ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည် (အပိုင်း နှစ်)
မျက်မှောက်ခေတ် ဤလူ့အဖွဲ့အစည်း၌ နေထိုင်သော လူအများအတွက် စုံစမ်းသွေးဆောင်မှု များစွာ ရှိနေသလော။ ဆိုးယုတ်သော ရေပန်းစားမှုမျိုးစုံ၊ ဆွေးနွေးဖော်ပြချက်မျိုးစုံ၊ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်မျိုးစုံ၊ လူမျိုးစုံထံမှ အထင်အမြင်မှားစေခြင်းနှင့် သွေးဆောင်မှုမျိုးစုံ၊ လူမျိုးစုံတို့၏ မျက်နှာတွင် ဖြစ်ပေါ်သည့် ဆိုးယုတ်ရက်စက်သော မျက်နှာထားမျိုးစုံတို့ကဲ့သို့သော စုံစမ်းသွေးဆောင်မှုများသည် သင့်ကို အဘက်ဘက်မှ ဝိုင်းရံထားသည်။ ဤသည်တို့အားလုံးသည် သင်ရင်ဆိုင်ရသည့် စုံစမ်းသွေးဆောင်မှုများဖြစ်သည်။ ဥပမာအနေဖြင့် လူများသည် သင့်အတွက် အကူအညီများ ပေးကောင်းပေးနိုင်သည်။ သင့်ကို ချမ်းသာအောင် လုပ်ပေးကောင်း လုပ်ပေးနိုင်သည်။ သင်နှင့် မိတ်ဆွေများ ဖြစ်လာကောင်း ဖြစ်လာနိုင်သည်။ သင်နှင့် ချိန်းတွေ့ကောင်း ချိန်းတွေ့နိုင်သည်။ သင့်ကို ငွေသော်လည်းကောင်း၊ အလုပ်သော်လည်းကောင်း ပေးကောင်းပေးနိုင်သည်။ သင့်ကို ကခုန်ဖို့ ဖိတ်ခေါ်ကောင်း ဖိတ်ခေါ်နိုင်သည်။ သင့်ကို မျက်နှာလိုမျက်နှာရ လုပ်ကောင်းလုပ်နိုင်သည်၊ သို့မဟုတ် လက်ဆောင်များ ပေးကောင်းပေးနိုင်သည်။ ဤအရာများအားလုံးသည် စုံစမ်းသွေးဆောင်ခြင်းများ ဖြစ်နိုင်သည်။ ကိစ္စများ အဆင်မပြေလျှင် သင်သည် ထောင်ချောက်ထဲသို့ သက်ဆင်းသွားလိမ့်မည်။ သင်သည် စိတ်ထဲတွင် သမ္မာတရားအချို့ဖြင့် မပြင်ဆင်ထားဘဲ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ချို့တဲ့လျှင် ဤအရာများကို သင် အရှိအတိုင်း မြင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ယင်းတို့အားလုံးသည် သင့်အတွက် ထောင်ချောက်များနှင့် စုံစမ်းသွေးဆောင်ခြင်းများ ဖြစ်လိမ့်မည်။ တစ်ဖက်တွင် သမ္မာတရားကို သင်မပိုင်ဆိုင်လျှင် စာတန်၏ လှည့်ကွက်များကို သင်ရိပ်စားမိနိုင်မည် မဟုတ်သကဲ့သို့ လူအမျိုးမျိုး၏ စာတန်ဆန်သော မျက်နှာထားများကိုလည်း သင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။ စာတန်ကို သင်အောင်မြင်ကျော်လွှားနိုင်မည် မဟုတ်ဘဲ ဇာတိပကတိကို ပုန်ကန်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံမှုလည်း ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ အခြားတစ်ဖက်တွင် သမ္မာတရား လက်တွေ့ကျမှု မရှိသဖြင့် သင်သည် အမျိုးမျိုးအစားစားသော ဆိုးယုတ်သည့် ရေပန်းစားမှုများ၊ ဆိုးယုတ်သော အမြင်ရှုထောင့်များ၊ အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် ဆိုရိုးများအားလုံးတို့ကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။ ဤအရာများကို ရင်ဆိုင်ရသည့်အခါတွင် ယင်းသည် ရုတ်တရက် အအေးလှိုင်းဖြတ်သကဲ့သို့ဖြစ်လိမ့်မည်။ သင်သည် အအေးမိခြင်းလောက်သာ ဖြစ်ကောင်းဖြစ်နိုင်မည်။ သို့မဟုတ် ပို၍ ပြင်းထန်သောအရာတစ်ခုလည်း ဖြစ်နိုင်မည်။ သင်သည် အသက်အန္တရာယ်ပေးနိုင်ခြေရှိသော အအေးမိ၍ လေဖြတ်ခြင်းကကိုပင် ခံစားရနိုင်သည်။ သင်သည် သင်၏ယုံကြည်မှု လုံးလုံး ဆုံးရှုံးကောင်း ဆုံးရှုံးသွားမည်။ သင်သည် သမ္မာတရား ချို့တဲ့လျှင် ဘာသာတရားမရှိသူများ၏ လောကမှ စာတန်များနှင့် နတ်ဆိုးတို့၏ စကားအနည်းငယ်ကပင် သင့်အား မရှင်းမလင်းဖြစ်ပြီး ဦးနှောက်ခြောက်သွားစေလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သင့်ခြင်း ရှိမရှိနှင့် ထိုသို့သော ယုံကြည်ခြင်းသည် မှန်ကန်ခြင်း ရှိမရှိတို့ကို မေးခွန်းထုတ်လိမ့်မည်။ ယနေ့ စုဝေးကာ သင်သည် အခြေအနေကောင်းတွင် ရှိနေသော်လည်း ထို့နောက် မနက်ဖြန်တွင် သင်အိမ်ပြန်၍ ရုပ်သံဇာတ်လမ်း အခန်းတွဲနှစ်ခု ကြည့်ခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။ သင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရလေပြီ။ ညဖက်တွင် သင်အိပ်ရာမဝင်မီ ဆုတောင်းဖို့ မေ့လျော့ကာ သင်၏ စိတ်သည် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်လမ်းဇာတ်ကွက်ကိုသာ လုံးလုံး အာရုံရောက်နေသည်။ ရုပ်မြင်သံကြားကို နှစ်ရက်ကြာအောင် သင်ဆက်လက် ကြည့်ရှုလျှင် သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာပြီးသား ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များကို သင်မဖတ်ရှုလိုတော့ပေ။ သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယ မပြုလိုတော့ပေ။ သင်သည် ဘုရားသခင်ကို ဆုပင်မတောင်းလိုပေ။ သင်၏စိတ်နှလုံးထဲတွင် “ကျွန်ုပ် မည်သည့်အချိန်တွင် တစ်စုံတစ်ခုကို လုပ်နိုင်မည်နည်း။ အရေးကြီးသော အမှုကိစ္စအချို့ကို ကျွန်ုပ် မည်သည့်အချိန် စတင်နိုင်မည်နည်း။ ကျွန်ုပ်၏ ဘဝသည် အချည်းနှီးဖြစ်ဖို့ မလိုအပ်ပေ” ဟု သင် အမြဲပြောနေသည်။ ယင်းမှာ စိတ်နှလုံး ပြောင်းလဲခြင်းလော။ အစက သင်သည် ဘုရားသခင်အတွက် ဧဝံဂေလိဖြန့်ဝေပြီး သက်သေခံနိုင်ဖို့အတွက် သမ္မာတရားနှင့်ပတ်သက်၍ ပို၍နားလည်လိုခဲ့သည်။ ယခုအခါတွင် အဘယ်ကြောင့် ပြောင်းလဲသွားရသနည်း။ ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများ ကြည့်ရုံဖြင့် စာတန်ကို သင့်စိတ်နှလုံးအား လွှမ်းမိုးချုပ်ကိုင်ခွင့်ကို သင် ပေးလေသည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အမှန်ပင် နုနယ်ပေသည်။ ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို ခုခံဖို့ ဝိညာဉ်ရင့်ကျက်မှု သင့်ထံတွင် ရှိသည်ဟု သင်ထင်သလော။ ယခုအခါတွင် ဘုရားသခင်သည် သင့်အား ကျေးဇူးတော်ပြပြီး သင်၏တာဝန်ကို ထမ်းဆောင်ဖို့ သူ့အိမ်တော်ထဲသို့ ခေါ်ဆောင်၏။ သင်၏ဝိညာဉ်ရင့်ကျက်မှုကို မမေ့နှင့်။ လက်ရှိတွင် သင်သည် ပြင်ပမှ လေဒဏ်မိုးဒဏ်ကို တောင့်ခံနိုင်စွမ်း မရှိသော ဖန်လုံအိမ်ထဲမှ ပန်းလေးတစ်ပွင့်ဖြစ်သည်။ လူများသည် ဤစုံစမ်းသွေးဆောင်မှုများကို သတိမပြုမိနိုင်သကဲ့သို့ တောင့်ခံနိုင်ခြင်း မရှိပါက စာတန်က ၎င်းတို့ကို အချိန်မရွေး၊ နေရာမရွေး ဖမ်းဆီးနိုင်သည်။ ယင်းမှာ လူ၏ နုနယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သနားစဖွယ် အခြေအနေပင်တည်း။ သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်ဘဲ သမ္မာတရားကို နားလည်ခြင်း မရှိသည်နှင့်အညီ စာတန်၏ စကားများအားလုံးသည် သင့်အတွက် အဆိပ်ကဲ့သို့ပင် ဖြစ်လေသည်။ ယင်းတို့ကို သင်နားစိုက်ထောင်လျှင် ယင်းတို့သည် သင်၏စိတ်နှလုံးထဲတွင် ဖယ်ရှား၍မရနိုင်အောင် ပိတ်မိနေကြလိမ့်မည်။ သင်၏စိတ်နှလုံးထဲတွင် “ကျွန်ုပ်သည် မျက်စိပိတ်၊ နားပိတ်ထားမည်” ဟု သင်ပြောသော်လည်း စာတန်၏ စုံစမ်းသွေးဆောင်မှုမှ သင်ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိပေ။ သင်သည် လေဟာနယ်ထဲတွင် နေထိုင်ခြင်း မဟုတ်။ စာတန်၏စကားများကို ကြားရလျှင် သင်ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။ သင်သည် ထောင်ချောက်ထဲသို့ သက်ဆင်းလိမ့်မည်။ သင်၏ ဆုတောင်းခြင်းများနှင့် မိမိကိုယ်ကို ကျိန်ဆဲခြင်းများသည်လည်း အကျိုးရှိမည် မဟုတ်။ သင် မခုခံနိုင်ပေ။ ထိုသို့သောအရာများသည် သင်၏ အတွေးအခေါ်များနှင့် သင်၏လုပ်ရပ်များကို လွှမ်းမိုးနိုင်သည်။ သင်၏ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ယင်းတို့က ပိတ်ပင်တားဆီးနိုင်သည်။ သင့်ကို ထိန်းချုပ်ခြင်း၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခြင်းမှ သင့်ကို ဟန့်တားခြင်း၊ သင့်ကို အပျက်သဘောဆောင်စေပြီး အားနည်းစေခြင်း၊ ဘုရားသခင်မှ ဝေးရာတွင် သင့်ကို ရှိနေစေခြင်းတို့ကိုပင် လုပ်ဆောင်နိုင်သည်။ အဆုံးတွင် သင်သည် အသုံးမကျဘဲ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းသွားလိမ့်မည်။
