သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

အစေခံသူတို့၏ အလုပ်သည် သိမ်းပိုက်ခြင်း အမှု၌ ပထမအဆင့် ဖြစ်သည်။ ယနေ့သည် သိမ်းပိုက်ခြင်း အမှုထဲက ဒုတိယအဆင့်ဖြစ်၏။ သိမ်းပိုက်ခြင်း အမှုတွင် အဘယ်ကြောင့် စုံလင်ခံရခြင်းနှင့်သက်ဆိုင်သည့် ဖော်ပြချက် ပါရှိသနည်း။ ယင်းသည် အနာဂတ်အတွက် အခြေခံအုတ်မြစ်တစ်ခု ဖန်တီးဖို့ ဖြစ်သည်။ ယနေ့သည် သိမ်းပိုက်ခြင်းအမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ လူသားမျိုးနွယ်ကို စုံလင်စေခြင်းအား တရားဝင် စတင်ခြင်းကို သတ်မှတ်မည့် ဘေးဒဏ်ကြီးကို တွေ့ကြုံခြင်း အချိန်သည် ၎င်းနောက် လာလိမ့်မည်။ ယခု အဓိကကိစ္စရပ်မှာ သိမ်းပိုက်ခြင်း ဖြစ်သော်လည်း၊ ယခုသည် စုံလင်စေခြင်း ဖြစ်စဉ်ထဲက ပထမအဆင့်၏ အချိန်လည်း ဖြစ်သည်။ ဤပထမအဆင့်က ဖြစ်ပေါ်စေသည့်အရာမှာ သိမ်းပိုက်ခြင်းအမှု အတွက် အခြေခံအုတ်မြစ်တစ်ခုကို ထုံးစံအတိုင်း ဖန်တီးသည့် လူတို့၏ အသိပညာနှင့် နာခံမှုတို့ကို စုံလင်စေခြင်း ဖြစ်သည်။ သင်သည် စုံလင်ခံရစေဖို့ဖြစ်ပါက၊ အနာဂတ် ဘေးဒဏ်အလယ်တွင် သင်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရမည်ဖြစ်ပြီး အမှု၏ နောက်အဆင့်ကို ဖြန့်ဝေဖို့ သင် တတ်နိုင်သမျှ အားထုတ်ကြိုးပမ်းရမည်ဖြစ်သည်၊ ယင်းသည် စုံလင်ခံရစေခြင်း၏ ဆိုလိုချက်ဖြစ်ပြီး၊ ထိုသို့သော အချိန်တစ်ခုသည် လူတို့ ဘုရားသခင်၏ ရယူခြင်းကို လုံးလုံးလျားလျား ခံသည့်အချိန်လည်း ဖြစ်သည်။ ယနေ့ ငါတို့သည် စုံလင်ခံရခြင်းအကြောင်း ဆွေးနွေးခြင်းကဲ့သို့ အလားတူဖြစ်သော သိမ်းပိုက်ခံရခြင်းအကြောင်းကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။ သို့သော် ယနေ့ လုပ်ဆောင်သည့် အမှုသည် အနာဂတ်၌ စုံလင်ခံရခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ စုံလင်ခံရဖို့ အလို့ငှာ၊ လူတို့အနေဖြင့် အခက်အခဲကို တွေ့ကြုံရမည်ဖြစ်ပြီး ဤအခက်အခဲနှင့်ဆိုင်သော အတွေ့အကြုံသည် သိမ်းပိုက်ခံရခြင်း၌ ယင်း၏ အခြေခံအကြောင်းရင်း ရှိရပေမည်။ လူတို့သည် ယနေ့၏ အခြေခံအုတ်မြစ်မရှိပါက- ၎င်းတို့ လုံးဝ သိမ်းပိုက်ခြင်းမခံရပါက- နောက်အမှု၏ အဆင့်အတွင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ၎င်းတို့အတွက် ခက်ပေလိမ့်မည်။ ရိုးရှင်းစွာပြောရလျှင် သိမ်းပိုက်ခံရခြင်းသည် နောက်ဆုံးရည်မှန်းချက် မဟုတ်ပေ။ ယင်းသည် စာတန်နှင့်ရင်ဆိုင်ရာတွင် ဘုရားသခင်အတွက် သက်သေခံခြင်း အဆင့်တစ်ခုသာ ဖြစ်သည်။ စုံလင်ခံရခြင်းသည် နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ သင်သည် စုံလင်စေခြင်း မခံရပါက၊ သင်သည် အသုံးမဝင်ဟု သဘောထားခံရခြင်းက သာ၍ကောင်းလိမ့်မည်။ အခက်အခဲကို ရင်ဆိုင်ရသည့်အခါမှသာ အနာဂတ်တွင် သင်၏ စစ်မှန်သော ဝိညာဉ်အသက်တာကို မြင်ရလိမ့်မည်။ ဆိုလိုသည်မှာ ထိုအခါတွင်မှ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော စင်ကြယ်ခြင်း၏ အဆင့်သည် ပေါ်လွင်ပေလိမ့်မည်။ ယနေ့ လူတို့ပြောသည့်အရာသည်- “ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ သူ့ကို ကျွန်ုပ်တို့ နာခံရမည်။ ထို့ကြောင့် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို ထင်ရှားစေနိုင်သည့် အဖြည့်ခံတစ်ဦးဖြစ်ဖို့ ကျွန်ုပ်တို့ လိုလားနေကြပေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြင်နာသည်ဖြစ်စေ ကျိန်ဆဲသည် ဖြစ်စေ၊ သို့မဟုတ် ကျွန်ုပ်တို့ကို သူ တရားစီရင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ရှိဆဲ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤအရာကို သင် ပြောသည်ဟူသည့်အချက်က သင်သည် နည်းပါးသည့် အသိပညာ ပမာဏအချို့ ရှိသည်ကိုသာ ပြ၏၊ သို့သော်လည်း လက်တွေ့အရှိတရားတွင် ထိုသို့သော အသိပညာက အသုံးချ၍ရနိုင် မရနိုင်မှာ ဤအသိပညာ စစ်မှန်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်၏။ ယနေ့တွင် လူတို့သည် ထိုသို့သော ထိုးထွင်းသိမြင်မှုနှင့် အသိပညာရှိသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အကျိုးသက်ရောက်မှု ဖြစ်ပေသည်။ သင်သည် စုံလင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်ကို အခက်အခဲကို ရင်ဆိုင်ရာတွင်သာ မြင်တွေ့နိုင်ပြီး ထိုအချိန်တွင် သင်သည် ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ ချစ်မချစ် ဆိုသည်ကို မြင်တွေ့ရလိမ့်မည်ဖြစ်သည်။ သင်၏ ချစ်ခြင်းမေတ္တာက ဧကန်အမှန် ဖြူစင်ပါက၊ “ကျွန်ုပ်တို့သည် အဖြည့်ခံများဖြစ်၏၊ ဘုရားသခင်၏ လက်တော်ထဲက အဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြ၏” ဟု သင် ဆိုလိမ့်မည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ ဧဝံဂေလိတရား သင် ဖြန့်ဝေသည့်အခါ၊ “ကျွန်ုပ်သည် အစေခံခြင်းအမှုကို ပြုလုပ်နေခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့အတွင်းရှိ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို အသုံးပြုလျက်၊ ဘုရားသခင်သည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်တို့အား ပြသဖို့ရန် ဤအရာများအားလုံးကို ပြောခဲ့လေပြီ။ ထိုသို့သော အရာများကို သူ မပြောခဲ့ပါက၊ ဘုရားသခင်ကို