ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက် (အပိုင်း နှစ်)
လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လှည့်ဖြားတတ်သောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်ဖြားတတ်သောလူတို့ကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်နည်းလမ်း၊ ၎င်းတို့၏ စိတ်သဘောထား၊ ရည်ရွယ်ချက်များနှင့် ၎င်းတို့၏ လှည့်စားသည့်နည်းလမ်းတို့ကို မနှစ်သက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က မနှစ်သက်ပေ။ လှည့်စားတတ်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ လှည့်စားတတ်သော စိတ်သဘောထားများကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ လိုလားလျှင် လူအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဆက်ဆံပြီး သမ္မာတရားကလည်း ထိုသို့ဖြစ်သည့်အတွက် ၎င်းတို့သည်လည်း ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေသူများ ဖြစ်လိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ ကျွန်ုပ်တို့၏ ပြုမူနေထိုင်မှုစည်းမျဉ်းများကို ပြောင်းလဲခြင်းဖြစ်သည်။ စာတန်ဆန်သော အတွေးအခေါ်များနှင့်အညီ အသက်ရှင်၍ မရတော့ပေ။ မုသားများ၊ လှည့်စားမှုများနှင့် နေ၍ မရတော့ပေ။ ကျွန်ုပ်တို့၏ မုသားအားလုံးကို စွန့်ပစ်ပြီး ရိုးသားသူများဖြစ်လာရမည်။ ထို့နောက်တွင် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်စားမှုတို့ကို အစဉ် အားကိုးပြီး စာတန်ဆန်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု အခြေခံအဖြစ်၊ ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခု ဖြစ်သည်။ ဘာသာမဲ့များကြားတွင် သင်က ပွင့်လင်းစွာပြောဆိုလျှင်၊ အမှန်တရားကို ပြောလျှင်၊ ရိုးသားသောသူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသရေဖျက်ခံရမည်။ ဝေဖန်အပြစ်တင်ခံရပြီး စွန့်ပစ်ခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် မသိမသာ ဒုက္ခပေးသောနည်းများကို အသုံးပြုဖို့လည်း သင်ယူသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့သည်အထိ အပြစ်ထဲသို့ ပိုပို၍ကျဆင်းသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမှုအရာများသည် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ သင် လိမ်ညာပြီး လှည့်စားတတ်သောအရာများ လုပ်ဆောင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို စိတ်ကုန်ပြီး စွန့်ပစ်လေဖြစ်သည်။ သင်က နောင်တရရန် ငြင်းဆန်ပြီး စာတန်ဆန်သော အတွေးအခေါ်များနှင့် ယုတ္တိများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ အယောင်ဆောင်ပြီး ဟန်လုပ်ရန်အတွက်ပရိယာယ်သုံးပြီး အကြံအစည်များကို အသေးစိတ်စီစဉ်လျှင် သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရဖို့ အလွန်ပင် ဖြစ်နိုင်ချေရှိသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်သည်။ လှည့်ဖြားသောသူတို့သည် နောက်ဆုံးတွင် ပစ်ပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး သင့်ကိုယ်သင် ချပြခြင်းမရှိလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ရိုးသားသော သဘောထားရှိရမည်။ ရိုးသားသော သဘောထားတစ်ခုမရှိဘဲ သင်၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ သင်သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပုံစံဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်လျှင်၊ တစ်စုံတစ်ခုကို ကောင်းမွန်စွာ မလုပ်နိုင်လျှင် သင့်ကိုယ်သင် ပြန်ဆင်ခြင်ကြည့်သင့်သည်။ သင့်ကိုယ်သင် သိသင့်သည်။ သင့်ကိုယ်သင် စိစစ်ရန်အတွက် ဖွင့်ဟသင့်သည်။ ထို့နောက် ဝတ်ကျေတမ်းကျေလုပ်မည့်အစား နောက်တစ်ကြိမ်တွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေပြီး ပိုကောင်းအောင် လုပ်ဆောင်ဖို့ ကြိုးစားသင့်သည်။ သင်သည် ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် ကြိုးစားပြီး ဘုရားသခင်ကို ကျေနပ်စေခြင်းမရှိလျှင်၊ သင်ကိုယ်တိုင်၏ ဇာတိပကတိကို၊ သို့မဟုတ် မာန်မာနကို ဖြည့်ဆည်းဖို့ အစဉ်သဖြင့် အလေးထားလျှင် သင်သည် အလုပ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်မည်လော။ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ သေချာပေါက် ထမ်းဆောင်နိုင်မည်မဟုတ်ပေ။ လှည့်ဖြားတတ်သောသူများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ မည်သည့်တာဝန်ကို ၎င်းတို့လုပ်နေရသည်ဖြစ်စေ ယင်းကို ကောင်းစွာ မလုပ်ဆောင်ကြချေ၊ ထိုသို့သော လူများအတွက် ကယ်တင်ခြင်းရရှိဖို့ ခက်ခဲသည်။ ငါ့ကို ပြောလော့၊ လှည့်ဖြားတတ်သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသည့်အခါ၊ လှည့်ဖြားမှုတွင် ပါဝင်ပတ်သက်ကြသလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အား အဖိုးအခတစ်ခု ပေးဖို့၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့၊ အခြားသူများထံ ဖွင့်ပြောပြီး မိမိတို့ကိုယ်ကို ထုတ်ဖော်ပြဖို့ တောင်းဆို၏။ သို့သော် ၎င်းတို့သည် တစ်စုံတစ်ရာကို ချုပ်တည်းထားကြသည်။ ၎င်းတို့ စကားပြောသည့်အခါ၊ ၎င်းတို့သည် တစ်ဝက်တစ်ပျက်သာ ပြောပြီး ကျန်သည့်အရာများကို ဆိုင်းထားကြသည်။ အခြားသူများမှာ ၎င်းတို့ မည်သည့်အရာ ဆိုလိုသည်ကို အမြဲ မှန်းဆကြရသည်၊ ၎င်းတို့၏ ဆိုလိုရင်းကို အဖြေရှာဖို့ အသေးစိတ်များကို အမြဲ ဆက်စပ်ကြရသည်။ ၎င်းတို့သည် တစ်မျိုးပြောင်းဖို့ မိမိတို့ကိုယ်ကို အမြဲခွင့်ပြုကြသည်၊ အခြားတစ်နည်းပြောင်းဖို့ အခွင့်အရေးအချို့ မိမိတို့ကိုယ်ကိုယ် ပေးကြလေသည်။ ၎င်းတို့ လှည့်ဖြားတတ်သည်ကို အခြားလူများကသတိထားမိသောအခါ ၎င်းတို့သည် ထိုသူတို့နှင့် မပတ်သက်လိုတော့ဘဲ ၎င်းတို့လုပ်သမျှတွင် ထိုသူတို့ကို သတိထားကြသည်။ ၎င်းတို့သည် လိမ်ညာပြီး အခြားလူများက ၎င်းတို့ကို မယုံကြည်နိုင်ပေ။ ၎င်းတို့ပြောသည့်အရာများတွင် မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်၊ သို့မဟုတ် ထိုအရာများက မည်မျှ စစ်မှန်မှုမရှိသည်ကို မသိရပေ။ ၎င်းတို့သည် မကြာခဏပင် အခြားလူများအပေါ် ကတိပျက်ပြီး လူတို့၏ စိတ်နှလုံးတွင် ၎င်းတို့ကို တန်ဖိုးမထားကြပေ။ သို့ဆိုလျှင် ဘုရားသခင်၏ စိတ်နှလုံးတွင်မူ အဘယ်သို့ရှိသနည်း။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ မြင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို ပို၍ပင် မုန်းတီးသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့၏ စိတ်နှင့် နှလုံးသား၏ အတွင်းနက်နက်နေရာများကို စိစစ်သောကြောင့်ဖြစ်သည်။ အပေါ်ယံတွင် ရှိသည့်အရာကိုသာ လူသားများက မြင်နိုင်သော်လည်း၊ ဘုရားသခင်က ပို၍ တိကျစွာ၊ ပို၍ ပြတ်သားစွာ၊ ပို၍ လက်တွေ့ကျစွာ မြင်သည်။
