ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက် (အပိုင်း သုံး)

သင်သည် သင်၏ ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်တစ်ခုကို စတင် တည်ဆောက်သောအခါ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် မြဲမြံစွာ အခြေချသင့်သည်။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သော စမှတ်ပေါ်တွင် သင်ရှိသင့်ပြီး စကားလုံးများနှင့် အယူဝါဒများကို ရွတ်ဖတ်ခြင်းနှင့်သက်ဆိုင်သော စမှတ်ပေါ်တွင် မရှိသင့်ပေ။ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၊ အရာခပ်သိမ်းတွင် သမ္မာတရားအား ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၊ အရာခပ်သိမ်းတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ပြီး အရာရာဖြင့် နှိုင်းယှဉ်ရန်အတွက် သမ္မာတရားကို အသုံးပြုနိုင်ခြင်းတို့ကို အာရုံစိုက်သင့်သည်။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းများမှာ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ခြင်းက ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ဘုရားသခင်ကို ကျေနပ်စေမည်ကိုလည်းကောင်း ချင့်ချိန်တွေးတောသင့်သည်။ သို့ရာတွင် လူတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန်ကင်းမဲ့သည်။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်သည့်အရာများ၊ မိမိကိုယ်ကို သိမြင်ခြင်း၊ သို့မဟုတ် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် မသက်ဆိုင်သည့်အရာများကို အစဉ် မေးမြန်းကြသည်။ ဤသည်မှာ သနားစဖွယ်မကောင်းသလော။ ယင်းက သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကို မပြသလော။ လူအချို့သည် ဘုရားသခင်၏ ဤအမှုတော်အဆင့်ကို ဘုရားသခင်က အစပြုသည်နှင့်တစ်ပြိုင်နက် လက်ခံခဲ့ကြပြီး လက်ရှိအချိန်အထိ ယုံကြည်သူများဖြစ်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို နားမလည်ကြသေးပေ။ အချို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ ယုံကြည်ခြင်းအတွက် မိသားစုနှင့် အသက်မွေးအလုပ်ကို စွန့်လွှတ်ခဲ့ပြီး များစွာ ဖြတ်သန်းကျော်လွှားခဲ့ရသည်။ ကျွန်ုပ်သည် သမ္မာတရား စစ်မှန်မှုတစ်ခုမျှမရှိဟု မည်သို့ ဆိုနိုင်သနည်း။ ကျွန်ုပ်၏ မိသားစုကို နောက်ချန်ထားခဲ့သည်။ ဤသည်မှာ စစ်မှန်မှုမဟုတ်သလော။ ကျွန်ုပ်၏ အိမ်ထောင်ကို စွန့်လွှတ်ခဲ့သည်။ ဤသည်မှာ စစ်မှန်မှုမဟုတ်သလော။ ဤအရာအားလုံးသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ပြသမှုတစ်ခု မဟုတ်သလော” ဟူ၍ ဆိုကြသည်။ အပြင်ပန်းတွင် သင်သည် လောကီကမ္ဘာကို စွန့်လွှတ်ခဲ့ပြီး၊ ဘုရားသခင်အား ယုံကြည်ရန် သင်၏ မိသားစုကို စွန့်လွှတ်ခဲ့သည်။ သို့သော် ယင်းမှာ သင်က သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဆိုသည့် သဘောဖြစ်သလော။ သင်သည် ရိုးသားသူ၊ ဘုရားသခင်အား နာခံသူဖြစ်သည်ဟု အဓိပ္ပာယ်ရသလော။ သင်၏ စိတ်သဘောထားသည် ပြောင်းလဲသွားပြီ၊ သို့မဟုတ် သင်သည် သမ္မာတရား၊ သို့မဟုတ် လူ့သဘာဝကို ပိုင်ဆိုင်သောသူတစ်ယောက်ဖြစ်သည်ဟု အဓိပ္ပာယ်ရသလော။ အသေအချာပင် ဤသို့ အဓိပ္ပာယ်မရပေ။ သင်၏ ထိုအပြင်ပန်း လုပ်ဆောင်မှုများသည် အခြားလူများအတွက် ကောင်းသည့်ပုံစံရှိနိုင်သည်။ သို့သော် ထိုအရာများက သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေသည်၊ သို့မဟုတ် ဘုရားသခင်အား နာခံနေသည်ဟု အဓိပ္ပာယ်မရပေ။ ပြီးလျှင် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နေသည်ဟု သေချာပေါက် အဓိပ္ပာယ်မရပေ။ လူတို့၏ စွန့်လွှတ်အနစ်နာခံမှုများနှင့် အသုံးခံမှုများသည် အလွန်ပင် မသန့်စင်ပေ။ လူတို့အားလုံးသည် ကောင်းချီးရရှိရန်ဖြစ်သော ရည်ရွယ်ချက်၏ ထိန်းချုပ်ခြင်းကို ခံရသည်။ ပြီးလျှင် ၎င်းတို့သည် စမ်းသပ်မှု၊ စစ်ဆေးမှုမှတစ်ဆင့် သန့်စင်ခြင်းမခံရသေးပေ။ ထို့ကြောင့် လူများစွာတို့သည် ၎င်းတို့၏ တာဝန်များတွင် ဝတ်ကျေတမ်းကျေရှိနေဆဲဖြစ်ပြီး လက်တွေ့ကျသည့် မည်သည့်ရလဒ်မျှ မရရှိခြင်းဖြစ်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးခြင်း၊ သေးသိမ်အောင်လုပ်ခြင်း၊ ပြဿနာပေါင်းစုံ ဖြစ်စေခြင်းပင် လုပ်ဆောင်ကြသည်။ အသင်းတော်က ၎င်းတို့ကို ရှင်းလင်းပစ်သည့်အချိန်တွင်ပင်၊ ၎င်းတို့သည် နောင်တရဖို့ စဉ်းစားခြင်းမရှိဘဲ အပျက်သဘောဆောင်မှုကို ဆက်လက် ဖြန့်ဝေသည်။ မုသားများပြောပြီး၊ ၎င်းတို့၏ အကြောင်းကိစ္စကို ငြင်းခုံရန်အတွက် အမှန်တရားများကို မလိမ့်တပတ်လုပ်သည်။ လူအချို့သည် ဆယ်စုနှစ်တစ်ခု၊ နှစ်ခုအထိ ယုံကြည်သော်လည်း အထိန်းအကွပ်မဲ့ ရမ်းကားပြီး မကောင်းမှုမျိုးစုံကို လုပ်ဆောင်ဆဲဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် အသင်းတော်၏ ရှင်းလင်းခြင်းနှင့် နှင်ထုတ်ခြင်းခံရသည်။ ဆိုးရွားသော အရာများစွာကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဆိုသည့်အချက်သည် ၎င်းတို့တွင် ဆိုးရွားသော စရိုက်လက္ခဏာရှိသည်ကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့် အလွန်ပင် ကောက်ကျစ်ပြီး လှည့်ဖြားတတ်သည်ကိုလည်းကောင်း၊ ၎င်းတို့သည် လုံးဝ မာယာကင်းခြင်းမရှိ၊ နာခံခြင်း၊ သို့မဟုတ် ကျိုးနွံခြင်းမရှိဆိုသည်ကိုလည်းကောင်း လုံလောက်စွာ သက်သေပြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းတို့ကို မည်သည့်အခါမျှ သိပ်ဂရုမစိုက်ခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို “ငါ၏ မိသားစုကို စွန့်လွှတ်သရွေ့၊ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံ၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်သရွေ့ ဘုရားသခင်သည် ငါ၏ လုပ်ဆောင်မှုများကို အောက်မေ့ဂုဏ်ပြုသင့်သည်။ သူ၏ ကယ်တင်ခြင်းကို ငါ ရရှိသင့်သည်” ဟူသည့် ကိစ္စတစ်ခုအဖြစ် မြင်ကြသည်။ ဤသည်မှာ စိတ်ကစားခြင်းနှင့် လိုရာဆွဲတွေးခြင်းသာ ဖြစ်သည်။ သင်သည် ကယ်တင်ခြင်းကို ရရှိလိုပြီး ဘုရားသခင်ရှေ့သို့ အမှန်တကယ် လာရောက်လိုလျှင် ရှာဖွေရင်း ဘုရားသခင်ရှေ့သို့ လာရမည်။ “အို ဘုရားသခင်၊ မည်သည့်အရာကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်သင့်သနည်း။ လူတို့ကို ကယ်တင်ခြင်းအတွက် ကိုယ်တော်၏ စံနှုန်းမှာ အဘယ်နည်း။ မည်သို့သောလူအမျိုးအစားကို ကိုယ်တော် ကယ်တင်သနည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အရာရာအားလုံးထက် ငါတို့ ရှာဖွေပြီး သိသင့်သည့်အရာဖြစ်သည်။ သမ္မာတရားအပေါ် သင်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်လော့။ အရာရာ၌ သမ္မာတရားနှင့် စစ်မှန်မှုအပေါ် အားစိုက်ထုတ်လော့။ ဤသို့ဆိုလျှင် သင်သည် အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်သောသူ၊ အသက်ကို ပိုင်ဆိုင်သောသူတစ်ယောက်ဖြစ်လိမ့်မည်။ သင်သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ လက်တွေ့မလုပ်ဆောင်ဘဲ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ အားစိုက်ထုတ်ခြင်းမရှိဘဲ စကားများနှင့် အယူဝါဒများအပေါ် သင်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်လျှင်၊ သင်သည် အသက်ကို မည်သည့်အခါမျှ မပိုင်ဆိုင်သောသူတစ်ယောက် ဖြစ်လိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်သောအခါ ငါတို့သည် ရိုးသားသူတစ်ယောက်၏ အသက်၊ စစ်မှန်မှု၊ အနှစ်သာရကို ရရှိကြသည်။ ထို့နောက်တွင် ငါတို့သည် ရိုးသားသူတစ်ယောက်၏ ကျင့်ကြံမှုနှင့် အပြုအမူရှိကြသည်။ အနည်းဆုံးအနေဖြင့် ငါတို့၏ ထိုရိုးသားသောအပိုင်းသည် ဘုရားသခင်အား ဝမ်းမြောက်စေလိမ့်မည်။ ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည်။ သို့ရာတွင် ငါတို့သည် သန့်စင်ခြင်းခံရဖို့ လိုအပ်သည့် မုသားများ၊ လှည့်ကွက်များ၊ လှည့်စားမှုများကို မကြာခဏ ပြသဆဲဖြစ်သည်။ ထို့ကြောင့် ငါတို့သည် ဆက်လက်ရှာဖွေပြီး