ကျွန်ုပ်တို့ မြင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ၏ ဉာဏ်ပညာကို နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အင်မတန်ကြီးမားသော ကယ်တင်ခြင်းနှင့် အင်မတန်ကြီးမားသော ကောင်းချီး မင်္ဂလာများကို ရရှိနိုင်လိမ့်မည် မဟုတ်” ဟု ပြောလိမ့်မည်။ သင်သည် အမှန်ပင် ဤအတွေ့အကြုံဆိုင်ရာ အသိပညာ ရှိပါက၊ ယင်းမှာ လုံလောက်ပေ၏။ သို့သော် ယနေ့ သင်ပြောသည့်အရာ များစွာ၌ အသိပညာ မပါရှိသကဲ့သို့၊ အားလုံးသည် “ကျွန်ုပ်တို့သည် အဖြည့်ခံများ၊ အစေခံသူများ ဖြစ်ကြ၏၊ သိမ်းပိုက်ခံရဖို့၊ ဘုရားသခင်အတွက် ပြောင်မြောက်သော သက်သေကို ခံဖို့ရန် ကျွန်ုပ်တို့ ဆန္ဒရှိသည်...” ဟူသော အနှစ်မဲ့ ဆောင်ပုဒ်တစ်စုသာ ဖြစ်သည်။ ဟစ်အော်ခြင်းသက်သက်သည် သင်၌ စစ်မှန်မှုရှိသည်ဟု မဆိုလိုသကဲ့သို့၊ ဝိညာဉ်အသက်တာ သင် ပိုင်ဆိုင်သည်ကို သက်သေမပြပေ။ သင့်အနေဖြင့် စစ်မှန်သော အသိပညာ ရှိရမည်ဖြစ်ပြီး သင်၏ အသိပညာသည် အစမ်းသပ်ခံရမည် ဖြစ်သည်။

ဤအချိန်ကာလအတောအတွင်း၊ သင်သည် ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် ဤမိန့်မြွက်ချက်များကို ပိုမို ဖတ်ရှုသင့်ပြီး နှိုင်းယှဉ်ခြင်းဖြင့် သင်တို့၏ လုပ်ရပ်များကို ကြည့်လော့။ သင်သည် ကောင်းမွန်ပြီး အမှန်တကယ် အဖြည်ခံတစ်ဦး ဖြစ်သည်မှာ လုံးဝ အမှန်တရား ဖြစ်သည်။ ယနေ့ သင်၏ အသိပညာ အတိုင်းအတာမှာ အဘယ်နည်း။ သင်၏ စိတ်ကူးများ၊ သင်၏ အတွေးများ၊ သင်၏ အပြုအမူ၊ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များ- ဤအမူအရာများအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့အဖို့ အဖြည့်ခံတစ်ခုနှင့် မညီမျှသလော။ သင်တို့၏ အမူအရာများသည် ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန်များ ဖြစ်သည် မဟုတ်လော။ သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ ကြံရွယ်ချက်များနှင့် သင့်အထဲတွင် ထုတ်ဖော်ပြခံရသည့် ဖောက်ပြန်ပျက်စီးခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပြင်၊ သူ၏ သန့်ရှင်းခြင်း တို့ကို ပြသလေသည်။ ဘုရားသခင်သည်လည်း အညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ပေသည်၊ သို့တိုင် သူသည် အညစ်အကြေးအားဖြင့် ဖျက်ဆီးခြင်းမခံရဘဲ ရှိနေလေသည်။ သင်ကဲ့သို့ သူသည် သင်နှင့်အလားတူ ညစ်ပတ်ပေရေသော လောကထဲတွင် အသက်ရှင်ခဲ့သော်လည်း သူသည် ဆင်ခြင်တုံတရားနှင့် သိမြင်နားလည်မှုတို့ ပိုင်ဆိုင်ပြီး အညစ်အကြေးကို စက်ဆုပ်ရွံရှာလေသည်။ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များတွင် ညစ်ပတ်ပေရေသောအရာ တစ်ခုတစ်လေမျှပင် သတိပြုမိနိုင်လိမ့်မည် မဟုတ်သော်လည်း ဘုရားသခင်က သတိပြုမိနိုင်ပြီး ၎င်းတို့ကို သင့်အား သူ ထောက်ပြလေသည်။ သင်၏ ဟောင်းနွမ်းသောအရာများဖြစ်သည့် သင်၏ ရည်မွန်ယဉ်ကျေးခြင်း၊ ထိုးထွင်းသိမြင်မှုနှင့် အသိတို့ ကင်းမဲ့မှုနှင့် သင်၏ နောက်သို့ပြန်သွားသော အသက်ရှင်သည့် နည်းလမ်းများသည် ယနေ့ ထုတ်ဖော်ပြခြင်းများအားဖြင့် အလင်းထဲသို့ ရောက်လာပြီးဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို ရှုမြင်ကြရသည်မှာ ဘုရားသခင်သည် ထိုသို့အမှုပြုဖို့ရန် ကမ္ဘာမြေသို့ ကြွလာခြင်းအားဖြင့်သာ ဖြစ်သည်။ သူသည် သင့်ကို သိနားလည်မှုရှိစေရင်း၊ သင့်ကို တရားစီရင်ကာ ပြစ်တင်ဆုံးမလေသည်။ တစ်ခါတစ်ရံတွင်၊ သင်၏ ဘီလူးသရဲစီးသော သဘာဝသည် ထင်ရှားပြီး ကိုယ်တော်က ယင်းကို သင့်အား ထောက်ပြသည်။ သူသည် လူသား၏ အနှစ်သာရကို အကုန်အစင်သိလေသည်။ သူသည် သင်တို့ကြားတွင် အသက်ရှင်သည်၊ သင်စားသကဲ့သို့ အစာကိုစားပြီး ပတ်ဝန်းကျင် တစ်ခုတည်းတွင် အသက်ရှင်သည်- သို့သော် ထိုသို့ဖြစ်လျက်ပင် သူသည် သာ၍သိ၏။ သူသည် သင့်ကို ဖော်ထုတ်နိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရိပ်စားမိနိုင်သည်။ အသက်ရှင်ခြင်းအတွက် လူ၏ ဒဿနများ၊ လူ၏ ကောက်ကျစ်မှုနှင့် လှည့်ဖြားမှုတို့ထက် သူပိုမိုစက်ဆုပ်သောအရာ မရှိချေ။ လူတို့၏ ဇာတိနှင့်ဆိုင်သော ဆက်ဆံရေးများကို အထူးသဖြင့် စက်ဆုပ်လေသည်။ သူသည် အသက်ရှင်ခြင်းအတွက် လူ၏ အတွေးအခေါ်များနှင့် အကျွမ်းတဝင်မရှိနိုင်သော်လည်း လူတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာ မြင်ပြီး ဖော်ထုတ်နိုင်လေသည်။ လူသားကို စကားပြောပြီး အမှုပြုဖို့ရန် ဤအမှုအရာများမှတဆင့် သူ အမှုပြုသည်၊ လူတို့ကို တရားစီရင်ဖို့နှင့် သူ၏ကိုယ်ပိုင် ဖြောင့်မတ်ပြီး သန့်ရှင်းသော စိတ်သဘောထားတို့ကို ထင်ရှားစေဖို့ ဤအမှုအရာများကို သူ အသုံးပြုလေသည်။ ထိုသို့ဖြင့် လူတို့သည် သူ၏ အမှုအဖို့ အဖြည့်ခံများ ဖြစ်လာကြပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည်သာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်၏ အကျည်းတန်သော မျက်နှာများအားလုံးကို ပေါ်လွင်စေနိုင်သည်။ သူသည် သင့်ကို အပြစ်မပေးသကဲ့သို့၊ သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းအဖို့ အဖြည့်ခံတစ်ဦးအနေဖြင့် သင့်ကို အသုံးပြုရုံမျှပြုသော်လည်း၊ သင်သည် အလွန်ညစ်ညမ်းသည့်အတွက် အရှက်ရပြီး မိမိကိုယ်ကိုယ် ကွယ်ဝှက်ဖို့ နေရာရှာမတွေ့ပေ။ သူသည် လူသားအထဲ၌ ဖော်ထုတ်ခံရသည့် အရာများကို အသုံးပြုလျက် စကားပြောပြီး ဤအရာများ အလင်းသို့ ဆောင်ယူခြင်း ခံရသည့်အခါမှသာ လူတို့သည် ဘုရားသခင် မည်မျှ သန့်ရှင်းသည်ကို သတိပြုမိလာကြပေသည်။ သူသည် လူတို့အထဲရှိ မစင်ကြယ်မှု အနည်းငယ်မျှကိုပင်၊ ၎င်းတို့ စိတ်နှလုံးများထဲက ညစ်ညူးသော အတွေးများကိုပင် လျစ်လျူမရှုပေ။ လူတို့၏ စကားများနှင့် လုပ်ရပ်များသည် သူ၏ အလိုတော်နှင့် ကွဲလွဲပါက၊ ၎င်းတို့ကို သူ ခွင့်မလွှတ်ပေ။ သူ၏ နှုတ်ကပတ်တော်များ၌၊ လူသားများ သို့မဟုတ် အခြားမည်သည့်အရာမဆို၏ ညစ်ညူးမှုအတွက် နေရာမရှိပေ- ထိုအရာအားလုံး အလင်းသို့ ဆောင်ယူခြင်း ခံရပေမည်။ ထိုအခါတွင်မှ သူသည် အမှန်တကယ်ပင် လူသားနှင့်မတူသည်ကို သင် မြင်ရ၏။ လူတို့အထဲတွင် ညစ်ညူးခြင်း အနည်းငယ်မျှ ရှိပါက၊ ၎င်းတို့ကို သူ လုံးဝ စက်ဆုပ်လေသည်။ လူတို့သည် နားမလည်နိုင်သကဲ့သို့၊ “ဘုရားသခင်၊ ကိုယ်တော် အဘယ်ကြောင့် အလွန်ဒေါသထွက် ရပါသနည်း။ လူသား၏ အားနည်းချက်များကို အဘယ်ကြောင့် ကိုယ်တော် သတိမထားမိပါသနည်း။ အဘယ်ကြောင့် လူတို့ကို ကိုယ်တော် အနည်းငယ် ခွင့်လွှတ်မပေးနိုင်ရပါသနည်း။ ကိုယ်တော်သည် လူသားအဖို့ အဘယ်ကြောင့် အလွန်မငဲ့ကွက် ရပါသနည်း။ လူတို့ မည်မျှအတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးပြီး ဖြစ်သည်ကို ကိုယ်တော် သိသည်ကား ရှင်းလင်းပါ၏၊ သို့ဆိုလျှင် ကိုယ်တော်သည် သူတို့ကို အဘယ်ကြောင့် ဤသို့ ဆက်ဆံသေးသနည်း” ဟု ပြောသည့် အချိန်များပင်လျှင် ရှိလေသည်။ သူသည် အပြစ်ကို စက်ဆုပ်သည်၊ ယင်းကို သူ မနှစ်မြို့သကဲ့သို့ သင့်အထဲတွင် မနာခံမှု တစ်စွန်းတစ်စမျှရှိလျှင် အထူးသဖြင့် သူ မနှစ်မြို့ပေ။ ပုန်ကန်တတ်သော စိတ်သဘောထားကို သင် ထုတ်ဖော် ပြသည့်အခါ၊ ၎င်းကို သူမြင်ပြီး အလွန်အမင်း စက်ဆုပ်သည်- ထူးကဲစွာ စက်ဆုပ်လေသည်။ သူ၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ဖြစ်ခြင်းတို့ ထင်ရှားသည်မှာ ဤအရာများမှတဆင့် ဖြစ်လေသည်။ သင်သည် နှိုင်းယှဉ်ရာတွင် မိမိကိုယ်ကိုယ် နမူနာထားသည့်အခါ၊ သူသည် လူသား၏ အစားအစာကဲ့သို့ စားသော်လည်း၊ တူညီသော အဝတ်အစားများ ဝတ်ဆင် သော်လည်း၊ ၎င်းတို့ မွေ့လျော်သည့်အရာများကို မွေ့လျော်ပြီး ၎င်းတို့နှင့်အတူ အသက်ရှင်ကာ နေထိုင်သော်လည်း၊ သူသည် လူသားနှင့် မတူသည်ကို သင် မြင်လေသည်။ ဤသည်မှာ အဖြည့်ခံတစ်ဦး၏ အနှစ်သာရ မဟုတ်လော။ ဘုရားသခင်၏ တန်ခိုး ပြသသည်မှာ ဤလူသား အမှုအရာများမှတဆင့် ဖြစ်လေသည်။ အလင်း၏ တန်ဖိုးရှိသည့် တည်ရှိခြင်းကို အစပျိုးပေးလိုက်သည်မှာ အမှောင်ဖြစ်ပေသည်။

မှန်ပေ၏၊ ဘုရားသခင်သည် အကြောင်းမဲ့သက်သက် သင့်ကို အဖြည့်ခံတစ်ဦး မဖြစ်စေပေ။ ယင်းထက်၊ ဤအမှုက အသီးအပွင့် သီးသည့်အချိန်တွင်သာ လူ၏ ပုန်ကန်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအဖို့ အဖြည့်ခံတစ်ခုဖြစ်ကြောင်း ထင်ရှားပေါ်လွင်လာသည် ဖြစ်ပြီး၊ သင်တို့သည် အဖြည့်ခံများ ဖြစ်သောကြောင့်သာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ဆိုင်၍ သဘာဝဖော်ပြချက်ကို သင်တို့ သိဖို့ အခွင့်ရှိခြင်း ဖြစ်ပေသည်။ သင်တို့၏ ပုန်ကန်မှုကြောင့် သင်တို့သည် တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရ၏၊ သို့သော်လည်း၊ သင်တို့ကို အဖြည့်ခံများဖြစ်စေသည်မှာလည်း သင်တို့၏ ပုန်ကန်မှုဖြစ်ပြီး၊ သင်တို့အပေါ် ပေးသနားသည့် ဘုရားသခင်၏ ကြီးမားသည့် ကျေးဇူးတော်ကို သင်တို့ ရရှိသည်မှာ သင်တို့၏ ပုန်ကန်မှုကြောင့် ဖြစ်ပေသည်။ သင်တို့၏ ပုန်ကန်ခြင်းသည် ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း နှင့် ဉာဏ်ပညာတို့အဖို့ အဖြည့်ခံတစ်ခု ဖြစ်ပြီး၊ သင်တို့အနေဖြင့် ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်းနှင့် ကောင်းချီး မင်္ဂလာများကို ရရှိပြီးဖြစ်သည်မှာ သင်တို့၏ ပုန်ကန်မှုကြောင့် ဖြစ်ပေ၏။ သင်တို့သည် ငါ့အားဖြင့် အဖန်ဖန် တရားစီရင်ခံရကြသော်လည်း၊ လူသား ယခင်က လုံးဝ မရဖူးခဲ့သည့် ကြီးမားလှသော ကယ်တင်ခြင်းကို သင်တို့ ရကြလေပြီ။ သင်တို့အတွက် ဤအမှုသည် အဆုံးစွန် အဓိပ္ပါယ်ရှိသော အမှုဖြစ်သည်။ “အဖြည့်ခံ” တစ်ဦး ဖြစ်ခြင်းသည် သင်တို့အတွက် အလွန့်အလွန်လည်း အဖိုးတန်၏။ သင်တို့သည် အဖြည့်ခံ ဖြစ်သောကြောင့် ကယ်တင်ခံရပြီး ကယ်တင်ခြင်း ကျေးဇူးတော်ကို ရရှိကြပြီး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော အဖြည့်ခံတစ်ဦးသည် အဆုံးစွန် အဖိုးတန်သည် မဟုတ်လော။ အဆုံးစွန် အဓိပ္ပါယ်ရှိသည် မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကဲ့သို့ တူညီသော လောကတစ်ခုတည်း၊ ညစ်ပတ်ပေရေသော မြေတစ်ခုတည်းတွင် အသက်ရှင်ကြ သောကြောင့်၊ သင်တို့သည် အဖြည့်ခံဖြစ်ပြီး အကြီးမားဆုံးသော ကယ်တင်ခြင်း ရရှိပေသည်။ ဘုရားသခင်သည် လူ့ဇာတိခံမလာခဲ့ပါက၊ သင်တို့အပေါ် အဘယ်သူသည် သနားကရုဏာရှိလိမ့်မည်နည်း၊ ပြီးလျှင် အဘယ်သူသည် အရေးမပါသည့် လူများဖြစ်သော သင်တို့ကို ကြည့်ရှုစောင့်ရှောက် ခဲ့လိမ့်မည်နည်း။ အဘယ်သူသည် သင်တို့ကို ဂရုစိုက် ခဲ့လိမ့်မည်နည်း။ ဘုရားသခင်သည် သင်တို့အလယ် အမှုပြုဖို့ လူ့ဇာတိမခံခဲ့ပါက၊ သင်တို့ ယခင်ကလူတို့ လုံးဝမရဖူးသည့် ဤကယ်တင်ခြင်းကို မည်သည့်အချိန်တွင် သင်တို့ ရရှိ ခဲ့လိမ့်မည်နည်း။ သင်တို့ကို ဂရုစိုက်ဖို့ရန်၊ သင်တို့၏ အပြစ်များကို တရားစီရင်ဖို့ရန်၊ ငါသည် လူ့ဇာတိမခံလာခဲ့ပါက၊ သင်တို့သည် အချိန်ကြာမြင့်စွာကတည်းက မရဏာနိုင်ငံထဲသို့ ကျဆင်းပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ငါသည် လူ့ဇာတိခံပြီး သင်တို့အလယ် မိမိကိုယ်ကိုယ် မနှိမ့်ချခဲ့ပါက၊ သင်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအဖို့ အဖြည့်ခံဖြစ်ဖို့ရန် အဘယ်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အကြီးမြတ်ဆုံးသော ကယ်တင်ခြင်းကို သင်တို့အား ရရှိစေနိုင်ဖို့ရန် ငါသည် လူသားသဏ္ဌာန် အသွင်ဆောင်ခဲ့ပြီး သင်တို့အလယ် လာခဲ့သောကြောင့်၊ သင်တို့သည် အဖြည့်ခံ ဖြစ်ကြသည် မဟုတ်လော။ ငါသည် လူ့ဇာတိခံခဲ့သောကြောင့် ဤကယ်တင်ခြင်းကို သင်တို့ ရရှိသည် မဟုတ်လော။ ဘုရားသခင်သည် သင်တို့နှင့်အတူ အသက်ရှင်ဖို့ လူ့ဇာတိမခံခဲ့ပါက၊ ခွေးများနှင့် ဝက်များထက် ပိုမိုနိမ့်ကျသော ဘဝတစ်ခုကို လူ့ငရဲတစ်ခုတွင် သင်တို့ အသက်ရှင်နေကြသည်ကို သင်တို့ တွေ့ရှိကြလိမ့်ဦးမည်လော။ သင်တို့သည် ငါ၏ လူ့ဇာတိထဲက အမှုအဖို့ အဖြည့်ခံ ဖြစ်ကြသောကြောင့်၊ သင်တို့သည် တရားစီရင်ခံရကာ ပြစ်တင်ဆုံးမခံခဲ့ကြရသည် မဟုတ်လော။ သင်တို့အတွက် အဖြည့်ခံ၏ အလုပ်ထက် သာ၍ သင့်တော်သော အလုပ်မရှိ၊ အဘယ့်ကြောင့်ဆိုသော် တရားစီရင်ခြင်းအလယ်၌ သင်တို့ ကယ်တင်ခံရသည်မှာ သင်တို့သည် အဖြည်ခံများ ဖြစ်သောကြောင့် ဖြစ်ပေသည်။ အဖြည့်ခံတစ်ဦးအဖြစ် ပြုမူဖို့ရန် အရည်အချင်းပြည့်မီခြင်းသည် သင်တို့ အသက်တာ၏ အကြီးမားဆုံးသော ကောင်းချီး မင်္ဂလာဖြစ်သည်ဟု သင်တို့ ခံစားကြရသည် မဟုတ်လော။ သင်တို့သည် အဖြည်ခံ၏ အလုပ်ကို လုပ်ရုံမျှလုပ်ကြသော်လည်း သင်တို့ ယခင်က လုံးဝ မရှိခဲ့ဖူး၊ မစိတ်ကူးခဲ့ဖူးသည့် ထိုသို့သော ကယ်တင်ခြင်းကို ရရှိကြပေသည်။ ယနေ့တွင်၊ သင်တို့၏ တာဝန်သည် အဖြည့်ခံဖြစ်ဖို့ ဖြစ်ပြီး၊ သင်တို့၏ ထိုက်သင့်သော ဆုလာဘ်မှာ အနာဂတ်တွင် ထာဝရ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ဖြစ်သည်။ သင်တို့ရရှိသည့် ကယ်တင်ခြင်းသည် ပေါ်ပင် ထိုးထွင်းသိမြင်မှု သို့မဟုတ် မျက်မှောက်ခေတ်အတွက် တစ်ဒင်္ဂမျှ ဖြစ်သော အသိပညာအပိုင်းအစတစ်ခု မဟုတ်ဘဲ၊ သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခု၊ အသက်၏ ထာဝရ ဆက်လက်ဖြစ်တည်ခြင်း ဖြစ်သည်။ သင်တို့ကို သိမ်းပိုက်ဖို့ရန် “အဖြည့်ခံ” ကို ငါ အသုံးပြုသော်လည်း သင်တို့ကို ရရှိဖို့ရန် ဤကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာကို ပေးခြင်းဖြစ်ကြောင်း သင်တို့ သိသင့်သည်။ ယင်းသည် သိမ်းပိုက်ခြင်းအဖို့အလို့ငှာ ဖြစ်၏၊ သို့သော်လည်း သင့်ကို ငါ သာ၍ကောင်းမွန်စွာ ကယ်တင်နိုင်ဖို့အလို့ငှာ ဖြစ်ပေသည်။ “အဖြည့်ခံ” သည် အမှန်တရားဖြစ်သော်လည်း သင်တို့ အဖြည့်ခံများ ဖြစ်ရသည့် အကြောင်းရင်းမှာ သင်တို့၏ ပုန်ကန်မှုကြောင့်ဖြစ်ပြီး၊ မည်သူမျှ မရရှိဖူးသည့် ကောင်းချီးမင်္ဂလာများကို သင် ရရှိပြီးဖြစ်သည်မှာ ဤအရာကြောင့် ဖြစ်ပေသည်။ ယနေ့တွင် ကြားဖို့နှင့် မြင်ဖို့ သင်တို့ကို ဖန်တီးထားပေသည်။ မနက်ဖြန်တွင် သင်တို့ ရရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်ပို၍ သင်တို့သည် ကြီးမားစွာ ကောင်းချီးခံစားရလိမ့်မည်။ ထို့ကြောင့် အဖြည့်ခံများသည် အဆုံးစွန် အဖိုးတန်သည် မဟုတ်လော။ ယနေ့ သိမ်းပိုက်ခြင်း အမှု၏ အကျိုးတရားများသည် အဖြည့်ခံများအဖြစ် ပြုမူနေသည့် သင်တို့၏ ပုန်ကန်တတ်သော စိတ်သဘောထားများမှတဆင့် ရရှိခြင်းဖြစ်သည်။ ယင်းမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နှင့်ဆိုင်သော ဒုတိယဖြစ်စဉ်၏ အထွတ်အထိပ်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်ဖို့ သင်တို့ကို အခွင့်ပေးရင်း သင်တို့၏ ညစ်ညူးခြင်းနှင့် ပုန်ကန်မှုတို့ကို အဖြည့်ခံအဖြစ် အသုံးပြုဖို့ ဖြစ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့၏ ဒုတိယဖြစ်စဉ်အတွင်းတွင် နောက်ထပ် တစ်ကြိမ် မိမိတို့ကိုယ်ကိုယ် နာခံစေသည့်အခါ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံကို သင်တို့အား ပွင့်ပွင့်လင်းလင်း ပြထားလိမ့်မည်။ ဤသည်မှာ သိမ်းပိုက်ခြင်း အမှုကို သင်တို့ လက်ခံခြင်းသည် အဆုံးသတ်သည့်အခါ၊ ဤသည်မှာ အဖြည့်ခံတစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်းကို သင်တို့ ပြီးစီးသည့်အချိန်လည်း ဖြစ်သည်။ သင်တို့ကို အမည်များပေးဖို့မှာ ငါ၏ ရည်ရွယ်ချက် မဟုတ်ပေ။ ယင်းထက်၊ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှား၍ မရနိုင်သော စိတ်သဘောထားကို ပြသရင်း၊ သိမ်းပိုက်ခြင်းအမှု၏ ပထမဖြစ်စဉ်ကို ဆောင်ရွက်ရန် အစေခံများအဖြစ် သင်တို့၏ အခန်းကဏ္ဍကို ငါ အသုံးပြုနေခြင်း ဖြစ်၏။ သင်တို့၏ တန်ပြန်ပြောဆိုမှုမှတဆင့်၊ အဖြည့်ခံအဖြစ် လုပ်ဆောင်လျက်ရှိသည့် သင်တို့၏ ပုန်ကန်မှုမှတဆင့်၊ ပထမဖြစ်စဉ်တွင် လုံးလုံးလျားလျား ထုတ်ဖော်မပြခဲ့သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့အား ပြည့်ဝစွာ ထုတ်ဖော်ပြရင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံ၊ သူ၏ အမှုတော်နှင့်ဆိုင်သော ဉာဏ်ပညာ၊ အံ့ဖွယ်ဖြစ်ခြင်းနှင့် အသစ်ဖြစ်သော သန့်ရှင်းခြင်းတို့ ဖွဲ့စည်းပါဝင်သည့် သူ၏ ဖြစ်ခြင်းအားလုံးကို ပြသရင်း၊ သိမ်းပိုက်ခြင်းအမှုနှင့်ဆိုင်သော ဒုတိယ ဖြစ်စဉ်၏ အကျိုးတရားများကို ရရှိခြင်း ဖြစ်သည်။ ထိုသို့သော အမှု၏ အကျိုးတရားကို မတူကွဲပြားသော ကာလများ၌ သိမ်းပိုက်ခြင်း မှတဆင့်၊ တရားစီရင်ခြင်း၏ မတူကွဲပြားသော အတိုင်းအတာများ မှတဆင့် ရရှိလေသည်။ တရားစီရင်ခြင်းသည် မိမိ၏ အထွတ်အထိပ်ကို ပိုမိုနီးကပ်စွာ ရောက်ရှိလေ၊ လူတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားများကို ပိုမိုထုတ်ဖော်ပြလေ ဖြစ်ပြီး၊ သိမ်းပိုက်ခြင်းက ပိုမိုထိရောက်လေ ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံသည် ဤသိမ်းပိုက်ခြင်းအမှုအတွင်းတွင် ပေါ်လွင်လေသည်။ သိမ်းပိုက်ခြင်း အမှုကို အဆင့်နှစ်ခုအဖြစ် ပိုင်းခြားထားပြီး မတူကွဲပြားသော အဆင့်များနှင့် အတိုင်းအတာများရှိသည်၊ ထို့ကြောင့် ရရှိသည့် အကျိုးတရားများမှာလည်း ကွဲပြားသည်မှာ မှန်ပေ၏။ ဤသည်မှာ လူတို့၏ ကျိုးနွံနာခံခြင်း အတိုင်းအတာသည် သာ၍ နက်နဲလာသည်ဟု ဆိုရပေမည်။ ယင်းနောက်တွင်မှ လူတို့သည် စုံလင်ခြင်းဆီသို့ မှန်ကန်သော လမ်းကြောင်းပေါ် အပြည့်အဝ ဆောင်ယူခြင်း ခံရနိုင်ပေသည်။ သိမ်းပိုက်ခြင်းအမှုအားလုံး ပြည့်စုံပြီးသည့်နောက်တွင်သာ (တရားစီရင်ခြင်း၏ ဒုတိယဖြစ်စဉ်က ၎င်း၏ နောက်ဆုံး အကျိုးတရားကို ရရှိပြီးချိန်) လူတို့သည် တရားစီရင်ခြင်း မခံရတော့ဘဲ အသက်ကို တွေ့ကြုံခြင်း၏ မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်ခွင့်ပြုခြင်း ခံရလေသည်။ အဘယ်ကြောင့်ဆိုတော် တရားစီရင်ခြင်းသည် သိမ်းပိုက်ခြင်းကို ကိုယ်စားပြုခြင်း ဖြစ်ပြီး သိမ်းပိုက်ခြင်းသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ပုံသဏ္ဌာန်ဆောင်သည့်အတွက် ဖြစ်ပေသည်။

ဘုရားသခင်သည် အားလုံးထဲမှ ခေတ်နောက်အကျန်ဆုံးနှင့် အညစ်ညူးဆုံးသော နေရာတွင် လူ့ဇာတိခံလာခဲ့ပြီး ဘုရားသခင်သည် သူ၏ သန့်ရှင်းပြီး ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံကို ရှင်းရှင်းလင်းလင်း ပြသနိုင်သည်မှာ ဤနည်းဖြင့်သာ ဖြစ်သည်။ ပြီးလျှင် မည်သည့်အရာမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ပြသခံရသနည်း။ ယင်းသည် လူသား၏ အပြစ်များကို သူ တရားစီရင်သည့်အချိန်၊ စာတန်ကို သူ တရားစီရင်သည့်အချိန်၊ အပြစ်ကို သူ စက်ဆုပ်သည့်အချိန်နှင့် သူ့ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် ရန်သူများကို စက်ဆုပ်ရွံရှာသည့်အခါတွင် ပြသခံရပေသည်။ ယနေ့ ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့၏ အပြစ်များကို တရားစီရင်ဖို့၊ လူတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ဖို့၊ လူသား၏ မနာခံမှုကို ကျိန်ဆဲဖို့ ဖြစ်ပေသည်။ ဘုရားသခင်၏ အလိုတော်နှင့် ကွဲလွဲသည့် အရာအားလုံးဖြစ်သော လူသား၏ ကောက်ကျစ်မှုနှင့် သစ္စာမဲ့မှု၊ လူသား၏ စကားများနှင့် လုပ်ရပ်များသည် တရားစီရင်ခြင်း ခံရမည် ဖြစ်ပြီး လူသား၏ မနာခံမှုကို အပြစ်အဖြစ် စွတ်စွဲရှုတ်ချခံရပေမည်။ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်း၏ နိယာမများကို ဗဟိုပြုသည်။ သူသည် လူသား၏ မဖြောင့်မတ်မှုအား တရားစီရင်ခြင်း၊ လူသား၏ ပုန်ကန်မှုအား ပျက်စီးစေခြင်းနှင့် လူသား၏ အကျည်းတန် မျက်နှာများအား ဖော်ထုတ်ခြင်းတို့ကို သူ၏ ကိုယ်ပိုင် ဖြောင့်မတ်သော စိတ်သဘောထား ထင်ရှားစေဖို့ရန် အသုံးပြုလေသည်။ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်စားပြုခြင်းတစ်ခု ဖြစ်ပြီး အမှန်တွင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အကယ်စင်စစ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ပေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယနေ့ နှုတ်ကပတ်တော်များ၏ ဆက်စပ်သည့် အကြောင်းအရာဖြစ်သည်- စကားပြောဖို့နှင့် တရားစီရင်ဖို့၊ ပြီးလျှင် သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ဖို့ ၎င်းတို့ကို ငါအသုံးပြု၏။ ဤအရာတစ်ခုတည်းသာ စစ်မှန်သော အမှုဖြစ်ပြီး၊ ဤအရာတစ်ခုတည်းသာ ဘုရားသခင်၏ သန့်ရှင်းခြင်းကို အပြည့်အဝ ထွန်းလင်းစေသည်။ သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အရိပ်အယောင် မရှိပါက၊ သင့်ကို ဘုရားသခင် တရားစီရင်မည် မဟုတ်သကဲ့သို့၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကိုလည်း သင့်ကို ပြလိမ့်မည်မဟုတ်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည့်အတွက်၊ ဘုရားသခင်သည် သင့်ကို သက်ညှာမည် မဟုတ်ပေ၊ ထို့အပြင် သူ၏ သန့်ရှင်းခြင်း ပြသခံရသည်မှာ ဤအရာမှတဆင့် ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ညစ်ညူးခြင်းနှင့် ပုန်ကန်ခြင်းတို့ အလွန်ကြီးမားသည်ကို တွေ့သော်လည်း၊ သင့်ကို စကားမပြော သို့မဟုတ် သင့်ကို တရားမစီရင်သကဲ့သို့ သင်၏ မဖြောင့်မတ်မှုအတွက် သင့်ကို ပြစ်တင်ဆုံးမခြင်း မပြုပါက၊ သူသည် အပြစ်ကို မုန်းတီးမှု ရှိလိမ့်မည် မဟုတ်သောကြောင့် သူသည် ဘုရားသခင်မဟုတ်သည်ကို