ယခုအခါတွင် သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိနေသည်ဟု သင်ထင်သည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့်ပတ်သက်၍ ရည်မှန်းချက်၊ စိတ်ပိုင်းဖြတ်ချက်နှင့် ပြင်းပြသောဆန္ဒရှိသည်။ သို့ရာတွင် ဘုရားသခင်၏ စမ်းသပ်မှုများကို သင်ကြုံတွေ့ရသည့်အခါ မည်သို့ ကိုင်တွယ်မည်နည်း။ ကျိုးနွံနာခံမည်ဟု သင်ပြောသော်လည်း ဘုရားသခင်က သင်၏ အယူအဆများ စိတ်ကူးဆန္ဒများနှင့် မကိုက်ညီသည့် အခက်အခဲတစ်ခုကို သင့်ရှေ့တွင် ထားရှိသည့်အချိန်တွင် သူ့ကို သင် ကျိုးနွံနာခံနိုင်ခြင်းမရှိသောအခါ သင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်က လူတို့ကို ဆုလာဘ်ချီးမြှင့်သည့်အခါတွင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် သင့်တော်ပြီး ၎င်းတို့၏ အယူအဆများ၊ အကြိုက်များနှင့်ကိုက်ညီသောကြောင့် လူများက သူ့ကို ကျိုးနွံနာခံနိုင်ကြသည်။ သို့ရာတွင် ဘုရားသခင်က သင့်ထံမှအရာများကို ယူဆောင်သည့်အခါတွင် သင်မည်သို့တုံ့ပြန်မည်နည်း။ ဘုရားသခင်၏ စမ်းသပ်မှုများအလယ်တွင်လည်းကောင်း၊ သင့်အတွက် သူပုံဖော်ပေးသည့် ပတ်ဝန်းကျင်ထဲတွင်လည်းကောင်း သင်၏ သက်သေခံချက်ဖြင့် သင်စွဲမြဲစွာ ရပ်တည်နိုင်သလော။ ဤအရာသည် ပြဿနာဖြစ်မည်လော။ “ကျွန်ုပ်သည် မိမိ၏သက်သေခံချက်တွင် ဧကန်မုချ ခိုင်မာစွာ ရပ်တည်ပါမည်” ဟု သင်ပြောသည့်အခါတွင် သင်၏စကားများသည် ဟိတ်ဟန်ထုတ်ခြင်း၊ မိုက်မဲခြင်း၊ မာနထောင်လွှားခြင်းနှင့် ဆင်ခြင်ဉာဏ်မဲ့ခြင်းတို့ဖြစ်၏။ ဘုရားသခင်သည် သင့်နှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်လိုကြောင်း သင်သိသလော။ ဘုရားသခင်က သင့်ကို အဘယ်ကြောင့် စမ်းသပ်လိုသည်ကို သင်သိသလော။ သင့်အထဲတွင် သူမည်သည့်အရာကို ဖော်ထုတ်လိုသနည်း။ သင်က “ကျွန်ုပ်သည် ဒုက္ခခံဖို့ ဆန္ဒရှိသည်။ ကျွန်ုပ် အဆင်သင့်ဖြစ်ပြီ။ ဘုရားသခင် ပေးနိုင်သည့် မည်သည့်စမ်းသပ်မှုကိုမျှ ကျွန်ုပ် မကြောက်ပါ” ဟု ပြော၏။ သို့သော်လည်း သင်မည်သည့်အခါမျှ မမျှော်လင့်ထားသော အရာတစ်ခု၊ သင်မည်သည့်အခါမျှ မပြင်ဆင်ထားသည့်အရာတစ်ခု ရုတ်တရက်ကြီး ဖြစ်ပေါ်လာသည်။ ထိုအခါတွင် သင်၏ပြင်ဆင်ထားခြင်းက အဘယ်အသုံးတည့်သနည်း။ လုံးဝ အသုံးမတည့်ပေ။ သင်၏ကျန်းမာရေးသည် အစဉ်သဖြင့် ကောင်းမွန်သည်ဟု ဆိုကြပါစို့။ သင်သည် နှစ်ပေါင်းများစွာ သင်၏တာဝန်ကို ထမ်းဆောင်ပြီးဖြစ်ကာ ဘုရားသခင်သည် သင့်ကို ရောဂါများအားလုံးမှ ကွယ်ကာပေးပြီးဖြစ်သည်။ သင်၏လမ်းကြောင်းသည် ချောမွေ့သောလမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ရုတ်တရက်ဆိုသလို တစ်နေ့တွင် သင်သည် ဆေးသွားစစ်ပြီး ဆရာဝန်များက ထူးခြားသော ရောဂါတစ်မျိုးကို တွေ့သွားသည်။ ယင်းကို နောက်ပိုင်းတွင် ၎င်းတို့က ကျွမ်းနေသော ရောဂါတစ်ခုအဖြစ် ရောဂါရှာဖွေသတ်မှတ်ခဲ့ကြသည်။ သင်၏စိတ်နှလုံးထဲတွင် ယင်းမှာ အားကောင်းသော စမ်းချောင်းကြီးများ ဦးတည်ရာပြောင်းကာ ကြီးမားသော သမုဒ္ဒရာကြီးတစ်ခုကို မှောက်လှန်လိုက်သည့်အလား ဗြောင်းဆန်ကုန်လေသည်။ “အသင်းတော်ထဲမှ ညီအစ်ကိုမောင်နှမများထဲမှ တစ်ဦးမျှ ဤရောဂါမဖြစ်ကြပါ”၊ “ဘုရားသခင်ကို ယုံကြည်သည်မှာ ကျွန်ုပ် အကြာဆုံးဖြစ်သည်။ ကျွန်ုပ်၏တာဝန်ထမ်းဆောင်ခြင်းတွင် ကျွန်ုပ် အတက်ကြွဆုံးဖြစ်ပြီး ဒုက္ခလည်း အများဆုံးခံရသည်။ မည်သို့များ ကျွန်ုပ် ဤရောဂါဖြစ်ရသနည်း” ဟု သင်ပြောသည်။ ထိုကိစ္စကို ချင့်ချိန်တွေးဆပြီးသည့်နောက်တွင် ဤသည်မှာ ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခု ဖြစ်ရမည်ဖြစ်ပြီး သင် ကျိုးနွံနာခံသင့်သည်ကို သင်သဘောပေါက်လိုက်သည်။ ယခုအချိန်တွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းရန် ယုံကြည်ခြင်း ရှိသေးသည်။ သို့ရာတွင် အချိန်တစ်ခုကြာ သင်ဆုတောင်းပြီးနောက် ရောဂါမပျောက်သေးသဖြင့် “ဤသည်မှာ ဘုရားသခင်က ငါ့ကို သေခွင့်ပေးခြင်းဖြစ်သည်။ ဘုရားသခင်က ငါ၏ အသက်ကို နုတ်ယူချင်သည်” ဟု သင် ဆုံးဖြတ်သတ်မှတ်သည်။ ယခုအခါတွင် ဘုရားသခင်ကို