ငြီးငွေ့ဖွယ် အပြောင်းအလဲမရှိသော အလုပ်ထဲတွင် နစ်မနေဖို့ လိုသည်။ ဘုရားသခင်သည် ငါတို့အား စောင့်နေပြီး အခွင့်အရေးပေးလျက်ရှိသည်။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ရန် အစီအစဉ်များ လုံးဝ မပြုလုပ်လျှင်၊ ရိုးသားစွာဖြင့်၊ စိတ်နှလုံးထဲမှ မည်သို့စကားပြောရမည်ကိုလည်းကောင်း၊ မာယာများခြင်း၊ သို့မဟုတ် လှည့်စားခြင်းများ ရောနှောနေခြင်းမရှိဘဲ အမှုအရာများကို မည်သို့ လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ရိုးသားသူတစ်ယောက်ကဲ့သို့ မည်သို့ ပြုမူရမည်ကိုလည်းကောင်း လုံးဝ မရှာဖွေလျှင် သင်သည် ရိုးသားသော လူသားပုံသဏ္ဌာန်တစ်ခုနှင့် အသက်ရှင်ရန်၊ သို့မဟုတ် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ သင်သည် သမ္မာတရား သွင်ပြင်လက္ခဏာတစ်ခုခု၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်လျှင် သင်သည် ထိုသမ္မာတရား၏ သွင်ပြင်လက္ခဏာကို ရရှိပြီးဖြစ်သည်။ သင်သည် ထိုစစ်မှန်မှုကို မပိုင်ဆိုင်လျှင် ထိုအသက်၊ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှုကို မပိုင်ဆိုင်ပေ။ စမ်းသပ်မှုများ၊ စုံစမ်းသွေးဆောင်ခြင်းများကို သင်ရင်ဆိုင်ရာတွင်၊ သို့မဟုတ် စေခိုင်းချက်တစ်ခုကို သင်လက်ခံရရှိသောအခါတွင် သင်သည် မည်သည့်စစ်မှန်မှုမျှမရှိလျှင် အလွယ်တကူ မှောက်မှားပြီးအမှားများ ပြုလုပ်လိမ့်မည်။ သင်သည် ဘုရားသခင်အား ပုန်ကန်ခြင်းနှင့် မနာခံခြင်းတို့ ဖြစ်လွယ်လိမ့်မည်။ သင့်ကိုယ်သင် ကူညီနိုင်မည်မဟုတ်ပေ။ လူများစွာသည် ၎င်းတို့၏ တာဝန်များတွင် အထိန်းအကွပ်မဲ့ ရမ်းကားကြပြီး အကြံဉာဏ်ရယူဖို့ ငြင်းဆန်ကာ မပြောင်းလဲနိုင်ဘဲရှိနေကြသည်။ ဤသို့ဖြင့် အသင်းတော်အလုပ်ကို အလွန်ပင် နှောင့်ယှက်၊ ဖျက်ဆီးပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို အလွန်ပင် ထိခိုက်ကြသည်။ ဤလူတို့သည် အဆုံးတွင် ရှင်းလင်းခံရပြီး နှင်ထုတ်ခံရသည်။ ဤသည်မှာ ရှောင်လွှဲ၍မရသော ရလဒ်ဖြစ်သည်။ သို့သော် သင်သည် လက်ရှိတွင် ရိုးသားသူတစ်ယောက်ဖြစ်ရန် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေလျှင် ရိုးသားသူတစ်ယောက်အဖြစ် သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဘုရားသခင်က အသိအမှတ်ပြုသည်။ ထိုအရာကို မည်သူကမျှ သင့်ထံမှ ယူဆောင်မသွားနိုင်ပေ။ ဤစစ်မှန်မှု၊ ဤအသက်ကို မည်သူကမျှ သင့်ထံမှ မဖယ်ရှားနိုင်ပေ။ လူအချို့က “ကျွန်ုပ်သည် အချိန်ကြာမြင့်စွာ ရိုးသားသူတစ်ယောက် ဖြစ်ခဲ့ပြီဖြစ်သည်။ လှည့်ဖြားတတ်သောသူတစ်ယောက်အဖြစ်သို့ ကျွန်ုပ် ပြန်၍ပြောင်းလဲနိုင်သလော” ဟူ၍ မေးသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီးဖြစ်လျှင်၊ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား စစ်မှန်မှု မပိုင်ဆိုင်လျှင်၊ သင်သည် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ပြီး သင်၏ စိတ်နှလုံးတွင် မာယာများခြင်း၊ လှည့်စားခြင်းနှင့် ဘာသာတရားမရှိသူများ၏ လောကကို စက်ဆုပ်မုန်းတီးလျှင် စာတန်၏ တန်ခိုးအာဏာအောက်သို့ ပြန်မသွားနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်နိုင်သောကြောင့်ဖြစ်သည်။ သင်သည် အလင်းထဲတွင် အသက်ရှင်နေပြီးဖြစ်သည်။ လှည့်ဖြားတတ်သောသူတစ်ယောက်မှ ရိုးသားသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲခြင်းသည် မလွယ်ကူပေ။ ဘုရားသခင် အမှန်တကယ် နှစ်သက်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းမှ လှည့်ဖြားတတ်သော သူတစ်ယောက်အဖြစ်သို့ ပြန်၍ပြောင်းလဲခြင်းသည် ဖြစ်နိုင်မည်မဟုတ်ဘဲ ပို၍ပင် ခက်ခဲလိမ့်မည်။ လူအချို့က “ငါသည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့်သက်ဆိုင်၍ နှစ်အနည်းငယ် အတွေ့အကြုံရှိသည်။ အချိန်အများစုတွင် ငါသည် အမှန်အတိုင်းပြောပြီး အတော်အတန်ပင် ရိုးသားသည်။ သို့သော် မမှန်ကန်သော၊ တိုက်ရိုက်မဟုတ်သော၊ သို့မဟုတ် လှည့်ဖြားတတ်သောအရာတစ်ခုကို ငါ နေရာအနှံ့ ပြောသည်” ဟု ဆိုကြသည်။ ဤသည်မှာ ပြုပြင်ရန် အလွန်ပို၍လွယ်ကူသော ပြဿနာဖြစ်သည်။ သင်သည် သမ္မာတရားအား ရှာဖွေခြင်း၊ သမ္မာတရားအတွက် ကြိုးပမ်းခြင်းကို အာရုံစိုက်သရွေ့ အနာဂတ်တွင် မပြောင်းလဲနိုင်မည်ကို စိုးရိမ်ဖို့မလိုပေ။ သင်သည် အသေအချာပင် ဆက်၍ တိုးတက်လိမ့်မည်။ မြေကြီးတွင် စိုက်ပျိုးသော ပျိုးပင်ကဲ့သို့ပင် အချိန်မှန်ရေလောင်းပြီး နေ့စဉ် နေရောင် ရရှိစေလျှင် နောက်ပိုင်းတွင် အသီးအပွင့် ဖြစ်ထွန်းမည်၊ မဖြစ်ထွန်းမည်ကို စိုးရိမ်ရန်မလိုပေ။ ဆောင်းဦးရာသီတွင် အသေအချာပင် သီးနှံထွက်လိမ့်မည်။ ယခုအချိန်တွင် သင်တို့ အစိုးရိမ်သင့်ဆုံးသောအရာမှာ ဤအရာဖြစ်သည်။ သင်တို့သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းထဲသို့ ဝင်ရောက်မှုတစ်ခုခုရှိသလော။ သင်တို့သည် လိမ်ညာပြောဆိုခြင်းများ ပိုပို၍ နည်းလာသလော။ သင်သည် ယခုအခါ ခြုံငုံကြည့်လျှင် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်သလော။ ဤအရာတို့သည် အဓိကကျသော မေးခွန်းများဖြစ်သည်။ တစ်စုံတစ်ဦးက၊ “ငါသည် လှည့်စားသူတစ်ယောက်ဖြစ်သည်ကို ငါသိသည်။ သို့သော် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို မည်သည့်အခါမျှ လက်တွေ့မလုပ်” ဟုဆိုလျှင် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ မည်သည့်စစ်မှန်မှုမျှ မရှိပေ။ သင်သည် ကြိုးစားလုပ်ဆောင်ဖို့လိုသည်။ သင့်ဘဝ၏ ရှုထောင့်တိုင်းကိုလည်းကောင်း၊ သင်၏ အမျိုးမျိုးသော အပြုအမူများအားလုံးကိုလည်းကောင်း၊ လှည့်စားမှုကို သင် လက်တွေ့လုပ်ဆောင်သည့် နည်းများအားလုံးကိုလည်းကောင်း၊ အခြားလူများအပေါ် သင်၏ ဆက်ဆံမှုကိုလည်းကောင်း ပိုင်းခြားစိစစ်ကြည့်ဖို့ လိုအပ်သည်။ ဤအရာများကို သင် ပိုင်းခြားစိစစ်ခြင်းမပြုမီတွင် သင်သည် သင့်ကိုယ်သင် အလွန်ကျေနပ်နေနိုင်သည်။ သင်လုပ်ဆောင်ခဲ့သည့်အရာများကို လုပ်ဆောင်ခဲ့ခြင်းအတွက် သင့်ကိုယ်သင် အလွန်ကျေနပ်နေနိုင်သည်။ သို့သော် ထိုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့် ယှဉ်ပြီး သင် ပိုင်းခြားစိစစ်သည်နှင့်တစ်ပြိုင်နက်၊ သင်က “ငါသည် အလွန်ယုတ်မာသည်၊ အလွန်မလိုမုန်းထားပြီး မသိမသာ ဒုက္ခပေးသည်ဆိုသည်ကို သတိမထားမိခဲ့ပါ” ဟူ၍ အလွန် အံ့အားသင့်သွားလိမ့်မည်။ သင်၏ သရုပ်မှန်ကို ရှာဖွေတွေ့ရှိမည်ဖြစ်ပြီး သင်၏ အခက်အခဲများ၊ အပြစ်အနာအဆာများ၊ လှည့်စားမှုများကို အမှန်တကယ် မြင်သွားလိမ့်မည်။ သင်သည် မည်သည့် ပိုင်းခြားစိစစ်မှုမျှ မပြုလုပ်ဘဲ သင့်ကိုယ်သင် ရိုးသားသူတစ်ယောက်ဖြစ်သည်၊ လှည့်စားမှုကင်းသောသူဖြစ်သည်ဟု အစဉ်အမြဲ ထင်မြင်သော်လည်း သင့်ကိုယ်သင် လှည့်စားတတ်သူတစ်ယောက်ဟု ခေါ်ဆဲဖြစ်လျှင် သင်သည် လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင်ရှိသော ထို စက်ဆုပ်ဖွယ်ကောင်းသော၊ ကောက်ကျစ်ဆိုးယုတ်သော ရည်ရွယ်ချက်များကို တူးဆွမကြည့်လျှင် သင်၏ အကျည်းတန်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သင်မည်သို့ မြင်မည်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို ဆင်ခြင်သုံးသပ်ပြီး ပိုင်းခြားစိစစ်ခြင်းမရှိလျှင် သင်သည် မည်မျှပင် နက်နဲစွာ ဖောက်ပြန်ပျက်စီးနေသည်ဆိုသည့် အမှန်တရားကို မြင်လိမ့်မည်လော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း လုံးဝမရှိဘဲနှင့်၊ သင်သည် ပြဿနာများဖြေရှင်းရန် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို သိမည်မဟုတ်ပေ။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သမ္မာတရားကို မည်သို့လိုက်စားပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်ကို သင် သိမည်မဟုတ်ပေ။ ယင်းမှာ “သင်သည် သမ္မာတရားအား လက်တွေ့မလုပ်ဆောင်လျှင် မည်သည့်အခါမျှ စစ်မှန်မှုရှိမည်မဟုတ်” ဆိုသည့် စကားရပ်၏ နောက်ကွယ်တွင်ရှိသော အဓိပ္ပာယ်အစစ်အမှန်ဖြစ်သည်။