ဤအရာက သက်သေပြ ပေလိမ့်မည်။ သူသည် လူသားတမျှ ညစ်ညူးသောသူသာ ဖြစ်ပေလိမ့်မည်။ ယနေ့၊ သင့်ကို ငါ တရားစီရင်သည်မှာ သင်၏ အညစ်အကြေးကြောင့် ဖြစ်ပြီး၊ သင့်ကို ငါ ပြစ်တင်ဆုံးမသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုကြောင့် ဖြစ်သည်။ ငါသည် သင့်အား ငါ၏ တန်ခိုးအာဏာကို ကြွားလုံးထုတ်နေခြင်း မဟုတ်သကဲ့သို့ သင့်ကို တမင်သက်သက် ဖိနှိပ်နေခြင်းလည်း မဟုတ်ပေ။ ဤအညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ကြသည့် သင်တို့သည် အညစ်အကြေးများဖြင့် အလွန်အကြီးအကျယ် ညစ်ညမ်းပြီးဖြစ်သောကြောင့် ဤအရာများကို ငါပြုခြင်း ဖြစ်ပေသည်။ သင်တို့သည် သင်တို့၏ သမာဓိနှင့် လူသားသဘာဝတို့ကို လုံးဝဆုံးရှုံးပြီးဖြစ်ကာ လောက၏ အညစ်ပတ်ဆုံးနေရာများ၌ မွေးဖွားသည့် ဝက်များကဲ့သို့ သင်တို့ ဖြစ်လာကြပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့ တရားစီရင်ခံရပြီး သင်တို့အပေါ် ငါ၏ အမျက်ဒေါသ ပွင့်ထွက်စေသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သန့်ရှင်းသော ဘုရားဖြစ်ကြောင်းတို့ကို သင် မြင်နိုင်ခဲ့သည်မှာ ဤတရားစီရင်ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။ သင်တို့ကို သူ တရားစီရင်ပြီး သင်တို့အပေါ်သို့ သူ၏ အမျက်ဒေါသကို ပွင့်ထွက်စေသည်မှာ သူ၏ သန့်ရှင်းခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းတို့ကြောင့် အတိအကျ ဖြစ်ပေသည်။ လူသား၏ ပုန်ကန်မှုကို သူ မြင်သည့်အခါ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ပြနိုင်သောကြောင့်၊ ပြီးလျှင် လူသား၏ အညစ်အကြေးကို ဘုရားသခင် မြင်သည့်အခါ သူ၏ သန့်ရှင်းခြင်းကို သူ ထုတ်ဖော်ပြနိုင်သောကြောင့်၊ ဤသည်မှာ သူသည် သန့်ရှင်းပြီး သန့်ပြန့်သော်လည်း၊ အညစ်အကြေး နယ်မြေထဲတွင် အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ပြသရန် လုံလောက်ပေသည်။ လူတစ်ဦးသည် အခြားသူများနှင့်အတူ ဒုစရိုက်နွံထဲတွင် ပျော်မွေ့နေပြီး၊ သူနှင့်ပတ်သက်၍ သန့်ရှင်းသည့်အရာ ဘာမျှမရှိသကဲ့သို့၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထားမရှိပါက၊ သူသည် လူသား၏ မတရားမှုကို တရားစီရင်ဖို့ရန် အရည်အချင်းမပြည့်မီသကဲ့သို့၊ လူသားနှင့်ဆိုင်သော တရားစီရင်ခြင်းကို ဆောင်ရွက်ဖို့ မသင့်တော်ပေ။ လူတစ်ဦးသည် အခြားတစ်ဦးအား တရားစီရင် မည်ဆိုပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စော်ကား နေကြသကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။ တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှ ညစ်ပတ်ပေနေသော လူတို့သည် ၎င်းတို့နှင့် ထပ်တူထပ်မျှဖြစ်သော သူတို့ကို တရားစီရင်ဖို့ရန် အဘယ်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သန့်ရှင်းသော ဘုရားသခင် ကိုယ်တိုင်သာ ညစ်ပတ်ပေရေသော လူသားမျိုးနွယ်တစ်ခုလုံးကို တရားစီရင်နိုင်ပေသည်။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ တရားစီရင်နိုင်မည်နည်း။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ မြင်နိုင်မည်နည်း၊ ပြီးလျှင် ဤအပြစ်များကို ရှုတ်ချဖို့ရန် လူသားသည် အဘယ်သို့ အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်သည် လူသား၏ အပြစ်များကို တရားစီရင်ဖို့ အရည်အချင်း မရှိပါက၊ သူသည် အဘယ်သို့ ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်နိုင်မည်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြ ခံရသည့်အခါ၊ လူတို့ကို တရားစီရင်ဖို့အလို့ငှာ ဘုရားသခင် စကားပြောပြီး၊ ထို့နောက်တွင်သာ သူ သန့်ရှင်းသည်ကို လူတို့ မြင်ပေသည်။ သူသည် လူသားကို ၎င်း၏ အပြစ်များအတွက် တရားစီရင်ပြီး ပြစ်တင်ဆုံးမသကဲ့သို့၊ လူသား၏ အပြစ်များကို တစ်ချိန်လုံး ဖော်ထုတ်စဉ်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှ ဤတရားစီရင်ခြင်းမှ မလွတ်မြောက်နိုင်ချေ။ ညစ်ညူးသောအရာ အားလုံးသည် သူ၏ တရားစီရင်ခြင်းခံရပြီး၊ ထို့ကြောင့်သာလျှင် သူ၏ စိတ်သဘောထားက ဖြောင့်မတ်သည်ဟု ဆိုနိုင်ပေသည်။ ထိုသို့မဟုတ်ပါက၊ သင်တို့သည် နာမည်နှင့် အမှန်တရား နှစ်ခုလုံးတွင် အဖြည့်ခံများဖြစ်သည်ဟု အဘယ်သို့ ပြောနိုင်မည်နည်း။

ဣသရေလ၌လုပ်ဆောင်ခဲ့သော အမှုနှင့် ယနေ့ အမှုတို့ကြား ကြီးမားသော ကွဲပြားခြားနားမှုတစ်ခု ရှိ၏။ ယေဟောဝါသည် ဣသရေလအမျိုးသားတို့၏ အသက်တာများကို လမ်းပြခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ များစွာ သိပ်မရှိခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် လောကနှင့်သက်ဆိုင်၍ သိနားလည်မှု အလွန်နည်းပါးခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အနည်းငယ်သာ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က ဣသရေလ အမျိုးသားတို့သည် ယေဟောဝါကို လုံးဝ နာခံခဲ့ကြသည်။ ယဇ်ပလ္လင်များကို တည်ဆောက်ဖို့ ၎င်းတို့ကို ပြောခဲ့သည့် အချိန်တွင်၊ ယဇ်ပလ္လင်များကို ၎င်းတို့ အလျင်အမြန် တည်ဆောက်ခဲ့ကြသည်။ ယဇ်ပရောဟိတ်များ၏ ဝတ်ရုံများကို ဝတ်ဆင်ဖို့ ၎င်းတို့ကို ပြောသည့်အချိန်တွင်၊ ၎င်းတို့ နာခံခဲ့ကြသည်။ ထိုနေ့ရက်ကာလများတွင်၊ ယေဟောဝါသည် သိုးထိန်း၏ လမ်းပြမှုနောက်လိုက်ရင်းနှင့် စားကျက်တွင် မြက်ကိုစားနေသည့် သိုးများနှင့်အတူရှိလျက် သိုးစုတစ်စုကို ထိန်းကျောင်းနေသည့် သိုးထိန်းတစ်ဦးအလား ဖြစ်ခဲ့သည်။ ယေဟောဝါသည် ၎င်းတို့ စားပုံ၊ ဝတ်ပုံ၊ နေထိုင်ပုံနှင့် ခရီးသွားပုံတို့တွင် ၎င်းတို့ကို ဦးဆောင်ရင်း ၎င်းတို့၏ အသက်တာများကို လမ်းပြခဲ့သည်။ ထိုအချိန်က လူသားမျိုးနွယ်သည် မွေးကင်းစဖြစ်ခဲ့သည့်အတွက် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားကို ပေါ်လွင်စေသည့်အချိန် မဟုတ်ခဲ့ပေ။ ပုန်ကန်တတ်ပြီး ရန်မူလိုသူ အနည်းငယ်ရှိခဲ့သည်၊ လူသားမျိုးနွယ်ကြားတွင် ညစ်ညူးမှုများစွာ မရှိခဲ့၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားအဖို့ အဖြည့်ခံအဖြစ် မပြုမူနိုင်ခဲ့ကြချေ။ ဘုရားသခင်၏ သန့်ရှင်းခြင်း ပေါ်လွင်သည်မှာ ညစ်ညူးမှု နယ်မြေမှလာသော လူတို့မှတဆင့် ဖြစ်သည်။ ယနေ့၊ သူသည် ညစ်ညူးမှု နယ်မြေနှင့်ဆိုင်သော ဤလူတို့၌ ပြသသည့် ညစ်ညူးမှုကို အသုံးပြုပြီး တရားစီရင်၏၊ တရားစီရင်မှုအလယ်၌ သူ၏ဖြစ်ခြင်းသည် ဤသို့ ထုတ်ဖော်ပြ ခံရသည်။ အဘယ်ကြောင့် သူ တရားစီရင်သနည်း။ သူသည် အပြစ်ကို စက်ဆုပ်သောကြောင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ပြောဆိုနိုင်ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို မစက်ဆုပ်ပါက၊ အဘယ်ကြောင့် အမျက်ဒေါသ အလွန် ထွက်နိုင်ရမည်နည်း။ သူ၏အတွင်းတွင် စက်ဆုပ်မှု၊ ရွံရှာမှု မရှိပါက၊ လူတို့၏ ပုန်ကန်မှုကို သူ အရေးမစိုက်ပါက၊ သူသည် လူသားကဲ့သို့ ညစ်ညူးသောသူ ဖြစ်သည်ကို ယင်းက သက်သေပြပေလိမ့်မည်။ လူသားကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်မှာ ညစ်ညူးခြင်းကို သူ စက်ဆုပ်သောကြောင့်ဖြစ်ပြီး၊ သူ စက်ဆုပ်သည့်အရာသည် သူ့ထံတွင် မရှိပေ။ သူ့အထဲတွင် ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိပါကလည်း၊ ရန်လိုပြီး ပုန်ကန်တတ်သောသူတို့ကို သူ စက်ဆုပ်လိမ့်မည်မဟုတ်။ နောက်ဆုံးသော ကာလ၏ အမှုကို ဣသရေလ၌ သူ ဆောင်ရွက်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် နောက်ဆုံးသောကာလ အမှုကို အားလုံးထဲတွင် အမှောင်ဆုံးနှင့် ခေတ်အနောက်ကျဆုံးသော နေရာဖြစ်သည့် တရုတ်ပြည်၌ လုပ်ဆောင်နေသနည်း။ ယင်းမှာ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ပြသဖို့အလို့ငှာ ဖြစ်ပေသည်။ အတိုချုပ်အနေဖြင့်၊ နေရာက ပိုမှောင်လေ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရှင်းရှင်းလင်းလင်း ပိုပြသနိုင်လေ ဖြစ်သည်။ အမှန်တွင်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုအတွက်အလို့ငှာ ဖြစ်ပေသည်။ ဘုရားသခင်သည် သင်တို့အလယ်၌ ရပ်ဖို့ရန်၊ ကောင်းကင်မှ ဆင်းကြွလာပြီးဖြစ်သည်၊ သင်တို့၏ ညစ်ညူးမှုနှင့် ပုန်ကန်မှုတို့အားဖြင့် ထင်ရှားလာပြီး ဖြစ်သည်ကို ယနေ့တွင်သာ သင်တို့ နားလည်ကြခြင်းဖြစ်ပြီး၊ ယခုတွင်သာ ဘုရားသခင်ကို သင်တို့ သိကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ချီးမြှောက်မှု မဟုတ်လော။ အမှန်တွင်၊ သင်တို့သည် အရွေးချယ်ခံရသည့် တရုတ်ပြည်ထဲက လူစုတစ်စု ဖြစ်သည်။ သင်တို့ အရွေးချယ်ခံရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ကြပြီးဖြစ်သောကြောင့်၊ ပြီးလျှင် ဤကဲ့သို့ ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ဖို့ သင်တို့ မထိုက်တန်သောကြောင့်၊ ဤအရာအားလုံးသည် သင်တို့ကို အထွတ်အထိပ် ချီးမြှောက်ခြင်းဖြစ်သည်ကို ဤအရာက သက်သေပြ လေသည်။ ဘုရားသခင်သည် သင်တို့ထံ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ သန့်ရှင်းသော စိတ်သဘောထားကို အလုံးစုံ သင်တို့အား ပြသလေပြီ၊ ပြီးလျှင် ထိုအရာအားလုံးကို သင်တို့အား သူပေးပြီးဖြစ်ကာ သင်တို့ မွေ့လျော်ဖို့ ဖြစ်နိုင်သည့် ကောင်းချီးမင်္ဂလာအားလုံးကို သင်တို့အား မွေ့လျော်စေလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ မြည်းစမ်းပြီး ဖြစ်သည်သာမက၊ ၎င်းအပြင် ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဘုရားသခင်၏ ရွေးနုတ်ခြင်းနှင့် ဘုရားသခင်၏ အကန့်အသတ်မဲ့၊ အဆုံးမရှိ ချစ်ခြင်းမေတ္တာကို သင်တို့ မြည်းစမ်းပြီးလေပြီ။ အားလုံးထဲတွင် အညစ်ညူးဆုံးဖြစ်သည့် သင်တို့သည် ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ကြလေပြီ- သင်တို့သည် ကောင်းချီးခံစားရသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က သင်တို့ကို ချီမနေခြင်း မဟုတ်လော။ အသင် လူတို့သည် အားလုံးထဲတွင် အနိမ့်ကျဆုံးသော အဆင့်အတန်းများ ရှိကြ၏၊ သင်တို့သည် ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးမင်္ဂလာတစ်ခုကို မွေ့လျော်ရန် ပင်ကိုအားဖြင့် မထိုက်တန်ကြချေ၊ သို့တိုင် ဘုရားသခင်သည် သင့်ကို ချီမခြင်းဖြင့် ခြွင်းချက်တစ်ခု ပြုလုပ်ပြီးဖြစ်သည်။ သင် မရှက်ဘူးလော။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပါက၊ နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အရှက်ရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုယ် အပြစ်ပေးလိမ့်မည်။ ယနေ့တွင်၊ သင်သည် ဆုံးမပဲ့ပြင်ခြင်း မခံရသကဲ့သို့ အပြစ်ပေးမခံရပေ။ သင်၏ ဇာတိပကတိသည် လုံခြုံပြီး အကောင်းပကတိဖြစ်၏- သို့သော် နောက်ဆုံးတွင် ဤနှုတ်ကပတ်တော်များက သင့်ကို အရှက်ရ စေလိမ့်မည်။ ယနေ့ထိ၊ မည်သူကိုမျှ ငါသည် ပွင့်ပွင့်လင်းလင်း ပြစ်တင်ဆုံးမခြင်း မပြုသေး။ ငါ၏ နှုတ်ကပတ်တော်များသည် ပြင်းထန်ကောင်း ပြင်းထန်နိုင်သည်၊ သို့သော် လူတို့အပေါ် ငါ အဘယ်သို့ ပြုမူသနည်း။ ၎င်းတို့ကို ငါ နှစ်သိမ့်ပြီး တိုက်တွန်းကာ သတိပေး၏။ ငါသည် သင်တို့ကို ကယ်တင်ဖို့ထက် မည်သည့် အကြောင်းရင်းအတွက်မျှ ငါ မလုပ်ဆောင်ပေ။ ငါ၏ အလိုကို အမှန်တကယ် သင်တို့ နားမလည်သလော။ ငါပြောသည့်အရာကို သင်တို့နားလည်သင့်ပြီး ယင်းအားဖြင့် လှုံ့ဆော်ခံရသင့်၏။ ယခုအချိန်တွင်သာ နားလည်သောသူ များစွာ ရှိပေသည်။ ဤသည်မှာ အဖြည့်ခံဖြစ်ခြင်း၏ ကောင်းချီးမင်္ဂလာ မဟုတ်လော။ အဖြည့်ခံဖြစ်ခြင်းသည် ကောင်းချီး အခံစားရဆုံးသောအရာ မဟုတ်လော။ နောက်ဆုံးတွင်၊ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ သင်တို့သွားသည့်အခါ၊ “ကျွန်ုပ်တို့သည် သာမန် အဖြည့်ခံများ ဖြစ်ကြသည်” ဟု သင်တို့ ပြောလိမ့်မည်။ ၎င်းတို့က “သင်တို့က သာမန် အဖြည့်ခံများဖြစ်သည် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း” ဟု သင်တို့ကို မေးကြလိမ့်မည်။ ပြီးလျှင် သင်က “ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုအဖို့နှင့် သူ၏ ကြီးမားသော တန်ခိုးအာဏာအဖို့ အဖြည့်ခံဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံသည် ကျွန်ုပ်တို့၏ ပုန်ကန်မှုအားဖြင့် ဖော်ပြခံရသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ ဘုရားအမှုတော်၏ အသုံးတော်ခံအရာများ ဖြစ်ကြသည်၊ သူ့ အမှုတော်နှင့် တွဲဆက်ထားသော အရာများ ဖြစ်ကြပြီး ယင်း၏ တန်ဆာပလာများလည်း ဖြစ်ကြသည်” ဟု ပြောကြလိမ့်မည်။ ယင်းကို ၎င်းတို့ ကြားသည့်အခါ၊ စိတ်ဝင်စားကြလိမ့်မည်။ ထို့နောက်၊ သင်က၊ “ကျွန်ုပ်တို့သည် စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော ဘုရားသခင်၏ အမှု ပြီးပြည့်စုံခြင်းနှင့် လူသားမျိုးနွယ်အားလုံးကို သူ၏ သိမ်းပိုက်ခြင်း အတွက် နမူနာများနှင့် စံပုံစံများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသည်ဖြစ်စေ၊ ညစ်ညူးသည်ဖြစ်စေ၊ အချုပ်အားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မြင်တွေ့ပြီးဖြစ်သည့်အတွက် သင်တို့ထက် သာ၍ ကောင်းချီး ခံစားရဆဲဖြစ်ပြီး ကျွန်ုပ်တို့ကို သူ၏ သိမ်းပိုက်ခြင်း အခွင့်အလမ်းမှတစ်ဆင့်၊ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ပြသပေသည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားက အစပျိုးလိုက်သည်မှာ ကျွန်ုပ်တို့ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို ဤသို့ သက်သေခံနိုင်စွမ်း ရှိကြသလော။ သင်တို့သည် အရည်အချင်း မပြည့်မီကြပေ။ ဤသည်မှာ ကျွန်ုပ်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းမှလွဲ၍ ဘာမျှမဟုတ်ပေ။ ကျွန်ုပ်တို့သည် စိတ်ကြီးမဝင်သော်လည်း၊ မည်သူမျှ ထိုသို့သော ကြီးမြတ်သည့် ကတိတော်တစ်ခုကို မမွေ့လျော်နိုင်သကဲ့သို့၊ မည်သူမျှ ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးမင်္ဂလာတစ်ခုကို မမွေ့လျော်နိုင်သည့် အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ဝင့်ကြွားစွာ ချီးမွမ်းနိုင်၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်း အလွန်ညစ်ညူးသူများဖြစ်သည့် ကျွန်ုပ်တို့သည် အဖြည့်ခံများအဖြစ် အလုပ်လုပ်နိုင်ကြသည့်အတွက် ကျွန်ုပ်တို့ အလွန် ကျေးဇူးတင်ရှိကြသည်” ဟု ပြောလိမ့်မည်။ ၎င်းတို့က၊ “နမူနာများနှင့် စံပုံစံများဆိုသည်မှာ အဘယ်နည်း” ဟု မေးကြသည့်အခါ၊ သင်က “ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ထဲမှ အပုန်ကန်ဆုံးနှင့် အညစ်ညူးဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ အကြီးကျယ်ဆုံး ဖျက်ဆီးခြင်း ခံရကြပြီးဖြစ်ကာ၊ ဇာတိပကတိနှင့်သက်ဆိုင်၍ ခေတ်အနောက်ကျဆုံးနှင့် အနိမ့်ကျဆုံး ဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ အသုံးပြုခြင်း ခံရသူများ၏ ဂန္တဝင် ပုံသက်သေများ ဖြစ်သည်။ ယနေ့တွင်၊ ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ကြားတွင် ပထမဆုံး သိမ်းပိုက်ခံမည့်သူများအဖြစ် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရပြီးဖြစ်ကာ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်တို့ ရှုမြင်ရပြီး ဖြစ်သကဲ့သို့ သူ၏ ကတိကို အမွေခံရပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် လူတို့ကို ထပ်ပြီး သိမ်းပိုက်ဖို့ အသုံးပြုခံနေရခြင်းဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ကြားတွင် သိမ်းပိုက်ခံရသူများ၏ နမူနာများနှင့် စံပုံစံများ ဖြစ်ကြပေသည်” ဟု ပြောလိမ့်မည်။ ဤစကားများထက် ပိုမိုကောင်းမွန်သည့် သက်သေခံချက် မရှိသကဲ့သို့၊ ဤသည်မှာ သင်၏ အကောင်းဆုံးသော အတွေ့အကြုံ ဖြစ်ပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။