သင်နာခံဦးမည်လော။ (ဖြစ်နိုင်ချေမရှိပါ။) သင်သည် “ကျွန်ုပ်၏ ဘုရားသခင်။ ကျွန်ုပ် မသေချင်သေးပါ။ ကျွန်ုပ် အပြည့်အဝ အသက်မရှင်ရသေးပါ။ ကျွန်ုပ် ငယ်ရွယ်ပါသေးသည်။ ကျွန်ုပ်ဘဝကို တစ်ဝက်တစ်ပျက်သာ တွေ့ကြုံခံစားရပါသေးသည်။ နှစ်အနည်းငယ်ထပ်ပေးပါ။ ကျွန်ုပ်လုပ်နိုင်သည့်အရာ များစွာ ရှိပါသေးသည်” ဟု ငိုပြလိမ့်မည်။ ဘုရားသခင်က သင့်ကို ကုစားပေးမည့်အရေးအတွက် ဆုတောင်းခြင်းသည် အချည်းနှီးသာ ဖြစ်၏။ ဆေးစစ်ချက်မည်မျှကို သင်ကြုံတွေ့ရပါစေ သင်၏ရောဂါ ကျွမ်းနေကြောင်း ထိုဆေးစစ်ချက်များက ပြလိမ့်မည်။ ကုသမှုခံယူပါကလည်း သင်သေဆုံးမည်။ ကုသမှုမခံယူပါကလည်း သင်သေဆုံးမည်သာဖြစ်သည်။ သို့ဆိုလျှင် သင်မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ အချိန်အတော်များများတွင် ဘုရားသခင်က လူများကို စမ်းသပ်သည့်အချိန်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များက မှန်ကန်ပြီး ကောင်းမွန်သည်ဟု တွေးတောခြင်းအားဖြင့် ၎င်းတို့ စတင်ကြသည်။ သို့ရာတွင် သုံးသပ်ချက်က ရှင်းလာသည့်အချိန်တွင် “ကျွန်ုပ်သေဖို့က အမှန်တကယ်ပင် ဘုရားသခင်၏အလိုတော် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်က ကျွန်ုပ်ကို သေစေလိုလျှင် သေခွင့်ပြုလိုက်ပါ” ဟု ၎င်းတို့ တွေးကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် အပျက်သဘောဆောင်စွာ၊ အားကိုးရာမဲ့စွာ သေဖို့စောင့်ကြသည်။ သေခြင်းတရားအတွက် ဤစောင့်ဆိုင်းခြင်းသည် မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ယင်းတွင် ကျိုးနွံနာခံမှုအရိပ်အယောင် တစ်ခုတလေ ပါသလော။ (မပါပါ။ ယင်းက ကံကြမ္မာကို လက်ခံခြင်းမျှသာ ဖြစ်၏။) ထိုသို့သောလူများသည် အမှန်တကယ် သေဖို့ ဆန္ဒရှိနေကြသလော။ (မရှိနေပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် သေဖို့စောင့်ဆိုင်းနေကြသနည်း။ သေခြင်းတရား ရောက်လာသည့်အချိန်တွင် ၎င်းတို့တွင် သေဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ၎င်းတို့တွင် ရွေးချယ်စရာ မရှိပါက ၎င်းတို့ လက်ခံရုံသာ တတ်နိုင်သည်။ ဤ “လက်ခံခြင်း” သည် မတုန်မလှုပ်ဖြင့် ဆန့်ကျင်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ သက်သေခံခြင်း လုပ်ရပ်တစ်ခု မဟုတ်ပေ။ လူအချို့က “ဘုရားသခင်သည် ကျွန်ုပ်ကို သေခွင့်ပေးပြီ။ ထို့ကြောင့် ကျွန်ုပ်သည် မည်သည့်သက်သေခံချက် ပေးဖို့ ကျန်သေးသနည်း” ဟု ပြောကြသည်။ ဘုရားသခင်က သင့်ကို သေခွင့်ပြုလင့်ကစား သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်သည် မဟုတ်သလော။ သင်၏တာဝန်ကို သင်စွန့်ပစ်မည်လော။ သင်၏တာဝန်ကို သင်ပြီးမြောက်ပြီလော။ သင်၏တာဝန်ကို သင်ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သလော။ ဖန်ဆင်းခံတစ်ဦး ပေးရန်ရှိသော သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့အတွက် သင်သည် မည်သည့်စိတ်နှလုံးမျိုး ရှိရမည်နည်း။ (ကျွန်ုပ်၏ အတွေ့အကြုံကို ပြောပြပါရစေ။ လွန်ခဲ့သည့် သုံးလေးရက်က ကျွန်ုပ် သွားကိုက်သည်မှာ နာလွန်းသဖြင့် သုံးရက်ကြာ အိပ်မပျော်ခဲ့ပါ။ သို့တိုင် ကျွန်ုပ်၏ တာဝန်ကို နေ့စဉ် လုပ်ဆောင်ခဲ့ရပါသေးသည်။ ကျွန်ုပ်၏ ခေါင်းထဲမှ မချိမဆံ့ခံစားရသော နာကျင်မှုသည် အမှန်တကယ်ကို ကျွန်ုပ်ခံနိုင်သည်ထက်ပင် ပိုလုနီးပါး ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် အနည်းငယ် ညည်းညူခဲ့မိသည်။ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ်ကောင်းမွန်စွာ ထမ်းဆောင်ခဲ့သည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်ထံ ဤအရာ အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ ထိုအချိန်က ဘုရားသခင်၏ ရည်ရွယ်ချက်ကို ကျွန်ုပ် နားမလည်နိုင်ဟု ခံစားခဲ့ရသည်။ ညီအစ်ကိုမောင်နှမအချို့က မိမိကိုယ်ကို ပြန်လည်သုံးသပ်ကာ သိရှိရန် ကျွန်ုပ်ကို