ဘုရားသခင် ပြောသမျှတိုင်းသည် သမ္မာတရားဖြစ်သည်။ နှုတ်ကပတ်တော်တစ်ခုမကျန် သမ္မာတရား စစ်မှန်မှုရှိသည်။ အားလုံးသည် အပြုသဘောဆောင်သောအရာများ၏ စစ်မှန်မှုဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရန်အတွက် ၎င်းတို့၏ နေ့စဉ်အသက်တာများထဲသို့ ထိုနှုတ်ကပတ်တော်တို့ကို သယ်ဆောင်လာဖို့သာ လိုအပ်သည်။ ဘုရားသခင်ထံမှလာသော နှုတ်ကပတ်တော်တိုင်းသည် လူသားမျိုးနွယ် လိုအပ်သည့်အရာကို ရည်ရွယ်သည်။ နှုတ်ကပတ်တော်တိုင်းက လူတို့အနေဖြင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကြည့်ဖို့ရန်ဖြစ်သည်။ တစ်ခဏတာ ဖျတ်ကနဲ ကြည့်လိုက်ဖို့ ရည်ရွယ်ခြင်းမဟုတ်သကဲ့သို့ သင်၏ ဝိညာဉ်ရေးရာလိုအပ်ချက်အချို့ကို ဖြည့်ဆည်းဖို့ ရည်ရွယ်ခြင်းလည်းမဟုတ်ပေ။ သင့်အနေဖြင့် လက်တွေ့မပါဘဲ အပြောသက်သက်သာ လုပ်ဆောင်ရန်၊ သို့မဟုတ် စကားများနှင့်အယူဝါဒများကို ပြောရန်အတွက် သင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်လည်းမဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်တစ်လုံးစီသည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်လျှင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ သင်သည် အစဉ်သဖြင့် စစ်မှန်မှုနှင့် ချိတ်ဆက်ခြင်းမရှိသည့်သူတစ်ယောက် ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်လျှင် သင်သည် အယောင်ဆောင် ဟန်ဆောင်မှုများပြုလုပ်ခြင်းထက် ရိုးသားခြင်း၏ စစ်မှန်မှုရှိမည်ဖြစ်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ အခြေအနေ အစစ်အမှန်ကို အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ မည်သို့သောသူမျိုးက ရိုးသားပြီး မည်သို့သောသူမျိုးက မရိုးသားဆိုသည်နှင့် ဘုရားသခင်က အဘယ်ကြောင့် လှည့်စားသူများကို အလွန်မုန်းတီးသည်ဆိုသည်တို့ကိုလည်း သင် နားလည်နိုင်လိမ့်မည်။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ အရေးပါမှုကို အမှန်တကယ် နားလည်လိမ့်မည်။ ဘုရားသခင်သည် လူတို့အား ရိုးသားဖို့ တောင်းဆိုသောအခါ မည်သည့်အရာကို သူ ခံစားရပြီး၊ အဘယ်ကြောင့် လူတို့ထံမှ ဤအရာကို သူတောင်းဆိုသည်ဆိုသည်တို့ကို သင် တွေ့ကြုံရလိမ့်မည်။ သင်၏ လှည့်ဖြားမှုအပြည့်ရှိသည်ကို သင် တွေ့ရှိသောအခါတွင် သင်၏ လှည့်စားမှုနှင့် ကောက်ကျစ်မှုကို သင် မုန်းတီးလိမ့်မည်။ သင်သည် သင်၏ လှည့်စားသော၊ ကောက်ကျစ်သော စိတ်သဘောထားဖြင့် မည်မျှအရှက်မဲ့စွာ အသက်ရှင်ခဲ့သည်ကို သင် မုန်းတီးလိမ့်မည်။ ဤသို့အားဖြင့် သင်သည် ပြောင်းလဲရန် စိတ်ထက်သန်နေလိမ့်မည်။ ဤသို့ဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန်၊ အဓိပ္ပာယ်ရှိစွာ အသက်ရှင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ကို သင် ပိုပိုပြီး ခံစားမိလိမ့်မည်။ ဘုရားသခင်က လူတို့အား ရိုးသားရန် တောင်းဆိုခြင်းသည် အလွန့်အလွန်ပင် အဓိပ္ပာယ်ရှိသည်ကို သင် ခံစားရလိမ့်မည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်သည်ကိုလည်းကောင်း၊ ရိုးသားသူများသာ ကယ်တင်ခြင်းကို ရရှိလိမ့်မည်ကိုလည်းကောင်း၊ ဘုရားသခင်ပြောသည့်အရာသည် လုံးဝ တိကျသည်ဆိုသည်ကိုလည်းကောင်း သင်ခံစားမိလိမ့်မည်။ သင်တို့ ငါ့ကို ပြောလော့။ လူတို့အား ရိုးသားရန် ဘုရားသခင် တောင်းဆိုခြင်းသည် အဓိပ္ပာယ်ရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် ယခုမှစပြီး သင်တို့သည် သင်တို့ကိုယ်တိုင်၏ လှည့်စားသော၊ ကောက်ကျစ်သော အစိတ်အပိုင်းတို့ကို ပိုင်းခြားစိစစ်သင့်သည်။ ထိုအရာများကို ပိုင်းခြားစိစစ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ လှည့်စားသောအရာရာတိုင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခု၊ ပန်းတိုင်တစ်ခုခုနှင့် လူသား၏ အကျည်းတန်မှုတစ်ခုရှိသည်ကို သင်တို့ တွေ့ရှိလိမ့်မည်။ ဤလှည့်စားမှုသည် လူတို့၏ မိုက်မဲမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ စက်ဆုပ်ဖွယ်ကောင်းမှုတို့အား ဖွင့်ပြသည်ကို သင် တွေ့ရှိလိမ့်မည်။ ယင်းကို သင်တွေ့ရှိသောအခါ သင်၏ သရုပ်မှန်ကို မြင်လိမ့်မည်။ သင်၏ သရုပ်မှန်ကို မြင်သောအခါ သင့်ကိုယ်သင် မုန်းတီးလိမ့်မည်။ သင့်ကိုယ်သင် စတင်မုန်းတီးသောအခါ၊ သင်သည် မည်သို့သောအမျိုးအစားဖြစ်သည်ကို အမှန်တကယ်သိသောအခါ သင့်ကိုယ်သင် ဆက်၍ ကြွားလုံးထုတ်မည်လော။ အချိန်တိုင်းတွင် ဆက်လက်၍ ကြွားဝါနေလိမ့်မည်လော။ အခြားလူများထံမှ ချီးကျူးမှု၊ ချီးမွမ်းမှုတို့ကို အစဉ် အလိုရှိလိမ့်မည်လော။ ဘုရားသခင်၏ တောင်းဆိုချက်များသည် မြင့်မားလွန်းသည်၊ မလိုအပ်ပေဟု သင်ဆိုလိမ့်ဦးမည်လော။ သင်သည် ထိုသို့ ပြုမူမည်မဟုတ်သကဲ့သို့ ထိုသို့သောအရာများကိုလည်း ပြောမည်မဟုတ်ပေ။ ဘုရားသခင်ပြောသည့်အရာကို သင် သဘောတူလိမ့်မည်ဖြစ်ပြီး “အာမင်” ဟု ဆိုလိမ့်မည်။ သင်၏ စိတ်၊ နှလုံးသားဖြင့်၊ သင်၏ မျက်လုံးဖြင့် လက်ခံယုံကြည်လိမ့်မည်။ ဤသို့ ဖြစ်ပျက်သောအခါ သင်သည် ဘုရားနှုတ်ကပတ်တော်အား စတင်၍ လက်တွေ့လုပ်ဆောင်နေသည်၊ စစ်မှန်မှုထဲသို့ သင်ဝင်ရောက်ပြီးဖြစ်သည်၊ ရလဒ်များကို စ၍ မြင်လာပြီဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အား သင် လက်တွေ့လုပ်ဆောင်လေလေ၊ ထိုဘုရားနှုတ်ကပတ်တော်များက မည်မျှတိကျပြီး မည်မျှလိုအပ်သည်ကို သင်ခံစားရလေလေဖြစ်လိမ့်မည်။ သင်သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဟု ဆိုကြပါစို့။ ထိုအစား သင်က၊ “အို ငါသည် မရိုးသားပေ။ ငါသည် လှည့်စားတတ်သည်” ဟူ၍သာ အဓိပ္ပာယ်မရှိ အမြဲ ပြောဆိုနေပြီး၊ သို့တိုင် အခြေအနေတစ်ခုဖြင့် သင် ရင်ဆိုင်ရသောအခါ သင်သည် လိမ်လည်လှည့်ဖြားစွာ ပြုမူဆဲဖြစ်သည်။ ထိုစဉ်တွင် သင်သည် ဤသည်မှာ လှည့်စားခြင်းအဖြစ် ယူဆ၍မရကြောင်း တွေးထင်နေသည်။ သင့်ကိုယ်သင် ရိုးသားဆဲဖြစ်သည်ဟု စဉ်းစားကာ အရေးကိစ္စကို ထိုသို့သာ ဖြစ်ခွင့်ပေးလိုက်လေသည်။ နောက်တစ်ကြိမ်တွင် တစ်စုံတစ်ခုဖြစ်ပေါ်သောအခါ သင်သည် နောက်တစ်ဖန် လှည့်ကွက်များကို မတတ်သာသည့်အဆုံး ကျင့်သုံးရပြီး၊ သင်၏ နှုတ်ကို ဖွင့်သည်နှင့်တစ်ပြိုင်နက် လိမ်ညာရင်း၊ ကလိမ်ကကျစ်ကျမှုနှင့် လှည့်ဖြားမှုတို့ကို လုပ်ဆောင်လေသည်။ ထို့နောက်တွင် သင်က “ငါသည် နောက်တစ်ဖန် ကောက်ကျစ်ပြီး လှည့်စားခဲ့သလော။ နောက်တစ်ဖန် လိမ်ညာခဲ့သလော။ ထိုသို့ သတ်မှတ်၍ရသည်ဟု ငါမထင်ပေ” ဟု တွေးတောလိမ့်မည်ဖြစ်ပြီး၊ ဤကိစ္စရပ်များကို ပေါ့ပေါ့တန်တန်သာ သဘောထားလျက်၊ ဖော့ပြောလျက်၊ “ဘုရားသခင်၊ ကျွန်ုပ်သည် အစဉ်သဖြင့် ကျိတ်ကြံမှုများကို မတတ်သာသည့်အဆုံး ကျင့်သုံးရပြီး အမြဲကောက်ကျစ်လှည့်စားသည်ဆိုသည်ကို ကိုယ်တော်သိပါသည်။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။ နောက်တစ်ကြိမ်တွင် ဤသို့ ဖြစ်မည်မဟုတ်။ ဤသို့ဖြစ်လျှင် ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမတော်မူပါ” ဟူ၍ ဘုရားသခင်ရှေ့တွင် ဆုတောင်းလိမ့်မည်။ ဤသည်မှာ မည်သည့်လူစားမျိုးဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို မချစ်သကဲ့သို့ လက်တွေ့လုပ်ဆောင်လိုစိတ်မရှိသောသူတစ်ယောက်ဖြစ်သည်။ သင်သည် အဖိုးအခအနည်းငယ် ပေးဆပ်ကောင်းပေးဆပ်နိုင်သည်၊ သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်လျက်၊ ဘုရားသခင်ကို အစေခံလျက် သို့မဟုတ် တရားဒေသနာများကို နားထောင်လျက်ဖြင့် အချိန်အနည်းငယ် ကုန်ဆုံးကောင်းကုန်ဆုံးနိုင်သည်။ သင်သည် အလုပ်လုပ်ချိန်အချို့ကို အနစ်နာခံစွန့်လွှတ်ပြီး ဝင်ငွေအနည်းငယ် လျော့ကောင်းလျော့သွားနိုင်သည်။ သို့သော် အမှန်တကယ်တွင် သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်တွေ့လုပ်ဆောင်ခြင်းမရှိသကဲ့သို့ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း အရေးကိစ္စကို အလေးအနက်မထားပေ။ သင်သည် ထိုသမ္မာတရားကို လုံးဝ သိပ်စဉ်းစားခြင်းမရှိဘဲ အပေါ်ယံဆန်ပြီး ဝတ်ကျေတမ်းကျေဖြစ်ခဲ့သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ဝတ်ကျေတမ်းကျေသာ သင်လုပ်ဆောင်လျှင် ဤသည်မှာ သမ္မာတရားအပေါ် သင်၏ သဘောထားက ချစ်ခြင်းနှင့်မသက်ဆိုင်ကြောင်းကို သက်သေပြသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ် မရှိသောသူတစ်ယောက်ဖြစ်သည်။ သင်သည် သမ္မာတရားနှင့် ဝေးကွာပြီး သမ္မာတရားကို နှစ်မြို့ခြင်းမရှိပေ။ သင်၏ ယုံကြည်ခြင်းသည် ကောင်းချီးများရရန်အတွက် ရှိခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို သင် စွန့်ခွာမသွားသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ အပြစ်ဒဏ်ခံရမည်ကို ကြောက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ ယုံကြည်ခြင်းကို ဖြစ်သလိုလုပ်ဆောင်သည်။ သင့်ကိုယ်သင် အမြင်ကောင်းစေရန်အတွက် စကားများနှင့် အယူဝါဒများကို ဟောဖို့ အားထုတ်သည်။ ဝိညာဉ်ရေးရာ ဝေါဟာရအချို့နှင့် နာမည်ကြီးသော ဓမ္မသီချင်းအချို့ကို သင်ယူသည်။ သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းအတွက် လူသိများသော စကားလုံးအချို့နှင့် သင်၏ ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ရေပန်းစားသောစကားလုံးများကို သင်ယူသည်။ သင့်ကိုယ်သင် ဝိညာဉ်ရေးရာပြည့်ဝသော သူတစ်ယောက်အဖြစ် တန်ဆာဆင်ပြီး သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသောသူဖြစ်ကာ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံထိုက်သည်ဟု သင်တွေးထင်သည်။ သင်သည် မိမိဘာသာ အားရကျေနပ်ပြီး မိမိကိုယ်ကို မေ့လျော့သွားသည်။ ဤအပေါ်ယံအဆင့်ပုံရိပ်အားဖြင့်၊ ဤသူတော်ကောင်းအယောင်ဆောင်သော အပြုအမူများအားဖြင့် သင်သည် အယုံသွင်းခံရပြီး အရူးလုပ်ခြင်းခံရသည်။ သေသည်အထိ ဤအရာများ၏ အရူးလုပ်ခြင်းကို သင် ခံရပြီး သင်သည် ကောင်းကင်ဘုံသို့ တက်ရောက်မည်ဟု သင်ထင်သော်လည်း အမှန်တကယ်တွင် ငရဲသို့ ကျဆင်းလိမ့်မည်။ ထိုသို့သော ယုံကြည်မှုမျိုးတွင် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ သင်၏ ဤ “ယုံကြည်ခြင်း” ဆိုသောအရာတွင် စစ်မှန်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ အလွန်ဆုံးအနေဖြင့် ဘုရားသခင်ရှိသည်ဟု သင် အသိအမှတ်ပြုခဲ့သည်။ သို့သော် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ အနည်းငယ်မျှပင် ဝင်ရောက်ခြင်းမရှိ။ ထို့ကြောင့် အဆုံးတွင် သင်၏ ရလဒ်သည် ဘာသာတရားမရှိသူများနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ကောင်းသော အဆုံးသတ် ရလဒ်များမရှိဘဲ ငရဲသို့ ကျမည်ဖြစ်သည်။ ဘုရားသခင်က “ငါတောင်းဆိုသည့်အရာသည် တောက်ပပြီး စိမ်းလန်းစိုပြေသန်စွမ်းသည့် ပန်းပွင့်များမဟုတ်ဘဲ ရက်ရောစွာပေးသော သစ်သီးဖြစ်သည်။” ဟု ဆိုသည်။ သင့်တွင် ပန်းပွင့်မည်မျှရှိပါစေ၊ သို့မဟုတ် ထိုပန်းပွင့်များက မည်မျှလှပပါစေ ဘုရားသခင်က အလိုမရှိပေ။ ဆိုလိုသည်မှာ သင်က မည်မျှကောင်းမွန်စွာ စကားပြောပါစေ၊ သင် မည်မျှ အသုံးခံသည့်၊ ကူညီပံ့ပိုးသည့်၊ အနစ်နာခံသည့်ပုံပေါ်သည်ဖြစ်စေ၊ ဤသည်မှာ ဘုရားသခင် ဝမ်းမြောက်သည့်အရာမဟုတ်ပေ။ သင်သည် သမ္မာတရားမည်မျှကို အမှန်တကယ်နားလည်ပြီး လက်တွေ့လုပ်ဆောင်ခဲ့သည်၊ ဘုရားနှုတ်ကပတ်တော်ထဲမှ သမ္မာတရား စစ်မှန်မှုမည်မျှကို သင် အသက်ရှင်နေထိုင်ခဲ့သည်၊ သင်၏ အသက်စိတ်သဘောထားတွင် အမှန်တကယ် ပြောင်းလဲခြင်းရှိမရှိ၊ သင့်တွင် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မည်မျှရှိသည်၊ ကောင်းမှုမည်မျှကို သင်ပြင်ဆင်ပြီးဖြစ်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် သင် မည်မျှလုပ်ဆောင်ခဲ့သည်၊ သင်၏ တာဝန်ကို စံနှုန်းနှင့်အညီ ထမ်းဆောင်ခဲ့ခြင်းရှိမရှိဆိုသည်တို့ကိုသာ ဘုရားသခင်က ကြည့်ရှုသည်။ ဤအရာများသည် ဘုရားသခင် ကြည့်ရှုသောအရာများဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို နားမလည်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မသိသောအခါ ၎င်းတို့သည် ယင်းတို့ကို အစဉ်သဖြင့် အနက်အဓိပ္ပာယ်ကောက်လွဲပြီး ဘုရားသခင်နှင့် စာရင်းရှင်းရန်နည်းအဖြစ် အပေါ်ယံဆန်သောအရာအချို့ကို ဘုရားသခင်အား တင်ပြကြသည်။ ၎င်းတို့က “ဘုရားသခင်၊ ကျွန်ုပ်သည် နှစ်များစွာ ယုံကြည်သူဖြစ်ခဲ့သည်။ နေရာပေါင်းစုံသို့ ခရီးသွားခဲ့သည်။ ဧဝံဂေလိဟောခဲ့ပြီး လူများစွာကို ပြောင်းလဲစေခဲ့သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်အပိုဒ်အချို့ကို အလွတ်ရွတ်ဆိုနိုင်ပြီး ဓမ္မသီချင်းများစွာကို သီဆိုနိုင်သည်။ ကြီးမားသော ကိစ္စတစ်ခု၊ သို့မဟုတ် ခက်ခဲသောအရာတစ်ခု ဖြစ်ပေါ်သောအခါ ကျွန်ုပ်သည် အစဉ်သဖြင့် အစာရှောင်ဆုတောင်းသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အချိန်ပြည့်ဖတ်သည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့်အညီ အဘယ်သို့ မရှိဘဲနေနိုင်မည်နည်း” ဟု ပြောကြသည်။ ထို့နောက် ဘုရားသခင်က ၎င်းတို့အား “သင်သည် ယခုတွင် ရိုးသားသူတစ်ယောက်ဖြစ်သလော။ သင်၏ လှည့်စားမှုက ပြောင်းလဲသွားပြီလော။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ရန် အဖိုးအခတစ်ခုခု ပေးဆပ်ဖူးသလော။ သင်လုပ်ဆောင်ခဲ့သော လှည့်စားသည့်အရာများ၊ သင်၏ လှည့်စားမှု ထုတ်ဖော်ပြချက်များအားလုံးကို ငါ့ရှေ့သို့ ယူဆောင်ခဲ့ပြီး ဖွင့်ပြခဲ့သလော။ သင်သည် ငါ့အပေါ် မရိုးသားခြင်းကို လျှော့ချသလော။ သင်သည် ငါ့အပေါ်သို့ မှားယွင်းသော ကျမ်းသစ္စာများ၊ အနှစ်မရှိသော ကတိများပြုလုပ်သည့်အချိန်၊ သို့မဟုတ် ငါ့အား လှည့်စားရန်အတွက် ကောင်းသောအရာများကို ပြောသည့်အချိန်ကို မှတ်မိသလော။ ဤအရာများကို သင် စွန့်လွှတ်ပြီးပြီလော” ဟု ပြောသည်။ သင်သည် ထိုသို့ စဉ်းစားပြီး ဤအရာများကို လုံးဝ လက်မလွှတ်ရသေးသည်ကို တွေ့ရှိသောအခါ အံ့ဩမှင်တက်သွားလိမ့်မည်။ သင်သည် ဘုရားသခင်ရှေ့တွင် စာရင်းရှင်းရန် နည်းလမ်းမရှိဆိုသည့်အချက်ကို သတိထားမိလိမ့်မည်။ သင်တို့အား မိမိကိုယ်ကို သိမြင်ခွင့်ပေးရန်အတွက် သင်တို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေကို ငါ ဖော်ထုတ်သည်။ သမ္မာတရားကို သင်တို့ လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ရန်အလို့ငှာ ငါသည် ဤမျှပြောဆိုခြင်းဖြစ်သည်။ နှုတ်ကပတ်တော်များ၊ မိတ်သဟာယများ၊ သို့မဟုတ် သမ္မာတရားများသည် လူတို့အတွက် နေရာအနှံ့ ရွတ်ဖတ်ဖို့မဟုတ်ပေ။ လက်တွေ့လုပ်ဆောင်ဖို့ဖြစ်သည်။ သင်တို့သည် အဘယ်ကြောင့် သမ္မာတရားအားလက်ခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အစဉ်ပြောခြင်းခံရသနည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကသာ သင်၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်နိုင်ပြီး ဘဝအပေါ် သင်၏ အမြင်နှင့် သင်၏ စံများကို ပြောင်းလဲပေးနိုင်သောကြောင့်ဖြစ်သည်။ သမ္မာတရားကသာ လူတစ်ယောက်၏ အသက်ဖြစ်နိုင်သည်။ သင်သည် သမ္မာတရားကို လက်ခံသောအခါ သမ္မာတရားသည် သင်၏ အသက်ဖြစ်လာရန်အတွက် လက်တွေ့လုပ်ဆောင်ခြင်းလည်းရှိရမည်။ သင်သည် သမ္မာတရားကိုနားလည်သည်ဟု ယုံကြည်သော်လည်း လက်တွေ့မလုပ်ဆောင်ရသေးလျှင်၊ သမ္မာတရားသည် သင်၏ အသက်မဖြစ်သေးလျှင် သင်သည် ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ သမ္မာတရားကို သင် လက်မခံရသေးသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်လျှင် သင် ပြောင်းလဲမည်မဟုတ်ပေ။ နောက်ဆုံးတွင် သမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် အမြစ်မတွယ်သကဲ့သို့ သင်၏ အသက် ဖြစ်မလာလျှင် ယုံကြည်သူအဖြစ် သင်၏ အချိန်ကုန်ဆုံးသောအခါ သင်၏ ကံကြမ္မာနှင့် ရလဒ်ကို ဆုံးဖြတ်လိမ့်မည်။ ဤမိတ်သဟာယအရ၊ သင်တို့အားလုံးသည် သမ္မာတရားကို အရေးတကြီး လက်တွေ့လုပ်ဆောင်လိုစိတ်ဖြစ်ကြသလော။ သုံးနှစ်၊ ငါးနှစ်၊ သို့မဟုတ် ထိုထက်ပို၍ စောင့်ဆိုင်းပြီးမှသာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမပြုနှင့်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လျှင် စောလွန်းသည်၊ သို့မဟုတ် နောက်ကျလွန်းသည်ဟူ၍ မရှိပေ။ သင်သည် မြန်မြန်လက်တွေ့လုပ်ဆောင်လျှင် မြန်မြန် ပြောင်းလဲမည်။ နောက်ပိုင်းမှ လက်တွေ့လုပ်ဆောင်လျှင် နောက်ပိုင်းမှ ပြောင်းလဲမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စုံလင်စေခြင်း၌ သင်၏ အခွင့်အရေးကို လွဲချော်သွားလျှင် ကပ်ဘေးကြီးများကျရောက်သောအခါ သင်သည် အန္တရာယ်ရှိလိမ့်မည်။ ထို့နောက်တွင် လူသားမျိုးနွယ်အား ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ အမှုတော် ပြီးဆုံးသောအခါ မည်သည့်အခွင့်အရေးမျှ ကျန်ရှိမည်မဟုတ်ပေ။ သင်၏ အခွင့်အရေးကို ဆုံးရှုံးပြီးနောက်တွင် သင်က “ကျွန်ုပ်သည် ထိုအချိန်က အားစိုက်ထုတ်ခြင်း လုံးဝမရှိခဲ့။ သို့သော် ယခုတွင် ဤအရာကို စတင်၍ လက်တွေ့လုပ်ဆောင်မည်” ဟု ဆိုလျှင် အလွန်နောက်ကျသွားလိမ့်မည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့ ဖြစ်နိုင်ခြေရှိမည်မဟုတ်ပေ။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်မဟုတ်တော့သောကြောင့်ဖြစ်ပြီး အရာအားလုံးအပေါ်၊ သမ္မာတရားအားလုံးအပေါ် သင်၏ သိနားလည်မှုသည် အလွန်နည်းပါးလိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ယခုတွင် အခြေအနေမျိုးစုံ ဖြစ်ပေါ်နေပြီး၊ သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင်တို့၏ ယုံကြည်ခြင်းသည် ကြီးထွားနေပြီး ဘုရားသခင်နောက်သို့လိုက်ရန် ပို၍ စိတ်ပြင်းပြမှုရှိသည်။ အတန်ကြာအထိ အခြေအနေတစ်ခုမျှ မရှိလျှင် သင်တို့သည် သေချာပေါက် အပျက်သဘောဆောင်ပြီး စည်းကမ်းမရှိဖြစ်လာလိမ့်မည်၊ ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးလွင့်သွားလိမ့်မည်။ သင်တို့သည် ဘာသာရေးလောကတွင်ရှိသည့် လူများကဲ့သို့သာဖြစ်လာမည်ပြီး စုဝေးပွဲများ၊ ဘာသာရေးအခမ်းအနားများ၏ ပုံစံများကိုသာ ကြည့်ရှုလေ့လာကာ သမ္မာတရား၏ စစ်မှန်မှု လုံးလုံး ရှိမည်မဟုတ်ပေ။ ထိုအခါ သင်တို့သည် ရင်ကိုထုပြီး ငိုကြွေးမြည်တမ်းလျှင် မည်သို့ကောင်းကျိုးရှိမည်နည်း။

ငါ့အားပြောလော့။ လှည့်စားသူများနှင့်အတူ နေထိုင်ရခြင်းသည် ပင်ပန်းနွမ်းနယ်ဖွယ်ရာ ဖြစ်သလော။ (ပင်ပန်းနွမ်းနယ်ဖွယ်ရာ ဖြစ်ပါသည်။) ၎င်းတို့သည်လည်း ပင်ပန်းနွမ်းနယ်ခြင်းမရှိသလော။ အမှန်တကယ်တွင် ၎င်းတို့သည်လည်း မောပန်းသည်။ သို့သော် ၎င်းတို့၏ မောပန်းခြင်းကို ၎င်းတို့ မခံစားရပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လှည့်စားသောသူများနှင့် ရိုးသားသောသူများသည် ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ ရိုးသားသောသူများသည် ပို၍ ရိုးရှင်းသည်။ ၎င်းတို့၏ အတွေးများသည် အလွန်ရှုပ်ထွေးခြင်းမရှိသကဲ့သို့ ၎င်းတို့ တွေးသည့်အရာကို ၎င်းတို့ပြောသည်။ အခြားတစ်ဖက်တွင် လှည့်စားသူများမှာမူ အစဉ်သဖြင့် ဝေ့ဝိုက်ပြီး ပြောဆိုရသည်။ မည်သည့်အရာကိုမျှ တိုက်ရိုက်ပြောဆိုခြင်းမရှိ။ ထိုအစား ၎င်းတို့သည် အစဉ်သဖြင့် လှည့်စားသော လှည့်ကွက်များကို အသုံးချနေပြီး ၎င်းတို့၏ မုသားများကို ဖုံးဖိနေကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ဉာဏ်ကို အသုံးချနေပြီး အစဉ် စဉ်းစားနေကြကာ ၎င်းတို့သည် တစ်ခုခုပေါ့ဆခဲ့လျှင် တစ်စုံတစ်ခု ချွတ်ချော်သွားစေမိမည်ကို ကြောက်ကြသည်။ လူအချို့သည် လှည့်စားသော လှည့်ကွက်များကို မည်သည့်အတိုင်းအတာအထိ အသုံးချကြသနည်း။ ၎င်းတို့သည် မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ မည်သူက ပို၍ အပိုင်ကြံတတ်သည်၊ မည်သူက ပို၍ ပါးနပ်သည်၊ မည်သူက ထိပ်ဆုံးတွင်ရှိသည်ဆိုသည်ကို သိဖို့ အစဉ်ကြိုးစားနေကြပြီး အဆုံးတွင် ၎င်းတို့၏ ယှဉ်ပြိုင်လိုမှုသည် စိတ်ရောဂါတစ်မျိုး ဖြစ်လာသည်။ ၎င်းတို့သည် ညတွင် အိပ်မပျော်နိုင်ပေ။ သို့တိုင်အောင် ၎င်းတို့သည် နာကျင်မှုကို မခံစားရဘဲ ဤသည်မှာ ပုံမှန်ပင်ဖြစ်သည်ဟုပင် ထင်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အသက်ရှင်နေသော မကောင်းဆိုးဝါးများဖြစ်မလာကြသလော။ ဘုရားသခင်သည် လူတို့ကို ကယ်တင်သောအခါ လူတို့အား စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခွင့်၊ ရိုးသားသောသူများဖြစ်လာပြီး သူ၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နေထိုင်ခွင့်ကို ပေးသည်။ ရိုးသားသူတစ်ယောက်အဖြစ် အသက်ရှင်ရခြင်းသည် လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်။ နာကျင်မှု များစွာပို၍ လျော့နည်းသည်။ အပျော်ရွှင်ဆုံးသော ဘဝများဖြစ်သည်။ ရိုးသားသူများသည် ပို၍ ရိုးရှင်းကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာကို ပြောဆိုပြီး ၎င်းတို့စဉ်းစားနေသည့်အရာကို ပြောဆိုကြသည်။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များတွင် ၎င်းတို့၏ အသိတရားနှင့် အသိစိတ်နောက်သို့ လိုက်သည်။ ၎င်းတို့သည် သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိကြသည်။ ထိုသမ္မာတရားကို နားလည်သောအခါ လက်တွေ့လုပ်ဆောင်ကြသည်။ ကိစ္စရပ်တစ်ခုကို မရိပ်စားမိနိုင်သည့်အခါ၊ သမ္မာတရားကို ရှာဖွေလိုစိတ်ရှိကြသည်။ ပြီးလျှင် သမ္မာတရားနှင့်ညီသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် နေရာတိုင်းနှင့် အရာရာတိုင်းတွင် ဘုရားအလိုဆန္ဒများကို ရှာဖွေကြပြီး ၎င်းတို့၏ လုပ်ဆောင်မှုများတွင် ဘုရားအလိုဆန္ဒများနောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် မိုက်မဲပြီး သမ္မာတရားစည်းမျဉ်းများနှင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရမည့် နယ်ပယ်အချို့ရှိကောင်းရှိနိုင်သည်။ ဤသည်မှာ ၎င်းတို့ကို စဉ်ဆက်မပြတ် ကြီးထွားတိုးတက်ဖို့ တောင်းဆိုသည်။ ဤသို့ တွေ့ကြုံခြင်းသည် ၎င်းတို့က ရိုးသားနိုင်သည်၊ အမြော်အမြင်ရှိပြီး၊ ဘုရားရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီနိုင်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် လှည့်စားသောသူများသည် ဤသို့မဟုတ်ပေ။ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်နေထိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြကြသည်။ သို့တိုင်အောင် ၎င်းတို့က ထိုသို့လုပ်ဆောင်ရာတွင် အခြားလူများအနေဖြင့် ၎င်းတို့အပေါ် အသုံးချဖို့ တစ်စုံတစ်ခုကို ရှာတွေ့သွားနိုင်သည်ကိုလည်း ကြောက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် တုံ့ပြန်သည့်အနေဖြင့် ကောက်ကျစ်ပြီး လှည့်စားသော လှည့်ကွက်များကို အသုံးပြုကြသည်။ ၎င်းတို့သည် အရာရာတိုင်း ပေါ်လွင်သွားမည့်အချိန်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မုသားများကို လုပ်ကြံပြောဆိုပြီး ၎င်းတို့ကို ဖုံးဖိရန်အတွက် တတ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုကြသည်။ ဟာကွက်တစ်ခု ပေါ်လာသောအခါတွင် ထိုအရာကို ဖြည့်ရန်အတွက် မုသားများထပ်၍ ပြောကြသည်။ အစဉ်သဖြင့် လိမ်ညာပြီး ၎င်းတို့၏ မုသားများကို ဖုံးဖိနေရသည်။ ယင်းမှာ ပင်ပန်းဖွယ်ကောင်းသည့် အသက်ရှင်ခြင်းနည်းလမ်း မဟုတ်လော။ ၎င်းတို့သည် မုသားများကို အကြံထုတ်ကာထိုမုသားများကို ဖုံးဖိရန်အတွက် အစဉ် ဦးနှောက်ခြောက်ခံ စဉ်းစားကြရသည်။ ယင်းမှာ အလွန်ပင် ပင်ပန်းဖွယ်ရာဖြစ်သည်။ ယင်းမှာ မုသားများ ဖန်တီးပြီး ထိုမုသားများကို ဖုံးဖိဖို့အတွက် ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးရသော လှည့်စားသောသူများသည် အလွန်ပင်ပန်းနွမ်းနယ်ပြီး နာကျင်သောဘဝများရှိသည့် အကြောင်းရင်းဖြစ်သည်။ သို့ရာတွင် ရိုးသားသောသူများမှာ ကွဲပြားခြားနား၏။ ရိုးသားသူတစ်ယောက်အနေဖြင့် ပြောဆို၊ ပြုမူသောအခါတွင် ထည့်သွင်းစဉ်းစားစရာများစွာမရှိပေ။ အခြေအနေအများစုတွင် ရိုးသားသူသည် အမှန်အတိုင်းသာ ပြောနိုင်သည်။ အထူးကိစ္စတစ်ခုခုက ၎င်းတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သောအခါတွင်မှသာ ၎င်းတို့၏ စိတ်ကို အနည်းငယ်ပို၍ အလုပ်လုပ်ရသည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်၊ ၎င်းတို့၏ ဘဝင်မြင့်ခြင်းနှင့် မာနကို ထိန်းသိမ်းရန် လိမ်ညာကောင်းလိမ်ညာနိုင်သည်။ ဤလိမ်ညာမှု အမျိုးအစားများသည် နည်းပါးသည်။ ထို့ကြောင့် ရိုးသားသူများအတွက် ပြောဆိုပြုမူခြင်းသည် အလွန်ပင်ပန်းနွမ်းနယ်ခြင်းမရှိပေ။ လှည့်စားသူများ၏ ရည်ရွယ်ချက်များသည် ရိုးသားသူများထက်ပို၍ များစွာရှုပ်ထွေးသည်။ ၎င်းတို့၏ ထည့်သွင်းစဉ်းစားမှုများသည် ရှုထောင့်များစွာပါဝင်နေသည်။ ၎င်းတို့သည် ၎င်းတို့၏ သိက္ခာ၊ ၎င်းတို့၏ ဂုဏ်၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ထည့်သွင်းစဉ်းစားရသည်။ ပြီးလျှင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရမည်ဖြစ်သည်။ ဤအရာအားလုံးပါဝင်ပြီး အခြားလူများအား မည်သည့်အားနည်းချက်ကိုမျှ မြင်ခွင့်မပေးရပေ၊ သို့မဟုတ် လှည့်ကွက်က မပေါ်လွင်သွားရပေ။ ထို့ကြောင့် မုသားများ စိတ်ကူးရရန်အတွက် ဦးနှောက်ခြောက်ခံစဉ်းစားရသည်။ ထို့အပြင် လှည့်စားသောသူများသည် ကြီးမားသော၊ လွန်ကဲသော ဆန္ဒများနှင့် များစွာသော တောင်းဆိုမှုများရှိကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိရန်အတွက် နည်းလမ်းများကို ဖန်တီးရသည်။ ထို့ကြောင့် ၎င်းတို့သည် ဆက်လက်ပြီး လိမ်ညာကာ လှည့်စားရသည်။ ပြီးလျှင် ၎င်းတို့သည် မုသားများကို ပို၍ပြောသည်နှင့်အမျှ မုသားများကို ပို၍ ဖုံးဖိဖို့ လိုလာသည်။ ထို့အတွက်ကြောင့် လှည့်စားသူ၏ အသက်တာသည် ရိုးသားသူတစ်ယောက်၏ အသက်တာထက် အလွန်ပို၍ ပင်ပန်းဖွယ်၊ နာကျင်ဖွယ်ဖြစ်ခြင်းဖြစ်သည်။ လူအချို့သည် အတော်အတန် ရိုးသားသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်လျှင်၊ မည်သည့်မုသားများကို ၎င်းတို့ ပြောခဲ့သည်ဖြစ်စေ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်လျှင်၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် လှည့်စားမှုက မည်သည့်အရာဖြစ်စေ ထိုအရာကို အသိအမှတ်ပြုလျှင်၊ ထိုလှည့်စားမှုကို ပိုင်းခြားစိစစ်ပြီး နားလည်ဖို့ရန်အတွက် ဘုရားနှုတ်ကပတ်တော်အရ ကြည့်လျှင်၊ ဆက်လက်၍ ပြောင်းလဲဖို့ လုပ်ဆောင်လျှင် ၎င်းတို့သည် နှစ်အနည်းငယ်ထက်ပို၍ မကြာဘဲ ၎င်းတို့၏ လိမ်ညာမှု၊ လှည့်စားမှုများစွာကို ဖယ်ရှားနိုင်လိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောသူများဖြစ်လာလိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် ၎င်းတို့အား နာကျင်မှု၊ ပင်ပန်းမှုမှ လွတ်မြောက်စေရုံမကဘဲ ၎င်းတို့ကို ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းကိုလည်း ယူဆောင်ပေးသည်။ ကိစ္စရပ်များစွာတွင် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဘဝင်မြင့်ခြင်း၊ မာနတို့၏ ချုပ်ချယ်မှုမှ လွတ်မြောက်မည်ဖြစ်ပြီး လွတ်လပ်ကာ ချုပ်ချယ်မှုကင်းသော ဘဝကို အလိုအလျောက် အသက်ရှင်နေထိုင်ရလိမ့်မည်။ သို့ရာတွင် လှည့်စားသူများသည် ၎င်းတို့၏ ပြောဆို၊ ပြုမူမှုများနောက်ကွယ်တွင် အစဉ်သဖြင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို အထင်အမြင်မှားစေကာ လှည့်ဖြားရန်အတွက် မုသားမျိုးစုံကို လုပ်ကြံပြောဆိုကြသည်။ ၎င်းတို့ ဖော်ထုတ်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ မုသားများကို ဖုံးဖိဖို့ နည်းလမ်းများ စဉ်းစားကြသည်။ ဤသို့၊ ထိုသို့ အလွန်အမင်းစိတ်ဆင်းရဲလျက်၊ ၎င်းတို့သည်လည်း ၎င်းတို့၏ ဘဝများက ပင်ပန်းဖွယ်ရာဖြစ်သည်ဟု ခံစားကြရသည်။ ၎င်းတို့ ကြုံတွေ့သည့် အခြေအနေတိုင်းတွင် မုသားများစွာကို ပြောရခြင်းမှာ ပင်ပန်းဖွယ်ရာဖြစ်နေပြီ ဖြစ်သည်။ ထို့နောက်တွင် ထိုမုသားများကို ဖုံးဖိရသည်မှာ ပို၍ပင် ပင်ပန်းဖွယ်ရာဖြစ်သည်။ ၎င်းတို့ ပြောသမျှတိုင်းသည် ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ရရှိရန် ရည်ရွယ်သည်။ ထို့ကြောင့် ၎င်းတို့ပြောသည့် စကားတိုင်းတွင် စိတ်ပိုင်းဆိုင်ရာ အားအင်များစွာ အသုံးပြုရသည်။ ပြီးလျှင် ၎င်းတို့ စကားပြောပြီးသွားသောအခါ သင်က ၎င်းတို့အား ရိပ်စားမိမည်ကို ၎င်းတို့ ကြောက်သောကြောင့် ၎င်းတို့၏ မုသားများကို ဖုံးကွယ်ဖို့ ဦးနှောက်ခြောက်ခံစဉ်းစားရသည်။ သင့်အား အလျှော့မပေးဘဲ ရှင်းလင်းပြရသည်။ ၎င်းတို့သည် သင့်အား လိမ်ညာနေခြင်း၊ လှည့်စားနေခြင်းမဟုတ်၊ ၎င်းတို့သည် လူကောင်းများဖြစ်သည် ဆိုသည်ကို သင် လက်ခံယုံကြည်အောင် ကြိုးစားရသည်။ လှည့်စားသောသူများသည် ဤအရာများကို လုပ်ဆောင်တတ်ကြသည်။ လှည့်စားသောသူနှစ်ယောက် အတူတကွရှိလျှင် လျှို့ဝှက်ကြံစည်မှု၊ သဘောထားကွဲလွဲမှု၊ ကြံစည်မှုများရှိရန် သေချာသည်။ ရှည်လျားရှုပ်ထွေးသော ငြင်းခုံမှုက မည်သည့်အခါမျှ ဆုံးမည်မဟုတ်ဘဲ ရလဒ်အနေဖြင့် ပိုပို၍ မုန်းတီးလာကြပြီး၊ မဟာရန်ဘက်များဖြစ်လာကြသည်။ သင်သည် လှည့်စားသူတစ်ယောက်နှင့်အတူရှိသော ရိုးသားသူတစ်ယောက်ဖြစ်လျှင် ဤအပြုအမူများသည် အသေအချာပင် သင့်အား ရွံရှာစေလိမ့်မည်။ ၎င်းတို့သည် ရံဖန်ရံခါသာ ဤသို့ လုပ်ဆောင်လျှင် လူတိုင်းက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိပြီး ဤသို့သောအရာများကို ရှောင်ရန် ခက်ခဲသည်ဟု သင်ဆိုလိမ့်မည်။ သို့သော် ၎င်းတို့သည် တစ်ချိန်လုံး ဤသို့ လုပ်ဆောင်လျှင် သင်သည် ဤနည်းလမ်းများကြောင့် အထူးပင် စက်ဆုပ်လိမ့်မည်ဖြစ်ကာ ယင်းတို့ကို ရွံရှာလိမ့်မည်။ သင်သည် ၎င်းတို့၏ ထိုဘက်ခြမ်းနှင့် ၎င်းတို့တွင်ရှိသော ရည်ရွယ်ချက်များကို စက်ဆုပ်လိမ့်မည်။ သင်သည် ထိုသို့သော အတိုင်းအတာတစ်ခုထိ စက်ဆုပ်လာသောအခါ ၎င်းတို့ကို မုန်းကာ ငြင်းပယ်နိုင်လိမ့်မည်။ ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သောအရာဖြစ်သည်။ ၎င်းတို့သည် နောင်တရပြီး ပြောင်းလဲမှုအချို့မပြလျှင် ဆက်ဆံ၍ မရနိုင်ပေ။

သင်တို့ အဘယ်သို့ ထင်သနည်း။ ဘဝသည် လှည့်စားသောသူများအတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် မုသားများပြောလျက်၊ ထိုမုသားများကို ဖုံးဖိရန် မုသားများကို ထပ်၍ပြောလျက်၊ လှည့်စားမှုများကို လုပ်ဆောင်လျက်ဖြင့် ၎င်းတို့၏ အချိန်အားလုံးကို ကုန်ဆုံးကြသည်။ ဤပင်ပန်းမှုကို ၎င်းတို့အပေါ်သို့ ၎င်းတို့ကိုယ်တိုင် ယူဆောင်လာကြခြင်းဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်သည်ကို ၎င်းတို့သိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် လှည့်စားလိုဆဲဖြစ်ပြီး ရိုးသားရန် ဆန္ဒမရှိသနည်း။ ဤမေးခွန်းကို သင်တို့ စဉ်းစားကြည့်ဖူးသလော။ ဤသည်မှာ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏ လှည့်စားခြင်းကို ခံရခြင်း၏ အကျိုးဆက်ဖြစ်သည်။ ထိုအရာ၎င်းတို့ကို ဤအသက်တာမျိုး၊ ဤစိတ်သဘောထားမျိုးကို ဖယ်ရှားခြင်းအား ပိတ်ပင်တားဆီးထားသည်။ လူတို့သည် ဤသို့ လှည့်စားခံရခြင်းကို လက်ခံရန်၊ ဤသို့ အသက်ရှင်ရန် လိုလားကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အလင်းလမ်းကြောင်းကို မလျှောက်လိုကြပေ။ ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်ပြီး ဤသို့ ပြုမူခြင်းသည် မလိုအပ်ဟု သင်ထင်သည်။ သို့သော် လှည့်စားသောသူများက လုံးဝ လိုအပ်သည်ဟု ထင်ကြသည်။ ထိုသို့မလုပ်ဆောင်ခြင်းက ၎င်းတို့ကို အရှက်ရစေမည်၊ ၎င်းတို့၏ ပုံရိပ်၊ ၎င်းတို့၏ ဂုဏ်၊ ၎င်းတို့၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေမည်၊ များစွာ ဆုံးရှုံးရစေမည်ဟု ၎င်းတို့ ထင်ကြသည်။ ဤအရာများကို ၎င်းတို့ တန်ဖိုးထားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ပုံရိပ်၊ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူများ၏ သရုပ်မှန်ဖြစ်သည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် လူတို့သည် ရိုးသားလိုစိတ်၊ သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်မရှိသည့်အခါ၊ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဂုဏ်နှင့် အဆင့်အတန်းကဲ့သို့သော အရာများကို တန်ဖိုးထားသည်။ လောကီရေပန်းစားသောအရာများနောက်သို့ လိုက်လိုပြီး စာတန်၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်လိုကြသည်။ ဤသည်မှာ ၎င်းတို့ သဘာဝ၏ ပြဿနာဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သောလူများ၊ တရားဒေသနာများစွာကို ကြားနာခဲ့သောလူများ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သည့်အရာကိုဆိုလိုသည်ကို သိသောလူများရှိကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သေးသကဲ့သို့ အနည်းငယ်မျှပင် မပြောင်းလဲကြသေးပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားအနည်းငယ်ကို နားလည်လျှင်ပင် ၎င်းတို့သည် ထိုသမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သေးပေ။ ထိုသို့သော လူများအတွက် ဘုရားသခင်အား နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ အချည်းနှီးဖြစ်လိမ့်မည်။ သမ္မာတရားအား မချစ်သောသူများသည် ကယ်တင်ခြင်းခံရနိုင်သလော။ လုံးဝ မဖြစ်နိုင်ပေ။ သမ္မာတရားအား မချစ်ခြင်းသည် မိမိ၏ စိတ်နှလုံးတွင်ရှိသော၊ မိမိ၏ သဘာဝတွင်ရှိသော ပြဿနာတစ်ခုဖြစ်သည်။ ယင်းကို ဖြေရှင်း၍ မရနိုင်ပေ။ လူတစ်ယောက်သည် သူ၏ ယုံကြည်ခြင်းတွင် ကယ်တင်ခြင်းခံရနိုင်ခြင်းရှိမရှိဟူသည်မှာ အဓိကအားဖြင့် သူသည် သမ္မာတရားအား ချစ်မချစ်ဟူသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရားကို ချစ်သောသူတို့သာ သမ္မာတရားကို လက်ခံနိုင်သည်။ ၎င်းတို့သာ သမ္မာတရားအတွက် ဆင်းရဲဒုက္ခကို ဖြတ်သန်းနိုင်ပြီး အဖိုးအခပေး ပေးဆပ်နိုင်သည်။ ၎င်းတို့သာ ဘုရားသခင်ကို ဆုတောင်းပြီး သူ့ကို အမှီပြုနိုင်သည်။ ၎င်းတို့သည်သာ သမ္မာတရားကို ရှာနိုင်ပြီး ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိမြင်နိုင်သည်။ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရန်အတွက် သတ္တိရှိနိုင်သည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုနှင့် ဘုရားသခင်အား နာခံခြင်းကို ရရှိနိုင်သည်။ သမ္မာတရားကို ချစ်သောသူတို့သာ ဤနည်းလမ်းဖြင့် သမ္မာတရားကို လိုက်စားနိုင်သည်။ ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်နိုင်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သည်။ ဤအရာမှလွဲ၍ အခြားလမ်းကြောင်းမရှိပေ။ သမ္မာတရားကို မချစ်သောသူတို့အတွက် သမ္မာတရားကို လက်ခံရန် အလွန်ခက်ခဲသည်။ ဤသည်မှာ ၎င်းတို့၏ သဘောသဘာဝအရ သမ္မာတရားကို မနှစ်မြို့ဘဲ မုန်းတီးသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား အာခံခြင်း၊ မကောင်းမှုလုပ်ဆောင်ခြင်းကို ရပ်တန့်လိုလျှင် ထိုသို့လုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပြီး နတ်ဆိုးများ၊ ဘုရားသခင်၏ ရန်သူများ ဖြစ်နေပြီဖြစ်သောကြောင့်ပင်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်သည်။ နတ်ဆိုးများ၊ သို့မဟုတ် စာတန်ကို မကယ်တင်ပေ။ လူအချို့က “ကျွန်ုပ်သည် သမ္မာတရားကို အမှန်ပင် နားလည်သည်။ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။ အဘယ်သို့ ကျွန်ုပ် လုပ်ဆောင်သင့်သနည်း” ဟူသကဲ့သို့သော မေးခွန်းများကို မေးသည်။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူတစ်ယောက်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်လျှင် သမ္မာတရားကို နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စိတ်နှလုံးတွင် ထိုသို့လုပ်ဆောင်လိုစိတ်မရှိဘဲ သမ္မာတရားကို မနှစ်သက်သောကြောင့်ဖြစ်သည်။ ဤသို့သောသူသည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ လူအချို့က “ကျွန်ုပ်အတွက် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် များစွာ ဆုံးရှုံးသည်ဟု ထင်ရသည်။ ထို့ကြောင့် ရိုးသားသူတစ်ယောက် ကျွန်ုပ် မဖြစ်ချင်ပါ။ လှည့်စားသောသူများသည် မည်သည့်အခါမျှ ဆုံးရှုံးခြင်းမရှိ။ အခြားလူများထံမှ အခွင့်အကောင်းယူခြင်းအားဖြင့် အကျိုးအမြတ်ပင် ရရှိသည်။ ထို့ကြောင့် ကျွန်ုပ်သည် လှည့်စားသူသာ ဖြစ်လိုသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အတွင်းရေးကိစ္စကို အခြားလူများအား သိစေဖို့၊ အခြားလူများအား ကျွန်ုပ်ကို သဘောပေါက်စေဖို့၊ နားလည်စေဖို့ မလိုလားပေ။ ကျွန်ုပ်၏ ကံကြမ္မာသည် ကျွန်ုပ်၏ ကိုယ်ပိုင်လက်ထဲတွင် ရှိသင့်သည်” ဟူ၍ ပြောကြသည်။ ရသည်။ ဤသို့ဆိုလျှင် စမ်းကြည့်လော့။ အဆုံးတွင် မည်သို့သော အဆုံးသတ်မျိုးကို သင်ရောက်ရှိသည်ကို ကြည့်လော့။ အဆုံးတွင် မည်သူက ငရဲကျပြီး မည်သူက အပြစ်ဒဏ်ခံရသည်ကို ကြည့်လော့။

သင်တို့သည် ရိုးသားလိုစိတ်ရှိသလော။ ဤမိတ်သဟာယကို ကြားနာပြီးနောက်တွင် မည်သည့်အရာကို လုပ်ဆောင်ရန် သင်တို့ စီစဉ်သနည်း။ ရှေးဦးစွာ မည်သည့်အရာဖြင့် အစပြုမည်နည်း။ (မလိမ်ညာခြင်းအားဖြင့် အစပြုမည်။) ဤသည်မှာ လက်တွေ့လုပ်ဆောင်ရန် မှန်ကန်သောနည်းလမ်းဖြစ်သည်။ သို့သော် မလိမ်ညာခြင်းသည် မလွယ်ကူပေ။ လူတို့၏ လိမ်ညာမှုများနောက်ကွယ်တွင် မကြာခဏပင် ရည်ရွယ်ချက်များရှိတတ်သည်။ သို့သော် လိမ်ညာမှုအချို့၏ နောက်ကွယ်တွင် မည်သည့်ရည်ရွယ်ချက်မျှမရှိသကဲ့သို့ တမင်သက်သက် စီစဉ်ထားခြင်းလည်းမရှိပေ။ ထိုအစား ယင်းတို့သည် အလိုအလျောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့သော မုသားများသည် ဖြေရှင်းရန် လွယ်ကူသည်။ ဖြေရှင်းရန် ခက်ခဲသော မုသားများမှာ နောက်ကွယ်တွင် ရည်ရွယ်ချက်များရှိသော မုသားများဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤရည်ရွယ်ချက်များသည် လူတစ်ယောက်၏ သဘာဝမှ ထွက်ပေါ်လာပြီး စာတန်၏ လှည့်စားမှုကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ယင်းတို့သည် လူတို့ တမင်ရွေးချယ်သော ရည်ရွယ်ချက်များဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်လျှင် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဘုရားသခင်ကို ဆုတောင်းပြီး အမှီပြုသင့်သည်။ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။ သို့သော် လိမ်ညာခြင်းကို တစ်ကြိမ်တည်းနှင့် အပြီး ဖြေရှင်းမရနိုင်ပေ။ ရံဖန်ရံခါ ထပ်မံဖြစ်ပေါ်ခြင်းနှင့် များစွာ ထပ်မံဖြစ်ပေါ်ခြင်းပင် ရှိလိမ့်မည်။ ဤသည်မှာ ပုံမှန်အခြေအနေဖြစ်သည်။ သင်ပြောသည့် မုသားတစ်ခုချင်းစီတိုင်းကို သင်ဖြေရှင်းသရွေ့၊ ဤအရာကို အမီလိုက်ပြီး လုပ်ဆောင်သရွေ့ ထိုမုသားများအားလုံးကို သင်ဖြေရှင်းပြီးဖြစ်သည့် နေ့ရက်ကို ရောက်လာမည်ဖြစ်သည်။ လိမ်ညာမှုကို ဖြေရှင်းခြင်းသည် ရှည်လျားသော စစ်ပွဲဖြစ်သည်။ မုသားတစ်ခု ပွင့်အံထွက်လာသောအခါတွင် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ထံ ဆုတောင်းလော့။ နောက်ထပ် မုသားတစ်ခု ထွက်လာသောအခါ နောက်တစ်ဖန် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ထံ ဆုတောင်းလော့။ ဘုရားသခင်အား သင် ဆုတောင်းလေလေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မုန်းတီးလေလေဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားကို အသက်ရှင်နေထိုင်ရန် သင် တောင့်တလေလေဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်သည် မုသားများကို စွန့်ပစ်ရန် အားအင်ရှိလိမ့်မည်။ ဤသို့သော အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်သည့် အချိန်တစ်ခု ကြာပြီးနောက်တွင် သင်၏ မုသားများသည် များစွာပို၍ နည်းပါးလာသည်ကိုလည်းကောင်း၊ သင်သည် များစွာပို၍ စိတ်အေးလက်အေး အသက်ရှင်ရသည်ကိုလည်းကောင်း၊ သင်သည် လိမ်ညာဖို့၊ သို့မဟုတ် သင်၏ မုသားများကို ဖုံးဖိဖို့ မလိုတော့သည်ကိုလည်းကောင်း မြင်နိုင်လိမ့်မည်။ သင်သည် တစ်ရက်ပြီးတစ်ရက် စကားများစွာ မပြောဆိုကောင်း မပြောဆိုနိုင်သော်လည်း စကားတိုင်းက စိတ်နှလုံးမှ လာမည်ဖြစ်ပြီး မှန်ကန်လိမ့်မည်။ မုသား အလွန်နည်းလိမ့်မည်။ ထိုသို့ အသက်ရှင်ခြင်းက မည်သို့ ခံစားရမည်နည်း။ လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းမည်မဟုတ်လော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင့်ကို ဘောင်ခတ်မည်မဟုတ်ဘဲ သင်သည် ယင်း၏ ချည်နှောင်ခြင်းကို ခံရမည်မဟုတ်ပေ။ သင်သည် အနည်းဆုံးအနေဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ ရလဒ်များကို စတင်မြင်တွေ့လိမ့်မည်။ အထူးအခြေအနေများကို သင် ကြုံတွေ့ရသောအခါတွင် သင်သည် တစ်ခါတစ်ရံတွင် သေးငယ်သော မုသားတစ်ခု ပြောထွက်မိမည်မှာ အမှန်ပင်ဖြစ်၏။ သင်သည် အန္တရာယ်ကြုံတွေ့ရသောအချိန်၊ သို့မဟုတ် ဒုက္ခတစ်မျိုးမျိုး ကြုံတွေ့ရသောအချိန်၊ သို့မဟုတ် သင်၏ ဘေးကင်းမှုကို ထိန်းသိမ်းလိုသော အချိန်များရှိကောင်းရှိနိုင်သည်။ ထိုအချိန်များတွင် မလိမ်ညာဘဲမနေနိုင်ပေ။ သင်သည် ဘုရားကို ဆုတောင်းပြီး “ကျွန်ုပ်တွင် မုသားများနှင့် လှည့်စားမှုများ ရှိနေသေးသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ကျွန်ုပ်ကို ဘုရားသခင် အပြီးအပိုင် ကယ်တင်တော်မူပါ” ဟူ၍ ပြောသင့်သည်။ လူတစ်ယောက်သည် ဉာဏ်ပညာကို တမင် ကျင့်သုံးနေလျှင် ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြခြင်းအဖြစ် ယူဆ၍မရပေ။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ရန်အတွက် တွေ့ကြုံရမည့်အရာဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ မုသားများသည် ပို၍ အစဉ် နည်းပါးလာလိမ့်မည်။ ယနေ့တွင် သင်သည် မုသားဆယ်ခုပြောသည်မ။ မနက်ဖြန်တွင် ကိုးခုပြောကောင်းပြောနိုင်သည်။ ထိုနေ့ပြီးနောက်တွင် ရှစ်ခုပြောမည်။ နောက်ပိုင်းတွင် နှစ်ခု၊ သုံးခုသာ ပြောလိမ့်မည်။ သင်သည် အမှန်တရားကို ပိုပို၍ ပြောလိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ရန် သင် လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သူ၏ တောင်းဆိုချက်များ၊ သူ၏ စံနှုန်းများနှင့် အစဉ်ပို၍ နီးစပ်လာလိမ့်မည်။ ဤသည်မှာ မည်မျှကောင်းလိမ့်မည်နည်း။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် သင်သည် လမ်းကြောင်းတစ်ခုရှိရမည်။ ဦးတည်ချက်တစ်ခုရှိရမည်။ မုသားပြောဆိုသည့် ပြဿနာကို အရင်ဦးဆုံး ဖြေရှင်းလော့။ ဤမုသားများကို သင်ပြောဆိုခြင်းနောက်ကွယ်ရှိ အနှစ်သာရကို သိရမည်။ ဤမုသားများကို ပြောဆိုရန် မည်သည့်ရည်ရွယ်ချက်နှင့် အကြောင်းရင်းများက တွန်းအားပေးသည်၊ ဤရည်ရွယ်ချက်များကို သင်အဘယ်ကြောင့် စိတ်စွဲနေသည်၊ ၎င်းတို့၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်တို့ကို စိတ်ဖြာလေ့လာရမည်။ ဤပြဿနာအားလုံးကို သင်ရှင်းလင်းသွားသောအခါတွင် လိမ်ညာခြင်းပြဿနာကို သင် လုံးလုံးလျားလျား မြင်တွေ့ပြီးဖြစ်လိမ့်မည်။ သင့်အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သင်သည် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများရှိလိမ့်မည်။ ဤသို့ ဆက်လက်၍ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံလျှင် သင်သည် သေချာပေါက် ရလဒ်များကို မြင်တွေ့ရလိမ့်မည်။ တစ်ရက်တွင် သင်က ပြောလိမ့်မည်။ “ရိုးသားရသည်မှာလွယ်ကူသည်။ လှည့်စားခြင်းက အလွန်ပင်ပန်းသည်။ ကျွန်ုပ်သည် လှည့်စားသောသူ မဖြစ်လိုတော့ပေ။ မည်သည့်မုသားများကို ပြောရမည်၊ ကျွန်ုပ်၏ မုသားများကို မည်သို့ ဖုံးကွယ်ရမည်ကို အစဉ် စဉ်းစားမနေလိုတော့ပေ။ ဤသည်မှာ စိတ်ရောဂါတစ်ခု ရှိနေသည့် သူတစ်ယောက်ကဲ့သို့ ရှေ့နောက်မညီ ပြောဆိုနေခြင်းဖြစ်ပြီး ‘လူသား’ ဟုခေါ်ဆိုဖို့ မထိုက်တန်သည့် သူတစ်ယောက်ကဲ့သို့ဖြစ်သည်။ ဤသို့သော ဘဝမျိုးသည် ပင်ပန်းသည်။ ကျွန်ုပ်သည် ဤသို့ အသက်မရှင်လိုတော့ပေ။”ဟု ဖြစ်သည်။ ဤအချိန်တွင် သင်၌ အမှန်တကယ် ရိုးသားဖို့ မျှော်လင့်ချက်ရှိလိမ့်မည်။ ဤသည်မှာ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ရန် အခြေအနေတိုးတက်နေပြီဖြစ်သည်ကို သက်သေပြလိမ့်မည်။ ဤသည်မှာ ထိုးဖောက်ကျော်လွှားမှုတစ်ခုဖြစ်သည်။ စတင်၍ လက်တွေ့လုပ်ဆောင်သောအခါတွင် ရိုးသားသောစကားများကိုပြောပြီး မိမိကိုယ်ကို ဖွင့်ချပြပြီးနောက်တွင် အရှက်ရမည့်သူအချို့ရှိနိုင်သည်မှာ မှန်သည်။ သင်၏ မျက်နှာသည် နီမြန်းပြီး သင်သည် အရှက်ရလိမ့်မည်။ အခြားလူများက ရယ်မောလှောင်ပြောင်မည်ကို သင် ကြောက်ရွံ့လိမ့်မည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်ထံဆုတောင်းပြီး သင့်အား ခွန်အားပေးရန် တောင်းဆိုခြင်းကိုသာ လုပ်ဆောင်ရမည်။ သင်က “အို ဘုရားသခင်၊ ကျွန်ုပ်သည် ရိုးသားသူတစ်ယောက်ဖြစ်လိုပါသည်။ သို့သော် ကျွန်ုပ်အမှန်အတိုင်းပြောသောအခါ လူတို့က ကျွန်ုပ်အား ရယ်မောလှောင်ပြောင်ကြမည်ကို ကျွန်ုပ်ကြောက်ရွံ့သည်။ ကျွန်ုပ်၏ စာတန်ဆန်သော စိတ်သဘောထား၏ ချည်နှောင်မှုမှ ကျွန်ုပ်ကို ကယ်တင်ရန် ကိုယ်တော့်အား ကျွန်ုပ်တောင်းဆိုပါသည်။ ကျွန်ုပ်အား ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေပါ။ လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းစေပါ” ဟု ပြောလော့။ ဤသို့ သင်ဆုတောင်းသောအခါ သင်၏ စိတ်နှလုံးတွင် ပို၍ အားတက်လာလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် ပြောလိမ့်မည်။ “ဤအရာကို လက်တွေ့လုပ်ဆောင်ရသည်မှာ ကောင်းသည်။ ယနေ့ သမ္မာတရားကို ငါလက်တွေ့လုပ်ဆောင်ပြီးပြီ။ နောက်ဆုံးတွင် ငါသည် တစ်ကြိမ်တစ်ခါ ရိုးသားသူတစ်ယောက် ဖြစ်ခဲ့သည်”ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းဖွင့်ပြလိမ့်မည်။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် စတင်အလုပ်လုပ်လိမ့်မည်။ ဘုရားသခင်သည် သင့်ကို တို့ထိပြီး ရိုးသားသောသူဖြစ်ခြင်းသည် မည်သို့ခံစားရသည်ဆိုသည်ကို သင့်ကို အသိအမှတ်ပြုခွင့်ပေးသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်နည်းလမ်းဖြစ်သည်။ အစပိုင်းတွင် သင့်၌ လမ်းကြောင်းရှိမည်မဟုတ်ပေ။ သို့သော် သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် လမ်းကြောင်းတစ်ခုကို သင်တွေ့လိမ့်မည်။ လူတို့က သမ္မာတရားကို ရှာဖွေသောအခါ ၎င်းတို့တွင် သေချာပေါက် ယုံကြည်ခြင်းမရှိပေ။ လမ်းကြောင်းတစ်ခုမရှိခြင်းသည် လူတို့အတွက် ခက်ခဲသည်။ သို့သော် သမ္မာတရားကို ၎င်းတို့ နားလည်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှိသည်နှင့် ၎င်းတို့၏ စိတ်နှလုံးက ယင်းတွင် ပျော်ရွှင်မှုကို တွေ့ရှိသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်လျှင် ၎င်းတို့၏ စိတ်နှလုံးသည် သက်သာမှုကို ရှာတွေ့လိမ့်မည်။ လွတ်လပ်ခြင်းနှင့် ချုပ်ချယ်မှုကင်းခြင်းကို ရရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်အပေါ် စစ်မှန်သည့် အသိအချို့ရှိလျှင်၊ ဤလောကတွင် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးက အလင်းပေးခြင်းခံရမည်။ သင်သည် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ထို့နောက်တွင် သင်သည် အလုံးစုံ ချုပ်ချယ်မှုကင်းခြင်းနှင့် လွတ်လပ်ခြင်းကို ရရှိလိမ့်မည်။ ဤအချိန်တွင် သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်း၊ စစ်မှန်သောသူတစ်ယောက်ဖြစ်ခြင်း၏ အဓိပ္ပာယ်ကို နားလည်လိမ့်မည်။ ဤတွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် သင်သည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်။

ဆောင်းဦးရာသီ၊ ၂၀၀၇ ခုနှစ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။