သင်သည် ယုံကြည်သူဖြစ်သည်မှာ မည်မျှကြာသည်ဖြစ်စေ၊ သင်၏တာဝန်က မည်သည့်အရာဖြစ်စေ၊ သင်လုပ်ဆောင်သည့်အလုပ်က မည်သည့်အလုပ်ဖြစ်စေ၊ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နှိမ့်သည်ဖြစ်စေ၊ သင်၏ အကျင့်စရိုက်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်လာရန် အားထုတ်သရွေ့ ဆုလာဘ်များကို သေချာပေါက် ရရှိခံစားရလိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်လာရန် အားမထုတ်သောသူအချို့သည် ၎င်းတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းက လုံလောက်သည်ဟု ထင်ကြသည်။ ၎င်းတို့ကို ငါက “သင်သည် သင်၏တာဝန်ကို မည်သည့်အခါမျှ ကောင်းစွာထမ်းဆောင်နိုင်မည်မဟုတ်” ဟု ပြောသည်။ အခြားလူများက ရိုးသားသူဖြစ်ခြင်းသည် အရေးကြီးသော ကိစ္စမဟုတ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံရန် ကြိုးစားခြင်းသည် ပို၍ကြီးသောတာဝန်ဖြစ်သည်၊ ဤအရာက ဘုရားသခင်ကို ကျေနပ်စေရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု ထင်ကြသည်။ ဤသို့ဆိုလျှင် ဆက်လက်၍ စမ်းသပ်ကြည့်လော့။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းမရှိဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံနိုင်ခြင်းရှိမရှိ ကြည့်လော့။ အခြားလူများသည် ရိုးသားသူတစ်ယောက်ဖြစ်ရန် မကြိုးစားကြဘဲ နေ့စဉ် ဆုတောင်းခြင်း၊ စုဝေးပွဲများသို့ အချိန်မှန် သွားခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းဖြင့် ရောင့်ရဲနေကြပြီး ဘာသာမဲ့များကဲ့သို့ မနေထိုင်ခြင်းသာ ရှိသည်။ ၎င်းတို့က ဥပဒေကို မချိုးဖောက်သရွေ့၊ မကောင်းမှုတစ်ခုခုမလုပ်သရွေ့ လုံလောက်သည်။ သို့သော် ဘုရားသခင်ကို ဤပုံစံဖြင့် ကျေနပ်စေနိုင်သလော။ သင်သည် ရိုးသားသောသူတစ်ယောက်မဟုတ်လျှင် ဘုရားသခင်ကို မည်သို့ ကျေနပ်စေနိုင်မည်နည်း။ သင်သည် ရိုးသားသောသူတစ်ယောက်မဟုတ်လျှင် မှန်ကန်သော လူစားမျိုးမဟုတ်ပေ။ သင်သည် မရိုးသားလျှင် ကောက်ကျစ်ပြီး လှည့်ဖြားတတ်သည်။ အမှုအရာများကို ဝတ်ကျေတမ်းကျေဆန်သောပုံစံဖြင့် လုပ်ဆောင်သည်။ ဖောက်ပြန်ပျက်စီးမှုမျိုးစုံကို ထုတ်ဖော်ပြသည်။ ဆန္ဒရှိသောအခါတွင်ပင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းမဟုတ်သော အရာမှန်သမျှသည် မည်သည့်အရာမျှ ကောင်းစွာလုပ်ဆောင်ထားခြင်းမရှိဟု အဓိပ္ပာယ်ရသည်။ သင်သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိရန်၊ သို့မဟုတ် ဘုရားသခင်အား ကျေနပ်စေရန် နည်းလမ်းရှိမည်မဟုတ်ပေ။ သင်သည် ရိုးသားသည့် သဘောထားတစ်ခုမျှမရှိဘဲ လုပ်သမျှတွင် ဘုရားသခင်အား မည်သို့ကျေနပ်စေနိုင်မည်နည်း။ သင်သည် ရိုးသားသောသဘောထားမရှိဘဲ သင်၏ တာဝန်ကို လုပ်ဆောင်လျှင် ဘုရားသခင်ကို မည်သို့ ကျေနပ်စေနိုင်သနည်း။ သင်သည် ထိုတာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်နိုင်မည်လော။ သင်သည် သင်၏ ကိုယ်ပိုင်ဇာတိပကတိနှင့် သင်၏ ကိုယ်ပိုင်ရှေ့ရေးကို အစဉ် စဉ်းစားသည်။ သင်သည် အစဉ်သဖြင့် သင်၏ ဇာတိပကတိ ဒုက္ခကို လျော့ပါးစေလိုသည်။ သင့်ကိုယ်သင် လျော့၍ အသုံးခံလိုသည်၊ လျော့၍ အနစ်နာခံလိုသည်၊ အဖိုးအခ လျော့၍ ပေးဆပ်လိုသည်။ သင်သည် အစဉ်သဖြင့် ထိမ်ချန်ထားသည်။ ဤသည်မှာ လှည့်စားတတ်သော သဘောထားဖြစ်သည်။ လူအချို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့်ပတ်သက်လျှင်ပင် တွက်ချက်နေကြသည်။ ၎င်းတို့က “ငါသည် နောင်အချိန်တွင် သက်သောင့်သက်သာ နေရမည်။ ဘုရားသခင်၏ အမှုက မည်သည့်အခါမျှ မပြီးဆုံးလျှင် ဘယ်လိုလုပ်မည်နည်း။ ငါသည် ငါ၏ ရာနှုန်းပြည့်ကို သူ့အား မပေးဆပ်နိုင်။ ဘုရားသခင်၏ နေ့ရက်က မည်သည့်အချိန်တွင်လာမည်ကိုပင် ငါမသိ။ ငါ တွက်ချက်ထားဖို့လိုသည်။ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးမခံခင်တွင် ငါ၏ မိသားစုဘဝနှင့် ငါ့အနာဂတ်အတွက် အစီအစဉ်များပြုလုပ်ဖို့လိုသည်” ဟု ပြောကြသည်။ ဤသို့စဉ်းစားသည့်လူ များစွာရှိသလော။ လူတစ်ယောက်သည် တွက်ချက်ပြီး ကိုယ့်ကိုယ်ကိုယ်အတွက် အရေးပေါ်အစီအစဉ်များ ပြုလုပ်နေလျှင် ယင်းသည် မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤလူတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိကြသလော။ ရိုးသားသောသူများဖြစ်ကြသလော။ တွက်ချက်ခြင်းနှင့် အရေးပေါ်အစီအစဉ်များပြုလုပ်ခြင်းသည် ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိခြင်းမဟုတ်ပေ။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ဤသို့လုပ်ဆောင်သောလူတို့သည် လှည့်စားမှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်အား ၎င်းတို့ ဆက်ဆံသည့် သဘောထားသည် ရိုးသားသော သဘောထား သေချာပေါက်မဟုတ်ပေ။ လူအချို့က ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံစဉ်တွင်၊ သို့မဟုတ် ပတ်သက်စဉ်တွင် ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ ပြဿနာများကို ရိပ်စားမိပြီး ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည်ဟု ပြောမည်ကို၊ သို့မဟုတ် ၎င်းတို့အား အထင်သေးမည်ကို ကြောက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် စကားပြောသောအခါ အလွန် စိတ်အားထက်သန်သည်၊ ဘုရားသခင်ကို တောင့်တသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ဝင်စားသည်ဟူသည့် ပုံစံဖြစ်အောင် အစဉ် ကြိုးစားကြသည်။ သို့သော် စိတ်ထဲတွင် ၎င်းတို့သည် အမှန်တကယ် အလွန်ပင် အားနည်းပြီး အပျက်သဘောဆောင်ကြသည်။ မည်သူကမျှ ၎င်းတို့ကို မရိပ်စားမိစေရန်အတွက် ၎င်းတို့သည် စိတ်ဓာတ်ခိုင်မာချင်ဟန်ဆောင်ကြသည်။ ဤသည်မှာလည်း လှည့်စားမှုဖြစ်သည်။ တိုတိုပြောရလျှင်၊ အသက်တာတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ရာတွင် ဖြစ်စေ သင်လုပ်သမျှတွင် အခြားလူများကို အထင်အမြင်မှားစေရန် သို့မဟုတ် လှည့်စားရန်၊ သင့်အား အထင်ကြီးပြီး ကိုးကွယ်အောင်ပြုလုပ်ရန်၊ သို့မဟုတ် သင့်အား အထင်မသေးစေရန်အတွက် မုသားနှင့် အယောင်ဆောင်မှုကို ကျင့်သုံးလျှင်၊ သို့မဟုတ် အယောင်ဆောင် အသွင်အပြင်များကို အသုံးပြုလျှင် ဤသည်တို့အားလုံးမှာ လှည့်စားမှုဖြစ်သည်။ အမျိုးသမီးအချို့မှာ ၎င်းတို့၏ ခင်ပွန်းကို ချစ်မြတ်နိုးကြချိန်၊ အမှန်တကယ်တွင်မူ ၎င်းတို့၏ ခင်ပွန်းများသည် မကောင်းဆိုးဝါးများ၊ မယုံကြည်သူများဖြစ်သည်။ ဤသို့သော အမျိုးသမီးသည် သူမ၏ ချစ်ခင်မှုက အားကောင်းလွန်းသည်ဟု ညီအစ်ကိုမောင်နှမများက သူမကို ပြောမည်စိုးသဖြင့်၊ “ငါ၏ ခင်ပွန်းသည် မကောင်းဆိုးဝါးဖြစ်သည်” ဟု ဦးစွာ ပြောလိမ့်မည်။ သို့သော် သူမ၏ စိတ်နှလုံးတွင် “ငါ၏ ခင်ပွန်းသည် လူကောင်းတစ်ယောက်ဖြစ်သည်” ဟု ဆိုသည်။ ပထမပြောသောအရာမှာ သူ၏ နှုတ်ဖြင့်ပြောသည့်အရာဖြစ်သည်။ သို့သော် ဤသည်မှာ အခြားလူများ ကြားရန်အတွက်သာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က သူမသည် သူမ၏ အမျိုးသားအကြောင်းကို ခွဲခြားသိမြင်မှုရှိသည်ဟု ထင်ကြသည်။ သူမ အမှန်တကယ် ဆိုလိုသည်မှာ “ဤကိစ္စကို ချမပြနှင့်။ ဤအမြင်ကို ငါ ဦးစွာ ဖော်ပြမည်ဖြစ်သောကြောင့် သင်တို့ ထုတ်ပြောစရာမလိုပေ။ ငါ၏ ခင်ပွန်းသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်ဟု ငါ ဖော်ထုတ်ပြီးဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ ငါသည် ငါ၏ ချစ်ခင်မှုများကို စွန့်လွှတ်ပြီးဖြစ်ကာ ဤအရာနှင့်ပတ်သက်ပြီး သင်တို့တွင် ပြောစရာ မည်သည့်အရာမျှ ရှိမည်မဟုတ်ဆိုသည့် သဘောဖြစ်သည်။” ဤသည်မှာ လှည့်ဖြားခြင်းမဟုတ်သလော။ အတုအယောင် ဖြစ်သည်မဟုတ်လော။ ဤသို့ လုပ်ဆောင်လျှင် သင်သည် ဟန်လုပ်ခြင်းအားဖြင့် လူတို့ကို လှည့်စားနေခြင်းဖြစ်ပြီး အထင်အမြင်မှားစေခြင်းဖြစ်သည်။ သင်သည် ပေါ့ပျက်ပျက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ နေရာတိုင်းတွင် လှည့်စားမှုများကို လုပ်ဆောင်နေသည်။ ထို့ကြောင့် အခြားလူများမြင်သည့်အရာမှာ သင်၏ အယောင်ဆောင်ပုံရိပ်ဖြစ်ပြီး သင်၏ သရုပ်မှန်မဟုတ်ပေ။ ဤသည်မှာ မသိမသာ ဒုက္ခပေးသည်။ ဤသည်မှာ လူ၏ လှည့်စားခြင်းဖြစ်သည်။ သင်၏ ခင်ပွန်းသည် မကောင်းဆိုးဝါးဖြစ်သည်ဟု သင် အသိအမှတ်ပြုသည့်နောက်တွင်၊ အဘယ်ကြောင့် သူ့အား မကွာရှင်းသနည်း။ ထိုမကောင်းဆိုးဝါး၊ ထိုစာတန်ကို အဘယ်ကြောင့် မငြင်းပယ်သနည်း။ သင်၏ ခင်ပွန်းသည် မကောင်းဆိုးဝါးဖြစ်သည်ဟု သင်ပြောသော်လည်း သူနှင့်အတူ သင်၏ဘဝကို ဆက်၍ ကုန်ဆုံးသည်။ ဤသည်မှာ သင်သည် မကောင်းဆိုးဝါးများအား နှစ်သက်သည်ကို ပြသည်။ သူသည် မကောင်းဆိုးဝါးဖြစ်သည်ဟု သင်၏ နှုတ်က ပြောသည်။ သို့သော် သင်၏ စိတ်နှလုံးတွင် ဤအရာကို ဝန်မခံပေ။ ဤသည်မှာ သင်သည် အခြားလူများကို လှည့်စားနေခြင်း၊ တစ်ပတ်ရိုက်နေခြင်းဖြစ်သည်ဆိုသည့် သဘောဖြစ်သည်။ သင်သည် မကောင်းဆိုးဝါးများနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်ကြောင်း၊ ၎င်းတို့ကို ကာကွယ်နေကြောင်းကိုလည်း ပြသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်လျှင် သင်၏ ခင်ပွန်းသည် မကောင်းဆိုးဝါးဖြစ်သည်ဟု သင် အသိအမှတ်ပြုသည်နှင့်တစ်ပြိုင်နက် သူ့အား ကွာရှင်းလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် သင်သည် သက်သေခံနိုင်ပြီး၊ ထိုအရာက သင်သည် သင်နှင့် နတ်ဆိုးကြားတွင် ရှင်းလင်းပြတ်သားစွာ စည်းခြားထားသည်ကို ပြပေမည်။ သို့သော် ကံမကောင်းစွာဖြင့် သင်သည် ထိုစည်းကို ခြားထားဖို့ ပျက်ကွက်ရုံမကဘဲ သင်သည် သင်၏နေ့ရက်များကို နတ်ဆိုးတစ်ကောင်နှင့်အတူ အသက်ရှင်နေထိုင်နေပြီး ညီအစ်ကိုမောင်နှမများအား မုသားများနှင့် လှည့်ကွက်ဖြင့် အထင်အမြင်မှားအောင်ပြုလုပ်နေသည်။ ဤသည်မှာ သင်က နတ်ဆိုးနှင့် အမျိုးအစားတူညီကြောင်း၊ သင်သည် လိမ်ညာပြောသော အခြားမကောင်းဆိုးဝါးတစ်ကောင်ဖြစ်ကြောင်းကို သက်သေပြသည်။ အမျိုးသမီးတစ်ယောက်သည် သူလက်ထပ်သည့် ယောက်ျားက ပေါက်ကရလုပ်သူဖြစ်စေ၊ ကြက်ဖြစ်ချင်ဖြစ်ပါစေ၊ ခွေးဖြစ်ချင်ဖြစ်ပါစေ သူ့ နောက်သို့ လိုက်သည်ဟု လူတို့က ဆိုကြသည်။ သင်သည် မကောင်းဆိုးဝါးတစ်ကောင်ကို အိမ်ထောင်ပြုပြီး သူ့အား လုံးဝ ကျောမခိုင်းသောကြောင့် သင်သည်လည်း မကောင်းဆိုးဝါးဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ သင်သည် နတ်ဆိုးနှင့် သက်ဆိုင်သည်။ သို့သော် သင်က ဘုရားသခင်နှင့်သက်ဆိုင်သည်ဟု သက်သေပြရန်အတွက် သင်၏ ခင်ပွန်းသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်ဟု သင်ပြောသည်။ ဤသည်မှာ လိမ်ညာပြီး လှည့်စားသည့် နည်းဗျူဟာမဟုတ်သလော။ သင်သည် အမှန်တရားကို ကောင်းကောင်းသတိပြုမိသော်လည်း၊ သူတစ်ပါးတို့ကို လှည့်စားရန်အတွက် ဤသို့သော နည်းများကို အသုံးပြုနေဆဲဖြစ်သည်။ ဤသည်မှာ မသိမသာ ဒုက္ခပေးသည်။ လှည့်စားခြင်းဖြစ်သည်။ မသိမသာ ဒုက္ခပေးပြီး လှည့်စားသောသူများအားလုံးသည် လုံးလုံးလျားလျားပင် မကောင်းဆိုးဝါးများဖြစ်ကြသည်။
လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိ၏။ သင်သည် မိမိကိုယ်ကို သုံးသပ်လျှင်၊ အခြားလူများကို သင်အမြင်မှားစေသည့်၊ သို့မဟုတ် လှည့်စားလျက် လုပ်ဆောင်သည့် အခြေအနေ၊ သို့မဟုတ် ကျင့်သုံးမှုအချို့ကို သင် ရှင်းလင်းစွာ မြင်လိမ့်မည်။ သင်တို့အားလုံးသည် ဟန်လုပ်သော၊ သို့မဟုတ် သူတော်ကောင်းအယောင်ဆောင်သော အချိန်များရှိကြသည်။ လူအချို့က “ဤသို့ဆိုလျှင် အဘယ်ကြောင့် ငါ သတိမထားမိသနည်း။ ငါသည် မာယာကင်းသောသူဖြစ်သည်။ ငါသည် ဤကမ္ဘာလောကတွင် အဆက်မပြတ် အနိုင်ကျင့်ခံရပြီး အလိမ်ခံရသည်။ ငါသည် တစ်ကြိမ်တစ်ခါမျှ မလှည့်စားခဲ့ပေ။ ငါ၏ စိတ်နှလုံးတွင်ရှိသောအရာကိုသာ ငါပြောသည်” ဟု ဆိုကြသည်။ ယင်းက သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သက်သေမပြသေးပေ။ သင်သည် ဉာဏ်မကောင်းခြင်း၊ သို့မဟုတ် ပညာသိပ်မတတ်ခြင်း၊ သို့မဟုတ် သင်သည် အဖွဲ့များတွင် အလွယ်တကူ အကြမ်းပတမ်း ခိုင်းစေခံရနိုင်ခြင်း၊ သို့မဟုတ် သင်သည် သင်၏ လုပ်ဆောင်မှုများတွင် ဉာဏ်ပညာမရှိသော အသုံးမကျသောသူ၊ ကျွမ်းကျင်မှုအနည်းငယ်သာ ပိုင်ဆိုင်ပြီး လူ့အဖွဲ့အစည်းတွင် အဆင့်နိမ့်သောသူ ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ သင်က ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု အဓိပ္ပာယ်မရသေးပေ။ ရိုးသားသူတစ်ယောက်သည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်သည်။ သနားစရာကောင်းသော ဒုက္ခရောက်နေသူ၊ အချည်းနှီးလူ၊ ငတုံးငအ၊ သို့မဟုတ် ဟန်ဆောင်မှုကင်းသော လူတစ်ဦး မဟုတ်ပေ။ သင်တို့သည် ဤအရာများကို ပိုင်းခြားသိမြင်နိုင်သင့်သည်မဟုတ်လော။ လူအချို့က ဤသို့ပြောသည်ကို ငါ မကြာခဏကြားရသည်။ “ငါသည် မည်သည့်အခါမျှ မုသားမပြော။ အစဉ်သဖြင့် အလိမ်ခံရသောသူဖြစ်သည်။ ငါသည် ပြင်ပတွင်ရှိသော လူတို့၏ အကြမ်းပတမ်းခိုင်းစေခြင်းကို အစဉ်အမြဲ ခံရသည်။ ဘုရားသခင်က ငတ်မွတ်သောသူတို့ကို နောက်ချေးပုံထဲက ချီးမြှောက်သည်ဟု ဆိုသည်။ ငါသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ဘုရားသခင်က ငါတို့ကဲ့သို့သောလူများ၊ လူ့အဖွဲ့အစည်းတွင် လက်မခံကြသော ဟန်ဆောင်မှုကင်းသော လူများကို သနားသည်။ ဤသည်မှာ အမှန်ပင် ဘုရားသခင်၏ ကရုဏာဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က ငတ်မွတ်သောသူတို့ကို နောက်ချေးပုံထဲက ချီးမြှောက်သည်ဟု ဆိုခြင်းသည် အမှန်ပင် လက်တွေ့ကျသည့်အပိုင်းရှိသည်။ သင်က ထိုအရာကို သတိပြုမိနိုင်သော်လည်း ရိုးသားသူတစ်ယောက် သင် ဖြစ်ကြောင်းကို ဤအရာက သက်သေမပြပေ။ အမှန်တကယ်တွင် လူအချို့သည် ငတုံး၊ ငအများသာဖြစ်သည်။ ၎င်းတို့သည် ကျွမ်းကျင်မှု လုံးဝ မရှိသည့် သူရူးများဖြစ်သည်။ အစွမ်းအစနည်းပြီး၊ သမ္မာတရားကို နားလည်ခြင်းမရှိပေ။ ထိုသို့သောသူမျိုးသည် ဘုရားသခင်ပြောသည့် ရိုးသားသောသူများနှင့် လုံးဝ အဆက်အစပ်မရှိပေ။ ဘုရားသခင်က ငတ်မွတ်သောသူတို့ကို နောက်ချေးပုံထဲက ချီးမြှောက်သည်မှာ မှန်သည်။ သို့သော် ငတုံးငအများ၊ သူရူးများသည် ချီးမြှောက်ခြင်းခံရသူများမဟုတ်ပေ။ သင်၏ အစွမ်းအစသည် မွေးရာပါ အလွန်နိမ့်ကျသည်။ သင်သည် ငတုံးငအဖြစ်သည်။ အချည်းနှီးလူဖြစ်သည်။ သင်သည် ဆင်းရဲသောမိသားစုတွင် မွေးဖွားပြီး လူ့အဖွဲ့အစည်း၏ နိမ့်ကျသော လူတန်းစားဝင်ဖြစ်သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ရည်ရွယ်ထားသောသူ မဟုတ်သေးပေ။ သင်က လူ့အဖွဲ့အစည်းတွင် များစွာ ဒုက္ခခံပြီး ခွဲခြားဆက်ဆံမှုခံရသောကြောင့်အတွက်နှင့်၊ လူတိုင်းက အကြမ်းပတမ်း ခိုင်းစေခြင်းကိုခံရပြီး လိမ်ညာခြင်းကို ခံရသောကြောင့်အတွက်နှင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သွားသည်ဟု မထင်နှင့်။ ဤသို့ သင် ထင်မြင်လျှင် အလွန့်အလွန် မှားယွင်းသည်။ ရိုးသားသူတစ်ယောက်သည် အဘယ်သို့ဖြစ်သည်ဆိုသည်နှင့်ပတ်သက်ပြီး နားလည်မှုလွဲခြင်း၊ သို့မဟုတ် လွဲချော်သော သဘောပေါက်နားလည်မှု တစ်ခုခုကို သင် ကိုင်စွဲထားသလော။ ဤမိတ်သဟာယဖြင့် သင်သည် အနည်းငယ်ရှင်းလင်းမှုရှိသလော။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် လူတို့ ထင်သကဲ့သို့မဟုတ်ပေ။ မရောမရာဖြစ်စေခြင်းကို ရှောင်ကြဉ်သည့် ပွင့်လင်းစွာ ပြောတတ်သူဖြစ်ခြင်းမဟုတ်ပေ။ လူတစ်ယောက်သည် သဘာဝအလျောက်ပင် အလွန်ပွင့်လင်းနိုင်သည်။ သို့သော် ဤသည်မှာ သူသည် လိမ်လည်ခြင်း၊ လှည့်စားခြင်းတို့ကို ဆောင်ရွက်ခြင်းမရှိဟု မဆိုလိုပေ။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် လိမ်လည်ပြီးလှည့်စားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသည်။ လူတို့သည် ဤကမ္ဘာလောကတွင်၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး စာတန် အင်အားစု၏ အုပ်စိုးခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသောအခါ ၎င်းတို့အတွက် ရိုးသားရန် မဖြစ်နိုင်ပေ။ အစဉ်ပို၍ လှည့်စားတတ်ခြင်းသာ ဖြစ်လာနိုင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် အသက်ရှင်ရသောအခါ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းတွင် အသေအချာပင် အခက်အခဲများစွာ ပါဝင်သည်။ ငါတို့သည် ဘာသာမဲ့များ၊ နတ်ဆိုးဘုရင်များ၊ အသက်ရှင်နေသော မကောင်းဆိုးဝါးများ၏ လှောင်ပြောင်ခြင်း၊ မကောင်းပြောခြင်း၊ ဝေဖန်အပြစ်တင်ခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် နှင်ထုတ်ခံရခြင်းကိုပင် ခံရဖို့ များသည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင် ရိုးသားသူတစ်ယောက်အနေဖြင့် ရှင်သန်ရန် ဖြစ်နိုင်သလော။ ဤကမ္ဘာလောကတွင် ငါတို့အတွက် ရှင်သန်ရန် အခွင့်အလမ်းတစ်ခုတလေရှိသလော။ ရှိသည်။ ငါတို့အတွက် ရှင်သန်ရန် အခွင့်အလမ်း သေချာပေါက်ရှိသည်။ ဘုရားသခင်က ငါတို့ကို ကြိုတင်စီမံထားပြီး ရွေးချယ်ခဲ့သည်။ ငါတို့အတွက် လွတ်လမ်းတစ်ခုကို သူသေချာပေါက် ဖွင့်ပေးသည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ လမ်းပြမှုအောက်တွင် သူ့နောက်သို့ လုံးလုံးလျားလျား လိုက်လျှောက်သည်။ ငါတို့သည် သူချပေးသော ထွက်သက်ဝင်သက်နှင့် အသက်အားဖြင့် လုံးလုံးလျားလျားအသက်ရှင်ကြသည်။ ငါတို့သည် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားကို လက်ခံကြသောကြောင့် မည်သို့အသက်ရှင်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး စည်းမျဉ်းအသစ်များရှိသည်။ ငါတို့၏ အသက်တာများအတွက် ပန်းတိုင်အသစ်များရှိကြသည်။ ငါတို့အသက်တာများ၏ အခြေခံအုတ်မြစ်များသည် ပြောင်းလဲသွားပြီဖြစ်သည်။ ငါတို့သည် သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းခံရဖို့အတွက်သက်သက်ဖြင့် အသက်ရှင်ခြင်းနည်းလမ်းအသစ်၊ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံပြုမူခြင်းနည်းလမ်းအသစ်တစ်ခုကို ခံယူကြပြီးဖြစ်သည်။ အသက်ရှင်ခြင်းပုံစံအသစ်တစ်ခုကို ငါတို့ ခံယူကြပြီးဖြစ်သည်။ ငါတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် ငါတို့ အသက်ရှင်ကြသည်။ ဤသည်မှာ ရုပ်ပိုင်းအနေဖြင့် ငါတို့ စားသောက်သည့်အရာ၊ ဝတ်ဆင်သည့်အရာ၊ သို့မဟုတ် ငါတို့ နေထိုင်သည့်နေရာနှင့် လုံးဝ မသက်ဆိုင်ပေ။ ဤသည်မှာ ငါတို့၏ ဝိညာဉ်ရေးရာ လိုအပ်ချက်ဖြစ်သည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် ခက်ခဲလွန်းသည်ဟု လူများစွာက ခံစားကြရသည်။ ဤအရာ၏ တစ်စိတ်တစ်ပိုင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားခြင်းသည် အလွန်ခက်ခဲခြင်းဖြစ်သည်။ ထို့အပြင် သင်သည် ဘာသာတရားမရှိသူများကြားတွင် နေထိုင်လျှင်၊ အထူးသဖြင့် သင်သည် ၎င်းတို့နှင့်အတူ အလုပ်လုပ်နေလျှင် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၊ အမှန်အတိုင်းပြောခြင်းကြောင့် သင်သည် လှောင်ရယ်ခံရခြင်း၊ အသရေဖျက်ခံရခြင်း၊ ဝေဖန်အပြစ်တင်ခံရခြင်းနှင့် ဖယ်ကြဉ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းကိုပင်ခံရနိုင်သည်။ ယင်းက ငါတို့၏ ရှင်သန်ရေးအတွက် အခက်အခဲများကို ဖြစ်စေသည်။ လူများစွာက “ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် အလားအလာကောင်းခြင်းမရှိပေ။ ငါသည် ပွင့်လင်းစွာ စကားပြောလျှင် အခွင့်သာမည်မဟုတ်။ မုသားများမပြောဆိုဘဲ မည်သည့်အရာမျှ ပြီးမြောက်မည်မဟုတ်” ဟု ဆိုကြသည်။ ဤသည်မှာ မည်သို့သော ရှုထောင့်အမြင်မျိုးဖြစ်သနည်း။ ဤသည်မှာ လှည့်စားသူတစ်ယောက်၏ ရှုထောင့်နှင့် အကြောင်းပြချက်ဖြစ်သည်။ ထိုသူသည် သူ၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားကို ကာကွယ်ရန်သက်သက်ဖြင့် မှားယွင်းသော၊ လှည့်ဖြားသော အရာများကို ပြောသည်။ ၎င်းသည် ထိုအရာများကို ဆုံးရှုံးရမည်ကို ကြောက်သောကြောင့် ရိုးသားသူတစ်ယောက်ဖြစ်ပြီး အမှန်အတိုင်း ပြောလိုစိတ်မရှိကြပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးမှာ ဤသို့ဖြစ်သည်။ ၎င်းတို့သည် မည်မျှ သင်ယူတတ်မြောက်ပြီးဖြစ်စေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်သည်၊ နိမ့်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် အစိုးရအရာရှိ၊ သို့မဟုတ် သာမန်နိုင်ငံသားဖြစ်စေ၊ နာမည်ကြီးသူဖြစ်စေ၊ သာမန်လူဖြစ်စေ အဆက်မပြတ် လိမ်ညာလှည့်စားကြပြီး မည်သူကိုမျှ မယုံကြည်ထိုက်ပေ။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းလျှင် ၎င်းတို့သည် ဆက်လက်ပြီး တစ်ချိန်လုံး လိမ်ညာကာ လှည့်စားကြလိမ့်မည်ဖြစ်ပြီး၊ လှည့်ဖြားတတ်သော စိတ်သဘောထား အပြည့်ရှိနေလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဤသို့ဖြင့် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိနိုင်သလော။ ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။
ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် လုပ်ဆောင်ရန် ခက်ခဲသည်ဟု သင်တို့ ခံစားရသလော။ သင်တို့သည် ထိုအရာကို လက်တွေ့လုပ်ဆောင်ကြည့်ဖူးသလော။ မည်သည့်အချက်များတွင် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို သင်တို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံကြလေပြီနည်း။ မည်သည့်စည်းမျဉ်းများကို အခြေခံပြီး သင်တို့ လက်တွေ့လုပ်ဆောင်ခဲ့သနည်း။ လတ်တလောတွင် ဤအရာနှင့်ပတ်သက်ပြီး သင်တို့တွင် မည်သို့သော အတွေ့အကြုံအဆင့်ရှိသနည်း။ သင်သည် အခြေခံအားဖြင့် ရိုးသားသူတစ်ယောက်ဖြစ်သည့် အခြေအနေသို့ ရောက်ရှိပြီးပြီလော။ ဤအရာကို သင် စွမ်းဆောင်ရရှိပြီးဖြစ်လျှင် အလွန်ကောင်းသည်။ ငါတို့ကို ကယ်တင်ပြီး ပြောင်းလဲရန်အတွက် ဘုရားသခင်သည် ဖြစ်လာမည့်အရာနှင့်ဆိုင်သော အမြည်းတစ်ခုကို ပေးရန် အလုပ်အချို့ သို့မဟုတ် အနာဂတ်က မည်သို့ရှိနိုင်သည်ကို ပြသဖို့ အလုပ်အချို့ကိုသာ လုပ်ပြီး ပြီးသွားခြင်းမဟုတ်သည်ကို ဘုရားနှုတ်ကပတ်တော်တွင် ငါတို့ မြင်နိုင်သင့်သည်။ လူတို့၏ အပြင်ပန်း အပြုအမူကိုလည်း သူ မပြောင်းလဲပေ။ ထိုထက် သူသည် လူတစ်ယောက်ချင်းစီကို ပြောင်းလဲလိုပြီး ၎င်းတို့၏ စိတ်နှလုံး၏ အတွင်းကျကျ နက်ရှိုင်းသောနေရာများမှ၊ ၎င်းတို့၏ စိတ်သဘောထားများ၊ ၎င်းတို့၏ တကယ့် အနှစ်သာရများမှစတင်ပြီး အရင်းအမြစ်မှနေ၍ ၎င်းတို့ကို ပြောင်းလဲစေလိုသည်။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့် ပုံစံဖြစ်သည်ကို ထောက်ရှုလျှင် ငါတို့သည် မိမိကိုယ်ကို မည်သို့ ပြုမူသင့်သနည်း။ ငါတို့သည် ငါတို့လိုက်စားသည့်အရာအတွက်၊ ငါတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုအတွက်၊ ငါတို့လုပ်ဆောင်သင့်သည့် တာဝန်များအတွက် တာဝန်ခံယူသင့်သည်။ ငါတို့သည် အမှုအရာများကို အလွတ်မပေးဘဲ ငါတို့လုပ်ဆောင်သမျှတွင် အလေးအနက်ထားသင့်ပြီး အရာရာကို စိစစ်ရန်အတွက် တင်ပြနိုင်သင့်သည်။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးသည့် အခါတိုင်းတွင် ယင်းသည် မှန်မှန်ကန်ကန် ပြီးမြောက်သည်ဟု သင် ယုံကြည်လျှင်ပင် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်းမရှိနိုင်ပေ။ ယင်းကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းလည်း ပြုလုပ်ရမည်။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ နှိုင်းယှဉ်ကြည့်ရမည်။ မှန်ကန်ကြောင်း အတည်ပြုပြီး၊ ပိုင်းခြားသိမြင်ရမည်။ ဤနည်းအားဖြင့် ယင်းသည် မှန်ကန်သလော၊ မှားယွင်းသလောဆိုသည်မှာ ရှင်းလင်းလာလိမ့်မည်။ ထို့အပြင် မှားယွင်းလုပ်ဆောင်မိခဲ့သည်ဟု သင်ထင်သောအရာများကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးရမည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများက မိတ်သဟာယဖွဲ့လျက်၊ ရှာဖွေလျက်၊ အချင်းချင်း ကူညီဖေးမလျက်ဖြင့် အချိန်ကို ပို၍ ကုန်ဆုံးဖို့ လိုအပ်သည်။ သင် မိတ်သဟာယဖွဲ့လေလေ၊ သင်၏ စိတ်နှလုံးက လင်းလက်လေလေဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းများကို သင်နားလည်မည်ဖြစ်လေလေဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးဖြစ်သည်။ သင်တို့ထဲမှ မည်သူကမျှ မိမိစိတ်နှလုံးကို မဖွင့်ဟလျှင်၊ အခြားလူများ၏ စိတ်ထဲတွင် အမြင်ကောင်းစေဖို့ မျှော်လင့်လျက်၊ သင့်အား အထင်ကြီးစေရန်၊ မလှောင်ပြောင်စေရန် ဆန္ဒဖြင့်၊ သင်တို့အားလုံးသည် မိမိကိုယ်ကို ဖုံးကွယ်လျှင် အမှန်တကယ် ကြီးထွားမှုကို ကြုံတွေ့ရမည်မဟုတ်ပေ။ အစဉ်သဖြင့် သင့်ကိုယ်သင် ဟန်ဆောင်ပြီး မိတ်သဟာယတွင် မည်သည့်အခါမျှ ဖွင့်မပြောလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် ရရှိမည်မဟုတ်ပေ။ ပြီးလျှင် သမ္မာတရားကို သင် နားလည်နိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ရလဒ်က မည်သို့ဖြစ်မည်နည်း။ သင်သည် မှောင်မိုက်ထဲတွင် ထာဝရအသက်ရှင်လိမ့်မည်ဖြစ်ပြီး ကယ်တင်ခြင်းခံရလိမ့်မည် မဟုတ်ပေ။ သင့်အနေဖြင့်သမ္မာတရားကို ရရှိလိုပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲလိုလျှင် သမ္မာတရားကို ရရှိပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်အတွက် အဖိုးအခပေးဆပ်ရမည်ဖြစ်ကာသင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး အခြားလူများနှင့် မိတ်သဟာယဖွဲ့ရမည်။ ဤသည်မှာ သင်၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှစ်ခုလုံးအတွက် အကျိုးဖြစ်စေသည်။ စုဝေးပွဲများတွင် သင်၏ အတွေ့အကြုံနှင့် သိနားလည်မှုကို ဆွေးနွေးခြင်းသည် သင်နှင့် အခြားလူများအတွက် အကျိုးဖြစ်စေသည်။ သင်တို့ထဲမှ မည်သူကမျှ မိမိကိုယ်ကို သိမြင်မှု၊ သို့မဟုတ် မိမိ၏ အတွေ့အကြုံနှင့် သိနားလည်မှုတို့အကြောင်း မပြောလျှင်၊ သင်တို့ထဲမှ မည်သူကမျှ မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ဖွင့်ဟခြင်းမရှိလျှင်၊ သင်တို့အားလုံးက စကားလုံးများနှင့် အယူဝါဒများပြောဆိုရာတွင် ထူးချွန်လျှင်၊ မည်သူကမျှ မိမိကိုယ်ကို သိနားလည်မှုကို မမျှဝေလျှင်၊ အနည်းငယ်သောအရာဖြစ်သည့် သင်ပိုင်ဆိုင်သော မိမိကိုယ်ကို သိမြင်မှုကို လူအများအားသိစေဖို့ သတ္တိမရှိလျှင် မည်သို့ဖြစ်မည်နည်း။ သင်တို့အားလုံးသည် အတူတကွ စုရုံးပြီး ယဉ်ကျေးသောစကားများနှင့် စကားစမြည်အချို့ကို အပြန်အလှန်ပြောကြလိမ့်မည်။ သင်တို့သည် အချင်းချင်း မြှောက်ပင့်ကာ ချီးမွမ်းကြပြီး စစ်မှန်မှုမရှိသောအရာများကို ပြောလိမ့်မည်။ “အို သင်သည် အခုတစ်လော အလွန်ပင် တော်သည်။ သင် အနည်းငယ် ပြောင်းလဲသွားသည်”၊ “သင်သည် ယခုရက်ပိုင်းတွင် အလွန်ကြီးသော ယုံကြည်ခြင်းကို ပြသည်”၊ “သင်သည် အလွန်ပင် စိတ်ထက်သန်သည်”၊ “သင်သည် ကျွန်ုပ်ထက် အလွန်ပင်ပို၍ အသုံးခံခဲ့သည်”၊ “သင်၏ ပေးဆပ်ပံ့ပိုးမှုသည် ကျွန်ုပ်ထက်ပို၍ ကြီးသည်။” ဤသည်မှာ ဖြစ်ပေါ်လာသော အခြေအနေမျိုးဖြစ်သည်။ လူတိုင်းက အချင်းချင်း မြှောက်ပင့်ကာ ချီးမွမ်းကြပြီး လူတိုင်း ပိုင်းခြားသိမြင်ပြီး နားလည်ရန်အတွက် ၎င်းတို့၏ သရုပ်မှန်ကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ မည်သူကမျှ ထုတ်ပြောလိုစိတ်မရှိပေ။ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် စစ်မှန်သော အသင်းတော်အသက်တာ ရှိနိုင်သလော။ မရှိနိုင်ပေ။ လူအချို့က “ငါသည် အသင်းတော်အသက်တာကို နှစ်အတော်ကြာ အသက်ရှင်ခဲ့သည်။ အစဉ်သဖြင့် ရောင့်ရဲပြီး ပျော်ရွှင်ခဲ့သည်။ စုဝေးပွဲများတွင် ညီအစ်ကိုမောင်နှမများအားလုံးက ဘုရားသခင်ကို ချီးမွမ်းရန်အတွက် ဆုတောင်းခြင်း၊ ဓမ္မတေးသီဆိုခြင်းတို့ကို နှစ်သက်ကြသည်။ လူတိုင်းက ဆုတောင်းခြင်းများနှင့် ဓမ္မတေးများကြောင့် မျက်ရည်ကျသည်အထိ ခံစားကြရသည်။ တစ်ခါတစ်ရံတွင် စိတ်ခံစားချက်များ ပြည့်လျှံကာ ငါတို့အားလုံး ပူလောင်ပြီး ချွေးထွက်ကြသည်။ ညီအစ်ကိုမောင်နှမများက သီချင်းဆိုကြ၊ ကကြသည်။ အလွန်ပင် ထူးကဲပြီး စိတ်ဝင်စားဖွယ်ကောင်းသော အသင်းတော်အသက်တာဖြစ်ပြီး ပျော်မွေ့ဖွယ်ရာဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမှန်ပင် သရုပ်ထင်စေသည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်ကို ငါတို့ စားသောက်ကြသည်။ ဘုရားနှုတ်ကပတ်တော်က ငါတို့၏ စိတ်နှလုံးကို တည့်တည့် စကားပြောသည်ဟု ခံစားရသည်။ ငါတို့ မိတ်သဟာယပြုသည့်အခါတိုင်းတွင် လူတိုင်းက အမှန်ပင် စိတ်ထက်သန်ကြသည်” ဟူ၍ ဆိုသည်။ ထိုသို့သော အသင်းတော်အသက်တာမျိုးကို နှစ်အနည်းငယ်ရှိခြင်းသည် လူတိုင်းအတွက် အမှန်ပင် ပျော်မွေ့ဖွယ်ရာဖြစ်သည်။ သို့သော် မည်သည့်ရလဒ်ကို ရရှိသနည်း။ အားလုံးနီးပါးက သမ္မာတရား၏ လက်တွေ့ကျမှုအတွင်းသို့ အမှန်တကယ် ဝင်ရောက်ခြင်းမရှိပေ။ ဘုရားသခင်ကို သက်သေခံရန် ၎င်းတို့၏ အတွေ့အကြုံကို အားလုံးနီးပါးက မဖော်ပြနိုင်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်းအတွက် အားအင်များစွာရှိကြသည်။ သို့သော် သမ္မာတရားအား မိတ်သဟာယဖွဲ့သည့်အချိန်ရောက်လာသည့်အခါ လူအချို့က စိတ်မဝင်စားတော့ပေ။ မည်သူကမျှ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံကို မပြောကြပေ။ မည်သူကမျှ မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမရှိပေ။ အခြားလူများအနေဖြင့် သိပြီး ပိုင်းခြားသိမြင်ရန်အတွက်၊ ၎င်းတို့၏ အကျိုးအတွက်၊ တည်ဆောက်စရာဖြစ်စေဖို့အတွက် မည်သူကမျှ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ချမပြပေ။ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုဖို့အတွက် မည်သူကမျှ ၎င်းတို့၏ အမှန်တကယ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မိတ်သဟာယမဖွဲ့ကြပေ။ ဤသို့ဖြင့် သီချင်းဆိုလျက်၊ ကခုန်လျက်၊ ပျော်ရွှင်လျက်၊ မွေ့လျော်မှုများပြည့်လျက်ဖြင့် အသင်းတော်အသက်တာ နှစ်ကာလအချို့က ဖြုန်းတီးပစ်ခြင်းခံရသည်။ သင်တို့ ငါ့အား ပြောလော့။ ဤပျော်ရွှင်မှုနှင့် မွေ့လျော်မှုသည် မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ ဘုရားသခင် မြင်လိုသည့်အရာ၊ သို့မဟုတ် ဘုရားသခင်ကို ကျေနပ်စေသည့်အရာမဟုတ်ဟု ငါဆိုမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မြင်လိုသောအရာမှာ လူတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းဖြစ်ပြီး သမ္မာတရား၏ လက်တွေ့ကျမှုကို အသက်ရှင်နေထိုင်နေသောလူများဖြစ်သည်။ ဘုရားသခင်က ဤလက်တွေ့ကျမှုကို မြင်လိုသည်။ စုဝေးပွဲများ၌ သင်ရှိနေစဉ်တွင်၊ သို့မဟုတ် စိတ်ထက်သန်နေစဉ်တွင် သင်၏ ဓမ္မသီချင်းစာအုပ်များကို ဆုပ်ကိုင်ပြီး ဘုရားသခင်ကို ချီးမွမ်းသည့်အနေဖြင့် သီဆိုခြင်း၊ ကခုန်ခြင်းတို့ကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်အား အလိုမရှိပေ။ ဤသည်မှာ ဘုရားသခင် မြင်လိုသောအရာမဟုတ်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဘုရားသခင်သည် ဤအရာကို မြင်သောအခါ ဝမ်းနည်းပြီး နာကျင်သည်။ စိတ်သောကရောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် နှုတ်ကပတ်တော်များကို ထောင်သောင်းချီပြီး ပြောဆိုခဲ့သော်လည်း တစ်ဦးတစ်ယောက်ကမျှ ၎င်းတို့ကို အမှန်တကယ် ဆောင်ရွက်ပြီး အသက်ရှင်နေထိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား စိတ်ပူစေသည့်အရာသာဖြစ်သည်။ သင်တို့သည် မကြာခဏပင် သင်တို့၏ အသင်းတော်အသက်တာမှ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းအနည်းငယ်ဖြင့် အလွန်ပင် အားရကျေနပ်ပြီး မိမိကိုယ်ကို ကျေနပ်ကြသည်။ သင်တို့သည် ဘုရားသခင်ကို ချီးမွမ်းပြီး ပျော်ရွှင်မှုအချို့၊ ကိုယ်စိတ်ချမ်းသာမှု တစ်စွန်းတစ်စ၊ သို့မဟုတ် ဝိညာဉ်ရေးရာ ကျေနပ်မှုအချို့ရရှိသည်။ ထို့နောက် သင်တို့သည် မိမိ၏ ယုံကြည်ခြင်းကို ကောင်းစွာ ကျင့်သုံးပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ သင်တို့သည် ဤအတွေးမှားများကို ဖက်တွယ်ထားပြီး ၎င်းတို့ကို အရင်းအနှီးအဖြစ်၊ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းတွင် အကြီးဆုံးသော အကျိုးအမြတ်အဖြစ် မှတ်ယူသည်။ ပြီးလျှင် သင်တို့၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ ဝင်ရောက်မှုတို့အစား ထိုအရာများကို လက်ခံကြသည်။ ဤသို့ဖြင့် သင်တို့သည် သမ္မာတရားကို လိုက်စားဖို့မလို၊ သို့မဟုတ် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လိုက်စားဖို့မလိုဟု ထင်ကြသည်။ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ဖို့၊ သင်၏ ပြဿနာများကို စိတ်ဖြာလေ့လာဆွေးနွေးဖို့၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံဖို့ မလိုဟု ထင်ကြသည်။ ဤသည်မှာ အန္တရာယ်ရှိသော နယ်ပယ်သို့ ရောက်လာနေပြီဖြစ်သည်။ လူတို့သည် ဤသို့ ဆက်လက်လုပ်ဆောင်နေလျှင်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော် ပြီးဆုံးရန် နီးလာသောအခါ၊ ၎င်းတို့သည် ရိုးသားသူများ မဖြစ်သေးလျှင်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့တာဝန်ကို စံနှုန်းပြည့်မီစွာ ထမ်းဆောင်ဖို့ မလုပ်ဆောင်နိုင်သေးလျှင်လည်းကောင်း၊ ဘုရားသခင်အပေါ် အမှန်တကယ် ကျိုးနွံနာခံခြင်းကို မရရှိဘဲ အန္တိခရစ်များ၏ လှည့်စားခြင်း၊ ထိန်းချုပ်ခြင်းကို ခံရနိုင်သေးလျှင်လည်းကောင်း၊ စာတန်၏ စွမ်းအားမှ မလွတ်မြောက်သေးလျှင်လည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အား ပေးခဲ့သော သတ်မှတ်ချက်များကို မပြည့်မီသေးလျှင်လည်းကောင်း ၎င်းတို့သည် ဘုရားသခင် ကယ်တင်မည့်သူများ မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင် စိတ်ပူရသည့် အကြောင်းရင်းဖြစ်သည်။
လူတို့သည် ယုံကြည်ခြင်းတွင် လူသစ်ဖြစ်သောအခါတွင် အမြဲ အလွန်ပင် စိတ်ထက်သန်ကြသည်။ အထူးသဖြင့် သမ္မာတရားကို ဘုရားသခင်က မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့က “ယခုတွင် သမ္မာတရားကို ငါနားလည်ပြီ။ လမ်းမှန်ကို တွေ့ပြီ။ ငါ အလွန်ပင် ပျော်ရွှင်သည်” ဟု စဉ်းစားကြသည်။ နေ့စဉ်နေ့တိုင်းက နှစ်သစ်၊ သို့မဟုတ် မင်္ဂလာဆောင်ပွဲတစ်ခုကို ကျင်းပနေသကဲ့သို့ ပျော်ရွှင်ဝမ်းမြောက်ရသည်။ နေ့စဉ်နေ့တိုင်းတွင် ၎င်းတို့သည် စုဝေးပွဲ၊ သို့မဟုတ် မိတ်သဟာယအား ဧည့်ခံမည့်သူတစ်ယောက်ကို စောင့်မျှော်ကြသည်။ သို့သော် နှစ်အနည်းငယ်ကြာပြီးနောက်တွင် လူအချို့သည် အသင်းတော်အသက်တာအပေါ် ၎င်းတို့၏ စိတ်ထက်သန်မှုမရှိတော့ဘဲ ဘုရားသခင်အား ယုံကြည်ခြင်းတွင်လည်း စိတ်ထက်သန်မှုမရှိတော့ပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အပေါ်ယံဆန်သော၊ သဘောတရားဆိုင်ရာ နားလည်မှုသာရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ထဲသို့ အမှန်တကယ် ဝင်ရောက်ခြင်းမရှိသေးပေ၊ သို့မဟုတ် ယင်းတို့၏ လက်တွေ့ကျမှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခြင်းမရှိသေးပေ။ ဘုရားသခင်ပြောသကဲ့သို့ပင် လူများစွာတို့သည် ဂုဏ်ပြုထမင်းစားပွဲပေါ်ရှိ ခမ်းနားသော အစားအစာတို့ကို ကြည့်သော်လည်း လူအများစုမှာ ကြည့်ဖို့ရန်အတွက်သာ လာခြင်းဖြစ်သည်။ ဘုရားသခင်က ပေးသော အရသာရှိသည့်အစားအစာကို ယူပြီး စားခြင်းမရှိပေ။ ၎င်းတို့၏ ကိုယ်ခန္ဓာကို ပြန်လည်အားဖြည့်ရန်အတွက် မြည်းစမ်းခြင်း၊ အသုံးပြုခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင် အလွန်မုန်းတီးသည့်အရာဖြစ်ပြီး သူ့ကိုစိတ်ပူစေသည့်အရာဖြစ်သည်။ ဤသည်မှာ လက်ရှိတွင် သင်တို့ရောက်ရှိနေသော အခြေအနေမဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် သင်တို့အား ကူညီရန်အတွက် သင်တို့အားလုံးနှင့် မကြာခဏ မိတ်သဟာယဖွဲ့သည်။ ငါစိတ်အပူဆုံးသောအရာမှာ သင်တို့သည် ဤတရားဒေသနာများကို နားထောင်ပြီး သင်တို့၏ ဝိညာဉ်ရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်ဝပြီးနောက်တွင် ထိုအရာများကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်အရာကိုမျှ သင်တို့ လုပ်ဆောင်မည်မဟုတ်ဘဲ ထိုအရာများကို နောက်ထပ် လုံးဝ စဉ်းစားမည်မဟုတ်သည်ကို ဖြစ်သည်။ ဤသို့ဆိုလျှင် ငါပြောခဲ့သမျှသည် အချည်းနှီးဖြစ်လိမ့်မည်။ လူတစ်ယောက်သည် မည်သို့သော အစွမ်းအစမျိုးရှိသည်ဖြစ်စေ နှစ်နှစ်၊ သို့မဟုတ် သုံးနှစ် ယုံကြည်ပြီးနောက်တွင် သူသည် သမ္မာတရားကို ချစ်သောသူဟုတ်မဟုတ်ဟူသည်ကို သင် သိမြင်နိုင်လိမ့်မည်။ သူသည် သမ္မာတရားကို ချစ်သောသူတစ်ဦးဖြစ်လျှင် အနှေးနှင့် အမြန် ထိုသမ္မာတရားကို လိုက်စားလိမ့်မည်။ သူသည် သမ္မာတရားကို ချစ်သောသူတစ်ဦးမဟုတ်လျှင် ကြာရှည် ခံမည်မဟုတ်ဘဲ ထုတ်ဖော်ပြခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ သင်တို့သည် အမှန်တကယ်ပင် သမ္မာတရားကို ချစ်သောသူများဖြစ်သလော။ သင်တို့သည် ရိုးသားသောသူများ ဖြစ်လာလိုစိတ်ရှိကြသလော။ သင်တို့သည် နောင်ကာလတွင် ပြောင်းလဲနိုင်ကြလိမ့်မည်လော။ ဤမိတ်သဟာယပြီးနောက်တွင် ဤအရာထဲမှ မည်မျှကို သင်တို့ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်လိမ့်မည်နည်း။ အမှန်တကယ်တွင် ဤအရာထဲမှ မည်မျှက သင်တို့အထဲတွင် ရလဒ်များဖြစ်ပေါ်စေလိမ့်မည်နည်း။ ဤအရာအားလုံးကို မသိနိုင်ပေ။ အဆုံးတွင် ပေါ်လွင်လာလိမ့်မည်။ ထိုအရာသည် လူတစ်ယောက်က ယုံကြည်ခြင်း၌ လူသစ်ဖြစ်သောအခါတွင် မည်မျှ စိတ်ထက်သန်မှုရှိသည်၊ မည်မျှဆင်းရဲဒုက္ခခံနိုင်သည်ဆိုသည်နှင့် လုံးဝ မသက်ဆိုင်ပေ။ အဓိကအချက်မှာ သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိဖြစ်သည်။ သမ္မာတရားကို ချစ်သောသူများသာ တရားဒေသနာတစ်ပုဒ်ကို ကြားနာပြီးနောက်တွင် အချိန်ယူစဉ်းစားလိမ့်မည်။ ၎င်းတို့သည်သာ ဘုရားနှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့ တွေ့ကြုံရမည်၊ မိမိတို့၏ နေ့စဉ်အသက်တာများတွင် ထိုနှုတ်ကပတ်တော်များကို မည်သို့ အသုံးချရမည်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူတစ်ယောက်ဖြစ်လာရန်အတွက် ဘုရားနှုတ်ကပတ်တော်များတွင်ရှိသည့် သမ္မာတရား လက်တွေ့ကျမှုကို မည်သို့ အသက်ရှင်နေထိုင်ရမည်ဆိုသည်တို့ကို ချင့်ချိန်တွေးတောလိမ့်မည်။ ယင်းမှာ အဆုံးတွင် သမ္မာတရားကို ချစ်သောသူများက သမ္မာတရားကို ရရှိလိမ့်မည့် အကြောင်းရင်းဖြစ်သည်။ သမ္မာတရားကို မချစ်သောသူများသည် စစ်မှန်သောလမ်းခရီးကို လက်ခံကောင်းလက်ခံနိုင်သည်။ နေ့စဉ်စုဝေးပြီး တရားဒေသနာများကို နားထောင်ကာ အယူဝါဒအချို့ကို သင်ယူကောင်းသင်ယူနိုင်သည်။ သို့သော် ဆင်းရဲဒုက္ခ၊ သို့မဟုတ် စမ်းသပ်မှုများကို ၎င်းတို့ ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်။ ၎င်းတို့၏ ယုံကြည်ခြင်းကိုပင် စွန့်လွှတ်ကောင်းစွန့်လွှတ်နိုင်သည်။ ယုံကြည်သူများအနေဖြင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင် ဝင်ရောက်နိုင်ခြင်းရှိမရှိသည် သမ္မာတရားအပေါ် သင်၏ သဘောထားနှင့် သင်၏ လိုက်စားခြင်း ပန်းတိုင်က မည်သည့်အရာဖြစ်သည်၊ ထိုပန်းတိုင်သည် အမှန်တကယ်ပင် သမ္မာတရားအား သင်၏ အသက်အဖြစ် ရရှိရန် ဟုတ်မဟုတ်ဆိုသည့်အပေါ်တွင် မူတည်သည်။ လူအချို့သည် အခြားလူများကို ကူညီရန်၊ ဘုရားသခင်အား အစေခံရန်၊ သို့မဟုတ် အသင်းတော်အား ကောင်းစွာ ဦးဆောင်ရန်အတွက် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ကြသည်။ ယင်းမှာ မဆိုးပေ။ ထိုလူတို့သည် ဝန်ထုပ်ဝန်ပိုးတစ်ခုခုကို ထမ်းရွက်သည်ဆိုသည့် သဘောဖြစ်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံမစိုက်လျှင်၊ ပြီးလျှင် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေလျှင် သမ္မာတရား လက်တွေ့ကျမှုအတွင်းသို့ ၎င်းတို့ ဝင်ရောက်နိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့ကျမှုကို မပိုင်ဆိုင်လျှင် သူတစ်ပါးတို့ကို မည်သို့ ကူညီနိုင်မည်နည်း။ ဘုရားသခင်အား မည်သို့ အစေခံနိုင်မည်နည်း။ အသင်းတော်အလုပ်ကို ၎င်းတို့ ကောင်းစွာလုပ်နိုင်သလော။ ယင်းမှာလည်း ဖြစ်နိုင်မည်မဟုတ်ပေ။ တရားဒေသနာမည်မျှကို သင်နားထောင်ပြီးသည်၊ သို့မဟုတ် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်ပြီးသည်ဆိုသည်မှာ အရေးမကြီးပေ။ ငါသည် သင်တို့အား မှန်ကန်သော အမြင်ရှုထောင့်ကို မျှဝေမည်။ မည်သည့်တာဝန်ကို သင် လုပ်ဆောင်သည်ဖြစ်စေ၊ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်စေ သို့မဟုတ် သာမန်နောက်လိုက်တစ်ဦးဖြစ်သည်ဖြစ်စေ သင်သည် အဓိကအနေဖြင့် ဘုရားနှုတ်ကပတ်တော်များအပေါ် အားစိုက်ထုတ်ရမည်။ ထိုဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး အလေးအနက် စဉ်းစားရမည်။ သင်သိမြင်ပြီး လက်တွေ့လုပ်ဆောင်ရန်လိုအပ်သည့် သမ္မာတရားအားလုံးကို ပထမဦးစွာ သင် နားလည်ရမည်။ ထိုသမ္မာတရားများနှင့် သင့်ကိုယ်သင် ယှဉ်ကြည့်ပြီး သင့်ကိုယ်သင်အတွက် ထိုအရာများကို လုပ်ဆောင်လော့။ သင်သည် သမ္မာတရားကို ဦးစွာ နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်မှုမရှိမချင်း သမ္မာတရားတစ်ခုကို မရရှိသေးပေ။ သင်သည် အခြားလူများကို သင်နားလည်သည့် အယူဝါဒအား အစဉ်ရှင်းပြသော်လည်း ထိုအယူဝါဒများကို သင်က လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် မတွေ့ကြုံနိုင်လျှင် ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များအား သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသင့်သည်။ တဖြည်းဖြည်းနှင့် သမ္မာတရား အများအပြားကို နားလည်လာသင့်သည်။ ထို့နောက်တွင် သင်သည် သင်၏ တာဝန်တွင် ပိုကောင်းသည်ထက်ကောင်းသည့် ရလဒ်များကို ရရှိလိမ့်မည်ဖြစ်ပြီး မျှဝေစရာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များစွာရှိလိမ့်မည်။ ဤသို့ဖြင့် ဘုရားနှုတ်ကပတ်တော်များသည် သင်၏ အသက်ဖြစ်လာလိမ့်မည်။ သင်သည် သင်၏ တာဝန်ကို မုချ ကောင်းစွာလုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က သင့်အားပေးအပ်သည့် စေခိုင်းချက်ကို ပြီးမြောက်နိုင်လိမ့်မည်။ သင်သည် အစဉ်သဖြင့် အခြားလူများအား ဤနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်လိုလျှင်၊ အခြားလူများအပေါ် အသုံးချလိုလျှင်၊ သို့မဟုတ် သင်၏ အလုပ်တွင် အရင်းအနှီးအဖြစ် အသုံးပြုလိုလျှင် သင် ဒုက္ခရောက်လိမ့်မည်။ ဤသို့ လုပ်ဆောင်ရာတွင် သင်သည် အတိအကျပင် ပေါလုကဲ့သို့ တူညီသောလမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ဤသည်မှာ သင်၏ အမြင်ရှုထောင့်ဖြစ်သောကြောင့် သင်သည် အသေအချာပင် ဤနှုတ်ကပတ်တော်များကို အယူဝါဒအဖြစ်၊ သီအိုရီအဖြစ် မှတ်ယူနေခြင်းဖြစ်ပြီး၊ သင်သည် မိန့်ခွန်းများပြောဆိုကာ အလုပ်ပြီးမြောက်စေရန်အတွက် ဤသီအိုရီများကို အသုံးပြုလိုပေသည်။ ဤသည်မှာ အလွန် အန္တရာယ်ရှိ၏။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များ လုပ်ဆောင်သည့်အရာဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်အခြေအနေကို ဘုရားနှုတ်ကပတ်တော်အတိုင်း ရှုမြင်လျှင်၊ ဦးစွာ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး နားလည်ခြင်းရှိပြီးနောက် သမ္မာတရားအား လက်တွေ့လုပ်ဆောင်လျှင် အကျိုးအမြတ်များကို သင် ရိတ်သိမ်းရမည်ဖြစ်ပြီး သမ္မာတရား လက်တွေ့ကျမှုအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ထိုအခါမှသာ သင်သည် အရည်အသွေးပြည့်မီလိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် ဝိညာဉ်ရင့်ကျက်မှုရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်တွေ့ကျသော တွေ့ကြုံမှုမရှိလျှင်၊ အသက်ဝင်ရောက်မှု လုံးဝ မရှိဘဲ စကားများနှင့် အယူဝါဒများကိုသာ ရွတ်ဖတ်နိုင်လျှင် သင်သည် အလုပ်လုပ်လျှင်ပင် ခိုင်မာသည့်အရာ မည်သည့်အရာကိုမျှ မရရှိဘဲ မမြင်မကန်းဖြင့် လုပ်ဆောင်နေလိမ့်မည်။ အဆုံးတွင် သင်သည် အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်ဖြစ်လာလိမ့်မည်ဖြစ်ကာ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ သင်သည် သမ္မာတရား၏ လက္ခဏာသွင်ပြင်တစ်ခုကို နားလည်လျှင် သင်၏ လက်တွေ့ကျမှုဖြစ်လာရန်အလို့ငှာ ပထမဆုံး သင့်ကိုယ်သင် ထိုသွင်ပြင်လက္ခဏာဖြင့် နှိုင်းယှဉ်ကြည့်သင့်ပြီး သင်၏ အသက်တာတွင် လက်တွေ့အကောင်အထည်ဖော်သင့်သည်။ ထို့နောက်တွင် သင်သည် တစ်စုံတစ်ခုကို သေချာပေါက် ရရှိလိမ့်မည်ဖြစ်ပြီး ပြောင်းလဲလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက ကောင်းမြတ်သည်၊ ယင်းတို့သည် သမ္မာတရားဖြစ်ပြီး လက်တွေ့ကျမှုရှိသည်ဟု သင်ခံစားရသော်လည်း သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို ချင့်ချိန်စဉ်းစားခြင်းမရှိလျှင်၊ သို့မဟုတ် နားလည်ရန်မကြိုးစားသကဲ့သို့ သင်၏ လက်တွေ့ဘဝတွင် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းမရှိဘဲ၊ ထိုအစား မှတ်စုစာအုပ်ထဲတွင်သာ ချရေးပြီး ထိုနေရာတွင်ပင် ရပ်နေလျှင် သင်သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်လိမ့်မည်မဟုတ်၊ ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်သောအခါ၊ သို့မဟုတ် တရားဒေသနာများနှင့် မိတ်သဟာယကို ကြားသောအခါ သင်သည် ထိုအရာများကို ချင့်ချိန်တွေးတောပြီး ထိုအရာများနှင့် သင့်ကိုယ်သင် ယှဉ်ကြည့်ရမည်။ သင်၏ ကိုယ်ပိုင်အခြေအနေများနှင့် ထိုအရာများကို ဆက်စပ်ကြည့်ရမည်။ သင်၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန် ထိုအရာများကို အသုံးပြုရမည်။ နှုတ်ကပတ်တော်များကို ဤသို့ လက်တွေ့အကောင်အထည်ဖော်ခြင်းအားဖြင့်သာ ထိုနှုတ်ကပတ်တော်များမှ တစ်ခုခုကို သင် အမှန်တကယ် ရရှိနိုင်သည်။ ဤသည်မှာ တရားဒေသနာတစ်ခုကို သင်တို့ ကြားပြီးနောက်တွင် သင်တို့ လက်တွေ့လုပ်ဆောင်သောအရာတစ်ခု ဖြစ်သလော။ မဟုတ်လျှင် ဘုရားသခင်သည် သင်တို့၏ အသက်တာများတွင်မရှိသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များလည်းမရှိပေ။ ပြီးလျှင် ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်မှုတွင် သင်သည် လက်တွေ့ကျမှုမရှိပေ။ သင်တို့သည် ဘာသာတရားမရှိသူများကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ ပြင်ပတွင် အသက်ရှင်နေခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရန်အလို့ငှာ လက်တွေ့ဘဝတွင် ထိုဘုရားနှုတ်ကပတ်တော်များကို မကျင့်သုံးနိုင်သူ မည်သူမဆိုသည် ဘုရားသခင်အား အမှန်တကယ် မယုံကြည်ပေ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ သမ္မာတရားအား လက်တွေ့မလုပ်ဆောင်နိုင်သူများသည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများမဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး အာခံသူများဖြစ်သည်။ မိမိ၏ လက်တွေ့ဘဝထဲသို့ ဘုရားနှုတ်ကပတ်တော်ကို မယူဆောင်လျှင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားဖို့ မဖြစ်နိုင်ပေ။ မိမိ၏ လက်တွေ့အသက်တာတွင် ဘုရားသခင်၏ အမှုတော် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မတွေ့ကြုံလျှင် သမ္မာတရားကို ရရှိရန် မဖြစ်နိုင်ပေ။ ဤအရာကို သင်တို့ နားလည်သလော။ ဤစကားများကို သင်တို့ နားလည်သဘောပေါက်နိုင်လျှင် အကောင်းဆုံးဖြစ်မည်။ သို့သော် ဤစကားများကို သင်မည်မျှ နားလည်သဘောပေါက်ပါစေ၊ သင်မည်မျှ နားလည်ပါစေ အရေးပါဆုံးသောအရာမှာ သင်အမှန်တကယ်နားလည်သော ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို သင်၏ လက်တွေ့အသက်တာထဲသို့ ယူဆောင်ပြီး လက်တွေ့လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ သင့်အတွက် ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားပြီး သင်၏ စိတ်သဘောထားပြောင်းလဲရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြသောအခါ၊ သို့မဟုတ် လူတို့အပေါ် သူ၏ သတ်မှတ်ချက်များကို အဆိုပြုသောအခါ သူသည် လူတို့အတွက် စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းများကို အစဉ် ညွှန်ပြလိမ့်မည်။ ဥပမာအားဖြင့် ငါတို့ ယခုတင်ပြောဆိုခဲ့သော ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို ကြည့်လော့။ ဘုရားသခင်သည် လူတို့အား မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိရန်အတွက် ရိုးသားသောသူများ မည်သို့ဖြစ်ရမည်၊ ရိုးသားသူတစ်ယောက်ဖြစ်ခြင်း စည်းမျဉ်းများအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်တို့ကို ပြောပြလျက် လူတို့အား လမ်းကြောင်းတစ်ခုပေးခဲ့သည်။ ဘုရားသခင် ပြောခဲ့သည်မှာ “သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ ငါတို့က လျှို့ဝှက်ချက်ဖြစ်သည်၊ အတွင်းရေးဖြစ်သည်ဟု ထင်မြင်သောအရာတို့ကို ယူပြီး ဖွင့်ချပြရန်၊ စိစစ်ရန်အတွက် တင်ပြရန် ဘုရားသခင်က ငါတို့ကို တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့ မတွေးမိသေးသည့်အရာဖြစ်သည်။ ဘုရားသခင်က သင်တို့ကို ဤသို့ လက်တွေ့လုပ်ဆောင်စေရန်အတွက် ဤအရာ ပြောခဲ့သည်ကို သင်တို့ နားမလည်ပေ၊ သို့မဟုတ် မသိပေ။ တစ်ခါတစ်ရံတွင် သင်သည် လှည့်စားရန်နှင့် လိမ်လည်ရန် ရည်ရွယ်ချက်ဖြင့် ပြုမူဆောင်ရွက်သည်။ ထို့ကြောင့် သင်၏ လုပ်ရပ်များနှင့် ရည်ရွယ်ချက်များကို ပြောင်းလဲသင့်သည်။ သင်၏ စကားများတွင်ရှိသော လှည့်ဖြားတတ်သည့် သို့မဟုတ် လိမ်လည်တတ်သည့် သဘောသဘာဝကို မည်သူကမျှ မသိမြင်ကောင်း မသိမြင်နိုင်ပေ။ သို့သော် မိမိကိုယ်ကို မချီးမွမ်းနှင့်။ သင်သည် ဘုရားသခင်ရှေ့သို့ လာရောက်ပြီး သင့်ကိုယ်သင် ဆန်းစစ်သင့်သည်။ သင်သည် လူတို့ကို အရူးလုပ်နိုင်သည်။ သို့သော် ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ သင်သည် ဆုတောင်းရန်၊ သင်၏ ရည်ရွယ်ချက်များနှင့် နည်းလမ်းများကို ချပြပြီး စိစစ်ရန်၊ သင်၏ ဤရည်ရွယ်ချက်များသည် ဘုရားသခင်အတွက် ကျေနပ်ဖွယ်ရာရှိမရှိ၊ သို့မဟုတ် ယင်းတို့သည် ဘုရားသခင်က စက်ဆုပ်မုန်းတီးခြင်းရှိမရှိ၊ ယင်းတို့ကို သင် ဖွင့်ချပြနိုင်ခြင်းရှိမရှိ၊ ယင်းတို့သည်ပြောဆိုရန် ခက်ခဲခြင်းရှိမရှိ၊ သမ္မာတရားနှင့် ညီခြင်းရှိမရှိကို ဆင်ခြင်သုံးသပ်ရန် လိုအပ်သည်။ ဤသို့သော ပိုင်းခြားစိစစ်ခြင်းနှင့် စိတ်ဖြာလေ့လာခြင်းမျိုးဖြင့် သင်သည် အမှန်တကယ်တွင် ဤအမှုအရာက သမ္မာတရားနှင့်မညီသည်ကို တွေ့ရှိလိမ့်မည်။ ဤအပြုအမူမျိုးကို အလင်းဆီသို့ ယူဆောင်လာရန် ခက်ခဲပြီး ဘုရားသခင်က စက်ဆုပ်မုန်းတီးသည်။ ထို့နောက်တွင် ဤအပြုအမူကို သင် ပြောင်းလဲလေသည်။ ငါ၏ ဤမိတ်သဟာယသည် သင်တို့ကို အဘယ်သို့ ခံစားစေသနည်း။ အချို့မှာ စိတ်ပူကြမည်မှာ သေချာသလောက်ဖြစ်သည်။ သင်တို့က “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန် ရှုပ်ထွေးသည်။ ဤမျှထိရောက်ရှိရန် ခက်ခဲနေပြီဖြစ်သည်။ ယခုတွင် ငါသည် အစကပြန်စရမည်လော” ဟု စဉ်းစားကြသည်။ လက်တွေ့တွင် ယခုအခါ၌ ဘုရားသခင် ကြွလာပြီးဖြစ်ကာ လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲ ဝင်ရောက်ရန် စတင်၍ ဦးဆောင်လမ်းပြပြီဖြစ်သဖြင့် ယင်းသည် ဘုရားသခင်ကို လူတို့၏ ယုံကြည်လက်ခံမှုနှင့် ၎င်းတို့၏ကျင့်ကြံပြုမူမှုတို့၏ အစဖြစ်လေသည်။ သင်သည် ကောင်းစွာ အစပြုမည်ဆိုလျှင် သင်၏ ယုံကြည်ခြင်း၌ ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ရမည်။ ရှေးဦးစွာ ရူပါရုံသမ္မာတရားများနှင့် ဘုရားသခင်နောက်သို့လိုက်ခြင်း၏ အရေးပါမှုကို သင်ယူလေ့လာပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်ရမည်။ ဤသို့ဖြင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။ သင်သည် စကားလုံးများ၊ အယူဝါဒများအား ပြောဆိုခြင်းကိုသာ အာရုံစိုက်ပြီး ထိုအရာများကို အခြေခံကာ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်လျှင် ယင်းမှာ ပြဿနာတစ်ခုဖြစ်လာသည်။ ယင်းသည် သဲပေါ်တွင် အိမ်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်းကဲ့သို့ဖြစ်သည်။ မည်မျှမြင့်မားအောင် တည်ဆောက်သည်ဖြစ်စေ ပြိုလဲမည့် အန္တရာယ် အမြဲရှိလိမ့်မည်ဖြစ်ပြီး၊ ရေရှည်ခံလိမ့်မည်မဟုတ်ပေ။ သို့ရာတွင် ဤအချက်၌ သင်တို့အားလုံးနှင့်ပတ်သက်ပြီး ချီးကျူးစရာကောင်းသည့်အရာတစ်ခုရှိသည်။ ယင်းမှာ သင်တို့အား ငါမိတ်သဟာယဖွဲ့သည့်အရာကို သင်တို့ နားလည်နိုင်ပြီး နားထောင်လိုစိတ်ရှိခြင်းပင်ဖြစ်သည်။ ဤသည်မှာ ကောင်း၏။ သမ္မာတရားအား လိုက်စားခြင်းနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းသည် အရေးပါဆုံးသောအရာဖြစ်ပြီး ကျန်သည့်အရာတို့မှာ အဓိကမဟုတ်ပေ။ ဤအရာကို သင် သိသရွေ့ သင်၏ ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ခက်ခဲမည်မဟုတ်ပေ။ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ရန်အတွက် သင့်ကိုယ်သင် ဦးစွာသိရမည်။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်ပိုင်ဆိုင်သည်၊ သင်၏ အားနည်းချက်များက မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့နှင့်ပတ်သက်ပြီး သင်ရှင်းလင်းရမည်။ ထို့နောက်တွင် သင့်ကိုယ်သင် သမ္မာတရားနှင့် ပြင်ဆင်ခြင်း၏ အရေးကြီးမှုကို နားလည်လိမ့်မည်ဖြစ်ပြီး ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို လျင်မြန်စွာ ရှာဖွေနိုင်လိမ့်မည်။ အချိန်က လူကိုမစောင့်ပေ။ အသက်ဝင်ရောက်မှုနှင့်ပတ်သက်သော သင်၏ ပြဿနာများကို ကိုင်တွယ်ပြီး သမ္မာတရား လက်တွေ့ကျမှုကို သင်ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် သာ၍ ကြီးမားသာ အတွင်းစိတ်ငြိမ်သက်ခြင်း ရှိလိမ့်မည်။ ကပ်ဘေးများက မည်မျှကြီးမားသည်ဖြစ်စေ သင် ကြောက်ရွံ့မည်မဟုတ်ပေ။ သင်သည် သမ္မာတရားအား လိုက်စားခြင်းမရှိဘဲ ဤပြီးခဲ့သောနှစ်အနည်းငယ်ကို ဖြုန်းတီးခဲ့ပြီး၊ အမှုအရာများဖြစ်ပေါ်လာသောအခါ သင်သည် တွေဝေနေတတ်ဆဲဖြစ်ပြီး စောင့်ဆိုင်းနေသည့် မလှုပ်မယှက်အခြေအနေတွင် ရှိနေဆဲဖြစ်ကာ သင်၏ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကိုလည်း အသုံးမပြုနိုင်လျှင်၊ လောကီဆက်ဆံရေးများအတွက်ဖြစ်သော အတွေးအခေါ်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ဆဲဖြစ်လျှင် ဤသည်မှာ မည်မျှ သနားစဖွယ်ဖြစ်သနည်း။ ကပ်ဘေးများ ကြီးမားသည့်နေ့ရောက်လာသောအခါ သင်သည် သမ္မာတရား၏ လက်တွေ့ကျမှု တစ်စွန်းတစ်စကိုမျှ မပိုင်ဆိုင်လျှင် သမ္မာတရားအား မလိုက်စားခဲ့ခြင်းအတွက်ဖြစ်စေ၊ သင်၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခြင်းအတွက်ဖြစ်စေ၊ သမ္မာတရားတစ်ခုကိုမျှ လုံးဝ မရရှိခဲ့သည့်အတွက်ဖြစ်စေ သင်နောင်တရလိမ့်မည်။ သင်သည် အစဉ်သဖြင့် သောကရောက်သည့် အခြေအနေတွင် အသက်ရှင်ရလိမ့်မည်။ ယခုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် မည်သည့်လူကိုမျှ မစောင့်ပေ။ လူတို့ စတင်ယုံကြည်သည့် နှစ်အနည်းငယ်တွင် သူသည် လူတို့အား ကျေးဇူးတော်အချို့၊ သနားကရုဏာအချို့ကိုပေးသည်။ အကူအညီနှင့် အားဖြည့်ပံ့ပိုးမှုကို ပေးသည်။ လူတို့သည် မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ လက်တွေ့အရှိတရားထဲသို့ မည်သည့်အခါမျှ မဝင်ရောက်ဘဲ ၎င်းတို့သိသည့် စကားလုံးများနှင့် အယူဝါဒများဖြင့် ကျေနပ်နေလျှင် ၎င်းတို့ အန္တရာယ်ရှိပေသည်။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် လွဲချော်ပြီးသားဖြစ်ကာ၊ လူသားမျိုးနွယ်နှင့်ဆိုင်သော ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတွင် နောက်ဆုံးသောအခွင့်အရေးကို လွဲချော်ပြီးဖြစ်သည်။ ၎င်းတို့သည် ငိုကြွေးမြည်တမ်းကာ အံသွားခဲကြိတ်လျက် ကပ်ဘေးများအတွင်းသို့သာ ကျဆင်းသွားနိုင်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။