စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့

လူတိုင်းသည် ဘုရားသခင်၏ စုံလင်စေခြင်းကိုခံရရန် အလားအလာရှိသည်၊ ထို့ကြောင့် ဘုရားသခင်အဖို့ မည့်သည့် အစေခံမှုမျိုးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည်ကို အယောက်တိုင်း နားလည်သင့်၏။ လူအများစုသည် ဘုရားသခင်ကို ယုံကြည်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို မသိကြသကဲ့သို့ သူ့ကို အဘယ့်ကြောင့် ယုံကြည်သင့်သည်ကိုလည်း နားမလည်ကြပေ- ယင်းမှာ အများစုသည် ဘုရားသခင်၏အမှု သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သော ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ခြင်း မရှိကြဟု ဆိုလိုသည်။ ယနေ့တွင်၊ လူအများစုသည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ကောင်းကင်ဘုံသို့သွားခြင်းအကြောင်းနှင့် ၎င်းတို့၏ဝိညာဉ်များ ကယ်တင်ခံရခြင်း ဖြစ်သည်ဟု ထင်နေကြဆဲဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်း၏ တိကျသော အရေးပါမှုနှင့် ပတ်သက်၍ ၎င်းတို့ ဘာမျှမသိကြ၊ ထို့အပြင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် အရေးအကြီးဆုံးအမှုနှင့်သက်ဆိုင်၍ သိနားလည်ခြင်း တစ်ခုတစ်လေမျှ မရှိကြချေ။ ၎င်းတို့ကိုယ်တိုင်၏အကြောင်းရင်း အမျိုးမျိုးတို့အတွက်၊ လူတို့သည် ဘုရားသခင်၏အမှုကို စိတ်ဝင်စားမှု လုံးဝမရှိကြသကဲ့သို့ သူ၏ ရည်ရွယ်ချက်များ သို့မဟုတ် သူ၏စီမံခန့်ခွဲမှုအစီအစဉ်ကို တွေးတောမှု နည်းငယ်မျှ မရှိကြချေ။ ဤရေစီးကြောင်းထဲက လူပုဂ္ဂိုလ် ဖြစ်သည်နှင့်အညီ၊ လူအသီးသီးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံး၏ ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သည်၊ အချိန်ကြာမြင့်စွာကတည်းက သူ ပြီးမြောက်ခဲ့သည့် အမှန်တရားများ၊ ဤလူတစ်စုကို ဘုရားသခင် အဘယ်ကြောင့် ရွေးချယ်ထားသည်၊ ၎င်းတို့ကို သူ ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်မှာ မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ဤလူစုတွင် မည်သည့်အရာကို သူ ရရှိဖို့ ဆန္ဒရှိသည်တို့ကို သိသင့်ပေသည်။ အဆင်းနီသောနဂါးကြီး၏ နိုင်ငံထဲတွင် ဘုရားသခင်သည် ထိုသို့မထင်ရှားသည့် လူတစ်စုကို မြှင့်တင်ပေးနိုင်ဖို့ရန်နှင့် ယနေ့ထိတိုင် ဆက်လက်အမှုပြုဖို့ရန်အတွက်၊ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကာ ၎င်းတို့ကို စုံလင်စေလျက်၊ မရေတွက်နိုင်သော နှုတ်ကပတ်တော်များကို ပြောကြားရင်း၊ များစွာသော အမှုတို့ကို ဆောင်ရွက်ကာ အသုံးတော်ခံအရာများစွာကို စေလွှတ်လျက်- ထိုသို့ ကြီးမားသောအမှုကို ဘုရားသခင် တစ်ဦးတည်း ပြီးမြောက်စေဖို့အတွက်မှာ ဘုရားသခင်၏အမှု မည်မျှအရေးပါသည်ကို အကယ်ပင် ပြပေသည်။ ထိုအခိုက်အတန့်တွင်၊ သင်သည် ဤအရာကို အပြည့်အဝ နားလည်နိုင်စွမ်း မရှိပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင် သင်တို့အထဲတွင် ပြုခဲ့သော အမှုကို အသေးအဖွဲကဲ့သို့ မရှုမြင်လေနှင့်။ ယင်းသည် သေးနုပ်သည့် ကိစ္စရပ်မဟုတ်ပေ။ ဘုရားသခင် သင့်ကို ယနေ့ ထုတ်ဖော်ပြသည့်အရာသည်ပင် သင် နားလည်သဘောပေါက်ပြီး သိရှိဖို့ ကြိုးစားရန် လုံလောက်ပေသည်။ ယင်းကို သင် စစ်မှန်စွာနှင့် နှံ့နှံ့စပ်စပ် နားလည်မှသာ သင်၏ အတွေ့အကြုံများ ပို၍နက်ရှိုင်းလာနိုင်ပြီး သင်၏ အသက်တာ ကြီးထွားနိုင်ပေသည်။ ယနေ့တွင်၊ လူတို့သည် အလွန်နည်းပါးစွာ နားလည်ပြီး လုပ်ဆောင်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်စွမ်း မရှိကြချေ။ ဤသည်မှာ လူသား၏အားနည်းချက်နှင့် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ခြင်း ဖြစ်ပြီး၊ ထို့ကြောင့် လိုချင်သည့် ရလဒ်များကို ၎င်းတို့ ရရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်၏အမှုတော်ကို သိနားလည်မှု အလွန်ပေါ့တန်ပြီး ဘုရားအိမ်တော်၏ အမှုကို ၎င်းတို့ လုပ်ဆောင်သည့်အချိန်တွင် တန်ဖိုးရှိသည့်အရာတစ်ခုအဖြစ် သဘောထားရန် မလိုလားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် လူများစွာတို့တွင် အမှုပြုဖို့ နည်းလမ်းမရှိပေ။ ၎င်းတို့သည် အဆင်ပြေဖို့သာ အစဉ် ဟန်ဆောင်လုပ်ပြကြသည်၊ သို့မဟုတ် လူအများစုနောက် လိုက်ကြသည်၊ သို့မဟုတ် ဟန်ပြအတွက်သာ အလုပ်လုပ်ကြလေသည်။ ယနေ့တွင်၊ ဤရေစီးကြောင်းထဲက လူအသီးသီးသည် ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များတွင် ၎င်းတို့ လုပ်နိုင်သမျှ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ လုံ့လရှိသမျှ ပေးခဲ့ခြင်း ရှိမရှိဆိုသည်ကို အမှတ်ရသင့်သည်။ လူတို့သည် မိမိတို့၏တာဝန်များကို လုံးဝ မဆောင်ရွက်နိုင်ကြလေပြီ။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ အလုပ်ကို မလုပ်ဆောင်သောကြောင့် မဟုတ်ဘဲ လူတို့က မိမိတို့၏ အလုပ်ကို မလုပ်ဆောင်ကြသောကြောင့် ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘဲရှိရလေသည်။ ဘုရားသခင်သည် နောက်ထပ် ပြောစရာ နှုတ်ကပတ်တော်များ မရှိတော့သော်လည်း၊ လူတို့သည် လုံးဝ အမှီမလိုက်ခဲ့ကြပေ၊ ၎င်းတို့သည် လွန်စွာနောက်ကျ ကျန်ရစ်လေပြီ။ ခြေလှမ်းတိုင်းနှင့် နီးကပ်စွာမနေနိုင်ခဲ့ကြသကဲ့သို့ သိုးသငယ်၏ ခြေလှမ်းများကို အနီးကပ် လိုက်လျှောက်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့လိုက်နာသင့်သည့်အရာကို မလိုက်နာခဲ့ကြပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ၎င်းတို့ ဆုတောင်းသင့်သည့်အရာကို ဆုမတောင်းခဲ့ကြပေ။ ၎င်းတို့ ဘေးဖယ်ထားသင့်သော အရာကို ဘေးမဖယ်ထားပေ။ ဤအရာများထဲမှ တစ်ခုတစ်လေကိုမျှ ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း မရှိ။ ထို့ကြောင့် စားသောက်ပွဲကြီးသို့ တက်ရောက်ခြင်းနှင့်ဆိုင်သော ဤပြောဆိုဆွေးနွေးခြင်းသည် အနှစ်မဲ့၏၊ စစ်မှန်သောအဓိပ္ပါယ် တစ်ခုတစ်လေမျှမရှိပေ၊ ထို့အပြင် ယင်းသည် ၎င်းတို့၏ စိတ်ကူးထဲတွင်သာ ရှိလေသည်။ ယနေ့အမြင်မှ ကြည့်ပါက၊ လူတို့သည် မိမိတို့၏ တာဝန်ကို လုံးဝ မဆောင်ရွက်သေးပေဟု ဆိုနိုင်ပေသည်။ အရာရာတိုင်းသည် ဘုရားသခင်၏ လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင် အမှုအရာများကို ပြောဆိုခြင်းအပေါ် တည်မှီ၏။ လူသား၏လုပ်ငန်းတာဝန်သည် အလွန် သေးနုပ်လွန်းခဲ့သည်။ လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းမရှိသည့် အသုံးမကျသော အမှိုက်များ ဖြစ်သည်။ ဘုရားသခင်သည် ထောင်ပေါင်းရာချီသော နှုတ်ကပတ်တော်များကို မြွက်ဆိုပြီးဖြစ်သော်လည်း၊ လူတို့သည် ဇာတိပကတိကို စွန့်လွှတ်ခြင်း၊ အယူအဆများကို စွန့်ပစ်ခြင်း၊ ပိုင်းခြားသိမြင်မှုကို တိုးတက်စေပြီး ထိုးထွင်းသိမြင်မှုကို ရရှိလျက်ရှိစဉ်တွင် အရာအားလုံး၌ ဘုရားသခင်ကို နာခံမှုအား လက်တွေ့လုပ်ဆောင်ခြင်း၊ လူတို့ကို မိမိတို့၏ စိတ်နှလုံးများထဲတွင် နေရာမပေးခြင်း၊ မိမိတို့၏စိတ်နှလုံးများထဲက ရုပ်တုဆင်းတုများကို ဖယ်ရှားခြင်း၊ မမှန်ကန်သော ၎င်းတို့၏ ရည်ရွယ်ချက်များကို တွန်းလှန်ခြင်း၊ စိတ်ခံစားမှုဖြင့် မပြုမူခြင်း၊ အမှုအရာများကို မျှတစွာနှင့် ဘက်လိုက်မှုမရှိဘဲ လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏အကျိုးများနှင့် ၎င်းတို့ စကားပြောဆိုသည့်အခါ အခြားသူများအပေါ် ၎င်းတို့၏ လွှမ်းမိုးမှုများကို သာ၍ အရေးထားခြင်း၊ ဘုရားသခင်၏အမှုကို အကျိုးပြုသည့်အရာများကို သာ၍ လုပ်ဆောင်ခြင်း၊ ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံးတွင် ဘုရားသခင်၏ အိမ်တော်ကို အကျိုးပြုခြင်းအား စိတ်ထဲတွင်ထားခြင်း၊ ၎င်းတို့၏ စိတ်ခံစားချက်များအား ၎င်းတို့၏ အပြုအမူကို စိုးမိုးခွင့်မပေးခြင်း၊ ၎င်းတို့ကိုယ်တိုင်၏ ဇာတိပကတိကို အားရကျေနပ်စေသည့် အရာတို့ကို ဖယ်ရှားခြင်း၊ တစ်ကိုယ်ကောင်းဆန်သော အယူအဆဟောင်းများကို ဖယ်ရှားခြင်း စသည်ဖြင့် ထိုနှုတ်ကပတ်တော်များထဲမှ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြချေ။ ဘုရားသခင်က လူသားအပေါ် ပြုလုပ်ထားသည့် ဤသတ်မှတ်ချက်များ အားလုံးထဲမှ အချို့ကို ၎င်းတို့သည် အမှန်တကယ် နားလည်သော်လည်း ထိုသတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားမှု လုံးဝမရှိကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် အခြား မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း၊ ပြီးလျှင် ဘုရားသခင်သည် ၎င်းတို့ကို အခြား မည်သည့်နည်းဖြင့် တို့ထိနိုင်မည်နည်း။ ဘုရားသခင်၏ အမြင်တွင် ပုန်ကန်ခြင်း၏ သားများဖြစ်သော သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကောက်ယူပြီး ၎င်းတို့ကို ချီးမွမ်းဝံ့မည်နည်း။ လူတို့၏ အသိစိတ်မှာ အဘယ်မှာနည်း။ ၎င်းတို့ အစွမ်းကုန် လုပ်ဆောင်ဖို့ မပြောနှင့်၊ ၎င်းတို့ ဖြည့်ဆည်းပြီးဖြစ်သင့်သည့် အနိမ့်ဆုံး တာဝန်များကိုပင် ဖြည့်ဆည်းပြီးကြခြင်း မရှိပေ။ ၎င်းတို့သည် စိတ်ကူးယဉ်အိပ်မက်တွင် အသက်ရှိနေကြသည် မဟုတ်လော။ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ လက်တွေ့အရှိတရားအကြောင်း ပြောဆိုဆွေးနွေး၍ မရနိုင်ပေ။ ဤသည်မှာ ထင်ရှားသောအချက်တစ်ခု ဖြစ်သည်။