တိုက်တွန်းကြသည်။ ထို့ကြောင့် ကျွန်ုပ် ဘုရားသခင်ထံ ဆက်လက်၍ ဆုတောင်းပြီး ရှာဖွေခဲ့သည်။ မည်သည့်အရာတွင်မျှ ဘုရားသခင်ကို ကျွန်ုပ် ပုန်ကန်ခဲ့ကြောင်း မတွေ့ခဲ့ရပါ။ နောက်ပိုင်းတွင် ယောဘက သူ့အပေါ် စမ်းသပ်သည့်အချိန်ကာလအတွင်းတွင် သူ၏ဇနီးသည်ကို ပြောသည့်စကားများအကြောင်း ကျွန်ုပ်တွေးမိသည်။ “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ဝတ္ထု ၂:၁၀) ဟူ၍ဖြစ်လေသည်။ ယောဘသည် သူ့အပေါ် စမ်းသပ်သည့် အချိန်ကာလများအတွင်းတွင် ဘုရားသခင်အတွက် သက်သေခံနိုင်ခဲ့သည်။ ကျွန်ုပ် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မိသည်။ ကျွန်ုပ်အတွက် အခြေအနေများ ကောင်းနေသည့်အချိန်တွင် ကျွန်ုပ်သည် ဘုရားသခင်ကို မည်သို့မည်ပုံချီးမွမ်းနိုင်သော်လည်း ဘေးဒုက္ခကျရောက်သည့် အချိန်များတွင် အပျက်သဘောဆောင်လာပြီး ဘုရားသခင်ကို ပုန်ကန်ပုံကို ကျွန်ုပ် မြင်ခဲ့သည်။ ဤသည်မှာ သတ်မှတ်ချက်ပြည့်မီသော ဖန်ဆင်းခံတစ်ဦး၏ နည်းလမ်းမဟုတ်သည်ကို ကျွန်ုပ် ခံစားရပြီး ထိုအချိန်တွင် နောက်ဆုံး၌ ကျွန်ုပ်၏ အသိစိတ်က နှိုးဆော်ခြင်းခံရသည်။ ကျွန်ုပ်သည် ဇာတိပကတိကို ပုန်ကန်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒရှိခဲ့သည်။ ကျွန်ုပ် မကျန်းမာလျှင်ပင် ဘုရားသခင်ကို ကျွန်ုပ် ကျိုးနွံနာခံသင့်သေးသည်ဟု ကျွန်ုပ် တွေးမိသည်။ နာကျင်မှုမည်မျှရှိပါစေ ကျွန်ုပ်၏တာဝန် ထမ်းဆောင်ရာတွင် ကျွန်ုပ် လိုလိုလားလား ဆက်လက်လုပ်ဆောင်ရမည်။ ဤသည်မှာ ကျွန်ုပ်ကိုယ်တိုင်၏ အတွေ့အကြုံဖြစ်ပါသည်။) မည်သည့်စမ်းသပ်မှုကို သင်ထိပ်တိုက်ရင်ဆိုင်ရပါစေ ဘုရားသခင်ရှေ့မှောက်သို့ သင်လာရမည်ဖြစ်သည်။ ဤသည်မှာ မှန်ကန်ပေ၏။ သင်၏တာဝန် ထမ်းဆောင်ခြင်းကို မနှောင့်နှေးအောင် လုပ်ဆောင်ရင်း သင့်ကိုယ်သင်လည်း ဆင်ခြင်သုံးသပ်ရမည်။ အရေးမပါသည့်အရာကို အာရုံစိုက်ရန် အရေးကြီးသည့် အရာကို လျစ်လျူရှုထားရင်း မိမိကိုယ်ကို စဉ်းစားဆင်ခြင်ရုံပြုပြီး သင့်တာဝန်ကို မဆောင်ရွက်ဘဲ မနေနှင့်။ ယင်းမှာ မိုက်မဲသည့် နည်းလမ်းဖြစ်၏။ သင့်အပေါ်သို့ မည်သည့် စမ်းသပ်မှု ကျရောက်ပါစေ သင်က ယင်းကို ဘုရားသခင်က သင့်အား ပေးသည့် ဝန်တစ်ခုအဖြစ် သဘောထားရမည်။ လူအချို့က ကြီးစွာသော နာမကျန်းဖြစ်ခြင်းနှင့် မခံနိုင်သော ဒုက္ခတို့ဖြင့် ဝိုင်းရံဖိစီးခြင်းခံရကာ အချို့က သေခြင်းတရားကိုပင် ရင်ဆိုင်ရသည်ဟု ဆိုကြပါစို့။ ဤအခြေအနေမျိုးကို သင်သည် မည်သို့ ချဉ်းကပ်သင့်သနည်း။ လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်တာသည် သင့်ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သင့်ခံနိုင်ရည်၏ အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဆုတောင်းပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့်၊ သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နှောင့်နှေးခြင်း မရှိဘဲ သင်၏တာဝန်ကို သစ္စာစောင့်သိစွာ စွဲစွဲမြဲမြဲ ထိန်းနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ပြင်းထန်သော ရောဂါတစ်ခုကို ခံစားနေရပြီး သေဆုံးတော့မည်ကို မြင်လျက် လူအချို့က မိမိတို့ဘာသာ တွေးကြသည်။ “သေခြင်းတရားကို ရှောင်ရှားလိုသည့်အတွက် ဘုရားသခင်ကို ကျွန်ုပ် စတင် ယုံကြည်ခဲ့သည်။ သို့ရာတွင် အမှန်တော့ ကျွန်ုပ်၏ တာဝန်ကို ဤနှစ်များအားလုံးတွင် ထမ်းဆောင်ပြီးသည့်နောက်တွင်ပင် သူက ကျွန်ုပ်ကို သေခွင့်ပေးတော့မည်။ ကျွန်ုပ်သည် ကိုယ့်ကိစ္စကိုသာ လုပ်ဆောင်ပြီး ကျွန်ုပ် အစဉ်သဖြင့် လုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်သင့်သည်။ ဤဘဝတွင် ကျွန်ုပ် မခံစားရသေးသည့်အရာများကို ပျော်မွေ့ခံစားသင့်သည်။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား ရွှေ့ဆိုင်းထားသင့်သည်” ဤစိတ်သဘောထားက အဘယ်နည်း။ သင်သည် ဤနှစ်များတစ်လျှောက် သင်၏တာဝန်ကို