကျိုးနွံနာခံတတ်သော သဘောထား တစ်ခုရှိခြင်းသည် အဓိကသော့ချက်ဖြစ်၏။ ပြုပြင်ခြင်းကို ရင်ဆိုင်ရပြီးနောက် အမြဲ ကျိုးကြောင်းပြ ငြင်းခုံပြီး မိမိတို့ကိုယ်ကို ခုခံပြောဆိုသော လူအချို့ရှိ၏။ “ဤအရာအတွက် အပြစ်တင်ခံရမည့်သူမှာ ကျွန်ုပ်တစ်ဦးတည်း မဟုတ်ပါ။ ထို့ကြောင့် တာဝန်ကို အဘယ်သို့ ကျွန်ုပ်၏ ခေါင်းပေါ် တွန်းတင်ရပါသနည်း။ မည်သူကမျှ ကျွန်ုပ်ကိုယ်စား အဘယ်ကြောင့် စကားမပြောပေးသနည်း။ ဤအရာအတွက် အဘယ်ကြောင့် ကျွန်ုပ်သည် တစ်ဦးတည်း တာဝန်ယူနေရသနည်း။ ဤသည်မှာ ‘လူတိုင်း အကျိုးကျေးဇူးများ ခံစားရသော်လည်း လူတစ်ဦးတည်းသာ အပြစ်တင်ခံရသည်။’ ဟူသည့် အခြေအနေမျိုးတစ်ခု အမှန်တကယ် ဖြစ်ပါသည်။ ကျွန်ုပ်သည် အလွန် ကံမကောင်းပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်ခံစားချက်မျိုး ဖြစ်သနည်း။ ဤသည်မှာ အတိုက်အခံပြုခြင်း ဖြစ်၏။ အပြင်ပန်းတွင် ၎င်းတို့သည် မိမိတို့၏ခေါင်းကို ညိတ်ပြီး မိမိတို့အမှားကို ဝန်ခံကြကာ မိမိတို့၏စကားများဖြင့် လက်ခံကြသော်လည်း မိမိတို့ စိတ်နှလုံးတွင် “သင်သည် ငါ့ကို ပြုပြင်မည်ဆိုပါက ပြုပြင်ပါ၊ သို့ရာတွင် အဘယ်ကြောင့် အလွန် ကြမ်းတမ်းစွာ စကားပြောရသနည်း။ သင်သည် လူများစွာရှေ့တွင် ငါ့ကို ဝေဖန်နေသော်လည်း ငါ၏ မျက်နှာကို မည်သည့်နေရာတွင် ငါ ထားရမည်နည်း။ သင်သည် ငါ့ကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံနေခြင်း မဟုတ်ပါ။ သေးငယ်သည့် အမှားတစ်ခုသာ ငါ လုပ်မိခဲ့သည်ဖြစ်၍ သင်သည် အဘယ်ကြောင့် မပြီးနိုင်မဆုံးနိုင် ဆက်ပြောဆိုနေပါသနည်း”ဟု စောဒကတက်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဤမျှပင် အတိုက်အခံလုပ်ပြီး အာခံကြကာ ခေါင်းမာစွာ ဆန့်ကျင်ပြီး မတော်တရော် ပြုမူဆောင်ရွက်ကြသည့်အပြင် ကျိုးကြောင်းပြ ငြင်းခုံရန် ကြိုးစားလေသည်။ ဤအတွေးများနှင့် ခံစားချက်များရှိသော လူတစ်ဦးသည် သိသာစွာ အတိုက်အခံလုပ်တတ်ပြီး ရန်မူလိုပေသည်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ အမှန်တကယ် ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ရှိနိုင်မည်နည်း။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ မည်သည့်လုပ်ရပ်များက လက်ခံတတ်သည့်၊ ကျိုးနွံနာခံတတ်သည့် သဘောထားတစ်ခုကို ညီမျှသနည်း။ အနည်းဆုံးအနေဖြင့် သင်သည် အကျိုးအကြောင်းနားလည်ပြီး ဆင်ခြင်တုံတရား ပိုင်ဆိုင်ရမည်။ ပထမဦးစွာ သင်သည် ကျိုးနွံနာခံရမည်ဖြစ်ပြီး အတိုက်အခံမလုပ်ရ၊ မငြင်းပယ်ရပေ။ ပြီးလျှင် ထိုအရာကို ဆင်ခြင်တုံတရားဖြင့် သင် သဘောထားပြုမူရမည်။ ဤသို့ဖြင့် သင်သည် အနိမ့်ဆုံး ဆင်ခြင်တုံတရား ရှိလိမ့်မည်။ သင်သည် လက်ခံမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို ရရှိလိုပါက သမ္မာတရားကို သင် နားလည်ရမည်။ သမ္မာတရားကို နားလည်ရန်မှာ ရိုးရှင်းသော အရာမဟုတ်။ ပထမဦးစွာ အမှုအရာများကို ဘုရားသခင်ထံမှ ခံယူရမည်။ အနည်းဆုံးအနေဖြင့် ပြုပြင်ခံရခြင်းသည် သင့်ထံ ဘုရားသခင်က ဖြစ်ပျက်ခွင့်ပေးသည့် အရာတစ်ခုဖြစ်သည်ကို၊ သို့မဟုတ် ဘုရားသခင်ထံမှ လာသည်ကို သင် သိရမည်။ ပြုပြင်ခံရခြင်းသည် လုံးဝ ယုတ္တိတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ သင်သည် လက်ခံတတ်သည့်၊ ကျိုးနွံနာခံတတ်သော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်သင့်၏။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သရုပ်သကန်တစ်ခုဖြစ်ပြီး တစ်ချိန်တည်းတွင် ဘုရားသခင်၏ စိစစ်မှုကို လက်ခံခြင်းလည်း ဖြစ်သည်။ ပြုပြင်ခြင်းတို့သည် လူထံမှလာပြီး ဘုရားသခင်ထံမှ မဟုတ်ဟု တွေးထင်လျက် သင်သည် ကျိုးကြောင်းပြ ငြင်းခုံကာ မိမိကိုယ်ကို ခုခံပြောဆိုပါက သင်၏ သဘောပေါက်နားလည်မှုသည် လွဲချော်နေ၏။ တစ်ချက်မှာ သင်သည် ဘုရားသခင်၏ စိစစ်မှုကို လက်မခံလေပြီ။ ပြီးလျှင် နောက်တစ်ချက်မှာ သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည့် ပတ်ဝန်းကျင်တွင် သင်သည် ကျိုးနွံနာခံတတ်သော သဘောထား မရှိသကဲ့သို့ ကျိုးနွံနာခံတတ်သော အပြုအမူမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိသည့် တစ်စုံတစ်ဦး ဖြစ်သည်။ လူအချို့သည် ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားကို လက်မခံကြချေ၊ သို့မဟုတ် မိမိကိုယ်ကို ပြန်လည်မသုံးသပ်ကြချေ။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကိုသာ မစဉ်းမစားလိုက်နာကြ၏။ ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းများကို