သင်တို့အနေဖြင့် ပို၍လက်တွေ့ကျသော သင်ခန်းစာများကို သင်ယူနေသင့်၏။ လူတို့နှစ်သက်သော ကြီးကျယ်သည့်၊ အနှစ်သာရမဲ့သော စကားတို့ကို မလိုအပ်ပေ။ အသိပညာအကြောင်း ပြောဆိုခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လူအသီးသီးသည် ရှေ့ကတစ်ယောက်ထက် ပို၍မြင့်သော်လည်း လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသေးပေ။ လူမည်မျှသည် လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံ သဘောတရားများကို နားလည်ပြီးပြီနည်း။ လူမည်မျှသည် တကယ့် သင်ခန်းစာများကို သင်ယူပြီးပြီနည်း။ လက်တွေ့အရှိတရားအကြောင်းကို မည်သူ မိတ်သဟာယ ပြုနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အသိပညာကို ပြောဆိုနိုင်ခြင်းသည် စစ်မှန်သော ဝိညာဉ်အသက်တာ သင် ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ယင်းက သင်သည် တော်လျက်မွေးလာခဲ့သည်၊ ပါရမီရှိသည်ကိုသာ ပြ၏။ အကယ်၍ သင်သည် လမ်းကြောင်းကို မညွှန်ပြနိုင်ပါက ရလဒ်သည် အချည်းနှီးဖြစ်လိမ့်မည့်ဖြစ်ပြီး၊ သင်သည် အသုံးမကျသော အမှိုက်ဖြစ်လိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်း နှင့်ဆိုင်သော စစ်မှန်သည့် လမ်းကြောင်းတစ်ခုနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မပြောဆိုနိုင်ပါက သင်သည် ဟန်ဆောင်နေခြင်း မဟုတ်လော။ အကယ်၍ သင်သည် အခြားသူများအား သင်ကိုယ်တိုင်၏ တကယ့်အတွေ့အကြုံများကို ပေး၍ ၎င်းတို့သင်ယူနိုင်သည့် သင်ခန်းစာများ သို့မဟုတ် ၎င်းတို့ လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ပေးနိုင်ခြင်းမရှိပါက သင်သည် ဟန်ဆောင်နေခြင်း မဟုတ်လော။ သင်သည် အတုအယောင်တစ်ဦး မဟုတ်လော။ သင်၌ မည်သည့်တန်ဖိုး ရှိသနည်း။ ထိုသို့သောလူတစ်ဦးသည် “ဆိုရှယ်လစ်စနစ်၏ အတွေးအခေါ်ကို တီထွင်သူ” ၏ အခန်းကဏ္ဍမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး “ဆိုရှယ်လစ်စနစ် ပေါ်ပေါက်အောင် ဖန်တီးသူ” တစ်ဦးဖြစ်မလာနိုင်ပေ။ စစ်မှန်မှု မရှိခြင်းသည် သမ္မာတရားမရှိခြင်း ဖြစ်သည်။ စစ်မှန်မှု မရှိခြင်းသည် အသုံးမကျခြင်း ဖြစ်သည်။ စစ်မှန်မှုမရှိခြင်းသည် အသက်ရှင်လျက် သေနေခြင်းဖြစ်သည်။ စစ်မှန်မှုမရှိခြင်းသည် ရည်ညွှန်းစရာ တန်ဖိုးမရှိသည့် “မာတ်စ်- လီနင်ဝါဒီ တွေးခေါ်သူ” တစ်ဦးဖြစ်ခြင်း ဖြစ်သည်။ သင်တို့ အသီးသီးအနေဖြင့် အယူအဆများနှင့် ပတ်သက်၍ ပါးစပ်ပိတ်ကာ၊ လက်တွေ့ကျသည့်အရာ တစ်ခု၊ စစ်မှန်သည့် အရာတစ်ခုနှင့် အနှစ်သာရရှိသော အရာတစ်ခုအကြောင်းကို ပြောဆိုဆွေးနွေးရန် ငါ တိုက်တွန်း၏။ “ခေတ်သစ်အနုပညာ” အချို့ကို လေ့လာလော့၊ လက်တွေ့ကျသော အရာတစ်ခုကို ပြောဆိုလော့၊ တကယ်ဖြစ်သော အရာတစ်ခုကို ပံ့ပိုးပေးပြီး ဆက်ကပ်သော စိတ်ဝိညာဉ်တစ်ခု ရှိလော့။ စကားပြောသည့်အခါ စစ်မှန်မှုကို ရင်ဆိုင်လော့။ လူတို့ကို ပျော်ရွှင်စေဖို့ သို့မဟုတ် ရုတ်တရက် သင့်ကို သတိပြုမိစေဖို့၊ စစ်မှန်မှုမရှိဘဲ ချဲ့ကားသော ပြောဆိုမှုတွင် မမွေ့လျော်နှင့်။ ယင်းတွင် အဘယ်မှာ တန်ဖိုးရှိသနည်း။ လူတို့အား သင့်ကို နွေးထွေးစွာ ဆက်ဆံစေရာတွင် မည်သည့် အဓိပ္ပါယ်ရှိသနည်း။ သင်၏ ပြောဆိုချက်တွင် အနည်းငယ် “ကျွမ်းကျင်လှပစွာ ဖန်တီး” လော့၊ သင်၏ အပြုအမူတွင် အနည်းငယ်ပို၍ တရားမျှတမှု ရှိလော့၊ အမှုအရာများကို ကိုင်တွယ်ရာတွင် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားနှင့် ကိုက်ညီစေလော့၊ သင်ပြောဆိုသည့်အရာတွင် အနည်းငယ်ပို၍ လက်တွေ့ကျလော့၊ သင်လုပ်ဆောင်ချက်တိုင်းဖြင့် ဘုရားသခင်၏ အိမ်တော်ကို အကျိုးရှိစေရန် စဉ်းစားလော့၊ သင် စိတ်လှုပ်ရှားလာသည့်အခါ သင်၏ အသိစိတ်ကို နာခံလော့၊ ကြင်နာခြင်းကို အမုန်းတရားဖြင့် ပြန်လည် မဆပ်ပေးနှင့် သို့မဟုတ် ကြင်နာမှုအတွက် ကျေးဇူးမကန်းလေနှင့်၊ ပြီးလျှင် သင်သည် မကောင်းသော လွှမ်းမိုးမှုတစ်ခု ဖြစ်သွားမည်စိုးသဖြင့် သူတော်ကောင်း ယောင်ဆောင်သောသူ မဖြစ်စေနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ၊ ၎င်းတို့ကို စစ်မှန်မှုနှင့် ပို၍နီးကပ်စွာ ချိတ်ဆက်ပြီး၊ သင်မိတ်သဟာယဖွဲ့သည့်အခါ ပို၍လက်တွေ့ကျသော အရာများအကြောင်းကို ပြောလော့။ မတင်စားလေနှင့်။ ဤအရာက ဘုရားသခင်ကို စိတ်ကျေနပ်စေမည် မဟုတ်။ အခြားသူများနှင့် သင်၏ အပြန်အလှန်ဆက်ဆံမှုများတွင် အနည်းငယ်ပို၍ စိတ်ရှည်လော့၊ အနည်းငယ်ပို၍ လိုက်လျောလော့၊ အနည်းငယ်ပို၍ သဘောထားကြီးပြီး၊ “ဝန်ကြီးချုပ်၏ စိတ်ဓါတ်”က မှ သင်ယူလော့။ မကောင်းသောအတွေးများ သင်၌ ရှိသည့်အခါ၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းအား ပိုမိုလက်တွေ့လုပ်ဆောင်လော့။ သင်အလုပ်လုပ်နေချိန်တွင် လက်တွေ့ကျသော လမ်းကြောင်းများနှင့်သက်ဆိုင်၍ ပိုမိုပြောဆိုကာ၊ မမြင့်မားလွန်းနှင့်၊ သို့မဟုတ်ပါက သင်ပြောသည့်အရာများကို လူတို့ရယူနိုင်ခြင်း မရှိဘဲ နေလိမ့်မည်။ ပျော်ရွှင်မှုကိုလျှော့ကာ ပံ့ပိုးမှုကို ပိုစေလော့- သင်၏ ဆက်ကပ်မှုရှိသော တစ်ကိုယ်ကောင်းမဆန်သည့် စိတ်ဝိညာဉ်ကို ပြလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမို အလေးထားလော့၊ သင်၏ အသိစိတ်ကို ပိုမို နာခံလော့၊ ပိုမို သတိရှိကာ ဘုရားသခင်သည် သင်တို့ကို နေ့စဉ် စိတ်ရှည်စွာနှင့် လေးနက်စွာ မည်သို့ စကားပြောဆိုသည်ကို မမေ့လျော့နှင့်။ “နှစ်ချုပ်စာအုပ်ဟောင်း” ကို မကြာခဏ ပို၍ ဖတ်ရှုလော့။ မကြာခဏ ပို၍ဆုတောင်းပြီး၊ ပို၍မိတ်သဟာယဖွဲ့လော့။ အလွန် မရေမရာဖြစ်ခြင်းကို ရပ်လော့၊ အသိဉာဏ် အနည်းငယ်ပြပြီး ထိုးထွင်းသိမြင်မှုတစ်ချို့ကို ရယူလော့။ သင်၏အပြစ်ပြုတတ်သော လက်ကို ဆန့်မိသောအခါ ပြန်၍ရုပ်လော့။ အလွန်ဝေးလှစွာ ရောက်သွားခွင့်မပြုနှင့်။ ယင်းသည် အသုံးမဝင်သကဲ့သို့ ဘုရားသခင်ထံမှ သင်ရရှိသည့်အရာသည် ကျိန်ခြင်းသာ ဖြစ်လိမ့်မည်၊ ထို့ကြောင့် သတိပြုလော့။ သင့်စိတ်နှလုံးအား အခြားသူများအပေါ် ကြင်နာသနားခြင်း ရှိစေပြီး၊ လက်ထဲက လက်နက်များဖြင့် အမြဲမထိုးနှက်နှင့်။ သမ္မာတရားနှင့်ဆိုင်သော အသိပညာအကြောင်းကို ပို၍ မိတ်သဟာယပြုပြီး၊ အခြားသူများအား