ထမ်းဆောင်နေပြီးဖြစ်သည်၊ သင်သည် ဤဒေသနာများ အားလုံးကို နားထောင်ပြီးဖြစ်ကာ သမ္မာတရားကို သင်နားမလည်သေးပေ။ စမ်းသပ်မှု တစ်ခုက သင့်အား ပြိုလဲစေသည်၊ သင့်ကို ကျရှုံးစေသည်၊ ပြီးလျှင် သင့်ကို ဖော်ထုတ်ပြသည်။ ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင်၏ စောင့်ရှောက်ခံရခြင်းနှင့် ထိုက်တန်သလော။ (၎င်းတို့သည် မထိုက်တန်ပါ။) ၎င်းတို့သည် သစ္စာစောင့်သိခြင်း လုံးလုံး မရှိသူများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့ ဤနှစ်များ အားလုံးကို အကုန်ခံပြီး ထမ်းဆောင်ခဲ့သည့် တာဝန်ကို မည်သို့ သိထားကြသနည်း။ ယင်းကို “အလုပ်လုပ်ပေးခြင်း” ဟု သိထားကြပြီး ၎င်းတို့သည် အားထုတ်ကြိုးပမ်း နေခဲ့ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က “ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ကျွန်ုပ်သည် ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ဖြစ်သည့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ရမည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း လက်တွေ့ကျမှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင် ကျွန်ုပ်သည် မိမိ၏တာဝန်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်းရမည်” ဟု ဆိုနိုင်လျှင် ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဋ္ဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။ ထိုသို့သော အချိန်တစ်ခုတွင် သင်သည် သင့်ကိုယ်သင် “ဘုရားသခင်က ကျွန်ုပ်ကို ဤဇီဝအသက်ကို ပေးသည်၊ သူသည် ဤနှစ်များ တစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးကာ ကွယ်ကာပေးပြီးဖြစ်သည်၊ သူသည် ကျွန်ုပ်ထံမှ နာကျင်မှုများစွာ ယူပြီးဖြစ်သည်၊ ကျွန်ုပ်ကို ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာတို့ကို ပေးပြီးဖြစ်သည်။ ကျွန်ုပ်သည် မျိုးဆက်များကြာအောင် လူများ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများကို နားလည်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်။ ယခင်က ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည်၊ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ကျွန်ုပ် ပြုသမျှအရာအားလုံးသည် ဘုရားသခင်ကို နာကျင်စေသည်။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ နောက်ထပ် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးခြင်းသည် အချည်းနှီးမဖြစ်ဘဲ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဘုရားသခင် တွေ့မြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်ဖို့ အချိန်မည်မျှ ကျန်ပါစေ ကျွန်ုပ်၌ရှိသည့် အနည်းငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ပြီး ဘုရားသခင်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဘုရားသခင်ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးပါရစေ၊ ပြီးလျှင် သူ့ကို မနာကျင်စေတော့သကဲ့သို့ စိတ်မပျက်စေတော့ပေ” ဟု တွေးလိမ့်မည်။ ဤနည်းလမ်းဖြင့် တွေးတောခြင်းကရော အဘယ်သို့ ရှိသနည်း။ “ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင် ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး သစ္စာစောင့်သိမည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင် မည်သို့ သစ္စာစောင့်သိနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့၊ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်မရစေအောင် လုပ်နိုင်စွမ်းရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) ယခုအခါတွင် “ဟုတ်ပါသည်” ဟု ပြောရသည်မှာ လွယ်ကူသော်လည်း ဤသည်က သင့်ကို အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ယင်းက