သိသာစွာ ချိုးဖောက်ပြီး စာတန်ကို အပြစ်အားလုံး ဖို့လိုက်ကြသည်။ ၎င်းတို့က “နည်းတောင်နည်းသေးသည်။ မည်သူက ဤစာတန်အိုကြီးကို ကြောင်းကျိုးမမြင်ဘဲ မိမိကိုယ်ကို ပြသခွင့်၊ ကြောင်းကျိုးမမြင်ဘဲ ပြုမူခွင့်၊ အမှုအရာများကို ကြောင်းကျိုးမမြင်ဘဲ နှောင့်ယှက်ခွင့်ပေးပြီး အဖျက်အမှောင့်လုပ်ခြင်းများကို ကြောင်းကျိုးမမြင်ဘဲ ဖန်တီးခွင့်ပေးသနည်း။ စာတန်သည် ပြုပြင်ခံရသင့်သည်၊ မိမိမျက်နှာပြရန် အလွန်ရှက်စေပြီး အရှက်ခွဲခံရသင့်သည်။ ဤအရာအတွက် စာတန် တာဝန်ယူသင့်သည်။ ကျွန်ုပ်နှင့် ဘာမျှမပတ်သက်ပါ။ စာတန်ကိုသာ အပြစ်အားလုံးပုံချသင့်သည်”ဟူ၍ ပြောဆိုကြသည်။ ထို့နောက် ၎င်းတို့ စိတ်နှလုံးက ကျေနပ်အားရလိမ့်မည်ဖြစ်ပြီး စာတန်အပေါ် အောင်မြင်မှု ရပြီးဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြလိမ့်မည်။ ဤစဉ်းစားပုံစဉ်းစားနည်းသည် ယုတ္တိမဲ့သည် မဟုတ်လော။ သိသာစွာပင် ၎င်းတို့ကိုယ်တိုင်သည် တစ်စုံတစ်ရာကို တလွဲလုပ်ခဲ့ပြီး စာတန်လုပ်ခဲ့သည်ကို ၎င်းတို့ ပြောကြသည်။ ထို့ကြောင့် ၎င်းတို့ အမှန်တကယ် ဖြစ်သလော၊ သို့မဟုတ် စာတန်ဖြစ်သလော။ (လုပ်ခဲ့သူမှာ ၎င်းတို့ကိုယ်တိုင် ဖြစ်ပါသည်။) ၎င်းတို့သည် စာတန်ဖြစ်ကြောင်းကို အမှန်တကယ် ၎င်းတို့ နားလည်ကြသလော။ (နားမလည်ကြပါ။) သို့ဆိုလျှင် ၎င်းတို့သည် အမှန်တကယ် စာတန်ကို မုန်းသလော၊ သို့မဟုတ် မိမိတို့ကိုယ်ကို မုန်းကြသလော။ ၎င်းတို့ ရှင်းလင်းစွာ မပြောကြပေ။ တိုတိုပြောရလျှင် ပြုပြင်ခြင်းကို လက်မခံသော လူတစ်ဦးသည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းမရှိသူတစ်ဦး ဖြစ်သည်။ အားလုံးထဲတွင် ကျိုးနွံနာခံခြင်းသည် သင်ယူရန် အခက်ခဲဆုံးသော သင်ခန်းစာ ဖြစ်သည်။ လူအများစုအတွက် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီပြီး ၎င်းတို့ ကိုယ်ပိုင် အကြိုက်များနှင့် ကိုက်ညီသည့် တစ်စုံတစ်ရာ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အတော်ကို စိတ်ချမ်းသာကြသောကြောင့် ကျိုးနွံနာခံရန် နှစ်သက်ကြပြီး အရာရာက ချောမွေ့နေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ကာ အေးချမ်းနေကြပြီး ၎င်းတို့ ပျော်ရွှင်ပြီး ကျေနပ်အားရကြသည်။ သို့ရာတွင် မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ သို့မဟုတ် ၎င်းတို့အဖို့ ဆိုးကျိုးဖြစ်စေသော တစ်စုံတစ်ရာကို ကြုံရသည့်အခါ ၎င်းတို့ ကျိုးနွံနာခံသင့်သည်ကို သိသော်လည်း ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ၎င်းတို့ စိတ်ဆင်းရဲမှု ခံစားရသည်၊ နှုတ်ဆိတ်မှုဖြင့် ဆင်းရဲဒုက္ခခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိကြသကဲ့သို့ ၎င်းတို့၏ အခက်အခဲများအကြောင်း ပြောဆိုရန် အခက်တွေ့ကြလေသည်။ ၎င်းတို့သည် မွန်းကျပ်ကြပြီး ထွက်ပေါက်မရှိသည့် မကျေချမ်းမှုများဖြင့် ပြည့်သွားကြသောကြောင့် ၎င်းတို့၏ စိတ်နှလုံးများက ပွက်ပွက်ဆူလာကြသည်။ “အခြားသူများ မှန်ကြသည်။ သူတို့သည် ကျွန်ုပ်ထက် သာ၍ မြင့်မားသော အဆင့်အတန်း ရှိကြသည်။ အဘယ်သို့ ကျွန်ုပ်သည် သူတို့ကို နားမထောင်နိုင်ရသနည်း။ ကျွန်ုပ်သည် မိမိ၏ကံကြမ္မာကို လက်ခံလိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။ နောက်တစ်ကြိမ်တွင် ကျွန်ုပ်သည် သာ၍ ဂရုစိုက်ရမည်ဖြစ်ပြီး အရဲစွန့်ရမည် မဟုတ်ပါ။ အရဲစွန့်သော လူတို့သည် ပြုပြင်ခြင်း ခံကြရသည်။ ကျိုးနွံနာခံခြင်းသည် မလွယ်ကူပါ။ ယင်းမှာ အလွန်ခက်ခဲသည်။ ကျွန်ုပ်၏ စိတ်ထက်သန်မှုသည် မီးကိုရေအေးတစ်ခွက်ဖြင့် ဖြန်းလိုက်သည့်အလား ကုန်ဆုံးသွားလေပြီ။ ကျွန်ုပ်သည် ရိုးရှင်းကာ ပွင့်လင်းချင်ခဲ့သော်လည်း အကျိုးဆက်မှာ စကားအမှားများကိုသာ ကျွန်ုပ် ပြောနေမိပြီး ဆက်လက်၍ ပြုပြင်ခြင်းခံနေခဲ့ရသည်။ အနာဂတ်တွင် ကျွန်ုပ် နှုတ်ဆိတ်မြဲနှုတ်ဆိတ်ပြီး လူ့အကြိုက်လိုက်သူလို နေပါမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ သွားခြင်း ဖြစ်သည်။ ဘုရားသခင်က လူတို့အား ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူခွင့်ပေးခြင်း၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ထိုအချိန်က အမှားများနှင့် စိတ်ဆင်းရဲမှုများကို သင် မည်မျှခံစားရသည်ဖြစ်စေ၊ သင် မည်မျှ အရှက်ရသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ သိက္ခာ၊ ဝင့်ဝါမှု သို့မဟုတ် နာမည်ဂုဏ်သတင်းအဖို့ ထိခိုက်မှုမည်မျှ သင် ခံစားရသည်ဖြစ်စေ ဤအရာအားလုံးသည် အဓိက မဟုတ်ပေ။ အရေးအကြီးဆုံးသော အရာမှာ သင်၏ အခြေအနေကို ပြောင်းပြန်လှန်ရန် ဖြစ်သည်။ မည်သည့် အခြေအနေနည်း။ ပုံမှန် အခြေအနေများအောက်တွင် စိတ်နှလုံးမာကျောပြီး ပုန်ကန်သော အခြေအနေမျိုးက လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများတွင် တည်ရှိ၏။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် လူသား ဆင်ခြင်တွေးခေါ်မှုစနစ် တစ်မျိုးမျိုးနှင့် လူသား အယူအဆတစ်စုံရှိသောကြောင့် ဖြစ်သည်။ ယင်းတို့မှာ “ကျွန်ုပ်၏ ရည်ရွယ်ချက်များ မှန်ကန်နေသရွေ့ ရလဒ်က မည်သည့်အရာဖြစ်သည် ဆိုသည်မှာ အရေးမကြီးပါ။ သင်သည် ကျွန်ုပ်ကို မပြုပြင်သင့်သကဲ့သို့ သင် ပြုပြင်ပါက ကျွန်ုပ် နာခံရန် မလိုပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များက သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ သို့မဟုတ် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်ဆိုသည်တို့ကို ၎င်းတို့ မသုံးသပ်ကြချေ။ ၎င်းတို့ လိုက်နာနေသည်မှာ “ကျွန်ုပ်၏ ရည်ရွယ်ချက်များ ကောင်းမွန်ပြီး မှန်ကန်သရွေ့ ဘုရားသခင်က ကျွန်ုပ်ကို လက်ခံသင့်သည်။ ရလဒ်က မကောင်းလျှင်ပင် သင်သည် ကျွန်ုပ်ကို ရှုတ်ချသင့်ဖို့ မပြောနှင့်၊ ကျွန်ုပ်ကို ပြုပြင်၍မဖြစ်ပါ” ဟူ၍ အမြဲ ဖြစ်လေသည်။ ဤသည်မှာ လူသား တွေးခေါ်မြော်မြင်မှု မဟုတ်လော။ ဤသည်တို့မှာ လူ၏ အယူအဆများ ဖြစ်သည် မဟုတ်လော။ လူတို့သည် မိမိတို့ကိုယ်ပိုင် တွေးခေါ် မြော်မြင်မှုကို အမြဲ အစွဲအလမ်းကြီး၏။ ထိုအရာ၌ ကျိုးနွံနာခံမှု တစ်ခုတလေ ရှိသလော။ သင်သည် သင်၏ ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို သမ္မာတရား ဖြစ်စေပြီးဖြစ်ကာ သမ္မာတရားကို ဘေးဖယ်ထားပြီး ဖြစ်သည်။ သင်၏ တွေးခေါ်မြော်မြင်မှုနှင့် ကိုက်ညီသည့် အရာသည် သမ္မာတရားဖြစ်ပြီး မကိုက်ညီသည့်အရာသည် သမ္မာတရားမဟုတ်ဟု သင် ယုံကြည်လေသည်။ သာ၍ အဓိပ္ပာယ်မရှိသောသူ တစ်ဦးတလေ ရှိပါသလော။ သာ၍ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူ တစ်ဦးတလေ ရှိသလော။ ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူရန်အလို့ငှာ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်နည်း။ ယင်းမှာ အမှန်တွင် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့အဖို့ အကြီးမားဆုံးသော ခလုတ်တံသင်းဖြစ်သည့် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း စိတ်သဘောထား ဖြစ်သည်။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည့် စိတ်သဘောထားရှိသော လူတို့သည် ကျိုးကြောင်းပြ ငြင်းခုံကာ မနာခံဘဲနေလေ့ရှိကြသည်။ တွေးခေါ်မြော်မြင်ပြီး မနာခံရန် လိုလားလေ့အရှိဆုံး ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ မှန်သည်ဟု အမြဲတွေးထင်ကြ၏။ ထို့ကြောင့် မိမိ၏ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထားကို ဖြေရှင်းကာ ပြုပြင်ခြင်းထက် မည်သည့်အရာမျှ သာ၍ အရေးတကြီး မဖြစ်ပေ။ လူတို့သည် ကောင်းမွန်စွာ ပြုမူပြီး မိမိတို့ကိုယ်တိုင်ကိုယ်စား အကျိုးသင့်အကြောင်းသင့် စဉ်းစားခြင်းအား ရပ်တန့်သည်နှင့်တစ်ပြိုင်နက် ပုန်ကန်မှု ပြဿနာ ပြေလည်သွားလိမ့်မည်ဖြစ်ပြီး ကျိုးနွံနာခံနိုင်စွမ်း ရှိကြလိမ့်မည်။ ကျိုးနွံနာခံမှုကို လူတို့ ရယူနိုင်ရန်ဆိုပါက ဆင်ခြင်တုံတရား အတိုင်းအတာတစ်ခုခုကို ပိုင်ဆိုင်ရန် လိုအပ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား ပိုင်ဆိုင်ရမည်။ အချို့သော ကိစ္စရပ်တွင် ဥပမာအားဖြင့် မှန်ကန်သည့်အရာကို ငါတို့ လုပ်ဆောင်ပြီးခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင် စိတ်ကျေနပ်ခြင်းမရှိပါက သူပြောသည့်အတိုင်း ငါတို့ လုပ်သင့်ပြီး သူ၏ စကားများကို အရာရာအတွက် စံနှုန်းအဖြစ် သဘောထားသင့်သည်။ ဤသည်မှာ ယုတ္တိတန်သည် မဟုတ်လော။ ယင်းမှာ အခြားမည်သည့်အရာမဆိုထက် လူတို့တွင် တွေ့ရှိရသင့်သည့် အသိစိတ် ဖြစ်သည်။ ငါတို့ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ၊ ပြီးလျှင် ငါတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အကြောင်းပြချက်များက မည်သည့်အရာဖြစ်စေ ဘုရားသခင် စိတ်ကျေနပ်ခြင်းမရှိပါက၊ သူ၏ သတ်မှတ်ချက်များ မပြည့်မီပါက ငါတို့၏ လုပ်ရပ်များသည် မလွဲမသွေ သမ္မာတရားနှင့် မကိုက်ညီပေ။ ထို့ကြောင့် ဘုရားသခင်ကို ငါတို့ နားထောင်ကာ ကျိုးနွံနာခံရမည်ဖြစ်ပြီး သူနှင့် ပတ်သက်၍ ကျိုးကြောင်းပြငြင်းခုံရန် သို့မဟုတ် ရှာကြံအကြောင်းပြရန် မကြိုးစားသင့်ပေ။ ထိုသို့သော ဆင်ခြင်တုံတရားကို သင် ပိုင်ဆိုင်သည့်အခါ၊ ပုံမှန်လူတစ်ဦး၏ အသိစိတ်ကို သင် ပိုင်ဆိုင်သည့်အခါ သင်၏ ပြဿနာများကို ဖြေရှင်းရန် လွယ်ကူပြီး သင်သည် အမှန်တကယ် ကျိုးနွံနာခံလိမ့်မည်။ မည်သည့်အခြေအနေတွင် သင် ရှိသည်ဖြစ်စေ၊ ပုန်ကန်တတ်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် အာခံလိမ့်မည် မဟုတ်။ ဘုရားသခင် စေခိုင်းသည့်အရာ မှန်ခြင်း၊ သို့မဟုတ် မှားခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း၊ ကောင်းသည်၊ ဆိုးသည်ဆိုသည်ကိုလည်းကောင်း သင် စိစစ်လိမ့်မည် မဟုတ်သည့်အပြင် သင် နာခံနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်၏ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်း၊ စိတ်နှလုံးမာကျောခြင်းနှင့် ပုန်ကန်တတ်ခြင်း အခြေအနေတို့သည် ပြေလည်သွားပေမည်။ လူတိုင်းသည် ၎င်းတို့အတွင်း၌ ဤပုန်ကန်တတ်သော အခြေအနေများ ရှိကြသလော။ ဤအခြေအနေများသည် လူတို့တွင် မကြာခဏ ဖြစ်ပေါ်ပြီး ၎င်းတို့က “ငါ၏ လုပ်နည်းကိုင်နည်း၊ အဆိုပြုချက်များနှင့် အကြံပြုချက်များက သင့်တင့်လျောက်ပတ်သရွေ့ သမ္မာတရား စည်းမျဉ်းများကို ငါ ချိုးဖောက်လျှင်ပင် မကောင်းမှုကို ငါ မကျူးလွန်သောကြောင့် ပြုပြင်ခြင်း မခံရသင့်ပါ”ဟု မိမိတို့ဘာသာ စဉ်းစားတတ်ကြသည်။ ဤသည်မှာ လူတို့တွင်ရှိသော ဖြစ်နေကျဖြစ်သော အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အမြင်သည် မကောင်းမှုကို ၎င်းတို့ မကျူးလွန်ခဲ့ပါက ပြုပြင်ခြင်းမခံရသင့်။ မကောင်းမှုကို ကျူးလွန်မိပြီးဖြစ်သောလူတို့သာ ပြုပြင်ခြင်း ခံရသင့်သည်ဟူ၍ ဖြစ်သည်။ ဤအမြင်သည် မှန်ကန်သလော။ လုံးဝ မမှန်ပေ။ ပြုပြင်ခြင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အဓိက ရည်ရွယ်ပေသည်။ တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပါက ၎င်းတို့ ပြုပြင်ခြင်းခံရသင့်၏။ မကောင်းမှုကို ကျူးလွန်ပြီးသည့်နောက်တွင်သာ ၎င်းတို့ ပြုပြင်ခြင်းခံခဲ့ရပါက ပြဿနာသည် ဖြစ်ပြီးနှင့်မည်ဖြစ်သောကြောင့် အလွန်နောက်ကျပြီးသား ဖြစ်ပေမည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ပုန်ကန်ပြစ်မှားခြင်းခံရပြီးဖြစ်ပါက သင် ဒုက္ခရောက်ပြီဖြစ်ပြီး ဘုရားသခင်သည် သင့်အထဲ၌ အမှုပြုခြင်းကို ရပ်စဲကောင်းရပ်စဲနိုင်သည်။ ယင်းကိစ္စတွင် သင့်ကို ပြုပြင်ခြင်းသည် အဘယ်အကျိုးရှိသနည်း။ သင့်ကို ထုတ်ဖော်ကာ ဖယ်ရှားရှင်းလင်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမှ လူတို့အား တားဆီးသည့် အဓိက အခက်အခဲမှာ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်သည်။ လူတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အမှန်တကယ် လက်ခံနိုင်ပါက မိမိတို့ကိုယ်ပိုင် မာနထောင်လွှားသော စိတ်သဘောထားကို ထိရောက်စွာ ဖြေရှင်းနိုင်ကြလိမ့်မည်။ ယင်းကို ၎င်းတို့ မည်သည့် အတိုင်းအတာအထိ ဖြေရှင်းနိုင်ကြသည်ဖြစ်စေ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့အဖို့ အကျိုးရှိပေသည်။ အရေးအကြီးဆုံးမှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်းခံရရန်အလို့ငှာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံခြင်းအား အမှန်တကယ် ရယူနိုင်ပါက တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရန် လိုအပ်သေးသလော။ ပြုပြင်ခြင်းကို တွေ့ကြုံရန် လိုအပ်သေးသလော။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖြေရှင်းနှင့်ပြီးဖြစ်မည်ဖြစ်သည့်အတွက် မလိုအပ်ပေ။ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့နှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် အကြောင်းပြချက်ပေးရန် အမြဲ နှစ်သက်ကြသည်။ သင် မည်မျှ အကြောင်းပြချက်ပေးသည်ဖြစ်စေ တစ်ခုမျှသည် သမ္မာတရား မဟုတ်ပေ။ ယင်းမှာ သင်သည် အမှန်တကယ် ဘုရားသခင်ကို ကျိုးနွံနာခံတတ်သည်ဟု မဆိုထားနှင့်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြုပြင်ခံရပြီးဖြစ်သည်ဟု မဆိုလိုပေ။ ထို့ကြောင့် ကျိုးကြောင်းပြငြင်းခုံရာတွင် အဓိပ္ပာယ်မရှိပေ။ ပြဿနာကို ဖြေရှင်းခြင်းသည် အရေးအကြီးဆုံး ဖြစ်သည်။

တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိပါက ၎င်းတို့ ဒုက္ခရောက်ပြီဖြစ်၏။ တစ်ခါတစ်ရံ ဖြစ်မည်ဟု သင် စိတ်ကူးခဲ့သည့်အတိုင်း မဟုတ်သော အခြေအနေများကို ဘုရားသခင်က သင့်အတွက် စီစဉ်သောကြောင့် သင် အတိုက်အခံ လုပ်သည်။ ဥပမာအားဖြင့် သင်သည် သန့်ရှင်းမှုကို နှစ်သက်ပြီး ဖြစ်ကတတ်ဆန်းနိုင်သည့်၊ ဖိုသီဖတ်သီနေတတ်သော လူတို့ကို မနှစ်သက်ဟု ဆိုပါစို့။ သင်သည် ဤလူတို့ကို တွေ့သည့်အခါ စက်ဆုပ်ရွံရှာစရာဖြစ်သည်ဟု ထင်သည်။ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်သလော။ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ မှန်ကန်သည့် သဘောထားတစ်ခု ရှိဖို့လိုအပ်သည်။ မည်သည့် သဘောထားနည်း။ (ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ဖြစ်သည်။) သင် မည်သို့ ကျိုးနွံနာခံသနည်း။ စိတ်အတွင်း၌ ဖြစ်သော မည်သည့် အတွေးများက ကျိုးနွံနာခံတတ်သော သဘောထားနှင့် ညီမျှသနည်း။ မည်သည့်လုပ်ရပ်များက ကျိုးနွံနာခံခြင်း၏ လက်တွေ့ကျမှုနှင့် ညီမျှသနည်း။ ဤအမှုအရာမျိုးကို သင် ကြုံရသည့်အခါ အပြန်အလှန် ညှိခြင်းရှိရမည်။ ဤအရာတစ်ခုမျှ ပြဿနာမဟုတ်ပေ။ လူတစ်ဦး၏ တစ်သက်တာတွင် အမှုအရာဆယ်ခု၌ ကိုးခုသည် မိမိတို့၏ ဆန္ဒများနှင့် မကိုက်ညီပေ။ သင်သည် ဤအရာ၊ ထိုအရာကို နှစ်သက်ကောင်း နှစ်သက်မည်မဟုတ်သကဲ့သို့ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သင်ကိုယ်တိုင်အတွက် အမြဲ အကျိုးသင့်အကြောင်းသင့် စဉ်းစားပြီး ဘုရားသခင်သည် သင့်အပေါ် မမျှတဟု စောဒကတက်လေသည်။ အမှန်တွင် ဤသည်မှာ သင် ကိုယ်တိုင်၏ ပြဿနာဖြစ်၏။ ထို့ကြောင့် မည်သည့်အရာနှင့်ပတ်သက်၍မျှ ရေးကြီးခွင့်ကျယ်မလုပ်နှင့်။ သင်သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်ကာ ကျရှုံးမှုနှင့် ပတ်သက်၍ အတွေ့အကြုံများစွာ ရှိသည့်အချိန်တွင် သင်သည် အမှန်တကယ် ဂုဏ်အသရေမရှိ၊ အခြားမည်သူမဆိုထက် ပိုသာခြင်းမရှိဟု သိလိမ့်မည်။ သင်သည် အခြားသူများထက် ပိုသာသည်၊ သာ၍ မြင့်မားပြီး သာ၍ ဂုဏ်အသရေရှိသည်ဟု စဉ်းစားလေ့ရှိခဲ့ပုံကို တွေးကြည့်သည့်အခါ အလွန် မိုက်မဲသည်ဟု သင် ခံစားမိလိမ့်မည်။ လူတစ်ဦးသည် သမ္မာတရားအနည်းငယ်ကို နားလည်သည့်အခါ ယခင်ထက် သာ၍ ဆင်ခြင်တုံတရား ရှိကြ၏၊ ထို့ကြောင့် ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် လွယ်ကူသည်၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေရန် လွယ်ကူပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် လွယ်ကူ၏။ သင်၏ ပတ်ဝန်းကျင်နှင့်အညီ မည်သို့ အလိုက်သင့် ပြုမူနေထိုင်ရမည်ဆိုသည်ကို သင် သင်ယူရမည်။ ဘုရားသခင်၌ ယုံကြည်သူများသည် ပထမဦးစွာ ဤအသိပညာရှိရမည်။ အသင်းတော်တွင် နယ်မြေတိုင်းမှ လူများရှိပြီး နယ်မြေတိုင်းတွင် မတူကွဲပြားသော ဓလေ့များနှင့် အမူအကျင့်များ ရှိကြ၏။ ဤအရာများသည် အကြင်သူ၏ လူ့သဘာဝ အရည်အသွေးကို ကိုယ်စားမပြုပေ။ လူတစ်ဦး၏ ဘဝ အမူအကျင့်များသည် ကောင်းမွန်လျှင်ပင် ပုံမှန်ဖြစ်ပြီး ထိန်းညှိထားခြင်းခံရကာ ၎င်းတို့တွင် မွန်မြတ်သော အကျင့်စရိုက်ရှိလျှင်ပင် ယင်းမှာ သမ္မာတရားကို ၎င်းတို့ နားလည်သည်ဟု မဆိုလိုပေ။ ဤအရာကို သင် နားလည်ရမည်ဖြစ်ပြီး ယင်းအပေါ် အပြုသဘောဆောင်သော သိနားလည်မှု ရှိရမည်။ ထို့အပြင် သင်၏ ကိုယ်ပိုင် အပြစ်အနာအဆာများ များပြားကာ သင်သည် အလွန်ဇီဇာကြောင်၏။ ဘုရားသခင်သည် သင့်အတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခုကို ပေးသောကြောင့် ထိုပတ်ဝန်းကျင်နှင့်အညီ အလိုက်သင့်ပြုမူနေထိုင်ရန်၊ အခြားလူတို့၏ အပြစ်အနာအဆာများကို ချစ်တီးခေါင်းသန်းရှာမလုပ်ရန် သင် သင်ယူရမည်ဖြစ်သည့်အပြင် အခြားသူများအပေါ် မေတ္တာထား၍ သင့်မြတ်ရန်၊ ၎င်းတို့ကို ရင်းနှီးရန် သင်ယူရမည်၊ ၎င်းတို့၏ အားသာချက်များကို မြင်ကာ သင်ယူပြီးနောက် သင်၏ကိုယ်ပိုင် အပြစ်အနာအဆာများကို ကျော်လွှားရန် ကူညီမစဖို့ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဤသည်မှာ ကျိုးနွံနာခံတတ်သော သဘောထားနှင့် လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ အခြားလူများကို သင် လွန်စွာ မနှစ်သက်သကဲ့သို့ ထိုအရာက သင်၏ တာဝန်လုပ်ဆောင်ခြင်းအား သက်ရောက်မှုရှိပါက သင်သည် ၎င်းတို့နှင့် ခပ်ကင်းကင်းနေသင့်ပြီး ၎င်းတို့ကို ဝင်မစွက်ဖက်သင့်ပေ။ ဝင်စွက်ဖက်ခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်က “သူတို့၏ အပြစ်အနာအဆာများကို ငါ ပြောင်းလဲပေးရမည်။ မပြောင်းလဲပါက ငါ ထိုအရာကို အလွတ်ပေးမည် မဟုတ်”ဟု ပြောသည့်အခါတွင် ဖြစ်သည်။ ဤသည်မှာ မည်သည့် ပြုမူပုံမျိုး ဖြစ်သနည်း။ ယင်းသည် မိုက်ရိုင်း၏၊ မာနထောင်လွှားပြီး မသိနားမလည်ခြင်း ဖြစ်သည်။ ဤလူစားမျိုး မဖြစ်လိုက်နှင့်။ ငါတို့အားလုံးသည် သာမန်လူများဖြစ်ကြသည်။ ထူခြားပုံမပေါ်ကြပေ။ ငါတို့အသီးသီးသည် ဦးခေါင်းတစ်ခု၊ မျက်လုံးနှစ်လုံး၊ နှာခေါင်းတစ်ခုနှင့် ပါးစပ်တစ်ခု ရှိကြသည်။ ငါတို့ စားနေကြသည်ဖြစ်စေ၊ လမ်းလျှောက်နေကြသည်ဖြစ်စေ၊ အလုပ်လုပ်နေကြသည်ဖြစ်စေ ငါတို့အားလုံးသည် မည်သည့်ခြားနားချက်များမျှမရှိဘဲ တူညီကြသည်။ ငါတို့သည် အခြားသူများထက်လည်း ပိုသာခြင်း မရှိကြသောကြောင့် မိမိတို့ကိုယ်ကို ဂုဏ်အသရေရှိသကဲ့သို့ သို့မဟုတ် ကြီးမြတ်သကဲ့သို့ မမြင်သင့်ကြပေ။ သင်သည် ကျွမ်းကျင်မှု သို့မဟုတ် ပါရမီ အနည်းငယ်ရှိလျှင်ပင် ဝါကြွားစရာအကြောင်း မည်သည့်အရာမျှ မရှိပေ။ ပထမဦးစွာ သင်၏ အနေအထားကို မှန်ကန်စေရမည်ဖြစ်ပြီး ကိစ္စရပ်များကို သင် ကြုံရသည့်အခါ ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ထိုအရာများကို ကြည့်ရမည်၊ ထို့နောက် မည်သည့်အရာနှင့်ပတ်သက်၍မျှ သင်သည် ရေးကြီးခွင့်ကျယ်လုပ်လိမ့်မည် မဟုတ်ပေ။ ထူးခြားသည့် တစ်စုံတစ်ရာ သင့်ထံ ဖြစ်ပျက်ပြီး သင် အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်း မရှိသည့်အပြင် ယင်းက သင်၏တာဝန် ထမ်းဆောင်ခြင်းကို ထိခိုက်ပါက ထိုအရာကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ငါတို့နှင့် မသက်ဆိုင်သည့်နေရာတွင် ငါတို့သည် ဝင်မစွက်ဖက်ကြပေ။ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စေတနာကောင်း ရှိကြသည်။ ဘုရားသခင်သည် လူတို့အား ကြံ့ခိုင်အောင်လုပ်ခြင်းကို ရရှိစေကာ ကျိုးနွံနာခံရန် သင်ယူစေလျက် အခြေအနေမျိုးစုံမှတစ်ဆင့် လူတို့ကို လေ့ကျင့်ပေးပြီး အဆုံးတွင် ဤကြံ့ခိုင်အောင်လုပ်ခြင်းက အကျိုးဖြစ်ထွန်းလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြသည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြပြီးနောက် စစ်မှန်သည့် ပြောင်းလဲမှုတစ်ခု ရှိကြလေသည်။ သမ္မာတရားကို လိုက်စားရန် ပထမဦးစွာ ဆင်းရဲဒုက္ခခံလိုစိတ် ရှိရမည်ဖြစ်ပြီး သင်၏ အခြေအနေများကို ကျိုးနွံနာခံရန် သင်ယူရမည်။ မကြာခဏဆိုသလို သင်၏ အခြေအနေများသည် သိပ်မရိုးရှင်းပေ။ လူမျိုးစုံတို့ကို သင် ထိတွေ့ဆက်ဆံလာရနိုင်ပြီး ထူးဆန်းသည့် အမှုအရာမျိုးစုံကို သင် ကြုံလာရနိုင်သည်။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သင်၏ ကိုယ်ပိုင် အလိုဆန္ဒ သို့မဟုတ် စိတ်မြန်လက်မြန်ဖြစ်ခြင်းအပေါ် မမှီခိုဘဲ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာလော့။ ဤအရာကို လုပ်ဆောင်ရန် ပထမဦးစွာ ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု သင် ရှိရမည်၊ ယင်းသည် ပုံမှန်လူအားလုံး ပိုင်ဆိုင်သင့်သည့် စိတ်အတွင်း၌ ဖြစ်သော အရည်အသွေးတစ်ခု ဖြစ်သည်။ ထို့အပြင် သင် ဆုတောင်းပြီး ဘုရားသခင်အား အရေးယူဆောင်ရွက်ရန် တောင်းလျှောက်ပြီး သူသည် သင့်အတွက် အရေးယူဆောင်ရွက်ခြင်း၊ သို့မဟုတ် ထွက်ပေါက်တစ်ခု ဖွင့်ပေးခြင်းမရှိပါကလည်း သင်သည် ကျိုးနွံနာခံခြင်းရှိရမည်။ သင့်အနေဖြင့် ကိုယ့်သဘောနှင့်ကိုယ် ဇွတ်မလုပ်ဘဲ၊ ဘုရားသခင်၏ရှေ့၌ လျှောက်လှမ်းခြင်းမပြုဘဲ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကိုသာ လက်ခံကာ ယင်းအခြေအနေမျိုးတွင် ဆက်လက်အသက်ရှင်နေထိုင်သင့်သည်။ ဤသည်မှာ အဖိုးတန်သော ဘဝတစ်ခုကို အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းတစ်ခု ဖြစ်သည်။ မည်သူမျှသည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်မရှင်ကြသောကြောင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ လက်တွေ့ကျမှုသည် ဝင်ရောက်ရန် သိပ်မလွယ်ကူပေ။ ၎င်းတို့၏ ဘဝများကို ကြည့်ရှုသည့်အခါ လူအသီးသီးတွင် မိမိတို့ကိုယ်ပိုင် အလေ့အထများနှင့် ကိုယ်ပိုင် ခံစားချက်အရဖြစ်သော အတွေးများ၊ လိုအင်ဆန္ဒများနှင့် အာသီသများ ရှိကြ၏။ ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများကို ကြည့်သည့်အခါ မည်သူမျှ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များတွင် သင်၏ အလိုဆန္ဒကို မလိုက်နိုင်ပေ။ ထို့ကြောင့် ပဓာနအကျဆုံးသော သင်ခန်းစာမှာ မိမိတို့၏ အခြေအနေများကို မည်သို့ ကျိုးနွံနာခံပြီး ၎င်းတို့အပေါ်ကျရောက်သည့် ဘဝအခြေအနေများတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်သို့ ရှာဖွေရမည်ဆိုသည်ကို လူတိုင်းအား သင်ယူခွင့်ပေးရန် ဖြစ်သည်။ သင်၏ ဘဝအခြေအနေများက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သက်သောင့်သက်သာ ဖြစ်သည်ဖြစ်စေ၊ ဆင်းရဲနုံချာသည်ဖြစ်စေ သင့်အနေဖြင့် သင်ယူသင့်သည့် သင်ခန်းစာများ ရှိ၏။ ဇိမ်ခံခြင်းနှင့် အခက်အခဲမရှိခြင်းကို တပ်မက်သောသူတို့သည် ကျိုးနွံနာခံခြင်းနှင့် ဆင်းရဲဒုက္ခ သင်ခန်းစာများကို သင်ယူရမည်။ မည်သည့် အခြေအနေတွင်မဆို ရှင်သန်နိုင်စွမ်း၊ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး မိမိတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်စွမ်းအား စွမ်းဆောင်ရရှိရမည်။ ထိုအခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ ဖြည့်ဆည်းနိုင်ပေသည်။ ဤဘဝအခြေအနေမျိုးကို ဘုရားသခင်က စီစဉ်ညွှန်ကြားကာ စီစဉ်ထားခြင်း မဟုတ်လော။ လူတိုင်းသည် ကောင်းမွန်သော ဘဝတစ်ခုကို တမ်းတကြသော်လည်း မည်သည့်အရာကိုမျှ ဒုက္ခခံစားရခြင်း လုံးဝမရှိဘဲ အလွန်သက်သောင့်သက်သာဖြစ်ပြီး အကောင်းဆုံးဖြစ်သော အခြေအနေများတွင် ၎င်းတို့ အသက်ရှင်ကြပါက ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံပြီး သက်သေခံနိုင်ကြလိမ့်မည်လော။ ဘုရားသခင်သည် သင့်အတွက် ခက်ခဲပြီး အားရစရာမကောင်းသော အခြေအနေအချို့ကို စီစဉ်ပေးပါက သင် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုသည်မှာ အဓိက မေးခွန်းဖြစ်၏။ ဤအခြေအနေများအောက်တွင် လူတိုင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပြီး သူ၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ကြပါက သင် မြင်ရန် မလိုမလားဖြစ်နေသည့်အရာများ၊ သင် မနှစ်သက်သည့် အရာများအားလုံးကို သင် သည်းညည်းခံရမည်ဖြစ်သည်။ ထို့အပြင် ဤအရာများအားဖြင့် သင်သည် ဘောင်ခတ်ခံရမည်မဟုတ်သကဲ့သို့ သင်၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ရမည်။ ဤသို့ တွေ့ကြုံခြင်းသည် သင်၏ အသက်တာကို ကြီးထွားရင့်ကျက်စေလိမ့်မည်။ လူအချို့က “အခြားသူများက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက ကျွန်ုပ်လည်း လက်တွေ့လုပ်ဆောင်မည် မဟုတ်ပါ။ သူတို့ ကျိုးနွံနာခံခြင်း မရှိပါက ကျွန်ုပ်သည် အဘယ်ကြောင့် ကျိုးနွံနာခံသင့်ပါသနည်း။ သူတို့တွင် သည်းခံခြင်းမရှိပါက ကျွန်ုပ် အဘယ်ကြောင့် ရှိသင့်ပါသနည်း။ သူတို့ မလုပ်သည့်အရာများကို အဘယ်ကြောင့် ကျွန်ုပ် အမြဲ လုပ်ရမည်နည်း။ ကျွန်ုပ်သည် အဘယ်ကြောင့် များစွာ အားထုတ်ရသောသူတစ်ဦး အမြဲ ဖြစ်ရမည်နည်း။ ကျွန်ုပ်လည်း လုပ်မည်မဟုတ်ပါ”ဟု ဆိုကြသည်။ ဤသဘောထားသည် အဘယ်သို့နည်း။ သမ္မာတရားအပေါ် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သင်၏ကိုယ်ပိုင် အရေးကိစ္စဖြစ်သည်။ ယင်းသည် သင်နှင့် ဘုရားသခင်ကြားရှိ ကိစ္စတစ်ခု ဖြစ်ပြီး အခြားမည်သူနှင့်မျှ မပတ်သက်ပေ။ အခြားမည်သူကမျှ သင်နှင့် ပူးပေါင်းဆောင်ရွက်ရန် မည်သည့် ဝတ္တရားမျှ မရှိပေ။ သင်သည် သင်ဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့ ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ သမ္မာတရား၏ လက်တွေ့ကျမှုထဲသို့ မဝင်ရောက်ကြပါက အဆုံးတွင် ၎င်းတို့သည် စွန့်ပစ်ခံရမည့်သူ များဖြစ်လိမ့်မည်။ သင် ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့ သင်သည် အခွင့်အရေး ဆုံးရှုံးရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျိုးနွံနာခံသောလူတို့သည် အခွင့်အရေး ဆုံးရှုံးရမည်လော။ အခွင့်အရေး ဆုံးရှုံးရမည်မဟုတ်ပေ။ ဤအရာကို သင် နားမလည်နိုင်ပါက အလွန်ထုံလွန်းခြင်းသာ ဖြစ်သည်။

အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍မူ ယင်းသည် မိတ်သဟာယ စကားအနည်းငယ်သာ ဖြစ်လင့်ကစား သင်တို့သည် ရိုးသားစစ်မှန်စွာ ထိုစကားများကို လက်ခံပါက သင်တို့၏ တကယ့် ဘဝတွင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ကြပြီး သင်တို့၏ လက်တွေ့ကျမှု ဖြစ်စေနိုင်ကြပါက ငါသည် အချည်းနှီး စကားပြောခဲ့ခြင်း ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့် ယင်းသည် လက်တွေ့ကျမှု၏ မည်သည့် သွင်ပြင်လက္ခဏာဖြစ်စေ၊ စကားအနည်းငယ်သာ ဖြစ်သည့်အချိန်တွင်ပင် သမ္မာတရားသည် သင်၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ပြီး ယင်းကို သမ္မာတရားအဖြစ် သင် လက်တွေ့လုပ်ဆောင်ပါက ယင်းသည် သင့်အတွင်းတွင် အမြစ်တွယ် ကြီးထွားရင့်သန်ကာ အသီးအပွင့် ဖြစ်ထွန်းလိမ့်မည်။ ယင်းသည် သင်၏ အသက်ဖြစ်လာလိမ့်မည်ဖြစ်ပြီး