အကူအညီပေးသောစိတ်ကို ထိန်းသိမ်းလျက် အသက်တာအကြောင်းကို ပို၍ပြောဆိုလော့။ အလုပ်ပိုလုပ်ပြီး အပြောလျှော့လော့။ ပိုမို၍ လက်တွေ့လုပ်ဆောင်ပြီး သုတေသနပြုခြင်းနှင့် စိစစ်ခြင်းတို့ကို လျှော့လော့။ သင်တို့ကိုယ်သင်တို့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သာ၍တို့ထိခွင့်ပေးကာ ဘုရားသခင်အား သင့်ကို စုံလင်စေဖို့ အခွင့်အရေးများ သာ၍ပေးလော့။ လူသားအရိပ်လက္ခဏာများကို ပိုမိုဖယ်ရှားလော့။ သင်သည် အမှုအရာများ လုပ်ဆောင်သည့် လူ့နည်းလမ်းများ ပိုင်ဆိုင်လွန်းသေးသကဲ့သို့၊ သင်၏ အပေါ်ယံအားဖြင့် အမှုအရာများကိုလုပ်ဆောင်ပုံနှင့် အပြုအမူတို့သည် အခြားသူတို့အဖို့ မနှစ်မြို့စရာ ဖြစ်နေဆဲဖြစ်သည်။ ဤအရာများကို ပိုမို ဖယ်ရှားလော့။ သင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အလွန် မုန်းတီးစက်ဆုပ်ဖွယ်ကောင်းဆဲ ဖြစ်သည်။ အချိန်ကို ထိုအရာကို ပြုပြင်ခြင်းဖြင့် ပိုမိုကုန်ဆုံးလော့။ သင်သည် လူတို့ကို အဆင့်အတန်းများစွာ ပေးလွန်းသေး၏။ ဘုရားသခင်ကို အဆင့်အတန်း သာ၍ပေးကာ မလျော်ကန်လွန်းခြင်း မဖြစ်စေနှင့်။ “ဗိမာန်တော်” သည် ဘုရားသခင်နှင့် အစဉ် သက်ဆိုင်ပြီး၊ လူတို့၏ သိမ်းယူခြင်း မခံသင့်ပေ။ အတိုချုပ်အားဖြင့်၊ ဖြောင့်မတ်ခြင်းတရားအပေါ် ပိုမို အာရုံစိုက်ကာ စိတ်ခံစားချက်များအပေါ် နည်းစေလော့။ ဇာတိပကတိကို ဖယ်ရှားခြင်းသည် အကောင်းဆုံးဖြစ်၏။ စစ်မှန်မှုကို ပို၍ပြောဆိုကာ အသိပညာအကြောင်းကို လျှော့ပြောလော့။ အကောင်းဆုံးမှာ နှုတ်ပိတ်ပြီး မည်သည့်အရာမျှ မပြောဖို့ ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ပိုမိုပြောဆိုကာ တန်ဖိုးမဲ့သည့် ကြွားဝါမှုများကို နည်းစေလော့။ ယခုပင် စတင် လက်တွေ့လုပ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်၏။

လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက လုံးဝမြင့်မားခြင်းမရှိပေ။ အကယ်၍ လူတို့သည် အားစိုက်ထုတ်မှု အနည်းငယ်မျှပင် လုပ်ဆောင်ပါက၊ သူတို့သည် “အောင်မှတ်” တစ်ခု ရရှိကြလိမ့်မည်။ အမှန်တကယ်တွင် သမ္မာတရားကို နားလည်ခြင်း၊ သိရှိခြင်းနှင့် သဘောပေါက်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းထက် သာ၍ရှုပ်ထွေးပေသည်။ သမ္မာတရားကို သိရှိခြင်းနှင့် သဘောပေါက်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး နောက်တွင် လာပေသည်။ ယင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်သည့် အဆင့်များနှင့် နည်းလမ်း ဖြစ်သည်။ သင်မနာခံဘဲ အဘယ်သို့ နေနိုင်သနည်း။ အမှုအရာများကို သင့်နည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သင်ရရှိနိုင်သလော။ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ သာယာပျော်ရွှင်မှုအတွက် အမှုပြုသလော၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သင်၏ မပြည့်စုံခြင်းများအပေါ် အခြေခံကာ အမှုပြုသလော။ ဤအရာကို သင် ရှင်းလင်းစွာ မမြင်နိုင်ပါက အဓိပ္ပါယ်မရှိပေ။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၌ များစွာ အားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ အသိပညာ ပိုင်ဆိုင်ခြင်းသည် သမ္မာတရားပိုင်ဆိုင်ခြင်းနှင့် သဘောညီသည်ဟု သင်ထင်သလော။ ယင်းသည် ရှုပ်ထွေးသည့် ရှုထောင့်အမြင် မဟုတ်လော။ သင်သည် ကမ်းခြေပေါ်က သဲများတမျှ အသိပညာအကြောင်းကို များစွာ ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို အာခံကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ အမြင့်မားဆုံးသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် သဘောမထားနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ လူအချို့သည် အမြင့်မားဆုံးအယူအဆများကို ပြောဆိုကောင်း ပြောဆိုနိုင်ပေလိမ့်မည်- သို့ရာတွင် ဤလူတို့သည် ထိုအယူအဆများကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဖူးကြသောကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသည့်အတွက် ဤအယူအဆများထဲတွင် စစ်မှန်မှု မပါရှိပေ။ ထိုသို့သောလူများသည် အခြားသူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့ကို လမ်းလွဲစေခြင်းသာ ဖြစ်စေလိမ်မည်။ ဤသည်မှာ လူတို့အဖို့ အန္တရာယ်ရှိသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ဝင်ရောက်မှုကို ရရှိခွင့်ပေးနိုင်ရမည်။ ဤအရာသည်သာ ဆက်ကပ်အပ်နှံခြင်းဟု မှတ်ယူ၍ရပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် အခြားသူတို့ကို သင့်အား နာခံလာအောင်ပြုရန် မသင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှု များစွာကို အသုံးမပြုလေနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အား သာ၍စိတ်ရှုပ်ထွေးစေနိုင်သည်။ ဤသို့ ဆက်လက် လုပ်ဆောင်ခြင်းသည် လူတို့အား သင့်ကို စက်ဆုပ်စေသည့် အယူဝါဒများစွာကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ လူသား၏ အားနည်းချက်ဖြစ်ပြီး၊ အမှန်တကယ် အရှက်ရစရာ ဖြစ်သည်။ သို့ဖြစ်၍ အမှန်တကယ် တည်ရှိသည့် ပြဿနာများ အကြောင်းကို ပို၍ပြောဆိုလော့။ အခြားလူတို့၏ အတွေ့အကြုံများကို သင်၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဆက်ဆံကာ အခြားသူများ ကြည်ညိုလေးစားစေဖို့ ထိုအတွေ့အကြုံများကို မပြလေနှင့်။ သင့်အနေဖြင့် သင်ကိုယ်တိုင်၏၊ သီးခြား ထွက်ပေါက်ကို ရှာဖွေရမည်။ ဤသည်မှာ လူအသီးသီး လက်တွေ့ လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။

အကယ်၍ သင်မိတ်သဟာယဖွဲ့သည့်အရာသည် လူတို့ကို လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးနိုင်ပါက၊ ယင်းသည် စစ်မှန်မှုကို သင်ပိုင်ဆိုင်ခြင်းနှင့် ညီမျှပေသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လူတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ သင် ခေါ်ဆောင်ရမည်ဖြစ်ပြီး၊ ၎င်းတို့အားလုံး လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ပေးသင့်သည်။ ၎င်းတို့ အသိပညာ ရှိခွင့်ကိုသာ မပေးလေနှင့်။ ပို၍အရေးကြီးသည်မှာ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိခြင်း ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်ကို ယုံကြည်ရန်မှာ၊ ဘုရားသခင်သည် သူ၏အမှု၌ လမ်းပြသည့် လမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းရမည် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်စဉ်ဖြစ်၏။ သို့ဖြစ်သောကြောင့်၊ မည်သို့ပင်ဖြစ်စေ သင်လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းတစ်ခု သင်၌ရှိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် သင်ခြေချရမည် ဖြစ်သည်။ အလွန်ဝေးစွာ နောက်ကျန်ရစ်ခြင်း မရှိနှင့်၊ ပြီးလျှင် အလွန်များလှသော အရေးကိစ္စများ၌ စိတ်မဝင်စားနှင့်။ ဘုရားသခင် ဦးဆောင်သည့် လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်ပေါ်စေခြင်းမရှိဘဲ သင်လမ်းလျှောက်မှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိနိုင်ပြီး ဝင်ရောက်မှုလမ်းကြောင်းကို ပိုင်ဆိုင်နိုင်ပေမည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်းနှင့် လူသား၏တာဝန်ကို ဖြည့်ဆည်းခြင်းအဖြစ် သတ်မှတ်၍ရပေသည်။ ဤရေစီးကြောင်းထဲက လူတစ်ဦးအနေဖြင့် လူအသီးသီးသည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်သည်၊ လူတို့လုပ်သင့်နေသည့်အရာကို ပို၍လုပ်ဆောင်ကာ တစ်ဇွတ်ထိုး မပြုမူသင့်ပေ။ အမှုကို ဆောင်ရွက်နေသော လူတို့သည် ၎င်းတို့၏စကားများကို ရှင်းလင်းစေရမည်၊ လိုက်လျှောက်သော လူတို့သည် အခက်အခဲကိုသည်းခံခြင်းနှင့် နာခံမှုရှိခြင်းအပေါ် ပို၍ အာရုံစိုက်ရမည်ဖြစ်ပြီး၊ အားလုံး မိမိတို့၏အနေအထားနှင့် ကိုက်ညီစွာ ပြုမူ၍ မလျော်ကန်စွာ မပြုမူရပေ။ လူတိုင်း၏ စိတ်နှလုံးထဲတွင် ၎င်းတို့မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့်၊ မည်သည့် လုပ်ငန်းတာဝန် ဖြည့်ဆည်းသင့်သည်ကို ရှင်းလင်းစွာ သိသင့်သည်။ သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့် လမ်းကြောင်းကို လိုက်လော့။ လမ်းလွဲမသွားနှင့်၊ သို့မဟုတ် လမ်းမမှားနှင့်။ ယနေ့၏အမှုကို သင် ရှင်းလင်းစွာ မြင်ရမည်။ ယနေ့ အမှုပြုသည့် နည်းလမ်းထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာ ဖြစ်သည်။ ယင်းမှာ ပထမဆုံး သင်တို့ဝင်ရောက်ရမည့်အရာ ဖြစ်သည်။ အခြားသောအရာများနှင့်ပတ်သက်၍ နောက်ထပ် စကားလုံးများကို မဖြုန်းတီးနှင့်။ ယနေ့ ဘုရားသခင်၏အိမ်တော်၏ အမှုကို လုပ်ဆောင်ခြင်းသည် သင်တို့ ဝတ္တရားဖြစ်သည်၊ ယနေ့၏ အမှုနည်းလမ်းထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏တာဝန်ဖြစ်ပြီး၊ ယနေ့၏သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့၏ဝန်တာဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

က။ ဝန်ကြီးချုပ်၏စိတ်ဓာတ်- စိတ်သဘောထားကြီးပြီး ရက်ရောသော လူတစ်ဦးကို ဖော်ပြရန် အသုံးပြုသည့် တရုတ် ဂန္တဝင်စကားပုံတစ်ခု။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။