အလွန်လွယ်ကူ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို လိုက်စားရမည်၊ သမ္မာတရားနှင့် ပတ်သက်၍ မကြာခဏ အလုပ်ကြိုးစားရမည် ဖြစ်ပြီး၊ “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် မည်သို့ ကျေနပ်စေနိုင်သနည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မည်သို့ ပြန်ပေးဆပ်နိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးခြင်း၌ သာ၍ အချိန် ကုန်ဆုံးရမည်။ ဖန်ဆင်းခံတစ်ဦး ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားထောင်ရုံမျှသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သလော။ မဟုတ်ပေ။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင် နေထိုင်ဖို့ ဖြစ်သည်။ သင်သည် ဤအရာများကို အသက်ရှင်နေထိုင်နိုင်ပြီး သူ့အား သက်သေခံနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သင့်အား သမ္မာတရားများစွာ၊ လမ်းခရီးများစွာနှင့် အသက်များစွာကို ပေးပြီးဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ပြီးလျှင် ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားတို့ ဖြစ်သည်။ သင်သည် ဤအရာများကို မကြာမကြာ ချင့်ချိန်စဉ်းစားရမည်။ သင်သည် ယင်းတို့ကို အစဉ်သဖြင့် ချင့်ချိန်စဉ်းစားလျှင် သမ္မာတရား၏ သွင်ပြင်လက္ခဏာများအားလုံးကို သင်ပို၍ နက်နဲစွာ နားလည်သဘောပေါက်လိမ့်မည်။
လူများသည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို မလျှောက်သကဲ့သို့ သမ္မာတရားကို ရရှိဖို့ အလုပ်မကြိုးစားပါက အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့သည် မှောက်မှားပြီး ကျရှုံးလိမ့်မည်။ ၎င်းတို့ပိုင်ဆိုင်သည့် အသိပညာနှင့် အယူဝါဒ အနည်းငယ်တို့ကို မှီခိုခြင်းအားဖြင့် ၎င်းတို့ ကြုံတွေ့ရသည့် ပြဿနာများကို ဖြေရှင်း၍မရနိုင်သောကြောင့် မြဲမြံခိုင်မာစွာ ရပ်တည်ရန် ခက်ခဲလိမ့်မည်။ အယူဝါဒများအကြောင်းကို သင်မည်မျှကောင်းစွာ ပြောဆိုနိုင်ပါစေ စစ်မှန်သော အခက်အခဲများကို သင်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ သင်သည် ထိုးထွင်းသိမြင်သည့် ကြည်လင်ပြတ်သားမှုတစ်ခု ရရှိသည်အထိ သမ္မာတရားအမျိုးမျိုးကို စဉ်ဆက်မပြတ် ချင့်ချိန်စဉ်းစားရမည်။ ထိုအခါမှသာလျှင် သင်ကြုံတွေ့ရသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းရန် သမ္မာတရားကို သင်အသုံးပြုနိုင်မည် ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သည့်သူများသည် စကားများနှင့် အယူဝါဒများအကြောင်းကို မပြောကြချေ။ ၎င်းတို့သည် အရာအားလုံးကို ခွဲခြားသိမြင်နိုင်ပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံးတွင်လည်း စိတ်ချယုံကြည်မှုဖြင့် ပြုမူဆောင်ရွက်သည်။ သင်ကြုံရသည့် အခြေအနေများတွင် သမ္မာတရားကို မည်သို့ရှာဖွေရမှန်း သင် မသိဘဲ သင်ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း အစဉ်သဖြင့် ပြုမူဆောင်ရွက်ပါက သင့်အနေဖြင့် သမ္မာတရားကို နားလည်ဖို့ မဖြစ်နိုင်ချေ။ သမ္မာတရားကို နားလည်ဖို့အတွက် သင်၏တာဝန်များကို ထမ်းဆောင်ရာတွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ အသုံးပြုရမည်ကို စဉ်ဆက်မပြတ် ချင့်ချိန်တွေးဆရမည်။ ဤနည်းအားဖြင့် သင်သည် ချင့်ချိန်စဉ်းစားခြင်း မရှိလျှင် ဤသမ္မာတရားများကို သင်ရရှိနိုင်သလော။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားခြင်းမရှိလျှင် ဒေသနာမည်မျှကို ကြားရပါစေ၊ အယူဝါဒမည်မျှကို သင်နားလည်ပါစေ စကားများနှင့် အယူဝါဒများ၏ အဆင့်တွင်သာ သင်အစဉ်သဖြင့် နေနေလိမ့်မည်။ ဤစကားများနှင့် အယူဝါဒများကို မည်သို့ပြောဆိုရမည်ကို သင်သိလျှင် သင်သည် ယခုအချိန်တွင် စိတ်ပြင်းပြပြီး အားမာန်တက်ကြွနေသောကြောင့် ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းသည် အကျိုးဖြစ်ထွန်းပြီးသားဖြစ်ကာ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်မြင့်မားသည်ဟု