ထိုအရာကို သင် အသက်ရှင်နေထိုင်နိုင်လိမ့်မည်ဖြစ်ကာ အကျိုးဖြစ်ထွန်းစေနိုင်လိမ့်မည်။ ဤသည်မှာ ကောင်းမွန်သော ရလဒ်တစ်ခု ဖြစ်သည်။ ငါသည် သင်တို့နှင့် နေ့စဉ် မိတ်သဟာယပြုရမည်ဆိုသော်လည်း မည်မျှ ငါ ပြောဆိုသည်ဖြစ်စေ ထိုအရာမှ မည်သည့်အရာကိုမျှ သင် အလေးမထားခဲ့ပါက၊ မည်သူကမျှ ထိုအရာကို ၎င်းတို့၏ စိတ်နှလုံးထဲသို့ ဝင်ရောက်ခွင့်မပေးပါက၊ ၎င်းတို့ လုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဆဲ၊ လက်လွတ်စပယ်နှင့် မဆင်မခြင် ပြုမူပါက၊ ငါ ပြောခဲ့သည့်အရာကို နားမထောင်သကဲ့သို့ မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒ၊ စိတ်ကူးများနှင့် အယူအဆများအတိုင်း အသက်ရှင်ကြဆဲဖြစ်ပါက ငါသည် အချည်းနှီး စကားပြောနေခြင်း ဖြစ်မည်မဟုတ်လော။ ဤအရာနှင့် ပတ်သက်၍ သင်တို့ကို ငါ စကားမည်မျှ ပြောသည်မှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ ယင်းတို့ကို သင်တို့ ကြိုးကြိုးစားစား နားထောင်၊ လက်ခံပြီး လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဖြစ်သည်။ သမ္မာတရားသည် အမှန်တကယ်နှင့် အစစ်အမှန်ပင် လူ၏ အသက်ဖြစ်၏။ ယင်းသည် စနစ်ကျသော ပညာရပ်နယ်ပယ်တစ်ခု မဟုတ်သကဲ့သို့ အသိပညာမဟုတ်၊ ရိုးရာ အစဉ်အလာတစ်ခု မဟုတ်သကဲ့သို့ အဆိုတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် လူ၏ အသက်ဖြစ်သည်။ ယင်းသည် သင့်အား စာတန်၏ ချည်နှောင်မှုများမှ ရုန်းထွက်လွတ်မြောက်ခွင့်ပေးနိုင်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကင်းလွတ်ခွင့်ပေးနိုင်သည်၊ ခွန်အားနှင့် ကြီးမားသော အစွမ်းတန်ခိုးဖြင့် အသက်ရှင်ခွင့်ပေးနိုင်သည်၊ သာ၍ စိတ်လက်ချမ်းသာအောင် အသက်ရှင်ခွင့်ပေးပြီး ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ဖြင့် အသက်ရှင်ခွင့်ပေးနိုင်သည်။ သမ္မာတရားသည် လူ၏ အသက် အမှန်တကယ် ဖြစ်လာနိုင်သည်။ သင်သည် ငါ့ကို မယုံကြည်ပါက ထိုအရာကို သွားတွေ့ကြုံကာ အတန်ငယ် လက်တွေ့လုပ်ဆောင်လော့။ ရလဒ်များ ရှိမရှိ ဆိုသည်ကို ကြည့်ပြီးနောက် သင် သိသွားလိမ့်မည်။ သင်သည် မကြာခဏ အားနည်းပြီး အပျက်သဘောဆောင်ပါက ငါ ပြောနိုင်သမျှမှာ သင်သည် သမ္မာတရားကို မရရှိသေးဟူ၍ ဖြစ်သည်။ သမ္မာတရားကို သင် ရရှိခဲ့ပြီး ဖြစ်ပါက ယခုအခါတွင် သင်သည် အကူအညီမဲ့၊ အားနည်းပြီး ချည့်နဲ့သော ဤအခြေအနေတွင် ရှိမည် မဟုတ်။ သင်သည် သိပ်မကြာခဏ အပျက်သဘောဆောင်မည်မဟုတ်သကဲ့သို့ မည်သည့်နေရာ သွားရမည်မသိဘဲလျက် လမ်းဆုံလမ်းခွတွင် မကြာခဏ ပိတ်မိမည်မဟုတ်ပေ။ ယင်းမှာ တစ်ရာရာခိုင်နှုန်း သေချာ၏။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။)

ယခုအခါတွင် ဘုရားသခင်ကို ယုံကြည်မှုနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းပေါ် အစပြုရန် ပြည့်မီရမည့် သတ်မှတ်ချက် ငါးခုနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းကို ငါတို့ ပြီးဆုံးပြီးဖြစ်သည်။ ထိုသတ်မှတ်ချက် ငါးခုမှာ အဘယ်နည်း။ (ပထမအနေဖြင့် ရိုးသားသော စိတ်နှလုံး ပိုင်ဆိုင်ရမည်။ ဒုတိယအနေဖြင့် သမ္မာတရားကို ချစ်သော စိတ်နှလုံး ရှိရမည်။ တတိယအနေဖြင့် အသိတရားနှင့် ဆင်ခြင်တုံတရား ရှိရမည်။ စတုတ္ထအနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရမည်။ ပဉ္စမအနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးရှိရပါမည်။) ဤသတ်မှတ်ချက်ငါးခုကို သတိရလော့၊ ယင်းတို့အကြောင်းကို မိတ်သဟာယပြုပြီး မည်သည့်အရာမျှ ဆက်လက်ဖြစ်မနေသည့်အချိန်တွင် ယင်းတို့ကို ဆုတောင်းရင်းဖြင့် ဖတ်ရှုလော့။ ဤအချိန်ကာလအတောအတွင်းတွင် မည်သည့် သမ္မာတရား စည်းမျဉ်းများကို သင် လက်တွေ့လုပ်ဆောင်ပြီးဖြစ်သည်၊ သင်၏ စကားများနှင့် လုပ်ရပ်များက ရိုးသားခြင်း ရှိမရှိ၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သင်သည် ရိုးသားသည့် စိတ်နှလုံး ရှိမရှိ၊ သင်သည် ဝတ်ကျေတမ်းကျေဖြစ်သည့် အခြေအနေတစ်ခု ရှိမရှိ၊ တာဝန်ကို ခိုကပ်သည့်၊ ခေါင်းရှောင်သည့် အတွေးများ သို့မဟုတ် လှည့်ဖြားတတ်ခြင်း ရှိမရှိဆိုသည်နှင့် သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များအားလုံးကို ရှာဖွေပြီး ကျိုးနွံနာခံခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။ ဤအရာနှင့် ပတ်သက်၍ အခါအားလျော်စွာ သင် ဆန်းစစ်ရမည်။ ရလဒ်များ ရရှိခြင်းအားဖြင့်သာ သင်၏ အသက်တာ တိုးတက်လိမ့်မည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။