သင်ထင်မြင်အောင် ဤအရာက သင့်ကို မကြာခဏ လှည့်စားနိုင်သည်။ သို့ရာတွင် အမှန်တရားနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ၊ ဆိုလိုသည်မှာ စမ်းသပ်မှုများနှင့် အတိဒုက္ခတို့ကို ရင်ဆိုင်ရသောအခါ ဤစကားများနှင့် အယူဝါဒများသည် သင့်အတွက် အကာအကွယ်ပေးသည်မှာ မည်မျှနည်းပါးကြောင်းကို သင် တွေ့မြင်လာလိမ့်မည်။ ယင်းတို့သည် ဘုရားသခင်က လူအား ပေးသော စမ်းသပ်မှုတစ်ခုချင်းစီကို သင်ချောမွေ့စွာ အောင်မြင်နိုင်ဖို့ သေချာစေရန်ကို မဆိုထားနှင့်၊ သင့်ကို တစ်ခုတည်းသော စမ်းသပ်မှုမျှကိုပင် ကာကွယ်မပေးနိုင်ပေ။ ထိုထက် ဤစကားလုံးများနှင့် အယူဝါဒများသည် သင့်ကို ပျက်စီးခြင်းသို့ ဆိုက်ရောက်စေသည်ဟု သင်ခံစားရလိမ့်မည်။ ထိုသို့သောအချိန်များတွင် သမ္မာတရားကို သင်နားလည်သည်မှာ မည်မျှနည်းပါးကြောင်းနှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင်မဝင်ရောက်ရသေးကြောင်းတို့ကို သင်မြင်ရလိမ့်မည်။ မကြာခဏဆိုသလို လူများသည် စမ်းသပ်မှုများကို ထိပ်တိုက်ရင်ဆိုင်ရပြီး ရှေ့ဆက်လမ်းကို မမြင်နိုင်သည့်အခါ သမ္မာတရားမရှိသည့် ၎င်းတို့၏ ခိုကိုးရာမဲ့ခြင်းကို နောက်ဆုံးတွင် ခံစားရပြီး ၎င်းတို့၏ အယူဝါဒအကြောင်း ပြောခြင်းအားလုံးသည် မည်မျှ အသုံးမကျသည်ကို ခံစားကြရသည်။ ထိုအချိန်မှသာလျှင် ၎င်းတို့မည်မျှ ချို့တဲ့ပြီး မည်မျှ သနားဖွယ်ကောင်းသည်ကို ၎င်းတို့ တွေ့မြင်ကြသည်။ အရာအားလုံးက လုံခြုံဘေးကင်းပြီး ပြဿနာမရှိသည့်အချိန်တွင် သင်သည် အရာအားလုံးကို နားလည်သည်ဟု အစဉ်သဖြင့် ခံစားရသည်။ သင်၏ယုံကြည်ခြင်းသည် အချည်းနှီးမဖြစ်ကြောင်း၊ ယင်းမှ သင်သည် များစွာ ရရှိပြီးဖြစ်ကြောင်းကို သင်ခံစားရသည်။ မည်သည့်အရာပင် ဖြစ်ပါစေ သင့်အတွက် စိုးရိမ်စရာ တစ်ခုမျှ မရှိဟု သင်ခံစားရသည်။ စင်စစ်အားဖြင့် သင်သည် အချို့သော စကားများနှင့် အယူဝါဒများသက်သက်ကိုသာ နားလည်ခြင်း ဖြစ်သည်။ ယင်းတို့သည် မည်သို့ပင်ဆိုစေ မည်သည့်အသုံးတည့်ခြင်းမျှ မရှိချေ။ ဘေးဒုက္ခများနှင့် ကပ်ဘေးတို့ကို ရင်ဆိုင်ရာတွင် သင်သည် အခြေအနေကို မည်သို့ ရင်ဆိုင်ရမှန်း မသိဘဲ မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိပေ။ ဘုရားသခင်ထံ ဆုတောင်းသည့်အချိန်တွင် သင်သည် မည်သည့်အရာကို ပြောရမှန်း သိမည် မဟုတ်ပေ၊ သို့မဟုတ် မည်သည့်အရာကို တောင်းဆိုရမှန်း သိမည်မဟုတ်ပေ။ သင်သည် လမ်းကြောင်းကို ရှာမတွေ့နိုင်ချေ။ ဤအရာက လူသည် မည်မျှ သနားဖွယ်ကောင်းသည်ကို ပြလေသည်။ သင်၏ စိတ်နှလုံးသည် ဘုရားနှုတ်ကပတ်တော်များ ကင်းမဲ့နေပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့သည်။ သင်သည် အမှောင်ထဲတွင် ရောက်နှင့်ပြီးသား ဖြစ်သည်။ ဘုရားကို သင်၏ ယုံကြည်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိသေးသလို ယခုအခါတွင် သင်သည် သူတောင်းစားတစ်ဦးကဲ့သို့ ဆင်းရဲချွတ်ခြုံကျနေလေသည်။ ထိုအခါမှသာလျှင် ထိုနှစ်များတစ်လျှောက် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းသည် သမ္မာတရား လက်တွေ့ကျမှု လုံးဝ ကင်းမဲ့နေသည်ကို သင်ခံစားရသည်။ ယခုအခါတွင် သင်သည် လုံးဝ ဖော်ထုတ်ခံရပြီးဖြစ်လေသည်။ ဘုရားအပေါ် နှစ်ပေါင်းများစွာ ယုံကြည်ခြင်းသည် သင့်ကို ထိုသို့သော အခြေအနေသို့ ရောက်သွားစေလျှင် သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ သေချာပေသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်
အောက်ခြေမှတ်စုများ-
က။ လေဖြန်းခြင်း၊ တရုတ်ဆေးပညာတွင် ပြင်းထန်ကာ၊ အသက်အန္တရာယ်စိုးရိမ်ရဖို့ အလားအလာရှိပြီး အပြင်ပန်းရာသီဥတု အခြေအနေကြောင့် ဖြစ်သည့် အတွင်းပိုင်း အအေးမိခြင်းကို ရည်ညွှန်းရာ၌ အသုံးပြုသည့် ဝေါဟာရတစ်ခု။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။